Pills For You

Pills For You Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pills For You, Pharmacy / Drugstore, Naypyidaw.

သရက်သီးက အသီးတွေထဲမှာ Super fruit ဖြစ်နေရတဲ့ အကြောင်းလေးတွေကို သိပြီးကြပြီလား ? 🤔ကဲ မသိသေးရင် မင်နဲ့တူတူ ဖတ်ကြည့်ကြမယ် 🤩...
02/06/2024

သရက်သီးက အသီးတွေထဲမှာ Super fruit ဖြစ်နေရတဲ့ အကြောင်းလေးတွေကို သိပြီးကြပြီလား ? 🤔

ကဲ မသိသေးရင် မင်နဲ့တူတူ ဖတ်ကြည့်ကြမယ် 🤩

သိပြီးသားသူလေးတွေကတော့ ကိုယ်သိထားတာလေး

တူမတူ၊ တခြားဘယ်လိုလေးတွေကောင်းသေးလဲဆိုတာ ပြောပေးခဲ့ကြနော် 🥳

နံပါတ် ၁ အနေနဲ့က သရက်သီးက Vit C တွေကြွယ်ဝတဲ့အတွက် မင်တို့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်ပေးပါတယ်။ အဲဒီအပြင်ကို Vit A ပါကြွယ်ဝတဲ့အတွက် ကျန်းမာလှပတဲ့အသားအရေကိုလည်း ရစေပါတယ်တဲ့။

နံပါတ် ၂ အနေနဲ့ကတော့ antioxidants ဖြစ်တဲ့ Vit C အပြင် Beta carotene ပါပါဝင်တဲ့အတွက် အသားအရေအတွက်ကောင်းတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကို အတိုင်းအတာတခုထိ တားပေးနိုင်တာပေါ့နော် 🥳

နံပါတ် ၃ အနေနဲ့က ဦးနှောက်မှတ်ဉာဏ်အတွက်ပါ support ပေးပါတယ်တဲ့။brain ကျန်းမာရေးကို support ပေးတဲ့ အာဟာရဓာတ်စုံနေအောင်ပါလို့ပါတဲ့ ။ အဲထဲမှာဆိုရင် Vit B6, vit C , Folate နဲ့glutamine တွေပါတာပါတဲ့။ဒီထဲက Vit B 6 ဆိုရင် neurotransmitter တည်ဆောက်ဖို့အတွက် တကယ်အရေးပါတဲ့ vit လေးတခုပေါ့နော် ။Vit C နဲ့ Folate ကတော့မှတ်ဉာဏ်လျော့နည်းတဲ့ risks ကိုနည်းစေနိုင်တာပေါ့လေ ။

နံပါတ်(၄) အနေနဲ့ကတော့ သွေးတွင်းသကြားဓာတ်ကိုregulate ပေးနိုင်ပါတယ်တဲ့။မနည်းမများပမာဏမှန်မှန်ကန်ကန်စားပေးတတ်ရင် သွေးတွင်းသကြားဓာတ်ကိုမှန်စေပါတယ်ပေါ့နော်။ သရက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်က သွေးထဲသကြားဓာတ်စုပ်ယူမှုနှေးစေပြီး မြန်မြန်မရောက်စေနိုင်တော့ပါဘူးတဲ့။
နှေးစေပါတယ်ဆို မြန်မြန်မရောက်နိုင်ဘူးပေါ့နော်🤣🤪

နံပါတ်(၅ ) အနေနဲ့ သရက်သီးမှာ Digestive enzymes (အစာချေ အင်ဇိုင်း) တမျိုးဖြစ်တဲ့ Amylaseပါဝင်နေတဲ့အတွက် အစာခြေစနစ်အတွက် ကောင်းပါသေးတယ်နော် ။အပေါ်ကအချက်မှာပြောခဲ့သလို သူ့မှာပါတဲ့အမျှင်ဓာတ်က အူလမ်းကြောင်းလှုပ်ရှားမှုအတွက်ကောင်းလို့ ဝမ်းချုပ်တာမျိုးတွေ မဖြစ်နိုင်တော့ဘူးပေါ့။ ဆိုတော့ ကျန်းမာတဲ့ အူလမ်းကြောင်းလေးကိုပိုင်ဆိုင်ရတာပေါ့နော် ။

နံပါတ် (၆)အနေနဲ့သရက်သီးမှာVit A ကလည်းပမာဏတခုထိကြွယ်ဝစွာပါနေတဲ့အတွက် မျက်စိကျန်းမာရေးအတွက်လည်းကောင်းပါတယ်တဲ့။ဆိုတော့ ကောင်းမွန်တဲ့ အမြင်အာရုံစနစ်ကိုကောင်းစေတာပေါ့နော် ။ အဝေးက Crush ပါးပေါ်ကအပြုံးလေးကို အထင်းသားမြင်ရတာပေါ့ အဲတာဆိုရင်🤣🫶🏻🙁

နံပါတ် (၇) အနေနဲ့ကတော့ သူ့မှာရေဓာတ်လည်းပမာဏတခုအထိပါဝင်နေတဲ့အတွက် hydrated (ရေဓာတ်) ပြည့်ဝနေစေတာပေါ့နော် ။

ဒါလေးကတော့ သရက်သီးရဲ့Super Fruits ဆိုတဲ့အတိုင်း ခန္ဓာကိုယ်အတွက် "ကောင်းစေတာလေး" တွေ hightlightထားရေးထားတာမို့ပါ။ ဘယ်အရာမှာမဆို အကောင်း အဆိုး ဒွန်တွဲနေတဲ့အတွက် မကောင်းတဲ့အချက်ကလေးတွေတော့ ရှိတာပေါ့လေ။ဒါကြောင့်မို့ ပြောနေကြအတိုင်း

တန်ဆေးလွန်ဘေးမို့ ချင့်ချိန်စားသုံးတတ်တဲ့ ကျန်းမာချမ်းသာတဲ့သူလေးတွေဖြစ်ကြပါစေနော် 🥳🫶🏻

Reference - https://timesofindia.indiatimes.com/life-style/health-fitness/web-stories/mango-benefits-10-reasons-that-make-it-the-king-of-all-fruits/photostory/110559985.cms








ငှက်ပျောသီး  - Banana ဒီနေ့မှာတော့ မင်မင်က ငှက်ပျောသီးလေးစားရင်း သူ့အကြောင်း ရှာဖတ်ရင်း ကောင်းတဲ့အချက်လေးတွေတွေ့လာလို့ က...
18/05/2024

ငှက်ပျောသီး - Banana

ဒီနေ့မှာတော့ မင်မင်က ငှက်ပျောသီးလေးစားရင်း

သူ့အကြောင်း ရှာဖတ်ရင်း ကောင်းတဲ့အချက်လေးတွေ

တွေ့လာလို့ ကောက်နုတ်ရေးသားလိုက်ပါတယ်နော်။

ငှက်ပျောသီးဟာဆိုရင် Potassium နဲ့ Vitamin B 6

တွေလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်လေးတွေ

ရဲ့ rich source ဖြစ်ပါတယ် ။

နောက်ပြီးတော့ နှလုံး ကျန်းမာရေးအတွက်

အထောက်အကူဖြစ်တဲ့ ဓာတ်လေးတွေရော၊

energy(စွမ်းအင်) တွေရော ပေးနိုင်တဲ့ထိ

အာဟာရဓာတ်ကြွယ်ဝတဲ့အသီးဖြစ်ပါတယ်။ ကဲဒါဆိုရင်

ခေါင်းစဉ်ပိစိလေး ၄ ခုခွဲပြီးပြောပြသွားမယ်နော် ။

(၁) ငှက်ပျောသီးနှင့် အမျှင်ဓာတ်

လေ့လာတွေ့ရှိချက်အရ လူတွေက သူတို့ရဲ့အသက်နဲ့

Gender ပေါ်မူတည်ပြီးတော့ တနေ့ကို Fibre ( အမျှင်ဓာတ်)

22 g (ဂရမ်) မှ 34 g(ဂရမ်) အတွင်း စားပေးသင့်ပါတယ်တဲ့။

အမျှင်ဓာတ်ဟာဆိုရင်

ခန္ဓာကိုယ်ရဲ့ Digestive systems (အစာခြေစနစ်) နဲ့

နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ဓာတ်လေးပါ။

သူက အသီး၊အရွက်၊အစေ့အဆန်တွေမှာ အဓိကတွေ့ရပါတယ် ။

အမျှင်ဓာတ်ဟာဆိုရင် type 2 DM ( အမျိုးအစား ၂ ဆီးချို) ဖြစ်နိုင်ချေrisks

နဲ့ Colon cancer ( အူမကြီးကင်ဆာ ) risks ကိုလည်း

လျော့နည်းသွားစေနိုင်ပါတယ်တဲ့။

ဒါကြောင့်မို့ ငှက်ပျောသီးစားပေးခြင်းက

လိုအပ်တဲ့ အမျှင်ဓာတ်ကို ပေးစွမ်းနိုင်ပါတယ် ။

၇ လက်မ လောက်ရှိတဲ့ ငှက်ပျောသီးတလူံးက

အမျှင်ဓာတ် (3 g ) အထိ ပါဝင်ပါတယ်တဲ့။

(၂) ငှက်ပျောသီးနှင့်နှလုံးကျန်းမာရေး

အသီးအနှံ့တွေမှာ တွေ့ရတဲ့ Soluble fibre တွေ

ခန္ဓာကိုယ်အတွက် မကောင်းတဲ့ Cholesterol (အဆီဓာတ်)

တွေစုပ်ယူခြင်းကိုတားလိုက်တယ် ။ Soluble fibre

တွေပါဝင်မှုများခြင်းက

Cholesterol ကိုပိုလျှော့ချပေးနိုင်လေမို့ နှလုံးကျန်းမာရေးနဲ့

လေဖြတ်နိုင်ခြင်း risk ကို နည်းသွားစေနိုင်ပါတယ်တဲ့။

(3) ငှက်ပျောသီး နှင့် Potassium

Potassium ဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့

သတ္တုဓာတ်တမျိုးပါ။ငှက်ပျောသီး ( အနေတော် size )

တလုံးစားလိုက်ရင် တနေ့တာအတွက်လိုအပ်တဲ့

potassium ရဲ့ ၉% လောက် ရစေနိုင်ပါတယ်လို့ ဆိုထားပါတယ် ။

Potassium က ကြွက်သားလှုပ်ရှားမှုအတွက် အာရုံကြော

စနစ် ပို့ဆောင်စီးကူးမှုအတွက်လည်း အရေးပါပါတယ် ။

ဒါကြောင့်မို့ Potassium အားနည်းလို့ ဖြစ်တတ်တဲ့

ကြွက်သားအားနည်းခြင်းတွေလည်း ဖြစ်နိုင်ချေနည်းစေပါတယ် ။

(၄) ငှက်ပျောသီးနှင့် Vitamin B 6

Vitamin B 6 ဟာဆိုရင်

ခန္ဓာကိုယ်ရဲ့ energy metabolism ( စွမ်းအင်ရဲ့ ဇီဝဖြစ်

ပျက်မှု) နှင့် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့
Essential Vitamin ဖြစ်ပါတယ် ။

ငှက်ပျောသီးစားပေးခြင်းက ဒီလိုအရေးပါတဲ့

Vitamin B 6 လည်းရရှိစေနိုင်ပါတယ် ။

ကဲဒီလောက်ဆိုရင် Banana ရဲ့ ကောင်းတဲ့အချက်လေးတွေ ကိုယ်သိထားပေမဲ့ ဖတ်ရင်းနဲ့ပြန်ပြီး remind လုပ်မိတယ် ထင်ပါတယ်နော် ။

ဘယ်အရာမှာမဆို တန် ဆေး လွန်ဘေး မို့လို့ ချင့်ချိန်ပြီး

စားသုံးတတ်ဖို့လည်း လိုပါတယ် နော် ။

Reference - https://www.health.com/bananas-8413931






"Garlic  - ကြက်သွန်ဖြူ "ကြက်သွန်ဖြူဆိုရင် Home remedies အိမ်ရှင်မတိုင်းအတွက်မရှိမဖြစ်လေးပေါ့နော် 🥳ဟင်းချက်ရာမှာလည်းအသုံး...
15/05/2024

"Garlic - ကြက်သွန်ဖြူ "

ကြက်သွန်ဖြူဆိုရင် Home remedies

အိမ်ရှင်မတိုင်းအတွက်မရှိမဖြစ်လေးပေါ့နော် 🥳

ဟင်းချက်ရာမှာလည်းအသုံးဝင်သလို ကျန်းမာရေးအတွက်

လည်းအထောက်အကူပြုတာ ကြက်သွန်ဖြူပါ 🤩

ကြက်သွန်ဖြူရဲ့သိပ္ပံနာမည်ကို Allium Sativum

မျိုးနွယ်ဝင်ကတော့ Liliaceae

ကျန်းမာရေးအတွက်ဘယ်လို ကောင်းလဲဆိုတာလေးတွေ

ကို ကောက်နုတ် ဖော်ပြပြောပြသွားပါ့မယ်နော် 🥳

သူ့မှာ အဓိကပါဝင်တဲ့ Chemical constituents ကတော့

Allicin ဖြစ်ပါတယ် ။သူက ကြက်သွန်ဖြူဥလေးတွေကို

လှီးလိုက်မှသာဖြစ်ပေါ်လာတဲ့ constituents ပေါ့

"မင်းကိုတွေ့တွေ့ချင်းချစ်မိတဲ့စိတ်ပေါ်လာသလို လှီးလိုက်မှ ထွက်လာတာလေးပေါ့နော်" 😂

နောက်ထပ် ပါဝင်ပစ္စည်းတခုကတော့ Sulphur compoundsတွပေါ့နော်.... သူကလည်း ခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့ထဲကတခုပါ......

နောက်ထပ်က ကြက်သွန်ဖြူမှာဆိုရင် Vit C , Vit B 6, selenium ,fibre အမျှင်ဓာတ်တို့လည်း အချိုးညီညီပါနေတာဖြစ်တယ် ....

2016 ခုနှစ်သုတေသနအရဆိုရင် Garlic က

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် Immune system ကို Boost

လုပ်ပေးနိုင်ပါတယ်တဲ့ ....ဆိုတော့ ရာသီ

အပြောင်းအလဲမှာဖြစ်တတ်တဲ့ seasonal flu ရာသီ

တုပ်ကွေးလိုမျိုးကို တိုက်ဖျက်ပေးနိုင်

တယ် .....နောက်ထပ်တခုက သွေးပေါင်ကျစေတာ

ပြီးတော့ မကောင်းတဲ့အဆီတွေပါကျစေနိင်ပါတယ်…..

ကြက်သွန်ဖြူ အကြောင်းလေးကတော့ ဒီလောက်ပါပဲနော် 🍀

ဘယ်အရာမှာ မဆို တန်ဆေး လွန်ဘေးမို့လို့

ချင့်ချိန်စားသုံးတတ်ဖို့လည်းလိုပါတယ်နော်🥳

အားလုံးပဲ သက်ရှည်ကျန်းမာစိတ်ချမ်းသာတဲ့ဘဝလေးတွေ

ပိုင်ဆိုင်နိုင်ပါစေရှင့် .....

Reference -https://www.healthline.com/nutrition/11-proven-health-benefits-of-garlic

Sitagliptin  Oral Hypoglycaemic(ဆီးချိုကျဆေး၊သောက်ဆေး) အမျိုးအစားတွေထဲကတခုဖြစ်တဲ့ DPP - 4 Inhibitors ထဲမှာပါပါတယ် 😎Type ...
17/02/2024

Sitagliptin

Oral Hypoglycaemic(ဆီးချိုကျဆေး၊သောက်ဆေး)

အမျိုးအစားတွေထဲကတခု

ဖြစ်တဲ့ DPP - 4 Inhibitors ထဲမှာပါပါတယ် 😎

Type 2 DM သမားတွေအတွက်သုံးလို့ရတာဖြစ်ပါတယ်...

DPP-4 ( Dipeptidyl peptidase -4 ) ဆိုတာ

Incretins,GLP -1များကိုဖြိုဖို့ထွက်လာတဲ့ အင်ဇိုင်း တမျိုးဖြစ်ပါတယ်။

ဆေးရဲ့သွေးတွင်းသကြားဓာတ်ကျပုံ အဆင့်ဆင့်-

Sitaglip ဆိုတဲ့ဆေးကတော့ Incretin ကိုထွက်စေတဲ့

DPP -4 ဆိုတဲ့ကောင်ကို တားလိုက်တယ်။

ကဲ ဒီကနေဆိုလိုရင်းကိုရောက်ပါပြီ 🤩DPP 4 ကတားခံလိုက်ရတော့ သူက GLP-1 ကိုမဖြိုနိုင်။ မဖြိုနိုင်တော့🤣

မပြိုလဲသွားတဲ့ GLP 1 ကတော့ "Insulin ထွက်လာတာကို

များလာစေတယ်"အင်ဆူလင်ဆိုတာက Pancreas (မှုန့်ချို

အိတ်)ကနေထွက်လာတဲ့ Endocrine ( အင်ဒိုခရိုင်း)

ဟော်မုန်းတမျိုး ။ အင်ဆူလင်က ကလူးဂို့စ် ကို

ပုံမှန်လယ်ဗယ်ရောက်စေတယ် "ဆီချိုဆိုတာ သွေးတွင်း

အချိုဓာတ်များတဲ့ရောဂါမို့ သွေးတွင်းအချိုဓာတ်ကိုကျစေ

ဖို့အတွက်လိုအပ်တဲ့အင်ဆူလင်ဟာ နောက်ဆုံးတော့

ဖူးစာရှင် အစစ်လို တဆင့်ပြီးတဆင့်ကျော်ပြီးမှ

ထွက်လာပါတော့တယ် 🤓

အဲလိုနည်းနဲ့ သွေးတွင်းအချိုဓာတ်ကိုထိန်းလိုက်နိုင်သွားပါတယ် ။

History - Sitaglip ကို UA FDA ကနေ 2006 ခုနှစ်မှာစပြီး Approve ခဲ့ပါတယ် ။

Dose( သောက်ရမယ့်ပမာဏ ) - အနေနဲ့ကတော့ 100 mg ကို

Physician ညွှန်ထားတဲ့အတိုင်း တနေ့တကြိမ် အစာမစားခင် သော်လည်းကောင်း အစာစားပြီးသော်လည်းကောင်း
သောက်ပေးရပါတယ် ။( POM drungs ဖြစ်ပါတယ် )

Prescription Only drugs ဆိုတာက ဆရာဝန်ညွှန်းထားမှ

သောက်ရတဲ့ဆေးအမျိုးအစားဖြစ်ပါတယ် ။

နေ့တိုင်းပုံမှန် တိတိကျကျသောက်ပေးမှ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာထိန်းနိုင်မှာလည်းသိထားဖို့လိုပါတယ်နော် 😉

ဘယ်လိုဘယ်ချိန်သောက်ရမလဲကို Physician

ဆရာဝန် ၊ Pharmacist ဆေးဝါးပညာရှင် တို့ဆီမှာ

အသေးစိတ်မေးလို့ရပါတယ် ......

ဆေးရဲ့ side effects ဘေးထွက်ဆိုးကျိုးအနေနဲ့

အစာချေစနစ်ကိုဟန့်တားပြီးမှ အာနိသင်ရတဲ့ဆေးမို့

အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ အစာစားချင်စိတ်မရှိ

တာမျိုးတွေတော့ ရှိတတ်ပါတယ်။ခေါင်းကိုက်တာ၊

လည်ချောင်းနာတာ၊ပျို့အန်ချင်တာမျိုးတွေလည်းဖြစ်

တတ်ပါတယ် ။ဆိုးဝါးတဲ့ဘေးထွက်ဆိုးကျိုးခံစားရ

ရင်တော့ ဆရာဝန်ကိုတိုင်ပင်ပြောပြဖို့လိုပါတယ်နော် ။

သူ့ကို Metformin နဲ့တွဲပြီး Fixed dose combination

လုပ်ထားတဲ့ Formulations ကိုလည်း "Janumet ,Janumet XR "

ဆိုတဲ့ Trade Name နဲ့ US FDA က 2011 မှာ Approve ခဲ့ပါတယ်။

Combinations ကတော့ ပိုပြီးEffective ဖြစ်တာတွေ့ရပါတယ် ။

Pills for You တို့အတွက် ပိုမိုကောင်းမွန်တဲ့ ဆေးဝါးအသုံးပြုမှု ရရှိဖို့အတွက် ဒီထက်မက များများSharing လုပ်ပါဦးမယ် 💛

ပုံလေးက Sitaglip ရဲ့ Structure ပါနော် ။






ကိုးကားချက် - https://en.m.wikipedia.org/wiki/Sitagliptin

https://medlineplus.gov/druginfo/meds/a606023.html

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Pills For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pills For You:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram