ပပလင်း Eye & Otolaryngology - Head & Neck Specialist Clinic

ပပလင်း Eye & Otolaryngology - Head & Neck Specialist Clinic If you are healthy - we are happy.
&happy

24/09/2024

ပပလင်းအထူးကုဆေးခန်းတွင်
X ray ဓါတ်မှန် ပြန်လည်ရိုက်လို့ရပါပီ🙂

"အလုပ် ခေါ်စာ""ပပလင်း အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း" တွင် အောက်ပါ လစ်လပ်နေရာများအတွက် ဝန်ထမ်းများ အလိုရ...
05/01/2024

"အလုပ် ခေါ်စာ"

"ပပလင်း အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း" တွင် အောက်ပါ လစ်လပ်နေရာများအတွက် ဝန်ထမ်းများ အလိုရှိနေပါသဖြင့် လာရောက်လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

သူနာပြု အကူ (Nurse Aid) - မ ၁ ဦး
သူနာပြု အကူ (Nurse Aid) - ကျား ၁ ဦး

သူနာပြု (Trained Nurse/ Staff Nurse) - မ or ကျား - ၁ ဦး

အခြေခံ လိုအပ်ချက်များ

- သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရှိသူ
- အသက် ၂၀ မှ ၃၀ အတွင်း
- computer basic knowledge ရှိသူ
- Customer service အတွေ့အကြံုရှိသူ
- ရိုးသားကြိုးစားပြီး သင်ယူလိုစိတ်ရှိသူ
- အနည်းဆုံး ၂ နှစ်ထိ လက်တွဲ အလုပ်လုပ်နိုင်သူ (၂ နှစ် ကာလအတိအကျ လုပ်နိုင်သောသူဖြစ်မှ လာလျှောက်စေချင်ပါသည်။ အလုပ်တစ်ခုခု လိုချင်ရုံအတွက်ဖြင့် လာလျှောက်ခြင်းများ လက်မခံပါ။)
- အတွေ့အကြံုရှိသူများကို ဦးစားပေးပါမည်။

အလုပ်ချိန် - မနက် ၇ နာရီမှ ည ၇ နာရီ (တစ်ပတ် ၁ ရက်ပိတ်ပါသည်)

လစာ - ညှိနှိုင်း (အခြေခံ လစာအပြင် အခြား bonus များ ပါရှိပါသည်)

အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများသည် ဆေးခန်းသို့ လူကိုယ်တိုင်လာရောက်ပြီးဖြစ်စေ၊ viber no. +959425558349 သို့ဖြစ်စေ CV form များ ပေးပို့၍ လျှောက်ထားနိုင်ပြီး ကနဦး ရွေးချယ်ခံရသူများကို interview အတွက် ဆက်သွယ် အကြောင်းကြားပေးပါမည်။

လိပ်စာ - အမှတ် ၂၇၆, ဗိုလ်ချုပ်လမ်းမပေါ် (စျေးကျောင်း ဓမ္မာရုံအနီး), အမှတ် (၄) ရပ်ကွက်, ညောင်တုန်းမြို့။
ဖုန်းနံပါတ် - 09428009070, 09428009080

မင်္ဂလာပါရှင် 🥰ကျွန်မတို့ ပပလင်းအထူးကုဆေးခန်းတွင် ယခုအပါတ် စနေနေ့(၂၃.၁၂.၂၀၂၃) စနေနေ့ မနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ အထိ မျ...
22/12/2023

မင်္ဂလာပါရှင် 🥰
ကျွန်မတို့ ပပလင်းအထူးကုဆေးခန်းတွင် ယခုအပါတ် စနေနေ့(၂၃.၁၂.၂၀၂၃) စနေနေ့ မနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ အထိ မျက်စိအထူးကုဆရာဝန်ကြီးဖြင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်မည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် ။

ပပလင်းအထူးကုဆေးခန်းတွင် လူကြီးမင်းတို့၏ မျက်စိကျန်းမာရေးနှင့်ပတ်သတ်ပြီး မျက်ရိုးကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အနီးမှုန်၊ အဝေးမှုန်၊ အာရုံကြောရောဂါနှင့် ဆက်စပ်နေသော မျက်စိဆိုင်ရာစမ်းသပ်မှုများကို ခေတ်မီကွန်ပြူတာစက်ကြီးများဖြင့် စမ်းသပ်ပေးပြီး မျက်မှန်ဒီဇိုင်းနှင့် အမျိုးအစား အမျိုးမျိုးကိုလည်း ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေပြီဖြစ်ပါကြောင်းလည်း ထပ်လောင်းကြေညာချင်ပါတယ်ရှင် 🥰 ။

ကြိုတင်ဘိုကင်များ ရယူလိုပါက ဖုန်းနံပါတ် -
၀၉- ၄၂၈၀၀၉၀၇၀
၀၉- ၄၂၈၀၀၉၀၈၀ သို့ဆက်သွယ်၍ ရယူနိုင်ပါတယ်ရှင်။

***We learn life's deepest mysteries through eye contact***ယနေ့ခေတ်မှာ လူတစ်ဦးကို အနည်းဆုံး ဖုန်း၊ တက်ဘလက်၊ တီဗီ အစရှိတဲ...
18/12/2023

***We learn life's deepest mysteries through eye contact***

ယနေ့ခေတ်မှာ လူတစ်ဦးကို အနည်းဆုံး ဖုန်း၊ တက်ဘလက်၊ တီဗီ အစရှိတဲ့ Screen တစ်ခုမဟုတ်တစ်ခု ပိုင်ဆိုင်လာပါတယ်။ ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိတဲ့ TikTok, Facebook, Youtube တို့လို အပ်ပလီကေးရှင်းတွေကြောင့်လည်း တစ်နေ့တခြားများလာတဲ့ Screentime တွေရဲ့ နောက်ဆက်တွဲအနေနဲ့ မျက်လုံးရဲ့ စွမ်းဆောင်ရည်တွေကို အဖက်ဖက်က ထိခိုက်စေပါတယ်။ ဒါကြောင့် အိမ်မှာနေရင်း သင့်ရဲ့မျက်လုံးကို သဘာဝအတိုင်းကျန်းမာစေမယ့် လွယ်ကူတဲ့လေ့ကျင့်ခန်း လေးတွေကို စုစည်းပေးထားတဲ့အတွက် ပုံလေးတွေတစ်ပုံခြင်းစီ ထောက်ကြည့်ဖို့ မမေ့ပါနဲ့ရှင် ။

သိုင်းရွိုက်ဟော်မုန်းရဲ့ အကြောင်းတွေ၊ သဘာဝနည်းအတိုင်းသိုင်းရွိုက်ကို ကျန်းမာစေမယ့်နည်းလမ်းတွေကို ယခင်နေ့တွေက တင်ဆက်ပြီးပ...
10/12/2023

သိုင်းရွိုက်ဟော်မုန်းရဲ့ အကြောင်းတွေ၊ သဘာဝနည်းအတိုင်းသိုင်းရွိုက်ကို ကျန်းမာစေမယ့်နည်းလမ်းတွေကို ယခင်နေ့တွေက တင်ဆက်ပြီးပြီးဖြစ်ပါတယ်။
ပြန်လည်ဖတ်ရှုရန် -
https://m.facebook.com/story.php?story_fbid=pfbid0LAotzH8ec65PjTsiPoUSRbZQ5QgKnS6FYZ3d1Nsd6daE66rL2XF24s3VnEh1kxcrl&id=61554326273366&mibextid=Nif5oz

ဒီနေ့ကတော့ သိုင်းရွိုက်ပြဿနာခံစားနေရတဲ့သူတွေကို ဆိုင်ကလုန်းမုန်တိုင်းတစ်ခုသကဲ့သို့ ကိုယ်ခန္ဓာတစ်ခုလုံးမှာ လှိုင်းထန်ပြီးအန္တရာယ်များစေမယ့် သိုင်းရွိုက်မုန်တိုင်းအကြောင်းပဲဖြစ်ပါတယ်။
သတိမမူဘဲ မဆင်မခြင်နေထိုင်မိပါက အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားတဲ့ အခြေအနေတွေကိုရင်ဆိုင်ရနိုင်ပါတယ်။

Thyroid Crisis လို့လည်းခေါ်ဆိုကြတဲ့ အထက်ပါအခြေအနေကို အရပ်ထဲမှာတော့ လည်ပင်းဆိပ်သင့်တယ်လို့လည်း ခေါ်ဆိုကြပါတယ်။
ထိုအခြေအနေခံစားရသူများဟာ သိုင်းရွိုက်ရောဂါ၊ လည်ပင်းကြီးရောဂါ တခုခုအရင်းခံရှိကြပြီး တိကျစွာကုသမှုမခံယူခြင်းကြောင့် အန္တရာယ်ရှိတဲ့အနေအထားကို ကြုံတွေ့လာရတာပဲဖြစ်ပါတယ်။

သိုင်းရွိုက်ရောဂါကို သေချာစွာပျောက်ကင်းအောင်မကုသခြင်း၊ မိမိသဘောနှင့်မိမိ သိုင်းရွိုက်ကုသသည့်ဆေးများ၊ ပုံမှန်ဆေးစစ်နေမှုများကို ရပ်တန့်လိုက်ခြင်းက သိုင်းရွိုက်မုန်တိုင်းကို အဓိကဖြစ်စေတတ်ပါတယ်။
- ခန္ဓာကိုယ်တွင်း ရောဂါပိုးဝင်ရောက်ခြင်း
- သိုင်းရွိုက်ဂလင်းအား ခွဲစိတ်မှုတခုခုကြောင့်ဖြစ်စေ၊ မတော်တဆမှု တခုခုကြောင့်ဖြစ်စေ ထိခိုက်မိခြင်း
- ဆီးချိုရောဂါနောက်ဆက်တွဲပြဿနာများ ခံစားရခြင်း
- စိတ်ဖိစီးမှုများခြင်း
စသည့်အချက်များဟာလည်း သိုင်းရွိုက်မုန်တိုင်းဝင်ရောက်စေတဲ့ အဓိကအချက်များအနေနဲ့ ပါဝင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ -
၁။ အဖျားကြီးခြင်း ၊ ခန္ဓာကိုယ်အပူချိန်လွန်စွာမြင့်ကဲခြင်း
၂။ ပုံမှန်ထက် နှလုံးခုန်အလွန်မြန်နေခြင်း (တစ်မိနစ်လျှင် အကြိမ် ၁၄၀ ကျော်ထိရှိနိုင်ပါတယ်)
၃။ သွေးပေါင်ရုတ်ချည်း မြင့်တက်လာခြင်း
၄။ စိတ်လွန်ကဲစွာလှုပ်ရှားပြီး ဂနာမငြိမ်ဖြစ်ခြင်း
၅။ ခေါင်းမူး၊ အော့အံပြီး ရံဖန်ရံခါဝမ်းလျောခြင်းများကြောင့် ခန္ဓာကိုယ်တွင်း ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုများခြင်း
၆။ အသက်ရှုမဝခြင်း
၇။ ချွေးထွက်လွန်ခြင်း၊ လှုပ်ရှားမှုကင်းမဲ့နေစဉ်၌ပင် ချွေးအလွန်ထွက်ခြင်း
၈။ အလွန်အမင်းမောပန်းခြင်း
၉။ ခြေတုန်၊ လက်တုန်ပြီး ကြွက်သားများအားနည်းလာခြင်းတို့ ဖြစ်တတ်ပါတယ်။

သိုင်းရွိုက်မုန်တိုင်းဟာ ရုတ်တရက်ဖြစ်ပေါ်လေ့ရှိပြီး ခန္ဓာကိုယ်ရှိ Organ များ၏လုပ်ဆောင်ချက်များကို ဖျက်စီးပစ်နိုင်၍ အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။
သိုင်းရွိုက်ပြဿနာအရင်းခံ ရှိနေသူတွေအနေဖြင့် အထက်ပါလက္ခဏာများခံစားရပါက အသက်အန္တရာယ်ရှိနိုင်၍ လုံးဝမပေါ့ဆသင့်ကြောင်းလည်း ထပ်လောင်းအသိပေးလိုပါတယ်။

#ပပလင်း
#သိုင်းရွိုက်အဆိပ်သင့်ခြင်း
#သိုင်းရွိုက်မုန်တိုင်း

မင်္ဂလာပါရှင် 🥰ကျွန်မတို့ ပပလင်းအထူးကုဆေးခန်းတွင် ယခုအပါတ် စနေနေ့(၉.၁၂.၂၀၂၃) စနေနေ့ မနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ အထိ မျက...
07/12/2023

မင်္ဂလာပါရှင် 🥰
ကျွန်မတို့ ပပလင်းအထူးကုဆေးခန်းတွင် ယခုအပါတ် စနေနေ့(၉.၁၂.၂၀၂၃) စနေနေ့ မနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ အထိ မျက်စိအထူးကုဆရာဝန်ကြီးဖြင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်မည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် ။

ပပလင်းအထူးကုဆေးခန်းတွင် လူကြီးမင်းတို့၏ မျက်စိကျန်းမာရေးနှင့်ပတ်သတ်ပြီး မျက်ရိုးကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အနီးမှုန်၊ အဝေးမှုန်၊ အာရုံကြောရောဂါနှင့် ဆက်စပ်နေသော မျက်စိဆိုင်ရာစမ်းသပ်မှုများကို ခေတ်မီကွန်ပြူတာစက်ကြီးများဖြင့် စမ်းသပ်ပေးပြီး မျက်မှန်ဒီဇိုင်းနှင့် အမျိုးအစား အမျိုးမျိုးကိုလည်း ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေပြီဖြစ်ပါကြောင်းလည်း ထပ်လောင်းကြေညာချင်ပါတယ်ရှင် 🥰 ။

ကြိုတင်ဘိုကင်များ ရယူလိုပါက ဖုန်းနံပါတ် -
၀၉- ၄၂၈၀၀၉၀၇၀
၀၉- ၄၂၈၀၀၉၀၈၀ သို့ဆက်သွယ်၍ ရယူနိုင်ပါတယ်ရှင်။

🤷 သိုင်းရွိုက်ဟော်မုန်းဆိုတာ ခန္ဓာကိုယ်မှာ ဘာကြောင့်အရေးကြီးရတာလဲ? 🙋 သိုင်းရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ...
06/12/2023

🤷 သိုင်းရွိုက်ဟော်မုန်းဆိုတာ ခန္ဓာကိုယ်မှာ ဘာကြောင့်အရေးကြီးရတာလဲ?
🙋 သိုင်းရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတော်များများမှာ အရေးပါတဲ့ဟော်မုန်းတခုဖြစ်ပါတယ်။ လည်ပင်းအရှေ့ဘက်က သိုင်းရွိုက်ဂလင်းကနေ သွေးကြောတွေထဲကို ထုတ်လွှတ်ပေးပါတယ်။
သိုင်းရွိုက်ကကူညီပေးတဲ့ လုပ်ငန်းဆောင်တာတွေအနေနဲ့ကတော့
၁။ စားလိုက်တဲ့အစားအစာတွေကို စွမ်းအင်အနေနဲ့ပြောင်းလဲပေးတဲ့ ဇီဝကမ္မဖြစ်စဉ်တွေပုံမှန်ဖြစ်စေရန် ထိန်းညှိပေးပါတယ်။ ထိုစွမ်းအင်တွေက ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်အသုံးပြုမှုတွေ၊ အပူဓာတ်ထုတ်လွှတ်‌ပေးတာတွေ၊ ခန္ဓာကိုယ်လှုပ်ရှားလည်ပတ်ဖို့ လောင်စာအနေနဲ့သုံးတာတွေအနေနဲ့ ကူညီပါတယ်။

၂။ ‌သန္ဓေသားနဲ့ မွေးကင်းစအရွယ်တွေမှာ ဦးဏှောက်၊ အရိုးအဖွဲ့အစည်းနဲ့ အာရုံကြောစနစ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ကူညီပေးပါတယ်။

၃။ နှလုံးခုန်နှုန်းနဲ့ နှလုံးညှစ်အားကို ထိန်းညှိပေးဖို့များစွာအထောက်အကူပြုပါတယ်။

၄။ စားလိုက်တဲ့ ပရိုတင်း၊ ကာဗိုဟိုက်ဒြိတ်၊ အဆီ စတာတွေကို ချေဖျက်ပြီးနောက် ထပ်မံဖြစ်ပေါ်တဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ ထွက်ပေါ်လာတဲ့စွမ်းအင်ကို ဆဲလ်တွေဆီ တိကျစွာရောက်ရှိစေခြင်းဖြင့် လိုအပ်တဲ့ စွမ်းအင်ပမာဏကိုထောက်ပံ့ကာ ခန္ဓာကိုယ် အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်းမဖြစ်ပေါ်စေရန် ကူညီဆောင်ရွက်ပါတယ်။

၅။ ဦးဏှောက်ရဲ့ သိမြင်မှု၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ထို့ကြောင့် သိုင်းရွိုက်ပုံမှန်အနေအထားမှာ မရှိပါက စိတ်တိုလွယ်၊ စိတ်ဆတ်လွယ်ပြီး နေထိုင်မကောင်းဖြစ်တတ်ပါတယ်။

၆။ ခန္ဓာကိုယ်ရဲ့ အရိုးနှင့်ကြွက်သားဖွံ့ဖြိုးခြင်းလုပ်ငန်းစဉ်များမှာ ကူညီပေးပါတယ်။

၇။ ကိုယ်ဝန်ဆောင်သည်တွေမှာ ပုံမှန်အတိုင်း သန္ဓေသားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။

ထို့အပြင် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အခြားသော ဟော်မုန်းထုတ်လုပ်မှုတွေ (အင်ဆူလင်၊ ကော်တီဇော) မှာ ပုံမှန်အနေအထားရှိစေဖို့ လွှမ်းခြုံကူညီပါတယ်။
အထက်ပါအချက်တွေဟာ သိုင်းရွိုက်ဟော်မုန်းရဲ့ ခန္ဓာကိုယ်မှာ အရေးပါတယ်ဆိုတာ ငြင်းမရတဲ့သက်သေအချက်အလက်တွေပဲဖြစ်ပါတယ်။
ထိုကဲ့သို့အရေးပါအရာရောက်တဲ့ ဟော်မုန်း နည်းလွန်းသည်ဖြစ်စေ၊ များလွန်းသည်ဖြစ်စေ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးပြဿနာတွေတွေ့ကြုံ လာနိုင်ပါတယ် ။
သိုင်းရွိုက်ကို ပုံမှန်သဘာဝအတိုင်းကျန်းမာစေဖို့နဲ့ ပုံမှန်မထုတ်လုပ်ခြင်း(Hypothyroidism)၊ ပိုမိုထုတ်လုပ်ခြင်း(Hyperthyroidism) ကိစ္စတွေမှာ ခံစားရတတ်တဲ့ လက္ခဏာတွေအကြောင်းကိုတော့ အောက်ပါ Link မှာ ဖတ်ရှူလေ့လာနိုင်ပါတယ် ။

Take care of thyroid in natural ways and symptoms of Hypothyroidism and Hyperthyroidism -

https://m.facebook.com/story.php?story_fbid=pfbid02dW5u4SNRctZwHYW4GACneNvoKGnRxUC4bswteDnZTi4owtFX7QrHP5RXHPjGA8Xjl&id=61554326273366&mibextid=Nif5oz

နောက်နေ့တွေမှာလည်း လည်ပင်းကြီးရောဂါသည်များနှင့် သိုင်းရွိုက်ပြဿနာရှိသူတွေသတိထားသင့်တဲ့ အခြေအနေတွေအကြောင်းကို ထပ်မံရေးသားပေးသွားဦးမှာဖြစ်လို့ Page လေးကို Like, Follow and See first လုပ်ထားဖို့ မမေ့ကြပါနဲ့ခင်‌ဗျာ ။ ... ။ 🙌🙌🙌

#ပပလင်း
#သိုင်းရွိုက်

သိုင်းရွိက်ဂလင်းဆိုတာ လည်ပင်းအရှေ့မှာရှိတဲ့ လိပ်ပြာပုံဂလင်းသေးသေးလေးပါ။ သိုင်းရွိက်ဟော်မုန်းကိုထုတ်ပေးခြင်းဖြင့် ခန္ဓာကိ...
05/12/2023

သိုင်းရွိက်ဂလင်းဆိုတာ လည်ပင်းအရှေ့မှာရှိတဲ့ လိပ်ပြာပုံဂလင်းသေးသေးလေးပါ။ သိုင်းရွိက်ဟော်မုန်းကိုထုတ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုတွေ၊ စွမ်းအင်ထုတ်ပေးတာ စတဲ့ဇီဝကမ္မဖြစ်စဉ်တွေမှာ အထောက်အကူပြုပေးပါတယ်။
လိပ်ပြာလေးဟာ ပုံမှန်အတိုင်းလှနေသ၍ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အသုံးဝင်သော်ငြား ချွတ်ယွင်းမှုရှိလာပါကလည်း အန္တရာယ်များတတ်တဲ့ အစိတ်အပိုင်းလေးဖြစ်ပါတယ်။
ဒီနေ့မှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ များလွန်းခြင်းနဲ့ပတ်သတ်တဲ့ ရောဂါလက္ခဏာတွေကို ပြောပြသွားမှာပဲဖြစ်ပါတယ်။

(၁) သိုင်းရွက်ဟော်မုန်းပုံမှန်အောက်နည်းခြင်း (Hypothyroidism)
ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးအင်အားစုဖြစ်တဲ့ ကိုယ်ခံအားစနစ်က သိုင်းရွိက်ဂလင်းကို ရန်သူထင်ပြီး တိုက်ခိုက်ဖျက်စီးပစ်ရာကနေ ရောင်ရမ်းပျက်စီးကာ သိုင်းရွိက်ဟော်မုန်းထုတ်လုပ်မှုကျဆင်းပါတယ်။
တချို့သော တောင်ပေါ်ဒေသတွေမှာလည်း အိုင်အိုဒင်းဓာတ်လုံလောက်မှုမရှိခြင်းကြောင့် ဂလင်းကထုတ်လုပ်မှုကျဆင်းပြီးလည်း ဖြစ်လေ့ရှိပါတယ်။
သိုင်းရွိုက်ဂလင်း အားနည်းခြင်းသည်လည်း မျိုးရိုးဗီဇကနေဆင်းသက်ပြီး ကြီးထွားမှု၊ ထုတ်လုပ်မှုတွေအားနည်းတတ်ပါတယ်။

သိုင်းရွိုက်ပုံမှန်အောက်နည်းနေတဲ့အခါမှာ တွေ့ရှိရတတ်တဲ့ ရောဂါ လက္ခဏာတွေအနေနဲ့ကတော့
၁။ ပုံမှန်ထက်မောပန်းလွယ်ခြင်း
၂။ ကိုယ်အလေးချိန် သိသိသာသာတက်လာခြင်း
၃။ အအေးဒဏ်မခံနိုင်ခြင်း
၄။ ဝမ်းချုပ်ခြင်း
၅။ အသားအရည်နှင့် ဆံပင်တို့ ခြောက်သွေ့ပျက်စီးခြင်း
၆။ စိတ်အပြောင်းအလဲမြန်ပြီး စိတ်ကျရောဂါလက္ခဏာအချို့ ခံစားရခြင်း
၇။ အမျိုးသမီးများတွင် ရာသီမမှန်ခြင်း
စသည်တို့ဖြစ်တတ်ပါတယ် ။

(၂) သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက်များခြင်း
(Hyperthyroidism)
ကိုယ်ခံအားစနစ်ဟာ သိုင်းရွိုက်ကိုပုံမှန်ထက် အလုပ်ပိုလုပ်စေရန် စေခိုင်းသောအခါတွင်လည်း ကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်းများ အလွန်များသည့်အနေအထား(overactive thyroid) အနေအထားကိုဖြစ်ပေါ်စေပါတယ် ။
သိုင်းရွိုက်ဂလင်း ဖွဲ့စည်းပုံပျက်သောအခါ အကြိတ် အဖုများပေါ်လာလေ့ရှိပါတယ်။ ရံဖန်ရံခါတော့ သိုင်းရွိုက်အကြိတ်များက ဟော်မုန်းထုတ်လုပ်မှုကို အနှောက်အယှက် မပေးတတ်သော်လည်း ဟော်မုန်းကို ပိုမိုထုတ်လုပ်စေသည့် အကြိတ်များလည်းရှိတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်အပြီးတွင်လည်း နောက်ဆက်တွဲအနေနှင့် သိုင်းရွိုက်ရောင်ရမ်းကာ ဟော်မုန်းများ သွေးကြောတွင်းထုတ်လွှတ်မှု များလာတတ်ပါတယ်။

သိုင်းရွိုက်ပုံမှန်ထက်များသောအခါများတွင်ဖြစ်လေ့ရှိသော လက္ခဏာများအနေနှင့်
၁။ နှလုံးခုန်နှုန်းပုံမှန်ထက်မြန်ခြင်း
၂။ အပူမခံနိုင်ခြင်း
၃။ ကိုယ်အလေးချိန်ရုတ်တရက် ကျဆင်းခြင်း
၄။ လက်တုန်ခြင်း (Tremors)
၅။ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ဂနာမငြိမ်ခြင်း
၆။ ချွေးထွက်များခြင်း
၇။ အမျိုးသမီးများတွင် ရာသီစက်ဝန်းပြောင်းလဲခြင်း၊ မမှန်ခြင်းတို့ဖြစ်တတ်ပါတယ်။

သိုင်းရွိုက်နဲ့ပတ်သတ်တဲ့ရောဂါများတွင် နေ့စဉ်နေထိုင်မှုပုံစံကို ကောင်းမွန်းအောင်ပြောင်းလဲစေခြင်းဖြင့် ရောဂါအခြေအနေကို များစွာထိန်းညှိပေးနိုင်ပါတယ်။

၁။ အစားအစာ
အဟာရပြည့်ဝစွာ စားသုံးခြင်း(အသီးအနှံ၊ အသီးအရွက်မျိုးစုံ၊ အသားနှင့် အသားဓာတ်ပြည့်ဝသော ပဲ၊ အစေ့အဆန်များ) ၊ အိုင်အိုဒင်း သုံးစွဲမှု ထိန်းညှိပေးခြင်း ၊ Goitrogens ပါဝင်မှုများသော ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပိစပ် တို့ကို ပုံမှန်ထက်ပို၍ များစွာစားသုံးခြင်းကိုလည်း ရှောင်သင့်ပါတယ်။

၂။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းသည်လည်း သိုင်းရွိုက်ကျန်းမာရေးကို ကောင်းမွန်စေသည့်အပြင် ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းများကိုပါ အကျိုးကျေးဇူးရ‌စေပါတယ်။

၃။ စိတ်ဖိစီးမှုကင်းဝေးစေရန်
တရားထိုင်ခြင်း၊ အသက်ရှုလေကျင့်ခန်းပုံမှန်လုပ်ပေးခြင်း၊ ယောဂလုပ်ခြင်းနှင့် အပြည့်အဝအနားယူအိပ်စက်ခြင်း တို့ဟာလည်း ဟော်မုန်းလည်ပတ်မှုကို ထိန်းညှိပေးပါတယ်။

၄။ အဆိပ်အတောက်များကို ဆန့်ကျင်ခြင်း
ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းနှင့်အရက် တို့ဟာ
သိုင်းရွိုက်ကို ထိခိုက်စေနိုင်သောကြောင့် ဖြတ်သင့်ပါတယ်။

သိုင်းရွိုက်ရောဂါတခုခု ခံစားနေရပါက နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့်တိုင်ပင်ပြီး ပုံမှန်စစ်ဆေး ကုသမှုခံယူခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သိုင်းရွိုက်ပြဿနာအချို့မှာ အစောပိုင်းတွင် လက္ခဏာမပြဘဲ ရှိနေတတ်၍ မိသားစုထဲတွင် ရောဂါမျိုးရိုးရှိပါကလည်း ကြိုတင်ကာကွယ်မှုပြုလုပ်သင့်ပါတယ် ။

#ပပလင်း

#လည်ပင်းကြီးရောဂါ

မျက်စိဟာ လောကကြီးရဲ့ပြတင်းပေါက်တစ်စုံပါ။ ပတ်ဝန်းကျင်ရဲ့အလှအပတရားတွေကို စက္ခုအာရုံကနေမြင်တွေ့ မှတ်သား ခံစားကြပါတယ်။ မျက်မ...
04/12/2023

မျက်စိဟာ လောကကြီးရဲ့ပြတင်းပေါက်တစ်စုံပါ။
ပတ်ဝန်းကျင်ရဲ့အလှအပတရားတွေကို စက္ခုအာရုံကနေမြင်တွေ့ မှတ်သား ခံစားကြပါတယ်။

မျက်မှန်တပ်နေရသူများအနေနှင့် မျက်စိပါဝါနှင့် ဆလင်ဒါအဆင့်အတွက် ၆လတစ်ခါ ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။
နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ သွေးတွင်းကိုလက်စ‌ထရောများခြင်း၊ သွေးကင်ဆာ၊အရေပြားကင်ဆာ စသည့်နာတာရှည်ရောဂါရှိသူများသည် မျက်စိကျန်းမာရေးကို ပုံမှန်ထက်ပို၍ဂရုပြုသင့်ပါတယ်။
၂နှစ်တစ်ကြိမ် ပုံမှန်မျက်စိစစ်ဆေးပေးခြင်းက မျက်စိတိမ်ဖုံးတာ‌၊ ကြွက်သားပြေလျော့တာစတဲ့ ပိုပြီးထိခိုက်မှုများစေတဲ့ ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။
ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပြူတာစတဲ့ ပစ္စည်းတွေကထွက်တဲ့ အလင်းရောင်တွေကြောင့် မျက်စိထိခိုက်မှုဟာ ယခုအချိန်မှာ ရေပန်းစားနေတဲ့အတွက် Screentime ကိုလျော့ချပေးခြင်း၊ ‌ညဘက်အလင်းရောင်နည်းသောအချိန်တွေမှာ ဖုန်း၊ကွန်ပြူတာအသုံးပြုမှုများကိုလျော့ချခြင်းတို့ဟာ ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။ အကယ်၍ ထိုအရာတွေနဲ့ အလုပ်လုပ်နေရတဲ့သူဆိုရင်တော့ Blue light filter ပါဝင်တဲ့ မျက်မှန်‌ကိုတပ်ဆင် အသုံးပြုပြီး မြင်လွှာကို ကာကွယ်နိုင်ပါတယ်။
၂၀-၂၀-၂၀ နည်းစနစ် ဆိုတဲ့
ဖုန်းမျက်နှာပြင်များကို မိနစ်၂၀ကြည့်ပြီးတိုင်း ပေ၂၀ အကွာအဝေးကို စက္ကန့်၂၀ကြည့်ပေးတဲ့ အလေ့အကျင့်ကိုလည်း ရုံးသမားတွေပြုလုပ်ပေးသင့်ပါတယ်။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည့်အကာအကွယ်များမပါဘဲ ပြင်းထန်သောနေရောင်ခြည်ထဲသွားခြင်းကလည်း မျက်စိကို ထိခိုက်စေနိုင်ပါတယ်။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည့် ဆိုရိုးလေးအတိုင်း မျက်စိအားကောင်းစေတဲ့ အစားအစာတွေအနေနဲ့ကတော့
၁။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် lutein နှင့် zeaxanthin ဓာတ်ကြွယ်ဝစွာပါဝင်၍ မျက်စိကြွက်သားပြုန်းခြင်း၊ တိမ်ဖုံးခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။

၂။မျက်ကြည်လွှာကျန်းမာရေးအတွက်ဆိုပါက ငါးအမျိုးမျိုး၊ ငါးကြီးဆီတို့ကို စားသုံးပေးသင့်ပါတယ်။

၃။ Vitamin C ကြွယ်ဝသော သစ်သီးဝလံများ(လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး)၊ Vitamin A ကြွယ်ဝသော သစ်သီးများ (စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ သရက်သီး) Vitamin E ကြွယ်ဝစွာပါဝင်သော (‌ပဲအမျိုးမျိုးနှင့် အစေ့အဆန်များ) မှာ မျက်စိအားပြည့်စေသော zinc , niacin ဓာတ်များပါပါဝင်သောကြောင့် စားသုံးပေးသင့်ပါတယ်။

၄။ နို့နှင့် နို့ထွက်ပစ္စည်းများတွင် Vitamin A, zinc ဓာတ်များကြွယ်ဝ၍ မျက်လုံးသက်တမ်းနှင့် ဖွဲ့စည်းပုံတို့ကိုထိန်းသိမ်းပေးပါတယ်။

၅။ ဥအမျိုးမျိုးတွင်လည်း zinc, niacin , lutein ဓာတ်များကြွယ်ဝ၍ မျက်လုံးကျန်းမာရေးထိန်းသိမ်းရာ၌ အထောက်အကူပြုပေးပါတယ်။

၆။ ငရုတ်ပွသီးအမျိုးမျိုး(Bell peppers) များတွင်လည်း Vitamin C ကြွယ်ဝသောကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စွာ ပြည့်ဝစေပါတယ်။

#ပပလင်း
#မျက်စိကျန်းမာရေး
#မျက်စိအထူးကု

"မျက်စိကလေးကမြင်‌တယ် ၊ နားလေးကကြားတယ်၊ နှာခေါင်းလေးကလေကိုရှူရတယ်" ဆိုတဲ့ မူကြိုကလေးလေးတွေ သံပြိုင်သီဆိုနေတဲ့ကဗျာလေးအတိုင...
03/12/2023

"မျက်စိကလေးကမြင်‌တယ် ၊ နားလေးကကြားတယ်၊ နှာခေါင်းလေးကလေကိုရှူရတယ်" ဆိုတဲ့ မူကြိုကလေးလေးတွေ သံပြိုင်သီဆိုနေတဲ့ကဗျာလေးအတိုင်းပါပဲ။ လူသားအားလုံးနေ့စဉ် ရှင်သန်လှုပ်ရှားနေရတဲ့ တစ်နေ့တာတွေမှာ အရာရာကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ ထိတွေ့ဆက်ဆံနေရပါတယ်။
မိမိပတ်ဝန်းကျင်က သာယာလှပမှုတွေကို ရာနှုန်းပြည့်ထိတွေ့ခံစားနိုင်ဖို့ မိမိရဲ့ ဦးဏှောက်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း စတဲ့ အစိတ်အပိုင်းတွေတစ်ခုနဲ့တစ်ခု ဆက်သွယ်လုပ်ဆောင်ချက်တွေ သဟဇာတဖြစ်ကာစည်းချက်ကိုက်နေဖို့ လိုအပ်ပါတယ်။

လူ့ခန္ဓာဟာစက်ကြီးတစ်ခု ဖြစ်မယ်ဆိုရင် ထိုစက်ရုပ်ကြီးကို ထိန်းချုပ်မောင်းနှင်တဲ့ ဦးဏှောက်နဲ့အာရုံကြောအဖွဲ့အစည်းတွေဟာလည်း နေ့စဉ်ကောင်းမွန်စွာသွားလာမှု၊ လှုပ်ရှားဆက်သွယ်နိုင်မှုနဲ့ အာရုံခံစားမှုဆိုတဲ့ လုပ်ငန်းဆောင်တာတွေကို လွှမ်းခြုံလျက်ရှိတာကြောင့် တန်ဖိုးရှိတဲ့လူ့ဘဝရဲ့ အရေးအကြီးဆုံးအဖွဲ့အစည်းဆိုလည်း မှားမယ်မထင်ပါဘူး။ ပပလင်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းအထူးကုဆေးခန်းမှာတော့
လူကြီးမင်းတို့ရဲ့ 👁️👁️👁️ မျက်စိကျန်းမာရေးအတွက် ပုံမှန် မျက်စိစစ်ဆေးပေးခြင်း၊ အာရုံကြောရောဂါနှင့်ဆက်စပ်နေသော မျက်ရိုးကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ အနီးမှုန်၊ အဝေးမှုန် စသည့် မျက်စိဆိုင်ရာစမ်းသပ်စစ်ဆေးမှုများကို ခေတ်မီကွန်ပြူတာစက်ကြီးများဖြင့် ကျွမ်းကျင်သော သမားတော်ကြီးများ ကိုယ်တိုင်စမ်းသပ်စစ်ဆေးပေးပြီး လှပသေသပ် ဒီဇိုင်းဆန်းသော မျက်မှန်နှင့် မျက်ကပ်မှန်အမျိုးမျိုးကိုလည်း အထူးဈေးနှုန်းချိုသာစွာရောင်းချပေးခြင်း ၊
👁️👁️👁️

နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့် လည်ပင်းဆိုင်ရာ ကုသရေးများနှင့် သက်ဆိုင်သည့်
👂👂👂 နားပြည်ယိုခြင်း၊ နားကိုက်ခြင်း၊ နားမကြားခြင်း၊ နားမှိုစွဲခြင်း၊ နားလေးခြင်း၊ နားအူခြင်း၊ နားအတွင်း ကင်ဆာ အလုံးအကြိတ်များဖြစ်ခြင်း၊ ပြင်ပပစ္စည်းများ နားအတွင်းသို့ မတော်တဆဝင်ရောက်ခြင်း၊ နားအကြားအာရုံစမ်းသပ်ပေးခြင်း 👂👂👂

👃👃👃 နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ အနံ့မရဖြစ်ခြင်း၊ ထိပ်ကပ်နာ၊ နှာခေါင်းသွေးယို စသည့်နှာခေါင်းဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်း
👃👃👃

🧏🧏🧏 လည်ချောင်းနှင့်ဆိုင်သော လည်ချောင်းအတွင်းပြည်တည်နာပေါက်ခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသံကြိုး တွင်ဖြစ်သော ရောဂါအမျိုးမျိုး၊ အသံအိုးကင်ဆာ၊ လည်ပင်းအကြိတ်ကြီးခြင်း၊ လည်ပင်းကြီးရောဂါနှင့် လည်ပင်းကင်ဆာ ရောဂါများ
ညဘက်အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း စသည့်နား၊နှာခေါင်း၊လည်ချောင်း၊ ဦးဏှောက်၊လည်ပင်း နှင့်ဆိုင်သော ရောဂါအမျိုးမျိုးကို အဏုမြူကြည့်မှန်ပြောင်း၊ အတွင်းကြည့်မှန်ပြောင်း(Endoscope) ကိုအသုံးပြုပြီး ရောဂါရှာဖွေ စစ်ဆေးပေးသည့်အပြင်
အထူးကုဆရာဝန်ကြီးများနှင့်ပါ တိုင်ပင်စစ်ဆေးကုသနိုင်ပြီဖြစ်ပါတယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ချင်ပါတယ်ရှင် ။

ထို့အပြင် ရောဂါဖြစ်လာမှကုသမှုခံယူခြင်းထက် အချိန်ပြည့်ကာကွယ်မှုပေးထားနိုင်စေရန် ရည်ရွယ်ပြီးလည်း ထိုအဂါအစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်အခြေခံလေးများကို Page ကနေအဓိက ဖော်ပြသွားပေးမှာဖြစ်တဲ့အတွက် Like, Follow and See first လုပ်ထားဖို့မမေ့ကြပါဖို့ တိုက်တွန်းချင်ပါတယ် 🤍...။

#ပပလင်း
#မျက်စိကျန်းမာရေး
#နားကိုက်ရောဂါ
#လည်ပင်းကြီးရောဂါ

Address

Bogyoke Road
Nyaungdon
10162

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959428009070

Website

Alerts

Be the first to know and let us send you an email when ပပလင်း Eye & Otolaryngology - Head & Neck Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပပလင်း Eye & Otolaryngology - Head & Neck Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram