
Vitamins & Supplement - Pathein To take care your health

အခါးဓာတ်ကြိုက်သည့် ခန္ဓာကိုယ်============================ကျွန်တော်တို့ အားလုံး(နီးပါး) အခါးဆိုလျှင် မနှစ်မြို့ကြပေ။ မကြို...
11/05/2025

အခါးဓာတ်ကြိုက်သည့် ခန္ဓာကိုယ်
============================

ကျွန်တော်တို့ အားလုံး(နီးပါး) အခါးဆိုလျှင် မနှစ်မြို့ကြပေ။ မကြိုက်ကြပေ။ သို့သော်လည်း ကျွန်တော်တို့ ခန္ဓာကိုယ်သည် အခါးဓာတ္ကို နှစ်ခြိုက်ပေသည်။ လိုလားပေသည်။ ဤသို့ပြောရခြင်းမှာ ပုံမှန် ကျန်းမာသော လူတစ်ယောက်၏ ခန္ဓာကိုယ်ရှိ သွေးသည် အခါးဓာတ် (Alkali) ဖြစ်နေသောကြောင့်ဖြစ်သည်။ မကျန်းမာပါက အချဉ်ဓာတ် (Acid)ဖြစ်ပါသည်။

ထို Alkali ဓာတ်၊Acid ဓာတ္တို့ကို pHဖြင့်တိုင်းရပါသည်။ pH7 ဆိုလျှင် Neutral မှန်း ကျွန်တော်တို့သိပြီးသား ဖြစ်သည်။ အောက်က ပုံကို ကြည့်ပါ။ pH 7ထက်နိမ့်လျှင် Acidဓာတ်ဖြစ်ပြီး 7 ထက်မြင့်လျှင် alkali ဓာတ် ဖြစ်ပါသည်။

ကျန်းမာသော လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်သည် pH 7.35 to 7.45 အတွင်းရှိပါသည်။ 7.8 ထိလည်း ရှိတတ်ကြပါသည်။ (အောက်က ပုံကိုကြည့်ပါ။) pH 7 ထက်မြင့်သောကြောင့် Alkali ဘက်၊ အခါးဓာတ် ဘက္ကို ရောက်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်သည် အခါးဓာတ် Alkali ဓာတ္ကို ကြိုက်သည်ဟု ဆိုရခြင်း ဖြစိသည်။

ထိုသို့ Alkali အခြေနေမှာ ရှိနေသမျှကာလပတ်လုံး ခန္ဓာကိုယ်ရှိ ဆဲလ်(Cells)ကလာပ်စည်း များသည် ကျန်းမာသန်စွမ်းကြပြီး ရောဂါဘယများကို ကာကွယ်နိုင်ပေသည်။ စားလိုက်သောအစာထဲမှ အာဟာရဓာတ်တွေကို အပြည့်ဝ ရယူနိုင်ပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် Acid ဓာတ် ဖြစ်နေသောအခါ လူသည် နုံးချိချိဖြင့် နွမ်းနယ်ခြင်း၊ ခြေလက်များ အားနည်းခြင်း စသည်တို့ ဖြစ်တတ်ပါသည်။ ခန္ဓာကိုယ်လည်း ရောဂါဘယများကို မကာကွယ်နိုင်သည့်အပြင် ပိုးမွှားများ က်က္စားရာ နေရာကြီး ဖြစ်ရလေသည်။

Vitamin နဲ့ Mineral စတဲ့ အဟာရကြွယ်ဝသော အစာမ်ားကို စားသော်လည်း အပြည့်အဝ မရယူနိုင်ပေ။ ကင်ဆာဆဲလ် (Cancer cells)များသည် ယင်း Acid များသော ခန္ဓာကိုယ် တွင် ဖြစ်ပေါ်လာပြီး တိုးပွားကြသည်။ Alkali အခြေနေတွင် ယင်း cellများသည် မတိုးပွားနိုင်ကြပေ။

မိမိခန္ဓာကိုယ်ကိုလည်း လက်ရှိ Alkali ဓာတ် ဖြစ်နေသလား၊ Acid ဓာတ် ဖြစ်နေသလား စစ်လို့ရပါသည်။ လစ်တ်မတ် စက္ကူ (Litmus paper) တော့လိုပါသည်။ လုပ်ရမည်မှာ မနက်အိပ်ရာထထခြင်းသွားသော ဒုတိယ ကြိမ်မြောက်ဆီးကို ထိုစက္ကူဖြင့် တို့ရမည်။ တို့၍ ထိုစက္ကူ အပြာရောင် ဖြစ်သွားပါက Alkali ဖြစ်သည်။ အနီရောင် ဖြစ်သွားပါက acid ဖြစ်သည်။ ကင်ဆာသမားတိုင်း ထို Acid အခြေနေတွင် ရှိနေပေလိမ့်မည်။ မကောင်းသော အခြေအနေ ဖြစ်သည်။

ထို့ကြောင့် မိမိခန္ဓာကိုယ်ကို Alkali ဓာတ် အခြေနေတွင် ထိန်းထားရန် လိုအပ်ပါသည်။ ဘယ်လိုလုပ်ရမလဲဆိုလျှင် အရက်၊ ဆေးလိပ်ဖြတ်ခြင်း၊ သင့်တင့်မျှတသော လေ့ကျင့်ခန်း လုပ်ခြင်းနှင့် Alkali ဖြစ်စေသော အစားအစာမ်ား စားပေးခြင်းတို့ ဖြစ်ပါသည်။

Alkali ဓာတ် ဖြစ်စေသော အစားအစာတွေက

သံပုရာသီး၊ရွောက်သီး၊ ဂရိတ်ဖရုသီး၊ ဖရဲသီး၊ သင်္ဘောသီး၊ငှက်ပျောသီး၊ထောပတ်သီးအုန်းသီး၊နာနတ်သီး စေသာ အသီးမ်ား။

နေကြာစေ့၊ ရွှေဖရုံသီးစေ့၊ သစ်ကြားသီးစေ့၊ ဗာဒံစေ့။

ပဲအမျိုးမျိုး၊ ပဲပင်ပေါက်၊ ဆလပ်ရွက်၊ ကြက်သွန်နီ/ဖြူ၊ ၊ ဂျင်း၊ ပန်းမုန်လာ၊ဂေါ်ဖီထုပ်၊ တရုတ်နံနံ စသောအရွက်များ။

သံပုရာသီး၊ ရှောက်သီးတို့သည် အချဉ်ဖြစ်သော်လည်း အစာချက်ပြီးလျှင် Alkali ဖြစ်သွားကြလေသည်။

အသား၊ ငါး၊ နို့ထွက်ပစ္စည်းမှန်သမျှသည် အစာချက်ပြီးလျှင် Acid ဖြစ်သွားသဖြင့် အလွန်အကျွံ မစားသင့်ပေ။

ကင်ဆာရောဂါ ဝေဒနာရှင်များ မိမိခန္ဓာကိုယ်ကို Alkali ခြေနေတွင်ထိန်းထားပါက ကင်ဆာဆဲလ်များ ပျံ့နံ့မှုကို လျော့ကျစေနိုင်ပါသည်။

နိဂုံးချုပ်ဆိုရသော် အခါးကြိုက်သည့် ခန္ဓာကိုယ်ကို အခါးဓာတ် ဖြစ်အောင် မဖန်းတီးပေးပါက ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ယိုယွင်းပျက်စီးမြန်လာကာ အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်ကြောင်း ဖော်ပြရေးသားအပ်ပါသည်။ ။

_NewPower Medical Health

🎊 2025 နှစ်သစ်ဆုတောင်း 🎊နှစ်သစ်ရောက်လာ 2025 မှာပျော်ရွှင်အေးချမ်းကြပါစေမကောင်းတာပျောက်ကောင်းတာရောက်လိုရာမှန်သမျှပြည့်ပါစ...
01/01/2025

