ZBTR Radiation Oncology DEPT.

ZBTR   Radiation Oncology  DEPT. The department which eliminate cancer in every way

14/05/2025

BRACHYTHERAPY
is available now until the end of October

09/04/2025

ဓါတ်ရောင်ခြည်ကုသမှူများ
ယနေ့မှစ၍ပြန်လည်ရရှိပြီ ဖြစ်ပါသည်

18/01/2025

ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီး
ဓါတ်ရောင်ခြည်ကုသမှုဌာန။
စတင်ဖွင့်လှစ်ချိန်မှ
ယနေ့အထိ မပြောင်းလဲပါ ။

04/04/2024

အောင်မြတ်သာနှင့်ခြောက်စားလှန့်စားပေတများ
++++++++++++++++++++++++++++++++

မရမ်းပင်အောက်မှာ ဆူညံအော်ဟစ်နေကြတဲ့ ကလေးတစ်သိုက်ကြောင့် ‌ကျက်သရေတိုက်ထဲမှာ ကျိန်းစက်နေတဲ့ဆရာတော်က မျက်မှောင်ကြီးကျုံ့ကာ ထွက်လာခဲ့တယ်။

" မောင်ထိန်...ရှိလားဟေ့"

ဆရာတော်ရဲ့ခေါ်သံကြောင့် မီးဖိုချောင်မှာ ဟင်းပေါင်းအိုးနွှေးနေတဲ့ မောင်ထိန်တစ်ယောက် ပြေးထွက်လာခဲ့တယ်။

" ဆရာတော် ... ဘာခိုင်းစရာရှိလို့လဲ"

" နေ့ခင်းဘက် ခဏလောက် ကျိန်းမယ်ဆိုမှ ဒီကလေးတစ်သိုက်က ဘယ်လိုလုပ်ကျောင်းထဲရောက်လာတာတုန်း"

" တပည့်တော်လဲ မီးဖိုထဲရောက်နေလို့ သတိမထားမိလိုက်ဘူး... အခုသွားမောင်းထုတ်လိုက်ပါ့မယ်"

" ငါလဲ ပြန်ကျိန်းလို့မရတော့ဘူးဆိုတော့ ဒီတိုင်းထားလိုက်ပါ... ဒါနဲ့ ဧည့်သည်တွေရော"

" ရှိပါတယ်ဘုရား... ကျောင်းအောက်ထပ်က အခန်းမှာအနားယူနေကြတယ်"

" အေးအေး... ငါကပြန်သွားကြပြီထင်လို့ မေးကြည့်တာ.. ဒါနဲ့ မောင်တင်စိုး ကျောင်းကိုမလာတာကြာပီနော်"

" တင်ပါဘုရား... သူတို့လဲ အလုပ်များနေကြတယ်ထင်တယ်.. "

" လူ့ဘောင်လောကကလဲ ရှာစားဖွေစားရတာမလွယ်လှဘူးလေ... ကဲကဲ လုပ်စရာရှိတာလုပ်ဦး"

မောင်ထိန်လဲ ဆရာတော်စကားကြောင့် မီးဖိုထဲပြန်၀င်ပြီး ဟင်းပေါင်းစုံရောနှောထည့်ထားတဲ့ အိုးထဲကို ဆား လက်လေးသစ်ခန့်ပစ်ထည့်ပီး မီးကောင်းကောင်းနဲ့တည်တင်ထားလိုက်ပြီး ဧည့်သည်တွေရှိတဲ့ အခန်းကိုကူးလာခဲ့လိုက်တယ်။ အခန်း၀ရောက်တော့ ပါဠိဘာသာနဲ့ရေးထားတဲ့ စာအုပ်ကိုဖတ်နေတဲ့ အောင်မြတ်သာက

" ကပ္ပိယကြီး ... အထဲ၀င်လေဗျာ..."

" ကျုပ်က ဧည့်သည်တွေအိပ်နေတယ်ထင်နေတာ"

" မအိပ်ပါဘူးဗျာ... မနက်က ဆရာတော်ဆီကနေ မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့ရဲ့ ဗုဒ္ဓဝါဒရေးရာအချေအတင်ပြောဆိုမှုစာအုပ်လေးတွေ့လို့ ဖတ်နေတာပါ"

" ဒါနဲ့ ‌ကျန်တဲ့နှစ်ယောက်လဲမတွေ့ပါလား..."

" နေ့ခင်းအလုပ်ပါးနေလို့ ကျောင်းအနောက်ဘက်က အမှိုက်တွေကိုသွားရှင်းမယ်ဆိုပြီးထွက်သွားကြတာပဲ"

" ဒီမှာက လူနေရပ်ကွက်နဲ့နီးတော့ ကလေးတွေက ကျောင်းထဲမှာပဲလာလာဆော့ကြတာများတယ်... ခုနကတောင် ဆရာတော် ကျိန်းမရလို့ဆိုပြီး လာထွက်ပြောသေးတယ်"

" ကျုပ်တို့ကတော့အဆင်ပြေပါတယ်... စိတ်ထဲမထားနေပါနဲ့"

အောင်မြတ်သာနဲ့ ကပ္ပိယကြီးလဲ ရောက်တတ်ရာရာစကားတွေပြောနေတဲ့အချိန် မရမ်းပင်အောက်မှာ ကစားနေတဲ့ကလေးအချင်းချင်း ရန်ဖြစ်ပြီး အော်ဟစ်ငိုယိုတဲ့အသံကြောင့် စကားစကိုဖြတ်လိုက်ရတယ်။
+++++++

" မြရိပ်ညို ကဖီး" ဆိုတဲ့ဆိုင်ထဲမှာတော့ ကျားထိုးနေတဲ့သူတွေ၊ စကားစမြည်ပြောနေကြတဲ့သူတွေက သူ့ဝိုင်းနဲ့သူ စည်ကားနေခဲ့တယ်။

" တင်စိုး... မင်း အရောင်းတင်ထားတဲ့ မြေကွက်က ထွက်သွားပြီလား"

အကျရည်များများနဲ့ဖျော်ထားတဲ့လက်ဖက်ရည်ကို နှုတ်ခမ်းဖျားလေးနဲ့စုပ်ယူရင်းမေးလိုက်တဲ့ မြေပွဲစားကိုတိုးလှရဲ့စကားကြောင့် ဆေးလိပ်ဖွာနေတဲ့ တင်စိုးက ခေါင်းကိုခါယမ်းလိုက်ပြီး

" အခုထိမထွက်သေးဘူး ကိုတိုးရေ... ၀ယ်သူတွေက သဘောကျပါလျက်နဲ့ စရန်ချေမယ့်နေ့ဆိုရင် ပေါ်ကိုမလာတော့ဘူး"

" မင်းခေါ်တဲ့ဈေးက ပြင်းနေလို့လား"

" မပြင်းပါဘူးဗျာ... လမ်းကြိုလမ်းကြားကမြေကွက်ဈေးသာသာပဲရှိပါတယ်"

" ကဲပါ... ငါလဲကြိုးစားပြီး လိုက်စပ်ကြည့်ပါဦးမယ်... ရောင်းထွက်ရင်တော့ ပွဲခကိုအရင်ထက်ပိုပေးဖို့ပြင်ထား"

" ကိုတိုးနဲ့ ကျွန်တော်ကြား ပြောစရာလိုလို့လားဗျာ"

" ဟဲဟဲ ငါက စတာပါကွာ.... ဒါနဲ့ ဒေါ်မော်သစ်တို့ခြံလဲရောင်းမယ်လို့ကြားတယ်"

" ဟုတ်လား... ဈေးဘယ်လောက်ပြောထားလဲ"

" တစ်သိန်းခွဲလို့တော့ကြားတယ်... ဒါပေမယ့် သူတို့ခြံက နည်းနည်းအရှုပ်အရှင်းရှိတယ်နော်"

" ဘယ်လိုအရှုပ်လဲ ပြောပါဦး"

" ဒေါ်မော်သစ်ခြံက အမွေဆိုင်ခြံလေ... သူတို့မောင်နှမ သုံးယောက်ရှိတဲ့ထဲမှာ ကျန်တဲ့နှစ်ယောက်ကို ရသင့်ရထိုက်တဲ့ငွေပေးပြီး ခြံကိုအပိုင်ယူလိုက်တယ်လို့ကြားတယ်"

" ဒါဆို ဒေါ်မော်သစ်ပိုင်တာပဲပေါ့...ကျန်တဲ့နှစ်ယောက်ကလဲ လက်ခံလို့ ငွေတောင်ယူပြီးပြီလေဗျာ"

" ငွေယူတာကတော့ဟုတ်တယ်... အခုခြံကိုရောင်းမယ်‌ဆိုတဲ့သတင်းလဲကြားရော အငယ်ဆုံးကောင်က ငွေထပ်တောင်းတယ်... မပေးရင် ခြံကိုရောင်းမထွက်အောင်လုပ်မယ် ဘာညာပေါ့"

" ဘယ်လိုလုပ်လုပ်လေ... ဒေါ်မော်သစ်မှာ သူတို့နှစ်ယောက်သဘောတူထားတဲ့စာချုပ်ရှိတယ်မဟုတ်လား"

" ရှိတယ်လေ... ဒါပေမယ့် လူတွေက အရှုပ်အရှင်းရှိတယ်ဆိုတော့ မ၀ယ်ရဲဘူးဖြစ်နေတာ"

" အဲဒီနေရာက လမ်း‌ဆုံလမ်းဂွလဲကျသလို စီးပွားရေးလုပ်ကိုင်စားလို့လဲအဆင်ပြေတယ်လေ... ကျုပ်တောင် သဘောကျနေပြီ"

" မင်းစိတ်၀င်စားတယ်ဆိုရင် ငါစကားတောက်ထားပေးမယ်... သူခေါ်တဲ့ဈေးနဲ့ဆို ၀ယ်နိုင်ပါတယ်ကွ"

" ကိုတိုး ပြောထားပေးလေ... ကျုပ် ဒီရက်ပိုင်းအတွင်း ငွေပေါ်တာနဲ့ စရန်လာသတ်မယ်ပြောလိုက်ဗျာ"

မောင်တင်စိုးစကားကြောင့် ကိုတိုးက သဘောကျစွာပြုံးပြီး ခွက်ထဲမှာကျန်နေတဲ့ လက်ဖက်ရည်လက်ကျန်ကို ကုန်စင်အောင်မော့ချလိုက်တယ်။
+++++++

တစ်ပတ်ခန့်အကြာ....

" မောင်တင်စိုး... မင်း ဒေါ်မော်သစ်ခြံယူလိုက်ပြီဆို"

" ဟုတ်တယ် ကို၀င်းသိန်း... ကိုတိုးအချိတ်အဆက်နဲ့ ယူလိုက်တာ"

" အေး... မင်းခြံ၀ယ်ပြီးနောက်ပိုင်း အဲဒီဘက်ကိုရောက်ဖြစ်သေးလား"

" ကျွန်တော်လဲ ဒီရက်ပိုင်းအလုပ်များနေတာနဲ့ မရောက်ဖြစ်ဘူး... ဘာဖြစ်လို့လဲ ကို၀င်သိန်း"

" မင်း၀ယ်ထားတဲ့ခြံမှာ သရဲခြောက်လို့တဲ့ကွ"

" ဟာ မဖြစ်နိုင်တာဗျာ... ဘယ်သူကပြောတာလဲ"

" အနီးနားမှာနေတဲ့သူတွေပြောတာကွ... ဒီသတင်းက မင်းခြံကိုပြန်ရောင်းတဲ့အခါ ဒုက္ခရောက်မယ်နော်"

ကိုသိန်း၀င်းစကားကြောင့် မောင်တင်စိုးက မျက်မှောင်ကျုံ့ကာစဉ်းစားလိုက်ပြီး

" ကျွန်တော်သေချာစုံစမ်းလိုက်ပါမယ်... အရင်က ဒီလိုကိစ္စမျိုးမကြားဖူးပါဘူး" လို့ပြောကာ ဖတ်လက်စ သတင်းစာကိုခေါက်ပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။
+++++

" ခွေးပုရေ... ညကျရင် ငါ၀ယ်ထားတဲ့ခြံမှာ သွားအိပ်မလို့ မင်းပါလိုက်ခဲ့ရမယ်နော်"

" ဟုတ်ကဲ့ ဆရာ... ကျွန်တော် အိမ်ကိုပြန်ပြောလိုက်ပါ့မယ်... ဒါနဲ့ ဘယ်အချိန်သွားကြမလဲဆရာ"

" ညနေစောင်းလောက်သွားကြတာပေါ့... "

ဒီလိုနဲ့ မောင်တင်စိုးနဲ့ ခွေးပုတို့နှစ်ယောက် ညနေသုံးနာရီလောက်အချိန်မှာတော့ ပါပလေကာ ကားတစ်စီးနဲ့ ၀ယ်ထားတဲ့ခြံဘက်ကိုထွက်လာခဲ့လိုက်တယ်။

ဒေါ်မော်သစ်တို့ခြံက မြို့အပြင်ဘက်မှာရှိတဲ့အပြင် ခြံထဲမှာလဲ သီးပင်စားပင်အချို့စိုက်ထားတာကြောင့် အမြဲတမ်းလိုလိုအရိပ်ရနေခဲ့တယ်။ ခြံရဲ့အနီးပတ်၀န်းကျင်မှာတော့ ခြံလုပ်တဲ့သူတွေ၊ ကိုင်းလုပ်တဲ့သူတွေနေထိုင်ကြတဲ့အပြင် အချို့ ရွှေ့ပြောင်းသွားလာသူတွေလဲ တဲအိမ်လေးတွေဆောက်ကာ ယာယီနေထိုင်ခဲ့ကြတယ်။

မောင်တင်စိုးတို့ကားက ခြံရှေ့ကိုရောက်လာတော့ ကလေးငယ်အချို့နဲ့ အနီးနားကလူအချို့ မယောင်မလည်နဲ့ရောက်လာပြီး ခပ်လှမ်းလှမ်းကနေ ကြည့်နေတာကိုသတိထားမိခဲ့ကြတယ်။

" ငါ့တူတို့က ဒီခြံပိုင်ရှင်အသစ်လားကွယ့်"

ပြောင်းဖူးဖက်ဆေးလိပ်ကို လက်ကြားထဲညှပ်ပြီး အကင်္ျီဗလာကျင်း၀တ်ထားတဲ့ လူရဲ့စကားကြောင့် မောင်တင်စိုးက ခေါင်းညိမ့်ပြလိုက်ပြီး

" ဟုတ်ပါတယ်ဦးလေး... ဒေါ်မော်သစ်ဆီကနေ ကျွန်တော်ပြန်၀ယ်လိုက်တာပါ"

" ဒါနဲ့ မောင်ရင်တို့က အထုပ်အပိုးတွေနဲ့ဆိုတော့ ဒီမှာညအိပ်ကြမှာလား"

" ဒီညတော့ ခြံထဲမှာအိပ်ဖြစ်မယ်ဗျ.. ဘာဖြစ်လို့လဲဦးလေး"

တကယ်တော့ မောင်တင်စိုးက ပတ်၀န်းကျင်ကလူတွေဆီကနေ စကားထွက်လာအောင် နှိုက်လိုက်ခြင်းပင်။

" ဒီခြံက ဒေါ်မော်သစ်တို့ရောင်းပီးထဲက တစ်ခုမဟုတ်တစ်ခုထူးဆန်းတာတွေကြုံနေရတယ်... ငါ့တူတို့ ဖြစ်နိုင်ရင် ဒီမှာညမအိပ်ပါနဲ့လား"

" ဘယ်လိုထူးဆန်းတဲ့အရာလဲ ဦးလေး... "

" ညသန်းခေါင်အချိန်ဆိုရင် ခြံထဲမှာ ယောင်္ကျားတစ်ယောက် သီချင်းဆိုတဲ့အသံတွေကြားရသလို ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားတဲ့ လူရိပ်တွေကိုလဲတွေ့ရတယ်... ဒါက ဦးလေးတစ်ယောက်ထဲ မြင်တာမဟုတ်ဘူးနော်... အခြားသူတွေလဲမြင်ကြတယ်"

