BeautyBliss by May

  • Home
  • BeautyBliss by May

BeautyBliss by May Bee express နဲ့ Arlupost Delivery ရောက်တဲ့မြို့တိုင်း COD အိမ်ရောက်ငွေချေရပါပြီ

20/07/2025

🫶🏻 [ Yoon Black Head & Pore Deep Cleansing Foam Review ]
✅အလုပ်က မလုပ်ရသေးဖူး အဆီပြန်တာက အရင် ဆိုတာရှိရင် ဒီ cleanser ကိုသုံး။

Normal Skin , Dry Skin တွေ အားမပေးချင်ဖူး။

Cleansing power ကောင်းတယ်။ မျက်နှာသစ်ဆိုအမြှုပ်ကောင်းကောင်းထမှ ကြိုက်တယ့် ကိုယ်လို သူဆို အဆင်ပြေတယ်။

ညဘက် cleansing ပိုင်း
Steps တစ်ခုတည်းနဲ့ အဆင်ပြေတယ်။

တစ်ခုသိထားရမေျာက SA 0.5 % ပါတယ်။
SA က oil soluble exfoliant မို့ ချွေးပေါက်အတွင်းထဲမှာ ရှိနေတဲ့ အဆီတွေစုပုံ oxidized ဖြစ်ပြီး ကျန်ခဲ့တဲ့ ဆားဝက်ခြံကို ရှင်းတဲ့နေရာမှာ ထိရောက်တယ်။

အဆီပြန် သမားတွေ Clinique Dd gel လို silicone များတဲ့ moisturizer တွေ သုံးရင် ရေရှည်မှာ အဆီဖုမထအောင် ဒီကောင့်ကိုသုံးသင့်တယ်။

ချွေးပေါက်ဟောင်းလောင်းကျယ် အဆီပြန်နေတဲ့ skin ဆို သူ့ကို သုံးပေးရင် ချွေးပေါက်ထဲ အညစ်အကြေးမရှိတော့တာကနေ ချွေးပေါက်တွေက အချိန်ကြာလာတဲ့ခါ သူ့ အပေါက်ထဲ ဘာမှ မရှိတော့ ကျဉ်းလာလိမ့်မယ် ။
ရှိသင့်တဲ့အနေထားရှိမယ်။ ဒါက Long term result ပါ။

မနက်ဘက် သုံးမိရင် After care အနေနဲ့ Sunscreen သေချာ လိမ်း ပေးစေချင်တယ် ။

ညဘက်ကို လည်း ဒီကောင့်သုံးပေးရင်
မတော်လို့ Irritation rate သက်သာအောင် Toner လေးတွေ သုံးပေးသင့်တယ်။ Scinic Mild Toner , One Thing Houttuynia Toner , Graymelin Mugwort Toner တို့လိုမျိုး ရိုးရှင်းတာလေးတွေပါ။

Oily Acne Prone Skin , Combination Skin တွေ Best Option ဖြစ်သလို ရေရှည်အတွက် night time cleanser အနေနဲ့ဆိုလည်း ကောင်းတယ်။

ဆားဝက်ခြံ ရှိနေတဲ့နားလေးကို ဒီ Clesnser အမြှပ်နဲ့ 30စက္ကန့်ကနေ 45 စက္ကန့်ထိ အုံထားပေးပါ။ ( ညဘက်)

အသားရေတစ်ခုကောင်းဖို့ဆိုတာ cleanser တစ်ခုကိုပဲ အားမကိုးပဲ life style ကိုလဲ ဂရုစိုက်စေချင်တယ်။

ဝက်ခြံလေး တစ်ခု နှစ်ဖု တွက်နဲ့ ဒီ cleanser ကြီးကိုပြောင်းရမယ်လို့မတွေးနဲ့။

ဆိုင်တော်တော် များများ နေရာ တော်တော် များ ဝယ်လို့ရတယ်နော်။

တစ်ခုခုသိချင်တာရှိ Cmt မှာ စာချန်ခဲ့နော်။ ကောင်းသောညပါဗျာ။

Yoon Skin

20/07/2025

ကိုယ့်skin နဲ့ကိုက်တဲ့ Moisturizer ရွေးဖို့ခက်နေရင်{Knowledge Review} 💙💙💙

Moisturizer ဆိုတာ အဆီပြန်တဲ့သူအတွက်လည်း လိုတယ် ဝက်ခြံထွက်တဲ့သူအတွက်လည်းလိုတယ်... ကိုယ့်ရဲ့ Skincare က Moisturizer အဆင့်မပါရင် ဆားမပါတဲ့ဟင်းတစ်ခွက်လိုပဲ....ဆိုတော့ သူပါမှပြည့်စုံမယ်ဆိုတဲ့သဘောပေါ့ ....

ဒီနေရာမှ အဆီပြန်တဲ့သူတွေ အသားခြောက်တဲ့သူတွေ ဝက်ခြံသမား ကအစ Moisturizer ရွေးချယ်မှုသာ မှားခဲ့ရင် စိတ်ညစ်ပြီး ဆက်လိမ်းဖို့ကို ကြောက်နေလိမ့်မယ် 😷

အောက်ကစာတွေအဆုံးထိဖတ်ပြီးရင်တော့ Face အတွက်ပဲဖြစ်ဖြစ် bodyအတွက်ပဲ ဖြစ်ဖြစ် Moisturizer ရွေးတတ်သွားလိမ့်မယ် 🥰

ဒါပေမဲ့moisturizer လိမ်းရင် မကြောက်ဘဲ ရဲရဲဝံ့ဝံ့ လိမ်းနိုင်ဖို့ ဒီစာကိုဆက်ဖတ်ပေးနော် (ဆရာကြီးတွေကတော့ကျော် သွားပေးနော်... မသိတဲ့သူအတွက်သာ)

Moisturizer ဆိုတာ ပုံမှန် skincare steps မှာဆိုဂင်တော့ ရှေ့က steps တွေလိမ်းပီးမှ သူ့လိမ်းရတာဆိုတော့ ရှေ့က Steps တွေ တစ်လွှာပီး တစ်လွှာ စိမ့်ဝင်ဖို့ အချိန်လေးပေးဖို့လိုတယ်...အနည်းဆုံး1min 2mins လောက်ပေါ့... နောက်မို့ဆို Moisturizer ကရှေ့ကသုံးထားတဲ့ Skincareနဲ့ ဓာတ်ပြုပီး တစ်ခါတစ်လေမှာ လိမ်းပြီးမှ မျက်နှာက မဲသွားယောင် ဖြစ်သွားတတ်တယ်...pilling ဖြစ်သွားတယ်လို့ခေါ်တယ်...ဒါဆို Makeup ထပ်လိမ်းဖို့လည်းသိပ်အဆင်မပြေတော့ဘူး...ဒါကြောင့် Moisturizer မလိမ်းခင် ရှေ့က လိမ်းထားတာရှိရင် စောင့်ပါ

Moisturizer ကို Cream Type နဲ့ Gel Type အကြမ်းဖျင်းခွဲတတ်ပြီ ဆိုရင် ဒီလိုလေး အကြမ်းဖျင်း ထပ်ခွဲ ကြည့်

ဒီ Moisturizer အကြောင်းက ပုံမှန် Skin အတွက်ကတော့ Cream Type ,Gel Type ကို ခွဲ ပြီး Skin လိုအပ်ချက်ကိုကြည့်သုံးနိုင်ပေမဲ့ ဝက်ခြံသမားတွေ အဆီပြန်သမားတွေနဲ့ dull skin တွေအတွက်ကတော့ အောက်က စာလေးတွေကအသုံးဝင်လိမ့်မယ်

Moisturizer type 3မျိုးဖြစ်တဲ့ Humectants, Emollients, Occlusives လို့အလွယ်မှတ်မယ် ☝

🌊 1. Humectants

ဘာလုပ်ပေးသလဲ?
Humectants က လေထဲကကောင်းတဲ့အစိုဓာတ် (moisture) ကို စုပ်ယူပေးတယ်... အထူးသဖြင့် Oily Skinလိုမျိုးသင့်လျော်တယ်...

• Light weight ဖြစ်တယ် Watery လို Texture ဘက်သွားတယ်

• Water-based ဖြစ်တာကြောင့် အသားအရေကို Healing လုပ်ပေးတယ်

•စိမ့်ဝင်လွယ်တယ် ရေဓာတ်နီးစပ်တဲ့ Texture လိုမျိုးရှိတယ်

Humectant သုံးတဲ့အခါ Emollient သို့မဟုတ် Occlusive တစ်ခုနဲ့ပေါင်းသုံးတာ အကောင်းဆုံးပါ။သူ့အမျိုးအစားပဲသုံးမယ်ဆိုလည်းရတယ်

သူ့မှာပါတဲ့ Ingredient :

• Glycerin
• Panthenol
• Urea
• Aloe Vera

အပေါ်မှာပြောခဲ့သလို ဒီ Ingeridents တွေက Watery ဘက် Gel ဘက်သွားတာတွေမို့လို့ ဒီလို skin ရှိတဲ့သူတွေ ရွေးချယ်လို့ရတယ်

ဘယ်သူသုံးသင့်လဲ?
✔ Dehydrate Skin (ရေဓာတ်ခမ်းခြောက်ပြီး ပိုအဆီပြန်တာမျိုး)
✔ Oil Skin
✔ Combination Skin

🧴 2. Emollients

ဘာလုပ်ပေးသလဲ?
Emollients က သဘာဝအဆီ ဒါမှမဟုတ် Skin barrier ပျက်စီးတဲ့သူတွေအတွက် ထုတ်ပေးထားတယ်ပြောရမှာပဲ...ဒီလို Ingeridents ကိုသောင်းအကြိုက်ဆုံးလို့ပြောရမယ်...ကိုယ်ကအသားခြောက်မှ Skinပျက်စီးနေမှ သုံးရတာထက်ကိုယ့် skin က Normal to Combination ဆိုလည်း လိုသလိုအသုံးပြုနိုင်တယ်
တစ်နည်းအားဖြင့်ပြောရရင် Skin Barriers ကိုကောင်းကောင်းပြုပြင်ပေးနိုင်တဲ့ Ingeridents ပေါ့

➡Skinကို Smooth ဖြစ်စေတယ်
➡ Barrier function (ကာကွယ်စနစ်) ကိုကောင်းမွန်စေတယ်

Texture က အပေါ်က လို Gel တွေ ထက်ပို Thick တဲ့အနေအထားရှိတယ်...Oily skinကလွဲရင် အကုန်သုံးလို့ရတယ်

Ingredients:

• Squalane
• Fatty acids
• Ceramides
• Cholesterol
• Jojoba oil

ဘယ်သူသုံးသင့်လဲ?
✔ Dry Skin
✔ Sensitive Skin
✔ Dehydrate Skin(ရေဓာတ်လို ပြီး ခြောက်သွေ့နေတာမျိုး)

🛡️ 3. Occlusives

ဘာလုပ်ပေးသလဲ?
Occlusives က မျက်နှာပေါ်မှာ ရေဓာတ်တွေ ကို လွင့်မသွားအောင် cover လုပ်ထားသလိုမျိုး

➡ သုံးတဲ့အခါ Glowly lookကိုရစေမယ်...skinကိုရေဓာတ်အပြည့်ဖြည့်ပေးမှာ...ဒါပေမဲ့ Oily skinတွေအတွက်ဆို ရင်တော့မကောင်းဘူး

• Tick ဖြစ်တဲ့ texture ရှိတယ်

• အချို့အတွက် pore clog ဖြစ်နိုင်တယ် (သတိထားဖို့)

Ingredients:

• Petrolatum (Vaseline) (မျက်နှာလိမ်းဖို့မသင့်လျော်)
• Lanolin
• Beeswax
• Shea Butter

ဘယ်သူသုံးသင့်လဲ?
✔ Dry Skin (အလွန်ခြောက်သူများ)
✔ Cold/Harsh Weather
✔ ညဘက်မှာလိမ်းထားရင် ရှယ်ရေဓာတ်ပြည့်နေမှာမျိုး...

ဒီလောက်ဆိုရင် အားလုံးပဲ Moisturizer တွေကို Ingeridents မြင်တာနဲ့ရွေးဖို့လွယ်ကူသွားပြီထင်ပါတယ်

သောင်းသိသလောက်လေးတွေ ကိုမှတ်စု လေးထုတ်ပေးထားတာမို့လို့ ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်💟

နောက် Review လေးတွေမှာပြန်ဆုံကြမယ်နော်
ပုံနှင့်စာသားကူးယူခွင့်မပြု

Moisturizer ရွေးချယ်ဖို့ Brand လေးတွေထပ်တင်ပေးမယ်

💙 JM Solution Skin Boost Hyaluronic Acid Series 💙(Toner • Serum • Cleansing Water)အသတ်လတ်သူလေးတွေရဲ့ လိုအပ်ချက်ကို တစ်ခါ...
20/07/2025

💙 JM Solution Skin Boost Hyaluronic Acid Series 💙
(Toner • Serum • Cleansing Water)
အသတ်လတ်သူလေးတွေရဲ့ လိုအပ်ချက်ကို တစ်ခါတည်း ဖြေရှင်းပေးမဲ့ Hydration Set!



🧴 Toner – “Boost Your Glow”
💧 ရေဓာတ်ကို စီးစီးလျှှောလျှော ဖြည့်ပေးပြီး
အရေပြားကို စိုစိုပြေ၂နဲ့ glow လေးပေးတယ်။
ဖွင့်ချင်းလေးနဲ့တင် cooling feeling လေးရတယ်



💧 Serum – “Deep Dive Hydration”
Hyaluronic 3-layer ချက်နဲ့ အရေပြားအထဲအထိ
ရေဓာတ်စိမ့်ဝင်သွားပြီး နူးညံ့တောက်ပတဲ့မျက်နှာလေးဖြစ်စေတယ်။
တင်းတင်းရင်းရင်းမျက်နှာလေးလိုချင်တဲ့သူတို့အတွက် LOVE AT FIRST DROP 💙



🫧 Cleansing Water – “Soft Clean & Calm”
မိတ်ကပ်၊ မသန့်တဲ့ဖုန်မှုန့်တွေကို နူးညံ့စွာ ဖယ်ရှားပေးပြီး
အသားအရေကို အေးမြစွာသန့်စင်ပေးတယ်။
ရေမပါပဲ သုံးလို့ရတဲ့ Micellar type!လေး



✨အသုံးပြုနည်း
Step 1️⃣ Cleansing Water – မျက်နှာသန့်စင်
Step 2️⃣ Toner – Glow Boosting
Step 3️⃣ Serum – Moisture Lock 💧
လေး


JM Solution နဲ့ တစ်နေ့တာလုံး Fresh Look ထဲဝင်ထားနိုင်မယ်နော်! 💙🌿

🌿 1. Centella Asiatica Toner • ဝက်ခြံ၊ အနီအသားယားလေးတွေကို ပြေလျော့စေပြီး • အရေပြားကို ဖြည်းဖြည်းချင်း တည်ငြိမ်အေးမြစေတယ...
20/07/2025

🌿 1. Centella Asiatica Toner
• ဝက်ခြံ၊ အနီအသားယားလေးတွေကို ပြေလျော့စေပြီး
• အရေပြားကို ဖြည်းဖြည်းချင်း တည်ငြိမ်အေးမြစေတယ်။
• Maskne ဖြစ်တတ်တဲ့သူတွေ၊ sensitive skin ရှိသူတွေအတွက် perfect!



💧 2. Hyaluronic Acid Essence
• ရေဓာတ်ကို အပြည့်အဝဖြည့်ပေးပြီး
• အရေပြားကို နူးညံ့စိုပြေနွယ်ပြီး glow လေးဖြစ်စေတယ်။
• မျက်နှာခြောက်တာ၊ တင်းတင်းအသားရချင်သူတွေအတွက် MUST-HAVE!



✨ 3. Niacinamide 10% Essence
• အသားအရောင်ညီညီထွေထွေ ဖြစ်လာစေပြီး
• မျက်နှာချိုင့်ခွက်များ၊ အမဲစက်တွေကို ပျောက်ကင်းစေတယ်။
• Glass skin လေးလိုချင်တဲ့ ကောင်မလေးတွေအတွက် လုံးဝကိုသင့်တော်!



🍃 4. Houttuynia Cordata Extract
• ဝက်ခြံ၊ အဆီပြန်မှုတွေကို ထိထိရောက်ရောက်ထိန်းချုပ်ပေးတယ်။
• Skin barrier ကို တည်ငြိမ်အောင်လုပ်ပေးပြီး
• မျက်နှာယားယံတဲ့သူတွေအတွက် အရမ်းအေးမြအောင်လုပ်ပေးတယ်။



✨ သုံးနည်း - Toner/Essence Step မှာ Cotton pad နဲ့ သုံးလို့ရ၊ လက်နဲ့ လိမ်းလို့လည်းရပါတယ်။
Skin type အားလုံးအတွက်သင့်တော်ပြီး Layering လုပ်လို့ကောင်းပါတယ်။

လိုချင်တဲ့သက်သာမှုကို ရွေးလိုက်ပါတော့နော်၊ One Thing နဲ့ 🤍✨

34000 .37000.42000
150ml

🧴 One Thing Hyaluronic Acid Serum💧 အရေပြားအတွင်းပိုင်းအထိ နေရောင်ခြည်မထိစေဘဲ ရေဓာတ်ပြန်ဖြည့်ပေးနိုင်တဲ့ Serum ဖြစ်တယ်နော...
20/07/2025

🧴 One Thing Hyaluronic Acid Serum
💧 အရေပြားအတွင်းပိုင်းအထိ နေရောင်ခြည်မထိစေဘဲ ရေဓာတ်ပြန်ဖြည့်ပေးနိုင်တဲ့ Serum ဖြစ်တယ်နော်

🔹 ရေဓာတ်ကို အထူးပြန်ဖြည့်ပေးပြီး အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတယ်။
🔹 အသားခြောက်တာ၊ အလွယ်တကူအရေးကြောင်းဖြစ်တတ်သူတွေအတွက် အထူးသင့်တော်တယ်။
🔹 မျက်နှာအသားအရေကို နူးညံ့စိုပြေပြီး glow လေးရစေတယ်။
🔹 အရေပြားထဲကိုနူးညံ့စွာ စိမ့်ဝင်သွားတတ်ပြီး မဆီပြန်ဘူး။
🔹 Sensitive skin ပါရှိသူတွေလည်းသုံးလို့ရပါတယ်။

Price 51000 kyats
50 ml ပါရှင့်

20/07/2025

Mugwort နဲ့မတည့်တဲ့ ဝက်ခြံသမားတွေ ဒီဘက်ကိုလာ..

Iunik Centella Calming Gel Cream Review ☘️

Iunik ကိုလေ အဆီဖုတွေ သက်သာလို့ သူ့ရဲ့ Tea Tree Serum နဲ့တင် တအားကြိုက်ခဲ့တာ…

အခု Calming Gel Cream ကိုပါ ထပ်သုံးမိ…
ထပ်ကြိုက်…ထပ်ကုန် အဲ ..😅မဟုတ်ပါဘူး 😝

Lara ပြောရဲတယ် …သူ့ကိုသုံးပြီးရင် တခြားဘယ် Gel Cream ကိုမှ သူ့ထက်ကြိုက်မိမှာ မဟုတ်လောက်တော့ဘူး..

Lara တောင် ခုသုံးနေတာ (၂)ဘူးမြောက်ရှိပြီ…🥰

သူ့မှာ Centella နဲ့ Teatree အဓိကပါဝင်တယ် …☘️
ဆိုတော့ ဝက်ခြံနဲ့ အဆီဖုသမားတွေက ဝက်ခြံကြောင့် နီရဲ ယောင်ယမ်းတာတွေအတွက် သုံးနိုင်တယ်…

Niacinamide လဲပါတော့ အသားကြည်ဖို့ပါ အထောက်အပံ့ပေးနိုင်တယ်…
အများကြီးတော့ မမျှော်လင့်နဲ့နော်..သူက calming အဓိကမို့…

Lara က skincare တွေ အများကြီး စမ်းသုံးရတာဆိုတော့ တခုခု ဓာတ်မတည့်လို့ မျက်နှာရဲတာ၊ ယားတာမျိုးဖြစ်ရင် သူ့ကို လိမ်းလိုက်တယ်.. အေးပြီး ခဏအကြာသက်သာသွားရော…

ထင်ထားတာထက် လိမ်းရတာ ပေါ့ပေါ့ပါးပါးဖြစ်လို့
သူ့ရဲ့ Texture ကို Lara တော်တော်လေးကြိုက်တယ်…
စေးကပ်တာမျိုး လုံးဝမခံစားရဘူး…
အသားထဲ စိမ့်ဝင်တာ အရမ်းမြန်တယ်…

Combination Skin, ဝက်ခြံအဆီဖုသမားနဲ့ Oily skin တွေ သုံးနိုင်တယ်…
Dry skin သမားတွေကိုတော့ အသားပိုခြောက်မှာစိုးလို့
မသုံးစေချင်ဘူး….

အသားခြောက်ပေမဲ့ အဆီဖုထွက်တတ်လို့၊ မျက်နှာရဲတတ်လို့ဆိုရင်တော့ မနက်ကိုသုံး၊ ပြီးရင် Sunscreen ကို Moisture များများပေးနိုင်တာလေးထပ်လိမ်းပေးလိုက်…

ကိုယ်က Mugwort နဲ့မတည့်လို့ ဝက်ခြံသက်သာအောင် ဘာသုံးရမလဲမသိဘူး လမ်းပျောက်နေတယ်ဆိုရင် ဒါလေးသုံးကြည့်ဖို့ Recommend ပါတယ်နော်…

See u next review…🥰




11yearsအထက်baby တွေပါသုံးလ်ို့ရတဲ့ 🌀Cuta pro Aqua Sun Gel🌀Normal to Dry skin သုံးလို့ရပါတယ်SPF30+UVA &  UVB protection ရ...
19/07/2025

11yearsအထက်baby တွေပါသုံးလ်ို့ရတဲ့ 🌀Cuta pro Aqua Sun Gel🌀

Normal to Dry skin သုံးလို့ရပါတယ်
SPF30+
UVA & UVB protection ရလို့နေလောင်တာတွေ ကာကွယ်​ပေးပါတယ်

✔️50g Price=3️⃣3️⃣0️⃣0️⃣0️⃣ks

ောက်သောမြို့များCODရပါတယ်
ပုသိမ်အိမ်ဆိုင်လိပ်စာ ကတော့
Address📇69 A ပပဝတီ (၈)လမ်း။ ပါ မဟာစေတီ လမ်းပေါ်ကနေ ရထားလမ်းအကျော် ဘယ်ဘက်ရပ်ကွက်ကပါရှင့်
☎️09422547442

Bioderma Official Sensibio Toner Sebium H2O-500ml-100ml Gel Foamမြန်မာစာပါ ပစ္စည်းစစ်အာမခံ🫛
19/07/2025

Bioderma Official
Sensibio Toner
Sebium H2O-500ml-100ml
Gel Foam

မြန်မာစာပါ ပစ္စည်းစစ်အာမခံ🫛



Round lab 1025 Dokdo Lotion💕ရေဓာတ်ထိန်းချုပ်မယ်ဆိုLotion လိုတယ်နော် အိမ်မှာနေပီး... Skin Care တမျိုးပဲသုံးချင်တယ်ဆို Lot...
19/07/2025

Round lab 1025 Dokdo Lotion💕

ရေဓာတ်ထိန်းချုပ်မယ်ဆိုLotion လိုတယ်နော်
အိမ်မှာနေပီး... Skin Care တမျိုးပဲသုံးချင်တယ်ဆို Lotion ကိုသုံးပါ

✔️ oily skin တွေ လိမ်းပီး အဆီပြန်/ ပူစပ်တာတွေမရှိဘူး နော်
✔️ for all skin type & sensitive skin type
✔️ အဆီပြန်တာတွေကို သက်သာစေပါတယ်
✔️နဂို အသားရေမှ ရှိတဲ့ ရေ/ ဆီကို balance လုပ်ပေးပါတယ်
✔️ အသားရေ နီမြန်းတာတွေ... အဆိဖုထတာတွေကိုလဲ သက်သာစေပါတယ်

Price : 52000 ks (200ml)

Pretty Skin cream pack Refill ပါတာကိုမှ ၃၅၅၀၀ ပဲနော် ✅Collagen Two Way Cake လေးဖြစ်တယ်✅Coverage လဲတော်၂ကောင်းလို့ ဝယ်ပြီ...
19/07/2025

Pretty Skin cream pack
Refill ပါတာကိုမှ ၃၅၅၀၀ ပဲနော်

✅Collagen Two Way Cake လေးဖြစ်တယ်
✅Coverage လဲတော်၂ကောင်းလို့ ဝယ်ပြီးသူတွေ အမကို recommend လုပ်ကြပါတယ်
✅ဘူးdesign ကလဲ premium ဖြစ်တော့

စျေးနှုန်းသင့်ပြီး refill ပါတဲ့ ဒီproduct လေး ရွေးထျယ်သင့်ပါတယ်လို့

Hatomugiအစုံရှိပါတယ်ရှင့်❇️Hatomugi UV Milky Gel (Suncream)လေးက • SPF50+ PA++++ နဲ့ နေလောင်ဒဏ်ကာကွယ် • Moisturizing sun ...
19/07/2025

Hatomugiအစုံရှိပါတယ်ရှင့်❇️

Hatomugi UV Milky Gel (Suncream)လေးက
• SPF50+ PA++++ နဲ့ နေလောင်ဒဏ်ကာကွယ်
• Moisturizing sun gel (Face & Body အသုံးပြုနိုင်)
• Lightweight & white cast မရှိဘူး

Hatomugi ထုတ်ကုန်လေးတွေက သဘာဝအကြောင်းအရာများနဲ့ အသားအရေကို ချောမွေ့စေခြင်း + သက်သာမှုရှိခြင်း
အရေပြားအမျိုးမျိုးအတွက်သုံးလို့ရပြီး sensitive skin များအတွက်ပါ အဆင်ပြေပါတယ်။

အသေးစိတ်နဲ့စျေးနှုန်းလေးကို ပုံတခုချင်းစိနှိပ်ပေးပါရှင့်

Address


Telephone

+959785547442

Website

Alerts

Be the first to know and let us send you an email when BeautyBliss by May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BeautyBliss by May:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share