🎊 2025 နှစ်သစ်ဆုတောင်း 🎊

နှစ်သစ်ရောက်လာ 2025 မှာ

ပျော်ရွှင်အေးချမ်းကြပါစေ

မကောင်းတာပျောက်

ကောင်းတာရောက်

လိုရာမှန်သမျှပြည့်ပါစေ

ခလုတ်မထိဆူးမငြိ

လိုရာပန်းတိုင်ရောက်ပါစေ

လူအချင်းချင်းညစ်ပတ်ချင်း

ကင်းရှင်းလွတ်မြောက်ကြပါစေ

အကောင်းမှန်သမျှအကုန်ရ

ကိုယ်စိတ်တိုင်းကြဖြစ်ပါစေ

အလုပ်ကစ္စမှန်သမျှ

ပြီးမြောက်ကြပါစေ

စီးပွားဥစ္စာရတနာ

ရှာတိုင်းဖွေတိုင်းရပါစေ

၉၆ ဖြာနာရောဂါကင်းရှင်းကြပါစေ

ကိုယ့်အချင်းချင်းညီညွှတ်ရင်း

စိတ်တူဝမ်းမြောက်ပျော်ရွှင်ပါစေ

တစ်နှစ်ပတ်လုံး မေတ္တာသုံး

အားလုံးပျော်ရွှင်ငြိမ်းချမ်းကြပါစေ။

Oxalates ဆိုတာ ဘာပါလဲ?Oxalate ဆိုတာ ဟင်းသီးဟင်းရွက် / ပဲမျိုးစုံမှာ သဘာဝအားဖြင့် ပါနေတဲ့ oxylic acid ဓာတ် ဖြစ်ပါတယ်။ဒီ ဓ...
25/12/2024

Oxalates ဆိုတာ ဘာပါလဲ?

Oxalate ဆိုတာ ဟင်းသီးဟင်းရွက် / ပဲမျိုးစုံမှာ သဘာဝအားဖြင့် ပါနေတဲ့ oxylic acid ဓာတ် ဖြစ်ပါတယ်။

ဒီ ဓာတ်ရဲ့ ထူးခြားချက်က သတ္တုဓာတ်တွေ ဖြစ်တဲ့ calcium / magnesium/ zinc စသည်တို့ကို အထူးနှစ်သက်ပါတယ်။
အထူးသဖြင့် calcium ကို ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်။

စားပြီးလို့ ခန္ဓာကိုယ်ထဲရောက်သွားရင် calcium နဲ့ ပေါင်းသွားပြီး calcium oxalate စလင်းကျောက်အသွင်ပြောင်းသွားပါတယ်။
Calcium oxalate crystals/ calcium oxalate stones

စလင်းကျောက် crystal တွေဟာ အချွံအထက်တွေနဲ့ပါ။
ခန္ဓာကိုယ် နေရာအနှံ့မှာ ဖြစ်နေတတ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်တော့ ဖြစ်တဲ့နေရာ ခြင်းမတူကြတော့ ခံစားရတဲ့ လက္ခဏာတွေကလဲ မတူကြဘူးပေါ့။

အချို့လူတွေက မွေးရာပါ ဗီဇထဲမွာကိုက Oxalates ပြဿနာဖြစ်နိုင်ချေ များတဲ့လူတွေကလဲ ရှိနေတယ်။
ဒီလူတွေမှာ ပိုသိသာပါတယ်။

ခန္ဓာကိုယ်နေရာအနှံ့မှာ ကျောက်တည်နိုင်တဲ့သတ္တိ ရှိနေပါတယ်။

ဟင်းသီးဟင်းရွက်တွေဟာလည်း Oxalates ပမာဏ များများပါတာတွေ ရွိသလို / အသင့်အတင့်ပါတာတွေလဲရှိ ပါတယ်။
ရွေးချယ်တတ်ဖို့ဆိုတာလဲ ပြောပြခဲ့ပြီးပါပြီ။

မြန်ာမာတွေ စားလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ အကြောင်း Zoom မွာ ရေးပေးပြီးပါပြီ။
အားတဲ့အခါ ထပ်တင်ပေးပါဦးမယ်။

အကုန္လုံးလိုလို ပြောပြပြီးသားတွေပါ။
သေသေချာချာလဲ မဖတ်ကြသည့်အပြင် နေ့စဉ်မှန်မှန်မဖတ်ရင်လဲ လွတ်သွားတတ်ပါတယ်။
ပြန်ရှာပြီးဖတ်ဆိုလဲ မဖတ်ကြ။

Zoom မွာ အသေးစိတ်ရှင်းပြတာကိုလဲ အကြောင်းအမျိုးမျိုးကြောင့် နားမထောင်နိုင်ကြပြန်ပါ။

ရောဂါတွေ ဖြစ်မလာရအောင် / ဖြစ်လာရင်လဲ သက်သာလာရအောင် ကိုယ့်ဖက်က နည်းနည်းတော့ အားထုတ်ရပါလိမ့်မယ်။
Crd. To a better health

In stock items
29/09/2024

In stock items

ဒူးရင်းဩဇာဒူးရင်းဩဇာကို မြန်မာနိုင်ငံတွင် တွေ့ရတတ်သည်။ ဒူးရင်းဩဇာပင်၏အရွက်ကိုပြုတ်သောက်လျှင် ကင်ဆာရောဂါ သက်သာသည်ဟု ဆို၏။...
24/09/2024

