KBC Hospital Myitkyina

KBC Hospital Myitkyina Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBC Hospital Myitkyina, Hospital, 35/4, Mahkring Sara Kahtawng Ward, at Sumpra Bum Road, Myitkyina.

VACANCY ANNOUNCEMENT----------Finance Department1. Senior Accountant - 3 post2. Junior Accountant - 2 post3. Cash Manage...
22/09/2025

VACANCY ANNOUNCEMENT
----------

Finance Department
1. Senior Accountant - 3 post
2. Junior Accountant - 2 post
3. Cash Manager - 1 post
4. Senior Cashier - 1 post
5. Junior Cashier - 3 post
----------

Deadline: October 31, 2025
Office Phone: 09458903390
Email: tsirunghr.3@gmail.com

VACANCY ANNOUNCEMENT----------Business Development Department1. Business Development Manager - 1 post2. Customer Care Ma...
22/09/2025

VACANCY ANNOUNCEMENT
----------

Business Development Department
1. Business Development Manager - 1 post
2. Customer Care Manager - 1 post
3. Receptionist - 8 post
4. Customer Care - 8 post
5. Marketing Staff - 1 post
6. Senior Procurement Staff - 1 post
----------

Deadline: October 31, 2025
Office Phone: 09458903390
Email: tsirunghr.3@gmail.com

VACANCY ANNOUNCEMENT----------Operation Department1. Associate Head of Operation Department - 1 post2. Admin/HR Assistan...
22/09/2025

VACANCY ANNOUNCEMENT
----------

Operation Department
1. Associate Head of Operation Department - 1 post
2. Admin/HR Assistant - 1 post
3. Store Manager (Medical) - 1 post
4. Store Manager (Non-Medical) - 1 post
5. Store Keeper (Medical) - 2 post
6. House Keeper - 8 post
7. Laundry Worker - 8 post
8. General Worker - 10 post
9. Security In Charge - 1 post
10. Security - 4 post
11. Transportation In Charge - 1 post
12. Driver - 3 post
13. IT Manager - 1 post
14. Assistant Engineer - 1 post
15. M&.E In Charge - 1 post
16. Operator (M&E) - 6 post
----------

Deadline: October 31, 2025
Office Phone: 09458903390
Email: tsirunghr.3@gmail.com

VACANCY ANNOUNCEMENT----------Para-Clinical Department 1. Imaging Manager - 1 Post2. Medical lmaging Technologist - 2 Po...
22/09/2025

VACANCY ANNOUNCEMENT
----------

Para-Clinical Department
1. Imaging Manager - 1 Post
2. Medical lmaging Technologist - 2 Post
3. Imaging Technician (G2) - 3 Post
4. Nurse Aide (lmaging) - 4 Post
5. Medica[ Laboratory Technologist - 2 post
6. Laboratory Technician {G2} - 4 post
7. Nurse Aide (Laboratory) - 4 Post
8. Pharmacist - 7 Post
9. Pharmacist Aide/Pharmacy Assistant - 11 post
----------

Deadline: October 31, 2025
Office Phone: 09458903390
Email: tsirunghr.3@gmail.com

VACANCY ANNOUNCEMENT----------Nursing Department1. Associate Head of Nursing Services - 1 post 2. Nurse Manager - 1 post...
22/09/2025

VACANCY ANNOUNCEMENT
----------

Nursing Department
1. Associate Head of Nursing Services - 1 post
2. Nurse Manager - 1 post
3. Senior Staff Nurse - 15 post
4. Senior Staff Nurse (HDU) - 3 post
5. Senior Staff Nurse (HD) - 1 post
6. Junior Staff Nurse - 20 post
7. Junior Nurse (HDU) - 3 post
8. Junior Nurse (HD) - 2 post
9. Midwife - 3 Post
10. Nurse Aide/Heatlh Care Assistant - 41 Post
----------

Deadline: October 31, 2025
Office Phone: 09458903390
Email: tsirunghr.3@gmail.com

VACANCY ANNOUNCEMENT----------Clinical Department 1. Medical Officer - 14 post----------Deadline: October 31, 2025Office...
22/09/2025

VACANCY ANNOUNCEMENT
----------

Clinical Department
1. Medical Officer - 14 post
----------

Deadline: October 31, 2025
Office Phone: 09458903390
Email: tsirunghr.3@gmail.com

VACANCY ANNOUNCEMENT PART 2@@@@@@@@@@@@@@Clinical Department 1. Medical Officer - 14 post-----Nursing Department1. Assoc...
19/09/2025

