14/05/2025
Flu vaccine available✅
ကြိုတင်စားရင်းပေးရန်
📞 09880888701, 09880888702, 092401034
INFLUVAC Tetra သည် လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး (quadrivalent influenza vaccine) ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြံပြုချက်နှင့်အညီ နှစ်စဉ်ပြင်ဆင်ထုတ်လုပ်သော ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
1...ပါဝင်သောဗိုင်းရပ်စ်များကတော့
- A(H1N1) (A/Victoria/2570/2019-like strain)
- A(H3N2) (A/Darwin/9/2021-like strain)
- B/Victoria lineage (B/Austria/1359417/2021-like strain)
- B/Yamagata lineage (B/Phuket/3073/2013-like strain) တို့ပဲ ဖြစ်ပါတယ်။
2... အာနိသင် ကတော့ ကာကွယ်ဆေးထိုးပြီး 2–3 ပတ်အတွင်း ခုခံအားတုံ့ပြန်မှုဖြစ်ပေါ်ကာ 6–12 လကြာ ခုခံအားစနစ်ရရှိပါတယ်။
3... အသုံးပြုသင့်သူများကတော့
- အသက် 6 လနှင့်အထက်ကလေးများ၊
- လူကြီးများနှင့် သက်ကြီးရွယ်အိုများ၊
- ကိုယ်ဝန်ဆောင်များ (ကိုယ်ဝန်အဆင့်အားလုံး)
- နို့တိုက်မိခင်များ
- နှလုံး၊ အဆုတ်၊ ဆီးချိုရောဂါရှိသူများပဲဖြစ်ပါတယ်။
4... ဆေးထိုးနည်း ကတော့
- လူကြီးနှင့် 9 နှစ်အထက် ကလေးများကို
တစ်နှစ်လျှင် 0.5 mL 1 ကြိမ် .
- 9 နှစ်အောက် ကလေးများ (ပထမဆုံးအကြိမ်ထိုးပါက) 4 ပတ်ခြားပြီး 0.5 mL 2 ကြိမ် ကို ကြွက်သားအတွင်း (အများအားဖြင့် လက်မောင်း သို့မဟုတ် ပေါင်ကြွက်သား) မှာ ထိုးရပါတယ်။
5. ဘေးထွက်ဆိုးကျိုးများအနေနဲ့က
- **အဖြစ်များသောလက္ခဏာများ**:
- ထိုးသည့်နေရာတွင် နာခြင်း၊ နီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ အားနည်းခြင်း တို့ဖြစ်တတ်ပါတယ်။
- ကလေးများတွင် ဗိုက်နာခြင်း၊ အန်ခြင်း၊ စိတ်တိုခြင်းများဖြစ်တတ်ပါတယ်။
- ပြင်းထန်သောတုံ့ပြန်မှု(အလွန်ရှားပါတယ်) ကတော့ ဓာတ်မတည့်ခြင်း၊ မျက်နှာရောင်ခြင်း၊ အသက်ရှုကြပ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
6...မထိုးသင့်သူများကတော့
- INFLUVAC Tetra (သို့) ကြက်ဥပရိုတင်း၊ ဂျန်တာမီဆင်စသော ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်သူများ နှင့်
- အဖျားကြီးနေစဉ် ပဲ ဖြစ်ပါတယ်။
7... သိုလှောင်ခြင်းအနေနဲ့ကတော့ 2°C–8°C တွင် ရေခဲသေတ္တာထဲ၌ သိမ်းဆည်းရပါတယ်။ (ရေခဲမခဲစေရပါ)
**အရေးကြီးသောမှတ်ချက်**
INFLUVAC Tetra သည် တုပ်ကွေးဗိုင်းရပ်စ်အချို့ကိုသာ ကာကွယ်နိုင်ပြီး အအေးမိခြင်းကဲ့သို့သော အခြားရောဂါများအတွက် မထိရောက်ပါ။ ရောဂါ အခံများရှိသူအနေနဲ့ကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။