ဒူးရင်းဩဇာ

ဒူးရင်းဩဇာကို မြန်မာနိုင်ငံတွင် တွေ့ရတတ်သည်။ ဒူးရင်းဩဇာပင်၏အရွက်ကိုပြုတ်သောက်လျှင် ကင်ဆာရောဂါ သက်သာသည်ဟု ဆို၏။ အသီးကို စားကြသည်။

ဒူးရင်းဩဇာရွက်ကို နေလှမ်းပြီး လဘက်ခြောက်လို ရေနွေးကြမ်းပြုလုပ်သောက်သုံး ပေးခြင်းဖြင့် အဆစ်မြစ်နာကျင်ရောင်ရမ်း ခြင်းကို သက်သာစေပါသည်။ ညအိပ်ရာဝင်ချိန် သောက်သုံးပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။

Credit

နိုင်ငံတကာမှာ ကလေးတွေကို ကျွေးမွေးတဲ့ အစားအသောက်ပုံစံတွေပါ။ထူးချွန်ထက်မြက်တဲ့ လူအရင်းအမြစ်တွေကို မွေးထုတ်ဖို့ကြိုးစားနေတ...
23/05/2024

နိုင်ငံတကာမှာ ကလေးတွေကို ကျွေးမွေးတဲ့ အစားအသောက်ပုံစံတွေပါ။

ထူးချွန်ထက်မြက်တဲ့ လူအရင်းအမြစ်တွေကို မွေးထုတ်ဖို့ကြိုးစားနေတဲ့နိုင်ငံတွေမှာ ကလေးတွေကိုဉာဏ်ရည်ထက်မြက်ဖို့နဲ့ ကျန်းမာသန်စွမ်းဖို့အတွက် အားဆေးတွေတိုက်မယ့်အစား အစားအသောက်တွေကို မျှတအောင်အဓိကထားပြီး လုပ်ဆောင်နေကြပါတယ်။

အဆီအဆိမ့်တွေနဲ့ အချိုများတဲ့အစားအစာတွေကို အထူးရှောင်ပြီး ထမင်း၊ အသီးအရွက်နဲ့ အသားတွေကိုမျှတအောင် ကျွေးမွေးရပါမယ်။

ကိုယ့်ရဲ့ကလေးတွေ ကျောင်းသွားတဲ့အခါ ဒီအချက်တွေကို ဂရုစိုက်ပြင်ဆင်ပြီး ထမင်းဘူးထည့်ပေးနိုင်မယ်ဆိုရင် အားဆေးသောက်စရာမလိုပဲ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေဖြစ်လာကြမှာပါ။

Photo > credit to original ✍️

ဗောက်သီးကိုယ်အလေးချိန် လျှော့ချပေးခြင်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေစေခြင်း၊ ဆီးချိုဝေဒနာကို ထိန်းညှိပေးနိုင်ခြ...
05/04/2024

ဗောက်သီး

ကိုယ်အလေးချိန် လျှော့ချပေးခြင်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေစေခြင်း၊ ဆီးချိုဝေဒနာကို ထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ် လုပ်ငန်းတွေကို တိုးမြှင့်ပေးနိုင်ခြင်း၊ ပြင်းထန်တဲ့ ဝေဒနာအချို့ကနေ ကာကွယ်ပေးနိုင်ခြင်း၊ နှလုံးကျန်မာ သန်စွမ်းမှုကို တိုးမြှင့်ပေးခြင်း၊ ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း စတဲ့ အစွမ်းတွေ ဗောက်သီးမှာ ရှိပါတယ်။

ချိုချိုချဉ်ချဉ်လေးနဲ့ အရသာ ရှိတာကြောင့် အချိုပွဲတွေ၊ ကိတ်မုန့်၊ သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာ ထည့်သွင်း အသုံးပြုကြသလို သရေစာအနေနဲ့လည်း ဗောက်သီးကို အစိမ်းစားတာမျိုးတွေ ရှိပါတယ်။

ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း အတော်အသင့် ပါဝင်ပါတယ်။ ဗောက်သီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Polyphenols နဲ့ carotenoid တွေလည်း ပါဝင်ပါတယ်။

ဗောက်သီးကနေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

ဆီးချို (Diabetes)

ဗောက်သီးမှာ fructose ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေ စားသုံးဖို့ သင့်တော်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေခြင်း

ဗောက်သီးမှာ polyphenol နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ပန်းနာ ရင်ကျပ် သက်သာစေတဲ့ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ ရောင်ရမ်းမှု သက်သာစေတဲ့ဆေး၊ ဝမ်းပျော့ဆေး၊ ဝမ်းနှုတ်ဆေးတွေ ထုတ်လုပ်ရာမှာ အသုံးပြုသလို အစာအိမ်ဝေဒနာတွေ အတွက်လည်း အသုံးပြုလို့ ရပါတယ်။

သွေးတိုးရောဂါ (Hypertension) ကို ထိန်းညှိ

ဗောက်သီးမှာ polyphenols ၊ carotenoid တို့လိုမျိုး phyto-chemical တွေနဲ့ သွေးတိုးတာကို သက်သာစေနိုင်တဲ့ ပိုတက်ဆီယမ် ဓာတ်တွေသင့်တင့် မျှတစွာ ပါဝင်တာကြောင့် ဗောက်သီးက သွေးတိုးတာကို ထိန်းညှိပေးနိုင်ပါတယ်။ ထိုဇီဝဓာတု ဒြပ်ပေါင်းတွေက ကိုလက္စထေရာကို ကျဆင်းစေပါတယ်။

အဆုတ်ကင်ဆာ (Lung Cancer)

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ ဗောက်သီးမှာ polyphenol နဲ့ carotenoid တွေ ပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမြုမြာ အကျိုးရှိစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။

ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိ ရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

အာရုံကြော ပြဿနာတွေကို သက်သာစေခြင်း

ဗောက်သီးမှာ free radical တွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာ ရောဂါတွေ အပါအဝင် ရောဂါ တော်တော်များများကို ခုခံရာမြာ အထောက်အကူ ပြုပါတယ်။

အမြင်အာရုံ ကောင်းမွန်စေခြင်း

ဗောက်သီးမှာ ဗီတာမင်-A ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင်-A ပမာဏကို လုံလောက်စွာ ထောက်ပံ့ပေးပါတယ်။

ဗီတာမင်-A က မ်က္လုံးကို ကျန်းမာစေပြီး ရေတိမ် ဖြစ်တာနဲ့ မျက်လုံးကြွက်သားတွေ ပ်က္စီးတာကို ကာကွယ်ပေးပါတယ်။

အရိုးတွေကို ကြံ့ခိုင် သန်စွမ်းစေခြင်း

ဗောက်သီးမှာ ဖော့စဖရိတ် စုပ်ယူမှုကို အထောက်အပံ့ ပေးတဲ့ pectin ပါရှိပါတယ်။ ဗောက်သီးက အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဒူလာနဲ့ အေရျပား နီမြန်းရောင်ရမ်းတာကို ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ကိုယ္ခံစနစ္ကို တိုးမြှင့်ပေးနိုင်ခြင်း

ဗောက်သီးမှာ ဗီတာမင်-C ပါဝင်တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်စီကို ပြည့်ဝစေပါတယ်။ ဗီတာမင်-C က ကိုယ္ခံအားစနစ္ကို တိုးမြှင့်ပေးပါတယ်။

အသည်းကျန်းမာစေခြင်း

ဗောက်သီးက ခန္ဓာကိုယ်တွင်းက ကိုလက္စထေရာ ပမာဏကို ထိန်းညှိပေးပြီး အသည်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis)

ဗောက်သီးဖျော်ရည်မှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေဖို့အတွက် အထောက်အကူပြု အေရးပါတဲ့ phyto-chemical အချို့ ပါဝင်ပါတယ်။

အေအးမိ၊ တုပ်ကွေးတွေကို သက်သာစေခြင်း ဓာတ္တိုး ဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ ဗောက်သီးက အေအးမိ တုပ်ကွေး ဖျားနာမှုတွေကို ကာကွယ် ပေးနိုင်ပါတယ်။ ဗောက်သီးကို တနေ့နှစ်ကြိမ် ရေနွေးနဲ့ စားသုံးပေးမယ်ဆိုရင် နှာခေါင်းပိတ်တာကို သက်သာစေမှာဖြစ်ပြီး နေလို့ သက်သာလာစေမှာ ဖြစ်ပါတယ်။

ကျောက်ကပ် ကျန်းမာရေး ကောင်းမွန်စေခြင်း

ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊ အငန်ဓာတ်တွေနဲ့ ပြန်ရည်ကြော စနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှား စွန့်ထုတ် ပေးတာကြောင့် ကျောက်ကပ်ကို ကျန်းမာစေပါတယ်။

ဘက်တီးရီးယားတွေကို သေစေနိုင်စေခြင်း

ဗောက်သီးမှာပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုပါ သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဗောက်သီးက E. Coli ဘက္တီးရီးယား အပါအဝင် ဘက္တီးရီးယား တော်တော်များများကို သေစေနိုင်ပါတယ်။

ဗီတာမင်(C) ကြွယ်ဝခြင်း

ဗောက်သီးမှာ သံပုရာသီးထက် ဗီတာမင်-C နှစ်ဆလောက် ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ လေဖြတ်ခြင်း (Strokes)၊ ကင်ဆာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Crd

အိမ်တံခါး ဖွင့်ပါအုံး ခင်ဗျား😍  ရွှေတွေလာပို့တာပါ ၂၀၂၄မှာရွှေတွေပေါလျှံပါစေ🙏🙏🙏🙏
22/12/2023

အိမ်တံခါး ဖွင့်ပါအုံး ခင်ဗျား😍
ရွှေတွေလာပို့တာပါ
၂၀၂၄မှာရွှေတွေပေါလျှံပါစေ🙏🙏🙏🙏

နံနက္စာမစားတာ ဘယ်လောက်ကြောက်စရာကောင်းလဲ ?လူတိုင်းဖတ်သင့်ပါတယ် ဖတ်ချိန်၃၀စက္ကန့် shareပေးခြင်းဖြင့်ကုသိုလ်ယူပါ................
17/10/2023

နံနက္စာမစားတာ ဘယ်လောက်ကြောက်စရာကောင်းလဲ ?လူတိုင်းဖတ်သင့်ပါတယ်
ဖတ်ချိန်၃၀စက္ကန့် shareပေးခြင်းဖြင့်ကုသိုလ်ယူပါ....................
ကျွန်တော်တို့လို လူငယ်တွေဟာ နံနက္စားစားဖို့ အင်မတန်ပျင်းကြပါတယ်။ နံနက်ဆို ဘာမှမစားချင်လို့၊ နံနက္စာစားဖို့ အချိန်မမီလို့၊ အိပ်ရာထနောက်ကျလို့၊ စတဲ့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ နံနက္စာကို ရှောင်တတ်ကြပါတယ်။ တကယ်တော့ နံနက္စာက နေ့တစ်နေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက္စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။
ဘယ်လိုတွေလဲဆိုတာဖတ်ကြည့်နော်
____________________________________

1. စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။
ဒါကပထမဆုံးတစ်ချက်ပါ
နံနက္စာမစားတဲ့အခါ သွေ.တွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။
____________________________________

2. လူမှုဆက်ဆံရေး အားနည်းလာမယ်။
အရမ်းသိသာပါတယ်ဒါက
ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ္လိုမွ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး။
____________________________________

3. ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်။
နံနက္စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။
____________________________________

4. ဆံပင်ကျွတ်နိုင်တယ်။
နံနက္စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။
____________________________________

5. Gym ဆော့ပေမယ့် အကျိုးမရှိတော့ဘူး။
ကစားထားတာအကုနိအလကားပါဘဲ...
နံနက္စာစားတဲ့အခါ မာဆယ်တွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက္စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။
____________________________________

6. ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်။
နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက္စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကေတာ့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ္လို့ ဝိတ္ခ်မယ္လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက္စာကို အဝ စားပေးသင့်ပါတယ်။
____________________________________

7. နှလုံးရောဂါ ဖြစ်လာမယ်။
နံနက္စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killr လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး အသက်ဆုံးစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။
____________________________________

8. ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။
နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။
____________________________________

9. ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်။
နံနက်စာမစားတဲ့အတွက် သွေ.တွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
____________________________________

10. အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်။
နံနက္စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက္စာမစားတဲ့သူကေတာ့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။

နံနက္စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကေန ၉ နာရီအတွင်း ဖြစ်ရပါမယ်။ ကျွန်တော်ကတော့ ၇ နာရီခြဲဆို အိပ်ရာထပြီး ၈ နာရီခြဲကေန ၉ နာရီအတွင်း နံနက္စာ ပုံမှန်စားဖြစ်ပါတယ်။ နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမြာ စားတဲ့အရာကိုတော့ နံနက္စာလို့ မခေါ်ပါဘူး။

နံနက္စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမယ့်အရာတွေ စားပေးဖို့လိုပါတယ်။ ကြဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက ကျွန်တော်တို့ စားပေးသင့်တဲ့ နံနက်စာတွေ ဖြစ်ပါတယ်။


ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

လေးစားစွာဖြင့်မူရင်းရေးသားသူကို

ပေးပါတယ်

အချိုရည်ထဲမှာ သကြား၊ ဆေးသကြား၊ အချဉ်ခဲ၊ ဆိုးဆေး၊ သစ်သီးအနံ နဲ့ ကြာရှည်အထားခံဆေး များသာ ပါဝင်နေပါတယ်~~~~~~~~~~~~~~~~~~~~~...
09/10/2023

အချိုရည်ထဲမှာ သကြား၊ ဆေးသကြား၊ အချဉ်ခဲ၊ ဆိုးဆေး၊ သစ်သီးအနံ နဲ့ ကြာရှည်အထားခံဆေး များသာ ပါဝင်နေပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မူရင်းရေးသားသူ နဲ့ ဓါတ်ပုံ Credit
"""""""""""""""""""""""""'''"''""""""""""""""""""""""""""

အချိုဓါတ်သည် ဦးနှောက်ဉာဏ်ရည် လုပ်‌ဆောင်နိုင်စွမ်းကို နှေးကွေးစေပါသည်။

ပုံတွင် အချိုရည်ထုတ်ကုန်များတွင် ပါဝင်တဲ့အချိုဓါတ်ပါဝင်မှုနှုန်းတွေကို ဖေါ်ပြထားပါတယ်။

Coca Cola classic တစ်ဗူးမှာ
သကြား 35 gram ပါတယ်။
သကြား 35gram ဆိုတာက
လက်ဖက်ရည်ဇွန်းနဲ့
၁၂ဇွန်းစာလောက်ရှိတယ်။

ကော်ဖီမစ်တစ်ထုပ်ကိုတောင်မှ
20gram ပဲရှိတာလေ
သကြား 35gram ဆိုတာ
ကော်ဖီမစ် နှစ်ထုပ်စာပါ။

ထမင်းကနေရမယ့်
အချိုဓာတ်ကိုထည့်မတွက်ရင်တောင်မှ
တော်တော်များတဲ့ ပမာဏပဲ။

Soft drink တစ်ဗူးသောက်တိုင်း
ဆီးချိုဖြစ်နိုင်ခြေ ၂၅ရာနှုန်းတက်လာတယ်။
အဖေ ဆီးချိုရှိရင် ၃၀ရာနှုန်း
အမေဆီးချိုရှိရင် ၃၀ရာနှုန်း
မောင်နှမဆိုရင်ဘယ်လောက်ရာနှုန်းဆိုတဲ့
risk တွေပါထည့်တွက်
Sedative lifestyle ဆိုရင်၂၀ရာနှုန်း
ဝနေရင် ၂၀ရာနှုန်း

ရာနှုန်းတွေပေါင်းလိုက်တော့
၁၀၀ ရာနနှုးရဲ့ ဟိုဘက်ကမ်းကိုလွန်လို့
ကျော်တောင်သွားသေးတယ်။
မြေကြီးလက်ခတ်တာကမှလွဲချင်လွဲဦးမယ်
Diabetes ဖြစ်ဖို့မလွဲတော့ဘူး
သေချာနေပြီ။

စင်္ကာပူနိုင်ငံမှာSoft drink မှန်သမျှ
ကြော်ငြာလို့မရတော့ဘူး။ဘန်း ပစ်လိုက်ပါပြီ။
နံရံကပ်ဗီနိုင်း၊ တီဗွီချန်နယ်မည်သည့်နည်းလမ်းနဲ့မဆို
Advertise လုပ်မရတော့ဘူး။

စင်္ကာပူနိုင်ငံဟာWar on Diabetes project အရ
Soft drink advertisement ကိုလုံးဝပိတ်ပင်တဲ့
ကမ္ဘာမှာ ပထမဆုံးသောနိုင်ငံ
ဖြစ်လာပြီ။

အမေရိကန်မှာသော်မ ှ၁၈နှစ်အောက်တွေကို
မကြေငြာရဘူး ဆိုတဲ့
ဥပဒေထုတ်နိုင်ပါသေးတယ်။
စင်္ကာပူက ပိုတင်းကျပ်လာပြီ။

ဒါ့အပြင်
Coca Cola ကုမဏ္ဍီဟာ Soft drink တိုင်းမှာ
သကြားပမာဏလျှော့ဖို့ Coca Cola ကုမဏ္ဍီအနေနဲ့
War on Diabetes မှာပူးပေါင်းပါဝင်ဖို့
သဘောတူခဲ့တယ်။

Diet coke၊ Zero sugar coke တွေ
ထုတ်လုပ်လာတဲ့အပြင်Classic Coke မှာလည်း
မူရင်းအရသာ မပျက်စေပဲသကြားပမာဏကို
၂၆ ရာခိုင်နှုန်းထိလျော့ချပစ်လိုက်ပြီ။

သူများနိုင်ငံတွေမှာ ကိုယ့်နိုင်ငံသားတွေကျန်းမာဖို့
ကျန်းမာရေးဝန်ကြီးဌာနအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွေကစွမ်းစွမ်းတမံ ကြိုးစားနေကြတာမြင်တော့ အားရလိုက်တာ။

ဒီနိုင်ငံမှာတော့ရေဆာတိုင်း သံဗူးအချိုရည် တဂွမ်းဂွမ်းဖောက်သောက်တယ်။

ကျနော်တို့ကလေးဘဝကတည်းက ခေတ်စားခဲ့တဲ့
ထက်ထက်မိုးဦးနဲ့ဒွေးရဲ့"Ve Ve မန်ကျည်းအချိုရည်"

ဇော်ဝင်းထွဠ်ရဲ့"ဘာကွ Max" တို့ကို
ကြည့်ခဲ့ရတုန်းက အချိန်တွေကို
ပြန်တွေးကြည့်တဲ့အခါငါ အဲ့တုန်းက အဲ့ကြေငြာတွေကြည့်ပြီးအချိုရည်သောက်ဖို့
ပူဆာ ဂျီကျခဲ့ဖူးတာပဲဆိုပြီးပြန်အမှတ်ရမိတယ်။

ခုမှ ဥာဏ်ဦးသွားပြီး
ဒါတွေကို အန္တရာယ်လို့မြင်လာခဲ့တာ။

ခုဆိုလည်း တစ်ဗူးမှ ၃၀၀ ကိုကာကိုလာပုလင်းကို
အားရပါးရမော့ပြပြီး လမ်းမပေါ် ဒွန့်ပြနေတဲ့ ကြော်ငြာလာတိုင်း အသည်းပေါက်ပါတယ်။

ပညာမတတ် ပိုက်ဆံမရှိတဲ့ ငါတို့နိုင်ငံသားတွေကို
ကောင်းကောင်းကြီးဂျင်းထည့်နေတာပဲလို့
တွေးမိပြီး...

အလှူမင်္ဂလာဆောင်မှာ ဧည့်ခံတဲ့သဘောနဲ့ ချပေးတဲ့
Shark ဗူးတွေ။

လူနာလာမေးတာဆိုပြီး ကဒ်လိုက်ဝယ်လာတဲ့
Max plus ဗူးတွေ။ ၁၀၀ တန် ကော်ဖီမစ်ထုပ်တွေ။
လက်ဖက်ရည်ထုပ်တွေ။

ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင်
Speed ရှိတဲ့ဘက်မှာနေမယ့်သူတွေ။

အသက်လေးဆယ်နားကပ်လာရင်သမားတော်တစ်ယောက်က်ိုဆီးချိုရောဂါနဲ့ ပုံမှန်ပူဇော်ဖို့
ခုကတည်းက ပိုက်ဆံစုထားကြပါ။

နေ့စဉ်သောက်ရမယ့် ဆီးချိုကျဆေးတွေ
နေ့တိုင်း လက်ထိပ်ကိုသွေးဖောက်စစ်ရမယ့်
ဒုက္ခတွေ။

ဆီးချိုသွေးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်
ဘဝရဲ့နောက်ဆုံးအချိန်မှာ
ဆေးရုံကုန်ကျမယ့် ငွေတွေအတွက်
ခုကတည်းက ပြင်ဆင်ထားကြပါတော့ လို့ ပြောပါရစေ။

ကျနော့်ကတော
ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရင်တောင်
Speed မရှိတဲ့ဘက်မှာနေမယ်။

Credit

Address

Pathein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Vitamins & Supplement - Pathein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram