17/01/2025
🛡 လူတိုင်းသိထားသင့်တဲ့ အစာအိမ်ရောဂါ အကြောင်း
*-*-*-**-*-*-*-*-*-*-*-*-*-*-*-*-
🛡 🛟🫧🍀☘️🌿🌱အစာအိမ်ဘယ်လို ဖြစ်လာလဲ ဆိုတာ သိဖို့ ဆိုရင် အစာအိမ်ဖွဲ့စည်း ပုံ ကို အရင်ဆုံး သိဖို့လိုအပ်ပါတယ်။ အားလုံး သိပြီးတဲ့ အတိုင်း အစာအိမ်ကို အစာတွေရောက်လာတယ်။ အစာချေတယ်။ အဲ့ဒီလို ချေတဲ့ နေရာမှာ အစာအိမ်နံရံကနေ အက်ဆစ်ထုတ်တယ်။ အက်ဆစ်ကနေ အစာကို ချေတယ်။ အစာတွေကို အက်ဆစ်နဲ့ နေ့စဉ်ခြေနေပေမယ့် အစာအိမ်ဘာလို့ မဖြစ်တာလဲ။ ဘာလို့လဲ ဆိုတော့ အစာအိမ်နံရံကို အချွဲထုတ်ပြီး အက်ဆစ် မစားအောင် ကာကွယ်ထားပါတယ်။ အစာရှိနေတဲ့အတွက် အက်ဆစ်က အစာကို အရင်ဆုံးချေဖျက်တဲ့ အတွက် အစာအိမ်နံရံကို တော်ရုံနှင့် မစားနိုင်ပါဘူး။
သို့ပေမယ့် အားလုံးသိပြီး တဲ့အတိုင်း အစာအိမ်မှာ အစာမရှိတဲ့အချိန်များလာလေ ဗိုက်အောင့်လာလေ။ ဘာလို့လဲဆိုတော့ အက်ဆစ်တွေက အစာမရှိတဲ့ အတွက် အစာအိမ်နံရံ ကို ချေဖျက်ခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်နံရံကို အချွဲတွေက ကာကွယ်ပေးထားတဲ့ အတွက် အစာအိမ်နံရံက တော်ရုံ အက်ဆစ်မလောင်ပါဘူး။
🛡 အများသိပ်မသိသေးတဲ့ အချက်က အခုမှလာပါတယ်။ အစာအိမ်ပိုးလို့ခေါ်တဲ့ H.Pylori ပိုးရှိနေရင်တော့ အစာအိမ်ကို ကာကွယ်ထားတဲ့ အချွဲတွေကို အစာအိမ်ပိုးက ချေဖျက်လိုက်ပါတယ်။ ဒါကြောင့် အစာအိမ်ပိုးရှိနေတာနဲ့ အတော်များများ က အစာအိမ်ဖြစ်ကြပါတယ်။ အစာအသောက်မမှန်တာ၊ အစပ်စားတာများတာ၊ အရက်သောက်များတာ လေး အစရှိတဲ့ အနေအထိုင် မမှန်တာ ဖြစ်တာနဲ့ကို လပိုင်း အတွင်း အစာအိမ်ဖြစ်စေပါတယ်။ ဒါ့အပြင် ပုံမှန်အစာအိမ်ဆေးတွေ သောက်လည်း မသက်သာတာမျိုး ဖြစ်တတ်ပါတယ်။
