Phone Pharmacy ဆေးမျိုးစုံရောင်းဝယ်ရေး

  • Home
  • Myanmar
  • Naypyitaw
  • Phone Pharmacy ဆေးမျိုးစုံရောင်းဝယ်ရေး

Phone Pharmacy ဆေးမျိုးစုံရောင်းဝယ်ရေး The best service...The best quality

💕Happy New Year 2023 💕💥Welcome 2023💥❤️ချစ်ရသော အမျိုးတို့ရေ❤️နှစ်သစ်မှာ အားလုံးကျန်းမာချမ်းသာစွာနဲ့ ပျော်ရွှင်ကြပါစေလို့...
05/01/2023

💕Happy New Year 2023 💕

💥Welcome 2023💥

❤️ချစ်ရသော အမျိုးတို့ရေ❤️

နှစ်သစ်မှာ အားလုံးကျန်းမာချမ်းသာစွာနဲ့ ပျော်ရွှင်ကြပါစေလို့ မင်မင်တို့ Phone Pharmacy မှ နှုတ်ခွန်းဆက်ပါတယ်နော်🥰🥰

မင်မင်တို့လည်း နှစ်သစ်မှာ ဘုရားဖူး၊ ကုသိုလ်ကောင်းမှုတွေလည်း လုပ်ရင်း ချစ်ရတဲ့ အမျိုးတို့လည်း နေကောင်းကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်ရှင့်🙏🙏

🤍💙💚Happy  Thadingyut❤️🧡💛
09/10/2022

🤍💙💚Happy Thadingyut❤️🧡💛

 #ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ် ===================ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစ...
16/09/2022

#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။


ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၂ - ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၃ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၄ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၅ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၆ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၇ - တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၈ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၉ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၁ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။


‌မစားသင့်သည့်အစားအစာများ

‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Credit... Original writer

18/08/2022

🙏🙏ဆေးရောင်းရတာ အားတွေလည်း နာနေပါပြီ။ Chemical တူတာလေးတွေကိုလည်း အတတိနိုင်ဆုံးရှင်းပြပေးနေပါတယ်။ အားလုံး နေကောင်းကျန်းမာပါစေရှင့်။❤️❤️

ညီအကို မောင်နှမ ဆရာဝန်များထံ မေတ္တာရပ်ခံချက်
•••••••••••••••••••••••••••••••••••••••••••••••

ပြည်သူများရဲ့ ဒုက္ခတွေကို အကျယ်ချဲ့ မပြောလိုတော့ပါ …

မီးဖိုချောင် စားရိတ် ကိုပင် ခက်ခဲစွာ ဖြေရှင်းနေရသော ကာလ

နာမကျန်းဖြစ်လို့ ဆေးကု ဆေးသောက်ရမယ်ဆို
ဆေးစျေးတွေကလည်း ကြောက်ခမန်းလိလိ
တာဝတိံသာ ကျော်ပြီး သုတိသာ ရောက်နေပြီ ။

လူသိများ …..နာမည်ကြီး ဆေးတွေဆို
စျေးနှုန်း ကြားမိတာနဲ့ ……ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြပြီ ။

ဆိုတော့ကာ
စျေး သိပ်မတက်သော အာနိသင်တူ …အမျိုးအစား မီလီဂရမ်တူ …
တနည်း ( အလားတူ ) ဆေးများ ရှိသော်လည်း

ဆေးညွှန်သော ဆရာဝန်များက
Brand name ( Trade name ) ဖြင့် စျေးကြီးသောဆေးများ
ညွှန်ကြသည်က များ၍
လူနာများ အလွန် အကုန်အကျ များပါသည်။

အကယ်၍ ….
ဖြစ်နိုင်လျှင် ဆေးညွှန်သော ဆရာဝန်များ အနေဖြင့်
လူနာများ၏ ပြားကပ်လာနေသော အိပ်ထောင်များကို
စာနာသော အားဖြင့်

ဆေးအမည်များကို
Brand name အလွယ် မရေးပဲ
Chemical Name ကို
အနည်းငယ် လက်အညောင်းခံကာ ရေးပေးခြင်းဖြင့်
လူနာများ အနေဖြင့် သူတို့၏ ဘတ်ဂျက်အနေအထားပေါ် မူတည်၍
ရွေးချယ် ဝယ်ယူနိုင်ပါမည့် အကြောင်း
မိချောင်းမင်း အပေါင်းအား ရေခင်းပြ လိုက်ပါရစေ ။

(လွတ်လပ်စွာ ကော်ပီနိုင်ပါသည်။)

Credit: Tayza Kyaw

 #သွေးပြစ်တယ်ပြောတယ် #သွေးတစ်အိတ်_ဖောက်ထုတ်ရတယ် #ဆေးလိပ်ဖြတ်ခိုင်းတယ်  #သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း👉👉👉...
17/08/2022

#သွေးပြစ်တယ်ပြောတယ်
#သွေးတစ်အိတ်_ဖောက်ထုတ်ရတယ်
#ဆေးလိပ်ဖြတ်ခိုင်းတယ်


#သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း

👉👉👉
သွေးမှာ
၁။ Cells components နဲ့
၂။ Plasma (သွေးရည်ကြည်) နဲ့ဆိုပြီိး ရှိပါတယ်။

၁။ Cells components ထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး (၃) မျိုးရှိတာမှာ
- သွေးနီဥ (Red Blood Cell) က O2 နဲ့ အဟာရသယ်ပေးတယ်
- သွေးဖြူဥ (White Blood Cell )က ရောဂါကာကွယ်တယ်
- သွေးဥမွှား (Platelets) က သွေးခဲစေတယ်

၂။ Plasma (သွေးရည်ကြည်)

သွေးရဲ့ အရည် Potion ပါ။ ဘာတွေပါလဲ ဆိုတော့

- ရေ နဲ့
- Plasma protein ဘာတွေလုပ်လဲဆိုတော့
1.သွေးထဲကရေတွေ သွေးကြောအပြင်ထွက်မသွား
အောင် ထိန်းသိမ်းတယ်။
2.Hormone, Chemicals, Vitamins, နဲ့ ဆေးတွေ ကိုတစ်နေရာကနေ တစ်နေရာပို့ပေးတယ်
3.သွေးထွက်တဲ့နေရာကို ပိတ်ဖို့ Platelets နဲ့ တူတူ သွေးခဲတာဝန်ကို ထမ်းဆောင်ကြတဲ့အပြင်
4.ကိုယ်ခံအားစနစ်မှာလည်း ပါဝင်ကြပါတယ်

- Electrolytes (Sodium, Potassium အစရှိတဲ့ ဓာတ်ဆားဓာတ်တွေ)ပါပါတယ်

👉👉👉
​(သွေးနီဥ Red Blood Cell) တွေက သွေးရဲ့ ၄၅ ရာခိုင်နှုန်းလောက်ရှိတာမို့လို့ သွေးကနီနေတာပါ။

က သွေးနီဥတွေများတာ ဆိုတော့ အလွယ် သွေးပြစ်တယ်လို့ပြောကြတာပါ။

​သွေးနီဥတွေက Oxygen နဲ့ အဟာရတွေ Cells တွေဆီပို့ပေးပြီး ၊ Carbon Dioxide နဲ့ အညစ်အကြေးတွေကို Cells တွေဆီကနေရှင်းပေးပါတယ်။

အဲ့တော့ သွေးနီဥ များတာ ကောင်းတယ် မဟုတ်ဘူးလားဆိုတော့ မကောင်းပါဘူး။

#ဘာလို့လဲ ⁉️

Cells တွေဆီကို အစာအဟာရပို့ပေးတဲ့ သွေးကြောကို Capillary = ဆံချည်မျှင်သွေးကြောလို့ခေါ်ပါတယ်
ဆံပင်ထက်သေးပါတယ် အဲ့ဒီသွေးကြောလေးတွေက သွေးနီဥ တစ်လုံးစာပဲ လွတ်လွတ်လပ်လပ်၊ ချောင်ချောင်ချိချိ သွားလို့ရပါတယ်၊

သွေးထဲမှာ သွေးနီဥ အပြင်တခြားဟာတွေလည်းရှိသေးလို့ သွေးနီဥတွေသာ တရားလွန်များလာရင် အဲ့ဒီ ဆံချည်မျှင်သွေးကြောတွေထဲမှာ သွေးနီဥတွေ ပြွတ်သိပ်ပြီး ပိတ်ပါလိမ့်မယ်။

သွေးကြောပိတ်သွားတော့ အဲ့ဒီသွေးကြောက ထောက်ပံ့တဲ့ Cells တွေသေပါတယ်။

အဲ့ဒီသွေးကြောဟာ
ဦးနှောက်ထဲက သွေးကြောဖြစ်ရင် လေဖြတ်တတ်ပါတယ်
နှလုံးသွေးကြောဖြစ်ရင် Heart attack ရပါတယ်
ခြေ/လက် ကသွေးကြောဖြစ်ရင် ခြေ/လက် ပုတ်ပါတယ်။

အဲ့ဒါကြောင့် သွေးနီဥနည်း တဲ့ သွေးအားနည်းရောဂါ (Anaemia) ကလည်း အန္တရာယ်ရှိသလို
သွေးနီဥများတဲ့ သွေးပြစ်တဲ့ရောဂါ (Polycythemia) ကလည်း အန္တရာယ်ရှိပါတယ်။

👉
#ဘာလို့ဖြစ်တာလဲ ⁉️

- Polycythemia Rubra Vera
ရိုးတွင်းချဉ်ဆီကိုက သွေးနီဥတွေကို တရားလွန်ထုတ်နေတဲ့ ရောဂါပါ။
- Secondary Polycythemia

ရောဂါအခံတစ်ခုခုကြောင့် သွေးနီဥတွေ များလာတာပါ။
ဥပမာ။ ။ ဆေးလိပ်သောက်တာ၊ အဆုတ်ပွတာ နဲ့ OSA 👉 အဲ့ဒီလူတွေမှာ Cells တွေက Oxygen လုံလုံလောက်လောက်မရတော့
ခန္ဓာကိုယ်ကနေ Oxygen သယ်ပေးတဲ့ သွေးနီဥတွေကို များများထုတ်ခိုင်းလိုက်ပါတယ်။

သယ်ပေးတဲ့ သွေးနီဥတွေများလာပေမယ့်
ဆေးလိပ်ဆက်သောက်နေသမျှတော့ သွေးထဲ Carbon dioxide တွေများနေတော့ Cells တွေက Oxygen မရတော့ ခန္ဓာကိုယ်ကသွေးနီဥတွေကို ထပ်ခါထပ်ခါ ထုတ်ခိုင်းရင်း သွေးနီဥတွေများ သထက်များလာရတာပါ။

အဆုတ်ပွတာမှာရော၊ OSA မှာရော ထိုနည်းအတိုင်းပါပဲ။
👉👉👉
#ဘယ်လိုလုပ်ကြမလဲ ⁉️

သွေးပြစ်လွန်းရင် သွေးကြောထဲဆို့ပြီး လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ ခြေပုတ်၊ လက်ပုတ်ဖြစ်မှာ စိုးတော့

#အမြန်ဆုံးဖြေရှင်းနည်းကတော့ 👉 သွေးနီဥတွေဖောက်ထုတ်ပစ်တာပါပဲ
အဲ့မှာပြောစရာရှိတာက
သွေးအားနည်းရင် သွေးလှူလို့မရဘူးဆိုတော့
သွေးတွေသူတို့မှာပိုနေတာ ဒီတိုင်းဖောက်ပစ်မယ့်အစားလှူလိုက်ရင် အကျိုးမရှိဘူးလားဆိုတော့

(Edited; ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ သွေးဖောက်ထုတ်ပစ်လိုက်တယ်ဆိုတာကို လန့်လာလို့ပါ 😁
သွေးလှူသလိုပါပဲ သွေးတစ်အိတ် ထုတ်တာပါ (500 ml) ရေသန့်ဘူးတစ်ဝက်စာပေါ့ သွေးချည်းထုတ်ရုံထုတ်တာမဟုတ်ပါဘူး ၊ Normal Saline/Dextrose water (500 ml) ပြန်သွင်းပေးပါတယ်
👉 ခန္ဓာကိုယ်ထဲက 500 ml ထုတ်ပြီး 500 ml ပြန်ထည့်ပေးပါတယ် ကြောက်စရာ Procedure မဟုတ်ပါဘူး)

မရပါဘူး သူတို့ရဲ့သွေးနီဥတွေက တက်သုတ်ရိုက်ထုတ်ထားတာဖြစိလို့ Quality မကောင်းပါဘူး၊ အလုပ်ကောင်းကောင်းလုပ်မယ့် ဟာတွေမဟုတ်ပါဘူး အဲ့ဒါကြောင့် သူတို့လည်း သွေးလှူလို့မရပါဘူး။

လူနာတွေမှာက တော့ ရောဂါအခံကို ကုလိုက်တာ၊ ဆေးလိပ်ဖြတ်လိုက်တာ က တကယ့်ကုသမှုအမှန်ဖြစ်ပါတယ်။

ဒါပေမယ့် Polycythemia Rubra Vera ဆိုတဲ့ရောဂါမှာတော့ ရိုးတွင်းချဉ်ဆီ ကိုက ထုတ်တာများနေတဲ့ အတွက် သူကို အလုပ်သိပ်မလုပ်အောင် တားတဲ့ဆေး ပေးရပါတယ်။

ပြစ်နေတာဖြစ်တဲ့အတွက် အလွယ်ပြောရရင် ရေရောရပါတယ်
👉 ရေများများသောက်ရပါတယ်
👉 ရေဓာတ်ခမ်းခြောက်မယ့်ရောဂါတွေ (ပျို့တာ၊ အန်တာ၊ ချွေးထွက်တာ၊ ဝမ်းလျှောတာ) ဖြစ်ရင် ချက်ချင်းကုရပါတယ်
👉 ဆေးလိပ်ဖြတ်ရပါမယ် (အပေါ်မှာပြောပြီးပေမယ့် အရေးကြီးလို့ထပ်ပြောတာပါ)
👉 အရက်ဖြတ်ရပါမယ်
👉 Red Meat (အမဲသား၊ ဆိတ်သား၊ ဝက်သား) ၊ ဝမ်းတွင်းသား၊ ကလီစာ မစားတာကောင်းပါတယ်

👉👉👉
အဲ့တော့ သွေးပြစ်တယ်ဆိုတာဘာလဲ ?
ဘာလို့ဖြစ်တာလဲ ?
ဘာလို့ သွေးနီဥများနေတာကို သွေးလှူလို့ မရတာလဲ ?
ဘယ်လို ကုရမလဲ ?
ဘာတွေ ရှောင်ရမလဲ သိကြပြီထင်ပါတယ်။
👉👉👉

#ရောဂါရှင်အနေနဲ့ ဘာတွေခံစားရမလဲ ⁉️

- ခေါင်းကိုက်တယ်၊ ခေါင်းအုံတယ်၊ ခေါင်းမကြည်ဘူး
- လန်းလန်းဆန်းဆန်းမရှိဘူး
- ရင်ပတ်အောင့်တတ်တယ်
- ခြေနာ၊ လက်နာဖြစ်တတ်တယ်
- အသည်းတို့ ဘေလုံးတို့ ကြီးတတ်တဲ့အတွက် ဗိုက်တင်းပြီး မအီမသာဖြစ်တယ်။

#ဘယ်လိုသိမလဲ ⁉️

- သွေးစစ်တာနဲ့ သိပါတယ်
- Ultrasound ရိုက်မယ်
- Polycythemia Rubra Vera အတွက်ကတော့ JAK2 Gene Mutation ဆိုတဲ့ မျိုးရိုးဗီဇ စစ်ရပါတယ်။

👉👉👉
သွေးနီဥ နဲ့ ပတ်သက်တဲ့ နည်းတာလည်းပြောပြီးပြီ၊ များတာလည်းပြောပြီးပြီ။ 😀

သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ
Dr ဘုန်းစည်သူလွင်
11:45 pm/ 19.11.2020

‼️မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ‼️
24/07/2022

‼️မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ‼️

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများကူးစက်ခံရပြီး...
13/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

❤️ပြန်လည်မျှဝေပါရစေရှင့်။❤️အာရုံကြောဆေး တမျိုးဖြစ်တဲ့ Betex သောက်သောက်နေတတ်တဲ့ ကိုယ့်ဆရာကြီးတွေ ဖတ်သင့်ပါကြောင်းBetexဆရာ...
23/06/2022

❤️ပြန်လည်မျှဝေပါရစေရှင့်။❤️

အာရုံကြောဆေး တမျိုးဖြစ်တဲ့ Betex သောက်သောက်နေတတ်တဲ့ ကိုယ့်ဆရာကြီးတွေ ဖတ်သင့်ပါကြောင်း

Betex

ဆရာ Betex ဆေးက ခေါင်းမူးခေါင်းကိုက်၊ ဇက်ကျောတက် ပျောက်ကင်းပါစေသလား

ရေရှည်သောက်ရင်ကော အစာအိမ်ထိခိုက်နိုင်ပါသလား

ဆရာဝန်နဲ့သွားပြတော့ ဒီဆေးကို ဆွဲသောက်ရမယ်ပြောပါတယ်

ကျနော်အသက်၃၅နှစ်၊အိမ်ထောင်မရှိပါ အကြောင်းပြန်ပေးစေလိုပါတယ်။

Betexဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တမျိုးပါ။ အာရုံခံဆဲလ်၊နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်တယ်။ နာတာရှည် ထုံကျင်၊ညောင်းညာကိုက်ခဲ၊အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံနည်းပါးသူ၊အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊စစ်၊တွဲကို အချိုးကျပေါင်းစပ်ထားတယ်။

neurobion အပြာကဒ်၊neurorubin,neurovitဆိုတဲ့ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ။ ကွာခြားတာက စျေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။ မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်။ Betex က neurobionထက် သုံးဆမက စျေးပိုကြီးတယ်။ ထိုင်းနိုင်ငံFavorexက ထုတ်လုပ်ထားတယ်။

Betexထဲမှာ ပါဝင်တာတွေက-

Vitamin B1(thiamine mononitrate) 100mg

Vitamin B6(pyridoxine) 200mg

Vitamin B12(cyanocobalamine) 200mcg

စတာတွေ ဖြစ်ပါတယ်။

ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်။ သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။ မျိုးဗီဇဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။ နာဖ့်ဆဲလ်တွေမှာရှိတဲ့ acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။

အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေဖို့ ကူညီပေးတယ်။ နာ့ဖ်ကြောမျှင်၊နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ(myelin sheath)တွေကို ပြန်လည်တည်ဆောက်ပေးတယ်။ ပြုပြင်ပေးတယ်။ အရက်၊ဆေးဝါး၊ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ mono and polyneuropathics အာရုံကြောရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်။ အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊dopamineနဲ့ serotoninဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်။ ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်။

အသုံးဝင်ပုံ

-ခြေဖျား၊လက်ဖျား ထုံကျဉ်ကိုက်ခဲခြင်း၊

-ပူစပ်ပူလောင် ဖြစ်ခြင်း၊

-အာရုံကြောရောင်ရမ်းခြင်း၊

-အာရုံကြောအားနည်းခြင်း၊

ဗီတာမင်ဘီ လိုအပ်သူများ

-အရက်အလွန်အကျွံသောက်သုံးသူ၊

-ဆီးချိုရောဂါသည်၊

-အသက်ကြီးရင့်သူ၊

-ဘီတာမင်ဘီ ချို့တဲ့သူ၊

-နာတာရှည် ရောဂါသည်၊

ဆေးညွှန်း

တခါသောက် တလုံး၊တနေ့ ၂-၃ကြိမ် အစာစားပြီး သောက်ပါ။ ရေရှည်စွဲသောက်နိုင်ပါတယ်။ ဝါးစားတာ၊အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်။ကိုယ်ဝန်ဆောင်တွေ တနေ့ တကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်။ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်။ အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။

ဘေးထွက်ဆိုးကျိုး

-ချွေးထွက်များတာ

-နှလုံးခုန်မြန်တာ

-ရင်တုန်တာ

-အရေပြားယားယံတာ

-အင်ပြင်ထွက်တာ

Vitamin B6ပါတဲ့အားဆေးတွေကို L-dopaဆေးနဲ့ တွဲမသောက်သင့်ဘူး။ L-dopaရဲ့ အာနိသင် ယုတ်လျှော့စေမယ်။ ရေမှာပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်။

မေးသူအတွက် ဖြေကြားချက်

-ခေါင်းမူး၊ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ။

-ဇက်ကျော၊ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်။

-ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်။

-အထူးသဖြင့် အာရုံကြောရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့။

-အကိုက်အခဲပျောက်ဆေးမဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ်မထိခိုက်စေပါ။

-အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။

-စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ။

-ဆရာဝန်ညွှန်ကြားသလို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်..

and respect to original post owner

❤️မင်္ဂလာပါ အမျိုးတို့ရေ❤️🍎🍇🥝🍋🥕🥦'အစာလည်းဆေး ဆေးလည်းအစာ' ဆိုတဲ့အတိုင်း ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာလေးများကို ...
06/06/2022

❤️မင်္ဂလာပါ အမျိုးတို့ရေ❤️

🍎🍇🥝🍋🥕🥦'အစာလည်းဆေး ဆေးလည်းအစာ' ဆိုတဲ့အတိုင်း ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာလေးများကို မင်မင်က မျှဝေပါရစေရှင့်။

🤵‍♂️🤵‍♀️ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် အစားအသောက်ကလည်း အရေးကြီးပါတယ်နော်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ မနေကြဖ်ု့ အကြုံပြုလိုက်ပါတယ်ရှင့်။👌👌

✅ မျှဝေပါရစေရှင့်။ခါးနာခြင်းနှင့်အတူ အောက်ဖော်ပြပါလက္ခဏာများပါ တွဲလျက် ရုတ်တရက်ဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေ သတိပေးချက်ဖ...
02/06/2022

✅ မျှဝေပါရစေရှင့်။

ခါးနာခြင်းနှင့်အတူ အောက်ဖော်ပြပါလက္ခဏာများပါ တွဲလျက် ရုတ်တရက်ဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေ သတိပေးချက်ဖြစ်ပြီး ဆေးရုံသို့ အမြန်သွားရောက်သင့်ပါသည်။

ခါးနာခြင်းနှင့်အတူ

၁။🎳 ခြေထောက် အားနည်းလေးလံလာခြင်း။

ခါးနာခြင်းနှင့်အတူ

၂။🎳 ဝမ်းဗိုက်ပြင်းထန်စွာနာကျင်ခြင်း။

ဖြစ်နိုင်သည့်အရေးပေါ်ရောဂါမှာ

၁။ မြင်းမြီးကဲ့သို့အဖျားဖွာထွက်နေသည့် အာရုံကြော ပိမိခြင်း Cauda equina syndrome

၂။ dissecting aortic aneurysym ဟုခေါ်သည့် သွေးလွှတ်ကြောမကြီး ကွဲသည့်ရောဂါအခြေအနေ

တို့ဖြစ်ပြီး အခန့်မသင့်လျှင်
၁။🎳 အောက်ပိုင်းသေနိုင်ခြင်း
၂။🎳 အသက်အန္တရာယ်ရှိခြင်း တို့ဖြစ်နိုင်သည်။

ထို့အတူ ခြေချောင်းလေးများအားမရှိခြင်း၊ စအိုတဝိုက်နှင့် ဆီးသွားရာနေရာ တဝိုက် ထုံခြင်း၊ ဆီးထိန်းမရခြင်းစသည်တို့သည်လည်း အရေးကြီး လက္ခဏာများဖြစ်ပြီး ဆရာဝန်နှင့် လျင်မြန်စွာ တိုင်ပင်သင့်ပါသည်။

Credit to original uploader

❤️❤️ချစ်ခင်ရတဲ့ အမျိုးများအတွက် ❤️❤️✅သွေးချို ဆီးချိုသမားများအတွက် နေ့စဉ်မှီဝဲသောက်သုံးနေရသော ဆေးဝါးများကို မင်မင်က တင်ပ...
11/05/2022

❤️❤️ချစ်ခင်ရတဲ့ အမျိုးများအတွက် ❤️❤️

✅သွေးချို ဆီးချိုသမားများအတွက် နေ့စဉ်မှီဝဲသောက်သုံးနေရသော ဆေးဝါးများကို မင်မင်က တင်ပေးလိုက်ပါရစေ။

✅ချစ်ရတဲ့အမျိုးများ လိုအပ်ရင် မှာယူနိုင်ပါတယ်ရှင့်။

✅(၁၁-၅-၂၀၂၂) ရက်နေ့ ဆေးဈေးနှုန်းများ

Reclide MR 30 - 2300 ကျပ်
Reclide MR 60 - 3250 ကျပ်
Diamicron MR 30 - 7600 ကျပ်
Diamicron MR 60 - 7200 ကျပ်
Panfor SR 1000 - 1600 ကျပ်
Panfor SR 500 - 900 ကျပ်
Metformin denk - 4500 ကျပ်
Linaglip - 4200 ကျပ်

✅ cb သို့ ဖုန်းဆက်၍လည်း မှာယူနိုင်ပါတယ်ရှင့်။

05/05/2022

#လမ်းမှာလူတယောက်ဂစ်ဂစ်ဂစ်နဲ့တက်နေတာတွေ့ရင်ဘာလုပ်ကြမလဲ❓❓❓
#ခြေမချိုးမယ် #လက်မချိုးမယ် #သော့နဲ့ခြစ်မယ် #လူတွေအားလုံးဝိုင်းဖိထားမယ် ❌❌❌
ဒါတွေအကုန်လုံးမလုပ်ရပါဘူးနော်၊ ဒီနေ့ post မှာ တော်များများမှားနေတာလေးကိုသေချာလေးရှင်းပြချင်ပါတယ်။
----------------
#တက်တယ်ဆိုတာဘာလဲ❓❓❓
👉 ဦးနှောက်ဟာ တကယ်တော့လျှပ်စစ်တွေသွယ်တန်းထားတဲ့ လျှပ်စီးပတ်လမ်းကြီးပါပဲ။ ဒီလျှပ်စီးပတ်လမ်းကြီးကတစ်ကိုယ်လုံးကိုထိန်းထားပါတယ်၊ သူ့ဟာသူနေရင်အကောင်းဆိုတဲ့ လျှပ်စီးပတ်လမ်းကြီးဟာ ဝါယာကြိုးတွေပေါက်ပြဲရင် ရှော့ခ်ရတယ်၊ ရေနဲ့ထိရင် ရှော့ခ်ရတယ်၊ ဦးနှောက်ကြီးကလည်း ဒီလိုပါပဲ၊ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်စီးကြောင်းတွေ ဖြစ်ပေါ်လာတဲ့အခါမှာ တကိုယ်လုံးကို မထိန်းချုပ်နိုင်ပဲ #တက်တယ်ဆိုပြီး ဖြစ်လာရပါတယ်။
👉 ဦးနှောက်ကပုံမှန်မဟုတ်တဲ့ လျှပ်စီးကြောင်းတွေဖြစ်ပေါ်လာတာကို တက်တယ်လို့ခေါ်ပါတယ်။
-----------------
#တက်တာကစိုးရိမ်ရလား❓❓❓
👉စိုးရိမ်ရပါတယ်၊ တက်တာအချိန်ကြာလာရင် ဦးနှောက် အောက်ဆီဂျင်မရတာပိုဆိုးလာပြီး အန္တရာယ်ရှိပါတယ်။ဒါကြောင့် တက်တာ #နာရီဝက်ထက်ကျော်နေရင် #တက်တာတော့ကျပြီကြားထဲမှာခဏခဏပြန်တက်နေရင် 🔺အရေးကြီးပါတယ်၊ ဆေးရုံ ဆေးခန်းအမြန်ဆုံးပြပါ။
-----------------
ဆိုတော့ကာ #တက်ရင်ဘာလုပ်ကြမလဲ❓❓❓
👉 လမ်းမှာဖြစ်တယ်၊ ကားပေါ်မှာဖြစ်တယ်ဆို လူနာကိုဘေးကင်းတဲ့ နေရာကိုခေါ်သွားပေးပါ။ လမ်းမလယ်ကြီးဆို လမ်းဘေးနေရာလိုမျိုး၊ ဓာတ်ကြိုးတွေအောက်ဆို ဘေးလွတ်တဲ့နေရာလိုမျိုး
👉 တက်တဲ့လူရဲ့ဘေးမှာ လူတွေဝိုင်းအုံကြည့်နေမယ့်အစား လေဝင်အောင် လူတွေချဲပေးပါ။ ဝိုင်းအုံမထားပါနဲ့ ❌❌❌
👉 လဲကျပြီးတက်သွားတဲ့အခါ လူနာကိုဘေးစောင်းထားပေးပါ။
👉 အိမ်မှာတက်သွားတဲ့အခါ ဆီးချိုသမားဆို #ဆီးချိုကျတာကလည်းတက်စေတဲ့ အတွက် လက်ထိပ်ဖောက်ပေးပါ။
👉 သတိပြန်မလည်ဘူး၊ ဆေးရုံ ဆေးခန်းပို့ရတော့မယ့်အခါ ပေးထားပေးပါ။
----------------
အပေါ်ကပြောသွားတဲ့ အချက်တွေထဲမှာ #ခြေတွေချိုးတာ #လက်တွေချိုးတာ #သော့နဲ့ခြစ်တာ တစ်ခုမှမပါပါဘူးနော် ❌ ပြဿနာက ဦးနှောက်ထဲမှာဖြစ်နေတဲ့အတွက် ခြေချိုး လက်ချိုး သော့ခြစ် တာတွေနဲ့ #တက်တာကိုကျစေမှာမဟုတ်ပါဘူး။
----------------
#ခြေချိုးလက်ချိုးတွေလုပ်တော့ရောဘာဖြစ်လဲဆရာမရယ် ❓❓❓
👉 ဘာမှတော့မဖြစ်ပါဘူး၊ အားနဲ့ဝိုင်းချိုးကြတော့ တက်တဲ့လူနာ သတိပြန်ရလာရင် #အရမ်းနာတာပေါ့၊ သူတက်တာကို တကယ်သက်သာစေတဲ့နည်းလမ်းတွေလည်းဟုတ်မှမဟုတ်တာ 😣
🧐🧐🧐🧐 ကဲဒါဆို နောက်ဆုံးအချုပ်ပြောရရင်
1-တက်တဲ့လူနာတွေ့ရင်အပေါ်ကအချက်တွေအတိုင်းလုပ်ပေးပါ။ ခြေချိုး လက်ချိုးတွေမလုပ်ရဘူးနော် ❌
2-ခဏခဏ တက်နေရင် အန္တရာယ်ရှိတဲ့အတွက် တတ်ကျွမ်းနားလည်သူနဲ့ပြပေးပါ။
3-အတက်ရောဂါရှိလို့ အတက်ကျဆေးသောက်နေရတဲ့သူတွေအနေနဲ့ မိမိသဘောနဲ့ မိမိဆေးဖြတ်တာလုံးဝမလုပ်ကြဖို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။
အားလုံးနေကောင်းကျန်းမာကြပါစေ
# Credit to original uploader

Address

Zabbuthiri Township
Naypyitaw

Alerts

Be the first to know and let us send you an email when Phone Pharmacy ဆေးမျိုးစုံရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram