Zabu Aung Clinic ဇမ္ဗူအောင် ဆေးခန်း

Zabu Aung Clinic ဇမ္ဗူအောင် ဆေးခန်း Health care provider

16/09/2025
"ကလေးငယ် အဖျားကြောင့် တက်သောအခါ"ရာသီအကူးအပြောင်း မှာ ကလေးတွေ အအေးမိတုတ်ကွေး ဖြစ်ပြီး ဖျားတတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီ...
23/10/2023

"ကလေးငယ် အဖျားကြောင့် တက်သောအခါ"

ရာသီအကူးအပြောင်း မှာ ကလေးတွေ အအေးမိတုတ်ကွေး ဖြစ်ပြီး ဖျားတတ်ကြပါတယ်။

ကလေးတွေမှာ အဖျားကြီးလာရင် နောက်ဆက်တွဲ တက် တတ်ကြပါတယ်

ကလေးငယ်လေးအဖျားကြီးပြီး တက်လာတဲ့အခါ လုပ်ဆောင်နိုင်တဲ့ အကြောင်းအရာလေးတွေကိုပြောပြပေးချင်တာပဲဖြစ်ပါတယ်။ အဖျားတက်နေသောကလေးငယ်လေးကိုအဖျားကျအောင်မလုပ်ပဲထားပါက အဖျားအလွန်ကြီးပြီး တက်သွားတတ်ပါတယ်။ နုနယ်သော ကလေးဦးနှောက်လေးသည် ခဏခဏ တက်ခြင်း ဝေဒနာကို ခံစားရတဲ့အခါ ထိခိုက်လာတတ်ပါတယ်။

ဒါကြောင့်မို့လို့ ကလေး အဖျားမကြီးဖို့ မတက်စေဖို့က အရေးကြီးပါတယ်။
အသက် ၆လမှ ၆နှစ်ကလေးများတွင် အဖျားကြီးပြီးတက်တာ ပိုအတွေ့ရများတတ်ပါတယ်။ ဒီလိုကလေးတွေမှာ ရောဂါရှာရင် အကြောင်းရင်းမယ်မယ်ရရ မတွေ့ရပါ။ မိဘမျိုးရိုးထဲမှာတော့ငယ်ငယ်က ကိုယ်ပူကြီး၍ တက်ဖူးကြောင်း ပြောတာမျိုးရှိကောင်းရှိနိုင်ပါတယ်။ တက်သောအကြောင်းရင်းများတွင် ဦးနှောက်အတွင်း ပုံမမှန်သော လျှပ်စီးလှိုင်းများလွှတ်ထုတ်နေ၍တက်ခြင်း၊ ဦးနှောက်အမြှေးရောင်၍ တက်ခြင်း၊ ကိုယ်ခန္ဓာ အတွင်း ဓာတ်ဆားဓာတ်များ ပုံမှန်မဟုတ်၍တက်ခြင်းနှင့် အချိုဓာတ်ကျ၍ တက်ခြင်း အစရှိသော တက်နည်းပေါင်းများစွာရှိသည့်အနက်အဖျားသွေးရှိပြီး အရင်တုန်းက တကြိမ်တခါမျှ မတက်ဖူးပဲ ရောဂါအခံ ရောဂါပိုးဝင်မှု မရှိပဲ တက်ခြင်းကိုအဖျားကြီးပြီး တက်တယ်လို့ ယူဆကြပါတယ်။

အဖျားကြီးပြီး တက်တဲ့ကလေးတွေဟာ တကိုယ်လုံး တဆတ်ဆတ်တုန်ပြီး တက်ပါတယ်။
မျက်ဖြူလန်သွားတာ ဆီးဝမ်းထွက်ကျသွားတာဖြစ်ပြီး အတက်ကျသွားတဲ့အချိန်မှာကလေးကနုန်းပြီးပျော့ခွေသွားပါတယ်။ ကြာချိန် ၃မိနစ်နဲ့ ၅မိနစ်ကြားရှိပြီး ၅မိနစ်ထက်မပိုပါ။ အဖျားကြီးပြီးတက်သွားတဲ့ကလေးကို အရင်ဆုံးလုပ်ပေးရမှာက အဖျားကျစေဖို့ ဂြိုလ်တုတောင့်ကို ကလေးကိုယ်အလေးချိန်ဖြင့် တိုင်းဆပြီးထည့်ပေးပါ။ ကလေးလေး သတိပြန်လာလည်လာပါက ရေပတ်ရွှဲရွှဲလေး အရင်တိုက်ချပေးပါ။ နဖူး၊ ချိုင်းကြား၊ ပေါင်ခြံကြား၊ တင်ပါးကြားတို့သည် အဓိကအပူအောင်းသောနေရာများဖြစ်သဖြင့် ရေပတ်ဝတ် ကလေးလေး ပါးစပ်ထဲသို့ မည်သည့် အရာမှ မထည့်ပဲဘေးတစောင်းအနေအထားဖြင့် ဆေးရုံခေါ်လာပေးပါ။ လက်မချိုး ခြေမချိုးခြင်း၊ ရင်ဘတ်ဖိနှိပ်ခြင်းတို့သည် တကယ်တမ်း အတက်မကျစေသည့်အတွက် ဘေးတစောင်းအနေအထားဖြင့် ဆေးရုံသို့အမြန်ခေါ်လာနိုင်ခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ အတွင်းကလီစာတွေထဲက တစ်ခုဖြစ်တဲ့ အသည်းဟာ လူသားတွေကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဌကန...
20/10/2023

လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ အတွင်းကလီစာတွေထဲက တစ်ခုဖြစ်တဲ့ အသည်းဟာ လူသားတွေကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဌကနေ ပါဝင်ပါတယ်

ညနက်အထိ မအိပ်ဘဲ ဂိမ်းဆော့တယ်၊ ရုပ်ရှင်ကြည့်တယ်၊ ဆိုရှယ်မီဒီယာ သုံးတယ်ဆိုသူလေးတွေ အခု အကြောင်းအရာလေး တွေကို ဖတ်ကြည့်ဖို့ လိုပါမယ်။ ဒါကတော့ သိပ်မကြာသေးခင် နှစ်တွေက လုပ်ဆောင်ခဲ့တဲ့ သုတေသန ရလဒ်အရ သိရှိလာရတဲ့ အိပ်ရေးပျက်ခြင်းက အသည်းကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပါ။

လေ့လာမှု အသစ်အရ သိရတာက အထိုင်များတာ၊ ကျန်းမာပြည့်ဝတဲ့ အိပ်စက်ချိန်၊ အိပ်စက်မှု အလေ့အကျင့်တွေ မရှိခြင်းက အသည်းကို ထိခိုက်စေပြီး အသည်းအဆီဖုံးစေနိုင်တယ်ဆိုတာပါ။
အိပ်ရေးပျက်တာများလာတဲ့အခါ ခန္ဓာကိုယ်တွင်းက အဆိပ်တွေကို ဖယ်ရှားပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ မနားမနေ လုပ်ဆောင်ပေးနေတဲ့ အသည်းလေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီပေါ့။

ညဘက်နောက်ကျမှ အိပ်ပြီး အိပ်ချိန် ပြည့်ပြည့်ဝဝ မရရှိသူတွေ၊ နေ့ခင်းဘက်ကို မိနစ် ၃၀ ထက် ပိုပြီး တစ်ရေးတစ်မော အိပ်စက်လေ့ရှိသူတွေဟာ အသည်းအဆီဖုံးနိုင်ခြေ များနေပါတယ်။ ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်စက်ကြသူတွေက အသည်းအဆီဖုံးနိုင်ခြေကို ၂၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်၊ လို့ လေ့လာမှု ရလဒ်တွေက ဖော်ပြနေပါတယ်။

ကျန်းမာတဲ့ နေ့စဉ်နေထိုင်မှု ပုံစံ မရှိရင်တောင်မှ ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်မယ်ဆိုရင် အသည်းအဆီဖုံးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဒါကြောင့် အသည်းကျန်းမာစေဖို့ နေ့စဉ်ညတိုင်းမှာ အိပ်ရေးပျက်ခံတာ၊ ညနက်မှ အိပ်တာမျိုးတွေ မလုပ်ပါနဲ့။ အိပ်ချိန် နောက်ကျလေလေ အသည်းက ထိခိုက်နိုင်ခြေ များလေလေပါ။ အိပ်စက်ချိန် လုံလုံလောက်လောက် မရရှိတာက အသည်းကို ဝန်နဲ့အား မမျှဖြစ်စေပြီး ပင်ပန်းစေပါတယ်။ ညဘက်တွေမှာ အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်တာက အသည်း အဆီဖုံး နိုင်ခြေကို ၂၉ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ပါတယ်။

အသည်းအဆီဖုံးတာက ရေရှည်မှာ အသည်းကင်ဆာလိုမျိုး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ နေ့တိုင်းမဟုတ်ရင်တောင် မကြာခဏ အိပ်ရေးပျက်တာက အသည်းအဆီဖုံးနိုင်ခြေ များစေပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၁ ရက် ၂ ရက်ထပ်ပိုပြီး အိပ်ရေးပျက် မခံပါနဲ့။ အိပ်ချိန်ကိုလည် မလျော့စေဖို့ သတိပြုပေးပါလို့ အကြုံပြုချင်ပါတယ်။

အိပ်ရေးပျက်တာက အသည်းကိုတင် အဆီဖုံးစေတာ ထိခိုက်စေတာ မဟုတ်ဘဲ ရေတိုမှာ

🛌နေ့ခင်းဘက်တွေမှာ အရမ်း အိပ်ချင်တာ
🛌ပင်ပန်းတာတွေကို ခံစားရတာ
🛌စိတ်ခံစားမှု မကောင်းတာ
🛌တက်တက်ကြွကြွ မရှိတာ
🛌မေ့တတ်တာ
🛌ညီးစီစီဖြစ်စေတာတွေကို ဖြစ်စေပြီး

ရေရှည်မှာတော့

🩺သွေးတိုးတာ
🩺ဆီးချို
🩺ရုတ်တရက် နှလုံးရပ်တာ
🩺နှလုံးစွမ်းဆောင်ရည် ကျတာ
🩺စိတ်ဓာတ်ကျတာ
🩺ကိုယ်ခံအားနည်းတာတွေကို ဖြစ်ပေါ်စေပါတယ်

ဒီတော့ နေ့စဉ်ဘဝ ကျန်းမာရေးမှာ အရေးပါတဲ့ အသည်း ကျန်းမာစေဖို့ ညတိုင်းမှာ အိပ်ချိန် ၈ နာရီထက် မနည်းစေဖို့ ဂရုစိုက်ပေးစေချင်ပါတယ်

လူသားများနေ့စဥ်ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ ဝေဒနာများထဲက အဖြစ်အများဆုံးကတော့ ခေါင်းကိုက်ဝေဒနာပဲဖြစ်ပါတယ်လူတစ်ယောက်ကခ...
28/03/2023

လူသားများနေ့စဥ်ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ ဝေဒနာများထဲက အဖြစ်အများဆုံးကတော့ ခေါင်းကိုက်ဝေဒနာပဲဖြစ်ပါတယ်

လူတစ်ယောက်ကခေါင်းကိုက်ဝေဒနာခံစားနေရပီဆိုရင် သူ့ရဲ့တနေ့တာလုပ်ငန်းခွင်ထဲမှာသာမက နေ့စဥ်ဘဝလုပ်ဆောင်မှုတွေမှာပါ အခက်တွေ့လာနိုင်ပါတယ်

ခေါင်းကိုက်စေနိုင်တဲ့ အကြောင်းရင်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအများကြီးပါ။ အဖြစ်များဆုံး အနေနဲ့ –

စိတ်ဖိစီးမှု
အိပ်ရေးပျက်ခြင်း
ဆာလောင်မှု
ကဖင်းစွဲလမ်းခြင်း(ကဖင်း စွဲလမ်းနေပြီး မသောက်ရတဲ့အခါ ခေါင်းကိုက်၊ သောက်လိုက်မှ ခေါင်းကြည်သွားတာမျိုး)
မောပန်းအားကုန်ခြင်း
ရာသီဥတု အပြောင်းအလဲ
ခေါင်းကိုက်စေတတ်တဲ့ အစားအသောက် (ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေနဲ့ အရက် အပါအဝင်)
သောက်သုံးနေတဲ့ ဆေးဝါးတစ်မျိုးရဲ့ ဘေးထွက်ဆိုးကျိုး
တုပ်ကွေးလိုမျိုး ကူးစက်ရောဂါ တစ်မျိုးမျိုး ခံစားနေရခြင်း
သွေးတိုးရောဂါနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းလိုမျိုး နာတာရှည်ရောဂါတစ်ခုခု တို့ကြောင့် လည်း ခေါင်းကိုက်ရတတ်ပါတယ်။

ဆက်လက်ပြီး ခေါင်းကိုက်ဝေဒနာတွေထဲမှာ အဖြစ်အများဆုံး ရောဂါတမျိုးဖြစ်တဲ့
" Tension Headache "
(စုပ်ဆွဲထားသလိုခေါင်းကိုက်ခြင်း )အကြောင်းကို ဆွေးနွေးတင်ပြလိုပါတယ်...

ခေါင်းကိုက်ခြင်း အမျိုးအစားတွေထဲမှာ Tension headache က အဖြစ်များပါတယ်။ သူက ရိုးရိုးခေါင်းကိုက်တာနဲ့လည်း မတူပါဘူး။ သာမန်ခေါင်းကိုက်တာနဲ့ ကွာတာက သူက

-ခေါင်းထဲမှာ လေးပြီး ကိုက်နေမယ်။
-နဖူး၊ နားထင်နဲ့ နောက်စေ့မှာ ကြိုးနဲ့ တင်းတင်းဆွဲထားသလို ခံစားရတာ
-ဦးရေပြား၊ ဇက်နဲ့ ပုခုံးကြောတွေ တင်းနေတာ ဖြစ်တတ်ပါတယ်။

ဖြစ်လိုက်ပျောက်လိုက်နဲ့ ကိုက်နေတာမျိုး ရှိသလို တရိပ်ရိပ်နဲ့ ဆက်တိုက်ကိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရပေမယ့် စိတ်ဖိစီးရင် ပိုဆိုးတတ်ပါတယ်။
ခေါင်းကိုက်တာကို ဆရာဝန်ပြလေ့မရှိကြပေမယ့် ဒီလိုအခြေအနေဆိုရင်တော့ ပြသင့်ပါတယ်။

-အကိုက်အခဲပျောက်ဆေးတွေနဲ့ မသက်သာရင်
-ခဏခဏ ကိုက်နေရင်
-ညဘက်အိပ်မရအောင်၊ နေ့စဉ်အလုပ်တွေ လုပ်လို့မရအောင် ကိုက်လာရင်
-ရုတ်တရက်ပြင်းပြင်းထန်ထန် ကိုက်လာရင်
-ခေါင်းကိုက်တာနဲ့အတူ တက်တာ၊ အမြင်ဝါးတာ၊ ခြေလက် အားနည်းတာတွေ ဖြစ်လာရင်
-ခေါင်းထိခိုက်မိပြီးမှ ခေါင်းကိုက်တယ်။ ကိုက်တာပိုပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

မယ်ဇလီဖူးသုပ် အန္တရာယ် တန်ဆောင်မုန်းလပြည့် ည၁၂နာရီရောက်တာနဲ့ ဆေးပေါင်းခတယ်ဆိုပြီး မယ်ဇလီဖူးကိုသုပ်စားကြပါတယ်။ တန်ဆေးလွန်...
06/11/2022

မယ်ဇလီဖူးသုပ် အန္တရာယ်

တန်ဆောင်မုန်းလပြည့် ည၁၂နာရီရောက်တာနဲ့
ဆေးပေါင်းခတယ်ဆိုပြီး မယ်ဇလီဖူးကိုသုပ်စား
ကြပါတယ်။ တန်ဆေးလွန်ဘေးဆိုတာလေးတော့
မမေ့ကြပါနဲ့။ အထူးသဖြင့်သွေးတိုးရှိတဲ့သူတွေ
ဆေးဝင်တယ်ဆိုပြီး မယ်ဇလီဖူးသုပ်ကို အဝအပြဲ
သွားမစားမိပါစေနဲ့။ သွေးတက်ပြီး ခေါင်းတွေ
ထိုးဇက်တွေ လေးလံလာပါလိမ့်မယ်။ အဆိုးဆုံး
ကတော့ဝမ်းချူပ်နေရင် ဦးနှောက်သွေးကြောပေါက်မှာ။

လေဖြတ်မှာပါကြောက်ရပါတယ်။ နောက်မယ်ဇလီဖူး
သုပ်ကို အရက်နဲ့မြည်းကြပါတယ်။ အတော်အန္တရယ်
များတဲ့ ကိစ္စပါ။ မယ်ဇလီဖူးဟာ အခါးလေကိုကောင်း
စေပါတယ်။ အရက်ကလည်းအခါး ဒါပေမယ့် အရက်
က ပူခါး မယ်ဇလီဖူးက အေးခါး အပူနဲ့အအေး
ဆန့်ကျင်ဘက် ဖြစ်နေလို့ အရက်သောက်ရင်း
မယ်ဇလီဖူးသုပ်စားရင် လေဖြတ်ရင်ဖြတ်မဖြတ်ရင်
ရှော့ဖြစ်တတ်ပါတယ်။ အာရုံကြောထိပြီး အတိတ်
မေ့သွားတတ်ပါတယ်။

အထူးရှောင်ကြဖို့ သတိပေးပါရစေ။ နောက်တစ်ခု
ထပ်သတိပေးချင်တာက မယ်ဇလီဖူးမှာ ပါတဲ့ဓာတ်
က ရောဂါကူးစက်လွယ်စေပါတယ်။ တန်ဆောင်မုန်း
လပြည့်ညမှာ ချစ်သူရည်းစားတွေတစ်ယောက်နဲ့
တစ်ယောက် ..... ဇွန်းတစ်ချောင်းတည်းနဲ့တော့
မယ်ဇလီဖူးသုပ် အပြန်အလှန်ခွံမကျွေးမိပါစေနဲ့။

ရောဂါကူးစက်တတ်သည့်အပြင် သွားရည်တွေဟာ
သွားချေးတွေကို သယ်ဆောင်ပြီး မယ်ဇလီဖူးကနေ
တစ်ဆင့် မိမိထံရောက်ရှိလာပါလိမ့်မယ်။ ထပ်သတိ
ပေးချင်တာကတော့ မယ်ဇလီဖူးကို အန္တရယ်ကင်းကင်း
စားသုံးမယ်ဆိုရင် အနည်းဆုံး နှစ်ရေခန့် ပြုတ်ပြီးမှသုပ်
ပါ။ မန်ကျီးသီးရေထည့်သုပ်ပါ။ ဆားစတိသာထည့်ပါ။
စားပြီးလျှင် လေဆေးလျှက်ဆားလေး စားဖို့မမေ့ပါနဲ့။ အရက်နဲ့ လုံးဝမတည့်ပါ။ သဘာဝဆေးကို ဘေးမဖြစ်
စေရန် သုံးဆောင်နိူင်ကြပါစေ

ကျွန်တော်တို့ ဗမာလူမျိုးတွေမှာ လွယ်လွယ်ပြင်လို့မရတဲ့ အယူဝါဒ တစ်ခုရှိပါတယ်…အဲ့ဒါကတော့ ထမင်းစားမှ အာဟာရရှိတယ်...ထမင်းစားမှ...
29/09/2022

ကျွန်တော်တို့ ဗမာလူမျိုးတွေမှာ လွယ်လွယ်ပြင်လို့မရတဲ့ အယူဝါဒ တစ်ခုရှိပါတယ်…
အဲ့ဒါကတော့ ထမင်းစားမှ အာဟာရရှိတယ်...
ထမင်းစားမှ ကျန်းမာမယ် ဆိုတာပဲ…

အထူးသဖြင့် ကလေးမိဘတွေအနေနဲ့ မိမိရဲ့ ရင်သွေးက ထမင်းမစားဘူး/ ထမင်းစားတာနည်းနေတယ်ဆိုရင် အဟာရ မဖြစ်တော့ဘူးလို့ ထင်မှတ်နေကြပါတယ်…

အမှန်တကယ်ကတော့ ထမင်းထက် ပိုပြီး အာဟာရရှိတဲ့ အစားအသောက်တွေအများကြီးရှိပါတယ်....

ခုနောက်ပိုင်းလေ့လာတွေ့ရှိချက်တွေမှာဆိုရင် ထမင်းလျော့စားခြင်းဖြင့် ကျန်းမာရေးအတွက်ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးရရှိတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်...

အဲ့ဒီထဲကတချို့က်ို ပြန်လည်ဝေမျှလိုက်ပါတယ်

ထမင်းဖြူမစားခြင်းဖြင့် ရရှိနိုင်မယ့် ကောင်းကျိုး (၅) မျိုး
ထမင်းဖြူအများကြီး စားမိရင် အစာအိမ်မှာ ဝန်ပိစေနိုင်တဲ့အတွက် ကျွမ်းကျင်သူတွေက ညဘက်မှာ ထမင်းဖြူစားခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးအများစုရဲ့ နေ့စဉ်အစားအသောက်မှာ မပါမဖြစ်ကတော့ ထမင်းဖြူ (white rice) ပါပဲ။ ထမင်းဖြူစားခြင်းမှာ အာဟာရအကျိုးကျေးဇူးတွေရှိသလို ကျန်းမာရေးအတွက် မသင့်တော်တဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဓိကကတော့ ထမင်းဖြူအများကြီးစားမိရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တာပါ။

အဓိကကတော့ ဝိတ်တက်လာမှာပါ။ နောက်ပြီး ထမင်းဖြူအများကြီး စားမိရင် အစာအိမ်မှာ ဝန်ပိစေနိုင်တဲ့အတွက် ကျွမ်းကျင်သူတွေက ညဘက်မှာထမင်းဖြူစားခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။ ထမင်းဖြူကို တတ်နိုင်သမျှ ရှောင်ကြဉ်မယ်ဆိုရင် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကတော့...

၁။ သွေးတွင်းသကြားပမာဏကို ထိန်းညှိပေးတယ်

ထမင်းဖြူမစားခြင်းက သွေးတွင်းသကြားပမာဏကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထမင်းဖြူအများကြီးစားခြင်းက သွေးတွင်းသကြားဓာတ်ကို ဆောင့်တက် လာစေနိုင်လို့ပါပဲ။ ဒါကြောင့် ဆီးချိုသမားတွေ ထမင်းဖြူကို တတ်နိုင်သမျှ ရှောင်ကြတာပဲဖြစ်ပါတယ်။

၂။ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်

ထမင်းဖြူကို ပုံမှန်စားသူတွေဟာ ကြာလာတာနဲ့တပြိုင်နက် ဝမ်းချုပ်ခြင်းကို ခံစားလာရနိုင်ခြေရှိပါတယ်။ ထမင်းဖြူမှာ အမျှင်ဓာတ်များများစားစားမပါဝင်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက် ချောမွေ့နေအောင် မကူညီပေးနိုင်ပါဘူး။ အကျိုးဆက်အနေနဲ့ ဝမ်းချုပ်၊ ဝမ်းကိုက်ခြင်း ဖြစ်လာရပါတယ်။

၃။ ကိုယ်အလေးချိန်ထိန်းညှိပေးတယ်

ကိုယ်အလေးချိန်ကိုထိန်းညှိဖို့အတွက် ထမင်းဖြူကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်လောက် လုံးဝမစားဘဲ နေနိုင်ရင်အကောင်းဆုံးပါပဲ။ ထမင်းဖြူထဲမှာ ကာဘိုဟိုက်ဒရိတ်ပမာဏ အများကြီးပါဝင်တဲ့အတွက် များများစားမိရင် ဝိတ်တက်လာဖို့ပဲရှိပါတယ်။

၄။ အာဟာရတန်ဖိုးမကျစေဘူး

တချို့က ထင်ကြပါတယ်။ ထမင်းမစားဘဲနေရင် အာဟာရတန်ဖိုး မပြည့်ဘဲ နေမှာပေါ့ဆိုပြီး။ တကယ်တမ်းကျတော့ ထမင်းမှာပါဝင်တဲ့ အာဟာရတန်ဖိုးကို ထမင်းလောက် ဘေးထွက်ဆိုးကျိုး မများတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ထမင်းမစားရရင် မတင်းတိမ်နိုင်ဘူးဆိုရင်တော့ ထမင်းဖြူအစား ဆန်ညိုထမင်း (brown rice) ကို ရွေးချယ်သင့်ပါတယ်။

ယနေ့ခေတ်နေထိုင်မှု စားသောက်မှုပုံစံတွေကြောင့် လူသားတွေကြားထဲမှာ ကင်ဆာရောဂါဖြစ်ပွားမှုဟာ တိုးတက်လာပါတယ်ကင်ဆာရောဂါဆိုတိုင်...
14/09/2022

ယနေ့ခေတ်နေထိုင်မှု စားသောက်မှုပုံစံတွေကြောင့် လူသားတွေကြားထဲမှာ ကင်ဆာရောဂါဖြစ်ပွားမှုဟာ တိုးတက်လာပါတယ်

ကင်ဆာရောဂါဆိုတိုင်း အသက်ဆုံးရှုံးရတော့မှာလား
ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေက ပုံမှန်ပွားရမယ့်နှုန်းထက်ပိုပွားပြီးလာပြီးတော့ ကင်ဆာရောဂါဆိုတာ ဖြစ်လာတာပါ။

ကင်ဆာရောဂါဆိုတဲ့အသံကြားတိုင်း အများက စိုးရိမ်ထိတ်လန့်ကြပါတယ်။ကင်ဆာဖြစ်ပြီဆိုတာနဲ့ ကုမရတော့ဘူး၊ အနှေးနဲ့အမြန်အသက်သေဆုံးနိုင်တယ်ဆိုပြီး လူတိုင်းကကြောက်ရွံ့ပူပန်သွားကြတာပါ။ ဒါကြောင့် ကင်ဆာရောဂါဘာကြောင့်ဖြစ်ရလဲ။ ကင်ဆာရောဂါကို ကုသပျောက်ကင်းနိုင်ပါသလား စတဲ့ ကင်ဆာနဲ့ပတ်သက်တဲ့ သိသင့်တဲ့အကြောင်းအရာတွေကို ဝေမျှထားပါတယ်။

ကင်ဆာရောဂါ စတင်ဖြစ်ပွားပုံ
ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ခြုံပြောမယ်ဆိုရင် ကင်ဆာက တခြားအထွေအထူးရောဂါမဟုတ်ဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေက ပုံမှန်ပွားရမယ့်နှုန်းထက်ပိုပွားပြီးလာပြီးတော့ ကင်ဆာရောဂါဆိုတာ ဖြစ်လာတာပါ။ မျိုးရိုးလိုက်ခြင်း၊ ကူးစက်ခြင်းကြောင်း ကင်ဆာရောဂါဖြစ်နိုင်ပြီး ကူးစက်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေမှာဆိုရင် ဥပမာပြောရင် အစာအိမ်မှာ H.pylori ပိုးလို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ရောဂါပိုးကတစ်ဆင့် ကူးစက်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေများတာပါ။ ဒါ့အပြင် ပြန်ရေကြောအကြိတ်ကြောင့်ဖြစ်တဲ့ သွေးကင်ဆာ၊ အမျိုးသမီးတွေမှာအဖြစ်များတဲ့သားအိမ်ခေါင်းကင်ဆာတွေက ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရတဲ့ ကင်ဆာအမျိုးအစားတွေပါ။ တစ်ချို့သော ကင်ဆာရောဂါတွေကတော့ မျိုးရိုးကြောင့် ဖြစ်ပါတယ်။ ဥပမာ ရင်သားကင်ဆာ ဆိုရင် Genetics (မျိုးရိုးဗီဇကြောင့်) ဖြစ်တာ ။ ဒီလိုမျိုးကင်ဆာရောဂါဖြစ်စေတဲ့ မျိုးရိုးဗီဇရှိတယ်ဆိုရင် သတိထားရမယ့် အရာပါ။

ကင်ဆာက လူတိုင်းအလွယ်တကူဖြစ်နိုင်သလား
လူတိုင်းမှာ ကင်ဆာရောဂါအလွယ်တကူမဖြစ်အောင် တားဆီးနိုင်တဲ့ ဖိနှိပ်နိုင်တဲ့ မျိုးရိုးဗီဇက ပျက်စီးသွားတဲ့အခါမှာ ကင်ဆာရောဂါဖြစ်လာတာပါ။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများတာ၊ တာရှည်ခံအစားအသောက်တွေအများအပြားစားတာ၊ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေကြောင့် ကင်ဆာရောဂါကို ဖိနှိပ်ပေးတဲ့ မျိုးရိုးဗီဇကိုပျက်စီးစေနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်လို့ရသလား
တချို့ကင်ဆာရောဂါတွေမှာ ကာကွယ်လို့ရပါတယ်။ ဥပမာ - အမျိုးသမီးသားအိမ်ခေါင်းကင်ဆာဆို ကာကွယ်ဆေးထိုးလို့ရပါတယ်။ အစာအိမ်အူမကြီးနဲ့အစာအိမ်ဟောင်းကင်ဆာဆို မှန်ပြောင်းနဲ့စောင့်ကြည့်တာ၊ သွေးအဖြေစစ်ဆေးကြည့်ပြီး သောက်ဆေးသောက်တာ ဒီလိုနည်းလမ်းနဲ့ ကာကွယ်လို့ရပါတယ်။

ကင်ဆာဖြစ်တာနဲ့ အသက်ဆုံးရှုံးရတာ့မှာလား
ကင်ဆာဆဲလ်ပျံ့နှံ့မှုပေါ်မူတည်ပြီး ဆိုးဆိုးရွားရွားဖြစ်နေတာလား၊ ပုံမှန်လား ဒီအပေါ်မှာမူတည်ပြီး သေဆုံးနှုန်း ပြင်းထန်မှုနှုန်း တွေ ကြည့်ရပါတယ်။ တချို့သော ကင်ဆာရောဂါတွေက စောစောစီးစီးသိမယ်ကုသရင် ပျောက်ကင်းသွားနိုင်ပါတယ်။

အစာအိမ်ကင်ဆာရောဂါလိုမျိုး မှန်ပြောင်းကြည့်လိုက်တာနဲ့ သိနိုင်တဲ့ကင်ဆာမျိုးဖြစ်ပါက အသားစယူစစ်ဆေးနိုင်ပြီး အစာအိမ်အူနံရံမှာက ပုံမှန်ထက် နည်းနည်းပုံစံလေးပြောင်းနေရင် အစာအိမ်ယောင်စေတဲ့ပိုးသတ်ဆေးပေးနိုင်ပါတယ်။ ရင်သားကင်ဆာဆိုရင်လည်း အကြိတ်သေးနေတယ်ဆိုရင် ဖြတ်ထုတ်လို့ရပါတယ်။ ဆေးသွင်းကုသတာမျိုးလုပ်လို့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာဆို သားအိမ်ခေါင်းချွဲမြှေးယူပြီး စစ်ဆေးပြီး ကုသနိုင်ပါတယ်။

ကင်ဆာရောဂါဖြစ်နေသည့်တိုင် စောစောစီးစီးသိမယ်။ အဆင့်နည်းမယ်ဆိုရင် တချို့ကင်ဆာရောဂါတွေကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ် ။ ကုသပြီးသွားရင်လည်း နောက်ပိုင်းမှာ ကင်ဆာပြန်ဖြစ်မလားဆိုတာကို ဆရာဝန်နဲ့ အနီးကပ်တိုင်ပင်ဆွေးနွေး စောင့်ကြည့်လို့ရနိုင်ပါတယ်

သွေးတိုးရောဂါအကြောင်းအနည်းငယ်မျှဝေပေးချင်ပါတယ်...အားလုံးသိကြတဲ့အတိုင်း သွေးတိုးဖြစ်တာ အငန်အစားများတာတစ်ခုတည်းကြောင့် မဟု...
18/08/2022

သွေးတိုးရောဂါအကြောင်းအနည်းငယ်မျှဝေပေးချင်ပါတယ်...

အားလုံးသိကြတဲ့အတိုင်း သွေးတိုးဖြစ်တာ အငန်အစားများတာတစ်ခုတည်းကြောင့် မဟုတ်ပါ
သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့ သတ်မှတ်ကြပါတယ်။

သွေးတိုးရောဂါဟာ မြန်မာမှာရော ကမ္ဘာမှာပါ အဖြစ်များတဲ့ရောဂါတစ်ခုပါ။ကမ္ဘာ့လူဦးရေ တစ်ဘီလျံကျော်လောက်က သွေးတိုးရောဂါဖြစ်ပွားနေပြီး နှစ်စဉ် နှလုံးသွေးကြောဆိုင်ရာ ပြဿနာကြောင့် သေဆုံးသူ (၁၈) မီလျံခန့်မှာ သွေးတိုးရောဂါနဲ့ ဆက်စပ်သေဆုံးသူ (၈၀) ရာခိုင်နှုန်းကျော်လောက်ရှိနေတာပါ။ သွေးတိုးရောဂါ ဘာကြောင့်အဖြစ်များနေရတာလဲ။ သွေးတိုးရှိနေမှန်း လွယ်လွယ်ကူကူသိနိုင်တဲ့ လက္ခဏာတွေက ဘာတွေပါလဲဆိုတာကိုပြန်လည်မျှဝေပေးလိုက်ပါတယ်…

သွေးတိုးရောဂါဘာကြောင့်အဖြစ်များတာလဲ
မိမိမှာသွေးတိုးရောဂါ ရှိနေမှန်း လက္ခဏာအတိအကျမပြခြင်းကလည်း သွေးတိုးရောဂါဖြစ်ပွားမှုများနေရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါ။ သွေးတိုးရောဂါရှိတဲ့သူတွေရဲ့ (၃) ပုံ (၁) ပုံလောက်က လက္ခဏာ မခံစားရတာကြောင့် သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမားလို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဘယ်လိုအခြေအနေကို သွေးတိုးနေပြီလို့ သတ်မှတ်လဲ
ဇက်ကြောတက်တာ၊ မျက်ရိုးကိုက်တာ၊ ခန္ဓာကိုယ်လေးလံလာတာတွေ ဖြစ်လာပြီဆိုရင်တော့ သွေးတိုးနေပြီလို့ သံသယရှိနိုင်ပါတယ်။ ဒါပေမယ့် အတိအကျသိနိုင်ဖို့က သွေးပေါင်ချိန်ကြည့်ပါ။ သွေးပေါင်ချိန်မှာအပေါ်သွေးနဲ့ အောက်သွေးဆိုပြီး (၂) မျိုးရှိပါတယ်။ အပေါ်သွေး (၁၄၀) အောက်သွေး (၉၀) ကျော်နေပြီဆိုရင်တော့ သွေးတိုးရောဂါရှိတယ်လို့‌ ယေဘုယျသတ်မှတ်ပါတယ်။ တစ်ခါတစ်လေမှာ အသက်အရွယ်ပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်ပါတယ်။ အသက် (၈၀) ကျော်နေပြီဆိုရင်တော့အပေါ်သွေး (၁၅၀) ၊ အောက်သွေး (၉၀) ကျော်နေရင် သွေးတိုးလို့သတ်မှတ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ၊ အဝလွန်သူတွေ၊ ဆေးလိပ်အလွန်အကျွံသောက်သုံးသူတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေအနေနဲ့ သွေးပေါင်ကို ပုံမှန်လေးတိုင်းပေးတာအကောင်းဆုံးပါ။

ဘယ်လိုလူတွေမှာ သွေးတိုးအဖြစ်များလဲ။
- သွေးတိုးရောဂါမျိုးရိုးရှိသူတွေ

- အဝလွန်သူတွေ၊

- ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက် (Fast Food အစားများသူတွေ)

- အငန်အလွန်အကျွံစားသူတွေ (ဒီနေရာမှာ တစ်ခုသတိထားရမှာက မြန်မာနိုင်ငံမှာက အငန် အလွန်အကျွံစားသုံးနေတာပါ။ ထမင်းဝိုင်းမှာ မပါမဖြစ် ငါးပိ၊ ငံပြာရည်စားတတ်တဲ့ ဓလေ့က သွေးတိုးရောဂါဖြစ်နိုင်ချေများတဲ့အကြောင်းရင်းတစ်ခုပါ)

- ကိုယ်လက်လှုပ်ရှားမှုနည်းပါးသူတွေ

- ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးသူတွေ

သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းများ
သွေးတိုးရောဂါမဖြစ်ဖို့ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ဖို့ လိုပါတယ်။ အဓိက လုပ်ရမှာတွေကတော့ ..

အငန်စားတဲ့အလေ့အကျင့်ကို လျှော့ပါ။
လူတစ်ယောက်ဟာ တစ်နေ့တာမှာ အငန်ဓာတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပမာဏဖြစ်တဲ့ (၆) ဂရမ်သာ စားသုံးရပါတယ်။ အဲဒီတော့ ပြန်တွေးကြည့်ပါ။ မိမိတို့အိမ်မှာ ဟင်းချက်တဲ့အခါ အရင်ဆုံး အသား၊ငါးကို ဆားနဲ့ နနွင်းနယ်တယ်ဆိုရင်ပဲ ဆားပမာဏ (၆) ဂရမ်ကျော်နေပါပြီ။ အဲ့နောက်မှာ ဟင်းထဲကို ငံပြာရည်တွေ၊ အရသာမှုန်တွေ ထပ်ထည့်တယ်။ ထမင်းဝိုင်းမှာလည်း ငါးပိ၊ ငံပြာရည်ချက်တွေပါပြန်တယ်။ ဒါဆို မြန်မာလူမျိုးတို့ရဲ့ တစ်နေ့တာ အငန်ဓာတ်စားသုံးမှုပမာဏက လိုအပ်တာထက်ကို ပိုလျှံနေပါပြီ။

ပြည့်ဝဆီတွေစားသုံးခြင်းကို ရှောင်ပါ။
အထပ်ထပ်ကြော်ထားတဲ့ အီကြာကွေး၊ ပလာတာ၊ စမူဆာ တွေ၊ အကြော်တွေ ဒါတွေကို နှစ်ခြိုက်စွာ စားသုံးတာတွေက သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းတွေပါ။

ကော်ဖီ၊ အရက်/ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်း ရှောင်ပါ။
ကော်ဖီကြိုက်တတ်တဲ့သူတွေက တစ်နေ့ (၄) ခွက်ထက်ပိုမသောက်သင့်ပါဘူး။ ဆေးလိပ်ကလည်း သူ့မှာပါတဲ့ နီကိုဒင်းဓာတ်တွေကြောင့် သွေးကြောနံရံတွေမာကျောလာပြီး သွေးတိုးရောဂါဖြစ်နိုင်ချေများပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
ဒီနေ့ခေတ်မှာ နေ့စဉ် လူတွေက ဖုန်း၊ အင်တာနက်တွေ သုံးစွဲမှုများလာပြီး ကိုယ်လက်လေ့ကျင့်ခန်း လှုပ်ရှားမရှိသလောက် နည်းပါးသွားတာတွေကလည်း သွေးတိုးရောဂါအဖြစ်များစေပါတယ်။

အသက်အရွယ်ကြီးလာရင် သွေးကြောနံရံတွေ မာကြောလာတယ်၊ ကြွတ်ဆပ်လာတာတွေက သွေးတိုးဖြစ်နိုင်ချေရှိတဲ့ဘက်ကိုရောက်လာတာပါ။ အဲဒီလိုအခြေအနေမှာကိုယ်က နေထိုင်စားသောက်မှုပုံစံတွေကို မဆင်ခြင်ဘူး။ ဒီတိုင်းဆက်သွားရင် အသက်အရွယ်နဲ့ ကိုယ်မဆင်မခြင်နေတာနဲ့ ပေါင်းသွားတဲ့အခါမှာ သွေးတိုးဖြစ်စေလာပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့အညီစားသောက်နေထိုင်မှုပုံစံကို ပြောင်းပေးသင့်ပါတယ်…

ရင်သားကင်ဆာ ရှိမရှိ ကိုယ်တိုင်စစ်ဆေးစမ်းသပ်နည်းအမျိုးသမီးများအားလုံး တစ်လတစ်ကြိမ် ရင်သားကင်ဆာ ရှိမရှိ စမ်းသပ်သင့်ပါတယ်။က...
03/07/2022

ရင်သားကင်ဆာ ရှိမရှိ ကိုယ်တိုင်စစ်ဆေးစမ်းသပ်နည်း

အမျိုးသမီးများအားလုံး တစ်လတစ်ကြိမ် ရင်သားကင်ဆာ ရှိမရှိ စမ်းသပ်သင့်ပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ အဖြစ်အများဆုံးရောဂါဟာ ရင်သားကင်ဆာဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အသက် (၂၀) ပြည့်တဲ့ အချိန်ကစပြီး ဘဝသက်တမ်းတစ်လျှောက်လုံး တစ်လတစ်ကြိမ် ရင်သားကင်ဆာ ရှိမရှိ စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ ရင်သားကင်ဆာဟာ စောစောသိပြီး စောစော ကုသမယ်ဆိုရင် ကုသရ လွယ်ကူပါတယ်။ နောက်ကျသွားပြီဆိုရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာရှိမရှိ ဘယ်လိုသိနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များသလဲ

ရင်သားကင်ဆာဟာ မျိုးရိုးလိုက်ခြင်း ၊ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပြန့်ပွားခြင်း ၊ အဆီများတဲ့ အစားအစာတွေ စားသုံးခြင်း ၊ ဟော်မုန်းအစားထိုး ကုသမှုခံယူထားခြင်း ၊ အသက် (၄၅) နှစ်မတိုင်ခင် သွေးဆုံးခြင်း ၊ အသက် (၃၀) နောက်ပိုင်းမှ ကလေးမွေးခြင်း စတဲ့ လက္ခဏာရပ်တွေရှိတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ပိုဖြစ်နိုင်ချေများပါတယ်။

ဘယ်လိုစစ်ဆေးရမလဲ

ရင်သားကင်ဆာရှိမရှိ ကိုယ့်ဘာသာ အိမ်မှာ စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးမှုပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ အမြင်နဲ့ စစ်ဆေးခြင်းဖြစ်ပြီး နောက်တစ်မျိုးကတော့ ကိုင်တွယ်စစ်ဆေးခြင်းပါ။

အမြင်ဖြင့် စစ်ဆေးခြင်း

-အလင်းရောင်ကောင်းကောင်းရသော အခန်းမှာ စမ်းသပ်ဖို့လိုပါတယ်။

-မှန်ရှေ့မှာ ရပ်ပြီး ခါးအထက်ပိုင်းက အဝတ်အစားအားလုံးကို ချွတ်လိုက်ပါ။ လက်ကို ဘေးနှစ်ဖက်မှာ ချထားပါ။

-မှန်တွင်းမှ မိမိရင်သားနှစ်ဖက်ကို သေချာစွာကြည့်ပါ။ ရင်သားနှစ်ခုမှာ မတူညီတာမျိုးရှိတတ်ပါတယ်။ တစ်ဖက်က အောက်ရောက်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။

- သတိထားရမှာတွေကတော့ ရင်သား အရောင်ပြောင်းလဲနေတာ ၊ ချိုင့်ဝင်နေတာ ၊ ပုံစံပြောင်းနေတာ ၊ အရွယ်အစားပြောင်းလဲတာ ၊ နို့သီးခေါင်းအနေအထားတိမ်းစောင်းတာ ၊ အတွင်းကို ချိုင့်ဝင်နေတာ စတာတွေ ရှိမရှိ စစ်ဆေးပါ။

-ခန္ဓာကိုယ်ကို အနည်းငယ်စီ ဘယ်ညာ လှည့်ပြီး ရင်သားတစ်ဖက်စီကို ရှုထောင့်အမျိုးမျိုးက ကြည့်ပါ။

- ပြီးရင်တော့ လက်နှစ်ဖက်စလုံးကို ဦးခေါင်းပေါ် မြှောက်တင်ပြီး ရင်သားအရေပြား မသိမသာ ပြောင်းလဲမှုရှိမရှိ ဆန်းစစ်ပါ။ -ဘယ်လက်ကို မကာ လည်ပင်းကို နောက်ဖက်မှ ကိုင်ထားပါ။ ဘယ်ဖက်ရင်သားအောက်ပိုင်းကို ညာဖက်လက်နဲ့ အပေါ်ကို မပြီး ကြည့်ပါ။

- ညာဖက်ရင်သားကိုလည်း ထိုနည်းအတိုင်း စမ်းသပ်ကြည့်ပါ။

-လက်နှစ်ဖက်စလုံးကို ခါးပေါ်တင်းတင်းထောက်ထားပြီး ရင်အုပ်ကြွက်သားတွေ တောင့်တင်းလာတဲ့အခါ ရင်သားအရေပြား မသိမသာ ချိုင့်ဝင်ခြင်း၊ နို့သီးခေါင်း ပြောင်းလဲခြင်းရှိ ၊ မရှိ ရင်သားနှစ်ဖက်စလံုးကို ကြည့်ပါ။

-လက်နှစ်ဖက်လုံးကို ရှေ့မှာ ဆန့်တန်းပြီး ခါးကို ကုန်းညွှတ်လိုက်ပါ။

-ခန္ဓာကိုယ်ကို ဘေးတိုက်အနေအထားလှည့်ထားပြီး မှန်ထဲက ရင်သားကို ကြည့်ပါ။

-ရင်သားနှစ်ခုလုံး ပုံမှန်ဆိုရင် ရင်အုပ်ကနေ ခွာလာပြီး ရှေ့ကို တွဲလောင်း ကျလာပါလိမ့်မယ်။

လက်ဖြင့် စမ်းသပ်စစ်ဆေးခြင်း

စမ်းသပ်ရမယ့်နေရာမှာ ရင်သားအပေါ်ဖက် ညှပ်ရိုးမှစကာ ရင်သားအောက်ဖက် (၁) လက်မနေရာအထိ နဲ့ အလယ်တည့်တည့် နံရိုးမှစပြီး ရင်သားဘေးဖက် ရင်ခေါင်းအထိ စမ်းသပ်ပါ။

-ညာဘက်ရင်သားကို ဘယ်ဘက်လက်နဲ့ လည်းကောင်း ၊ ဘယ်ဘက်ရင်သားကို ညာဖက်လက်နဲ့ လည်းကောင်း စမ်းသပ်ပါ။

-လက်ညှိုး ၊ လက်ခလယ် နဲ့ လက်သူကြွယ်ကို သာ အသုံးပြုပါ။ လက်မကို အသုံးမပြုပါနဲ့ ။

-လက်ချောင်း သုံးချောင်းကို ဆန့်တန်းပြီး လက်ဖဝါးကို အနည်းငယ်ကွေးလိုက်ပါ။

-လက်ချောင်းသုံးချောင်းကို စုထားပြီး လက်ချောင်းအဖျားပိုင်းရှိ အတွင်းဖက်အသားနဲ့ စမ်းသပ်ပါ။ လက်ဖျားထိပ်ဖြင့် မစမ်းသပ်ပါနဲ့။

-လက်ချောင်းသံုးချောင်းကို စက်ဝိုင်းငယ်လေးများပုံစံ ဝိုင်းပြီး စမ်းသပ်ပါ။

-ရင်သားကို နို့သီးခေါင်းနေရာမှ စကာ ရင်သားတစ်ခုလုံးနေရာလပ်မကျန်အောင် ခရုဗွေပုံ ဝိုင်းကာ စမ်းသပ်ပါ။

-လက်ချောင်းသုံးချောင်းနဲ့ လိုအပ်တဲ့ဖိအားနဲ့ ဖြေးဖြေးချင်း ပိုတိုးဖိကာ ညင်သာစွာ စမ်းသပ်ပါ။

-နို့သီးခေါင်းတစ်ဖက်စီကုိ ညင်သာစွာ ညှစ်ကြည့်ပါ။

-သွေးထွက်ခြင်း ၊ အရည်ကြည်ထွက်ခြင်းရှိ၊ မရှိ စစ်ဆေးပါ။

-ညာဖက်ချိုင်းကို ဘယ်ဘက်လက်ဖြင့်လည်းကောင်း ၊ ဘယ်ဘက်ချိုင်းကို ညာဖက်လက်ဖြင့်လည်းကောင်း ချိုင်းအလယ်တည့်တည့်ကို လက်ချောင်းသုံးချောင်းနဲ့ နေရာအနှံ့စမ်းသပ်ပါ။ ပုံမှန်မဟုတ်သော အလုံးအကျိတ် ရှိမရှိ စမ်းသပ်ပါ။

အကောင်းဆုံး စမ်းသပ်ချိန်ကတော့ ရာသီပေါ်တဲ့နေ့ကစပြီး တစ်ပတ်အကြာမှာ ဖြစ်ပါတယ်။

စမ်းသပ်စစ်ဆေးရာမှာ ပုံမှန်အနေအထားအတိုင်း မရှိဘဲ ဖော်ပြထားတဲ့ မသင်္ကာစရာ အနေအထားတွေ တွေ့ခဲ့ရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို အမြန်ဆုံးတိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အနေအထားတွေကို တွေ့ရှိချိန်မှာ ကိုယ့်ဘာသာကိုယ် ဆေးမြှီးတိုနဲ့ ကုသခြင်းမျိုးကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ စောစောသိလေ စောစော ကုသနိုင်လေ အန္တရာယ်ကင်းလေဖြစ်တဲ့ အတွက် အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် ကိုယ့်ရင်သားကို ပုံမှန်စစ်ဆေးကြဖို့ တိုက်တွန်းပါရစေ။

အမျိုးသမီးတိုင်း ရင်သားကင်ဆာရောဂါဘေး ကင်းဝေးကြပါစေ။

နွေအကုန်မိုးအကူး ရာသီပြောင်းချိန်မှာ ကလေးတွေနေမကောင်း ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ဖျားနာနေတဲ့ကလေးကိုပြုစုတဲ့အခါ အန္တရာယ်ဖြစ...
18/06/2022

နွေအကုန်မိုးအကူး ရာသီပြောင်းချိန်မှာ ကလေးတွေနေမကောင်း ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။

ဖျားနာနေတဲ့ကလေးကိုပြုစုတဲ့အခါ အန္တရာယ်ဖြစ်စေတဲ့ မိရိုးဖလာအယူအဆ အမှား (၄) ခု
ဖေဖေမေမေတို့ လုပ်မိလိုက်တဲ့ တစ်ချို့အရာတွေက အယူအဆအလွဲလေးတွေ ဖြစ်နေတယ်ဆိုတာကိုတော့ သေချာသတိပြုပါ။

ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ရင်သွေးငယ်တွေ ဖျားနာတဲ့အခါ စိတ်ပူပန်မှု ကြီးတတ်ကြပြီး သူတို့ငယ်ငယ်က ကြုံခဲ့ရတဲ့ ကြားဖူးနားဝ ပြုစုစောင့်ရှောက်မှုတွေနဲ့ ကလေးကို ဖျားနာခြင်းကနေ သက်သာအောင် ဂရုစိုက်ပေးတတ်ကြပါတယ်။ မွေးကင်းစကနေ ကျောင်းနေအရွယ်အထိ ဘယ်အရွယ်ကလေးကိုမဆို ပြုစုတဲ့အခါ ဖေဖေမေမေတို့ လုပ်မိလိုက်တဲ့ တစ်ချို့အရာတွေက အယူအဆအလွဲလေးတွေ ဖြစ်တာကြောင့် ကလေးတွေအတွက် ပိုပြီး အန္တရာယ်ဖြစ်စေတဲ့အတွက် သေချာသတိပြုဖို့ လိုအပ်ပါတယ်။

ကလေးတွေ ဖျားနာတဲ့အခါ လုပ်မိတဲ့ အယူအဆအလွဲလေးတွေ ကိုဖေါ်ပြလိုက်ပါတယ်။

အဝတ်အစားထူထူထဲထဲကြီးတွေ ပေးဝတ်ကြတယ်။
ကလေးလေးတွေ ဖျားနာတဲ့အခါ မေမေတွေက ဘာကို အရင်ဆုံးလုပ်မိလဲဆိုရင် အနွေးထည်ထူထူကြီးတွေ ဝတ်ပေးကြတယ်။ စောင် အထူကြီးတွေ ပေးခြုံကြတာမျိုးတွေ လုပ်မိတတ်ကြပါတယ်။ တကယ်တော့ ကလေးက အဖျားကြီးတယ်ဆို အဲလိုမျိုး ခန္ဓာကိုယ်ကို ထုပ်ပေးခြင်းအားဖြင့် အပြင်ရော အထဲမှာပါ ပူပြီးတော့ ကိုယ်အပူချိန်က ပိုပြီးမြင့်တက်လာပါတယ်။ အဲဒါကြောင့်မို့ တချို့ကလေးတွေဆို ဖျားပြီး တက်ခြင်းမျိုး ဖြစ်တတ်ပါတယ်။

ရေမချိုးပေးခြင်း။

လေစိမ်းတိုက်မှာ စိုးတာကြောင့် အခန်းတံခါးတွေ အကုန်ပိတ်ထားတဲ့အပြင် ရေနဲ့ပေးမထိတာ၊ ရေမချိုးပေးတာ လုပ်တတ်ကြပါတယ်။ မေမေတို့ ထင်နေတာက ဘာလဲဆိုတော့ ကလေးက ဖျားနေတဲ့ အတွက်ကြောင့်မို့လို ရေချိုးလိုက်ရင် အအေးပိုမိပြီး ဖျားမယ်ဆိုပြီး ထင်ကြပြီးတော့ ရေမချိုးပေးတာ၊ အဝတ်အစားထူထူတွေ ပေးဝတ်တာမျိုးတွေ လုပ်မိကြတာပါ။

အစာမကျွေးခြင်း။

နောက်တစ်ချက်ကတော့ ဖျားနာနေတဲ့ကလေးကို အစာမကျွေးတာ၊ ထမင်းမကျွေးတာမျိုး လုပ်မိကြတာပါ။ ဘာလို့လဲဆိုတော့ အစားကျွေးရင် ပိုအဖျားတက်မယ်လို့ ယူဆတတ်ကြပါတယ်။ ကလေးတွေက ဖျားတဲ့အချိန်မှာ ကိုယ်ခံအား ကျဆင်းနေတာဖြစ်တဲ့အတွက် အစာဖြတ်လိုက်တဲ့အခါ ပိုဆိုးသွားနိုင်တယ်ဆိုတာကို သတိပြုပါ။

မက်ကလောင်ဖောက်ခြင်း။

ဒါကတော့ ကျေးလက်တောရွာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ ကျေးရွာတွေမှာ ကလေးက အဖျားအရမ်းကြီးတဲ့အခါ မက်ကလောင် ဖောက်ရတယ်ဆိုပြီး အယူအဆတွေ ရှိတတ်ကြပါတယ်။ မက်ကလောင်ဖောက်တယ်ဆိုတာ လက်ထိပ်၊ ခြေထိပ်တွေကို ကြိုးနဲ့တင်းတင်းစည်းပြီး အပ်နဲ့ဖောက်ကြတာပါ။ ဒါ့အပြင် စအိုပတ်လည်ကိုလည်း ဖောက်တတ်ကြပါတယ်။ အဲဒီလို ဖောက်တဲ့အခါ သွေးမဲမဲတွေ ထွက်လာတာက အဖျားကျနိုင်တယ်ဆိုပြီး မှတ်ယူကြပြီး မက်ကလောင်ဖောက်ကြတဲ့အလေ့အထကို လုပ်ကြတာပါ။ တကယ်တော့ လက်ထိပ်၊ခြေထိပ်တွေကို တင်းကျပ်စွာစည်းလိုက်တဲ့အခါ အဲဒီနေရာကို အောက်ဆီဂျင်မရတော့ဘဲ သွေးမဲတွေ ထွက်ကြလာတာက ဖြစ်ရိုးဖြစ်စဥ◌်တစ်ခုပါ။ ဒီလိုမျိုးသွေးဖောက်ခြင်းက အပူရှိန်ကြီးပြီး အဖျားကြီးတာတွေ ဖြစ်နိုင်တဲ့အတွက် အလွန်ကို အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် တစ်ခြား‌ရောဂါပိုးတွေ ဝင်လာပြီးတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင် တဲ့အပြင် သွေးဆိပ်တက်ခြင်းအထိဆိုးရွားနိုင်ပါတယ်။ ဒါကြောင့်မို့ မက်ကလောင်ဖောက်ခြင်းကို လုံးဝမပြုလုပ်သင့်ပါဘူး။

ကလေးဖျားရင် ဘယ်လို ဂရုစိုက်ပေးမလဲ

ကလေးက အဖျားကြီးလာရင် ရေပက်လေးတိုက်တာမျိုးလုပ်ပေးပါ။ အဲဒီအခါမှာ ကလေးက လန်းဆန်းသွားပြီးတော့ အဖျားလဲကျသွားပါမယ်။ အကောင်းဆုံးဖြစ်သင့်တာကတော့ ကလေးတွေ ဖျားပြီဆိုတာနဲ့ အင်္ကျီတွေ ပါးပါးဝတ်ပေးမယ်။ လေစိမ်းတိုက်ခံတာမျိုး အဲကွန်လေးကို တအားမြှင့်ထားတာမျိုးမဟုတ်ဘဲ လေကောင်းလေသန့်ရအောင် ထားပေးမယ်။ အစားအသောက်ကို အရင်ကျွေးနေသလိုမျိုး ထမင်းနဲ့ဟင်းအစား အစာကြေလွယ်စေတဲ့ အစာပျော့လေးတွေ ကျွေးပါ။ ကျွေးတဲ့အခါ နည်းနည်းနဲ့ ခဏခဏ ကျွေးပါ။ ဥပမာ - ဆန်ပြုတ်ကို ကြက်သားလေးနဲ့ ပြုတ်၊ ကြေအောင်ပြုတ် ကလေးကို နည်းနည်းစီကျွေးပါ။ အရည်များများတိုက်ပေးပါ။

ကျန်းမာရေးအကြံဥာဏ်တွေကိုရယူတဲ့အခါမှာ ကြားဖူးနားဝထက် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးတာဝန်ရှိသူတွေ၊ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ခွေးကိုက်ခံရပါက ‌ပြုလုပ်ရမည့် နည်းလမ်းလေးတွေကို ဝေငှပေးလိုက်ပါတယ်...၁ ။ .ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို  🤝🤝အရင်ဆုံး...
29/05/2022

ခွေးကိုက်ခံရပါက ‌ပြုလုပ်ရမည့် နည်းလမ်းလေးတွေကို ဝေငှပေးလိုက်ပါတယ်...

၁ ။ .ခွေကိုက်ခံရရင် ကိုက်ခံရသည့် နေရာကို 🤝🤝
အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။

၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေး
ထိုးပါ။ ၄၈နာရီထက် နောက်ကျပြီး ထိုးရင် ဆေးထိုးခြင်း
မထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေး တလုံးထိုးပါ။
(တကြိမ်)👆🏻

၃ ။ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၂.၁၂.၂၀၁၈ရက်နေ့ ကိုက်ခံရရင် အဲနေ့ တလုံးထိုး (၃)ရက်ကြာ၁၅ရက်နေ့ တလုံးထိုးပါ)(၂ကြိမ်)

၄။ ကိုက်ခံရတဲ့နေ့ ပထမ တလုံးထိုးပြီး(၇)ရက်ကြာရင်
တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၁၉ရက်နေ့
တလုံးထပ်ထိုးပါ) (၃ကြိမ်)

၅။ ပထမတလုံးထိုးပြီး (၁၄)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေ့မှစတွက် . ၂၆ရက်နေ့ တလုံးထပ်ထိုးပါ)
(၄ကြိမ်)

၆။ ပထမတလုံးထိုးပြီး (၂၈)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေက စတွက် . .၉ရက်နေ့ နောက်ဆုံး( ၅ကြိမ်)
မြောက်ထိုးရပါမယ်။)

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
***ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်။

'ခွေးရူး'
======

ခွေးရူး ၂မျိုး ရှိပါသည်။✌🏿✌🏿

၁...။ ကြမ်းတမ်းသော ခွေးရူး
•••••••••••••••••••••••••••••••

လက္ခဏာများမှာ...

ခွေး၏အနေအထိုင်ပြောင်း
လာခြင်း

အကြောင်းမဲ့ပြေးလွှားနေခြင်း

တစ်နေကုန် ဟောင်နေတတ်ခြင်း

တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

အစာသိပ်မစားတော့ခြင်း

ရန်လိုနေခြင်း

ပြောစကားနားမထောင်ခြင်း

ခွေးကောင်းများကခွေးရူးနောက်မှလိုက်ဟောင်တတ်ခြင်း

ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေ
တတ်ခြင်း

၂...။ လေဖြတ် / အကြောခွေးရူး
••••••••••••••••••••••••••••••••••

လက္ခဏာများမှာ.....

ကြွက်သားများလေဖြတ်ခြင်းကြောင့်
ယိုင်တိယိုင်တိုင် သွားနေခြင်း

အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည်ခွေးရူးလက္ခဏာများဖြစ်ပါသည်။

*ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?

သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့
တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး
ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါ
သည်။
ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

*ခွေးကိုက်ပြိးဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ ?

ခွေးကိုက်ခံရတိုင်းခွေးရူးကာကွယ်ဆေးချက်ချင်းထိုးသင့်ပါ
သည်။
စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။
တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။
ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

*ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ခွေးရူးပြန်ရောဂါကာကွယ်ဆေး
နှင့်ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...

တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး
မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ
တိမွေးကုဆရာ၀န်များခွေးရူး
ရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူ
များ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကဘဲအဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။
ထို့အပြင်မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါကပျောက်ကင်းအောင်
ကုသရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန်နာကျင်မှု
များသက်သာစေရန်ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက်ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်းခွေး
ရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန် ္ဆများကိုထိန်းသိမ်းထားခြင်း အခြားနေရာမှသွင်းလာသော
တိရစ ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း
အကိုက်မခံရအောင်ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ်
နိုင်ပါသည်။

ထို့ပြင်တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ    (၁) နံနက်စာ မစားခြင်း။   (၂) ဆား စားသုံးမှု များနေခြင်း။   (၃) ဆေးလိပ်သောက်ခြင...
26/05/2022

ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ
(၁) နံနက်စာ မစားခြင်း။
(၂) ဆား စားသုံးမှု များနေခြင်း။
(၃) ဆေးလိပ်သောက်ခြင်း။
(၄) ရေသောက်နည်းခြင်း။
(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
(၈) အသားများကို အလွန်အကျွံစားခြင်း။
(၉) အရက်အလွန်အကျွံ့သောက်ခြင်း။
(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရေတြကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက္မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက္မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက်အလွန်အကျွံ့သောက်တာလည်းမကောင်းပါဘူး။ တစ်ရက္မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမဲ့ လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ္က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတ လေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်လ် တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက္မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ခြင်း

ညဘက္မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။
ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့ လိုအပ်ပါတယ်။

Address

1042 , Khaymarthi Road , In Front Of B. E. M. S (3) , Nya Quarter
North Okkalapa

Telephone

+959969657703

Website

Alerts

Be the first to know and let us send you an email when Zabu Aung Clinic ဇမ္ဗူအောင် ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zabu Aung Clinic ဇမ္ဗူအောင် ဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram