HTAY SHHP

HTAY SHHP SHHP Authorised Dealer (Northern Shan State)

21/01/2025

ကျန်းမာရေးအတွက် လက်ဖက်ခြောက်

21/01/2025
10/01/2025

နေ့စဉ် သုံးဆွဲနေတဲ့ထုတ်ကုန်တွေကို ဘယ်လိုရွေးချယ် သုံးစွဲကြမလဲ.

❤️သဘာဝပျားဝတ်မှုန်ဆေးတောင့်( ပိုလန် )❤️   တွင် ထပ်မံထည့်သွင်းထားသည့်💥ပိတောက်မှို၏ အကျိုးအာနိသင်များ💥👉သဘာဝ ဇီဝဗေဒဆိုင်ရာမ...
08/01/2025

❤️သဘာဝပျားဝတ်မှုန်ဆေးတောင့်( ပိုလန် )❤️ တွင် ထပ်မံထည့်သွင်းထားသည့်

💥ပိတောက်မှို၏ အကျိုးအာနိသင်များ💥

👉သဘာဝ ဇီဝဗေဒဆိုင်ရာမော်လီကျူးများ များပြားသောကြောင့် ရောင်ရမ်းခြင်းကိုသက်သာစေခြင်း၊

👉 အသည်းကျန်းမာရေးကိုမြှင့်တင်နိုင်ခြင်း၊

👉ဓာတ်မတည့်ခြင်းကို သက်သာစေနိုင်ခြင်း၊

👉ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ခြင်း၊

👉 ကိုယ်အလေးချိန်ကို ကျစေနိုင်ခြင်း၊

👉ကိုလက်စရော သွေးအဆီဓာတ်ကိုလျှော့ချစေနိုင်ခြင်း၊

👉သွေးလွှတ်ကြောများမာကျောခြင်းကိုလျှော့ချစေနိုင်ခြင်း၊

👉နာတာရှည်ရောဂါများ
ကို ကာကွယ်ပေးနိုင်ခြင်း၊

👉ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးနိုင်ခြင်း၊

👉ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ခြင်း၊

👉ဆံပင်နှင့် အရေပြားအတွက်
လိုအပ်သည့် အာဟာရဓာတ်ကို ဖြည့်စွက်ပေးနိုင်ခြင်း၊

👉ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူရသူများတွင်ဘေးထွက်ဆိုးကျိုးများ သိသာစွာ လျော့နည်းစေနိုင်ခြင်း၊

👉တစ်သျှူးများ၏ အောက်ဆီဂျင်အသုံးချမှုကို တိုးတက်စေသည့်အတွက် အနာကျက်
မြန်စေခြင်း၊

👉အအေးမိခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအပေါ်အထောက်အကူပြုနိုင်ပါသည်။

✨SHHP Healthcare Products✨ များဟာ မြန်မာနိုင်ငံ FDA ရဲ့ တရားဝင် အသိအမှတ်ပြုလက်မှတ်များရရှိထားပြီး ဖြစ်ပါတယ်။

🛵ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမည်သည့်မြို့ကိုမဆို delivery serviceများမှတဆင့် အိမ်ထိ အရောက်ပို့ပေးပါတယ်။

🚛အခြားမြို့များအတွက်လည်းကားဂိတ်ချပေးခြင်း၊delivery serviceများမှတဆင့် အိမ်အထိ ဝန်ဆောင်မှုများရှိပါတယ်။

⚡ထပ်ပြီး သိချင်တာတွေရှိတယ်ဆိုရင်တော့ ...

📍Chatboxက‌ ဆက်သွယ်လို့ရပါတယ်။
စာဝင်ထားတာကို တွေ့တာနဲ့ အမြန်ဆုံး Reply ပြန်ပေးနေပါတယ်။

📞Ph: 09765230521ကို ဆက်သွယ်ပြီးလည်း မေးမြန်းနိုင်ပါတယ်။

💝နန်းရွှေဌေး
(SHHP တရားဝင် အရောင်းဆိုင်)

☎️ Ph:09765230521
☎️ Ph :09666985424



#နမ့်ခမ်း


လူတစ်ဦးရဲ့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်တိုးတက်စေတဲ့ အစားအစာ (၁၅) မျိုးထဲက နံပါတ် (၁၀) ကတော့ - လက်ဖက်စိမ်း (Green Tea) ဖ...
07/01/2025

လူတစ်ဦးရဲ့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်တိုးတက်စေတဲ့ အစားအစာ (၁၅) မျိုးထဲက နံပါတ် (၁၀) ကတော့ - လက်ဖက်စိမ်း (Green Tea) ဖြစ်ပါတယ်။
====

-shhp



#နမ့်ခမ်း


Shine Hope Health Care Products များကို Htay NK SHHP တွင် ရရှိနိုင်ပါသည်။
07/01/2025

Shine Hope Health Care Products များကို Htay NK SHHP တွင် ရရှိနိုင်ပါသည်။

06/01/2025

အားလပ်ရက်မှာဘယ်လိုပေါ့ပေါ့ပါးပါး ဖြတ်သန်းမလဲ . . .
========================================
🕡 𝟔 : 𝟑𝟎 𝐚𝐦 အိပ်ရာထမယ် (𝐖𝐚𝐤𝐞 𝐮𝐩)
ခပ်စောစော အိပ်ရာထခြင်းက စိတ်ကိုကြည်နူးလန်းဆန်းစေသလို၊ idea အသစ်တွေလည်း ရစေပါတယ်။ စာရေးချင်တဲ့သူ၊ ကဗျာရေးချင်တဲ့သူအတွက်ဆို အရမ်း အဆင်ပြေတဲ့အချိန်ဖြစ်သလို၊ အခြား အလုပ် ကိစ္စအတွက်တွေးတောကြံစည်စရာရှိရင်လည်း အကြံသစ်တွေရနိုင်တာမို့ မနက်စောစောအိပ်ရာထဖို့တိုက်တွန်းပါတယ်နော်။

🕖 𝟕 : 𝟎𝟎 𝐚𝐦 ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ် (𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞)
မနက်စောစောအာရုံဟာ တစ်နေ့တာလုံးအတွက်အရေးကြီးပါတယ်။ မနက်စောစောမှာ စိတ်လန်းဆန်းပြီး အကောင်းမြင်နေတဲ့စိတ်ဟာ တစ်နေ့လုံးကို စိတ်ကြည်လင်ပြီး အကောင်းမြင်တတ်စေပါတယ်။ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ထွက်မယ်၊ ကိုယ်လက်လှုပ်ရှားမှုတခုခုကို လုပ်ကြည့်ဖို့ အချိန်ကောင်းပါပဲ။ ကိုယ်လက်လှုပ်ရှားခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

🕗 𝟖 :𝟎𝟎 𝐚𝐦 မနက်စာစားမယ် (𝐁𝐫𝐞𝐚𝐤𝐟𝐚𝐬𝐭)
အားလပ်ရက်မှာ ကိုယ့်အတွက် အာဟာရပြည့်ဝပြီး တကယ့်ကို လိုလိုလားလားစားချင်တဲ့မနက်စာမျိုး တနည်းအားဖြင့် ကိုယ်စားချင်တဲ့မနက်စာကို အချိန်လေးပေးပြီး ဇိမ်နဲ့စားပေးပါ။ ရုံတက်တဲ့ကျောင်းတက်တဲ့နေ့တွေဆို အသည်းအသန် ကမန်းကတမ်းစားရတာမို့ ခုတော့ အေးဆေးလေး စားသောက်ခြင်းက သင့်ကိုစိတ်ဖိစီးမှုပြေလျော့စေပါတယ်။ မနက်စာစားပြီး ကော်ဖီကြိုက်တတ်ရင် ကော်ဖီကိုဇိမ်လေးနဲ့သောက်ရင်း သတင်းစာလေးဖတ်လိုက်ပါအုံးနော်။

🕘 𝟗 : 𝟎𝟎 𝐚𝐦 အိမ်အလုပ်တွေလုပ်မယ် (𝐓𝐨 𝐝𝐨 𝐥𝐢𝐬𝐭)
ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်မယ်၊ ဒါမှမဟုတ် အိမ်အလုပ်လေးတွေလုပ်မယ်၊ အိမ်ရှင်းတာ ၊ အဝတ်လျှော်တာစသဖြင့်ပေါ့။ အဲဒီလိုလုပ်စရာမရှိရင်လည်း ကိုယ့်အလုပ်အတွက်ပြင်ဆင်သင့်တာလေးတွေပြင်ဆင်ထားပါမယ်။ ဒါမှမဟုတ်ရင်လည်း နေ့လယ်စာအတွက် ကိုယ်စားချင်တာလေးတွေ ပြင်ဆင်ချက်ပြုတ်တာမျိုးပေါ့။

🕛 𝟏𝟐 : 𝟎𝟎 𝐩𝐦 နေ့လယ်စာစားမယ် (𝐋𝐮𝐧𝐜𝐡)
နေ့လယ်စာကို ရုပ်ရှင်လေးကြည့်ရင်းစားတာမျိုး သေချာပြည့်ပြည့်စုံစုံပြင်ဆင်ပြီးစားပါ။ အာဟာရလည်းပြည့်ဝပြီး စိတ်ဖိစီးမှုလျော့ကျစေပါတယ်။

🕐 𝟏 : 𝟎𝟎 𝐩𝐦 အပန်းဖြေမယ် (𝐒𝐜𝐫𝐞𝐞𝐧 𝐭𝐢𝐦𝐞 𝐨𝐫 𝐡𝐚𝐩𝐩𝐲 𝐭𝐢𝐦𝐞)
ဒီအချိန်မှာ သက်တောင့်သက်သာအနားယူမယ်။ ရုပ်ရှင်ကြည့်မလား၊ စာဖတ်မလား၊ ဖုန်းသုံးမလား၊ တခုခုကို အေးဆေးလေးပဲဖြတ်သန်းဖို့ပါ။

🕓 𝟒 : 𝟎𝟎 𝐩𝐦 ဈေးဝယ်မယ် (𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠)
ရေချိုးမယ်၊ လန်းဆန်းစွာ လှပသပ်ရပ်အောင် ဝတ်စားပြင်ဆင်မယ်။ ညနေစာအတွက် ဝယ်ချင်တာလေးတွေ ထွက်ဝယ်မယ်၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ကိုခဏတဖြုတ်ထွက်ပြီး ငေးမောမယ်လေ့လာမယ်ပေါ့။

🕔 𝟓 : 𝟎𝟎 𝐩𝐦 ချက်ပြုတ်ပြင်ဆင်မယ်(𝐃𝐢𝐧𝐧𝐞𝐫)
မနက်ဖြန်ရုံးတက်ဖို့ ပြင်ဆယ်မယ်၊ ချက်ပြုတ်ထားမယ်၊ အဝတ်တွေမီးပူတိုက်သင့်တိုက်မယ် ဒါမှမဟုတ် အလုပ်ကိစ္စအတွက် ဝတ်မယ့်အဝတ်၊ မှတ်စု စသဖြင့် ကြိုတင်စီစဉ်ထားမယ်။ ညစာစားမယ်။

🕖 𝟕 : 𝟎𝟎 𝐩𝐦 အစီအစဉ်ဆွဲမယ်( 𝐓𝐨 𝐝𝐨 𝐥𝐢𝐬𝐭)
မနက်ဖြန်အတွက် လုပ်စရာတွေ အလုပ်ကြိုတင်စီစဉ်မယ်။ ဘာကိုအရင်ဆုံးဦးစားပေးရမလဲစဉ်းစားမယ်။ စသဖြင့်။

🕗 𝟖 : 𝟎𝟎 𝐩𝐦 ဝါသနာပါရာလေးတွေလုပ်မယ် (𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞)
ကိုယ်ဝါသနာပါရာလေးတွေလုပ်မယ်။ ကဗျာရေးမလား၊ စာရေးမလား၊ ပန်းချီဆွဲမလား၊ စသဖြင့် တခုခုလုပ်မယ်။

🕘 𝟗 : 𝟎𝟎 𝐩𝐦 အိပ်ချိန် (𝐒𝐥𝐞𝐞𝐩))
မနက်ဖြန်မနက်စောစောထဖို့ စောစောအိပ်ရာဝင်ပါမယ်။
---------------------

အာရောဂျံ ပရမံ လာဘံ
06/01/2025

အာရောဂျံ ပရမံ လာဘံ

SHHP Company မှ ထုတ်ကုန်များကို(𝟐𝟕.𝟕.𝟐𝟎𝟐𝟑) ကြာသပတေးနေ့ နံနက် (၈) နာရီမှ စတင်၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မြစ်ကြီးန...
27/07/2023

SHHP Company မှ ထုတ်ကုန်များကို(𝟐𝟕.𝟕.𝟐𝟎𝟐𝟑) ကြာသပတေးနေ့ နံနက် (၈) နာရီမှ စတင်၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မြစ်ကြီးနားရုံးခွဲများတွင် အောက်ဖော်ပြပါဈေးနှုန်းများဖြင့် ဝယ်ယူအားပေးနိုင်ပြီ ဖြစ်ကြောင်း မိတ်ဆွေများကို လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
-------
Shine Hope Health Care Products-SHHP

“မအားအောင်နေပါ” လူဆိုတာ ကိုယ့်အကျိုးအတွက်ရော အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆ...
26/06/2023

“မအားအောင်နေပါ”

လူဆိုတာ ကိုယ့်အကျိုးအတွက်ရော အများအကျိုးအတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အားပြီဆိုတာနဲ့

၁။ တောင်တွေး မြောက်တွေး တွေးမယ်၊ လိုချင်မယ်။

၂။ တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မယ်။

၃။ ကိုယ်ကသာတယ်ထင်ရင် ငါကွဆိုပြီး ဘဝမြင့်မယ်။

၄။ သေချာမစူးစမ်းပဲ တခြားသူတွေကို နှိမ့်ချပြီး Judge လုပ်မယ်၊ ဆရာကြီး လုပ်မယ်။

၅။ ကိုယ်က နိမ့်နေတယ်ထင်ရင် စိတ်ဓါတ်ကျမယ်။

၆။ စိတ်ရဲ့ သဘောအတိုင်း မဟုတ်တာ တစ်ခုခု လုပ်ဖို့ ကြံမယ်။

၇။ လုပ်စရာမရှိရင် ကိုယ့်မှာ ရှိတာတွေကို ကြွားမယ်၊ ဒါမှမဟုတ် လူတွေ ဂရုစိုက်ခံရအောင် လုပ်မယ်။

အစရှိတဲ့ တစ်စုံတစ်ခုကို လုပ်ကြတော့တာပါပဲ။

မြင်ချင်ရာမြင် ရေးချင်ရာရေးခွင့်ရနေတဲ့ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးသလို ဖြစ်လာပါတယ်။

အဲဒါကြောင့် မအားအောင် နေဖို့ဆိုရင်

၁။ ကိုယ့် ဘဝနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Plan တွေ ရလဒ်တွေကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် အစီအစဉ်ချပါ။

၂။ လုပ်စရာရှိတာတွေအားလုံးချရေးပြီး ဦးစားပေးအရ တစ်ခုပြီး တစ်ခုဖြိုပါ။

၃။ လုပ်ငန်းက အဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ကို ကောင်းစွာ အသုံးချပါ၊ မဟုတ်ရင် ခရီးထွက်ပါ။

၄။ ကိုယ့်ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမယ့် လေ့လာသင်ယူမှုတွေကို လုပ်ပါ။

၅။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှား အားကစားတစ်ခုခု လုပ်ပါ။

၆။ အိပ်ရင်အိပ် မအိပ်ချင်ရင် ကိုယ်ပျော်ရွှင်မယ့် ရသစာပေ သို့မဟုတ် ရုပ်ရှင်ကြည့်ပါ။

၇။ တရားထိုင်ရင်ထိုင် မထိုင်နိုင်ရင်တောင် ပါးစပ်ပိတ်ထားပြီး ဝင်လေ ထွက်လေ မှတ်နေပါ။




Address

Pyi Htaung Hsu Road
Namkham
009582

Telephone

+959785270307

Website

Alerts

Be the first to know and let us send you an email when HTAY SHHP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to HTAY SHHP:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram