12/03/2024
👩⚕️ သားအိမ်မှာ အသားလုံးတည်တယ်ဆိုတာ...
🎀🎀🎀🎀🎀🎀🎀 🎀
သားအိမ်ထဲမှာ အသားလုံးတည်ခြင်း (Uterine fibroid) ဆိုတာကို ကြားဖူးတဲ့သူတွေရှိသလို တစ်ခါမှ မကြားဖူးတဲ့ သူတွေလည်းရှိမှာပါ။ ကျွန်မတို့အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်လို့ သိထားသင့်တဲ့အတွက် ဒီအကြောင်းကို ရေးလိုက်ရပါတယ်ရှင်... ✍️
👉 လူ (၁၀၀)မှာ အယောက် (၈၀) လောက်အထိ ဒီရောဂါဖြစ်နိုင်ပါတယ်။ သားအိမ်ထဲ အသားလုံးရှိပေမဲ့ ရောဂါလက္ခဏာမပြတဲ့သူတွေရှိနိုင်တာကြောင့် ဒီထက်ရာခိုင်နှုန်းများနိုင်ပါသေးတယ်။ ဒါကြောင့်လည်း အမျိုးသမီးတိုင်း တစ်သက်မှာတစ်ခါ သားအိမ်တွင် အသားလုံး ဖြစ်နိုင်ခြေရှိတယ်လို့တောင် ဆိုကြပါတယ်။ အဖြစ်အများဆုံးအရွယ်ကတော့ အသက် (၃၀)မှ (၅၀) အတွင်း ဖြစ်ပါတယ်။
ဘာကြောင့်ဖြစ်တာလဲ ?
✡️ အပျိုဖော်ဝင်တဲ့အချိန်ကစလို့ သွေးမဆုံးခင်အချိန်အထိ Estrogen နဲ့ Progesterone ဟော်မုန်းတွေကြောင့် သားအိမ်ထဲမှာ အသားလုံးတွေဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာလည်း Estrogen ပါဝင်တဲ့ ကုသမှုခံယူနေတဲ့သူတွေဆိုရင် အသားလုံးဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် အဝလွန်ခြင်း ၊ မိသားစုမျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲ ?
❇️ အသားလုံးအရွယ်အစား အရမ်းသေးရင် ရောဂါလက္ခဏာမပြတတ်ပေမဲ့ တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ အောက်ပါလက္ခဏာတွေ ပြလာနိုင်ပါတယ်။
- သွေးဆင်းများခြင်း
- မကြာခဏသွေးဆင်းခြင်း
- ရာသီမမှန်ခြင်း ၊ ရာသီရက်ရှည်ခြင်း
- ဗိုက်အောက်ပိုင်း နာခြင်း
- ဗိုက်ဖောင်းလာခြင်း
- မကြာခဏဆီးသွားတတ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေရော ဖြစ်နိုင်လား ?
🤰 ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း သားအိမ်အသားလုံးဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ကြီးထွားလာတဲ့အတွက် အသားလုံးကို သွားဖိပြီး ဗိုက်အောင့်တာ ၊ ကိုယ်ဝန်ပျက်ကျတာ ၊ လမစေ့ပဲမွေးတာ ၊ မွေးပြီးရင်လည်း သားအိမ်မကျုံ့နိုင်လို့ သွေးထွက်လွန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
✅ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင် ၊ ကိုယ်ဝန်ဆောင် နေစဥ် ၊ မီးဖွားစဥ် သားဖွားမီးယပ်အထူးကုဆရာဝန်ရဲ့ စောင့်ရှောက်မှုကို ခံယူဖို့ အလွန်အရေးကြီးပါတယ်။
ကုသလို့ရနိုင်လား?
🔰 သားအိမ်ထဲကအသားလုံးတွေရဲ့ အရွယ်အစားကို သေးအောင်ပြုလုပ်တဲ့နည်း ၊ အသားလုံးကို ခွဲထုတ်တဲ့နည်းလမ်းတွေအများကြီး ရှိပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့နည်းကို ရွေးချယ်၍ ကုသနိုင်ပါတယ်။
👩⚕️ သားအိမ်ထဲမှာရှိတဲ့ အသားလုံးအရေအတွက် ၊ ကုသနည်း ၊ ဟော်မုန်းနဲ့ အခြားအကြောင်းအရာ တွေအပေါ်မူတည်ပြီး နောက်ထပ်ပြန်ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာများ ပြန်ပေါ်လာလျှင် ထပ်မံကုသမှုခံယူသင့်ပါတယ်ရှင်…
Ref: https://www.yourperiod.ca/uterine-fibroids
https://www.evernow.com/our-experts
https://www.nhs.uk/
https://www.mayoclinic.org
လေးစားချစ်ခင်ခြင်းများစွာဖြင့်
ဒေါက်တာထား
#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ
Uterine fibroids are common, appearing in 70-80% of women by age 50. In many women, fibroids do not cause any trouble; however, 20-50% of women with uterine fibroids experience a number of symptoms. This section provides an in depth look at uterine fibroids. Find accurate information about the sympt...