22/04/2026
⚠️ ဆီးချိုလူနာများ သတိထားရန် (အရေးကြီးသောအကြောင်းအရာ)
မနေ့က ဆေးခန်းကို ဆီးချိုလူနာတစ်ဦး လာပြခဲ့ပါတယ်။
ဒီလူနာဟာ
👉 ဆေးကို အမြဲ ဆေးခန်းမှ ထုတ်ပြီး သောက်နေသူဖြစ်ပါတယ်။
ဒါပေမယ့် သင်္ကြန်ကာလမှာ ဆေးခန်းပိတ်သွားတဲ့အတွက် ဆေးလာထုတ်ဖို့ မေ့သွားပြီး ဆေးမသောက်ဖြစ်ခဲ့ပါဘူး။
❗ Result ကတော့…
👉 ဆီးချိုတိုင်းတဲ့စက်မှာ ဂဏန်းမပေါ်တော့ဘဲ “HIGH” လို့ပဲ ပြနေပါပြီ
👉 အစားအသောက်လည်း ထမင်းဟင်းကို များများစားထားပါတယ်
👉 Treatment ပေးပြီး ညနေပြန်စစ်တော့ 300+ mg/dL
👉 မနက်ပြန်စစ်တော့ 400+ mg/dL ထိ ပြန်တက်နေပါပြီ
မေးကြည့်တော့…
👉 “ထမင်းမစားနဲ့ဆိုလို့ ဆန်ပြုတ်ပဲသောက်နေပါတယ်” လို့ ပြန်ပြောပါတယ်
😓 ဆန်ပြုတ်ဆိုတာလည်း ဆန်ကနေပဲလုပ်တာဖြစ်လို့ သကြားတက်စေနိုင်ပါတယ်
⸻
📌 အရေးကြီးဆုံး သတိပေးချက်
✅ ဆေးကို မပြတ်ပါနဲ့ (အလွန်အရေးကြီး)
ဆေးမသောက်ဘဲ နေလိုက်တာနဲ့ ဆီးချိုအရမ်းတက်နိုင်ပါတယ်
⸻
🍽️ အစားအသောက်အတွက် အကြံပြုချက်
🚫 ရှောင်သင့်သောအစားအစာများ
• ဆန် (ထမင်း, ဆန်ပြုတ်)
• ဂျုံ (ပေါင်မုန့်, နူးဒယ်)
• ပြောင်း
👉 (အဓိက carbohydrate များ)
⸻
✅ စားလို့ရသောအစားအစာများ
• 🍗 အသား (ကြက်၊ ဝက်၊ အမဲ)
• 🐟 ငါး
• 🥚 ကြက်ဥ၊ ဘဲဥ
• 🥬 အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
👉 အားလုံးကို စိတ်ကြိုက်စားနိုင်ပါတယ်
⸻
❤️ နိဂုံးချုပ်
👉 ဆီးချိုရောဂါကိုထိန်းချုပ်ဖို့
(1) ဆေးမှန်မှန်သောက်ခြင်း + (2) အစားအသောက်ထိန်းခြင်း
ဒီနှစ်ခုဟာ အဓိကဖြစ်ပါတယ်
❗ “ဆေးမသောက်ဘဲ အစားအစာနဲ့ပဲထိန်းမယ်” ဆိုတာ မလုံလောက်ပါဘူး
#2026