23/04/2026
𝐖𝐄 𝐀𝐑𝐄 𝐇𝐈𝐑𝐈𝐍𝐆!
လမင်းဆေးရုံ၊ ပုသိမ်မြို့မှ
-Medical Officer
-Incharge Nurse
-Staff Nurse
ရာထူးများအတွက်ဝန်ထမ်းများခေါ်ယူလျှက်ရှိပါသည်။
🎓သက်ဆိုင်ရာ ရာထူးအတွက်လိုအပ်သည့်အရည်အချင်းများ
🔷Medical Officer - (2) posts
M.B.,B.S ဘွဲ့ရရှိပြီးသူ။
Day/Night Duty ဆင်းနိုင်သူ။
🔷Incharge Nurse - (2) posts
B.N. Sc/ Diploma in Nursing
Day/Night Duty ဆင်းနိုင်သူ။
🔷Staff Nurse - (3) posts
B.N. Sc/ Diploma in Nursing/ Midwife။
Day/Night Duty ဆင်းနိုင်သူ။
🎓အခြားလိုအပ်သည့်အရည်အချင်းများ
-လူနာများအားကိုယ်ချင်းစာစိတ်အရင်းခံ၍ ကူညီစောင့်ရှောက်နိုင်သူ၊ ချိုသာစွာပြောဆိုဆက်ဆံနိုင်သူဖြစ်ရမည်။
-အလုပ်တွင်ရိုးသားကြိုးစားပြီး ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
-အလုပ်လုပ်ချင်စိတ်ရှိသူဖြစ်ပြီး သင်ယူနာခံလိုစိတ်ရှိရမည်။
-အသင်းအဖွဲ့နှင့်လက်တွဲလုပ်ကိုင်နိုင်ပြီး တာ၀န်ယူစိတ်ရှိသူဖြစ်ရမည်။
-လမင်းဆေးရုံမှချမှတ်ထားသော စည်းကမ်းနှင့် ကျင့်ဝတ်များအားလိုက်နာနိုင်ရမည်။
လစာ
လစာ-ညှိနှိုင်း
အရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ လုပ်ခလစာ ညှိနှိုင်းပေးပါသည်။
အလုပ်လျှောက်ထားလိုသူများသည်
🏨လမင်းဆေးရုံ၊ ဘူတာရုံလမ်း၊ ပုသိမ်မြို့၊ HR ဌာနသို့လူကိုယ်တိုင်ဖြစ်စေ၊
Lamin Hospital Page message box (Or) Viber No. 09-788535395 သို့ဖြစ်စေ အလုပ်လျှောက်လွှာများအား ပေးပို့လျှောက်ထားနိုင်ပါသည်။ အသေးစိတ်မေးမြန်းလိုပါက 09-788535395 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အလုပ်လျှောက်လွှာတွင်ပါဝင်ရမည့်အရာများ
- ကိုယ်ရေးရာဇဝင် (CV Form) နှင့် ဓာတ်ပုံ
- ရရှိထားသော ဘွဲ့/ Certificate မိတ္တူများ
- မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်းမိတ္တူ
များဖြင့်ပေးပို့ လျှောက်ထားနိုင်ပါသည်။
📌ဖောင်ပိတ်ရက်မှာ (10-5-2026) ရက်နေ့ဖြစ်ပါသည်။
ပထမအဆင့်ရွေးချယ်ခြင်းခံရသူများကို လူတွေ့ interview ဖြေဆိုရန် အကြောင်းကြားပါမည်။