ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား

  • Home
  • ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား

ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား ဆေး နှင့် ဆေးပစ္စည်းများကို ဆရာဝန်၊ ဆရာမများ ကိုယ်တိုင်ဦးစီး၍ ရောင်းချပေးနေသော Page ဖြစ်ပါသည်။

ကရုဏာဆေးခန်း (စီတာပူ) လာပြီး အဆော့လွန်လို့ မေ့သွားတာလား မသိ။ ဖိနပ်ပိုင်ရှင် ခလေးလေး နှစ်ယောက်ရေ ဒီ Post ကို မြင်ရင် ကိုယ...
25/09/2025

ကရုဏာဆေးခန်း (စီတာပူ) လာပြီး အဆော့လွန်လို့ မေ့သွားတာလား မသိ။
ဖိနပ်ပိုင်ရှင် ခလေးလေး နှစ်ယောက်ရေ
ဒီ Post ကို မြင်ရင် ကိုယ့်ဖိနပ်လေးတွေ လာယူကြနော် 😬

ဒီခေတ် ခလေးတွေလဲ Fb ကြည့်တတ်တော့ မြင်မှာပါ

ဖြစ်ပြန်ပြီ ရေနွေးပူလောင်တဲ့ ကလေးနောက်တယောက် 🤧ဒီတခေါက်တော့ အရင်တခေါက်ဖြစ်တဲ့ကလေးထက်လဲ ပိုငယ်တယ်။ အသက်က ၉ လ ပဲ ရှိသေး။ အပ...
18/09/2025

ဖြစ်ပြန်ပြီ ရေနွေးပူလောင်တဲ့ ကလေးနောက်တယောက် 🤧
ဒီတခေါက်တော့ အရင်တခေါက်ဖြစ်တဲ့ကလေးထက်လဲ ပိုငယ်တယ်။ အသက်က ၉ လ ပဲ ရှိသေး။
အပူလောင်တဲ့နေရာကလဲ ပိုများတယ်။
( ညာဖက်ပါးအောက် နဲနဲ၊ ညာဖက်လက် ၊ ညာဖက်ကျော ၊ ညာဖက်ရင်ဘတ် တွေ လောင်ပါတယ်။ )
ညာဖက်လက်နဲ့ ရေနွေးအိုးကို ဆွဲလိုက်ပုံရပါတယ်။

ရောက်ရောက်ချင်း ကြည့်လိုက်တော့ မဟုတ်တဲ့နည်းလမ်းတွေနဲ့ မလုပ်ထားလို့ တော်သေးတယ်။
အသက်ငယ်လွန်းတာတကြောင်း အပူလောင်တဲ့နေရာများတာတကြောင်းမို့လို့ ဒီကလေးကိုတော့ ဆေးရုံတင်လိုက်ရပါတယ်။

အမေဖြစ်သူက အလုပ်သွားနေတော့ ကလေးထိန်းနဲ့ ထားခဲ့တာတဲ့။
ဒီ ၉ လ အရွယ်ကလေးတွေက သိတဲ့အတိုင်း တွေ့ကရာ လျှောက်ဆွဲတတ်တယ်။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ သဘာဝက ရှိတာဆိုတော့ အရမ်းကို သတိထားကြည့်ရတဲ့ အရွယ်လေးတွေပါ။

နိုင်ငံခြားက မိဘတွေဆိုရင် ကလေးရဲ့အခန်း နဲ့ ကလေးကစားတဲ့ နေရာတွေ၊ ဧည့်ခန်းတွေ မီးဖိုချောင်တွေ ရေချိုးခန်း၊ အိမ်သာတွေ အကုန်လုံးကို Childproofing လို့ခေါ်တဲ့ ကလေးသူငယ်လုံခြုံရေးအစီအစဉ်တွေ လုပ်ထားတတ်ကြပါတယ်။

ဥပမာ -
⚠️ရေနွေးဘူး၊ အိုး၊ ကရား တွေကို ကလေးလက်လှမ်းမှီတဲ့နေရာတွေမှာ မထားရ။
⚠️မီးပလပ်ပေါက်တွေအကုန်လုံးကို cover တပ်ထားသင့်ပါတယ်။ ( ဓာတ်မလိုက်စေရန် )
⚠️ဆေးဝါးတွေ၊ ခြင်ဖျန်းဆေးတွေ ၊ ခြင်ဆေးခွေတွေ ၊ ဆပ်ပြာရည်၊ ဆပ်ပြာခဲ ၊ ဓာတ်ဆီ ၊ ကြွက်သတ်ဆေး ၊ ပေါင်းသတ်ဆေး စတဲ့ အရာတွေကို ကလေးမမှီတဲ့ Locker တွေမှာ သော့ခတ်သိမ်းထားတာမျိုး လုပ်သင့်ပါတယ်။
⚠️TV ၊ စာအုပ်စင် ၊ ဗီဒို စတဲ့ အရာတွေကိုလဲ နံရံမှာ screw ဆွဲပြီး ကပ်ထားသင့်ပါတယ်။
⚠️ကြမ်းပြင်ကိုလဲ နူးညံ့တဲဲ့ ဖော့ဖျာလိုမျိုး အရာတွေနဲ့ ခင်းထားသင့်ပါတယ်။
⚠️စားပွဲစောင်းတွေ ခုံစောင်းတွေ ချွန်ထက်တဲ့ အရာဝတ္ထုပစ္စည်းတွေကိုလဲ တခုခုနဲ့ စွပ်ထားသင့်ပါတယ်။
⚠️လှေကားအတက်အဆင်း အပေါက်တွေကိုလဲ gate ပုံစံမျိုး တံခါးတပ်ထားသင့်ပါတယ်။
⚠️ကလေးပုခက်နဲ့ အခင်းကိုလဲ Fit size လုပ်ထားသင့်ပါတယ်။
⚠️အရွယ်အစားသေးငယ်ပြီး ပါးစပ်ထဲ နှာခေါင်းထဲ နားထဲ ဝင်နိုင်တဲ့ ပစ္စည်းတွေကို ဖယ်ရှားသင့်ပါတယ်။

ဒါတွေကတော့ မြင်သာအောင် ဥပမာ ပေးတာပါ။
စာဖတ်သူအနေနဲ့ တွေးမိတာလေးတွေ ရှိရင်လဲ အကြံပေးသွားလိို့ရပါတယ်။

မိမိကလေးတွေကို အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

စေတနာ၊မေတ္တာ၊ကရုဏာဖြင့်
#ကရုဏာဆေးခန်း #စီတာပူ

မှတ်ချက်။ ။ ပုံထဲက ဖြူဖြူရောင်တွေက ကျနော့်အနေနဲ့ ကလေးကို ဆေးလိမ်းထားပေးတာပါ။

2018 မြစ်ကြီးနားဆေးရုံကြီး OG Ward မှာ House ဆင်းတုန်းကပေါ့ ရိုးရိုးကလေးမွေးဗိုက်ကြီးသည်လူနာတွေကို မွေးပေးတဲ့အခါ တညလုံးပ...
13/09/2025

2018 မြစ်ကြီးနားဆေးရုံကြီး OG Ward မှာ House ဆင်းတုန်းကပေါ့
ရိုးရိုးကလေးမွေးဗိုက်ကြီးသည်လူနာတွေကို မွေးပေးတဲ့အခါ တညလုံးပင်ပင်ပန်းပန်း စောင့်ပေးရတယ်။
များသောအားဖြင့် မနက် ၆ နာရီ ဝန်းကျင်ဆို ၃-၄ ယောက် ပြိုင်ပြီး ကလေးထွက်ကြတာ များတယ်။
ကျနော့် သူငယ်ချင်းဆရာဝန်တွေက ပင်ပန်းရကျိုးနပ်ကြတာပေါ့။
ဘယ်လိုမျိုးလဲဆိုတော့ လူနာတွေက မွေးပြီး နောက်ရက်ဆို ညက မွေးပေးတဲ့ ဆရာဝန်ကို လက်ဆောင်ပေးချင်လို့ဆိုပြီး စာအိတ်ထဲ ပိုက်ဆံထည့်ပြီး ပေးကြတဲ့သူက ပေး၊
မုန့်ထုတ်ကြီးတွေ ပေးတဲ့သူက ပေးပေါ့။
ကိုယ်က ဘာလို့သူများတွေက အဲ့လောက်ထိ လက်ဆောင်ရကြသလဲပေါ့။
ဒါနဲ့ သူငယ်ချင်းဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက်ကို စူးစမ်းလေ့လာကြည့်တာပေါ့။
အော်……..
သူတို့က လူနာတွေကို စကားချိုချိုသာသာ နဲ့ စိတ်ရှည်ရှည်နဲ့ အားပေးစကားပြောပြီး စောင့်ရင်း မွေးပေးကြတာကိုး။
တချို့ဆရာဝန်တွေကြတော့လဲ စိတ်ဆိုးပြီး နဲနဲပါးပါးအော်တာမျိုးတော့ရှိတာပေါ့။
ဒါပေမဲ့ လက်ဆောင်ရတဲ့သူတွေကတော့ လူနာတွေကြိုက်တဲ့ စိတ်ရှည်ပြီးစကားချိုတဲ့ စေတနာပါတဲ့ ဆရာဝန်တွေပေါ့။
ဒါနဲ့ ငါ့ကျတော့ ဘာလို့မပေးကြတာလဲပေါ့။
ပြန်သုံးသပ်စဉ်းစားကြည့်တော့

မရတာလဲ မပြောနဲ့လေ
လူနာကို အော်တာလားဆိုတော့လဲ မဟုတ်ပြန်ဘူး။
စကားချိုသလားဆိုတော့ နဲနဲပါးပါးတော့ ချိုပါတယ်။

ဘာဖြစ်တာလဲဆိုတော့ မွေးခါနီးလို့ တညလုံး ဗိုက်နာပြီး အော်နေတဲ့ ဗိုက်ကြီးသည်တွေဘေးမှာ ထိုင်ပြီး ကျနော်က သူတို့ နာလို့ လူးလိမ့်နေတာကိုမြင်ပြီး ရီချင်တော့ ထထရီမိတာကိုးဗျ။ 😆😂

(တချို့လူနာတွေ နာပုံက တကယ်ရီချင်စရာကောင်းတာနော် )
မှတ်ချက်။ ။ကလေးမွေးခါနီး ဗိုက်နာတာက ရောဂါမဟုတ်လို့ ရီတာနော် တမျိုးမထင်ကြပါနဲ့။

ဘဝကို တမ်းတမိခြင်း

Power Rangers တွေမဟုတ်ပါဘူး ကရုဏာဆေးခန်းက ဆရာမတွေပါ Scrub Suit ကို တယောက်နဲ့တယောက် color မထပ်ပဲနဲ့ ကိုရောင်စုံဝတ်တာ 😆
12/09/2025

Power Rangers တွေမဟုတ်ပါဘူး
ကရုဏာဆေးခန်းက ဆရာမတွေပါ
Scrub Suit ကို တယောက်နဲ့တယောက် color မထပ်ပဲနဲ့ ကို
ရောင်စုံဝတ်တာ 😆

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် ( ၈ ) လက်ချောင်းမှာပြည်တည်လို့ နာရင် ဘယ်လောက်ဆိုးလဲ ဆိုတာ သိကြတယ်မလား။ ကိုယ့်လောက်တောင် ...
10/09/2025

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် ( ၈ )

လက်ချောင်းမှာပြည်တည်လို့ နာရင် ဘယ်လောက်ဆိုးလဲ ဆိုတာ သိကြတယ်မလား။
ကိုယ့်လောက်တောင် အသိပညာမရှိတဲ့သူတွေရဲ့စကားတွေ နားမယောင်ကြပါနဲ့။

အသက် ၅၀ ဝန်းကျင် အန်တီတယောက် ဆေးခန်းကို ညာဖက်လက်သန်းပိုးဝင်ရောင်ကိုင်းပြီး လာပြတယ်။
ကြည့်လိုက်တော့ တော်တော်ဆိုးဆိုးရွားရွားပဲ။
အနံ့တောင် ထွက်နေပြီ။ ပြည်ထွက်တဲ့အဆင့်ကို ကျော်ပြီး ပုပ်တောင်ပုပ်နေပြီ။
ဘယ်လောက်ကြာပြီလဲ မေးကြည့်တော့ ( ၃ ) ပတ်ကျော်ပြီတဲ့။
သူနေတဲ့နေရာက ရှဒူးဇွပ်မှာတဲ့။ ဝေးတော့ ဝေးတာ မှန်ပေမဲ့ သူနဲ့အတူပါလာတဲ့ သူ့သမီးက မြစ်ကြီးနားမှာနေတာတဲ့။ မြစ်ကြီးနားကို ဖြစ်ဖြစ်ချင်းလာခဲ့ဖို့ ခေါ်သေးတယ်တဲ့။
( မှတ်ချက်။ ။အသက်ကြီးစကားမှန်တယ်ဆိုတာ ဒီခေတ်မှာ အပြည့်အဝ မမှန်တော့ဘူးနော်။ ခုခေတ် လူငယ်တွေ ကလေးတွေက ပိုသိပိုတတ်ပါတယ်။ )

ဒါပေမဲ့ သူက ဆေးထိုးဆေးခန်းပြရမှာကို ကြောက်လို့မလာတာတဲ့။
စဖြစ်ပုံကတော့ အကောင်ကိုက်တာလား ခူထိတာလား မသိဘူးတဲ့လေ။
သူ့အိမ်နီးနားချင်း ဘွားတော်တွေက အဲ့လိုဖြစ်ရင် ဆေးခန်းမပြသင့်ဘူး။ ဆေးမထိုးသင့်ဘူးတဲ့။ အဲ့လိုလုပ်ရင် ပိုဆိုးကုန်မှာတဲ့ ဆိုပြီး ပြောတာမို့ လူနာလဲ နားယောင်မိတာတဲ့။
ပြီးတော့ အဲ့ဘွားတော်တွေက ဖြူကောင်ရဲ့ ဆူးနဲ့ အနာကို ထိုးကလော်ပေးမှ သက်သာမှာဆိုလို့ အဲ့လိုလိုက်လုပ်မိတယ်တဲ့လေ။
အဲ့မှာတင် ပိုးပေါင်းစုံ ထိုးသွင်းတာနဲ့ မတူနေဘူးလားဗျာ။
ကျနော့်ဆီရောက်တော့ တော်တော်ဆိုးနေပြီမို့ အရိုးအထူးကုဆရာဝန်နဲ့ ပြခိုင်းလိုက်တယ်။ ခွဲခန်းဝင်ပြီး လက်သန်းထိပ်အဆစ်ကို ဖြတ်လိုက်ရပါတယ်။
( လက်သန်းကတော့ တိုသွားတာပေါ့ 😢 )

🔰 ပြောပြချင်တဲ့ အချက် ( Points ) ကတော့

ကျနော်တို့ ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားကြည့်ရအောင်
ကိုယ့်လောက်တောင် အတန်းပညာ၊ ဗဟုသုတမကြွယ်တဲ့သူတွေရဲ့ အကြံပေးတာကို ဘာလို့လက်ခံနေမှာလဲ။
ကျန်းမာရေးနယ်ပယ်က မဟုတ်ပဲ တခြားနယ်ပယ်မှာ ဘယ်လောက်ပဲထူးချွန်နေတဲ့သူဖြစ်ပလေ့စေ။အဲ့သလိုလူမျိုးတောင် ကျန်းမာရေးအကြံပေးချက်ပေးရင် မှားနိုင်ပါသေးတယ်။
ဆရာဝန်တွေ သူနာပြုတွေဆိုတဲ့ အခန်းကဏ္ဍ ( Profession ) ကို အပို သတ်မှတ်ထားတယ်လို့ မထင်ပါနဲ့။
ဘယ်ရောဂါမဆို စောစောသိ စောစောကုရင် ထင်သလောက် ငွေမကုန်ပါဘူး။
အေး အချိန်လွန်ကုန်ပြီဆိုရင်တော့ ငွေပိုကုန်ပါမယ်။
ငွေပိုကုန်တာက အရေးမကြီးဘူး။ အသက်အန္တရာယ်နဲ့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရင် လူဖြစ်ရကျိုးမနပ်ပါဘူး။
ဒါကြောင့် ကိုယ့်ကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပေးပြီဆိုရင် စဉ်းစားပါ။ ဒီပုဂ္ဂိုလ်ဟာ ကျန်းမာရေးနယ်ပယ်ကလား၊ ဒါနဲ့ ပတ်သက်ပြီး သူ့မှာ ဘယ်လို၊ ဘယ်လောက် အတွေ့အကြုံရှိလဲ။ ယုံကြည်ရတဲ့သူလားဆိုတာ တွေးပါ။
သူတို့လဲ စေတနာနဲ့ပြောတာ ဆိုပေမယ့် အသိပညာမပါတဲ့ စေတနာဟာ ဝေဒနာအကြီးစားပါ။

ချစ်ခြင်းမေတ္တာဖြင့်
#ကရုဏာဆေးခန်း #စီတာပူ #အကြံပေးသူအားစီစစ်ခြင်း #အသက်ကိုဥာဏ်စောင့်

05/09/2025

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် ( ၇ )

ခလေးလေး ဘယ်လောက်ထိ နာကျင်နေမလဲတွေးကြည့်လိုက်ပါ။
လွန်ခဲ့တဲ့ရက်က ကျနော့်ဆေးခန်းကို ရေနွေးပူလောင်တဲ့ ၂ နှစ်အရွယ် ခလေးရောက်ချလာတယ်။
ခန္ဓာကိုယ်တခြမ်း လက် ခြေ တစ်ဖက်စီမှာ အပူလောင်ဒဏ်ရာနဲ့။
ကလေး အဖေရော အမေရော အလန့်တကြားနဲ့ ပြေးဝင်လာတယ်။
အရေးပေါ်လူနာဆိုတော့ ရှေ့ကလူနာတွေကို ခွင့်တောင်းပြီး အရင်ကြည့်ပေးလိုက်ရတယ်။
ခလေးကို ဘာတွေလိမ်းထားပေးသေးလဲ မေးကြည့်တယ်။
အရက်ဖြူ (ကချင်အရက်) လောင်းပြီး ဆေးထားပေးတယ်တဲ့။
ကြားကြားချင်း ကျနော့်စိတ်ထဲမှာတော့ ဒေါသက ထောင်းခနဲ။
ဒါပေမဲ့ ခုချိန်ပြောနေ ဆူနေလဲ အပိုပဲ။ ခလေးကို အရင်ကြည့်ပေးရမယ် ဆိုပြီး စိတ်လျှော့ထားလိုက်ရတယ်။
မေးကြည့်တော့ ခလေး အဖေနဲ့အမေက ပြောတယ်။ ရေနွေးပူလောင််တဲ့အချိန် ဘေးနားမှာ လူကြီးတွေ ရှိနေတော့ အဲ့လူကြီးတွေက အရက်ဖြူလောင်းရမယ်ဆိုပြီး လောင်းချပေးလိုက်တာတဲ့။
သူတို့နှစ်ယောက်လဲ ဘာမှမပြောလိုက်နိုင်ဘူးတဲ့။ ကောင်းတယ်ဆိုလို့ မငြင်းသာတဲ့သဘော။

မှတ်ထားရမှာက ⬇️

အရက်ဖြူက အပူလောင်ထားတဲ့ ဒဏ်ရာကို ပိုပြီးတောင် ဆိုးရွားစေပါတယ်။ အနာကို အရက်နဲ့ထိတဲ့အခါ ခလေးအတွက်ပိုပြီး နာကျင်စေတယ်။ ရေနွေးပူကြောင့်တမျိုး အရက်ကြောင့်တမျိုး ခလေးရဲ့တစ်သျှူးတွေကို ပိုမိုပျက်စီးစေပြီး အနာပိုရင်းစေတယ်။ အနာကျက်လဲ နှေးစေပါတယ်။ အမာရွတ်ကြီးစေနိုင်တယ်။ အခန့်မသင့်ရင် ပိုးတောင်ဝင်စေနိုင်ပါတယ်။

✅ဒါကြောင့် ဘာလုပ်သင့်လဲ ဆိုတော့ ( Do )
အပူရည်လောင်ထားတဲ့ အဝတ်အစားတွေကိုချွတ်ပစ်ရပါမယ်။
အပူလောင်တာ သိသိချင်း သာမန်ရိုးရိုးရေ (Running Water) နဲ့ အနာကိုဆေးချပေးရပါမယ်။ ( မိနစ် ၂၀ ခန့် )
ပြီးတာနဲ့ သန့်စင်တဲ့ အဝတ်နဲ့ အုပ်ရုံလေး အုပ်ပြီး နီးစပ်ရာဆေးခန်း၊ ဆေးရုံကို ပြေးရပါမယ်။

❌ဘာတွေမလုပ်သင့်ဘူးလဲ ဆိုတော့ ( Don’t )
- အရက်နဲ့ မဆေးရ (Alcohol)
- အရက်ပြန်နဲ့ မဆေးရ (Spirit)
- သွားတိုက်ဆေး မလိမ်းရ (Toothpaste)
- အရွက်တွေမအုံရ (Traditional Herb)
- အချိုမှုန့်နဲ့ မသိပ်ရ (MSG)
- ဆားနဲ့ မသိပ်ရ (Salt)
- နနွင်းနဲ့ မသိပ်ရ (Turmeric)
- မန်းဆေး မသိပ်ရ
- မဟုတ်ကဟုတ်က နည်းလမ်းအသစ်တွေနဲ့ မလိမ်းရ၊ မသိပ်ရ၊ မဆေးရ ဒါပဲ 😒

#ရေနွေးပူလောင်ခြင်း #ကရုဏာဆေးခန်း

01/09/2025

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် ( ၆ )

ဒီတခေါက်တော့ သောက်ဆေးနဲ့ ထိုးဆေးအကြောင်း ဘာကွာလဲဆိုတာကို ဆေးခန်း (OPD) မှာ ကုသမှုခံယူတဲ့ရှုထောင့်ကနေ ပြောပြပေးသွားပါမယ်။

လူနာ။ ။“ ဒေါက်တာရေ သောက်ဆေးမသောက်ချင်ဘူး ထိုးဆေးပဲထိုးပေးပါ “

လူနာတွေရဲ့ သောက်ဆေးမသောက်ချင်သော အကြောင်းရင်းတွေကတော့

⚠️ ဆေးလုံးမျိုရမှာ ကြောက်လို့
⚠️ သောက်ဆေးနဲ့ မတိုးလို့
⚠️ အမြန်သက်သာချင်လို့
⚠️ ဆေးထိုးနေကြမို့လို့

အစရှိသဖြင့်ပေါ့။

၁။ ဆေးတစ်ချောင်းထိုးတာနဲ့ ရောဂါကို ပျောက်ကင်းအောင် ကုလို့မရပါဘူး။
၂။ တချို့သောဆေးခန်းတွေမှာထိုးနေကြတဲ့ဆေးတွေဟာ အများစုကတော့ အကိုက်အခဲပျောက်ဆေး ( အပြင်းစား ) တွေ ၊ Dexa လို့ခေါ်တဲ့ Steroid တွေပါ။
( မလိုအပ်ပဲ လူနာအကြိုက်လိုက်ပြီးထိုးတဲ့ ဆရာဝန်တွေကို ပြောချင်တာပါ )
၃။ ဖျားနာကိုက်ခဲတာနဲ့ ဆေးအပြင်းစားတွေ ထိုးလေ့ရှိတဲ့ သူတွေဟာ ရေရှည်မှာ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးတိုးခြင်း ၊ ဆီးချိုရောဂါ ဖြစ်ခြင်း အစရှိတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
၄။ ဆေးတစ်ခါပဲထိုးပြီး သောက်ဆေးကို လိုက်ပြီး မသောက်ဘူးဆိုရင်လဲ ရောဂါဝေဒနာသက်သာမှာမဟုတ်ပါဘူး။ ( မှတ်ချက်။ ။သာမန်ရာသီတုပ်ကွေးဆိုရင်တော့ ပျောက်ကောင်းပျောက်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူနာက ကိုယ်ခံအားကောင်းနေရင် ဆေးမထိုးဆေးမသောက်ပဲနဲ့ကို ရက်အနည်းငယ်အတွင်း သူ့အလိုလိုကောင်းနိုင်တဲ့ ရောဂါမျိုးမလို့ပါ။ )
၅။ ပိုးသတ်ဆေးကို တကြိမ်တည်းထိုးနေကြတဲ့ သူတွေလဲ ရှိပါတယ်။ ( တကယ်တော့ ပိုးသတ်ဆေးဆိုတာ Dose and Course ပြည့်အောင် မှန်အောင် ထိုးရတာပါ။ ) ( တချို့သောဆေးဆိုင်တွေကလဲ ဆရာဝန်ညွှန်ကြားချက်မပါပဲ ပိုးသတ်ဆေးတွေကိုလွယ်လင့်တကူ ရောင်းနေကြတာတွေ့နေရပါတယ် )
၆။ အသက် ( ၁၂ ) နှစ်အောက်ကလေးတွေကိုလဲ အသားဆေးလို့ခေါ်တဲ့ တင်ပါးဆေးထိုးခြင်းကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။
( အဲ့လိုထိုးနေကြတာမျိုး ခဏခဏတွေ့နေရလို့ပါ။ )
၇။ နောက်ဆုံးအချက်အနေနဲ့တော့ ဆရာဝန်ကို ဆေးခန်းစပြတာနဲ့ ဖြစ်တဲ့ရောဂါလက္ခဏာတွေကို အရင်မပြောပဲ “ ဆေးထိုးပေးပါ “ လို့စပြောတာမျိုးတွေ ကြုံရလေ့ရှိပါတယ်။ ဘာဆေးပေးမယ် ထိုးဆေးလိုအပ်လား မလိုအပ်ဘူးလား သွေးစစ်ဖို့လိုမလား စတာတွေကို ဆရာဝန်ကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်။

တခုတော့ ရှိတာပေါ့။ ကျင့်ဝတ်နဲ့အညီ ကုသမှုပေးနေတဲ့ ဆရာဝန်နဲ့ ကြုံဖို့ဆုံဖို့တော့ လိုတာပေါ့။

🔰 တကယ်တတ်ကျွမ်းတဲ့၊ တော်တဲ့၊ ကျင့်ဝတ်နဲ့ညီတဲ့ ဆရာဝန် နဲ့ ဆုံကြပါစေ 🙏

#သောက်ဆေးထိုးဆေးအကြောင်း

Nurse aide ဆရာမလေး အတွက် Appreciation post လေးပါ။ ဆေးရုံတစ်ခုမှာ ၆ နှစ်ကြာ လုပ်ဖော်ကိုင်ဖက်အနေနဲ့ အတူတူကြိုးစားခဲ့ကြတံဲ့...
30/08/2025

Nurse aide ဆရာမလေး အတွက် Appreciation post လေးပါ။
ဆေးရုံတစ်ခုမှာ ၆ နှစ်ကြာ လုပ်ဖော်ကိုင်ဖက်အနေနဲ့ အတူတူကြိုးစားခဲ့ကြတံဲ့သူတွေထဲက အရမ်းတော်တဲ့ Experienced Nurse Aide ဆရာမတစ်ဦးဖြစ်ပါတယ်။
မြို့တစ်မြို့ရဲ့ အောက်ဆုံးအဆင့်ကနေ ထိပ်တန်းဆေးရုံဖြစ်အောင် OPD ကဏ္ဍကနေ အထူးကြိုးစားပါဝင်ပေးခဲ့တဲ့ ဝန်ထမ်းကောင်းတစ်ဦးပါ။

၆ နှစ်အကြာ ဆေးရုံကနေ သူအလုပ်နားသွားပြီးနောက် ကျနော်အကူညီတောင်းခဲ့လို့ ကျနော့်ကိုယ်ပိုင်ဆေးခန်း စတင်ခဲ့တဲ့အခါမှာလဲ ( ၁ ) နှစ်အတွင်း အောင်မြင်မှုရအောင် ကူညီပေးခဲ့ကြတဲ့သူတွေထဲက တစ်ဦးပေါ့။

အထူးကုကြီးတွေ အထွေထွေဆရာဝန်တွေ ဆေးခန်းထိုင်ပြီဆိုရင် ဘာတွေလိုအပ်တယ် ၊ ဘာပြီးရင် ဘာလုပ်မှာ ၊ Step by step လုပ်ငန်းစဉ်ကို အထူအပါး နားလည်စွာ လုပ်ကိုင်တတ်သူတစ်ဦးလဲ ဖြစ်ပါတယ်။

အရည်အချင်းကတော့ ရှည်ရှည်ဝေးဝေးပြောစရာမလိုအောင်ကို Remarkable ပါ။

ကရုဏာ အထူးကု နှင့် အထွေထွေဆေးခန်း (စီတာပူ) ရဲ့ ( ၁ ) နှစ်သက်တမ်းမှာ အင်တိုက်အားတိုက် ပါဝင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

ရည်မှန်းထားတဲ့ လုပ်ငန်းဆောင်တာများလဲ အောင်မြင်ပါစေလို့ ဆရာ့အနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

25/08/2025

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် ( ၅ )

အရမ်း အရမ်းကို အဖြစ်များကြတဲ့ ကင်ဆာရောဂါတစ်မျိုးအကြောင်း ဝေမျှချင်ပါတယ်။

လွန်ခဲ့တဲ့အပတ်က ကျနော့်ဆေးခန်းကို အသက် ၅၀ ကျော် အမျိုးသမီးလူနာတယောက်လာပြတယ်။
လာပြရတဲ့ အကြောင်းရင်းက ဆီးစပ်နေရာ နဲနဲကိုက်တယ်၊ဆီးကျင်သလိုဖြစ်တယ် လို့ပြောတယ်။
လူနာက စကားနည်းတော့ သေသေချာချာလိုက်မေးရတယ်။
အဖြူရောဆင်းလားဆိုမှ ဆင်းတယ်တဲ့။
ဘယ်လောက်ကြာပြီလဲ ဆက်မေးတော့ နှစ်ပတ်လောက်ရှိပြီတဲ့။
အရင်ကရော ဆင်းသေးလား မေးတော့။
လွန်ခဲ့တဲ့ ၃ လ လောက်က ဆင်းသေးတယ်တဲ့။

ဒါနဲ့ အန်တီ သွေးဆုံးပြီလားဆိုတော့
အသက် ၄၈ လောက်က သွေးဆုံးသွားတယ် ထင်တယ်တဲ့။
ကျနော် စိတ်ထဲ မသင်္ကာတာနဲ့ အာထရာဆောင်း ရိုက်ဖို့ တိုက်တွန်းလိုက်မိတယ်။
နောက်ရက် အာထရာဆောင်းရိုက်ပြီး လာပြတော့
ကျနော်စိတ်ပူနေမိတဲ့အတိုင်း Ca Cervix သားအိမ်ခေါင်းကင်ဆာ လို့ အဖြေထွက်လာတယ်။
လူနာရှင် သမီးဖြစ်သူကို ရှင်းပြပြီး လူနာဖြစ်သူ အမေကို ပေးသိချင်လားဆိုတော့ မသိစေချင်ဘူးတဲ့။
ကုသမှုလမ်းစဥ် အကြမ်းဖျဥ်းကို ရှင်းပြပြီးတော့ OG ဆရာဝန်မကြီးဆီ သေချာလွှဲပေးလိုက်ပါတယ်။

တကယ်ကိုစိတ်မကောင်းပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော့် အမေလဲ သားအိမ်ခေါင်းကင်ဆာဝေဒနာရှင် ဖြစ်ခဲ့ဖူးလို့ပါ။
အမေလဲ သွေးဆုံးပြီးနောက် သွေးစနဲနဲဆင်းလာပါတယ်။ တကယ်ကို နဲနဲပဲဆိုတော့ အမှုမဲ့ အမှတ်မဲ့ ထားလိုက်မိတာပါ။
အမေအဲ့လိုဖြစ်နေတဲ့အချိန် ကျနော်က ဆေးကျောင်းတက်နေတုန်းပဲ ရှိပါသေးတယ်။
တနှစ်လောက်နီးပါးကြာတဲ့အခါ သွေးပြန်ဆင်းလာပါတယ်။ ဒီတကြိမ်တော့ အမေလဲ စိုးရိမ်တာနဲ့ OG ဆီအမြန်သွားပြီး စမ်းသပ်လိုက်တဲ့အခါ သားအိမ်ခေါင်းကင်ဆာမှန်းသိလိုက်ရတာပါ။
အဆင့်သတ်မှတ်ချက်က ပျောက်ကင်းအောင်ကုသလို့ရတဲ့အဆင့်ရဲ့ နောက်ဆုံးအနေအထားပါ။ နဲနဲထပ်ပြီးနောက်ကျတာနဲ့ ပျောက်အောင်ကုလို့မရတော့ပါဘူး။
ဘုရားရဲ့ ကျေးဇူးတော်နဲ့ ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပါတယ်။
ရန်ကုန်မှာပဲ ခွဲထုတ် ၊ ကင်ဆာဆေးသွင်း ၊ ဓာတ်ရောင်ခြည်ကုထုံး သုံးခုလုံးနဲ့ ကုသလိုက်ရပါတယ်။
တကယ်ကို စိတ်ပင်ပန်း၊ လူပင်ပန်း၊ ငွေကြေးကုန်ကျလဲ အတော်လေးများခဲ့ပါတယ်။
ကျနော်လဲ ဆေးကျောင်းမပြီးသေးတော့ အမေ့ကိုတောင် သေချာမပြုစုလိုက်ရပါဘူး။
ဒါပေမဲ့ အချိန်မှီလေး ပျောက်ကင်းအောင် ကုသလိုက်ရလို့ ခုထိ အသက်ရှင်ခွင့်ရခဲ့ပါတယ်။

ဒါကြောင့် ပြောပြချင်တာက

အမျိုးသမီးတွေ သွေးဆုံးပြီးနောက်

🚫သွေးဆင်းလာတာမျိုး ( တစက်ပဲ ဆင်းဆင်း )
🚫အဖြူဆင်းလာတာမျိုး
🚫ဆီးစပ်နေရာ အောင့်တာမျိုး ဆိုရင်သတိထားသင့်ပါတယ်။

#သားအိမ်ခေါင်းကင်ဆာ

22/08/2025

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် (၄)

အရမ်းကို Confident level so high တဲ့ လူနာတယောက်အကြောင်းပြောပြမယ်။

လူလတ်ပိုင်း အိမ်ထောင်သည်အမျိုးသားတစ်ဦး ဆေးခန်းလာပြတယ်။
လာပြရခြင်းအကြောင်းရင်းက သူ့ဖွားဖက်တော် နေမကောင်းလို့ပါတဲ့။
ဒါနဲ့ မေးမြန်းစမ်းသပ်ပြီးနောက် ဆီးပူညောင်းကျဂနို ရောဂါနဲ့ တူနေပါတယ်။ ပြီးတော့ လိင်အင်္ဂါကြွက်နို့အသေးလေးတွေတောင် ပါသေးတယ်။
လူနာက ပြောတယ်။ ကျနော့် အိမ်က ညီလေးဖြစ်တုန်းကလဲ ဆရာနဲ့ လာကုတာ ကောင်းသွားတယ်ဆိုလို့ သူက ဆရာနဲ့ လာပြဖို့ ညွှန်းထားတာ ကြာပြီတဲ့။

သေချာမေးမြန်းကြည့်တော့ လူနာက အပြင်စာတွေစားတဲ့ အလေ့အထရှိတယ်တဲ့။
ဒါနဲ့ အကာအကွယ် ( Condom ) သုံးလားမေးကြည့်တော့ မသုံးဖြစ်ဘူးတဲ့။
ဘာကြောင့် မသုံးတာလဲ မေးကြည့်တော့
ကျနော်က အတူနေပြီးတာနဲ့ ကျနော့်ရဲ့ ဖွားဖက်တော်ကို အရက်ပြန်( Spirit ) နဲ့ သေချာဆေးတာတဲ့။

အရက်ပြန်နဲ့ဆေးတာဟာ အချို့တော့ ရောဂါပိုးတွေကို မသတ်ပေးနိုင်ကြောင်း၊
ပြီးတော့ အကာအကွယ် ( condom ) သုံးခြင်းက HIV, B ပိုး C ပိုး , ဂနိုရောဂါ၊ လိင်အင်္ဂါကြွက်နို့၊ ကာလသားရောဂါ အစရှိတဲ့ ရောဂါတော်တော်များများကို ကာကွယ်ပေးတဲ့အပြင် မလိုလားတဲ့ကိုယ်ဝန်ကိုလဲ ကာကွယ်ပေးကြောင်း ရှင်းပြရတာပေါ့။

ကျန်းမာရေးအယူအဆ အမှားတွေကြောင့် ဘဝ ပျက်သွားနိုင်ပါတယ်နော်။

ကျန်းမာရေးဆောင်းပါးများ ဖတ်ချင်သူများ၊ ကျန်းမာရေးနှင့်ပတ်သက်ပြီးသိလိုသမျှမေးမြန်းချင်သူများ ၊ စောင့်ဆိုင်းစရာမလိုပဲ အထွေ...
20/08/2025

ကျန်းမာရေးဆောင်းပါးများ ဖတ်ချင်သူများ၊ ကျန်းမာရေးနှင့်ပတ်သက်ပြီးသိလိုသမျှမေးမြန်းချင်သူများ ၊ စောင့်ဆိုင်းစရာမလိုပဲ အထွေထွေဆရာဝန်နှင့် ဆေးခန်းပြချင်သူများ ၊ အထူးကုဆရာဝန်ကြီးများ နဲ့ ပြသချင်သူများအတွက် ကျနော်တို့ကရုဏာဆေးခန်း (စီတာပူ) က အသင့်ရှိနေပါတယ်။

👍ဒီ Page လေးကို Like ထားဖို့မမေ့ပါနဲ့နော်

လိပ်စာ - MD-18 တိုက်အမှတ် (၁) ၊ မနောကွင်းအဝိုင်းပတ်အနီး၊ တက္ကသိုလ်မိန်းလမ်းမကြီးပေါ်၊ စီတာပူရပ်ကွက်၊မြစ်ကြီးနားမြို့။
ဖုန်း - 09 403506813 ( Viber )

18/08/2025

ကျန်းမာရေး အသိအမှားတွေပြင်ကြမယ် ( ၃ )

မီးဖွားပြီးချိန် အစာတွေ ရှောင်ခိုင်းကြပါတယ်။
မှန်ပါသလား ?
လုံးဝ မှားပါတယ်။ ❌

ရိုးရိုးလေးပဲ စဉ်းစားကြည့်ပေါ့
ဗိုက်ကြီးတုန်းကတောင် ကလေးနဲ့အမေ နှစ်ယောက်အတွက်ဆိုပြီး အားဆေးတွေသောက် အစာအာဟာရပြည့်ပြည့်ဝဝ စားခဲ့ကြတာပဲလေ။
မွေးလာတော့ ကလေးက ဗိုက်ထဲကထက် ပိုကြီးလာမယ်။ ပိုကြီးထွားဖို့လိုတယ်မလား။
ဒါကြောင့် အမေက နို့များများထွက်ဖို့လိုတယ်လေ။
ဆိုတော့ ဟင်းရည်များများသောက် အစာအုပ်စုသုံးစုကို မျှတအောင်စား၊ ရေများများသောက်ပေးရမယ်ဆိုတာ ပြောစရာလိုသေးလား။

အဓိကကတော့ ပညာမတတ်တဲ့သူအများစုမှာ ဒီအလေ့အထတွေ တွေ့နေရသေးတယ်။
ပညာတတ်တဲ့ မိခင်တွေမှာရော မတွေ့ဘူးလားဆိုတော့ မဟုတ်ပါ။ တွေ့နေရပါတယ်။

ဒါဆို ဘာကြောင့်လဲ။
သူတို့မသိတာလားဆိုတော့ မဟုတ်ပြန်ဘူး။
အကြောင်းရင်းခံက သူတို့ အမေတွေ ယောက္ခမတွေ အဘွားတွေကို မလွန်ဆန်နိုင်ကြတာတွေ့နေရတယ်။
ဒါကြောင့် အိမ်တအိမ်ရဲ့ အာဏာပြင်းတဲ့ဆရာမကြီးတွေကို အရင်ပိုင်အောင်လုပ်ထားသင့်ကြောင်းပါ။

ဆေးရုံတခုမှာ တာဝန်ခံလုပ်ခဲ့တုန်းက ကိုယ်တွေ့မေးမြန်းကြည့်ရင်းနဲ့ ပိုပိုသိလာတာ။

Address

MD-18, Shatapru Ward, University Street

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

+959760456440

Website

Alerts

Be the first to know and let us send you an email when ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram