21/10/2023
ပုံပါ မြင်ရသည့် သွားချေးကျောက်များကို၆ လတခါ ပုံမှန် သန့်ရှင်းရေး( scaling) မလုပ်ခဲ့ပါက ဆိုးကျိုးများ ......
၁. ခံတွင်းအနံ့ဆိုး အာပုပ်စော်နံ ခြင်း ။
၂. ဆိုးဝါးသောခံတွင်းအနံ့ကြောင့် လူမူပေါင်းသင်းဆက်ဆံရေးတွင်ပြဿနာများဖြစ်လာနိုင်ခြင်း။
၃. သွားဖုံးရောင်ရမ်းခြင်းကြောင့်သွားတိုက်လျှင်ဖြစ်စေ သွားဖုံးသွေးများထွက်ခြင်း။
၄. သွားဖုံးယောင်ရမ်းခြင်းအဆင့်မှာ သွားဖုံးသန့်ရှင်းခြင်း (scaling) မလုပ်ခဲ့ပါက ရေစီးကမ်းပြိုနာအဆင့်သို့ပြောင်းလဲခြင်း( ကမ်းပါးပြိုရင်သစ်ပင်အမြစ်ပေါ်ပီးနဲ့လူပ်လာသကဲ့သို့) အရိုးများနိမ့်ကျလာပီးသွားအမြစ်များပေါ်လာပီးသွားများတစ်ချောင်းပီးတစ်ချောင်းလှုပ်ပီးနဲ့လာခြင်း။
၅. သွားများလှုပ်နဲ့ပီးနုတ်လိုက်ရပါက ပြန်စိုက်လျှင် ငွေကြေးပိုမိုကုန်ကျခြင်း။
၆. သွားဖုံးရောင်ရောဂါရှိခြင်းသည် နှလုံးရောဂါများ, လေဖြတ်နိုင်ခြင်း
ကျောက်ကပ်ရောဂါ , ဆီးချိုရောဂါ များကိုပိုမိုဆိုးဝါးစွာ ဖြစ်စေနိုင်သောကြောင့် သွားနှင့်ခံတွင်းဆရာဝန်များထံတွင် scaling ကို ၆ လတခါ ပုံမှန် သန့်ရှင်းရေးလုပ်သင့်ပါကြောင်း။