Dr.Thet Health &Medication

Dr.Thet Health &Medication နာတာရှည်ရောဂါရှင်များအတွက် ကျန်းမာရေးလမ်းညွှန်နှင့် ဆေးဝါးဗဟုသုတများကို ဆရာဝန်ကိုယ်တိုင် မျှဝေပေးနေသော Page ဖြစ်သည်

စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေကို သင်သိပါသလား?စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာပဲ မဟုတ်ဘဲ ကိုယ်ခန္ဓာနဲ့ အပြုအမူ မှာလည်း လက္ခဏာပ...
03/04/2026

စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေကို သင်သိပါသလား?
စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာပဲ မဟုတ်ဘဲ ကိုယ်ခန္ဓာနဲ့ အပြုအမူ မှာလည်း လက္ခဏာပြတတ်ပါတယ်။
အချိန်မီ သတိထားမိရင် ပိုဆိုးမလာခင် ထိန်းချုပ်နိုင်ပါတယ်။
စိတ်ဖိစီးမှုရှိနိုင်တဲ့ လက္ခဏာများ-
-အလွယ်တကူ စိတ်တိုလာခြင်း
-စိတ်မတည်ငြိမ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း
-အာရုံစိုက်ရခက်ခြင်း
-အိပ်မပျော်ခြင်း၊ အိပ်ရေးပျက်ခြင်း
-ခေါင်းကိုက်ခြင်း
-ရင်တုန်ခြင်း
-အသက်ရှုမြန်ခြင်း
-ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်း
-အစားအသောက်ပုံစံပြောင်းလဲခြင်း
-လူတွေကို ရှောင်ချင်လာခြင်း
ဘာလုပ်သင့်လဲ? -
*အိပ်ချိန်မှန်အောင်ထားပါ
*အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ
*ကော်ဖီ၊ အရက် လျှော့ပါ
*ဖုန်းသုံးချိန်ကို ကန့်သတ်ပါ
*ယုံကြည်ရတဲ့သူနဲ့ ပြောဆိုပါ
လက္ခဏာများ ဆက်လက်ကြာနေပါက ဆရာဝန်နဲ့ တိုင်ပင်ပါ
# #စိတ်ဖိစီးမှုကို မျက်ကွယ်မပြုပါနဲ့။ # #
စောစောသိ၊ စောစောစီမံ၊ စောစောကာကွယ်ပါ။
ပိုပြီးအသေးစိတ်သိချင်ရင် Inbox မှာ မေးမြန်းနိုင်ပါတယ်။
စိတ်ဖိစီးမှုလက္ခဏာတွေကို မျက်လုံးမလွှဲပါနဲ့။
အိပ်မပျော်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း စတာတွေက စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။
လက္ခဏာတွေကြာလာရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့။Dr.Thet Health&Medication ရဲ့chatbox မှာဆွေးနွေး တိုင်ပင်နိုင်ပါတယ်။
#စိတ်ဖိစီးမှု

ဆီးချိုသမားများ သတိထား ရှောင်ကြဉ်ရမည့် အစားအစာ (၅) မျိုး :ဆီးချိုရောဂါရှိသူတွေအတွက် အစားအသောက် ဆင်ခြင်ခြင်းဟာ ဆေးသောက်တာ...
03/04/2026

ဆီးချိုသမားများ သတိထား ရှောင်ကြဉ်ရမည့် အစားအစာ (၅) မျိုး
:ဆီးချိုရောဂါရှိသူတွေအတွက် အစားအသောက် ဆင်ခြင်ခြင်းဟာ ဆေးသောက်တာထက်တောင် ပိုပြီး အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်စေဖို့ အောက်ပါ အစားအစာတွေကို အထူးသတိထား ရှောင်ကြဉ်သင့်ပါတယ်-
၁။ အချိုရည်နှင့် ဆိုဒါများ - သကြားဓာတ် အလွန်အမင်း များပြားပြီး သွေးချိုကို ချက်ချင်း တက်စေပါတယ်။
၂။ ဖြူဖွေးသော ကစီဓာတ်များ - ဆန်ဖြူ၊ ပေါင်မုန့်ဖြူနဲ့ ခေါက်ဆွဲဖြူတွေဟာ သွေးတွင်းသကြားဓာတ်ကို မြန်မြန်ဆန်ဆန် တိုးစေပါတယ်။
၃။ အသင့်စား အဆာပြေမုန့်များ - အာလူးကြော်နဲ့ ထုပ်ပိုးထားတဲ့ မုန့်တွေမှာ ဆားနဲ့ ဆီဓာတ် များပြားလို့ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
၄။ အချိုကဲသော သစ်သီးများ - သရက်သီးမှည့်၊ ဒူးရင်းသီးနဲ့ စပျစ်သီးတွေကို အလွန်အကျွံ မစားသင့်ပါဘူး။
၅။ ပြုပြင်ထားသော အသားများ - ဝက်အူချောင်း၊ ကြက်အူချောင်းတွေမှာ ပါဝင်တဲ့ တာရှည်ခံဆေးတွေဟာ ဆီးချိုဝေဒနာရှင်တွေအတွက် မသင့်တော်ပါဘူး။
အကြံပြုချက်: အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီမပါတဲ့ အသားတွေကို ပိုမိုစားသုံးပေးပါ။ဒီအချက်လေးတွေကို သင့်ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ သိရအောင် Share ထားလိုက်ပါဦး။ ကျန်းမာတဲ့ လူနေမှုဘဝကို အတူတူ တည်ဆောက်ကြရအောင်။ #ဆီးချို #ကျန်းမာရေးဗဟုသုတ

ဆီးချိုသမားများ သတိထား ရှောင်ကြဉ်ရမည့် အစားအစာ (၅) မျိုး ဆီးချိုရောဂါရှိသူတွေအတွက် အစားအသောက် ဆင်ခြင်ခြင်းဟာ ဆေးသောက်တာထ...
26/03/2026

ဆီးချိုသမားများ သတိထား ရှောင်ကြဉ်ရမည့် အစားအစာ (၅) မျိုး
ဆီးချိုရောဂါရှိသူတွေအတွက် အစားအသောက် ဆင်ခြင်ခြင်းဟာ ဆေးသောက်တာထက်တောင် ပိုပြီး အရေးကြီးပါတယ်။
🩺✨သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်စေဖို့ အောက်ပါ အစားအစာတွေကို အထူးသတိထား ရှောင်ကြဉ်သင့်ပါတယ်-
၁။ အချိုရည်နှင့် ဆိုဒါများ - သကြားဓာတ် အလွန်အမင်း များပြားပြီး သွေးချိုကို ချက်ချင်း တက်စေပါတယ်။ 🥤
၂။ ဖြူဖွေးသော ကစီဓာတ်များ - ဆန်ဖြူ၊ ပေါင်မုန့်ဖြူနဲ့ ခေါက်ဆွဲဖြူတွေဟာ သွေးတွင်းသကြားဓာတ်ကို မြန်မြန်ဆန်ဆန် တိုးစေပါတယ်။ 🍚
၃။ အသင့်စား အဆာပြေမုန့်များ - အာလူးကြော်နဲ့ ထုပ်ပိုးထားတဲ့ မုန့်တွေမှာ ဆားနဲ့ ဆီဓာတ် များပြားလို့ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ 🍟
၄။ အချိုကဲသော သစ်သီးများ - သရက်သီးမှည့်၊ ဒူးရင်းသီးနဲ့ စပျစ်သီးတွေကို အလွန်အကျွံ မစားသင့်ပါဘူး။ 🥭
၅။ ပြုပြင်ထားသော အသားများ - ဝက်အူချောင်း၊ ကြက်အူချောင်းတွေမှာ ပါဝင်တဲ့ တာရှည်ခံဆေးတွေဟာ ဆီးချိုဝေဒနာရှင်တွေအတွက် မသင့်တော်ပါဘူး။
🌭✅ အကြံပြုချက်:
အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီမပါတဲ့ အသားတွေကို ပိုမိုစားသုံးပေးပါ။ဒီအချက်လေးတွေကို သင့်ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ သိရအောင် Share ထားလိုက်ပါဦး။ ကျန်းမာတဲ့ လူနေမှုဘဝကို အတူတူ တည်ဆောက်ကြရအောင်။ 💪❤️ #ဆီးချို #ကျန်းမာရေးဗဟုသုတ

သွေးတိုးရှိသူတိုင်း သတိထားရမယ့် "ဆီးချို" ဆိုတဲ့ အဖော်မွန်​ ကျွန်တော်တို့ ပထမအပိုင်းမှာသွေးတိုးရောဂါအကြောင်း ပြောခဲ့ကြပြ...
25/03/2026

သွေးတိုးရှိသူတိုင်း သတိထားရမယ့် "ဆီးချို" ဆိုတဲ့ အဖော်မွန်
​ ကျွန်တော်တို့ ပထမအပိုင်းမှာသွေးတိုးရောဂါအကြောင်း ပြောခဲ့ကြပြီးပြီနော်။ သွေးတိုးရောဂါရှိနေပြီဆိုရင် သူ့ရဲ့ နောက်ကွယ်မှာ ခိုးကြောင်ခိုးဝှက် လိုက်လာတတ်တဲ့ နောက်ထပ် "အဖော်မွန်" တစ်ယောက် ရှိပါတယ်။ အဲဒါကတော့ "ဆီးချိုရောဂါ (Diabetes)" ပါပဲ။
❓​ဘာကြောင့် ဒီနှစ်ခုက တွဲနေတတ်တာလဲ?
​၁။ အကြောင်းရင်းချင်း တူညီခြင်း: သွေးတိုးနဲ့ ဆီးချိုဟာ နေထိုင်မှုပုံစံမမှန်ခြင်း၊ အဆီများတဲ့ အစားအသောက် စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် အဖြစ်များတတ်ပါတယ်။
၂။ နှလုံးနဲ့ သွေးကြောကို ထိခိုက်စေခြင်း: နှစ်ခုစလုံးက နှလုံးနဲ့ သွေးကြောတွေကို တိုက်ရိုက်ထိခိုက်စေပြီး နောက်ဆက်တွဲ ပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
၃။ ကျောက်ကပ်ကို ထိခိုက်စေခြင်း: သွေးတိုးရော၊ ဆီးချိုရောက ကျောက်ကပ်ကို အဓိက ထိခိုက်စေတဲ့ ရောဂါတွေ ဖြစ်ပါတယ်။
❗​သွေးတိုးရှိသူတွေအနေနဲ့ ဆီးချိုရောဂါကိုဘယ်လိုကာကွယ်မလဲ?
♦​သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးပါ: မိမိမှာ ဆီးချိုရှိနေသလားဆိုတာကို သိရှိဖို့အတွက် သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ (အစာမစားမီ ၈ နာရီခန့် အစာဖြတ်ပြီး စစ်ဆေးခြင်း)
​အစားအသောက် ဆင်ခြင်ပါ: အချိုလွန်ကဲတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ အသင့်စား အစားအစာတွေကို လျှော့ချပါ။
♦​ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ: နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်တာမျိုး၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်တာမျိုး ပြုလုပ်ပါ။
♦​ကိုယ်အလေးချိန် ထိန်းညှိပါ: မိမိရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်အဆင့်မှာ ရှိနေအောင် ထိန်းသိမ်းပါ။
​💡 Dr. Thet’s Advice:
သွေးတိုးနဲ့ ဆီးချိုက တွဲနေတတ်တဲ့ "မိတ်ဆွေ" တွေ ဖြစ်ပါတယ်။ တစ်ခုကို ထိန်းချုပ်နိုင်ရင် နောက်တစ်ခု ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။ မိမိကျန်းမာရေးကို ဂရုစိုက်ပြီး ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ မမေ့ပါနဲ့နော်။ ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများပြုလုပ်နိုင်ရန် သို့မဟုတ်ဆေးခန်းသိုကိုယ်တိုင်လာရောက်ဆွေးနွေးနိုင်ရန် page messanger မှတဆင့်ဆက်သွယ်နိုင်ပါတယ်။

အိမ်မှာ သွေးပေါင်တိုင်းတဲ့အခါ လူအများဆုံးလုပ်မိလေ့ရှိတဲ့ အမှား (၅) ချက်  —သွေးတိုးရောဂါရှိသူပဲဖြစ်ဖြစ်၊ ကျန်းမာရေးစစ်ဆေး...
13/03/2026

အိမ်မှာ သွေးပေါင်တိုင်းတဲ့အခါ လူအများဆုံးလုပ်မိလေ့ရှိတဲ့ အမှား (၅) ချက် —
သွေးတိုးရောဂါရှိသူပဲဖြစ်ဖြစ်၊ ကျန်းမာရေးစစ်ဆေးနေသူပဲဖြစ်ဖြစ် အိမ်မှာ သွေးပေါင်တိုင်းတဲ့အခါ တိကျတဲ့အဖြေရဖို့ဆိုရင် အခုပြောပြမယ့် အမှားလေးတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်...
၁။ အနားမယူဘဲ တိုင်းတာခြင်း
သွေးပေါင်မတိုင်းခင် အနည်းဆုံး (၅) မိနစ်ခန့် ငြိမ်ငြိမ်သက်သက် ထိုင်မနေဘဲ ချက်ချင်းတိုင်းတာခြင်းက သွေးပေါင်ချိန်ကို တက်နေစေနိုင်ပါတယ်။ စကားပြောဆိုခြင်း၊ ဖုန်းသုံးခြင်းတွေကိုလည်း ခေတ္တရပ်ထားဖို့ လိုပါတယ်။
၂။ လက်အနေအထား မမှန်ကန်ခြင်း
သွေးပေါင်တိုင်းတဲ့ လက်ကို လေထဲမှာ မြှောက်ထားတာ ဒါမှမဟုတ် ပေါင်ပေါ်တင်ထားတာမျိုး မလုပ်ရပါဘူး။ လက်မောင်းကို နှလုံးနဲ့ တစ်တန်းတည်းရှိမယ့် စားပွဲတစ်ခုခုပေါ်မှာ သေချာတင်ပြီး တိုင်းတာရပါမယ်။
၃။ သွေးပေါင်ချိန်ပတ်တီး (Cuff) ကို အဝတ်အစားပေါ်မှ ပတ်ခြင်း
ဒါက လူအများဆုံးလုပ်မိတဲ့ အမှားပါ။ အင်္ကျီလက်ပေါ်ကနေ ပတ်ပြီးတိုင်းတာခြင်းက အဖြေကို သိသိသာသာ မှားယွင်းစေနိုင်ပါတယ်။ Cuff ကို အရေပြားနဲ့ တိုက်ရိုက်ထိကပ်ပြီး ပတ်တာက အကောင်းဆုံးပါ။
၄။ ဆီးမသွားဘဲ တိုင်းတာခြင်း
ဆီးအိမ် ပြည့်နေတာက သွေးပေါင်ချိန်ကို အနည်းငယ် ပိုတက်နေစေတတ်ပါတယ်။ ဒါကြောင့် မတိုင်းခင်မှာ ဆီးသွားထားဖို့ အကြံပြုလိုပါတယ်။
၅။ ကဖိန်း (သို့) ဆေးလိပ် သောက်ပြီးနောက် ချက်ချင်းတိုင်းခြင်း
ကော်ဖီ၊ လက်ဖက်ရည် သောက်ပြီးတာ ဒါမှမဟုတ် ဆေးလိပ်သောက်ပြီးတာနဲ့ ချက်ချင်းတိုင်းတာခြင်းက တိကျတဲ့အဖြေကို မရရှိစေနိုင်ပါဘူး။ အနည်းဆုံး မိနစ် ၃၀ ခန့် စောင့်ပြီးမှ တိုင်းတာသင့်ပါတယ်။
Dr. Thets Advice:
သွေးပေါင်ချိန်ကို တစ်ကြိမ်တည်းတိုင်းပြီး ဆုံးဖြတ်တာထက် တစ်နေ့တည်းမှာပဲ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (သို့မဟုတ်) ၂ ကြိမ် ၃ ကြိမ် တိုင်းပြီး ပျမ်းမျှအဖြေကို ယူတာက ပိုမိုတိကျပါတယ်။သင် သို့မဟုတ် သင့်မိသားစုထဲမှာသွေးပေါင်ကိုအိမ်မှာတိုင်းရင် ဘယ်လိုတိုင်းတာပါသလဲ Dr.Thet ရဲ့အကြံပြုချက်အတိုင်း တိုင်းတာနေပါသလား "Yes or No" comment မှာရေးပေးပါ။ရောဂါ အခြေအနေနဲ့ပတ်သတ်လို့ဆွေးနွေးမေးမြန်းလိုပါက fb messanger မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတများ ဆက်လက်ဖတ်ရှုဖို့ Dr. Thet Health & Medication ကို Follow လုပ်ထားပေးပါဦး။

“သွေးတိုးရောဂါမှာ လက္ခဏာမရှိတာက အန္တရာယ်ပိုကြီးပါတယ်”--------------------📖“ကျွန်တော် ဘာမှမဖြစ်ဘူး ဆရာ…ခေါင်းမကိုက်ဘူး၊ မ...
08/03/2026

“သွေးတိုးရောဂါမှာ လက္ခဏာမရှိတာက အန္တရာယ်ပိုကြီးပါတယ်”
--------------------

📖“ကျွန်တော် ဘာမှမဖြစ်ဘူး ဆရာ…ခေါင်းမကိုက်ဘူး၊ မမူးဘူး”
ဒါပေမယ့်BP တိုင်းကြည့်လိုက်တော့160/100 ဖြစ်နေတဲ့ လူနာတွေကိုClinic မှာ မကြာခဏတွေ့ရပါတယ်။
--------------------
🩺 သွေးတိုးရောဂါ(Hypertension) ကို
အသံတိတ်လူသတ်သမား(Silent Killer) လို့ခေါ်ကြတာ ဘာကြောင့်လဲ?
အများစုမှာလက္ခဏာ မရှိဘဲအောက်ပါ အရေးကြီး organs တွေကိုဖြည်းဖြည်းချင်း ထိခိုက်စေနိုင်ပါတယ်။
🫀 Heart(နှလုံး)
🧠 Brain(ဦးနှောက် လေဖြတ်ခြင်း)
🩺 Kidney(ကျောက်ကပ်)
👁 Eyes(မျက်လုံး)
--------------------
⚠ BP မထိန်းနိုင်ရင် ဖြစ်နိုင်တဲ့အရာများ
❗လေဖြတ်ခြင်း( Stroke)
❗ရုတ်တရက်နှလုံးဖောက်ခြင်း( Heart attack)
❗ နှလုံးထိခိုက်​လာခြင်း(Heart failure)
❗ကေျာက်ကပ်ထိခိုက်ခြင်း( Kidney failure)
❗ မျက်စိမှုန်ခြင်း(Vision loss)
အများအားဖြင့်လက္ခဏာပေါ်လာတဲ့အချိန်မှာcomplication နောက်ဆက်တွဲပြသနာများ ဖြစ်ပြီးသား ဖြစ်နိုင်ပါတယ်။
--------------------
🧠 အရေးကြီးဆုံး Message
“လက္ခဏာမရှိဘူး” ဆိုတာအန္တရာယ်မရှိဘူး လို့ မဆိုလိုပါဘူး။
ဒါကြောင့်—
✔ BP ပုံမှန်တိုင်းတာခြင်း
✔ ဆေးကို မှန်မှန်သောက်ခြင်း
✔ Regular follow-up
အရေးကြီးပါတယ်။
--------------------
💬 သင်နောက်ဆုံးBP တိုင်းခဲ့တာ ဘယ်တော့လဲ?
📅 ဒီနေ့
📅 ဒီလထဲ
📅 မမှတ်မိတော့ဘူး
Comment မှာရေးပေးပါ။
နောက် post မှာ“အိမ်မှာ BP တိုင်းတဲ့အခါ လူတွေ အများဆုံးလုပ်မိတဲ့ အမှားများ”ကို မျှဝေပေးပါမယ်။
—Dr. ThetHealth & Medication@

“BP ပုံမှန်ဖြစ်လာပြီဆိုရင် ဆေးလျော့လို့ရမလား?”သွေးပေါင်ချိန် 120/80 ဖြစ်လာပြီဆိုပြီး“ဆေးလျော့လိုက်ရမလား?” လို့ မေးတတ်ကြပ...
06/03/2026

“BP ပုံမှန်ဖြစ်လာပြီဆိုရင် ဆေးလျော့လို့ရမလား?”
သွေးပေါင်ချိန် 120/80 ဖြစ်လာပြီဆိုပြီး
“ဆေးလျော့လိုက်ရမလား?” လို့ မေးတတ်ကြပါတယ်။
အရေးကြီးတာက
👇
✔ BP ပုံမှန်ဖြစ်နေတာဟာကိုယ်တိုင်ကောင်းသွား လို့မဟုတ်နိုင်ပါဘူး
✔ ဆေးကြောင့် ထိန်းထားတာ ဖြစ်နိုင်ပါတယ်
--------------------
🔎 ဘယ်အချိန်မှာ ဆေးလျော့နိုင်မလဲ?
1️⃣ ၃ လ – ၆ လ ခန့် BP တစ်ချိန်လုံး ထိန်းထားနိုင် ရင်
2️⃣ ကိုယ်အလေးချိန် လျော့သွားရင်
3️⃣ အစားအသောက် ထိန်းနိုင်ပြီး ဆားစားသုံးမှု လျော့နိုင်ရင်
4️⃣ လေ့ကျင့်ခန်း ပုံမှန်လုပ်နေရင်
ဒါပေမယ့် ❗
ဆေးလျော့ခြင်းဟာ
ဆရာဝန်ညွှန်ကြားချက်အောက်မှာပဲ ဖြစ်ရပါမယ်။

⚠ မိမိသဘောနဲ့ လျော့လိုက်ရင်
• BP တက်ပြန်နိုင်ပါတယ်
• နှလုံးနှင့် ဦးနှောက် အန္တရာယ်ရှိနိုင်ပါတယ်
• ရုတ်တရက် လေဖြတ်နိုင်ပါတယ်
--------------------
📌 သင့် BP နောက်ဆုံးနံပါတ်ဘယ်လောက်လဲ?
Comment မှာရေးပေးပါ။
သင့်အတွက် ဆေးလျော့နိုင်မလားဆိုတာ အကြံပြုပေးပါမယ်။
--------------------

💰 Consultation Plan နောက်ထပ်အစီအစဥ်အနေနဲ့ဆောင်ရွက်ပေးဖို့ရှိပါတယ် သင့်တင့်တဲ့စျေးနှုန်းနဲ့ ဆောင်ရွက်ပေးပါမယ် ။ CB မှာလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Dr.Thet Health &Medication

25/02/2026

📌 “သွေးကျဆေးသောက်နေရင်း သွေးပေါင်ချိန် ပုံမှန်ဖြစ်သွားပြီဆိုပြီး ကိုယ်တိုင် ရပ်လိုက်ရင် ဘာဖြစ်နိုင်မလဲ?”
သွေးပေါင်ချိန်ဆေးတွေ သောက်ပြီးတဲ့နောက်
📉 BP လေးပုံမှန်ပြန်ဖြစ်လာတယ်ဆိုတာက
“ကျန်းမာသွားပြီ” ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
တကယ်တော့…
👉 ဆေးက သွေးပေါင်ချိန်ကို ထိန်းထားပေးနေတာပါ။
--------------------
❗ ကိုယ်တိုင် ဆေးရပ်လိုက်ရင် ဘာတွေဖြစ်နိုင်လဲ?
1️⃣ သွေးပေါင်ချိန် ပြန်မြင့်လာနိုင်ပါတယ်
ဆေးရပ်လိုက်တာနဲ့
📈 BP ဟာ တဖြည်းဖြည်း (သို့) အမြန်မြင့်တက်နိုင်ပါတယ်။
တချို့လူတွေမှာRebound hypertension လို့ခေါ်တဲ့
ဆေးရပ်ပြီးနောက် ပိုမိုမြင့်တက်သွားခြင်း ဖြစ်နိုင်ပါတယ်။
--------------------
2️⃣ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် ထိခိုက်နိုင်ပါတယ်
သွေးပေါင်ချိန်မြင့်တာဟာအချိန်ကြာလာရင် အသိမပေးပဲ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။
• ❤️ နှလုံးကြောပိတ်ခြင်း
• 🧠 လေဖြတ်ခြင်း (Stroke)
• 🩺 ကျောက်ကပ်အလုပ်လုပ်မှု လျော့နည်းခြင်း
ဥပမာအားဖြင့် လေဖြတ်တယ်ဆိုတာ ဟာ
သွေးပေါင်ချိန် မထိန်းနိုင်တဲ့အခါ အန္တရာယ်အကြီးဆုံး အကျိုးဆက်တစ်ခုပါ။
--------------------
3️⃣ လက္ခဏာမရှိပဲ အန္တရာယ်ကြီးနိုင်ပါတယ်
High blood pressure (ရုတ်တရက်သွေးတိုးခြင်း)ကို
“Silent Killer” (အသံတိတ်လူသတ်သမား)လို့ခေါ်ကြပါတယ်။
လက္ခဏာမရှိဘဲ အတွင်းပိုင်းကို ထိခိုက်စေနိုင်လို့ပါ။
-ခေါင်းမကိုက်ဘူး
-မမူးဘူး
-မအောင့်ဘူးဆိုတာ
-လုံခြုံတယ်လို့ မဆိုလိုပါဘူး။
--------------------
✅ အကောင်းဆုံးလုပ်သင့်တာကဘာလဲ?
✔ ဆေးရပ်ချင်ရင် ကိုယ်တိုင်မဆုံးဖြတ်ပါနဲ့
✔ ဆရာဝန်နဲ့ တိုင်ပင်ပါ
✔ BP(သွေးပေါင်ချိန်) ကို ပုံမှန်စောင့်ကြည့်ပါ
✔ အစားအစာ၊ လေ့ကျင့်ခန်း၊ အလေးချိန်ထိန်းခြင်းကို လိုက်နာပါ၊
တချို့လူတွေမှာ
Lifestyle ​ေ​ပြာင်းလဲမှုကြောင့် ဆေးလျော့နိုင်ပေမယ့်
👉 ဒါဟာ ဆရာဝန်ညွှန်ကြားချက်အောက်မှာပဲ ဖြစ်ရပါမယ်။
--------------------
🎯 အဓိကမှတ်သားရန်
“သွေးပေါင်ချိန် ပုံမှန်ဖြစ်နေတာ” ဟာ
ဆေးရဲ့ အကျိုးသက်ရောက်မှု ဖြစ်နိုင်ပါတယ်။
ကိုယ်တိုင် ရပ်လိုက်ခြင်းဟာ
အချိန်မရွေး အန္တရာယ်ဖြစ်နိုင်ပါတယ်။
ကျန်းမာရေးဆိုတာ
ခဏတာကောင်းဖို့မဟုတ်ပါဘူး
📌 ရေရှည်ထိန်းသိမ်းရတာပါ။
--------------------
သင်သို့မဟုတ်သင့်မိသားစုထဲမှာ သွေးပေါင်ပုံမှန်ဖြစ်တယ်ဆိုပြီး ဆေးကို မိမိသဘောနဲ့ရပ်ပြစ်လိုက်တာမျိုးရှိပါသလား ရှိရင် comment မှာ "ရှိတယ်/ မရှိဘူး"ရေးပေးပါ။
နောက်ထပ်post တွေမှာ ဆေးတွေကို သောက်သုံးတဲ့နေရာမှာဆေးအမျိုးအစားအလိုက် နောက်ဆက်တွဲဆိုကျိုးများမဖြစ်ပေါ်စေရန် ဂရုစိုက်သွားရမယ့်အချက်တွေကို ရှင်းပြပေးသွားပါမယ်..
နောက်ထပ် online consultation(အကြံပြုဆွေးနွေးတိုင်ပင်ခြင်း) သွေးတိုးရောဂါဖြင့်ဆေးကုသမှုခံယူနေရသူများ ကျန်းမာရေးနှင့်ဆေးဝါးအကြံပြုချက်များ ရယူလိုပါက ဆွေးနွေးတိုင်ပင် ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးပါမယ်......Dr.Thet Health&Medication.

TitleHypertensionn Medication Reviewဘယ်အချိန်လုပ်သင့်လဲ?သွေးတိုးဆေးကို၂ နှစ် ၃ နှစ် တစ်မျိုးတည်းနဲ့ဆက်တိုက်သောက်နေတယ်ဆို...
23/02/2026

TitleHypertensionn Medication Review
ဘယ်အချိန်လုပ်သင့်လဲ?
သွေးတိုးဆေးကို
၂ နှစ် ၃ နှစ် တစ်မျိုးတည်းနဲ့ဆက်တိုက်သောက်နေတယ်ဆိုရင်Review မလုပ်ရသေးဘူးလား? "BP ကတော့ ပုံမှန်ပါပဲ ဆရာ"ဆိုတာနဲ့ လုံလောက်ပါသလား? Chronic disease မှာMedication review က မဖြစ်မနေလိုအပ်ပါတယ်။ဘယ်အချိန် Review လုပ်သင့်သလဲ?
1 . BP မတည်ငြိမ်တဲ့အခါ တစ်ခါတက် တစ်ခါကျ
140/90 ကျော်နေတတ်ခြင်း
2 .Side effect သံသယရှိတဲ့အခါ ခေါင်းမူး၊ခြေဖောင်း၊အားနည်းခြင်း

3 .တစ်နှစ်ကျော် Follow-up မလုပ်ရသေးတဲ့အခါ
ဆေးက အဆင်​​​ ​ေ​ပြနေသလား? Dose ပြောင်းသင့်သလား?Combination လိုလာပြီလား?
ပြန်လည်သုံးသပ်ရပါတယ်။
4. Weight သို့မဟုတ် Lifestyle ပြောင်းလဲမှုရှိတဲ့အခါအလေးချိန်တိုးလာခြင်း၊Exercise pattern ပြောင်းလဲခြင်း၊ဆေးထိရောက်မှုကို သက်ရောက်နိုင်ပါတယ်။
# # Review အချိန်မှာ စစ်သင့်တဲ့ Lab များ
Kidney function (Creatinine / eGFR)
Urine protein
Lipid profile
Blood sugar
Electrolytes (Na, K)
BP ပုံမှန်နေလို့
Kidney ​အိုကေနေတယ်လို့ မသေချာနိုင်ပါ။hypertensionဆိုတာနာကျင်မှုမပေးဘဲ
နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်ကို
ဖြည်းဖြည်းချင်း ထိခိုက်စေနိုင်ပါတယ်။
Medication review ကို ပုံမှန်လုပ်ခြင်းက
Long-term complication ကို ကာကွယ်နိုင်ပါတယ်။
# Quick Checklist
-BP home record ရှိသလား?
-Last lab test ဘယ်တုန်းကလဲ?
-Weight ပြောင်းလဲမှုရှိသလား?
-Side effect သတိထားမိလား?
- ၁ နှစ်ကျော် Review မလုပ်ရသေးဘူးလား?
သင် သို့မဟုတ်
သင့်မိသားစုထဲမှာ
သွေးတိုးဆေး ၁ နှစ်ကျော် Review မလုပ်ရသေးသူ ရှိပါသလား?
ရှိတယ် / မရှိဘူး လို့ Comment မှာရေးပေးပါ။
နောက် post မှာ
BP ဆေးကို ကိုယ်တိုင်ရပ်လိုက်ရင် ဘာဖြစ်နိုင်လဲ?
အကြောင်းကို မျှဝေပေးပါမယ်။

Dr. Thet
Health & Medication

*BP ဆေးတစ်မျိုးနဲ့ မရတော့တဲ့အချိန် ဘယ်တော့လဲ?(နှစ်မျိုးပေါင်းသောက်ရမယ့်အချိန်ကို သိထားပါ)**--- # # 📖“ဆရာ… ဆေးတစ်မျိုးနဲ့...
22/02/2026

*BP ဆေးတစ်မျိုးနဲ့ မရတော့တဲ့အချိန် ဘယ်တော့လဲ?
(နှစ်မျိုးပေါင်းသောက်ရမယ့်အချိန်ကို သိထားပါ)**

---

# # 📖“ဆရာ… ဆေးတစ်မျိုးနဲ့ပဲ ဆက်သောက်လို့ မရဘူးလား?”ဒီမေးခွန်းကို
သွေးတိုးလူနာအများစု မေးကြပါတယ်။
အမှန်မှာ—
သွေးတိုးရောဂါဆိုတာ
လူတိုင်းကို တူညီတဲ့ဆေးတစ်မျိုးနဲ့ မထိန်းနိုင်ပါ။

# # 🩺 ဘယ်အချိန်မှာ ဆေးနှစ်မျိုးလိုအပ်လာနိုင်လဲ?
✔ BP ≥ 140/90 ကို ဆေးသောက်နေရင်တောင် မကျသေးခြင်း
✔ Diabetes သို့မဟုတ် Kidney disease ပါရှိခြင်း
✔ သွေးတိုးရှိတာ နှစ်ရှည် (>5 years) ဖြစ်နေခြင်း
✔ Weight များခြင်း / Lifestyle risk မလျော့နည်းခြင်း

ဒီလိုအခြေအနေများမှာ
ဆေးနှစ်မျိုးပေါင်းသောက်ခြင်း (Combination therapy) ကို
စဉ်းစားရနိုင်ပါတယ်။

---

# # ❗ အရေးကြီးတဲ့အချက်

ဆေးနှစ်မျိုးသောက်တယ်ဆိုတာ
“ရောဂါဆိုးလာလို့” မဟုတ်ပါဘူး။

👉 မတူညီတဲ့ လုပ်ဆောင်ပုံရှိတဲ့ဆေးတွေကို
အတူအသုံးပြုပြီး
BP ကို ပိုမိုထိန်းချုပ်ခြင်းဖြစ်ပါတယ်။

ဒါက International guideline အရ
အသုံးများတဲ့နည်းလမ်းပါ။

---

# # 🧠 သွေးတိုးရောဂါကို
“နံပါတ်တစ်ခု” နဲ့မမြင်ပါနဲ့။

Risk profile
Organ protection
Long-term complication prevention

အကုန်လုံးကို တွက်ချက်ပြီးမှ
ဆေးရွေးချယ်ရပါတယ်။

# # 💬 သင် သို့မဟုတ် သင့်မိသားစုထဲမှာ
ဆေးတစ်မျိုးနဲ့ BP မထိန်းနိုင်သူ ရှိပါသလား?

“ရှိတယ်” / “မရှိဘူး” လို့ Comment မှာရေးပေးပါ။

နောက် post မှာ—
“BP ဆေးနှစ်မျိုးပေါင်းသောက်တဲ့အခါ Side effects ဘာတွေသတိထားရမလဲ?”
ကို မျှဝေပေးပါမယ်။—Dr. Thet
Health & Medication

သွေးတိုးဆေးကို ဘယ်အချိန် Medication Review လုပ်သင့်သလဲ?(မသိလို့ နှစ်ချီသောက်နေသူများ သတိထားရန်)--------------------📖 သွေ...
21/02/2026

သွေးတိုးဆေးကို ဘယ်အချိန် Medication Review လုပ်သင့်သလဲ?
(မသိလို့ နှစ်ချီသောက်နေသူများ သတိထားရန်)
--------------------
📖 သွေးတိုးဆေးကို
၁ နှစ်… ၂ နှစ်… ၃ နှစ်…
တစ်မျိုးတည်းနဲ့ ဆက်တိုက်သောက်နေရင်
အဆင်ပြေနေတယ်လို့ သေချာနိုင်ပါသလား?
“BP ကတော့ မကြီးပါဘူး ဆရာ…”
ဆိုတာနဲ့ လုံလောက်ပါသလား?
အမှန်တကယ်တော့
Hypertension medication review က
မဖြစ်မနေ လုပ်သင့်တဲ့ အဆင့်တစ်ခုပါ။
--------------------
🩺 ဘယ်အချိန် Medication Review လုပ်သင့်သလဲ?
✅ ① BP မတည်ငြိမ်တဲ့အခါ
• တစ်ခါတက် တစ်ခါကျ
• 140/90 ကျော်နေတတ်ခြင်း
--------------------
✅ ② ခေါင်းမူး / လက်လှမ်းနည်း / အားနည်းလာခြင်း
Side effect ဖြစ်နိုင်ပါတယ်။
--------------------
✅ ③ ၁ နှစ်ကျော် Review မလုပ်ရသေးတဲ့အခါ
Chronic disease ဆိုတာ“ဆေးသောက်ပြီးပြီးသွားတဲ့ရောဂါ” မဟုတ်ပါ။
--------------------
✅ ④ Weight ပြောင်းလဲမှုရှိလာတဲ့အခါ
• ပိုဝလာခြင်း
• ပိန်ကျသွားခြင်း
Dose ပြန်စဉ်းစားရန်လိုနိုင်ပါတယ်။
--------------------
🔬 အရေးကြီး Lab Results များ
Hypertension patient တစ်ယောက်အတွက်
အောက်ပါ lab tests တွေကို
အချိန်မှန် စစ်ဆေးထားသင့်ပါတယ်။
📊 Kidney Function (Creatinine, eGFR)
📊 Urine test (Proteinuria)
📊 Lipid Profile (Cholesterol)
📊 Blood Sugar (FBS / HbA1c)
📊 Electrolytes (Na, K)
👉 အချို့ BP ဆေးများက
ကျောက်ကပ်နှင့် Electrolyte balance ကို သက်ရောက်နိုင်ပါတယ်။
--------------------
🧠 သွေးတိုးရောဂါက လက္ခဏာမရှိဘဲ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်ကိုဖြည်းဖြည်းချင်း ထိခိုက်စေနိုင်ပါတယ်။
Medication review ကို ပုံမှန်မလုပ်ရင်—
❗ Dose မလုံလောက်နိုင်ခြင်း
❗ Dose အလွန်များနိုင်ခြင်း
❗ Combination ပြောင်းရန်လိုနိုင်ခြင်း
Follow-up + Lab monitoring က
အသက်ရှည်ကျန်းမာရေးအတွက် အရေးကြီးဆုံပါ။
--------------------
💬 သင် သို့မဟုတ် သင့်မိသားစုထဲမှာ
သွေးတိုးဆေး ၁ နှစ်ကျော် Review မလုပ်ရသေးသူ ရှိပါသလား? “ရှိတယ်” / “မရှိဘူး” လို့ Comment မှာရေးပေးပါ။နောက် post မှာ
“BP ဆေးကို ပေါင်းသောက်ရမယ့်အချိန်”
အကြောင်းကို မျှဝေပေးပါမယ်။
—အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ..Dr. Thet Health & Medication

"သွေးတိုးဆေးသောက်နေပေမယ့် ခေါင်းမူးလာတဲ့ လူနာတစ်ဦးရဲ့ သင်ခန်းစာ"ပြီးခဲ့တဲ့ရက်ကအသက် (၅၀) အရွယ် အမျိုးသားလူနာတစ်ဦးခေါင်းမူ...
19/02/2026

"သွေးတိုးဆေးသောက်နေပေမယ့် ခေါင်းမူးလာတဲ့ လူနာတစ်ဦးရဲ့ သင်ခန်းစာ"
ပြီးခဲ့တဲ့ရက်ကအသက် (၅၀) အရွယ် အမျိုးသားလူနာတစ်ဦးခေါင်းမူးပြီး ရောက်လာခဲ့ပါတယ်။
သူ့မှာ သွေးတိုးရောဂါရှိပြီးAmlodipine 5mg ကို
မနက်တစ်ကြိမ်၊ ညတစ်ကြိမ်၃ နှစ်ခန့် ဆက်တိုက် သောက်နေသူဖြစ်ပါတယ်။သွေးပေါင်တိုင်းကြည့်တော့ 130/90 mmHg.Random Blood Sugar
128 mg/dl,သွေးပေါင်ကတော့ ပုံမှန်ပဲ လားဆရာ
ဆိုပြီး မေးလာခဲ့ပါတယ်။ ဒါပေမယ့်
ပြဿနာက ဒီလောက်ရိုးရှင်းမနေပါဘူး။
သွေးပေါင်ပုံမှန်ထဲ ဆိုတာလုံးဝ စိတ်ချလို့ရတဲ့အခြေအနေမဟုတ်ပါ။130/90 ဆိုတာ
Guideline အရ borderline range ဖြစ်နိုင်ပါတယ်။
Chronic patient တစ်ယောက်အတွက် target BP ကို individualize လုပ်ရပါတယ်။

(1) ဆေးကို ၃ နှစ်တည်းကတည်းက မပြောင်းဘူး
-Weight 180 lb
-Lifestyle changes?
-Salt intake?
-Kidney function?
-Long-term follow up မရှိရင်
ဆေး doseဒါမှမဟုတ် ဆေးပေါင်းသုံးခြင်း( combination) ပြောင်းရန်လိုနိုင်ပါတယ်။

(2) ခေါင်းမူးခြင်းက သွေးပေါင်ကြောင့်လား?
ခေါင်းမူးတိုင်းသွေးပေါင်တက်လို့ လို့ ယူဆခြင်း မမှန်နိုင်ပါ။
-Dehydration
-Postural hypotension
-Drug side effect
-Stress / Anxiety
Differential diagnosis လုပ်ရန်လိုပါတယ်။ဒါ့ကြောင့်သွေးတိုးရောဂါဆိုတာ ဆေးသောက်နေရုံနဲ့ မလုံလောက်ပါဘူး.
-Follow-up evaluation အရေးကြီးပါတယ်
-Target BP ကို လူနာတစ်ဦးချင်းအလိုက်သတ်မှတ်ရပါတယ်။အချိန်မီ ပြန်လည်သုံးသပ်ခြင်းက
နောက်ဆက်တွဲ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ် ထိခိုက်မှုများကို ကာကွယ်နိုင်ပါတယ်။
***သင် သို့မဟုတ်
သင့်မိသားစုထဲမှာသွေးတိုးဆေး ၂ နှစ်ကျော် ဆက်တိုက်သောက်နေသူ ရှိပါသလား?***
ရှိတယ် / မရှိဘူး လို့ Comment မှာရေးပေးပါ။
နောက် post မှာ
Hypertension medication review ဘယ်အချိန်လုပ်သင့်သလဲ?ဆိုတာ ကို ရှင်းပြပေးပါမယ်။

Dr. Thet
Health & Medication

Address

No.809,Padauk Street
Naypyidaw
15011

Website

Alerts

Be the first to know and let us send you an email when Dr.Thet Health &Medication posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share