🛡 အစာအိမ်ပိုးကို ကုသဖို့အတွက်က အစာအိမ်ပိုးသတ်ဆေးသောက်ပြီး ကုသရပါတယ်။ ကုသမှုသေချာမခံယူပဲ ပေါ့ပေါ့ဆဆ အနေအထိုင်မဆင်ခြင်တဲ့ အခါ အစာအိမ်က မပျောက်တဲ့ အပြင် အစာအိမ်ပိုးက နှစ်အတော်အတန်ကြာတဲ့အခါ အစာအိမ်အလုံးအကျိတ် ဖြစ်စေတတ်ပါတယ်။ အစာအိမ်အလုံး အကျိတ်က အစာအိမ်ပိုးရှိသူတိုင်း ဖြစ်တာမဟုတ်ပေမယ့် အစာအိမ်ပိုး ရေရှည်အောင်းနေတဲ့ သူတွေမှာ အဖြစ်များတဲ့ အတွက် သတိပြုသင့်ပါတယ်။ 🛡 ဒါ့ကြောင့် အသက် ၅၀ ကျော်လာလျှင် အစာအိမ်မှန်ပြောင်းကို ကျန်းမာရေးစစ်ဆေးခြင်း အတွက် စစ်ဆေးကြခြင်းဖြစ်ပါတယ်။ အစာအိမ်မှန်ပြောင်း ကြည့်ရှုနေစဉ်အတွင်း အစာအိမ်ပိုး ရှိမရှိကိုပါ တစ်ခါတည်း ပိုးမွေးစစ်ဆေး၍ ရသည့်အတွက် အစာအိမ်ပိုးရှိပါက ချက်ချင်း ကုသ၍ ရခြင်း ဖြစ်ပါတယ်။
🛡 ကျွန်တော်တို့ရဲ့ ခိုင်သစ္စာ တိုင်းရင်းဆေး ကို ပုံမှန်လေး မှီဝဲရင်း အစာအိမ်ရောဂါ များ ၊ ဆီး ဝမ်း လေ ပုံမှန်ဖြစ်စေပြီး မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ပြီပဲ ဖြစ်ပါတယ် ခင်ဗျာ ။
⚜️⚜️⚜️⚜️⚜️⚜️
- ခိုင်သစ္စာ တိုင်းရင်းဆေးကို မှီ၀◌ဲ ေ၀ဒနာ သက်သာသွားသူများမှာ ဒုနဲ့ဒေးပင်ဖြစ်သည် ။ အပြောမဟုတ် လက်တွေ့ချည်းသာဖြစ်သည် ။
- ခိုင်သစ္စာ တိုင်းရင်းဆေးရဲ့ ကောင်းခြင်းမဂ်လာနဲ့ အတူ တစတစ နာမည်ကြီးလာသည့် အလျောက် နိုင်ငံ အနှံ့မှ သုံးစွဲခြင်း သူများ ပေါ်ပေါက်လာခဲ့သည် ယနေ့ထိတိုင် ဖြစ်သည် ။
- ခိုင်သစ္စာ တိုင်းရင်းဆေးတိုက်ရဲ့ စေတနာ အတတ်ပညာ နဲ့ ထုတ်လုပ်ထားသော ဆေးဗူးများကို နှိင်ငံ အနှံ့ စေ◌ျးသက်သာစွာ ပြန့်သွားစေလိုသည် မှာ ခိုင်သစ္စာ တိုင်းရင်းဆေး တိုက်ရဲ့ အဓိက ရည်ရွယ်ချက်ပင် ဖြစ်တော့သည် ။
⚜️⚜️⚜️⚜️⚜️⚜️
သို့ဖြစ်ပါသောကြောင့် ခိုင်သစ္စာ တိုင်းရင်းဆေးတိုက် ဖြင့် အမှန်အကန် လက်တွဲလုပ်ကိုင်လိုသည့် လက်ကားအရောင်း ၊ ဖြန့်ချီးရေးကိုယ်စားလှယ် (သို့မဟုတ်) ဆေးဆိုင်ပိုင်ရှင် များ ဆက်သွယ်လာစေချင်ပါသည် ။
⚜️⚜️⚜️⚜️⚜️⚜️
ဆက်သွယ်ရန်
အမှတ်(၇၆)၊ (၂၆)လမ်း၊ အောက်လမ်း ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
-095096607 , 09 777672227