VACANCY ANNOUNCEMENT PART 2
@@@@@@@@@@@@@@

Clinical Department
1. Medical Officer - 14 post
-----

Nursing Department
1. Associate Head of Nursing Services - 1 post
2. Nurse Manager - 1 post
3. Senior Staff Nurse - 15 post
4. Senior Staff Nurse (HDU) - 3 post
5. Senior Staff Nurse (HD) - 1 post
6. Junior Staff Nurse - 20 post
7. Junior Nurse (HDU) - 3 post
8. Junior Nurse (HD) - 2 post
9. Midwife - 3 Post
10. Nurse Aide/Heatlh Care Assistant - 41 Post
-----

Para-Clinical Department
1. Imaging Manager - 1 Post
2. Medical lmaging Technologist - 2 Post
3. Imaging Technician (G2) - 3 Post
4. Nurse Aide (lmaging) - 4 Post
5. Medica[ Laboratory Technologist - 2 post
6. Laboratory Technician {G2} - 4 post
7. Nurse Aide (Laboratory) - 4 Post
8. Pharmacist - 7 Post
9. Pharmacist Aide/Pharmacy Assistant - 11 post
-----

Office Phone: 09458903390
Email: tsirunghr.3@gmail.com

VACANCY ANNOUNCEMENT@@@@@@@@@@@@@@Operation Department1. Associate Head of Operation Department - 1 post2. Admin/HR Assi...
17/09/2025

VACANCY ANNOUNCEMENT
@@@@@@@@@@@@@@

Operation Department
1. Associate Head of Operation Department - 1 post
2. Admin/HR Assistant - 1 post
3. Store Manager (Medical) - 1 post
4. Store Manager (Non-Medical) - 1 post
5. Store Keeper (Medical) - 2 post
6. House Keeper - 8 post
7. Laundry Worker - 8 post
8. General Worker - 10 post
9. Security In Charge - 1 post
10. Security - 4 post
11. Transportation In Charge - 1 post
12. Driver - 3 post
13. Assistant Engineer - 1 post
14. M&.E In Charge - 1 post
15. Operator (M&E) - 6 post
-----

Business Development Department
1. Customer Care Manager - 1 post
2. Receptionist - 8 post
3. Customer Care - 8 post
4. Marketing Staff - 1 post
5. Senior Procurement Staff - 1 post
-----

Finance Department
1. Senior Accountant - 3 post
2. Junior Accountant - 2 post
3. Cash Manager - 1 post
4. Senior Cashier - 1 post
5. Junior Cashier - 3 post
-----

Office Phone: 09458903390
Email: tsirunghr.3@gmail.com

ကိုယ်ဝန်ဆောင်သည့် အချိန်သည် မိခင်နှင့်ကလေးအတွက် ကျန်းမာပျော်ရွှင်သော အချိန်ကာလဖြစ်စေရန် ဂရုစိုက်ရမည့် အချိန်ဖြစ်ပါသည်။ ထ...
29/08/2025

ကိုယ်ဝန်ဆောင်သည့် အချိန်သည် မိခင်နှင့်ကလေးအတွက် ကျန်းမာပျော်ရွှင်သော အချိန်ကာလဖြစ်စေရန် ဂရုစိုက်ရမည့် အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ကာလအလိုက် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများနှင့် ဂရုစိုက်နည်းများ၊ မိခင်လောင်းများစားသုံးသင့်သော အာဟာရများနှင့် အခြေခံအချက်အလက်များကို ဖေါ်ပြပေးလိုက်ပါသည်။
ကိုယ်ဝန်ဆောင်ချိန်ကို သုံးပိုင်းခွဲထားပြီး တစ်ပိုင်းလျှင် သုံးလကြာပြီး ကိုးလကျော်ကြာမြင့်ပါတယ်။

❤️ပထမသုံးလပတ် (1st Trimester - ၁ လမှ ၃ လ)တွင် ဖြစ်တတ်သော လက္ခဏာများမှာ ပျို့အန်ခြင်း၊ မောပန်းလွယ်ခြင်း၊ ရင်သားတင်းပြီးနာကျင်ခြင်း၊ ဆီးခဏခဏသွားခြင်းများဖြစ်ပြီး ဖောလစ်အက်စစ် ကို နေ့စဉ် ပုံမှန်သောက်သုံးပေးခြင်း၊ အစားအသောက် စားပြီးတိုင်းပျို့အန်ပါက နည်းနည်းနှင့် ခဏခဏစားပေးရန်နှင့် အိပ်ရေးဝဝအိပ်ရန် လိုအပ်ပါသည်။

❤️ဒုတိယသုံးလပတ် (2nd Trimester - ၄ လမှ ၆ လ)တွင်ဖြစ်တတ်သော လက္ခဏာများမှာ ကိုယ်ဝန်ဖောင်းလာခြင်း၊ ကလေးလှုပ်ရှားမှုကို စတင်ခံစားရခြင်း၊ ဗိုက်နာခြင်း၊ ခြေထောက်ကြွက်တက်ခြင်းတို့ဖြစ်ပြီး သံဓာတ်နှင့် ကယ်လ်စီယမ် ကြွယ်ဝသော အစားအစာများ(အစိမ်းရင့်ရောင်အရွက်၊ နို့ထွက်ပစ္စည်း) များများစားပေးခြင်း၊ သက်တောင့်သက်သာရှိသော အဝတ်အစားနှင့် ဖိနပ်များ ဝတ်ဆင်ခြင်း၊ ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့ သိပ်မပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ရပါမည်။

❤️တတိယသုံးလပတ် (3rd Trimester - ၇ လမှ ၉ လ) တွင်ဖြစ်တတ်သော လက္ခဏာများမှာ မောခြင်း၊ ခါးနာခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ အိပ်ရခက်ခြင်းတို့ဖြစ်ပြီး ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပါသည်။ ရေများများသောက်ပေးရန်နှင့် မွေးဖွားရန်အတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ စတင်ရမည့် အချိန်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်တိုင်း စားသုံးသင့်သော အာဟာရများမှာ-

🌱ဖောလစ်အက်စစ် (Folic Acid) ပါဝင်သော အစားအစာများ (ဥပမာ - ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ပဲအမျိုးမျိုး)ကို စားပေးခြင်းဖြင့် ဦးနှောက်နှင့် အာရုံကြောချို့ယွင်းမှုကို ကာကွယ်ပေးပါသည်။

🌱သံဓာတ် (Iron) ပါဝင်သော အစားအစာများ(ဥပမာ - အမဲသား၊ ကြက်သား၊ ဟင်းနုနွယ်) ကို စားပေးခြင်းဖြင့် သွေးအားနည်းရောဂါ ကာကွယ်ပေးသည်။ ဗီတာမင် စီ နှင့် တွဲစားက ပိုမိုကောင်းမွန်စွာ အာဟာရစုပ်ယူနိုင်ပါသည်။

🌱ကယ်လ်စီယမ် (Calcium) ပါဝင်သော အစားအစာများ (ဥပမာ - နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ငါးသေးသေးကိုအရိုးနှင့်စားနိုင်သောငါး)သည် ကလေး၏ အရိုးနှင့် သွားများ ဖွံ့ဖြိုးမှုအတွက် အရေးကြီးသောကြောင့် စားပေးသင့်ပါသည်။

🌱ပရိုတင်း (Protein) ပါဝင်သော (ဥပမာ - ကြက်ဥ၊ ငါး၊ အသား၊ ပဲအမျိုးမျိုး)အစားအစာများသည် ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

🌱အမျှင်ဓာတ် (Fiber) ဓာတ်ပါဝင်သောအစားအစာများ (ဥပမာ - သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်းပေါင်မုန့်)သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါသည်။

🛎️ ကိုယ်ဝန်ဆောင်ချိန်တွင် အောက်ပါအစားအစာများကို ရှောင်ကြဉ်ခြင်းဖြင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ပါရာဆိုက်ပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်။

❗️ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများသည် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ခြင်း၊ ကလေးတွင် ပြင်းထန်သော မွေးရာပါချို့ယွင်းချက်များ ဖြစ်စေနိုင်သည်။

❗️ကော်ဖီ၊ လက်ဖက်ရည်နှင့်် အားဖြည့်အချိုရည်များကို အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ပြီး ကဖင်းဓာတ်များကို လျော့ချပါ။ကဖင်းသည် သတိပေးချက်အရ သန္ဓေသားသေဆုံးမှုအန္တရာယ်ကို မြင့်တက်စေနိုင်သည်ဟု ဆိုပါသည်။

❗️ကြက်ဥအစိမ်း၊ မကျက်တကျက်ချက်ထားသောအသား/ငါးများ(ဥပမာ-ဆူရှီ)၊ မပြုပြင်ရသေးသော နို့ (ဆိတ်နို့၊ သိုးနို့ အပါအဝင်) တို့တွင် ဘက်တီးရီးယားပိုးမွှားများ ပါဝင်နိုင်သည်။