" အရင်ကရော ဒီလိုမျိုးတွေဖြစ်ဖူးလားဗျ"

" ဦးလေးဆို့နေလာတာ ဆယ်နှစ်ကျော်ပီ ဒါမျိုးတစ်ခါမှမြင်ဖူးဖူး... လွန်ခဲ့တဲ့နှစ်ရက်က‌ဆို အရက်သမားဆိုးပေတစ်ယောက် ခြံထဲကျော်၀င်ပြီး ပိန္နဲသီးသွားခိုးတာ ငယ်သံပါအောင်အော်ပြီးပြန်ပြေးလာရတယ်... သူပြောတာက ပိန္နဲသီးခူးနေတဲ့အချိန် အပေါ်ကနေ ယောင်္ကျားတစ်ယောက်ခုန်ဆင်းလာပြီး ကျောကုန်းကိုရိုက်ချတာတဲ့"

" ကျွန်တော်က ဒီခြံကို၀ယ်တာ အကွက်စိပ်ပြီးပြန်ရောင်းမလို့လေ... အခု‌လို ပတ်၀န်းကျင်ကပြောနေတာတွေသေချာလားမသေချာလားဆိုတာ ကိုယ်တိုင်စောင့်ကြည့်ဖို့လာခဲ့တာပါ... တကယ်ဆိုရင် ကျွန်တော်တစ်မျိုးစီစဉ်ရမှာပေါ့"

" ငါ့တူက ပိုင်ရှင်ဆိုတော့ ဦးလေးတို့သတိပေးတာပါ...."

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဦးလေး"

မောင်တင်စိုးက အထုပ်အပိုးတွေကိုယူပြီး မြေစိုက်တန်းလျားတစ်ခုရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။ တန်းလျားထဲရောက်တော့ အိပ်မယ့်နေရာကို သန့်ရှင်းရေးလုပ်ပြီး အထုပ်အပိုးတွေကိုနေရာချနေတဲ့အချိန် ဖုန်မှုန့်တွေပေါ်မှာ အထင်းသားဖြစ်နေတဲ့ ခြေရာတွေကိုမြင်လိုက်ရတယ်။ ခွေးပုကတော့ အရင်လူတွေလာတုန်းက ကျန်ခဲ့တဲ့ခြေရာဖြစ်မယ်လို့ ‌ကောက်ချက်ချပြီး အသင့်ပါလာတဲ့ အောက်လင်းမီးအိမ်ကို နံရံမှာချိတ်ထားလိုက်တယ်။

အားလုံးပြင်ဆင်ပြီးချိန်မှာတော့ အလင်းရောင်အနည်းငယ်ရှိနေသေးတာမို့ ခြံထဲမှာရှိတဲ့ သီးပင်စားပင်တွေကို လိုက်ကြည့်နေခဲ့ရာ မာလကာပင်တစ်ပင်ရှေ့အရောက်မှာတော့ သစ်ကိုင်းတစ်ခုက လေမတိုက်ပဲ လှုပ်ယမ်းနေတာကို ‌မောင်တင်စိုးရော ခွေးပုရောမြင်လိုက်ရတယ်။

" လေလဲမတိုက်ပဲ ဒီအကိုင်းက ဘာလို့လှုပ်နေတာပါလိမ့်"

ခွေးပုက မကြောက်တတ်သူပီပီ လှုပ်နေတဲ့သစ်ကိုင်းကို လက်နဲ့ဖမ်းထိန်းလိုက်တော့မှ ရပ်သွားခဲ့တယ်။ မောင်တင်စိုးလဲ စိတ်ထဲမသိုးမသန့်ဖြစ်လာတာကြောင့် မြေစိုက်တဲဘက်ကိုပြန်ထွက်လာခဲ့ရာ ခြေလှမ်းဆယ်လှမ်းလောက်အရောက်မှာတော့ ခုနက မာလကာကိုင်းက ထပ်လှုပ်ပါလေရော။

ဒီတစ်ခါတော့ ခွေးပုက လက်နှစ်ဖက်ကိုပွတ်သပ်ပြီး
" ဆရာ ၀ယ်တဲ့ခြံက ဘယ်လိုကြီးလဲ... ကျွန်တော်တောင် ကြီးသီးမွှေးညှင်းတွေထနေတယ်ဗျာ" လို့ပြောပြီး မြေစိုက်တဲထဲကို၀င်လာခဲ့ကြတယ်။

ညဘက်ရောက်တော့ ခွေးပုက မီးဖိုဖိုပြီး ထမင်းဟင်းချက်နေတဲ့အချိန် ခြံအပြင်မှာရှိတဲ့သရက်ပင်အောက်ကနေ လူတစ်ယောက်စူးစိုက်ကြည့်နေသလိုခံစားမိတာကြောင့် လက်ထဲကိုင်ထားတဲ့ ဓါတ်မီးနဲ့ထိုးကြည့်လိုက်တယ်။

" ဘယ်သူမှလဲမရှိပါလား... ငါ့စိတ်ထဲထင်နေတာများလား"

ခွေးပုက စိတ်ထဲမတင်မကျဖြစ်နေတာကြောင့် သရက်ပင်အောက်ကို ဓါတ်မီးနဲ့မကြာခဏထိုးကြည့်နေခဲ့တယ်။

" ခွေးပု ...ဘာဖြစ်လို့ သရက်ပင်အောက်ကို မီးထိုးနေတာလဲ"

" လူတစ်ယောက် ကျွန်တော်တို့ကို စိုက်ကြည့်နေသလိုခံစားရလို့ လိုက်ကြည့်နေတာဆရာ"

" မင်းစိတ်ထင်တာဖြစ်မှာပါ...ကဲ လုပ်စရာရှိတာလုပ်ပြီးရင် ရေနွေးတစ်အိုးတည်ထားလိုက်ဦး"လို့ပြောပြီး

မောင်တင်စိုးက မီးဖိုဘေးမှာထိုင်ကာ ဆေးလိပ်ကိုဖွာရှိုက်နေလိုက်တယ်။
+++++++

ဆရာတပည့်နှစ်ယောက် ထမင်းစားသောက်ပြီးလို့ လက်ဖက်ရည်သောက်ကာ အချိုတည်းနေတဲ့အချိန် ခြံထဲကို ဓါတ်မီးတရမ်းရမ်းနဲ့လူသုံးယောက်၀င်လာတာကိုမြင်လိုက်ရတယ်။

" ဆရာ... ဘယ်သူတွေလဲမသိဘူး"

" ခြံဘေးမှာနေတဲ့လူတွေဖြစ်မယ်ထင်တယ်... လက်ဖက်ရည်ကျန်သေးတယ်မဟုတ်လား"

" ကျန်သေးတယ်လေဆရာ..."

" သူတို့အတွက်ထည့်ပေးလိုက်ဦး"

မောင်တင်စိုးက ခွေးပုကိုမှာပြီး ၀င်လာတဲ့သူတွေဆီသွားကာနှုတ်ဆက်လိုက်တယ်။

" ငါ့တူတို့ နေရတာအဆင်ပြေရဲ့လား"

"ပြေပါတယ် ဦးလေး..."

" ‌ညရေးညတာတစ်ခုခုဆို အချိန်မရွေးလှမ်းခေါ်လိုက်နော်... ဦးလေးတို့က ခြံချင်းကပ်လျက်ပဲနေတာ"

" စိတ်ချပါဦးလေး... အခုလို လာပြောပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ... ဒါနဲ့ လက်ဖက်ရည်သောက်ကြပါဦး"

ခြံထဲလာလည်ကြတဲ့လူကြီးသုံးယောက်ကလဲ မောင်တင်စိုး ဧည့်ခံတဲ့လက်ဖက်ရည်သောက်ပြီး စကားစမြည်ပြောနေတဲ့အချိန်

" ဖရောက် ဖရောက် ဖရောက်" ဆိုတဲ့အသံနဲ့အတူ သေးငယ်တဲ့ ခဲလုံးတွေ အနီးနားကိုကျလာခဲ့တယ်။ အစပိုင်းမှာတော့ အမှုမဲ့အမှတ်မဲ့နေခဲ့ကြပေမယ့် ကျလာတဲ့အကြိမ်ရေက တစ်ဖြေးဖြေးစိပ်လာတဲ့အတွက် မောင်တင်စိုးရော လာလည်ကြတဲ့သူတွေပါ ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ အကောင်အထည်ကိုမမြင်ရပဲ မြေစိုက်တဲဘေးကနေ ခဲလုံးတွေလွင့်လာတာကိုပဲ ရှင်းလင်းစွာမြင်တွေ့လိုက်ရတယ်။

" ငါပြောတာယုံပီမဟုတ်လား... ဒါမျိုးက လူလုပ်တာမဖြစ်နိုင်ဘူး"

" ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ... ဒီပုံစံအတိုင်းဆို ဒီမှာညအိပ်ဖို့ မဖြစ်နိုင်ဘူးထင်တယ်နော်"

ခွေးပုက ခဲလုံးတွေထွက်လာတဲ့ မြေစိုက်တဲဘက်ကို ကြည့်ကာ အထိတ်တလန့်နဲ့ပြောလိုက်တာကြောင့် မောင်တင်စိုးက အနားမှာရှိတဲ့ ထင်းချောင်းတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး
" ဘယ်ကောင်လဲကွ... လက်ကမြင်းနေတာ... ငါ့ခြံထဲမှာနေပြီး ငါ့တို့ကိုစိတ်အနှောက်ယှက်ပေးနေရတယ်လို့... ဘယ်သူဘယ်ဝါဆိုတာသိတဲ့နေ့ အကုန်လုံးကို မီးမြိုက်ပစ်မယ်" လို့ကြုံးဝါးအော်ဟစ်လိုက်တော့မှ ခဲလုံးနဲ့ပစ်နေတာ ငြိမ်သက်သွားခဲ့တယ်။

" ဦးလေးတို့ တွေ့တယ်မဟုတ်လား... ဒီကောင်တွေက ကြောက်နေရင် ပိုပြီးအတင့်ရဲကြတယ်... အခုတော့ ဘာမှကိုမထွက်လာတော့ဘူး"

မောင်တင်စိုးက အောင်နိုင်သူတစ်ယောက်လို ခပ်ထေ့ထေ့ရယ်ရင်း လက်ကျန်ရေနွေးကို မော့သောက်လိုက်တဲ့အချိန် ရေနွေးခွက်က တစ်စုံတစ်ယောက်လက်နဲ့ပုတ်ထုတ်လိုက်သလို လွင့်ထွက်သွားပြီး လုံချည်ပေါ်ကိုရေနွေးတွေဖိတ်စင်ကျသွားခဲ့တယ်။

သတ္တုရေနွေးခွက်က မြေကြီးပေါ်ကိုလိမ့်ကျသွားရင်း တုံ့ခနဲငြိမ်သွားပြီး တစ်ဖြေးဖြေးလေပေါ်ကိုမြောက်တက်လာကာ မောင်တင်စိုး ဆီကို အရှိန်နဲ့ လွင့်စင်လာခဲ့တယ်။

" ဒေါင်...."

" အား..."

အရှိန်နဲ့နဖူးကိုလာမှန်တဲ့ရေနွေးခွက်ကြောင့် မောင်တင်စိုး နာကျင်စွာအော်ဟစ်ရင်း နဖူးကိုလက်နဲ့ဖိကာ ပွတ်သပ်နေသလို အနားမှာထိုင်နေတဲ့သူတွေလဲ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

" မောင်ရင်... ဟိုမှာ ဟိုမှာ...."

လာလည်တဲ့သူတွေထဲက ခြံချင်းကပ်လူကြီးက လေပေါ်ပြန်တက်လာတဲ့ ရေနွေးခွက်ကို လက်ညိုထိုးပြရင်း အလန့်တကြားထရပ်လိုက်တဲ့အချိန် သတ္တုမတ်ခွက်က မောင်တင်စိုးခေါင်းကို တဒေါင်ဒေါင်နဲ့ ခေါက်ပါလေရော။

ဒီတစ်ခါတော့ မောင်တင်စိုး ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ ကြောက်လန့်ကြားအော်ဟစ်ပြီး ခြံအပြင်ကိုထွက်ပြေးပါလေရော။ သူ့အနောက်မှာတော့ ခွေးပုနဲ့ လာလည်တဲ့သူတွေပါ ၀ရုန်းသုန်းကားနဲ့ပါလာခဲ့ကြတယ်။

မောင်တင်စိုးတို့ခြံအပြင်ကိုရောက်မှ အနောက်က လိုက်လာတဲ့ သတ္တုမတ်ခွက်က မြေကြီးပေါ်ပြုတ်ကျသွားပြီး သစ်သားအပါးနဲ့လုပ်ထားတဲ့ ခြံတံခါးနှစ်ချပ်က လေမတိုက်ပဲ ဝုန်းခနဲပိတ်ကျသွားခဲ့တယ်။

ဒီလောက်ကြမ်းတဲ့ခြောက်လှန့်မှုကို တစ်ခါမှ မကြုံဖူးတဲ့မောင်တင်စိုးကတော့ မျက်စိပျက်မျက်နှာပျက်နဲ့ ခြံပြင်မှာ ငူငူကြီးရပ်နေခဲ့တယ်။

" ဦးလေးတို့ပြောတာ ယုံပီမဟုတ်လား.... ဒီညတော့ မင်းတို့နှစ်ယောက် ငါ့အိမ်မှာပဲလိုက်အိပ်ကြ၊ မနက်မိုးလင်းရင် မင်းတို့ပါလာတဲ့ ပစ္စည်းတွေပြန်ယူပေးပါ့မယ်"

" ဒီလိုပဲလုပ်မှရတော့မယ် ဦးလေးရေ.. ဒီတိုင်းသာနေလို့ကတော့ မနက်ဆို ကျွန်တော်တို့နှလုံးရပ်ပြီးသေလိမ့်မယ်... ဟူး... ဒီခြံကဘယ်လိုဖြစ်တာပါလိမ့်"

မောင်တင်စိုးက မကျေမချမ်းရေရွတ်ပြီး ခြံနဲ့မလှမ်းမကမ်းမှာရှိတဲ့အိမ်ကိုလိုက်ပါသွားခဲ့တယ်။ နောက်တစ်နေ့မနက်ရောက်တော့ မြေစိုက်တဲထဲမှာ ကျန်နေတဲ့ပစ္စည်းတွေကို သွားယူကြရာ စားသောက်စရာတွေအပြင် အ၀တ်အစားတွေကိုပါ မွှေနှောက်ထားတာကို မြင်တွေ့လိုက်ကြရတယ်။

အဲဒီနေ့ကစပြီး မောင်တင်စိုး ဈေးကောင်းပေး၀ယ်ထားတဲ့ခြံက သရဲခြောက်တယ်ဆိုပြီးသတင်းတွေပျံ့ခဲ့ရုံမက ခေါ်ထားတဲ့ဈေးပါထက်၀က်နီးပါးလောက်ပြုတ်ကျသွားခဲ့တယ်။

ဒါမျိုးကိုတော့ မောင်တင်စိုး လက်မခံနိုင်တဲ့အတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားနေခဲ့ရာ သူနဲ့ ဦးလေးတော်စပ်တဲ့ ဥူးသုမနကို စဉ်းစားမိသွားခဲ့တယ်။ ဒီလိုနဲ့ ‌မောင်တင်စိုးတစ်ယောက် တပည့်ကျော် ခွေးပုနဲ့အတူ ဓမ္မရံသီ ဘုန်းကြီးကျောင်းကိုရောက်ချလာခဲ့တယ်။

ကျောင်း၀င်းထဲကိုရောက်တော့ အုန်းလက်တံမျက်စည်းကိုယ်စီနဲ့ အမှိုက်တွေကိုလှည်းကျင်းနေတဲ့ ယောဂီ၀တ်လူသုံးယောက်ကိုမြင်လိုက်ရတဲ့အတွက် အနားကိုတိုးသွားပြီး

" ဆရာတော် ကျောင်းမှာရှိလားဗျ"

" ရှိပါတယ်... ခုနကတောင် ၀ရန်တာမှာ စာဖတ်နေသေးတာ"

" ဟုတ်ကဲ့... ကျေးဇူးပါဗျ"

မောင်တင်စိုးလဲ ခြေထောက်မှာပေနေတဲ့ ဖုန်တွေကို ကျောင်းအတက်က ခြေသုတ်ခုံမှာ သန့်စင်အောင်ပွတ်လိုက်ပြီး အသာ၀င်လာခဲ့လိုက်တယ်။

" ဟော... ဘယ်သူများလဲလို့ မောင်တင်စိုးပါလား... ဘယ်ကနေ လှည့်လာတာလဲ"

" ဒီလိုပါပဲ ကပ္ပိယကြီးရယ်... ဒါနဲ့ ဆရာတော်ကျိန်းနေတာလား"

" မကျိန်းပါဘူး... နောက်အပတ် ပဌာန်းရွတ်ဖို့အတွက် ဖိတ်ရမယ့် ကျောင်းစာရင်းလုပ်နေတာ ... ငါ သွားခေါ်ပေးမယ်"

ကပ္ပိယကြီးက ကျက်သရေတိုက်ထဲ၀င်သွားပြီး တစ်အောင့်ကြာတော့ ဆရာတော်နဲ့အတူပြန်ထွက်လာခဲ့တယ်။

" ဘယ်ကနေ မျက်စိလည်လမ်းမှားလာတာလဲကွယ့်"

" မမှားပါဘူးဘုရား... တပည့်တော်လဲ အလုပ်တွေများနေတာနဲ့ဆရာတော်ဆီ မရောက်ဖြစ်တာ... စိတ်ထဲမှာတော့ အမြဲသတိရနေပါတယ်"

" မင်းကတော့လေ ... ငါ့အစ်မ ယဉ်လှအတိုင်းပဲ.. စကားပြောတယ်ကောင်းသကိုး..ဟက်ဟက်"

ဆရာတော်စကားကြောင့် မောင်တင်စိုးက အသံထွက်အောင်ရယ်လိုက်ပြီး

" ဆရာတော်ရော ကျန်းမာပါရဲ့လား"

" အေး ကောင်းပါတယ်ကွ.. မင်းရော အလုပ်တွေအဆင်ပြေလား.."

" ပြေပါတယ်ဘုရား... ဒါပေမယ့် တပည့်တော် နောက်ဆုံး၀ယ်ထားတဲ့ခြံမှာတော့ ပြဿနာလေးတစ်ခုရှိနေလို့ပါ"

" ဘာပြဿနာတုန်း... မြေယာအမှုအခင်းမျိုးဆိုရင်တော့ ငါလဲမလုပ်တတ်ဘူးနော်"

" အဲလိုအမှုခင်းမျိုးမဟုတ်ပါဘူးဘုရား... တပည့်တော် နောက်ဆုံး၀ယ်ခဲ့တဲ့ခြံမှာ သရဲခြောက်နေလို့ပါဘုရား"

" ဟေ... မင်းက ခြံစ၀ယ်တုန်းက သေချာမလေ့လာဘူးလား"

" လေ့လာမေးမြန်းပီးမှ၀ယ်ခဲ့တာပါ... ခြံနီးချင်းတွေပြောတာကတော့ တပည့်တော် ၀ယ်ပြီးမှ ဒီလိုအခြောက်လှန့်တွေဖြစ်လာတာလို့ပြောပါတယ်"

" အဲဒီတော့ ငါက ဘာလုပ်ပေးရမလဲ...မဟုတ်မှလွဲရော ငါ့ကိုသရဲနှင်ခိုင်းနေတာများလား"

" အာ... ဆရာတော်ကလဲ... တပည့်တော် ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံလေးလာတောင်းတာပါ..."

" ငါတို့သာသနာမှာက လူတွေအပေါ်ခြောက်လှန့်ဖမ်းစားတတ်တဲ့ပုဂ္ဂိုလ်တွေကို ကမ္မဝါရွတ်ပြီးနှင်ထုတ်တာတော့ရှိတယ်... ဒါပေမယ့် ကမ္မဝါဖတ်ရင် ခြံထဲမှာရှိတဲ့သူတွေအကုန်ထွက်ပြေးကြရတာမို့ တော်ရုံကိစ္စမျိုးမှာ ကမ္မဝါမသုံးကြဘူးကွယ့်"

" ဒါဆို တပည့်တော် ဘယ်လိုလုပ်ရပါ့မလဲ... ဒီတိုင်းဆို ခြံကိုဘယ်သူမှဈေးကောင်းပေး၀ယ်မှယမဟုတ်တော့ဘူး ... ဒုက္ခပါပဲ"

" အဲ... နေဦးကွယ့်... ဟေ့ ကပ္ပိယကြီး ... ဟိုဧည့်သည်သုံးယောက်က ပယောဂတွေဘာတွေကုတယ်လို့ပြောဖူးတယ်နော်"

" တင်ပါဘုရား... တပည့်တော်လဲ ဆရာတော်ကို လျောက်တင်မလို့ပဲ... စကားဖြတ်ပြောသလိုဖြစ်နေမှာစိုးလို့ စောင့်နေတာပါ"

" အေးအေး... အဲဒီဒကာသုံးယောက်ကိုခေါ်လိုက်ပါဦး"

ဆရာတော်စကားကြောင့် ကပ္ပိယကြီးလဲ ကျောင်းအောက်မှာတံမျက်စည်းလှည်းနေတဲ့သူ သုံးယောက်ကို ခေါ်ဆောင်လာခဲ့လိုက်တယ်။

ကျောင်းပေါ်ရောက်တော့ ဆရာတော်က မောင်တင်စိုးနဲ့မိတ်ဆက်ပေးပြီး ဖြစ်တဲ့ကိစ္စအကုန်ပြောပြစေခဲ့တယ်။

" မိတ်ဆွေပြောတဲ့ပုံအရဆို အတော်ကိုဆိုးဆိုးပဲဗျ"

" ဟုတ်ပါတယ် ဆရာတို့ရယ်... ကျုပ်ဖြင့် ဘာလုပ်ရမှန်းတောင်မသိတော့ဘူး"

" ဆရာတော်ရဲ့ ဆွေမျိုးလဲဖြစ်နေတာရယ်... မရိုးမဖြောင့်တဲ့သဘောလဲမတွေ့တာကြောင့် ဒီကိစ္စကို တပည့်တော်တို့ နိုင်သလောက်ကူညီပေးပါ့မယ်"

" ကျေးဇူးတင်လိုက်တာဆရာတို့ရယ်... ဒါဆို ကျွန်တော် ဘာတွေပြင်ဆင်ထားရမလဲ"

" လောလောဆယ် ခြံကိုအရင်ကြည့်ဖို့လိုမယ်... ပြီးတော့မှ ဘာတွေပြင်ဆင်ရမလဲဆိုတာပြောပြပါ့မယ်"

" ဒါဆို ကျွန်တော် နေ့ခင်းပြန်ရင်လိုက်ခဲ့ကြပါလား... သိပ်တော့မဝေးပါဘူး"

" ကဲပါ... လိုက်သွားပေးကြပါ ဒကာတို့ရယ်... ‌မဟုတ်ရင် ဒီကောင်က ဘုန်းကြီးကိုနားပူနားဆာလုပ်နေပါဦးမယ်"

ဆရာတော်က မောင်တင်စိုးကိုကြည့်ပြီး ရယ်ရယ်မောမောပြောလိုက်တာကြောင့် အနားမှာရှိနေတဲ့သူတွေပါ လိုက်ရယ်မိခဲ့ကြတယ်။
+++++

ဖုန်တထောင်းထောင်းထအောင် မောင်းနှင်လာတဲ့ အိမ်စီးကားကြောင့် လမ်းမပေါ်ဆော့ကစားနေကြတဲ့ကလေးတစ်ချို့ ကြောက်အားလန့်အားနဲ့ လမ်းဘေးဝဲယာကို ရှောင်ပြေးသွားကြသလို ခြံထဲမှာရှိနေတဲ့သူအချို့ အိမ်ရှေ့ကိုထွက်လာခဲ့ကြတယ်။

" မောင်တင်စိုးပါလား... ဒါနဲ့ ဧည့်သည်တွေလဲပါလာတယ်ပေါ့လေ"

ကားပေါ်ကဆင်းဆင်းခြင်း လှမ်းနှုတ်ဆက်လိုက်တဲ့ ခြံချင်းကပ်လူကြီးရဲ့စကားကြောင့် မောင်တင်စိုးက ပြုံးပုကာနှုတ်ဆက်လိုက်ပြီး

" ဒီရက်ပိုင်း ဘာတွေထူးခြားသေးလဲ ဦးလေး"

" ညညဆို မြေစိုက်တဲမှာ လှုပ်ရှားသွားလာနေတဲ့ အရိပ်အယောင်တွေကလွဲပြီး ဘာမှတော့မထူးခြားပါဘူး... ဒီပတ်၀န်းကျင်ကလူတွေကလဲ မင်းခြံအနားကိုတောင်မကပ်ရဲပဲကြည့်... ဒီနေ့ကော ညအိပ်ဦးမှာလား"

" ညတော့အိပ်ဖြစ်မယ်မထင်ဘူးဗျ... ခြံထဲခဏကြည့်ပြီးရင်ပြန်ကြမှာပါ"

" ဒါဖြင့်လဲ ဦးလေး မလာတော့ဘူးနော်... ဒီနေ့ ကွမ်းသီးတွေခူးရမှာမို့ ခြံထဲသွားရမယ်"

" ရပါတယ်ဗျာ... လုပ်စရာရှိတာ လုပ်ပါဦးလေး"

မောင်တင်စိုးလဲ စကားစကိုဖြတ်ပြီး ခြံရှေ့မှာခတ်ထားတဲ့ သော့ကိုဖွင့်ကာ အထဲ၀င်ဖို့ ဖွင့်ပေးလိုက်တယ်။ အောင်မြတ်သာလဲ ခြံစည်းရိုးတံခါးကို အသာတွန်းဖွင့်လိုက်တဲ့အချိန် မျက်လုံးထဲမှာ ရုပ်သေးရုပ်တစ်ရုပ်ကို ကိုင်ထားတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်ကစလိုက်နဲ့ထိုးထားသလို ဖျတ်ခနဲပေါ်လာတာကြောင့် ခေါင်းကိုဖြေးညှင်းစွာခါယမ်းပြီး အနောက်ကိုပြန်ဆုတ်သွားလိုက်တယ်။

" ဆရာ ဘာဖြစ်လို့လဲ"

မောင်တင်စိုး အမေးကို အောင်မြတ်သာက ချက်ချင်းပြန်မဖြေသေးပဲ ခြံ၀င်းတစ်ခုလုံးကို စူးရှတဲ့မျက်လုံးနဲ့ စိုက်ကြည့်ပြီး အာရုံခံလိုက်ရာ သာမန်မဟုတ်တဲ့ အငွေ့အသက်တွေအပြင် သွေးညှီနံ့တစ်ခုကိုပါခံစားလိုက်ရတယ်။

" ခြံထဲမှာ စွဲရင်းတစ်ခုရှိနေတယ်လို့ခံစားနေမိတယ်.... အခုဖြစ်တဲ့ကိစ္စတွေက ခြံ၀ယ်ပြီးတော့မှဖြစ်တာလား"

" ဟုတ်တယ်ဆရာ... အရင်ပိုင်ရှင်တွေရှိတုန်းက ဒီလိုအဖြစ်တွေ မရှိဘူးလို့ ပတ်၀န်းကျင်ကလဲပြောတယ်"

" ဒါဆိုရင် ဂိုဏ်းပွဲပြင်ဖို့လိုလိမ့်မယ်... အနီးအနားမှာ ကန်တော့ပွဲအတွက်လိုအပ်တာ၀ယ်ဖို့ ဈေးရှိလား"

" သိပ်မဝေးတဲ့နေရာမှာတော့ ဈေးတန်းတစ်ခုရှိတယ်ဆရာ... ကျွန်တော်သွား၀ယ်လိုက်ပါမယ်"

" ခွန်းလှက မောင်တင်စိုးနဲ့လိုက်ပြီး လိုအပ်တာတွေ ၀ယ်လာခဲ့လိုက်... မောင်ကောင်းကတော့ ဒီမှာပဲနေခဲ့"

" ဟုတ်ကဲ့ပါဆရာ... ကျွန်တော်လိုက်သွားပါ့မယ်"

မောင်တင်စိုးနဲ့ ခွန်းလှတို့ထွက်သွားပြီးချိန်မှာတော့ အောင်မြတ်သာနဲ့ မောင်ကောင်းတို့ ခြံထဲကို၀င်လာခဲ့လိုက်တယ်။ သီးပင်စားပင်တွေနဲ့ပြည့်နှက်နေတဲ့ ခြံ၀င်းထဲမှာတော့ ကျကျနနဆောက်ထားတဲ့ မြေစိုက်တဲတစ်ခုအပြင် ဧည့်သည်တွေလာရင်နားနေဖို့ ဆောက်လုပ်ထားတဲ့ အမိုးပါထိုင်ခုံအချို့ကိုပါမြင်တွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ ခြံထဲကိုရောက်တာနဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကို မေတ္တာပို့နေခဲ့ရာ မြေစိုက်တဲအတွင်းကနေ နံရံတွေကိုလက်နဲ့ထုရိုက်သံ.. မကျေမချမ်းတောက်ခတ်သံတွေထွက်ပေါ်လာခဲ့တယ်။

" ဒီခြံက ဘယ်လိုများလဲမသိဘူးနော်"

" ငါ့စိတ်ထဲမြင်တာပြောရရင် ဒီခြံကိုအစောင့်လာထည့်ထားတာပဲ"

" ဆရာပြောချင်တာက ၀ယ်တဲ့သူစိတ်ရှုပ်အောင် လုပ်ထားတဲ့သဘောလား"

" အတိအကျတော့ပြောမရသေးဘူး... ခြံထဲကိုစ၀င်တဲ့အချိန် ရုပ်သေးရုပ်ကိုင်ထားတဲ့လူတစ်ယောက်ပုံရိပ်ကိုမြင်လိုက်ရသေးတယ်..."

" ရုပ်သေးရုပ်ဆိုတော့ ဟိုလူကြီးနဲ့များသက်ဆိုင်နေမလား"

" ဦးကောင်းစည်ဆိုတဲ့လူကိုပြောတာလား"

" ဟုတ်တယ်ဆရာ..."

" ငါမြင်ရတာက ဦးကောင်းစည်မဟုတ်ဘူး... အခြားတစ်ယောက်ရဲ့ပုံမြင်ရတာ"

" ကျွန်တော်တို့က ဒီပြဿနာရဲ့ ဇစ်မြစ်ထိလိုက်ရမှာလားဆရာ"

" ငါတို့တာ၀န်က ဒီခြံထဲမှာဖြစ်နေတဲ့ အရာတွေကို ‌ပျောက်ကွယ်သွားအောင် ရှင်းပေးရုံပဲ... ကျန်တဲ့အပိုင်းက ငါတို့နဲ့မပတ်သတ်ဘူးလေ"

" ဟုတ်ကဲ့ဆရာ... ကျွန်တော်ကသိချင်ရုံသက်သက်မေးကြည့်တာပါ"

မောင်ကောင်းစကားအဆုံးမှာ ကန်တော့ပွဲသွား၀ယ်တဲ့ ခွန်းလှနဲ့ မောင်တင်စိုးတို့ပြန်ရောက်လာခဲ့ကြတယ်။ မောင်ကောင်းလဲ ကားပေါ်ပါလာတဲ့ပစ္စည်းတွေကို ဝိုင်းသယ်ပြီး ဆေးကြောသုတ်သင်ကာ ကန်တော့ပွဲထိုးပေးလိုက်ပြီး မြေစိုက်တဲထဲကိုယူသွားခဲ့လိုက်တယ်။

အားလုံးအသင့်ဖြစ်တဲ့အချိန် အောင်မြတ်သာက ကန်တော့ပွဲရှေ့မှာ ဖယောင်းတိုင် ငါးတိုင်ထွန်းပြီး ခြံမြေအတွင်းဖြစ်ပေါ်နေတဲ့ အနှောက်အယှက်တွေကို ဟန့်တားဖို့အတွက် ခွင့်ပြုမိန့်တောင်းခံလိုက်တယ်ဆိုရင်ပဲ မြေစိုက်တဲအနောက်ဘက်ခြမ်းကနေ ကြမ်းတမ်းလှတဲ့ခြေဆောင့်သံတွေအပြင် နံရံကိုလက်နဲ့ထုရိုက်တဲ့အသံတွေကိုစတင်ကြားလိုက်ရတယ်။

" ဆရာ... ဟိုကောင်တော့ စပီထင်တယ်"

မောင်တင်စိုးက လေသံနဲ့လှမ်းပြောလိုက်တော့ အောင်မြတ်သာက အသံကြားတဲ့ဘက်ကိုလှည့်ကြည့်လိုက်ရာ ဝုန်းဒိုင်းကျဲနေတဲ့အသံတွေချက်ချင်းဆိုသလိုငြိမ်ကျသွားခဲ့တယ်။

အောင်မြတ်သာအနေနဲ့ ခြံ၀င်းအတွင်းမှီတင်းနေထိုင်ကြတဲ့ ဝေနေယျသတ္တဝါတွေကို ဒုတိယအကြိမ်မေတ္တာပို့နေတဲ့အချိန်မှာတော့ အုတ်နီခဲတစ်လုံးက ဝုန်းဆိုတဲ့အသံနဲ့အတူ အနီးကိုကျလာခဲ့တယ်။

" ဒီကောင်တော့ မဟုတ်တော့ဘူးထင်တယ်"

မောင်ကောင်းက အုတ်နီခဲကိုလှမ်းကြည့်ပြီး ရေရွတ်လိုက်တဲ့အချိန် ‌မြေစိုက်တဲအတွင်းမှာရှိတဲ့ သောက်ရေအိုးက ရေအိုးစင်ကနေ တစ်ဖြေးဖြေးကြွတက်လာပြီး အောင်မြတ်သာတို့အနားကိုရောက်လာခဲ့တယ်။

" ဆရာ... သောက်ရေအိုးက အနားကပ်လာနေပီ လုပ်ပါဦး"

မောင်တင်စိုးက အလန့်တကြားရေရွတ်လိုက်တော့ အောင်မြတ်သာက တောက်တစ်ချက်ခတ်ပြီး ကြမ်းကိုလက်နဲ့ရိုက်ချလိုက်ရာ ရေအိုးအလွတ်ကြီးက အနားကိုကပ်မလာတော့ပဲ ရောက်တဲ့နေရာမှတင်ရပ်တန့်သွားခဲ့တယ်။

" မောင်တင်စိုး... မင်းခြံထဲမှာ ဘယ်လိုကောင်တွေရောက်နေတယ်ဆိုတာမသိချင်ဘူးလား"

" ဗျာ.... ကျွန်တော် သူတို့ကိုမြင်ရမှာလား"

" မင်းစိတ်ခိုင်တယ်ဆိုရင် မြင်အောင်ပြပေးမလို့ပါ... ဒါမှသာ မင်းအနေနဲ့ ပိုပြီးယုံလာလိမ့်မယ်"

" ဆရာတို့ရှိနေတာဆိုတော့ ကျွန်တော်မကြောက်ပါဘူး... ကြည့်မယ်ဗျာ"

အောင်မြတ်သာလဲ မောင်တင်စိုးစကားကြောင့် လွယ်အိတ်ထဲကနေ ဒိဗ္ဗစက္ခူအင်းနှစ်ချပ်ကိုထုတ်ယူလိုက်ပြီး အသက်သွင်းဂါထားခုနှစ်အုပ်မန်းမှုတ်ကာ မျက်လုံးကိုပွတ်ပေးလိုက်တယ်။

" မျက်လုံးကိုချက်ချင်းမဖွင့်နဲ့ဦး... ဖွင့်ဆိုမှ ဖြေးဖြေးချင်းဖွင့်ကြည့်"

အောင်မြတ်သာက ဘေးကနေ လေသံအေးအေးနဲ့ ပြောပြီးသတိပေးနေခဲ့တယ်။

" ရပြီ... မျက်လုံးကို အသာယာဖွင့်ပြီးကြည့်လိုက်တော့"

မောင်တင်စိုးလဲ မျက်လုံးကို ဖွင့်ပြီးကြည့်လိုက်ရာ မြေစိုက်တဲပေါ်မှာ သောက်ရေအိုးကို ပခုံးပေါ်ထမ်းပြီး အံကြိတ်ကာဒေါသထွက်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

" ဆရာ... သောက်ရေအိုးကို လူတစ်ယောက်ထမ်းထားပါလား... ဒီကောင်က ကျွန်တော်တို့ကို ရန်ပြုတဲ့ကောင်ပဲဖြစ်ရမယ်"

" သူ့ရုပ်သွင်ကရော ဘယ်လိုပုံစံရှိနေလဲ"

" အသားအရည်ပွယောင်းယောင်းဖြစ်ပြီး ဖြုဖတ်ဖြူလျော်ဖြစ်နေတာကလွဲပြီး သာမန်လူအတိုင်းပဲဗျ"

အမှန်တကယ်တော့ အောင်မြတ်သာက မောင်တင်စိုး ထိတ်လန့်သွားမှာစိုးရိမ်လို့ စိတ်ထဲကနေ ကြောက်မက်ဖွယ်ရုပ်သွင်မဖော်ပြဖို့ အမိန့်ပေးထားခဲ့ပြီးဖြစ်တယ်။

" မောင်တင်စိုး... မင်းက ပိုင်ရှင်ဆိုတော့ ဒီပုဂ္ဂိုလ်ကို ခြံဝိုင်းထဲကနေ အပြီးတိုင်မောင်းထုတ်ဖို့ဆန္ဒရှိသလား"

" ရှိပါတယ်ဆရာ... ဒီခြံထဲမှာ လူတွေကိုအနှောက်အယှက်ပေးမယ့်သူတွေအကုန်လုံးကို မောင်းထုတ်ပေးပါ"

အောင်မြတ်သာလဲ မောင်တင်စိုးကို သုံးကြိမ်တိတိမေးပြီးတာနဲ့ က.ဇ.င.၀.ဈ စမအက္ခရာနှစ်ထပ်ပါတဲ့ မှော်အင်းကိုရေးဆွဲပြီး ကြမ်းပေါ်ရိုက်ချလိုက်ရာ ‌သောက်ရေအိုးထမ်းထားတဲ့လူရပ်နေတဲ့နေရာကနေ တစ်တောင်ခန့်ရှိတဲ့ မီးတောက်တစ်ခုထွက်ပေါ်လာသလို အဆိုပါလူကလဲ ငယ်သံပါအောင်အော်ပြီး ရေအိုးကိုလွီတ်ချကာ အိမ်နောက်ဖေးကနေ ပြေးဆင်းသွားတာကို မြင်လိုက်ရတယ်။

" ဆရာ... ဟိုကောင် ပြေးပီ ပြေးပီဗျ"

" ဒီခြံထဲကို၀င်ပြေးတာဆိုတော့ ဒီကောင်ရဲ့ စွဲရင်းက ခြံထဲတစ်နေရာမှာရှိနေလိမ့်မယ်... မောင်တင်စိုး ငါ့ကိုကြက်ဖတစ်ကောင်ရှာပေးလို့ရလား"

" ရပါတယ်ဆရာ... ကျွန်တော် ဘေးခြံကနေ အခုပဲသွားယူလာပေးပါ့မယ်"

မောင်တင်စိုးလဲ ချက်ချင်းဆိုသလို ဘေးခြံမှာကနေ ကြက်ဖတစ်ကောင် တောင်းယူပြီး ပြန်ရောက်လာခဲ့တယ်။

အောင်မြတ်သာလဲကြက်ဖကိုရတာနဲ့ တစ်ကိုယ်လုံးကို ရေနဲ့ဆေးကြောသုတ်သင်ပြီး အသင့်ရေးဆွဲထားတဲ့ ခြေရာကောက်အင်းနှစ်ချပ်ထဲက တစ်ချပ်ကို မီးရှို့ပြာချကာ ကြက်ဖကိုတိုက်လိုက်ပြီး နောက်တစ်ချပ်ကိုတော့ ညာခြေထောက်မှာကပ်ချည်ပေးလိုက်တယ်။

အားလုံးလုပ်ဆောင်ပြီးတာနဲ့ ကြက်ဖရဲ့လည်ဆံမွှေးကို လက်နဲ့သုံးချက်သပ်လိုက်ပြီး လေပေါ်လွှတ်တင်လိုက်ရာ အရောင်အသွေးစုံလင်တဲ့ ကြက်ဖက တောင်ပံကို တဖျတ်ဖျတ်ခတ်ပြီး ခြံထဲမှာရှိတဲ့အပင်တွေကို တစ်ခုချင်းလိုက်ကြည့်နေခဲ့တယ်။ ခဏနေတော့ တစ်စုံတစ်ခုကို မြင်တဲ့ပုံစံနဲ့ ရှေ့ကိုတန်းခနဲ ထွက်သွားပြီး သရက်ပင်အောက်ကိုအရောက်မှာတော့ လူတစ်ရပ်ခန့်မြင့်တဲ့ သစ်ခေါင်းပေါက်ဆီကို ပျံတက်ကာ နှုတ်သီးနဲ့တဒေါက်ဒေါက်ဆိတ်ပါလေရော။

" ခွန်းလှ... သစ်ခေါင်းပေါက်ထဲကြည့်ကြည့်လိုက်.. တစ်ခုခုရှိနေတဲ့ပုံပဲ"

ခွန်းလှလဲ အောင်မြတ်သာစကားကြောင့် သစ်ခေါင်းပေါက်ထဲ လက်နဲ့နှိုက်ကြည့်လိုက်ရာ

" အား... ပူတယ်ဆရာ... အထဲမှာ မီးခဲလိုပူတဲ့အရာတစ်ခုရှိနေတယ်"

" မောင်တင်စိုး... မင်းယူကြည့်စမ်း... "

မောင်တင်စိုးလဲ အောင်မြတ်သာစကားကြောင့် သစ်ခေါင်းပေါက်နားကိုတိုးကပ်သွားတဲ့အချိန် အထဲကနေ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ မျက်နှာတစ်ခု ဘွားခနဲထွက်ပေါ်လာခဲ့တယ်။

" အောင်မလေး... လန့်လိုက်တာကွာ... ဆရာ ဆရာ အထဲမှာ ဟိုကောင် ဟိုကောင် ရှိနေတယ်"

" ဒီကောင်ရဲ့စွဲရင်းကို သစ်ခေါင်းပေါက်ထဲမှာ လာထည့်ထားတာကိုး..."

" ဘယ်သူက လာထည့်ထားတာလဲဆရာ"

" ဒါတွေအသာထားလိုက်ပါဦး... ပြီးရင်တော့ ဘယ်သူဘယ်ဝါဆိုတာသိရပါလိမ့်မယ်... ကဲ မောင်တင်စိုး... ဒီတစ်ခါဘာမှမကြောက်နဲ့ သစ်ခေါင်းပေါက်ထဲကို ပြန်နှိုက်ကြည့်စမ်း"

အောင်မြတ်သာက မောင်တင်စိုးကို သတိပေးသလိုနဲ့ ဦးခေါင်းကိုလက်နဲ့သပ်ချလိုက်ရာ ဒိဗ္ဗစက္ခုအင်းအစွမ်းတွေလက်ထဲမှာပြန်ပါလာခဲ့တယ်။

မောင်တင်စိုးလဲ အမြင်တွေမရှိတော့တာမို့ ဘာမှမမြင်တွေ့ရတော့ပဲ သစ်ခေါင်းပေါက်ထဲကို နှိုက်ကြည့်လိုက်ရာ အထဲကနေ မင်းသား၀တ်စုံ၀တ်ဆင်ထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်ထွက်လာခဲ့တယ်။

" ဒီအရုပ်ကြောင့် ခြံထဲမှာအခုလိုတွေဖြစ်နေတာလားဆရာ"

" ဟုတ်တယ် ... ဒါကြောင့် မင်းကိုယုံကြည်အောင် ကိုယ်တိုင်ယူခိုင်းခဲ့တာပဲ"

" ဒီအရုပ်မရှိရင် ခြံက နဂိုအတိုင်းပြန်ဖြစ်သွားမှာလားဆရာ"

" မသမာသူတွေ နောက်ထပ် နှောက်ယှက်လို့မရအောင် စီရင်ခဲ့ပေးပါ့မယ်... ဒီအရုပ်ကိုတော့ ဆရာတို့ပြန်ယူသွားလိုက်မယ်"

အောင်မြတ်သာက မောင်တင်စိုးကိုင်ထားတဲ့ ရုပ်သေးရုပ်ကို သိမ်၀င်ချည်မန်းကြိုးနဲ့ရစ်ပတ်လိုက်ပြီး လွယ်အိတ

04/04/2024

သင်္ကြန်ကာလအတွင်း

ဌာန မပိတ်ပါ

20/02/2024

၈ ၉

၂၀ ၂ ၂၀၂၄

19/02/2024

၈ ၇

နွမ်းလျအိမ်အပြန်😔😔😔၇ နှစ်တာကာလတလျှောက်  ကုသမှု တရက်မှ မပျက်ကွက်ခဲ့သော  ZBTR ONCOTEAM  🙏🙏🙏
29/08/2023

နွမ်းလျအိမ်အပြန်😔😔😔

၇ နှစ်တာကာလတလျှောက် ကုသမှု တရက်မှ မပျက်ကွက်ခဲ့သော ZBTR ONCOTEAM 🙏🙏🙏

Today's  Quote
10/08/2023

Today's Quote

ဓါတ်ရောင်ခြည်ကုသမှုဌာန၏ရောင်ခြည်ဖြင့်ကုသမှုအား(၁၅.၅.၂၃ တနင်္လာနေ့)တွင်မုန်တိုင်းကြိုတင်ကာကွယ်မှုပြုလုပ်ရန်ပိတ်ထားပီး (၁၆...
13/05/2023

ဓါတ်ရောင်ခြည်ကုသမှုဌာန၏ရောင်ခြည်ဖြင့်ကုသမှုအား
(၁၅.၅.၂၃ တနင်္လာနေ့)တွင်မုန်တိုင်းကြိုတင်ကာကွယ်မှုပြုလုပ်ရန်ပိတ်ထားပီး (၁၆.၅.၂၃ အင်္ဂါနေ့)တွင်ပုံမှန်ပြန်လည်ကုသသွားပါမည်ဖြစ်ပါသည်။
ထိုနေ့အစားအတွက်(၂၀.၅.၂၃ စနေနေ့ )တွင်ဖွင့်လှစ်ကုသပေးပါမည်။ဆေးသွင်းမည့်သူများ၊အရေးပေါ်ကိစ္စရပ်များ၊ဆရာဝန်ပြသမှုများအတွက်မူ အချိန်မရွေးလာရောက်နိုင်ပါသည်။

Address

At The Corner Of Pyinmana Taungnyo Road And Naypitaw Council Street , Near Zizawa Round About, Zabuthiri Township
Nay Pyi Taw
MYANMAR

Website

Alerts

Be the first to know and let us send you an email when ZBTR Radiation Oncology DEPT. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ZBTR Radiation Oncology DEPT.:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram