သုခအေး သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

  • Home
  • Myanmar
  • Pathein
  • သုခအေး သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

သုခအေး သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း သုခအေး သူနာပြုအကူနှင်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

ဆီးကျိတ်ကြီးတဲ့ရောဂါဟာ အသက်ကြီးတဲ့ အမျိုးသားတိုင်းမှာ ဖြစ်ပါသလား❓❓အသက်ကြီးလေ ဆီးကျိတ်လဲကြီးဖို့ အလားအလာ ပိုများလေ ဖြစ်ပါ...
30/09/2022

ဆီးကျိတ်ကြီးတဲ့ရောဂါဟာ အသက်ကြီးတဲ့ အမျိုးသားတိုင်းမှာ ဖြစ်ပါသလား❓❓

အသက်ကြီးလေ ဆီးကျိတ်လဲကြီးဖို့ အလားအလာ ပိုများလေ ဖြစ်ပါတယ်။ ကြီးတဲ့နှုန်းသာ ကွာတာဖြစ်ပါတယ်။ မြန်မြန်ကြီးတဲ့လူကတော့ စောစောစီးစီး လက္ခဏာတွေ ခံစားရပြီး ဖြည်းဖြည်းချင်းကြီးတဲ့သူကတော့ နောက်ကျမှ ခံစားရတာ ဖြစ်ပါတယ်။
လေ့လာချက်တွေအရ အသက် ၄၀ မတိုင်မီမှာ ၁၀% ၊ အသက် ၅၀ မှာ ၃၀% ၊ အသက် ၆၀ မှာ ၅၀% ၊ အသက် ၇၀ မှာ ၇၀% ၊ အသက် ၈၀ မှာ ၈၀% ၊ အသက် ၉၀ မှာ ၉၀% နဲ့ အသက် ၁၀၀ မှာ ၁၀၀% ဖြစ်ပါတယ်။

အသက်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရင် ခါတိုင်းလို မဟုတ်ဘဲ အချိန်ကြာကြာသွားရတာ ဆီးကျိတ်ကြီးတာနဲ့ ဆိုင်ပါသလား❓❓

ဆိုင်နိုင်ပါတယ်။ ဆီးကျိတ်ကြီးလာရင် ဆီးကျိတ်ရဲ့ အလယ်ကနေ ဖြတ်သွားတဲ့ ဆီးသွားပြွန်ကို ဖိပါတယ်။ အဲ့ဒီအခါမှာ ဆီးနဲ့ပတ်သက်တဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဓိက အုပ်စု (၂) ခုခွဲထားပါတယ်။

(၁) Obstructive symptoms (ပိတ်ဆို့မှုကြောင့်ဖြစ်သော လက္ခဏာများ)
==================
- ဆီးစပြီးသွားဖို့ ခက်ခဲပါတယ်
- စသွားရင်လည်း ခါတိုင်းလိုတစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ အကြာကြီးသွားရတတ်ပါတယ်
- ဆီးသွားလို့ပြီးသွားရင်လည်း ဆီးအိတ်ထဲမှာ ဆီးကျန်သလို ခံစားရပါတယ်

(၂) Irritative symptoms (လှုံ့ဆော်မှုကြောင့်ဖြစ်သော လက္ခဏာများ)
===============
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးခဏခဏလဲ သွားပါတယ်
- ဆီးသွားချင်ပြီဆိုတာနဲ့ ခါတိုင်းလိုမအောင့်ထားနိုင်ဘဲ ချက်ချင်းသွားတတ်ပါတယ်
- ဆီးသွားတဲ့အခါမှာ ဆီးပြွန်တစ်လျှောက် ကျင်တာတို့ နာတာတို့ ဖြစ်တတ်ပါတယ်

အဲ့ဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင်တော့ ဆီးကျိတ်ကြီးရောဂါ ဖြစ်နေပြီလို့ သတိပြုသင့်ပါတယ်။

ဆီးကျိတ်ကြီးတဲ့ရောဂါဟာ ဘယ်လိုလူမျိုးမှာ ပိုပြီး စောစောဖြစ်ပါသလဲ❓❓

ဆီးကျိတ်ကြီးတဲ့ရောဂါ (BPH) ဖြစ်ရခြင်းဟာ လူတွေရဲ့မျိုးရိုးဗီဇ၊ အနေအထိုင်၊ အစားအသောက်ပေါ် မူတည်ပြီးတော့ ကွာခြားမှုရှိပါတယ်။

🔺 မျိုးရိုးဗီဇနဲ့ကြည့်ရင် အဖိုးတို့အဖေတို့မှာ ဆီးကျိတ်ကြီးတာစောခဲ့ရင် သားလုပ်တဲ့သူမှာလဲ ပိုပြီးဖြစ်တတ်ပါတယ်။

🔺 အိမ်ထောင်သည်အမျိုးသားတွေဟာ တစ်ကိုယ်ရေလူပျိုကြီးတွေထက် ပိုပြီးဖြစ်လေ့ရှိပါတယ်။

🔺 ကမ္ဘာ့အနောက်ခြမ်း ဥပမာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အနေအထိုင် အစားအသောက်ပုံစံကြောင့် ဖြစ်ပါတယ်။

🔺 အရက်သောက်တဲ့သူ အထူးသဖြင့် ဘီယာသောက်သုံးမှုများတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။

🔺 ဝမ်းချုပ်လေ့ရှိတဲ့သူတွေ (Chronic constipation) မှာ ပိုဖြစ်တတ်ပါတယ်။

🔺 အဆီအစိမ့်တွေ (Fatty diet) များများစားသူတွေမှာ ပိုအဖြစ်များပြီး ဟင်းသီးဟင်းရွက်စားသူ (Vegetarian) တွေမှာ အဖြစ်နည်းပါတယ်။

🔺 လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်သူတွေမှာ အဖြစ်နည်းပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မလုပ်သူတွေမှာ ပိုဖြစ်ပါတယ်။

🔺 စိတ်ပူပင်သောက (Stress) များသူတွေမှာ ပိုဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့ သဘာဝအသီးအနှံ များများစား၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၊ အရက်ဘီယာတို့ကိုရှောင်ပြီး စိတ်ပူပင်မှုအဖြစ်မခံဘဲ ပျော်အောင်နေတတ်မယ်ဆိုရင် ဆီးကျိတ်ရောဂါ မဖြစ်အောင် ကာကွယ်ပြီးဖြစ်တယ်လို့ ပြောလိုပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

#သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

The great end of life is not knowledge but action.(ဘဝရဲ့ ရည်မှန်းချက်ဆိုတာ အသိပညာ ဗဟုသုတထက် လက်တွေ့လုပ်ခြင်းသာ ဖြစ်တယ်) ...
23/09/2022

The great end of life is not knowledge but action.

(ဘဝရဲ့ ရည်မှန်းချက်ဆိုတာ အသိပညာ ဗဟုသုတထက် လက်တွေ့လုပ်ခြင်းသာ ဖြစ်တယ်)

#

#သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

မေတ္တာ ဖြင့်
14/09/2022

မေတ္တာ ဖြင့်

The Unexamined Life Is Not Worth Living.(ဝေဖန်ဆန်းစစ်မှု့မရှိတဲ့ ဘဝဟာ တန်ဖိုးရှိတဲ့ ဘဝ နေမှု့မျိုး မဖြစ်နိုင်ပါ)        ...
14/09/2022

The Unexamined Life Is Not Worth Living.

(ဝေဖန်ဆန်းစစ်မှု့မရှိတဲ့ ဘဝဟာ တန်ဖိုးရှိတဲ့ ဘဝ နေမှု့မျိုး မဖြစ်နိုင်ပါ)
(ဆိုကရေးတီး)

#သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

Life is too short to be small.(တိုတောင်းတဲ့ဘဝမှာ စိတ်ဓာတ် မသေးသိမ်ဖို့ အဓိက) #(CRD) # #သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်း...
09/09/2022

Life is too short to be small.

(တိုတောင်းတဲ့ဘဝမှာ စိတ်ဓာတ် မသေးသိမ်ဖို့ အဓိက)

#(CRD) #

#သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

{19} July မမေ့နိုင် နိုင်ငံတော် အတွက် အသက်ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ရဲဘော် ကိုး ကျိပ်အား အစဉ် ထာဝရ ဦး...
19/07/2022

{19} July မမေ့နိုင်
နိုင်ငံတော် အတွက် အသက်ပေးခဲ့သော

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ရဲဘော် ကိုး ကျိပ်အား အစဉ် ထာဝရ ဦးညွတ် အလေးပြုပါသည် ။🫡
#သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း
Photo crd #

18ရက်နေ့ ကျောင်းစဖွင့်ပါပီ ရှင့် ❤️မြန်မြန်လာအပ်ကြပါနော် 😇
16/07/2022

18ရက်နေ့ ကျောင်းစဖွင့်ပါပီ ရှင့် ❤️မြန်မြန်လာအပ်ကြပါနော် 😇

"သန္ဓေ၊ တောထွက် ၊ ဓမ္မစက် ၊မိန့်မြွက်သံချို၊ လဝါဆို" "ဝါဆိုလပြည့် ဓမ္မစကြာနေ့" အခါသမယနေ့သက်ရှည်ကျန်းမာ၊စိတ်ချမ်းသာ၍လိုအင...
12/07/2022

"သန္ဓေ၊ တောထွက် ၊ ဓမ္မစက် ၊မိန့်မြွက်သံချို၊ လဝါဆို"

"ဝါဆိုလပြည့် ဓမ္မစကြာနေ့" အခါသမယနေ့

သက်ရှည်ကျန်းမာ၊စိတ်ချမ်းသာ၍လိုအင်ဆန္ဒပြည့်စုံနိုင်ကြပါစေလို့ 😇😇
သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🏻🙏🏻🙏🏻
#သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း
#ပုသိမ်မြို့

သတင်းကောင်းလေးတစ်ခုပြောချင်လို့ပါ☝🏿ကျွန်မ တို့သင်တန်းလေးရဲ့ raining season discounts လေး အကြောင်းပါ 🌧⛈အပတ်စဉ်ငါး ၊ batch...
02/07/2022

သတင်းကောင်းလေးတစ်ခုပြောချင်လို့ပါ☝🏿
ကျွန်မ တို့သင်တန်းလေးရဲ့ raining season discounts လေး အကြောင်းပါ 🌧⛈အပတ်စဉ်ငါး ၊ batch 5လေးစတင်ခေါ်နေပီဖြစ်ပါသည် ။🫶🏼
💧Fees လေးကို ယခင် ငါးသိန်းကျပ်မှ ယခု
လေးသိန်း ကျပ် အတိဖြင့် သတ်မှတ်ထားပါတယ်ရှင် 😇
💧တစ်ဘာသာ လျှင် နှစ်သိန်းဖြင့် အရစ်ကျစနစ်ဖြင့်လည်း လက်ခံပါတယ်နော် ☝🏿😇

💧အဆောင်နေထိုင်ခွင့် အခမဲ့ ၊ uniform,သွေးပေါင်ချိန်စက် ၊ နားကြပ် နဲ့Chinese 4skills ကိုလည်း ထပ်ပေးထားပါသေးတယ်နော် 😇
💧ပြည်တွင်းပြည်ပ အလုပ်အကိုင်များကိုလည်း သင်တန်းကျောင်းမှ ရှာဖွေ လျှောက်ထားပေးပါသေးတယ်ရှင့် ❤️

💕မှန်ကန်သောစေတနာ နှင့်မေတ္တာများဖြင့် သင်ကြားပြသမှု့များနှင့် ကောင်းမွန်သော ဝန်ဆောင်မှူ့ များသာ💕

စိတ်ချသေချာ သုခအေးပါ ❤️

ဆက်သွယ်ရန် …09943208483 (သင်တန်းကျောင်း) ၊ 09775414048( founder)
သို့ မေးမြန်းနိုင်ပါတယ် 💕

မဂ်လာပါခင်ဗျာ အတန်းသစ် ဘယ် လ ဘယ် ရက် ရှိလည်းမေးနေကျသူတွေအတွက် သုခအေး ကျန်းမာရေး စောင့်ရှောက်မူသင်တန်း ကို (၇ လပိုင်း ၁ ရ...
24/06/2022

မဂ်လာပါခင်ဗျာ
အတန်းသစ် ဘယ် လ ဘယ် ရက်
ရှိလည်းမေးနေကျသူတွေအတွက်
သုခအေး ကျန်းမာရေး စောင့်ရှောက်မူ
သင်တန်း ကို (၇ လပိုင်း ၁ ရက်)နေ့
ကျောင်းအပ်လိုက်ခံနေပါပြီး ဆိုတာ
သတင်းစကား ပြောပါရစေခင်ဗျာ
အပင်ပေါ်က ပန်းလေးတွေ ရှင်သန်ပွင့်လန်း🍀🍀
ဖို့အတွက် အပင်ရဲ့ အမြစ်တွေက မြေကြီးထဲ
တိုးဝင်ကာ စတေးရသလိုပါပဲ ခိုင်မာတဲ့
ယုံကြည်ချက် မှန်ကန်တဲ့ လမ်း ရွေးချယ်မူတွေ
နဲ့အတူ မိသားစု လို နွေးထွေးမူပေးပြီး သင်ယူ
သင်ပေး ၁၀၀ ရာခိုင်နူန်း နှင့် စာတွေ့ လက်တွေ့
သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်
သင်တန်းကျောင်း ကို ၇ လပိုင်း ၁ ရက်နေ့ တန်းခွဲ
စပါမည် ခင်မျာ 😇 အသေးစိတ်သိလိုပါက
ph: 09775414048 (Founder)
09943208483 (သင်တန်းကျောင်း) သို့
ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Edit ;1.7.22 တွင် အတန်းစတင်ဖွင့် ပါမယ်ဖြစ်လို့ အမြန်စာရင်းသွင်း ကြပါနော် 😇🥰
24/06/2022

Edit ;1.7.22 တွင် အတန်းစတင်ဖွင့် ပါမယ်ဖြစ်လို့
အမြန်စာရင်းသွင်း ကြပါနော် 😇🥰

အရေးပေါ်အခြေအနေမှာ ဘယ်လိုအသက်ကယ်နိုင်မလဲ***********Basic Life Support (BLS)(အကျဉ်းချုပ်ကို တစ်ပုံချင်းထောက်ပြီး ဖတ်ရှုနိ...
23/06/2022

အရေးပေါ်အခြေအနေမှာ ဘယ်လိုအသက်ကယ်နိုင်မလဲ

***********

Basic Life Support (BLS)

(အကျဉ်းချုပ်ကို တစ်ပုံချင်းထောက်ပြီး ဖတ်ရှုနိုင်သည်။)

BLSဆိုသည်မှာ basic life support ဟုခေါ်သောအခြေခံအရေးပေါ်အသက်ကယ်နည်းဖြစ်သည်။အရေးပေါ်အခြေအနေဖြစ်လျှင် ဆေးရုံဆေးခန်းများတွင်သာရနိုင်သောAdvanced life supportမတိုင်မီ လူတိုင်းပြုလုပ်နိုင်သောBLSကိုပြုလုပ်ပေးခြင်းဖြင့် ရှင်သန်နှုန်း မြင့်မားနိုင်ပါသည်။

BLS ၏အခြေခံကို အနည်းငယ်ပြောပြလိုသည်။ ညာဘက်နှလုံးမှ အဆုတ်ဆီသို့သွေးပို့ဆောင်ကာ သွေးသန့်ခြင်း(oxygenation)ပြုလုပ်ပြီး ဘယ်ဘက်နှလုံးမှ ထိုသွေးသန့်များကို တစ်ကိုယ်လုံးသို့ပို့ဆောင်ပေးပါသည်။
ထိုလုပ်ဆောင်မှု ရပ်တန့်သွားလျှင် အရေးကြီးသောအပိုင်းဖြစ်သည့် ဦးနှောက်သို့ သွေးမရောက်တော့ဘဲ ဦးနှောက်ပျက်စီးမှု(cerebral infarct) သည် မိနစ်ပိုင်းအတွင်း ဖြစ်လာနိုင်သည်။ BLSသည် ညာနှလုံးမှ အဆုတ်ဆီသို့ သွေးပို့ခြင်း၊
သွေးသန့်ခြင်း၊ သွေးသန့်ကို ဘယ်ဘက်နှလုံးမှ ခန္ဓာကိုယ်အနှံ့ ပေးပို့ခြင်း အစရှိသည့် ဖြစ်စဉ်အပေါ် အခြေခံသည်။
သွေးသန့်ခြင်းဖြစ်စဉ်အတွက် ပြင်ပမှ လေသည် အဆုတ်ဆီရောက်ရန်လိုသည် ။ လေသွားရာလမ်းကြောင်း (air way) ပွင့်နေရန်လိုသည် ။ထို့ကြောင့် ပါးစပ်ထဲတွင် ပြင်ပအရာများ (foreign materials ) ရှိပါကာ ရှင်းလင်းပေးရန်လိုအပ်သည်။

BLS လုပ်ငန်းဆောင်တာများကို ABC ဟု အတိုကောက်မှတ်ထားနိုင်သည်။
ABC ကို
A - Airwayလေလမ်းကြောင်းပွင့်အောင်ပထမဆောင်ရွက်ခြင်း
B -Breathing လေဝင်အောင်ပြုလုပ်ခြင်း
C-Circulation သွေးလှည့်ပတ်အောင်ပြုလုပ်ခြင်း ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုသည်။

ဦးဏှောက်သည် oxygenမရပါက မိနစ်ပိုင်းအတွင်းပျက်စီးနိုင်၍ BLS ကို မြန်မြန်စ,နိုင်လေ
ရှင်သန်နှုန်းကောင်းလေဖြစ်ပါသည်။

Airway (လေလမ်းကြောင်းပွင့်အောင်ဆောင်ရွက်ခြင်း )

head tilt chin lift ( ပုံပါ ) နည်းဖြင့်
ဆောင်ရွက်ရမည်။ cervical injuryဟုခေါ်သော လည်ပင်းကျောရိုးတွင် ဒဏ်ရာရရှိပါက head tilt chin lift နည်းသည်ဆောင်ရွက်ရန်မသင့်သဖြင့် jaw thrust (မေးရိုးပင့်တင်ခြင်း)နည်းလမ်းကိုဆောင်ရွက်ရမည်။

Breathing( လေမှုတ်သွင်းခြင်း)

ဤအဆင့်အား ကယ်ဆယ်သူတစ်ယောက်ထဲရှိပါကကျော်၍CPR(chest compression)ဆက်လုပ်ရမည်။ အဆုတ်ထဲတွင် oxygenအနည်းငယ်ကျန်နေနိုင်ပြီး နှလုံးရပ်၍သာ သွေးမရောက်ခြင်းဖြစ်သဖြင့်chest compressionဟုခေါ်သော ရင်ဘက်ဖိခြင်းကိုသာထိထိရောက်ရောက်လုပ်ဆောင်နိုင်လျှင် အဆင်ပြေသည်။ ကယ်ဆယ်သူနှစ်ယောက်ရှိလျှင်လည်းကောင်း နှလုံးရပ်ပြီး ၁၃ မိနစ်ကျော်လျှင်လည်းကောင်း အခါ ၄၀၀ ရင်ဘတ်ဖိပြီးလျှင်လည်းကောင်းRescue breathingကို ဆောင်ရွက်ရမည်။
Rescue breathingဆောင်ရွက်ရာတွင် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

ကြားခံbarrier device များမရှိလျှင်အောက်ပါနည်းလမ်းသည် အသုံးအဝင်ဆုံးဖြစ်သည်။
ပါးစပ်နှစ်ခုအား ထိရန်လိုအပ်သည် ။ကယ်ဆယ်သူမှ သွင်းလိုက်သောလေထဲတွင်oxygen17%ပါဝင်ပါသည်။
အကယ်၍ပုံပါလေဘူးများ(ambu bags)ရှိပါကပို၍ကောင်းပါသည်။

BLS သည်CPR (cardiopulmonary resuscitation)အားအဓိကအားထားပီးဆောင်ရွက်ရပါသည်။
Chest compressionအားဆောင်ရွက်ရာတွင် အောက်ခံနေရာသည် မာ၍ဖြောင့်ဖြူးရမည်။
သန်သောလက်ကို အပေါ်၌ ထားရမည်။
လက်အားရင်ညွန့်ရိုး Sternal bone၏ အောက်ပိုင်းကိုဖိရမည် ။
ဆောင်ရွက်ရာတွင်တံတောင်မကွေးရပါ။ လက်ကောက်ဝတ် တံတောင်နှင့် ပုခုံးတို့သည် အောက်ပါပုံအတိုင်းမတ်မတ်ဖြစ်သင့်သည်။တစ်မိနစ်လျှင်အခါ၁၀၀မှ၁၂၀နှုန်းဖြင့် ဖိရမည်။ဖိနှုန်း(rate)နှေးလျှင်မထိရောက်နိုင်ပါ။
အခါ ၃၀ ဖိပြီးတိုင်း ပါးစပ်ချင်းတေ့ပြီး နှစ်ခါ လေမှုတ်သွင်းပေးရမည် ။
CPR လုပ်ရာတွင်Compression depth ( အနက်)၅စင်တီမီတာ (နှစ်လက်မခန့်)ရှိမှသာ အကျိုးရှိသည်။ တစ်ခါဖိပြီး ရင်ခေါင်းပြန်ကန်ခြင်း(chest recoil)ပြီးမှနောက်တစ်ခေါက်ဆက်ဖိရပါမည်။သို့မှသာနှလုံးထဲသို့ သွေးဝင်ခြင်း သည် လုံလောက်မှုရှိမည်ဖြစ်ပြီး chestcompressionထိရောက်မည်ဖြစ်သည်။အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း chest compression အခါ ၄၀၀. ကျော်လျှင် rescue breathing ကို ဆက်လုပ်သင့်သည်။

CPRဆောင်ရွက်ခြင်းသည် ဆေးရုံဆေးခန်းမရောက်ခင် ခေတ္တသာ အရေးပေါ်အသက်ကယ်ခြင်းဖြစ်ပြီး ဆေးရုံဆေးခန်းသို့ ကြိုတင် အကြောင်းကြားပြီး definite treatment (လိုအပ်သောကုသမှုများ) ဆောင်ရွက်နိုင်မည်ဖြစ်သည်။

#သုခအေးသူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း
Crd @

Address

Pathein

Telephone

+959943208483

Website

Alerts

Be the first to know and let us send you an email when သုခအေး သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သုခအေး သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း:

Share