❗️ဆေးဝါးများ ကိုယ်တိုင်သောက်သုံးခြင်းမှရှောင်ကျဉ်ပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မည့်သည့် ဆေးကိုမျှ မသောက်သုံးပါနှင့်။

🚨 ကိုယ်ဝန်ဆောင်နေစဉ် သွေးဆင်းခြင်း (အနည်းငယ်ဖြစ်စေ)၊ ဗိုက်အောင့်ဗိုက်နာခြင်း (ကြာရှည်ပြင်းထန်စွာ )၊ ကလေး လှုပ်ရှားမှု ရုတ်တရက် နည်းသွားခြင်း သို့မဟုတ် ရပ်သွားခြင်း၊ အမြွာရေစီးကြောင်းပြတ်ခြင်း (ရေမြှုပ်စိုသကဲ့သို့ ရေတဆက်တည်းဆင်းခြင်း)၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မျက်စိဝါးခြင်း၊ မူးဝေခြင်း၊ ဖျားခြင်း (ကိုယ်အပူချိန် ၃၈°C ကျော်ခြင်း)နှင့် အန်ခြင်းတို့သည် ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြီး ဆရာဝန်နှင့် ချက်ချင်းပြသရမည့် အခြေအနေဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် စိတ်ခံစားမှုအပြောင်းအလဲများ ဖြစ်ပေါ်တတ်သောကြောင့်စိတ်ဖိစီးမှုကို လျှော့ချရန်အတွက် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အနားယူခြင်း၊ မိသားစု မိတ်ဆွေများနှင့် စကားပြောခြင်းတို့ ပြုလုပ်ပေးပါ။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းများ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်ချိန်သည် မိခင်နှင့်ကလေးအတွက် အရေးကြီးသော အချိန်ကာလဖြစ်သောကြောင့် ကျန်းမာရေး ပုံမှန်ဆေးစစ်ခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်းနှင့်ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာခြင်း တို့ဖြင့် ကျန်းမာပျော်ရွှင်သော ကိုယ်ဝန်ဆောင်ကာလကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

“နှလုံးသားနှင့်စာနာပြီး ကျွမ်းကျင်မှုဖြင့်ကုသသည် ဆေးရုံကေဘီစီ”

🏥35/4, Manhkring Quarter, Supra Bum Road, Myitkyina.
☎️0742526679, 0742526680
📧 kbchospitalmyitkyina@gmail.com




“အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ”ယခုအပတ်တွင် အာရုံကြောဆိုင်ရာ ရောဂါများအကြောင်းကို အထွေထွေဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပ...
22/08/2025

“အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ”

ယခုအပတ်တွင် အာရုံကြောဆိုင်ရာ ရောဂါများအကြောင်းကို အထွေထွေဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါသည်။ အာရုံကြောစနစ်သည် ဦးနှောက်၊ အာရုံကြောမကြီး၊ ဦးနှောက်နှင့်အာရုံကြောမကြီးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြာထွက်နေသော အာရုံကြောမျှင်ငယ်များ ပါဝင်သော ရှုပ်ထွေးသည့် စနစ်တစ်ခုဖြစ်ပါသည်။ ဤစနစ်တွင် ချို့ယွင်းချက် တစ်ခုခုရှိလာပါက အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ပါသည်။ အာရုံကြောရောဂါများ၏ အဖြစ်များသော လက္ခဏာများမှာ ခေါင်းကိုက်ခြင်း (ပြင်းထန်ခြင်း သို့မဟုတ် နာတာရှည်)၊ ထုံကျင်ခြင်း (သို့) စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း (သို့) လှုပ်ရှားမှုခက်ခဲခြင်း၊ အမြင်အာရုံပြဿနာများ (မှုန်ဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း)၊ ချော်လဲလွယ်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း (သို့)စိတ်ရှုပ်ထွေးခြင်း၊ စကားပြောရခက်ခဲခြင်းတို့ ဖြစ်ပါသည်။

အဖြစ်များသော အာရုံကြောဆိုင်ရာ ရောဂါများမှာ-

❗️လေဖြတ်ခြင်း (Stroke)

ဦးနှောက်သွေးကြောပိတ်ဆို့ခြင်း သို့မဟုတ် သွေးယိုခြင်းကြောင့်ဖြစ်ပြီး လက္ခဏာများမှာ ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း/ထုံကျင်ခြင်း၊ စကားပြောရခက်ခဲခြင်း၊ မျက်နှာတစ်ခြမ်း စိုက်ကျခြင်း၊ ရုတ်တရက် အမြင်ဝေဝါးခြင်း။

❗️အယ်လ်ဇိုင်းမားရောဂါ (Alzheimer's Disease)

ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်ပြီး လက္ခဏာများမှာ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ ခက်ခဲခြင်း၊ စိတ်ကျရောဂါဝင်ခြင်း၊ စကားပြောရာတွင် စကားလုံးများ မေ့လျော့ခြင်း။

❗️ပါကင်ဆန်ရောဂါ (Parkinson's Disease)

ဦးနှောက်အတွင်း ဒိုပါမင်းဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်ပြီး လက္ခဏာများမှာ လက်တုန်ခြင်း (Tremors)၊ ကြွက်သားတောင့်တင်းခြင်း၊ လှုပ်ရှားမှုနှေးကွေးခြင်း၊ ဟန်ချက်ထိန်းရခက်ခဲခြင်း။

❗️အတက်ရောဂါ (Epilepsy)

ဦးနှောက်အတွင်း လျှပ်စစ်လှိုင်းများ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပြီး လက္ခဏာများမှာ တက်ခြင်း (Seizures)၊ သတိလစ်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း။

❗️မိုင်ရိုသန်းနစ်ရောဂါ (Myasthenia Gravis)

အာရုံကြောကြွက်သားဆက်သွယ်မှု ပြဿနာကြောင့်ဖြစ်သော နာတာရှည် autoimmune ရောဂါတစ်ခုဖြစ်ပြီး လက္ခဏာများမှာ မျက်ခွံတွဲကျခြင်း၊ အမြင်ဝါးခြင်း သို့မဟုတ် နှစ်ထပ်မြင်ခြင်း၊ စကားပြောရခက်ခြင်း၊ ဝါးရန်၊ မျိုချရန် ခက်ခဲခြင်းတို့ ဖြစ်ပါသည်။

အာရုံကြောဆိုင်ရာ ရောဂါများ ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းများအတွက် ပြုလုပ်ပေးရမည့် အရာများမှာ-

✅ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း

✅ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း

✅ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

✅ဆေးလိပ်နှင့်အရက်ရှောင်ကြဉ်ခြင်း

✅သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးခြင်း

✅နှလုံးရောဂါများ ကုသမှုခံယူခြင်း

✅ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း

✅စိတ်ဖိစီးမှုလျှော့ချခြင်း

✅အိပ်ရေးဝဝအိပ်စက်ခြင်း

✅ဦးနှောက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း (စာဖတ်ခြင်း၊ ပဟေဠိဖြေခြင်း)

✅ဦးခေါင်းမထိခိုက်စေရန် ကာကွယ်ခြင်း(ဆိုင်ကယ်/ကားစီးတိုင်း ဦးထုတ်/ခါးပတ်ပတ်ခြင်း)

✅အားကစားပြုလုပ်ရာတွင် ကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်းတို့ ဖြစ်ပါသည်။

🚨 🚨အောက်ပါလက္ခဏာများ ပေါ်ပေါက်ပါက အရေးပေါ်အခြေအနေဟုမှတ်ယူပြီး ချက်ချင်းဆေးကုသမှု ခံယူပါ။

‼️ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

‼️ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်း သို့မဟုတ် ထုံကျင်ခြင်း

‼️ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်း သို့မဟုတ် မှုန်ဝါးခြင်း

‼️စကားပြောရခက်ခဲခြင်း သို့မဟုတ် နားလည်ရခက်ခဲခြင်း

‼️ရုတ်တရက် မူးဝေခြင်း သို့မဟုတ် ဟန်ချက်မထိန်းနိုင်ခြင်း

‼️တက်ခြင်း သို့မဟုတ် သတိလစ်ခြင်း

ဖေါ်ပြပါ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ ခံစားရပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရောက်ပြီး သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ပြီး ထိရောက်သောကုသမှု့ခံယူကြရန် တိုက်တွန်းအပ်ပါသည်။

“နှလုံးသားနှင့်စာနာပြီး ကျွမ်းကျင်မှုဖြင့်ကုသသည် ဆေးရုံကေဘီစီ”

🏥35/4, Manhkring Quarter, Supra Bum Road, Myitkyina.
☎️0742526679, 0742526680
📧 kbchospitalmyitkyina@gmail.com




“လေဖြတ်ခြင်း (Stroke)”လေဖြတ်ခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် လေဖြတ်ခြင်းအကြောင်းကို ဖေါ်ပြပေးလိုက...
15/08/2025

“လေဖြတ်ခြင်း (Stroke)”

လေဖြတ်ခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် လေဖြတ်ခြင်းအကြောင်းကို ဖေါ်ပြပေးလိုက်ပါတယ်။ လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်သို့သွေးစီးဆင်းမှု ရုတ်တရက်ပြတ်တောက်သွားခြင်း (သို့) ဦးနှောက်အတွင်းသွေယိုစိမ့်ခြင်းကြောင့် ဦးနှောက်ဆဲလ်များသေဆုံးကာ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာများ ထိခိုက်သည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အချိန်မှီ ကုသမှုမခံယူပါက အသက်ဆုံးရှုံးနိုင်ပြီး နာတာရှည်ချို့ယွင်းမှုများ ဖြစ်စေနိုင်ပါသည်။

🧠 လေဖြတ်ခြင်းတွင် ဦးနှောက်သွေးခဲပိတ်ဆို့ခြင်း (Ischemic Stroke)သည် အဖြစ်အများဆုံးဖြစ်ပြီး ဦးနှောက်သွေးကြောထဲတွင် အဆီခဲ/သွေးခဲများ ပိတ်ဆို့ကာ သွေးစီးဆင်းမှုရပ်တန့်ခြင်းကြောင့် ဖြစ်ပေါ်သည်။ ဦးနှောက်သွေးယိုခြင်း (Hemorrhagic Stroke)တွင် ဦးနှောက်အတွင်းရှိ သွေးကြောပေါက်ခြင်း (သို့) သွေးကြောဖောင်းကားပြီး ပေါက်ခြင်းကြောင့် ဖြစ်သည်။ လေဖြတ်နိုင်သည့် အလားအလာဖြစ်သည့် (Transient Ischemic Attack - TIA) ယာယီသွေးကြောပိတ်ခြင်းသည် ဦးနှောက်သို့ သွေးစီးဆင်းမှု ခဏတာ ပြတ်တောက်သွားခြင်းကြောင့် လေဖြတ်သည့် လက္ခဏာများဖြစ်ပေါ်လာပြီး ၂၄ နာရီအတွင်း ပျောက်ကင်းသွားတတ်သော်လည်း နောက်ပိုင်းတွင် လေဖြတ်နိုင်ခြေ ပိုများပါသည်။

လေဖြတ်ခြင်းတွင် မျက်နှာတစ်ခြမ်းစောင်းခြင်း၊ ပါးစပ်တွဲခြင်း၊ ခြေလက်တစ်ခြမ်းအားနည်းလာခြင်း၊ ထုံကျင်ခြင်း၊ မမြှောက်နိုင်ခြင်း၊ စကားပြောမပီခြင်း၊ ပြောသောစကားကိုနားမလည်ခြင်းများသည် အဓိကလက္ခဏာများဖြစ်ပြီး အခြားလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်လုံးမှုန်ခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတို့ ဖြစ်ပါသည်။

‼️ လေဖြတ်ခြင်းကိုဖြစ်စေသော အဓိကအကြောင်းရင်းများမှာ-

အသက်ကြီးခြင်း၊ မိသားစုရာဇဝင်ရှိခြင်း၊ ယခင်က ယာယီလေဖြတ်ခြင်း (သို့) ဦးနှောက်သွေးကြောယာယီပိတ်ခြင်း (TIA) ဖြစ်ဖူးခြင်း။

သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း။

‼️ ကာကွယ်ရန်နည်းလမ်းများမှာ-

သွေးတိုးထိန်းခြင်း၊ ဆီးချိုထိန်းသိမ်းခြင်း၊ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးခြင်း၊ ဆားလျှော့စားခြင်း၊ ဆရာဝန်ညွှန်ကြားသည့်ဆေးများသောက်ခြင်း၊

နှလုံးကျန်းမာရေးဂရုစိုက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း (Atrial Fibrillation) ရှိပါက ကုသမှုခံယူခြင်း၊

အဆီနှင့်အချိုလျှော့စားပါ၊ သစ်သီးဟင်းသီးဟင်းရွက် များများစားပါ။

ဆေးလိပ်ဖြတ်ခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးပါသည့်ပစ္စည်းများရှောင်ကျဉ်ခြင်း၊

ကိုလက်စထရောလျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊

တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊

ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများစားခြင်း(ငါး၊ ကြက်သား၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်းပေါင်မုန့်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ)၊

အရက်လျှော့သောက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း
တရားထိုင်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း၊ နှစ်စဉ် သွေးပေါင်၊ ကိုလက်စထရော၊ ဆီးချိုစစ်ဆေးပါ။

🚨 အရေးပေါ်အခြေအနေတွင် ဘာလုပ်သင့်သလဲ?

လေဖြတ်လက္ခဏာတွေ့ပါက ဆေးရုံသို့ အမြန်ဆုံးသွားပါ။ ဦးနှောက်ဆဲလ်များသည် မိနစ် ၉၀ အတွင်းပျက်စီးစပြုလာပြီး အချိန်နှောင်းပါက ကုသရန်ခက်ခဲပါသည်။ လေဖြတ်ခြင်းသည် အရေးပေါ်ရောဂါအခြေအနေဖြစ်သောကြောင့် ချက်ခြင်းဆေးရုံတွင်ပို့ဆောင်ကုသနိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများ လျော့နည်းပြီး အသက်ကယ်နိုင်သော ရောဂါဖြစ်ပါသည်။

🔔သတိပြုရန်🔔 လေဖြတ်ခြင်းသည် အချိန်နှင့်အမျှအရေးကြီးသော အခြေအနေဖြစ်ပြီး ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံဖြင့် လေဖြတ်နိုင်ခြေကို ၈၀% အထိ လျှော့ချကြပါရန် တိုက်တွန်းအပ်ပါသည်။

“နှလုံးသားနှင့်စာနာပြီး ကျွမ်းကျင်မှုဖြင့်ကုသသည် ဆေးရုံကေဘီစီ”

🏥35/4, Manhkring Quarter, Supra Bum Road, Myitkyina.
☎️0742526679, 0742526680
📧 kbchospitalmyitkyina@gmail.com




“World Hepatitis Day”🌎 ဇူလှိုင် ၂၈ရက်နေ့သည် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ World Hepatitis Day ဖြစ်ပြီး ယခုနှစ်၏ဆောင်ပုဒ...
28/07/2025

“World Hepatitis Day”

🌎 ဇူလှိုင် ၂၈ရက်နေ့သည် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ World Hepatitis Day ဖြစ်ပြီး ယခုနှစ်၏ဆောင်ပုဒ်မှာ “Hepatitis: Let’s Break It Down” ဖြစ်ပါသည်။ ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ကို ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စတင်သတ်မှတ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ပါသည်။

အသည်းရောင်အသားဝါရောဂါ (Hepatitis) နှင့် ပတ်သက်၍ အသိပညာမြှင့်တင်ရန်၊ ကာကွယ်ရန်၊ စောစီးစွာရောဂါရှာဖွေကုသရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတစ်ဝှမ်းမှ ကျန်းမာရေးအဖွဲ့အစည်းများက သတ်မှတ်ထားသော အရေးကြီးသောနေ့ဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့အထိမ်းအမှတ်အနေဖြင့် ရောဂါများအကြောင်းဗဟုသုတနှင့် ဘယ်လိုကာကွယ်ကြမလည်းဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

‼️အသည်းရောင်အသားဝါရောဂါ (Hepatitis) ဆိုတာဘာလဲ?

အသည်းရောင်အသားဝါရောဂါဆိုသည်မှာ အသည်းကိုရောင်ရမ်းစေသော ဗိုင်းရပ်စ်ပိုး (Viral Hepatitis) ကူးစက်ခံရခြင်း ဖြစ်သည်။ အသည်းသည် ခန္ဓာကိုယ်အတွက် အရေးပါသော အစာခြေခြင်း၊ အဆိပ်အတောက်ဖြေခြင်းနှင့် ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးသည့် အစိတ်အပိုင်းဖြစ်ပြီး ရောဂါကြောင့် အသည်းခြောက်ခြင်း (Cirrhosis)နှင့် အသည်းကင်ဆာကြောင့် သေဆုံးသည်အထိ ဆိုးရွားနိုင်ပါသည်။

အသည်းရောင်အသားဝါရောဂါသည် အဓိကအားဖြင့် ဗိုင်းရပ်စ်ပိုးအမျိုးအစား ၅ မျိုး (A, B, C, D, E) ရှိပြီး၊ ကူးစက်ပုံ၊ ကုသမှုနှင့် ရောဂါပြင်းထန်မှု ကွဲပြားပါသည်။

🦠Hepatitis A သည်ညစ်ညမ်းသောရေ/အစားအစာ၊ မစင်မှတစ်ဆင့်ကူးစက်နိုင်ပါသည်။ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

🦠Hepatitis B သည်သွေး၊ လိင်မှတစ်ဆင့်၊ မိခင်မှကလေးသို့ ကူးစက်နိုင်ပြီး ကူးစက်ခံရပါက နာတာရှည် အသည်းရောဂါ ဖြစ်နိုင်ပါသည်။ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ကလေးမွေးဖွားပြီးချိန်တွင် ကလေးများကို ကာကွယ်ဆေးမဖြစ်မနေထိုးပေးသင့်ပါသည်။

🦠Hepatitis Cသည် သွေးနှင့် ဆေးထိုးအပ်မျှဝေသုံးစွဲခြင်းတို့ကြောင့် ကူးစက်နိုင်ပြီး ကူးစက်ခံရပါက နာတာရှည်အသည်းရောဂါဖြစ်နိုင်ပါသည်။ကာကွယ်ဆေးမရှိပါ။

🦠Hepatitis Dသည် Hepatitis B နှင့်အတူကူးစက်ခံရခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားပါက အသည်းရောဂါကြောင့်သေဆုံးနိုင်ခြေမြင့်မားပါသည်။ B ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပါသည်။

🦠Hepatitis Eသည် ညစ်ညမ်းသောရေနှင့် အစားအစာများမှကူးစက်တက်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင်ကူးစက်ပါက ရောဂါပြင်းထန်နိုင်သဖြင့် အထူးဂရုစိုက်သင့်ပါသည်။ကာကွယ်ဆေးသည် နိုင်ငံတစ်ချို့တွင်ရရှိနေပြီ ဖြစ်ပါသည်။

‼️အသည်းရောင်အသားဝါရောဂါလက္ခဏာများမှာ-

အသားဝါခြင်း၊ မျက်လုံးဝါခြင်း

မောပန်းနွမ်းနယ်ခြင်း

ဗိုက်အောင့်ခြင်း (အထူးသဖြင့် အသည်းနေရာ)

အစားအသောက်ပျက်ခြင်း၊ အန်ခြင်း

အဖျားတက်ခြင်း

ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်းတို့ ဖြစ်ပါသည်။

🛎️ မှတ်ချက် : Hepatitis B နှင့် C တွင် လက္ခဏာမပြဘဲ နာတာရှည်ဖြစ်နိုင်သည်။

‼️အသည်းရောင်အသားဝါရောဂါကာကွယ်နည်းများမှာ-

ကာကွယ်ဆေးထိုးခြင်း (Hepatitis A, B, E တို့အတွက် ရနိုင်)

လက်ကိုမကြာခဏဆေးကြောခြင်း

လိင်မှုကိစ္စတွင် ကွန်ဒုံးသုံးခြင်း

ဆေးထိုးအပ်မျှဝေမသုံးခြင်း

သွေးသွင်းကုသမှုတွင် စစ်ဆေးခြင်း

သန့်ရှင်းသောရေ၊ အစားအစာစားသုံးခြင်း

အသည်းပျက်စီးပါကအသည်းအစားထိုးကုသရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် Hepatitis B နှင့် C ကူးစက်မှုနှုန်း မြင့်မားပြီး၊ လူဦးရေ၏ ၅-၁၀% ခန့်တွင် Hepatitis B ပိုးရှိနိုင်သည်။ ကျေးလက်ဒေသများတွင် ကျန်းမာရေးအသိပညာနည်းပါးခြင်း၊ ကာကွယ်ဆေးများမရရှိနိုင်ခြင်းများကြောင့် ရောဂါပျံ့နှံ့မှု စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေပါသည်။ အသည်းရောင်အသားဝါရောဂါသည် ကာကွယ်၍ရသော၊ ကုသ၍ရသော ရောဂါဖြစ်သည်။ ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းမှုထားရှိခြင်း၊ ရောဂါစောစီးစွာရှာဖွေကုသခြင်းတို့ဖြင့် အသည်းရောင်အသားဝါရောဂါကို
အတူတကွ တိုက်ဖျက်တွန်းလှန်ကြရန် တိုက်တွန်းအပ်ပါသည်။

“နှလုံးသားနှင့်စာနာပြီး ကျွမ်းကျင်မှုဖြင့်ကုသသည် ဆေးရုံကေဘီစီ”

🏥35/4, Manhkring Quarter, Supra Bum Road, Myitkyina.
☎️0742526679, 0742526680
📧 kbchospitalmyitkyina@gmail.com





Address

35/4, Mahkring Sara Kahtawng Ward, At Sumpra Bum Road
Myitkyina
01013

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959458903390

Website

Alerts

Be the first to know and let us send you an email when KBC Hospital Myitkyina posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to KBC Hospital Myitkyina:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category