May Htet -အဆီကျဖို့ဝိတ်ချစို့

May Htet -အဆီကျဖို့ဝိတ်ချစို့ ဆက်သွယ်ရန် 09422457109
(2)

06/05/2026

ဝိတ်စချတော့မယ်လို့ဆုံးဖြတ်ပြီးရင်ဟာကိုအရင်တွေးမိလဲ❓
၁-အစားအရမ်းလျှော့ပလိုက်မယ်
၂-လေ့ကျင့်ခန်းတွေတအားလုပ်ပလိုက်မယ်

👉၃-လအတွင်း ပေါင် -၂၀ အသာလေးချနိုင်ဖို့👈🖐️ဒီ ၅-ချက်ပဲလုပ်ပါ။-တညအိပ်ချိန် အနိမ့်ဆုံး 7-နာရီရှိပါစေ-တပါတ်အနိမ့်ဆုံး ဝိတ် ၃-...
28/04/2026

👉၃-လအတွင်း ပေါင် -၂၀ အသာလေးချနိုင်ဖို့👈

🖐️ဒီ ၅-ချက်ပဲလုပ်ပါ။

-တညအိပ်ချိန် အနိမ့်ဆုံး 7-နာရီရှိပါစေ
-တပါတ်အနိမ့်ဆုံး ဝိတ် ၃-ရက်မ ဖို့လိုအပ်သည်
-အစားကိုချိန်စား
-ကိုယ်ရောက်လိုတဲ့တားဂါတ် body weight
၁-ပေါင်ကို အသား ၁-ဂရမ်နှုန်းစားပါ
-တရက်ခြေလှမ်း တစ်သောင်းလျှောက်ပါ။

🖐️ဒီ၅-ချက်စွဲမြဲပါစေ။

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

တစ်ခါမှဝိတ်မကျဘူးသူတွေရဲ့ အိပ်ယာထ အမှားခြောက်ခု 1️⃣ နံနက်စာ မစားတာ (သို့မဟုတ်) ကစီဓါတ်ချည်းပဲစားတာအချိန်မရလို့ ပေါင်မုန့...
10/03/2026

တစ်ခါမှဝိတ်မကျဘူးသူတွေရဲ့ အိပ်ယာထ အမှားခြောက်ခု

1️⃣ နံနက်စာ မစားတာ (သို့မဟုတ်) ကစီဓါတ်ချည်းပဲစားတာ

အချိန်မရလို့ ပေါင်မုန့်နဲ့ ကော်ဖီလေး သောက်လိုက်တာအိုခေတယ်
မဟုတ်လားလို့မေးရင်းအဲ့တာကပဲ ပြဿနာ... ပေါင်မုန့်လေးစားပြီး နေ့လယ်ထိ ဘာမှမစားဘဲနေမှာလား? ဒါမှမဟုတ်အဆင်ပြေရာတခုခုထပ်စားမှာလား? နှစ်မျိုးစလုံးက တစ်နေ့လုံးကယ်လိုရီအပိုတွေစားမိစေမဲ့နည်းလမ်းပဲဆိုရင်အံ့သြသွားမလား။အကောင်းဆုံးကတော့ပရိုတင်းကို အရင်ဆုံးစားပါ! ကြက်ဥကြော်/ပြုတ်၊ဒိန်ချဉ်၊ ဒါမှမဟုတ် ပရိုတင်းshake တစ်ခွက်... ဒါတွေစားရင် ဗိုက်ပြည့်ဖို့ အာဟာရမျှတဖို့ အကောင်းဆုံးပါ။

2️⃣ ရေကို အရင်ဆုံးမသောက်တာ

အိပ်ပျော်နေတဲ့ (၇)+ နာရီ ဆိုတာ... သင့်ခန္ဓာကိုယ်ထဲမှာ ရေဓါတ်ခမ်းခြောက်နေချိန်ပေါ့။ ဒါကိုမဖြည့်ဘဲနေရင် အဆီလောင်ကျွမ်းနှုန်းကလည်း လျော့ကျသွားလိမ့်မယ်။အိပ်ရာထ ရေသောက်ပါ။

3️⃣ မနက်ခင်း နေရောင်ခြည် မခံယူခြင်း

မနက်ခင်း နေရောင်ခြည်ဟာ ဆာလောင်မွတ်သိပ်မှုထိန်းဟော်မုန်းတွေကို ထိန်းပေးတယ် ။ဒါ့အပြင် သဘာဝအိပ်ရေးပျက်ရင်လည်း ပြန်ညှိပေးတာ။ (ကိုယ်တွင်းဇီဝနရီ) ဗိုက်တာမင်ဒီအားဖြည့်ပေး

4️⃣ မနက်ပိုင်း တစ်နာရီအတွင်း လှုပ်ရှားမှုမရှိတာ

"အိပ်ယာကထတာနဲ့ ရေချိုးပြီး ကော်ဖီသောက်၊ အလုပ်ချက်ချင်းစတာပေါ့..."

ငါးမိနစ်လောက်တောင် မလှုပ်ရှားဘူးလား? အနည်းဆုံးstretching လုပ်ရင်တောင် ထူးခြားတဲ့ခံစားမှု ပေးနိုင်တယ်... နိုးနိုးကြားကြားဖြစ်လာပြီး သွေးလည်ပတ်မှုလည်း ကောင်းလာစေတယ်။

5️⃣ ဗိုက်ဆာနေချိန်မှာ ကော်ဖီသောက်တာ

အစာမစားရသေးဘဲ ကော်ဖီသောက်ရင် ကော်တီဆောဆိုတဲ့ Stress ဟော်မုန်းကို တက်စေပါတယ်။ ဒါကဘာလုပ်လဲဆိုတော့ ဗိုက်အဆီသိုလှောင်မှု ပိုများစေပြီး သကြားစားချင်တာကိုလည်း ဖြစ်စေပါတယ်။

6️⃣ အိပ်ယာကထတာနဲ့ ဖုန်းကြည့်တာ

မနက်ခင်းမှာ သတင်း၊ အီးမေးလ်၊ လူမှုကွန်ရက်တွေဆီ ချက်ချင်းသွားတာဟာ စိတ်ဖိစီးမှုကို ခေါ်ယူသလိုပါပဲ။ ကော်တီဆောတက်
လာစေပါတယ်။📱
ဒီတော့မိတ်ဆွေရော ဘာတွေပြောင်းလဲဖို့လိုနေသေးတာလဲ?

လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

ဝိတ်ထိန်းခြင်းအနုပညာ
07/03/2026

ဝိတ်ထိန်းခြင်းအနုပညာ

ဝိတ်ထိန်းခြင်း အနုပညာ( #ဝိတ်ကျချင်ရင်သေချာဖတ်ပေးပါ)

🚩(၁) မနက်စာကို ပုံမှန် စားပါ
မနက်စာစားတဲ့အကျင့်ဟာ ဝိတ်ထိန်းသူ တိုင်းအတွက် အရေးပါတဲ့အလေ့အကျင့်တခုဖြစ်တယ် ။ တနေ့တာ အားအင်ဖြစ်ထွန်းဖို့ မနက်စာက အဓိကကျဆုံးပဲ။ မနက်ပိုင်း အစား ရှောင်သူတွေဟာကျန်တဲ့အချိန်တွေ မှာ အလုပ်ကို အင်ပြည့်အားပြည့် မလုပ်နိုင်ကြဘူး။ နုံး ချိလာမယ် ။ မောပန်းလာမယ် ။ ဒါ ကြောင့် ဝိတ်ချချင်သူ မည်သူမဆို တနေ့တာအရေးကြီးဆုံးဖြစ်တဲ့ မနက်စာ ကို မဖြစ်မနေစားပေးဖို့ လိုပါတယ် ။

🚩( ၂) မကြာခဏ လှုပ်ရှာပေးပါ
ဝိတ်ထိန်းရာမှာ လေ့ကျင့်ခန်းထက် လှုပ်ရှားမှုက ပို အရေးကြီးတယ်။ လှုပ်ရှားမှုသာ ရှိပါ‌စေ။ဝိတ်ပြန်တက်ဖို့ အလွန်ခက်သွားပါတယ် ။ ဒါ့‌ကြောင့်သတိရတိုင်းလှုပ်ရှားပေးသင့်တယ်။လေ့ကျင့်ခန်း တွေကို ပုံမှန် ၊ အလယ်အလတ်နဲ့ အပြင်းစားဆိုပြီး ခွဲထားတယ် ။ ပုံမှန် ဆိုတာ နေ့စဉ် လှုပ်ရှားသွားလာတာမျိုး၊ အိမ်သန့်ရှင်း ရေးလုပ်တာမျိုးကို ခေါ်ပါတယ်။ အလယ်အလတ် လေ့ကျင့်ခန်းဆိုတာလမ်းလျှောက်တာ၊ ရေကူးတာ၊ အကလေ့ကျင့်တာ၊ တင်းနစ်၊ ကြက်တောင်ကစားတာ မျိုးကို ဆိုလိုပါတယ် ။ အပြင်းစားဆိုတာက ဝိတ်မတာ၊ ပြေးတာမျိုးကို ခေါ်ပါတယ် ။

🚩(၃) ပုံမှန် ဝိတ်ချိန်ပါ
ဝိတ်ချရာမှာပဲ ဖြစ်ဖြစ်၊ ဝိတ်ထိန်းရာမှာပဲ ဖြစ်ဖြစ် ဝိတ် ချိန်တဲ့အလေ့အကျင့်က အလွန် ကောင်းပါတယ် ။ ယေဘုယျအားဖြင့် တပတ်ကို အနည်းဆုံး တကြိမ်ခန့် ပုံမှန်ဝိတ်ချိန်ပေးသင့်တယ် ။ဒါမှ ဝိတ်တက်လာတဲ့ အခါ ဆင်ခြင်နိုင်မှာဖြစ်ပါတယ် ။

🚩(၄) အသားဓာတ်ကို ဖြည့်တင်းပါ
အသားဓာတ်က ဗိုက်ပြည့်စေတယ်။ အစာစားချင်စိတ်ကို လျှော့နည်းစေတယ်။ အစာခံစေတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တည်ဆောက်ရာမှာလည်း အသုံးဝင်တယ် ။ ဟော်မုန်းညီမျှဖို့လည်း လိုတယ်။ ပရိုတင်းတခုဟာ ဗိုက်ထဲဝင်လာရင် အစာချေဖျက်ဖို့ စွမ်းအင်ကို ပိုသုံးရလေ့ရှိတယ်။ ဒါကြောင့် ပရိုတင်းကို ထည့်စားပါ။ နေ့စဉ် ပရို တင်း ၁၀၀-၁၅၀ ဂရမ်ကြား စားပေးရင် အကောင်းဆုံးဖြစ်တယ်။

🚩(၅) ကာဗိုဟိုက်ဒရိတ်ကို ထိန်းပြီး စားပါ။
အစားစားတဲ့အခါ ကာဗိုဟိုက်ဒရိတ်ပါတာတွေ စားကြတယ်။ သို့သော် ဝိတ်ထိန်းတဲ့အခါ ထမင်း၊ဂျုံ စတာတွေ နေရာမှာ ဟင်းသီးဟင်းရွက် သစ်သီး စတာတွေ၊ ပြောင်းလဲစားသင့်တယ် ။ လုံးဝ ရှောင်ရှားသင့်တာက ပြုပြင်ထားတဲ့အစားအသောက်တွေဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်၊ အာလူးချောင်းကြော်၊ ကိုလာနဲ့ အချိုရည်တွေဖြစ်ပါတယ်။ ဒီအစားအသောက်တွေက သကြားဓာတ်များတယ်။ ပိုတာတွေကို အဆီအဖြစ် သိမ်းဆည်းမှာမို့ ဗိုက်အဆီထွက်လာနိုင်ပါတယ်။

🚩(၆) အလေးမပါ။
လှုပ်ရှားနိုင်တဲ့ လူငယ်ပိုင်းတွေလုပ်သင့်ပါတယ်။ အလေးမခြင်း ဟာ အဆီတွေကျဆင်းစေတယ်။ ကြွက်သားထုထည်ကျစ်လစ်လာတယ်။ ပြန်လည်သန်စွမ်းစေတယ်။ တစ်ပတ်ကို အနည်းဆုံး(၂) ကြိမ်ခန့် ကြွက်သားလေ့ကျင့်ခန်းမျိုး ပြုလုပ်ခြင်းဟာ ဝိတ်ထိန်းရာမှာအသုံးဝင်ပါတယ်။

🚩 (၇) စားသမျှချရေးပါ
သီအိုရီဆန်ပေမယ့် ဝိတ်ထိန်းရာမှာတော့ အလွန် အသုံးဝင်ပါတယ်။ နေ့စဉ်ရေးခြင်းအားဖြင့် အမှတ်မဲ့စားလိုက်တာတွေ ခေါင်းထဲပြန်ရောက်လာတယ်။ နောက်မစားမိအောင် ဆင်ခြင်မိလာတယ်။ ပိုကောငါးတာက ကယ်လိုရီကို စနစ်တကျတွက်ချက်တတ်လာတာပါ။ မှတ်စုတခုထားပြီး အစားအသောက်တွေ ချရေး ခြင်းက ဝိတ်ချသူတိုင်းအတွက်သာမက ဝိတ်ထိန်းသူ တွေအတွက်လည်း အားသာချက်တခုဖြစ်ပါတယ် ။

🚩 (၈) ရေများများသောက်ပါ
မစားခင်ရေသောက်ခြင်းဟာ ဗိုက်တင်းစေတယ်။ မစား ဖြစ်အောင် ထိန်းပေးနိုင်တယ်။လေ့လာမှုတခုအရ မစား ခင် ရေတဖန်ခွက်သောက်ခြင်းအားဖြင့် ကယ်လိုရီစား သုံးမှုရဲ့ ၁၃% ထိ လျှော့ချပေးနိုင်တာတွေ့ရတယ် ။ နေ့စဉ် ကယ်လိုရီ၂၀၀၀ စားသုံးသူဟာကယ်လိုရီ၂၆၀ လောက်ကို လျှော့ကျစေနိုင်တာကြောင့် ဝိတ်ထိန်းရာမှာ အလွန်အသုံးဝင်ပါတယ် ။

🚩 (၉) ကောင်းကောင်း အိပ်စက်အနားယူပါ
အိပ်ရေးပျက်ခြင်းဟာ ဝိတ်တက်ခြင်းရဲ့ အဓိက အကြောင်းခံဖြစ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရသူဟာ စိတ်ဖိစီးရာမှာထွက်တဲ့ stress hormone ဟော်မုန်းတမျိုးကို ထွက်စေတယ် ။ ဒီ ဟော်မုန်းက အစားပိုစားလာအောင် လှုံ့ဆော်ပေးတယ်။ ဒါကြောင့် ဝိတ်ချသူတယောက်ဟာ အိပ်ရေးဝဝအိပ်ဖို့လည်း အရေးကြီးတယ်။

🚩 (၁၀) စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုက ဝိတ်တက်စေတဲ့ အကြောင်းရာတရပ် အနေနဲ့ ပါဝင်တယ် ။ ဝိတ်ထိန်းချင်သူတယောက်ဟာ စိတ်ဖိစီးမှုတွေကိုလည်း ထိန်းချုပ်ဖို့လိုပါတယ် ။ စိတ် ဖိစီးရာမှာထွက်တဲ့ cortisol ဟော်မုန်းက အစားစားချင်စိတ်ကို ဖြစ်စေပြီး ဗိုက်အဆီကို များစေတယ် ။ တရားထိုင်၊ ယောဂကျင့် ၊ လေ့ကျင့်ခန်းလုပ်တာတွေက စိတ်ဖိစီးမှုကို အထိုက်အလျှောက် လျှော့ကျစေတယ်။

🚩 (၁၁) အသီးအရွက်များများစားပါ
ဝိတ်ချရာမှာအကောင်းဆုံး အလေ့အကျင့်က အသီး အရွက်အားပြုစားတာဖြစ်ပါတယ်။ အသီးထက် အရွက်တွေက ပိုကောင်းတယ်။ အမျှင်ဓာတ်များသလို ကယ်လိုရီ ပိုနည်းလို့ ဖြစ်ပါတယ်။ အစာခံရာမှာလည်း အသီး ထက် အရွက်က အားသာတယ် ။ ဗိုက်ပြည့်တဲ့ ခံစားမှုကိုပိုဖြစ်စေတယ် ။ နေ့စဉ် ဟင်းသီးဟင်းရွက် လက်သီးဆုပ် (၅ )ဆုပ်စာ စားပေးခြင်းဟာဝိတ်တက်မ လာစေဖို့ ကာကွယ်ပေးပါလိမ့်မယ်။

Credit

☘️အမျိုးသမီးတွေအတွက်....ဗိုက်ခေါက်ဟာ ပြသနာမဟုတ်ပါဘူး။  ခန္ဓာကိုယ်က သင့်ကို စကားပြောနေတဲ့ "လျှို့ဝှက်သင်္ကေတ" တစ်ခုပါ။☘️ဗ...
07/03/2026

☘️အမျိုးသမီးတွေအတွက်....ဗိုက်ခေါက်ဟာ ပြသနာမဟုတ်ပါဘူး။ ခန္ဓာကိုယ်က သင့်ကို စကားပြောနေတဲ့ "လျှို့ဝှက်သင်္ကေတ" တစ်ခုပါ။

☘️ဗိုက်ခေါက်ထွက်လာပြီဆိုတာနဲ့ အစာငတ်ခံ၊ ပြင်းပြင်းထန်ထန်တွေ ပြေးပြီး အတင်းအဆီချဖို့ မကြိုးစားပါနဲ့ဦး။ အဆီတွေ စုပုံနေတဲ့ နေရာတိုင်းမှာ သိပ္ပံနည်းကျ အကြောင်းပြချက်တွေ ရှိပါတယ်။

☘️အခုပဲ မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး သင့်ခန္ဓာကိုယ်ကို ဘေးတိုက်ကြည့်လိုက်ပါ။ ဘာတွေတွေ့ရလဲ? စာအုပ်တစ်အုပ်ယူပြီး ချရေးထားလိုက်ပါ။ ပြီးရင် အောက်က သင်္ကေတတွေကို ဖတ်ကြည့်ပါ။

☘️၁။အောက်ဗိုက် ပျော့တွဲတွဲ ထွက်နေခြင်း (အင်ဆူလင် ပြဿနာ)ဒါဟာ သွေးတွင်းသကြားဓာတ် တက်လိုက်ကျလိုက် ဖြစ်နေတဲ့ လက္ခဏာပါ။

👉Hack လုပ်နည်းမနက်နိုးတာနဲ့ တစ်နာရီအတွင်း ပရိုတင်း အနည်းဆုံး ၃၀ ဂရမ် စားပါ။ ထမင်း/ကစီဓာတ် မစားခင် အသီးအရွက်ကို အရင်စားပေးပါ (အမျှင်ဓာတ်က သကြားဓာတ်စုပ်ယူမှုကို နှေးစေလို့ပါ)။ အစာစားပြီးတိုင်း ၁၀ မိနစ် လမ်းလျှောက်ပါ။ ဒီအလေ့အကျင့်လေးတွေက အင်ဆူလင်မပါဘဲ သွေးတွင်းသကြားဓာတ်ကို ဆဲလ်တွေထဲ ဆွဲသွင်းပေးပြီး ၄ ပတ်အတွင်း အောက်ဗိုက်ကို သိသိသာသာ ချပ်ရပ်သွားစေပါလိမ့်မယ်။

☘️၂။ အထက်ဗိုက် ဘောလုံးလို တင်းမာနေခြင်း (စိတ်ဖိစီးမှု ပြဿနာ) ဒါဟာ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ လွန်ကဲနေတဲ့ လက္ခဏာပါ။

👉Hack လုပ်နည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ၂ ပတ်လောက် ရပ်လိုက်ပါ။ အဲ့ဒီအစား ၄၅ မိနစ်လောက် နှာခေါင်းကနေ သက်တောင့်သက်သာ အသက်ရှူပြီး လမ်းလျှောက်ပါ။ ကယ်လိုရီ အရမ်းလျှော့စားခြင်းကလည်း ခန္ဓာကိုယ်ကို ဖိစီးစေပါတယ်။ တစ်နေ့ ၂ မိနစ်လောက် ၄-၇-၈ အသက်ရှူနည်း (၄ စက္ကန့် ရှူသွင်း၊ ၇ စက္ကန့် အောင့်ထား၊ ၈ စက္ကန့် မှုတ်ထုတ်) ကို လုပ်ပေးပါ။ ခန္ဓာကိုယ်က "ငါ ဘေးကင်းပါတယ်" လို့ ခံစားရမှသာ အထက်ဗိုက်အဆီတွေ ကျသွားမှာပါ။

☘️၃။ ခန္ဓာကိုယ်အပေါ်ပိုင်း သွယ်လျပြီး တင်ပါးနဲ့ ပေါင်မှာ အဆီစုနေခြင်း (အီစထရိုဂျင် ပြဿနာ)
ဒါဟာ အမျိုးသမီးဟော်မုန်းနဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး ဒီနေရာက အဆီတွေက သင့်ကို ရောဂါတွေကနေ ကာကွယ်ပေးဖို့ သဘာဝက ဖန်တီးထားတာပါ။

👉Hack လုပ်နည်းတစ်နေရာတည်း အဆီချဖို့ (Spot reduce) ကြိုးစားတာကို ရပ်လိုက်ပါ။ အဲ့ဒီအစား Squat, Lunge, Deadlift စတဲ့ လေ့ကျင့်ခန်းတွေနဲ့ အောက်ခံကြွက်သားတွေကို တည်ဆောက်ပါ။ အဆီက ဖြည်းဖြည်းချင်း လျော့သွားပေမယ့် ခန္ဓာကိုယ်ပုံစံကတော့ သိသိသာသာကြီး ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို လက်ခံလိုက်ပါ။ ဒါကို လက်ခံလိုက်ခြင်းက စိတ်ဖိစီးမှုကို ကျဆင်းစေပြီး ဝိတ်ချရာမှာ ပိုအထောက်အကူ ဖြစ်စေပါတယ်။

☘️၄။ မဖြစ်မနေ လုပ်ရမည့် Master Key (အိပ်စက်ခြင်း) သင့်မှာ ဘယ်လိုအဆီစုပုံတဲ့ ပုံစံမျိုးပဲရှိရှိ တစ်ညကို ၇-၈ နာရီ အိပ်စက်ဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ အိပ်စက်ခြင်းက အင်ဆူလင်၊ ကော်တီဆော နဲ့ ဆာလောင်မှုဟော်မုန်း အားလုံးကို ထိန်းညှိပေးပါတယ်။ အိပ်ရေးမဝဘဲ ဘယ်လောက်ပဲ ဖြည့်စွက်စာတွေစားစား၊ လေ့ကျင့်ခန်းတွေလုပ်လုပ် လုံးဝ (လုံးဝ) အလုပ်မဖြစ်ပါဘူး။
သင့်ဗိုက်ခေါက်ကို မုန်းတီးနေမယ့်အစား သူပြောချင်နေတဲ့ စကားကို နားထောင်ပြီး အလိုက်သင့် ပြန်လည်တုံ့ပြန်လိုက်ပါ။ (လိုအပ်ရင် ပြန်ကြည့်လို့ရအောင် ဒီပိုစ့်ကို Save လုပ်ထားလိုက်ပါ)

☘️ဒီအချက်တွေထဲက ဘယ်အချက်ကို ဒီနေ့ကစပြီး အရင်ဆုံး လက်တွေ့စမ်းကြည့်ချင်လဲ။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

19/02/2026

ညနေကြက်ဥအကာ၂လုံးနဲ့
ပန်းသစ်တော်သီးစားပြီး
5:00‌မှာအစားပိတ်လိုက်ပါပြီ
🥚🥚🍐

အသက်(၄၅)ကနေ (၆၀) သမားများအထူးသတိထားဖို့ပါ အဲဒီအတွင်းကို ဂရုစိုက်နေထိုင်ရင်...ကျန်းမာအသက်ရှည်ပါတယ်တဲ့.. အလေ့ကျင့်ကောင်းသွ...
24/01/2026

အသက်(၄၅)ကနေ (၆၀) သမားများ
အထူးသတိထားဖို့ပါ

အဲဒီအတွင်းကို ဂရုစိုက်နေထိုင်ရင်...
ကျန်းမာအသက်ရှည်ပါတယ်တဲ့..

အလေ့ကျင့်ကောင်းသွားရင်
ရောဂါကြီးကြီးမား
မရှိရင်အသက် ရာကျော်အထိ
အသက်ရှည်ကျန်းမာပါတယ်လို့
ဆိုကြတယ်.....

၁။ ကိုယ်အလေးချိန်ကို
အမြဲချိန်ပါ
(weightချိန် ပါ )။

၂။ အိပ်ရေးဝအောင် အိပ်ပါ။

၃။ အစာအိမ်ကို ဂရုစိုက်ပါ
ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ
၇၀% ပြည့်အောင်ပဲစားပါ
အလွန်အကျွံ မစားပါနဲ့
ပျော့တဲ့အစားစာရွေးစားပါ
အဆီ,အငန်,အချို,
အပူစာတွေလျော့စားပါ။

၄။ အရိုးအဆစ်ကိုဂရုစိုက်ပါ။

၅။ vitamin D ရအောင်
နွားနို့,ငါး,ပဲ စားတဲ့အပြင်
မနက်(သို့) ညနေခင်း
နေရောင်ခြည်ကို
10min လောက်
အနည်းဆုံး ခံယူပါ
vitamin Dအားဆေးလည်း
တခါတလေ စားပေးပါ။

၆။ လမ်းလျှောက် လေ့ကျင့်ခန်း
လုပ်ပေးပါ
ကြွက်သားအားကောင်းအောင်
လေ့ကျင့်ပေးပါ
ခြေသလုံးကြွက်သား
အားကောင်းရင်
နှလုံးရောဂါမဖြစ်နိုင်ပါဘူး
ကခုန်ခြင်းဖြင့်လည်း
ကိုယ်လက် လှုပ်ရှား
လေ့ကျင့်ခန်းတမျိုးပါပဲ..

၇။ ရေချိုးချိန်၊
ကိုယ် အဆင်ပြေချိန်တွင်
သီချင်းအော်ဆိုပေးခြင်း ဖြင့်
အဆုတ်အားကောင်းအောင်
လုပ်ပေးပါ
လက်ခုပ်တီးပေးပါ။

၈။ pressure ,stress လျော့ပေးပါ
စိတ်ပျော်ရွှင်အောင်နေပါ၊
ပြသနာအကြီးကို
သေးအောင်လုပ်၊
အသေးကိုပျောက်အောင်လုပ်
တော်ရုံ အရေးမကြီးတာတွေနဲ့
ရန်မဖြစ်နဲ့
စိတ်ထဲ မထားကြပါနဲ့။

၉။ စိတ်အေးချမ်းတည်ငြိမ်အောင်
တရားထိုင်ပေးပါ
ဝင်လေထွက်လေမှတ်ပေးပါ။

၁၀။ သန့်ရှင်းမှုကို
အလေးထားပါ၊
တကိုယ်ရည် သန့်ရှင်းမှုနဲ့
အိမ်တွင်းအိမ်ပြင်
ပတ်ဝန်းကျင် သန့်ရှင်းရေးကို
ဂရုစိုက်ပါ။

၁၁။ ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊
ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို
ကိုယ့်အိမ်တွင်း
အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။

၁၂။ ဦးနှောက်ကို
တခုခုလုပ်နေရင်းအသုံးချပါ
စီးပွါးလုပ်ငန်း၊
အလုပ်၊ပညာ တခုခု
ကိုယ်ဝါသနာပါရာကို
အမြဲ လေ့လာရင်း
လုပ်နေရင်းနဲ့
ဦးနှောက်ကို အသုံးချပေးပါ။
ဦးခါင်းကိုအသုံးချခြင်းဖြင့်
အယ်ဇိုင်းမားရောဂါ
မဖြစ်အောင်
ကာကွယ် ပေးနိုင်ပါတယ်။

၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊
အညစ်အကြေး စွန့်ခြင်းဖြင့်
ကိုယ်ထဲက
အဆိပ် အတောက်ကို
ဖယ်ပေးနိုင်ပါတယ်
ရေများများသောက်ခြင်းဖြင့်
သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်
ကျောက်တည်ခြင်းကို
ကာကွယ်ပေးနိုင်တယ်။

၁၄။ မနက်အစာမစားခင်
ပုံမှန်ရေတခွက်
ရေနွေး၂ခွက်
သောက်ပေးခြင်းဖြင့်
အူလမ်းကြောင်းက
အညစ်အကြေးတွေ
ထုတ်ပေးနိုင်ပါတယ်။
အိပ်ကာနီး
ရေတခွက်သောက်ခြင်းဖြင့်
မနက်ဆီးသွားပြီး
ကိုယ်တွင်းက အပူကို
ကျစေပါတယ်
အသက်၃ဝကျော်ရင်
သွေးကြောတွေက
တဖြေးဖြေးအဆီပိတ်ပြီး
ကျဉ်းလာပါတယ်။
တချို့ကသွေးပျစ်ပီး
ကျဉ်းလာပါတယ်။

ဒါ့ကြောင့်
အဆီအကြော်စာတွေ
လျော့စားပါ
ရေနွေးရေသောက်ပေးခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်
သွေးကြောပိတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။

မိတ်ဆွေသူငယ်ချင်းများအားလုံး
ကျန်းမာအသက်ရှည်ပါစေ...

မူရင်းရေးသားသူအား

Crd ပေးပါတယ်

15/01/2026

ဝ တုတ်တို့ မှတ်ဖို့တဲ့.....😁😁😁

မှတ်ပဲမမှတ်နဲ့နော် လိုက်လည်းလုပ်အုံး☺️

👉"ဝိတ်ချလိုသူတွေအတွက် သားသမီးတွေကို လက်ဆင့်ကမ်းပေးသင့်တဲ့ ဖစ်ဂုရုရဲ့ "ဝိတ်ချနည်း ၁၀၀"၁။ ကယ်လိုရီ လိုငွေ (Calorie Deficit...
12/01/2026

👉"ဝိတ်ချလိုသူတွေအတွက် သားသမီးတွေကို လက်ဆင့်ကမ်းပေးသင့်တဲ့ ဖစ်ဂုရုရဲ့ "ဝိတ်ချနည်း ၁၀၀"

၁။ ကယ်လိုရီ လိုငွေ (Calorie Deficit) မရှိရင် ဝိတ်မကျဘူး။
၂။ အစားမစားခင် ရေတစ်ခွက် အရင်သောက်ပါ။
၃။ ပရိုတင်း (အသား) ကို ထမင်းထက် အရင်စားပါ။
၄။ အိပ်ရေးပျက်ရင် အဆီစုမယ် (ဒါ သဘာဝတရားပဲ)။
၅။ သကြားကို ရန်သူလို သဘောထားပါ။
၆။ ဝိတ်ချတာ ပြေးဖို့မဟုတ်ဘူး၊ လမ်းများများလျှောက်ဖို့။
၇။ အသီးဖျော်ရည် (Juice) မသောက်နဲ့၊ အသီးလိုက် (Fruit) ဝါးစား။
၈။ ကြွက်သားရှိမှ အဆီလောင်တာ မြန်မှာ။
၉။ တစ်ခုခုစားချင်တိုင်း တကယ်ဆာတာဟုတ်ရဲ့လား ပြန်မေးပါ။
၁၀။ ဖြည်းဖြည်းစားမှ ဗိုက်ပြည့်မြန်မှာ။
၁၁။ ပန်းကန်အကြီးကြီးနဲ့ မစားပါနဲ့။
၁၂။ အစာကို ကြေညက်အောင် ဝါးစားပါ။
၁၃။ အချိုရည်ဆိုတာ ဝိတ်တက်စေတဲ့ "အရည်ပျော်သကြား" တွေပဲ။
၁၄။ မနက်စာ မဖြစ်မနေ စားစရာမလိုဘူး (ဆာမှစား)။
၁၅။ ကော်ဖီသောက်ရင် သကြား၊ Creamer မပါတာ သောက်ပါ။
၁၆။ အိမ်မှာ မုန့်အချိုတွေ ဝယ်မထားပါနဲ့။
၁၇။ စိတ်ဖိစီးမှု (Stress) များရင် ဗိုက်ခေါက်ထွက်လွယ်တယ်။
၁၈။ ညစာကို စောစောစားပါ။
၁၉။ အစာစားနေရင်း ဖုန်းမသုံးပါနဲ့ (သတိလွတ်ပြီး ပိုစားမိတတ်တယ်)။
၂၀။ ကိုယ်အလေးချိန်ကို နေ့တိုင်းချိန်ကြည့်တာ စိတ်ဖိစီးစေတယ်။
၂၁။ တစ်ပတ်တစ်ခါပဲ ပေါင်ချိန်ပါ။
၂၂။ မှန်ထဲက ကိုယ့်ပုံစံက ပေါင်ချိန်စက်ထက် ပိုတိကျတယ်။
၂၃။ ဟင်းသီးဟင်းရွက်ကို ထမင်းထက် ပိုစားပါ။
၂၄။ အဆီ (Fat) တိုင်း မကြောက်ပါနဲ့၊ အဆီကောင်း (Good Fat) လိုတယ်။
၂၅။ ကြက်ဥအနှစ်ကို လွှင့်မပစ်ပါနဲ့ (အာဟာရအကုန် အဲ့ဒီမှာ)။
၂၆။ အကြော်အလှော် လျှော့စားပါ။
၂၇။ အရက်၊ ဘီယာက ဗိုက်ခေါက်ရဲ့ မိတ်ဆွေပဲ။
၂၈။ အာလူးကြော်၊ လေဖောင်းမုန့်တွေကို အိမ်ထဲမသွင်းနဲ့။
၂၉။ ရေဆာတာကို ဗိုက်ဆာတယ်လို့ အထင်မမှားပါနဲ့။
၃၀။ နေရောင်ခြည်ခံပါ (Vitamin D နည်းရင် ဝိတ်ကျနှေးတယ်)။
၃၁။ လှုပ်ရှားမှုတိုင်းက ကယ်လိုရီလောင်တယ် (NEAT)။
၃၂။ ဓာတ်လှေကားအစား လှေကားကို သုံးပါ။
၃၃။ ထိုင်ခုံမှာ ကြာကြာမထိုင်ပါနဲ့။
၃၄။ ဖုန်းပြောရင် လမ်းလျှောက်ရင်း ပြောပါ။
၃၅။ အိမ်မှုကိစ္စလုပ်တာလည်း ဝိတ်ကျစေတယ်။
၃၆။ Gym မသွားနိုင်ရင် အိမ်မှာ Bodyweight ဆော့ပါ။
၃၇။ Cardio တစ်ခုတည်းနဲ့ ပုံမကျလှဘူး။
၃၈။ သံတုံးမပါရင် (Weight training မလုပ်ရင်) လုံးကြီးပေါက်လှ မဖြစ်ဘူး။
၃၉။ မိန်းကလေးတွေ ကြွက်သားကြီးမှာ မကြောက်ပါနဲ့ (ဟော်မုန်းမတူလို့ မကြီးနိုင်ဘူး)။
၄၀။ Squat ထိုင်တာက ကယ်လိုရီအလောင်ဆုံးပဲ။
၄၁။ ဈေးဝယ်ထွက်ရင် ဗိုက်ဆာနေတဲ့အချိန် မသွားနဲ့။
၄၂။ Label ဖတ်တတ်တဲ့ အကျင့်လုပ်ပါ။
၄၃။ "Low Fat" ဆိုတဲ့ စာတမ်းတွေကို မယုံပါနဲ့ (သကြားတွေ အများကြီးပါတယ်)။
၄၄။ အစားတစ်လုပ်ကို အနည်းဆုံး ၂၀ ခါ ဝါးပါ။
၄၅။ အစားအစာကို ဆုကြေးအဖြစ် မသတ်မှတ်ပါနဲ့။
၄၆။ ဝိတ်မကျတော့ရင် Diet Break ခဏလုပ်ပါ။
၄၇။Cheat Meal မလုပ်နဲ့၊ Refeed Day ပဲ လုပ်ပါ။
၄၈။ ဆား (Sodium) များရင် ကိုယ်ဖောတတ်တယ်။
၄၉။ ဟင်းချိုမှုန့် လျှော့စားတာ အကောင်းဆုံး။
၅၀။ Protein Shake က အစားအစာလောက် မကောင်းဘူး (အကူအညီပဲရမယ်)။
၅၁။ နေ့လယ်စာကို ဘုရင်လိုစား၊ ညစာကို သူတောင်းစားလိုစား။
၅၂။ ပလတ်စတစ်ဘူးနဲ့ ရေနွေးမသောက်နဲ့ (ဟော်မုန်းတွေ ပျက်မယ်)။
၅၃။ အစာအိမ်က "ပြည့်ပြီ" လို့ ပြောဖို့ မိနစ် ၂၀ လိုတယ်။
၅၄။ ထမင်းစားပြီးပြီးချင်း မအိပ်ပါနဲ့။
၅၅။ အစပ်စားတာက ဇီဝကမ္မဖြစ်စဉ်ကို ခဏတာ မြန်စေတယ်။
၅၆။ လက်ဖက်ရည်ကြမ်း (Green Tea) သောက်ပါ။
၅၇။ အမျှင်ဓာတ် (Fiber) က ဗိုက်မြန်မြန်ပြည့်စေတယ်။
၅၈။ ဝိတ်ကျဆေးဆိုတာ လောကကြီးမှာ မရှိဘူး။
၅၉။ ခါးပတ်ပတ်လို့ ဗိုက်မချပ်ဘူး။
၆၀။ ချွေးထွက်များတိုင်း ပိန်တာမဟုတ်ဘူး (ရေဓာတ်ကုန်တာ)။
၆၁။ ယောဂကျင့်တာ စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်။
၆၂။ သူများ Diet နည်းကို အကန်းယုံ မလိုက်လုပ်နဲ့။
၆၃။ ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းကို ရှာပါ။
၆၄။ အချိန်အကြာကြီး အငတ်မခံပါနဲ့။
၆၅။ မနက်စာကို ပရိုတင်းများများ ပါအောင်စား။
၆၆။ ညဘက် ကာဘိုဟိုက်ဒရိတ် လျှော့စား။
၆၇။ ဘူဖေး (Buffet) စားတာ လျှော့ပါ။
၆၈။ ဆီစိမ်ထားတဲ့ အစာတွေ ရှောင်ပါ။
၆၉။ ငါးကြီးဆီ (Omega-3) က အဆီကျဖို့ ကူညီပေးတယ်။
၇၀။ ရေခဲရေသောက်လို့ ဗိုက်မရွှဲဘူး (ဒါ ဒဏ္ဍာရီပဲ)။
၇၁။ သဘာဝအတိုင်းရတဲ့ အစားအစာ (Whole Food) က အကောင်းဆုံး။
၇၂။ စည်သွပ်ဘူးတွေကို ရှောင်ပါ။
၇၃။ ဆော့စ် (Sauce) တွေမှာ ကယ်လိုရီအများကြီးပဲ။
၇၄။ အသုပ်တွေမှာ ဆီချက် လျှော့ထည့်။
၇၅။ ထမင်းဖြူအစား ဆန်လုံးညိုစားရင် ပိုကောင်းတယ်။
၇၆။ ပဲအမျိုးမျိုးက ပရိုတင်းအရင်းအမြစ်ကောင်းပဲ။
၇၇။ အဆာပြေစာအဖြစ် သစ်သီးခြောက်တွေမစားနဲ့ (သကြားများတယ်)။
၇၈။ အခွံမာသီး (Nuts) တွေက ကောင်းပေမယ့် ကယ်လိုရီများတယ်။
၇၉။ ညဘက် ၃ နာရီလောက် အစာမစားဘဲ အိပ်ပါ။
၈၀။ တရားထိုင်တာက Cortisol ကျစေလို့ ဝိတ်ကျလွယ်တယ်။
၈၁။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် မမွေးပါနဲ့။
၈၂။ ဝိတ်ကျဖို့ အချိန်ပေးရတယ်၊ စိတ်ရှည်ပါ။
၈၃။ တစ်လကို ၄ ပေါင်ကနေ ၈ ပေါင်ကျရင် လုံလောက်ပြီ။
၈၄။ မြန်မြန်ကျရင် မြန်မြန်ပြန်တက်မယ်။
၈၅။ သူငယ်ချင်းကောင်းတွေနဲ့ တွဲစားပါ။
၈၆။ ဝိတ်ချနေတဲ့ Partner ရှာပါ။
၈၇။ ကိုယ့်တိုးတက်မှုကို မှတ်တမ်းတင်ထားပါ။
၈၈။ "ငါလုပ်နိုင်တယ်" လို့ ယုံကြည်ပါ။
၈၉။ ပျက်ကွက်တဲ့ရက်ရှိရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။
၉၀။ နောက်နေ့ ပြန်စလိုက်၊ ဘာမှ မဖြစ်ဘူး။
၉၁။ အစားအစာကို ကြောက်စိတ်မဝင်ပါနဲ့။
၉၂။ ကျန်းမာဖို့က ပိန်ဖို့ထက် အရေးကြီးတယ်။
၉၃။ အဆီကျရင် မျက်နှာကအစ နုသွားလိမ့်မယ်။
၉၄။ အဝတ်အစား ဆိုဒ်ပြောင်းသွားတာ ပေါင်ချိန်စက်ထက် ပိုပျော်ဖို့ကောင်းတယ်။
၉၅။ အချစ်ရေး အဆင်မပြေရင် အစားနဲ့ မဖြေဖျောက်ပါနဲ့။
၉၆။ ညဘက် ဖုန်းပွတ်တာ လျှော့ (Blue light က အိပ်ရေးပျက်စေတယ်)။
၉၇။ အိပ်ခန်းကို အေးနေအောင် ထားပါ။
၉၈။ ကျန်းမာရေးနဲ့ညီတာ စားရတာ ဈေးကြီးတယ်လို့ မထင်ပါနဲ့ (ဆေးဖိုးထက် သက်သာတယ်)။
၉၉။ ဘဝပုံစံ (Lifestyle) တစ်ခုလုံး ပြောင်းလဲမှ ရေရှည်ခံမယ်။
၁၀၀။ ဇွဲမလျှော့ပါနဲ့၊ ခင်ဗျား လုပ်နိုင်တယ်။ သင့်အတွက်ဖြစ်စေ၊ ဝိတ်ချလိုသူတဲ့ သင်ချစ်ရသူတွေအတွက်ဖြစ်စေ ဒီပို့စ်ကို share ပီးကုသိုလ်ယူပါ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

10/01/2026

ကိုယ်အလေးချိန်လျှော့ဖို့
၁-ရေသောက်မယ်
၂-လမ်းလျှောက်မယ်
၃-ကောင်းကောင်းအိပ်မယ်

03/01/2026

2026မှာတော့ဝိတ်ချတာကိုအလောမကြီးဖို့မှာချင်တယ်
၁ရက်ချင်းကိုအာရုံစိုက်သွားရင်
၃လပြည့်တဲ့ကျေနပ်စရာကောင်းလာပါလိမ့်မယ်

Address

Near Shwe Road
Myitkyina

Telephone

+959422457109

Website

Alerts

Be the first to know and let us send you an email when May Htet -အဆီကျဖို့ဝိတ်ချစို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to May Htet -အဆီကျဖို့ဝိတ်ချစို့:

Share