နဝရတ်ရွှေစင် - Namlan

  • Home
  • နဝရတ်ရွှေစင် - Namlan

နဝရတ်ရွှေစင် - Namlan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from နဝရတ်ရွှေစင် - Namlan, Pharmacy / Drugstore, .

17/12/2025

လက်ဆောင်❤️

13/12/2025

-ဆေးမသောက်ဘဲ သွေးတွင်းအဆီကျစေမယ့် သဘာဝနည်းလမ်းကောင်းများ

"သွေးအဆီများတာပဲ၊ ဘာမှမဖြစ်ပါဘူး" လို့ မပေါ့ဆလိုက်ပါနဲ့ 🩸
သွေးစစ်လိုက်လို့ ကိုယ့်မှာ သွေးတွင်းအဆီများနေတယ် (Hyperlipidemia) ဆိုရင် ဒါဟာ သင့်ခန္ဓာကိုယ်ကပေးနေတဲ့ အရေးကြီးတဲ့ သတိပေးခေါင်းလောင်းသံတစ်ခုပါပဲ။ ဘာလက္ခဏာမှမပြလို့ဆိုပြီး လျစ်လျူရှုထားမိရင် အသက်ကိုရန်ရှာနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

🩸 သွေးစစ်လိုက်ရင်တွေ့ရမယ့် အဆီအမျိုးအစားများ
ကိုယ်သွေးစစ်တဲ့အခါ အဖြေလွှာ (Lipid Profile) မှာ အဓိကအားဖြင့် အဆီ (၄) မျိုးကို တွေ့ရပါမယ်။
* LDL (Low-Density Lipoprotein): ဒါကို "မကောင်းတဲ့အဆီ" လို့ မှတ်ထားနိုင်ပါတယ်။ သူက များလာရင် သွေးကြောနံရံတွေမှာ သွားကပ်ပြီး သွေးကြောတွေကို ကျဉ်းစေ၊ ပိတ်စေနိုင်ပါတယ်။
* HDL (High-Density Lipoprotein): ဒါကတော့ "ကောင်းတဲ့အဆီ" ပါ။ သူက သွေးကြောထဲက အဆီဆိုးတွေကို သန့်စင်ဖယ်ရှားပေးပြီး အသည်းဆီကို ပြန်သယ်သွားပေးတဲ့ သူရဲကောင်းတစ်ယောက်လိုပါပဲ။
* Triglycerides (TG): ဒါကတော့ ခန္ဓာကိုယ်က မသုံးဖြစ်တဲ့ ကယ်လိုရီတွေကို အဆီအဖြစ် သိုလှောင်ထားတာပါ။ TG အရမ်းများရင်လည်း နှလုံးရောဂါနဲ့ သရက်ရွက်ရောင်ခြင်း (Pancreatitis) အန္တရာယ်ရှိပါတယ်။
* Total Cholesterol: ဒါကတော့ အပေါ်က အဆီတွေအားလုံးရဲ့ စုစုပေါင်းပမာဏပါ။

🤔 အဆီဓာတ်က ခန္ဓာကိုယ်အတွက် တကယ်လိုအပ်လို့လား?

-လိုအပ်ပါတယ်ခင်ဗျ။ အဆီဓာတ်ဟာ ဆဲလ်အမြှေးပါးတွေ တည်ဆောက်ဖို့၊ ဗီတာမင် (A, D, E, K) တွေ စုပ်ယူနိုင်ဖို့နဲ့ ဟော်မုန်းတွေထုတ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ "လိုအပ်တာထက် ပိုသွားရင်" တော့ ဒုက္ခပေးပါပြီ။

🚨 သွေးတွင်းအဆီများခြင်းရဲ့ အဓိကနောက်ဆက်တွဲအန္တရာယ်များ:
1. ❤️ နှလုံးသွေးကြောပိတ်ခြင်း (Heart Attack): မကောင်းတဲ့အဆီ (LDL) တွေက နှလုံးသွေးကြောနံရံမှာ စုပုံပြီး သွေးကြောကို လုံးဝပိတ်ဆို့လိုက်တဲ့အခါ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်ရောဂါတွေဖြစ်လာပြီး နှလုံးရပ်ကာ အသက်သေဆုံးနိုင်ပါတယ်။
2. 🧠 လေဖြတ်ခြင်း (Stroke): ဦးနှောက်သွေးကြောတွေမှာ အဆီဖတ်တွေပိတ်ပြီး ဦးနှောက်ဆဲလ်တွေ ပျက်စီးသွားတာပါ။ ကိုယ်တစ်ခြမ်းမလှုပ်နိုင်တာ၊ စကားမပြောနိုင်တာတွေ ဖြစ်တတ်ပါတယ်။
3. 🦵 ခြေထောက်သွေးကြောကျဉ်းခြင်း (PAD): ခြေထောက်ကိုသွားတဲ့ သွေးကြောတွေကျဉ်းပြီး လမ်းလျှောက်ရင် ခြေသလုံးနာတာ၊ အနာမကျက်တာကနေ ခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
4. 🔥 ပန်ကရိယရောင်ခြင်း (Pancreatitis): Triglyceride အဆီဓာတ် အလွန်များလာတဲ့အခါ ပန်ကရိယရောင်ရမ်းပြီး ဗိုက်အလွန်အမင်းအောင့်တဲ့ အရေးပေါ်အခြေအနေကို ရောက်စေနိုင်ပါတယ်။�
✅ ဆေးမသောက်ဘဲ သွေးတွင်းအဆီကို ထိန်းညှိနိုင်မယ့် သဘာဝနည်းလမ်း (၄) သွယ်

လက်ရှိ American Heart Association (AHA) ရဲ့ လမ်းညွှန်ချက်တွေအရ စားသောက်နေထိုင်မှုပုစံ ပြောင်းလဲခြင်းဟာ သွေးတွင်းအဆီကို ထိန်းညှိရာမှာ အဓိကသော့ချက်ဖြစ်ပါတယ်။
1. နှလုံးအတွက်ကောင်းတဲ့ အစားအစာကို ရွေးချယ်ပါ (Heart-Healthy Diet) 🥗:
* "ဆောင်ရန်" - ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ် (Soluble Fiber) ကြွယ်ဝတဲ့ Oats (အုတ်ဂျုံ)၊ ပန်းသီး၊ ပဲအမျိုးမျိုး၊ မုန်လာဥနီတို့ကို များများစားပါ။ Omega-3 ကြွယ်ဝတဲ့ ငါး (ငါးသေတ္တာ၊ ဆယ်လမွန်)၊ ထောပတ်သီး၊ သံလွင်ဆီ၊ အစေ့အဆန် (Walnuts) တို့ကို စားသုံးပါ။
* "ရှောင်ရန်" - ပြည့်ဝဆီ (Saturated fat) တွေဖြစ်တဲ့ အနီရောင်အသား၊ ဆီကြော်စာများ၊ ဝက်ဆီ၊ ထောပတ်နဲ့ Trans fat တွေဖြစ်တဲ့ မာဂျရင်း၊ ဘီစကစ်၊ အသင့်စားမုန့်တွေကို အထူးရှောင်ကြဉ်ပါ။
2. ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ (Regular Exercise) 🏃‍♀️:
* တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ (တနေ့ မိနစ် ၃၀ နဲ့ တစ်ပါတ်ကို ၅ ရက်) ကြာ အလယ်အလတ်ပြင်းထန်တဲ့ လေ့ကျင့်ခန်း (ဥပမာ - လမ်းမြန်မြန်လျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း) ကို ပြုလုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကောင်းတဲ့အဆီ(HDL) ကို တက်စေပြီး မကောင်းတဲ့အဆီ (LDL) နဲ့ TG ကို ကျစေပါတယ်။
3. ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ (Maintain a Healthy Weight) ⚖️:
* သင့်ရဲ့ လက်ရှိကိုယ်အလေးချိန်ရဲ့ ၅% ကနေ ၁၀% လောက်ကို ချနိုင်ရုံနဲ့ သွေးတွင်းအဆီပမာဏကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
4. ကျန်းမာရေးနဲ့မညီညွတ်တဲ့ အပြုအမူများကို ရပ်တန့်ပါ (Quit Bad Habits) 🚭:
* ဆေးလိပ်ဖြတ်ခြင်း: ဆေးလိပ်သောက်ခြင်းကကောင်းတဲ့အဆီ (HDL) ကို ကျဆင်းစေပြီး သွေးကြောတွေကို ပျက်စီးစေတာကြောင့် ချက်ချင်းဖြတ်သင့်ပါတယ်။
* အရက်လျှော့သောက်ခြင်း: အရက်အလွန်အကျွံသောက်ခြင်းက Triglycerides ကို မြင့်တက်စေပါတယ်။
* ဒါ့ကြောင့် ဆေးလိပ်ဖြတ်ပါ။ အရက်၊ဘီယာ လျှော့သောက်ပါ။
* ဒီနည်းလမ်း(၄)ခု ဆေးသောက်စရာမလိုဘဲ သင့်ခန္ဓာကိုယ် သွေးထဲက အဆီတွေကို ကျစေပါလိမ့်မယ်။

- ဒီအချက်အလက်တွေဟာ အသိပညာပေးဖို့အတွက်သာဖြစ်ပြီး ဆေးကုသမှုအတွက် အကြံပြုချက်မဟုတ်ပါ။ မိမိရဲ့ သွေးတွင်းအဆီအခြေအနေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ အထူးအကြံပြုလိုပါတယ်။

ဒီ Post လေးက အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပြီး ကိုယ်ချစ်ရတဲ့သူတွေကို Comment မှာ Mention ခေါ်ပေးခဲ့ပါဦးခင်ဗျာ။ နောက်ထပ် ဘာကျန်းမာရေးအကြောင်းအရာတွေ သိချင်သေးလဲဆိုတာကိုလည်း ရေးသွားပေးနိုင်ပါတယ် ❤️။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#သွေးတွင်းအဆီ #ကိုလက်စထရော #နှလုံးကျန်းမာရေး #ကျန်းမာရေးအသိပညာ

ပျိုမေတို့အတွက်✨🥰
04/12/2025

ပျိုမေတို့အတွက်✨🥰

Sabal ကိုယ်တိုင်လဲ လက်ရှိ ဖြစ်နေလို့ ၊အားလုံးအတွက်လဲ အကျိုးရှိမယ်ထင်လို့ ပြန်မျှဝေပေးတာပါ🙏🏻

#ဝက်ခြံအထွက်များတဲ့မိန်းကလေးတွေသိထားသင့်တဲ့PCOSပြဿနာ 🦠🦠

ဒီတစ်ခေါက်မှာတော့ BB တို့ရဲ့ဆေးခန်းမှာ ဝက်ခြံအရမ်းထွက်လို့လာပြတဲ့ မိန်းကလေးတွေ ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တတ်တဲ့ ရောဂါတစ်ခုအကြောင်းကိုပြောပြပေးသွားပါမယ်..

🧐 PCOS ( Polycystic Ovarian Syndrome) ဆိုတာဘာလဲ?

ပုံမှန်အားဖြင့်မိန်းကလေးအများစုရဲ့ သားဥအိမ်မှအရည်ကြည်အိတ်လေးတွေ ဖြစ်လေ့ရှိတတ်ကြတယ်..အဲ့ဒီအရည်ကြည်အိတ်လေးတွေက အရွယ်အစားသေးရင်ပဲဖြစ်ဖြစ်၊ အရေအတွက်နည်းရင်ပဲဖြစ်ဖြစ် သူ့ဘာသာပြန်ပျောက်တတ်ပေမယ့် ၂၅ လုံးနဲ့အထက်ရှိလာရင်တော့ PCOS လို့ခေါ်တဲ့ ဟော်မုန်းပြဿနာတစ်ခုဖြစ်လာပါတယ်..
PCOS ဘာလို့ဖြစ်လဲဆိုတာက တိကျသေချာတဲ့အကြောင်းရင်းမရှိပေမယ့် 50-70% လောက်က အဝလွန်တာနဲ့ ဆက်စပ်နေတတ်ပြီးတော့ မျိုးရိုးကြောင့်၊ ဆီးချိုကြောင့်နဲ့ ဟော်မုန်းမညီမျှတာတွေကြောင့်လည်း ဆက်စပ်နေတတ်ပါတယ်

🧐 ဘာလို့ PCOS ကြောင့်ဝက်ခြံတွေထွက်တာလဲ?

အဓိကအားဖြင့်တော့ ဟော်မုန်းမညီမျှတာကြောင့် ယောက်ျားလေးဟော်မုန်းလို့ သိထားကြတဲ့ androgen level တွေမြင့်လာပါတယ်..အဲ့ဒီဟော်မုန်းကြောင့်
အဆီတွေပြန်လာပြီး ဝက်ခြံတွေထွက်လာမယ်..အထူးသဖြင့် မျက်နှာမှာဆိုရင် မေးရိုးနဲ့မေးစေ့နားမှာများနေမယ်…လည်ပင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေမှာလည်း ထွက်လာတတ်တယ်..ဒီအခြေအနေမှာ မိန်းကလေးအများစုက ကိုယ့်ကိုယ်ကို PCOS ဖြစ်နေမှန်းမသိကြပါဘူး..ဒါကြောင့် ဝက်ခြံအထွက်များရင် ဆေးခန်းသွားပြမှသာ ဆရာဝန်နဲ့သေချာဆွေးနွေးပြီး ရောဂါရှိမှန်းသိနိုင်တာပါ..

နောက်ထပ်ဘာတွေဖြစ်လာလဲဆိုရင်
🦠 ယောက်ျားလေးဟော်မုန်းကြောင့် မျက်နှာနဲ့ ခန္ဓာကိုယ်မှာပါ အမွှေးအမျှင်တွေထူလာမယ်
🦠 ယောက်ျားလေးတွေဆံပင်ကျွတ်တဲ့ပုံစံအတိုင်း ဆံပင်တွေကျွတ်လာမယ်..ဒါကို male pattern hair loss လို့လည်းခေါ်တယ်
🦠 ရာသီမမှန်တာ၊ မလာတာ၊ လာရင်လည်းပုံမှန်ထက် သွေးအများကြီးဆင်းတာ၊ နည်းနည်းလေးပဲဆင်းတာမျိုးလည်းဖြစ်တတ်ပါတယ်
🦠 Body weight လည်းတက်လာတတ်တယ် အထူးသဖြင့် ဗိုက်မှာအဆီစုတာတွေများနေမယ်
🦠 နောက်ပြီး skin tags လို့ခေါ်တဲ့အသားပိုသေးသေးလေးတွေ လည်ပင်းနားနဲ့ ချိုင်းနားတစ်ဝိုက်မှာပေါ်လာတတ်တယ်
🦠 တချို့တွေမှာ ဂုတ်တွေ၊ ချိုင်းတွေမည်းလာတာ (acanthosis nigricans )လည်းရှိတတ်တယ်

🧐 PCOS ကနောက်ဆက်တွဲ ဘာတွေဖြစ်စေတတ်လဲ?

ပုံမှန်ဆိုရင် သားဥအိမ်မှာ follicles လို့ခေါ်တာလေးတွေရှိပါတယ်..အဲ့ဒီထဲကတစ်ခုက dominant follicle အဖြစ်ကြီးလာပြီး ယောက်ျားလေးတွေရဲ့ သုတ်ပိုးနဲ့တွေ့တာအခါ မျိုးအောင်ပြီး သန္ဓေသားလေးတွေဖြစ်လာတယ်..သုတ်ပိုးနဲ့မတွေ့ရရင်တော့ပျက်စီးသွားပြီးတော့ ရာသီလာတဲ့အထဲပါသွားပါတယ်..
PCOS ဖြစ်ပြီဆိုရင်တော့ ခုနကပြောတဲ့ follicles လေးတွေက dominant follicle အဖြစ်မကြီးလာနိုင်တော့လို့ သုတ်ပိုးနဲ့တွေ့လည်း မျိုးမအောင်တော့ပါဘူး..ဒါကြောင့် ကိုယ်ဝန်ရဖို့အခက်အခဲတွေရှိလာတတ်ပါတယ်
တခြားနောက်ဆက်တွဲတွေအနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့သွေးကြောပြဿနာတွေလည်း ရှိလာနိုင်ပါတယ်..

🧐 PCOS ကဘယ်အသက်အရွယ်တွေမှာဖြစ်တတ်လဲ?

အရွယ်ရောက်ပြီးသားအမျိုးသမီးတွေရဲ့ ၁၀% လောက် PCOS ဖြစ်တတ်ပါတယ်..အသက်အရွယ်အားဖြင့်ဆိုရင်တော့ ၂၀-၃၀ ဝန်းကျင်မှာအဖြစ်များပြီး ဝက်ခြံကြောင့်နဲ့ ကလေးမရတာတွေကြောင့် စစ်ကြည့်ရင်းနဲ့မှ သိလာတတ်ပါတယ်

🧐 PCOS ကြောင့်ဖြစ်လာတဲ့ ဝက်ခြံတွေကိုဘယ်လိုကုမလဲ?

ဒီဝက်ခြံတွေကိုတော့ လိမ်းဆေးတစ်မျိုးထဲနဲ့ကုလို့မရတော့ပါဘူး..ဘာလို့လဲဆိုတော့ အပေါ်ကနေဘယ်လောက်ဆေးတွေလိမ်းလိမ်း အောက်ထဲကဟော်မုန်းမညီမျှသရွေ့က ဝက်ခြံထွက်နေဦးမှာပါပဲ..ဒါကြောင့် ကိုယ့်ကိုယ်ကို PCOS လို့ထင်ပြီဆိုရင် သူများလိမ်းတဲ့၊ သောက်တဲ့ဆေးတွေ လျှောက်မသောက်ပါနဲ့..နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ..ultrasound ရိုက်ပါ..သွေးစစ်ပါ..ဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်းဆေးသေချာသောက်မယ်ဆိုရင် ဝက်ခြံတွေကသက်ကိုသက်သာမှာပါ…
PCOS ကိုသက်သာဖို့အတွက်လည်း သားဖွားမီးယပ်ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကုသလို့ရပါတယ်..
နောက်ပြီးအဝလွန်ရင် ပိုဆိုးလာနိုင်တဲ့အတွက် ကိုယ်လက်လှုပ်ရှားလုပ်ပေးပါ..yoga, workout, gym ဆော့ပေးပါ..အစားအသောက်ကိုလည်း ထိန်းပြီးစားပေးပါ..

ဒီလောက်ဆိုရင် ဝက်ခြံတွေအမြဲထွက်နေတတ်ပြီး ဘယ်လောက် skin care တွေသေချာလုပ်လုပ်..ဆေးတွေလိမ်းလိမ်းလည်း မသက်သာတတ်တဲ့မိန်းကလေးတွေအတွက် အဖြေတစ်ခုရမယ်လို့မျှော်လင့်ပါတယ်နော် 🤗



crd Original uploader from Bounding Beauties🙏🏻

ဓမ္မတာ လာစဉ် အရမ်း နာကျင်ကိုက်ခဲပြီး နေရထိုင်ရခက်နေပါသလား❓ရာသီထိန် ရာသီနည်းပြီး မီးယပ်သွေးဆုံးကိုင် ဝေဒနာတွေကိုပါ အလူးအလ...
25/11/2025

ဓမ္မတာ လာစဉ် အရမ်း နာကျင်ကိုက်ခဲပြီး နေရထိုင်ရခက်နေပါသလား❓

ရာသီထိန် ရာသီနည်းပြီး မီးယပ်သွေးဆုံးကိုင် ဝေဒနာတွေကိုပါ အလူးအလဲ ခံစားနေရပါသလား❓

💛ပေးရတဲ့ စျေးထက် ပိုတန်တဲ့ အမျိူးသမီးရောဂါ ဝေဒနာများအတွက် ကချင်တိုင်းရင်းဆေး မနောပျိုမယ် အဝါရောင်ဆေးလေးကိုသာ ဆောင်ထားလိုက်ပါ။

သားအိမ်ကျ သားအိမ်နာ သားအိမ်ရောင်ပြီး အဖြူဆင်း ယားယံကာ အနံ့ဆိုးတွေပါ ထွက်နေပါသလား❓

သားအိမ်မခိုင်ဘဲ မကြာခဏ သားလျှောခြင်းကြောင့် သားသမီးရတနာ ရရှိဖို့ ခက်ခဲနေပါသလား❓

🌸မနောပျိူမယ် ပန်းရောင် သားအိမ်သန့်ဆေးလေးကိုသာ ဆောင်ထားလိုက်ပါ။❓

🌸သားအိမ်ရောဂါမှန်သမျှကို အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းစေတဲ့ ဆေးကောင်းတစ်လက်မလို့ ပုံမှန်လေး စွဲစွဲမြဲမြဲသာ သောက်သုံးလိုက်ပါ။

🩸ပန်းသေး ပန်းညှိုး သုတ်အားနည်းလွန်း သုတ်မြန်လွန်း
🩸အာရုံကြောအားနည်း မောပန်းနွမ်းနယ်လွယ်ကာ ရိုးတွင်းချဉ်ဆီကုန်ခမ်းပြီး ကလေးယူဖို့ပါ ခက်ခဲနေလား

အမျိုးသားတိုင်းရဲ့ လက်စွဲတော် ကချင်တိုင်းရင်းဆေး မနောပျိူမယ် အနီရောင်ဆေးကိုသာ အားကိုးလိုက်ပါ။

တစ်ဗူးဆို တစ်ဗူး ဆေးစွမ်းထက် လူကြိုက်များလို့ ရောင်းအား အလွန်ကောင်းတဲ့ မနောပျိူမယ် ကချင်တိုင်းဆေးတွေကို စျေးနှုန်း မှန်ကန် သင့်တင့်စွာနဲ့ မင်မင်တို့ နဝရတ်ရွှေစင် ဆေးနဲ့စတိုးဆိုင်မှာ လက်လီ လက္ကား ဝယ်ယူ ရရှိနိုင်ပါပြီ။💯✅

📌မင်မင်တို့ နဝရတ်ရွှေစင်ဆေးနဲ့စတိုးဆိုင်မှာ လိုအပ်တဲ့ တားဆေးအမျိူးအစား စုံစုံလင်လင် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါပြီနော်။

"ကျန်းမာလာဘ်ရွှင် နေကောင်းဖို့ ၊ န၀ရတ်ရွှေစင်မှာ ဆေး၀ယ်စို့ "

၀ယ်ယူလိုပါက
ဈေးအရှေ့မြောက်ဒေါင့် ၊ မြောက်ပိုင်းရပ်ကွက် ၊ နမ့်လန်မြို့ ၊ " န၀ရတ်ရွှေစင် " ဆေးနှင့်စတိုးဆိုင်မှာ ၀ယ်ယူလို့ရပါတယ်ရှင့်။
Online ကနေ မှာယူချင်တယ်ဆိုရင်လည်း " 𝙋𝙖𝙜𝙚 𝘾𝙗 " မှာ လာရောက်မှာယူနိုင်ပါတယ်နော်။

☎️ - 09 424 880 038
☎️ - 09 764 288 553

ဆိုင်ရဲ့ အစောဆုံးကြော်ငြာတွေနဲ့ 𝙂𝙞𝙫𝙚𝙖𝙬𝙖𝙮 မှန်သမျှကိုလည်း အောက်ပါ 𝘾𝙝𝙖𝙣𝙣𝙚𝙡 တွေမှာ အရင်ဆုံးတင်ပေးသွားမှာဖြစ်လို့ စိတ်ပါ၀င်စားရင် 𝙅𝙤𝙞𝙣 ခဲ့နိုင်ပါတယ်ရှင်။

𝙑𝙞𝙗𝙚𝙧
https://invite.viber.com/?g2=AQAPIlCVGJOAEFLqt4TNRbpAsq%2F6pST0d4QIqupthN%2FV8vVMtJZdAi9wc0Z7Dfew

𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢
https://t.me/nawarattshwesin

𝙏𝙞𝙠 𝙏𝙤𝙠
http://www.tiktok.com/

#မနောပျိူမယ်ကချင်တိုင်းရင်းဆေး
#သားအိမ်သန့်ဆေး
#ဒဏ်ကြေလိမ်းဆေးနဲ့မီးယပ်ရောဂါပျောက်ဆေး
#အမျိူးသားအားတိုးဆေး

#နဝရတ်ရွှေစင်

#ဆေးဆိုင်
#နမ့်လန်

21/11/2025

#နဝရတ်ရွှေစင် #နမ့်လန်မြို့ #ဆေးဆိုင်

ပြန်ရောက်ပြီနော်😘✨✨
21/11/2025

ပြန်ရောက်ပြီနော်😘✨✨

ဘာမှ စားချင်သောက်ချင်စိတ်မရှိဘဲ အစားအသောက်ပျက်နေတာလား❓

ညဘက်တွေလည်း နှစ်ခြိုက်စွာ အိပ်မပျော်လို့
ပင်ပန်းနွမ်းနယ်နေပြီလား❓

အခုလို အစားပျက် အအိပ်ပျက် ဖြစ်နေတာမျိူးက
အချိန်ကြာလာရင် ကျန်းမာရေးအတွက် ဆိုးရွားစွာ ထိခိုက်စေနိုင်တာမလို့🙋🏻‍♀️✨

𝐂𝐲𝐩𝐫𝐨𝐡𝐞𝐩𝐭𝐚𝐝𝐢𝐧𝐞, 𝐋𝐲𝐬𝐢𝐧𝐞 နဲ့ 𝐩𝐞𝐩𝐭𝐨𝐧𝐞 ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ 𝐇𝐞𝐩𝐭𝐨𝐩𝐞𝐩 အားဆေးလေးကို မှီဝဲဖို့ လိုနေပါပြီနော်။

👩🏻‍⚕️🩺ကလေး လူကြီး ကျားမ မရွေး မှီဝဲသုံးစွဲလို့ရတဲ့ 𝐇𝐞𝐩𝐭𝐨𝐩𝐞𝐩 အားဆေးရည်လေးဟာ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်သလို နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် အထောက်အကူ ပြုနိုင်တာမလို့ ကျန်းမာပြည့်ဖြိုး အားအင်တိုးစေမှာပါရှင်။

💊🩺ဒါ့အပြင် အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေ နလံထ လူမမာတွေ သွေးအားနည်းပြီး ပိန်လှီနေသူတွေအတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်တာမလို့ စားကောင်း အိပ်ပျော်ဖို့အတွက် 𝐇𝐞𝐩𝐭𝐨 𝐏𝐞𝐩 လေးသာ ဆောင်ထားလိုက်တော့နော်။

"ကျန်းမာလာဘ်ရွှင် နေကောင်းဖို့ ၊ န၀ရတ်ရွှေစင်မှာ ဆေး၀ယ်စို့ "

၀ယ်ယူလိုပါက
ဈေးအရှေ့မြောက်ဒေါင့် ၊ မြောက်ပိုင်းရပ်ကွက် ၊ နမ့်လန်မြို့ ၊ " န၀ရတ်ရွှေစင် " ဆေးနှင့်စတိုးဆိုင်မှာ ၀ယ်ယူလို့ရပါတယ်ရှင့်။
Online ကနေ မှာယူချင်တယ်ဆိုရင်လည်း " 𝙋𝙖𝙜𝙚 𝘾𝙗 " မှာ လာရောက်မှာယူနိုင်ပါတယ်နော်။

☎️ - 09 424 880 038
☎️ - 09 764 288 553

ဆိုင်ရဲ့ အစောဆုံးကြော်ငြာတွေနဲ့ 𝙂𝙞𝙫𝙚𝙖𝙬𝙖𝙮 မှန်သမျှကိုလည်း အောက်ပါ 𝘾𝙝𝙖𝙣𝙣𝙚𝙡 တွေမှာ အရင်ဆုံးတင်ပေးသွားမှာဖြစ်လို့ စိတ်ပါ၀င်စားရင် 𝙅𝙤𝙞𝙣 ခဲ့နိုင်ပါတယ်ရှင်။

𝙑𝙞𝙗𝙚𝙧
https://invite.viber.com/?g2=AQAPIlCVGJOAEFLqt4TNRbpAsq%2F6pST0d4QIqupthN%2FV8vVMtJZdAi9wc0Z7Dfew

𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢
https://t.me/nawarattshwesin

𝙏𝙞𝙠 𝙏𝙤𝙠
http://www.tiktok.com/

#ဆေးဆိုင်

#အားဆေး

#အားဆေးရည်

#နဝရတ်ရွှေစင်
#နမ့်လန်မြို့

ဘာမှ စားချင်သောက်ချင်စိတ်မရှိဘဲ အစားအသောက်ပျက်နေတာလား❓ညဘက်တွေလည်း နှစ်ခြိုက်စွာ အိပ်မပျော်လို့ပင်ပန်းနွမ်းနယ်နေပြီလား❓အခ...
12/11/2025

ဘာမှ စားချင်သောက်ချင်စိတ်မရှိဘဲ အစားအသောက်ပျက်နေတာလား❓

ညဘက်တွေလည်း နှစ်ခြိုက်စွာ အိပ်မပျော်လို့
ပင်ပန်းနွမ်းနယ်နေပြီလား❓

အခုလို အစားပျက် အအိပ်ပျက် ဖြစ်နေတာမျိူးက
အချိန်ကြာလာရင် ကျန်းမာရေးအတွက် ဆိုးရွားစွာ ထိခိုက်စေနိုင်တာမလို့🙋🏻‍♀️✨

𝐂𝐲𝐩𝐫𝐨𝐡𝐞𝐩𝐭𝐚𝐝𝐢𝐧𝐞, 𝐋𝐲𝐬𝐢𝐧𝐞 နဲ့ 𝐩𝐞𝐩𝐭𝐨𝐧𝐞 ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ 𝐇𝐞𝐩𝐭𝐨𝐩𝐞𝐩 အားဆေးလေးကို မှီဝဲဖို့ လိုနေပါပြီနော်။

👩🏻‍⚕️🩺ကလေး လူကြီး ကျားမ မရွေး မှီဝဲသုံးစွဲလို့ရတဲ့ 𝐇𝐞𝐩𝐭𝐨𝐩𝐞𝐩 အားဆေးရည်လေးဟာ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်သလို နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် အထောက်အကူ ပြုနိုင်တာမလို့ ကျန်းမာပြည့်ဖြိုး အားအင်တိုးစေမှာပါရှင်။

💊🩺ဒါ့အပြင် အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေ နလံထ လူမမာတွေ သွေးအားနည်းပြီး ပိန်လှီနေသူတွေအတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်တာမလို့ စားကောင်း အိပ်ပျော်ဖို့အတွက် 𝐇𝐞𝐩𝐭𝐨 𝐏𝐞𝐩 လေးသာ ဆောင်ထားလိုက်တော့နော်။

"ကျန်းမာလာဘ်ရွှင် နေကောင်းဖို့ ၊ န၀ရတ်ရွှေစင်မှာ ဆေး၀ယ်စို့ "

၀ယ်ယူလိုပါက
ဈေးအရှေ့မြောက်ဒေါင့် ၊ မြောက်ပိုင်းရပ်ကွက် ၊ နမ့်လန်မြို့ ၊ " န၀ရတ်ရွှေစင် " ဆေးနှင့်စတိုးဆိုင်မှာ ၀ယ်ယူလို့ရပါတယ်ရှင့်။
Online ကနေ မှာယူချင်တယ်ဆိုရင်လည်း " 𝙋𝙖𝙜𝙚 𝘾𝙗 " မှာ လာရောက်မှာယူနိုင်ပါတယ်နော်။

☎️ - 09 424 880 038
☎️ - 09 764 288 553

ဆိုင်ရဲ့ အစောဆုံးကြော်ငြာတွေနဲ့ 𝙂𝙞𝙫𝙚𝙖𝙬𝙖𝙮 မှန်သမျှကိုလည်း အောက်ပါ 𝘾𝙝𝙖𝙣𝙣𝙚𝙡 တွေမှာ အရင်ဆုံးတင်ပေးသွားမှာဖြစ်လို့ စိတ်ပါ၀င်စားရင် 𝙅𝙤𝙞𝙣 ခဲ့နိုင်ပါတယ်ရှင်။

𝙑𝙞𝙗𝙚𝙧
https://invite.viber.com/?g2=AQAPIlCVGJOAEFLqt4TNRbpAsq%2F6pST0d4QIqupthN%2FV8vVMtJZdAi9wc0Z7Dfew

𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢
https://t.me/nawarattshwesin

𝙏𝙞𝙠 𝙏𝙤𝙠
http://www.tiktok.com/

#ဆေးဆိုင်

#အားဆေး

#အားဆေးရည်

#နဝရတ်ရွှေစင်
#နမ့်လန်မြို့

𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 မချဘူးလား မေးမေးနေကြတဲ့ 𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့အတွက် 11.11 Big 𝐏𝐑𝐎𝐌𝐎𝐓𝐈𝐎𝐍 ကြီးချပေးလိုက်ပြီနော် ...👇👇👇👇Jinko 615W Bifaica...
11/11/2025

𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 မချဘူးလား မေးမေးနေကြတဲ့ 𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫 တို့အတွက် 11.11 Big 𝐏𝐑𝐎𝐌𝐎𝐓𝐈𝐎𝐍 ကြီးချပေးလိုက်ပြီနော် ...👇👇👇👇

Jinko 615W Bifaical - 8 nos
Inverter HYP Series 6.2 KW - 1 nos
Battery SE15B 51.2V 280Ah - 1 nos

အပေါ်ကpackageအတွဲကိုမှ 99.99သိန်းပဲကျသင့်မှာဖစ်လို့အခုပဲအမြန်မှာယူလိုက်ပါ ။

𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကာလလေးကတော့ 11.11.2025 မှ 𝟑𝟎.𝟏𝟏.𝟐𝟎𝟐𝟓 ထိ သတ်မှတ်ပေးထားပေမဲ့ ပစ္စည်း အရေ အတွက် ရှိသလောက်ပဲ ရောင်းချပေးမှာဖြစ်လို့ အမြန်လက်ဦးထားဖို့တော့ လိုပါမယ်နော်….


✅ မန္တလေးမှာဆို အိမ်အရောက်ဝန်ဆောင်မှုရှိပြီး သီပေါနင့် နမ့်လန်ကနေမှာ ယူမယ်ဆိုရင်တော့ ရက်အနည်းငယ်စောင့်ရုံနဲ့ မှာယူရရှိနိုင်မှာပါရှင့် 💁🏻‍♀️

✅လူကြီးမင်းများအနေနဲ့ စိတ်ဝင်စားလို့ ဝယ်ယူ တပ်ဆင်လိုမယ်ဆိုပါက page messenger(Chat Box) မှာ လည်း စုံစမ်းမေးမြန်းနိုင်သလို

ဈေးအရှေ့မြောက်ဒေါင့် ၊ မြောက်ပိုင်းရပ်ကွက် ၊ နမ့်လန်မြို့ ၊ " န၀ရတ်ရွှေစင် " ဆေးနှင့်စတိုးဆိုင်မှာ ၀ယ်ယူလို့ရပါတယ်ရှင့်။

☎️ - 𝟎𝟗 𝟒𝟐𝟒 𝟖𝟖𝟎 𝟎𝟑𝟖
☎️ - 𝟎𝟗 𝟕𝟔𝟒 𝟐𝟖𝟖 𝟓𝟓𝟑

ဆိုင်ရဲ့ အစောဆုံးကြော်ငြာတွေနဲ့ 𝙂𝙞𝙫𝙚𝙖𝙬𝙖𝙮 မှန်သမျှကိုလည်း အောက်ပါ 𝘾𝙝𝙖𝙣𝙣𝙚𝙡 တွေမှာ အရင်ဆုံးတင်ပေးသွားမှာဖြစ်လို့ စိတ်ပါ၀င်စားရင် 𝙅𝙤𝙞𝙣 ခဲ့နိုင်ပါတယ်ရှင်။

𝙑𝙞𝙗𝙚𝙧
https://invite.viber.com/?g2=AQAPIlCVGJOAEFLqt4TNRbpAsq%2F6pST0d4QIqupthN%2FV8vVMtJZdAi9wc0Z7Dfew

𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢
https://t.me/nawarattshwesin

𝙏𝙞𝙠 𝙏𝙤𝙠
http://www.tiktok.com/




#နဝရတ်ရွှေစင်ဆေးနဲ့စတိုးဆိုင်
#ဆေးဆိုင်

#နဝရတ်ရွှေစင်
#နမ့်လန်မြို့

✨✨✨
05/11/2025

✨✨✨

“စိတ်ကျန်းမာဖို့အတွက် အဓိဌာန်ဝင်ပါ”

🔳 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လေးစားမှု ပိုရှိလာချင်တယ်၊ ကျနေတဲ့ စိတ်ဓါတ်တွေ ပြန်တင်ချင်တယ်ဆို အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုက - “ကိုယ့်ဆန္ဒတွေကို ချုပ်တည်းရတဲ့၊ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းချထားရတဲ့ အလေ့အကျင့်တစ်ခုခုကို ဖြစ်မြောက်အောင် လုပ်ကြည့်ဖို့” ပဲ။

ရုပ်ပိုင်းဆိုင်ရာအတွက်တင်မက စိတ်ပိုင်းဆိုင်ရာအတွက်လည်း အများကြီး အထောက်အကူဖြစ်တယ်။

🔳 အရမ်းခက်တာတွေကနေ မစနဲ့။ သေးသေးလေးတွေကနေ စ။ သေးသေးလေးဆိုလို့ သိပ်လွယ်နေတာလည်း မဖြစ်စေနဲ့။ ထိုက်သင့်သလောက်တော့ Challenging ဖြစ်ဖို့ လိုတယ်။

ဥပမာ နေ့စဉ်ခြေလှမ်း ၇ ထောင် လျှောက်မယ်၊ တစ်နေ့ ၈ နာရီပဲ အစာစားပြီး Fasting လုပ်မယ်၊ တစ်ပတ်ကို စာတစ်အုပ်ဖတ်မယ်၊ တစ်နေ့ကို စာ ၂ နာရီ လုပ်မယ်၊ တစ်ပတ်ကို တစ်ရက် No Screen Day အဖြစ် သတ်မှတ်မယ် စသဖြင့်ပေါ့။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့အတိုင်း ပြီးမြောက်အောင် လုပ်လိုက်နိုင်တဲ့အခါ ရတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူး။

🔳 Plank ထောက်ဖူးတဲ့သူတွေ သိမယ်။ ၂ မိနစ်ထောက်မယ်။ ၂ နာရီလောက် ကြာသလို ထင်ရတယ်။ ဒါပေမဲ့ ပြည့်သွားတဲ့အခါ ငါလုပ်နိုင်လိုက်ပြီ ဆိုတဲ့ ခံစားချက်ဟာ အတော်လေးကောင်းတယ်။

မလုပ်နိုင်တော့ဘူး ဆိုပြီး ရပ်လိုက်ရင်ကျ ခန္ဓာကိုယ်ရဲ့ နာကျင်မှုကတော့ သက်သာသွားတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကျ မကြိုက်တော့ဘူး။

Fasting လုပ်နေတုန်း စိတ်အလိုလိုက်ပြီး အစားစားမိတယ်။ ဆာနေတာတော့ ပြေသွားတယ်။ စားပြီးရင် ပျော်သလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်။ မပျော်ဘူး။

🔳 ဒါကြောင့်မို့လည်း -

“Self-esteem is better than any short-term rewards.”

ကိုယ့်ကိုယ်ကိုယ် လေးစားတယ် ဆိုတဲ့ ခံစားချက်ဟာ ဘယ်လိုရေတိုဆုလာဘ်ထက်မဆို ပိုကောင်းတယ်လို့ ပြောတာ။

🔳 ဒီလိုစည်းကမ်းတကျ နေထိုင်တာက ကိုယ့်ရဲ့ လေ့လာသင်ယူမှု၊ တိုးတက်ရာ တိုးတက်ကြောင်း၊ Productivity, ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အားလုံးအတွက် အရေးကြီးသလို စိတ်ကိုလည်း ပိုပြီး ကျန်းမာစေတယ်။

အားကစားသမားတွေ၊ ကျန်းမာရေး လိုက်စားသူတွေ၊ အစားအသောက် ဆင်ခြင်သူတွေ သူများထက် အရွယ်ပိုတင်၊ ပိုကျန်းမာပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုရှိကြတာ အကြောင်းမဲ့မှ မဟုတ်တာ။

🔳 စိတ်ပျော်ရွှင်ဖို့ဆိုရင် လူတွေက တခြားအဝေးကြီးကို စဉ်းစားကြတယ်။ မလိုဘူး မဟုတ်ဘူး။ လိုပါတယ်။ ဒါပေမဲ့ သိပ်အကျိုးရှိပြီး ရေရှည်လည်း ခံတာတစ်ခုကိုတော့ မေ့နေကြတယ်။

အဲဒါ ဘာလဲဆို "Healthy Lifestyle" ပဲ။

🔳 သူကကျ အပြောလွယ်သလောက် အလုပ်ခက်တယ်။ စိတ်ညစ်နေပါတယ်ဆို ထွက်ပေါက်လိုချင်တာပေါ့။ မြန်မြန်ဆန်ဆန် ပျော်စေမယ့် အရာတွေပဲ ရှာချင်တာပေါ့။ အဲဒီလိုနဲ့ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးနဲ့ လောင်းကစားတွေဘက် ရောက်ကုန်ကြရော။ ရေရှည်ကျ အကျိုးထက် အပြစ်က ပိုများတယ်။

စိတ်လေတဲ့ ရက်တွေကတော့ ဘယ်သူ့မှာမဆို ရှိတာပါပဲ။ စက်ရုပ်တစ်ရုပ်လိုတော့ ဘယ်နေနိုင်ပါ့မလဲ။ အထူးသဖြင့် ခုလို စိတ်ပင်ပန်းစရာတွေ များတဲ့ ကာလမှာပေါ့။

သို့သော် အရမ်းကြီး ယိုင်ထွက်မသွားအောင်တော့ ထိန်းဖို့လိုမယ်။ တတ်နိုင်သမျှ အအိပ်အစားမှန်အောင်၊ ကိုယ်လက်လှုပ်ရှားမှု ရှိအောင် နေကြည့်။ စိတ်တွေလည်း သိသိသာသာ အဆင်ပြေလာလိမ့်မယ်။

🔳 ကျွန်တော့်အတွက်ဆို တစ်ပတ်တစ်ရက် ဥပုသ်စောင့်တာ၊ နေ့တိုင်း ခြေလှမ်း ၁ သောင်းပြည့်အောင် လျှောက်တာ၊ တစ်ပတ် ၃ ပုဒ် စာရေးတာ စတဲ့ Performance Goal တွေက အင်မတန် အထောက်အကူ ဖြစ်တယ်။ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အလုပ်ပြီးစီးမှု အကုန်လုံးအတွက်ပေါ့။

ဒီလိုတွေသာ စည်းကမ်းချမထားရင် ခုလောက် စိတ်အဆင်ပြေနေဖို့ မလွယ်ဘူး။

🔳 ဘာသာတော်တော်များများမှာ ဥပုသ်စောင့်တယ် ဆိုတာ ရှိတယ်။ ဘာသာရေးဘက်က ယုံကြည်ချက်တွေ ခဏထား။ တနည်းအားဖြင့် ဒါတွေဟာ ကိုယ့်ရဲ့ စိတ်ကို ခိုင်မာလာအောင် လုပ်ပေးနေတာပဲ။

ခုလည်း ဒီသဘောပဲ။ နေ့တိုင်း ဘယ်ဂါထာ ဘယ်နှခေါက်ရွတ်မယ် ဆိုတာမျိုး၊ နေ့တိုင်း ငါ ဘာလုပ်မယ်၊ တစ်ပတ် ဘယ်နှရက် ဘာလုပ်မယ် ဆိုပြီး အဓိဌာန်ဝင်လိုက်။ အဓိဌာန် ဆိုလို့ ဘာသာရေးကိုပဲ ပြေးမမြင်နဲ့။ Determination ကို ခေါ်တာပဲ။ ဝင်တဲ့အတိုင်း မဖြစ်ဖြစ်အောင်လုပ်။ စိတ်ကိုပါ အကျိုးရှိစေပါလိမ့်မယ်။

🔳 အခုဆို ၂၀၂၅ ကုန်တော့မယ်။ ၄၄ ပတ်တိတိ ကုန်သွားပြီ။ နောက်ထပ် ၂ လပဲ ကျန်တော့တယ်။ ၂၀၂၆ ကျ ပိုကောင်းတဲ့ဗားရှင်း ဖြစ်နေဖို့ဆို ဒီလက်ကျန်ရက်တွေမှာ စည်းကမ်းတစ်ခုခုချပြီး နေထိုင်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပါ။ အဓိဌာန်ဝင်ပါ။

မင်းလုပ်နိုင်ပါတယ် You can do it. ဆိုပြီး ဘေးလူက ပြောတဲ့ အားပေးစကားတွေထက် "စိန်ခေါ်မှုတစ်ခုခုကို ပြီးမြောက်အောင် လုပ်လိုက်နိုင်ခြင်း" က ပေးတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အဆပေါင်းများစွာ ပိုခိုင်မာပါတယ်။ ပိုအားကောင်းပါတယ်။ ရေရှည်လည်း ပိုတည်တံ့ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂.၁၁.၂၀၂၅

Address


Opening Hours

Monday 07:00 - 18:30
Tuesday 07:00 - 18:30
Wednesday 07:00 - 18:30
Thursday 07:00 - 18:30
Friday 07:00 - 18:30
Saturday 07:00 - 18:30
Sunday 07:00 - 18:30

Telephone

+959424880038

Website

Alerts

Be the first to know and let us send you an email when နဝရတ်ရွှေစင် - Namlan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram