အထွေထွေဗဟုသုတ ဟင်းပေါင်းအိုးကြီး

  • Home
  • Myanmar
  • Paungde
  • အထွေထွေဗဟုသုတ ဟင်းပေါင်းအိုးကြီး

အထွေထွေဗဟုသုတ ဟင်းပေါင်းအိုးကြီး သင့်အတွက်မှတ်သားစရာတစ်ခုခု ရရှိသွာ

ပရဟိတစိတ်ထား လေးမျိုး==============ပရဟိတ လုပ်ရင်းနဲ့ အတို့အထောင် အတိုက်အခိုက်တွေ တွေ့ ကြုံ ရတဲ့အခါ အမျိုးအစား(၄)မျိုး ကွ...
31/03/2018

ပရဟိတစိတ်ထား လေးမျိုး
==============

ပရဟိတ လုပ်ရင်းနဲ့ အတို့အထောင်
အတိုက်အခိုက်တွေ တွေ့ ကြုံ ရတဲ့အခါ
အမျိုးအစား(၄)မျိုး ကွဲထွက်သွားတယ်။

"ပထမ" လူမျိုးတွေက
ငါကအများအကျိုးအတွက်လုပ်နေတာ
ကိုယ့်ထမင်းကိုယ်စားပြီးလုပ်နေတာ
အပြောအဆိုတော့ မခံနိုင်ဘူး ဆိုပြီး
နောက်ဆုတ်သွားတယ် သူဟာ စိက်ပျက်ပြီး
ဘာမှ ဆက်မလုပ်တော့ဘူး။

"ဒုတိယ" လူမျိုးတွေကျတော့
တိုက်ခိုက်တဲ့သူ/အတို့အထောင်သမားတွေကို
ပြန်ပြောတယ်။ ငါလိုလူမျိုးက သူများအပြောတော့မခံဘူး
ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ရှင်းဖို့  အဆင်သင့်ပဲ။
ဒါက ဒုတိယ အမျိုးအစား ပရဟိတသမားတွေပါ
သူတို့ ဟာ သာမန် အတိုက်အခိုက်ကိုတော့
ကျော်ဖြတ်နိုင်ကြတယ်။
အတိုက်အခိုက်နည်းနည်းကြီးလာရင်တော့
သူတို့ လည်း ပရဟိတ အလုပ်ကနေ ထွက်သွားပြီး လမ်းချော်သွားတတ်ကြတယ်။

"တတိယ" လူမျိုးတွေကျတော့
အတိုက်အခိုက်ကြုံ လာတဲ့အခါ
အော် ငါက အများအကျိုးအတွက်
လုပ်နေတာပဲလေ အတိုက်အခိုက်တော့ ရှိမှာပေါ့။

ဘုရားတောင်လွတ်တာမှ မဟုတ်တာ
ငါလုပ်စရာ ရှိတာ ဆက်လုပ်မယ်ဆိုပြီး
ဆက်လုပ်တတ်ကြတယ်
ဒါပေမဲ့ သူလည်း အကြီးစားတိုက်ခိုက်မှု့တွေ ကြုံ လာတဲ့အခါကျတော့ မတတ်နိုင်ဘူးလေ
သတ္တဝါတစ်ခု ကံတစ်ခုပဲ ဆိုပြီး ငါကယ်လို့ မှမရတာ
သူ့ အကြောင်းနဲ့ သူပဲပေါ့ ဆိုပြီး နှလုံးသွင်း
ဆင်ခြင်စဉ်းစားပြီး မသိမသာ
နောက်ဆုတ်သွားတတ်ကြတယ်
ခန္ဓာကိုယ်တွေ့  တရားသိမဟုတ်ဘဲ
စာသိ သာဖြစ်တဲ့အတွက် ကြီးကျယ်ခမ်းနားတဲ့
အလုပ်တွေအတွက် ကြီးမားတဲ့ အတိုက်အခိုက်တွေလာရင် နောက်ကို ဆုတ်သွားကြတာပါပဲ။

"စတုတ္ထ"လူမျိုးတွေကျတော့
အတိုက်အခိုက်က သူတို့အလုပ် ကယ်ရမှာက ငါ့အလုပ်။
ဒါ့ကြောင့် တိုက်ခိုက်ချင်တာ တိုက်ခိုက်/ဂုဏ်းတိုက်ချင်က
ဂုဏ်တိုက် ပရဟိတ ဆိုတာ ကိုယ်လုပ် မှ ကိုယ်ကုသိုလ်ရသည့်အလုပ်မို့ သူများကိုတိုက်ခိုက်ဖို့ သူများအကြောင်း အကောင်း/အဆိုးပြောဖို့ဝေဖန်ဖို့
အချိန်မပေးနိုင် ပရဟိတ စစ်စစ်များသည် ကိုယ်သမိုင်း
ကိုယ်ရေး၍ အကူညီလိုအပ်သည့် သူများကို မိမိနိုင်သည့်
ဝန်ကိုထမ်း၍ ရသလောက်ကယ်မယ်ဆိုပြီး အတိုက်အခိုက်ကို ဥပေက္ခာရှုပြီး မနားမနေ ဆက်လုပ်ကြတယ်။

ဒီလေးဦးထဲမှာ
စတုတ္ထလူမျိုး ရဲ့ အဆင့်ကို
ရောက်အောင်သွားနိုင်ဖို့ အရေးကြီးပေတယ်။

ပရဟိတ သမားတွေအတွက်
အဓိက သိထားရမှာက

ကိုယ်လုပ် မှ ကိုယ်ကုသိုလ်ရတဲ့အလုပ်မို့
မည်သူတွ လုပ်လုပ် မလုပ်လုပ် ကိုယ်လုပ်နေကြဖို့
သာအရေးကြီးပြီး
ဟိုလူ မလုပ်ဘူး ဒီလူ မလုပ်ဘူးဆိုတဲ့
အပြစ်ဖို့ အကုသိုလ် သမားအဖြစ်မှလည်း
ရှောင်နိုင်ကြဖို့ လိုအပ်ပါကြောင်း

Crd #ဦးမြင့်ခိုင်
******************************

31/03/2018
ကျောင်းဆရာ/ဆရာမများအား ငရဲပြည်မှ🎭 လက်မခံပါ      *************************************" ဟဲ့ မောင်မင်း တို့ ""ငရဲပြည် တံခါ...
14/01/2018

ကျောင်းဆရာ/ဆရာမများအား ငရဲပြည်မှ🎭 လက်မခံပါ
*************************************
" ဟဲ့ မောင်မင်း တို့ "

"ငရဲပြည် တံခါးဝ
အလှည့် ကျလာ တာက
ဘယ်သူတုန်း ဟဲ့"

"မှန်လှပါ အရှင် "
"ငရဲပြည် တံခါးဝ
အလှည့် ကျလာသူ က
အဖြူ အစိမ်း ဝတ်လို့
လူ့ပြည်မှာ...
ကျောင်းဆရာမ
ဖြစ်ခဲ့သူပါ ဘုရား"

"ဟေ"

"ကျောင်းဆရာမ ဆိုတာ
ရပ်ကျိုး ရွာကျိုး
လွန် သယ်ပိုးပြီး
လူကြီး မိဘ ရိုသေ လှတဲ့
သူက အဘယ် နည်းနဲ့
ငရဲပြည် ဆင်းလာရ သနည်း.....
စစ်မေးတော် ...
မူကြစမ်း လဟယ် "

မှန်လှပါ"

"ကဲ အမိ .... !
ကျောင်းဆရာမ....
ဒါကတော့ ....
ငရဲပြည် တံခါးဝကို
သင် ရောက်လာတာ ပဲ "

"ငရဲပြည် ... !
မဆင်းရဖို့ အရေး
မေးခွန်းတွေ မေးမယ် "

"မှန်ပါ .... !
ဘယ်နှစ်မှတ်ဖိုး
မေးတော် မူမလဲ
၅၀ ဖိုးလား ... ?
၁၀၀ ဖိုးလား ... ?
၂ နဲ့ကော ..... !
မြှောက်ရအုံး မလား"

"အရှုံး အအောင်က
မော်ဒေးရှင်း ထိုင်ပေး မှာလား... ? "

"ဒါမှမဟုတ် ... !
ကြိုတင် ကုစား မှာလား ... ?
ပြန်လည် ဖြည့်ဆည်း မှာလား .... ?
ရိုးရိုး ကုစား မှာလား.... ? "
"မင်နီ မင်ပြာ
မင် ခရမ်းနဲ့....
ချက်ကင် လေးကော
လိုက်ပေး မှာလား.... ? "

"အမှတ်တွေက
အေ ဘီ စီ နဲ့လား ... ?
ရိုးရိုး လား.... ? "

"မေးခွန်းက .... !
"မေးခွန်းက .... !... ?
ငရဲမင်းကြီး လား... ? "

"ဒီငရဲမင်း က
ဘယ်လို ရောက်လာ တာလဲ ... ?
သင်တန်း ဆင်းလား .... ?
နေ့စား လား .... ? "

"ကန်ထရိုက်လား ... ?
ဆွဲ ခန့်လား .... ? "

"တော်ပြီ တော်ပြီ
အမေး အမြန်း ထူလှတဲ့
ဒီ ကျောင်းဆရာမ
လူ့ပြည်သာ ... !
ပြန် သွားခိုင်းလိုက် တော့ဟယ်"

(ထိုအချိန်မှစ၍
ကျောင်းဆရာမ များအား
ငရဲပြည်မှ .... !
လက်မခံတော့ ပါကြောင်း)

😁😁😁
Credit _ Original Uploader

29/12/2017

ဘဏ်တိုး အကြောင်း သိထားရန်
တစ်နှစ်ကို .. ၈.၅%
တစ်လကို .. ၀.၇%
တစ်လအတွက် အတိုးက
ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ၇ကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို ... ၇၀၀၀
ငွေ ၁၀၀ သိန်းကို ... တစ်လ ၇သောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း
ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း
ရပါမယ် ..
စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ်
၁၀သိန်း ကို .. တစ်နှစ် ၁သိန်း
သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း ..
သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် ..
(တစ်နှစ် အတွင်းလုံးဝမထုတ်ရ )
(တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ )
စာရင်းသေကို ..
၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ ..
အမျိုးမျိုး ထားလို့ ရပါတယ် ..
အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် ..
လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး ..
၁လ - ၃လ - ၆လ - ၉လ - ၁နှစ် အတွင်း လုံးဝမထုတ်တာ သေချာရင်တော့ .. ၁လ - ၃လ - ၆လ - ၉လ - ၁၂လ
စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် ..
လကြာလေလေ .. အတိုးပိုပိုများလေလေပါ ..
ဘဏ် တစ်ခုနဲ့ တစ်ခု ..
အတိုးနှုန်း အနည်းငယ်ကွဲလွဲမှု ရှိပါတယ် ..
မိမိ အပ်မည့် ဘဏ် ဝန်ထမ်းများကို သေချာ မေးကြည့်နိုင်ပါတယ် ..
အတိုးလစဉ် ထုတ်ပေးလား ?
အစိုးရ ဘဏ်က တစ်နှစ်မှ တစ်ခါသာ - တစ်နှစ်စာအတိုးထုတ်ပေးပါတယ် ... အပြင်ဘဏ်တွေကတော့ ၃လ တစ်ခါ ၃လစာ အတိုးထုတ်ပေးပါတယ် .. လစဉ် အတိုးရချင်ရင်တော့ .. မိမိ ငွေကို ၃ ပုံပုံပြီး ၁လစီ ၃လဆက်တိုက်ခွဲထည့်လိုက်ပေါ့ ။
ဒါမှ မဟုတ် အသွင်း အထုတ် မလုပ်ဘူးဆိုရင်တော့ .. စာရင်းသေ တစ်လ ထည့်ထားရင် အတိုးလည်းပိုရ တစ်လပြည့်တိုင်း အတိုးရော အရင်းပါ ပြန်ထုတ်ပေးပါတယ် ..
"Fixed account & Saving account "
တစ်နှစ် အတွင်းလုံးဝ မထုတ်ရတဲ့ .. Fixed account "စာရင်းသေ -တစ်နှစ် " အပ်ရင် အတိုး ၁၀% ရပါတယ် ..
သိန်း ၁၀၀၀ ကို တစ်နှစ် သိန်း ၁၀၀ ရပါတယ် ။
တစ်နှစ် မပြည့်မချင်း လုံးဝ မထုတ်ရပါဘူး ...
တစ်နှစ်ပြည့်ဖို့ ၁ ရက် အလိုမှာ ထုတ်ရင်တောင် အတိုး တစ်ပြားမှ မရတော့ပါဘူး ။
ရိုးရိုး စုငွေ Saving account ဆိုရင်တော့ ၈၅ သိန်းဘဲ ရပါတယ် ..
တစ်လကို ...
Fixed account ၁နှစ်ထားရင် ..
တစ်လ အတွက် ..
ငွေ ၁၀၀ ကျပ် ကို - ၈.၃၃ ပြား
၁သိန်း ကို = ၈၃၃
၁၀ သိန်း ကို = ၈၃၃၃
၁၀၀ သိန်း ကို = ၈၃၃၃၃
၁၀၀၀ သိန်း ကို = ၈.၃၃၃၃၃ သိန်း ရပါမယ် ..
ရိုးရိုး ငွေစု စာအုပ် Saving account ဆိုရင် ..
တစ်နှစ်ကို - 8.25 or 8.5 % ဘဲရတာမို့ ..
တစ်လကို 0.6875% or 0.7083% မို့ ..
တစ်လ အတွက်
၁၀၀ကျပ် = ၆. ၈၇ ပြား or ၇.၀၈ ပြား
၁ သိန်း = ၆၈၇.၅ / ၇၀၈ ကျပ်
၁၀ သိန်း = ၆၈၇၅ / ၇၀၈၃ ကျပ်
၁၀၀ သိန်း = ၆၈၇၅၀ / ၇၀၈၃၃ ကျပ်
၁၀၀၀ သိန်း = ၆.၈၇၅ / ၇.၀၈၃၃၃ သိန်း ရပါမယ်

Dr Nang Myint Thwe

ဆေးပညာနှင့် ပတ်သက်သော အယူအဆ အမှားများ ==============================Saturday, November 30, 2013 ပြည်သူလူထုအတွင်း အလွယ်တ...
18/11/2017

ဆေးပညာနှင့် ပတ်သက်သော အယူအဆ အမှားများ
==============================

Saturday, November 30, 2013

ပြည်သူလူထုအတွင်း အလွယ်တကူနှင့် ဖျောက်ဖျက်၍ မရနိုင်သေးသော ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော အယူအဆအမှားများမှ အချို့ ကိုဖော်ပြသွားပါမည်။

အင်္ဂလိပ်ဆေးနှင့်သံပုရာရည်

အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀၀ တွင် လူ ၉၀ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့  ဆေးမသောက်ဖြစ်ဘူး အချဉ်စား ထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက်ရမလဲ စသည့်စကားမျိုး မကြာခဏကြားရသည်။ မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။

ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်လျက် ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု တားမြစ်ချက်ရှိသောဆေး ဟူ၍ မရှိပါ။ အချဉ်နှင့် အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။

*အင်္ဂလိပ်ဆေးသောက်လျှင်အစာရှိမှသောက်ရမည်

အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည် ဆေးသောက်တော့မည်ဆိုလျှင် အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။ ဆေးများသည် အစာမစားမီသောက်ရသောဆေး၊ အစာစားပြီးသောက်ရသောဆေး ၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး ဟူ၍အမျိုးမျိုးရှိသည်။

တချို့ သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။ အထူးသဖြင့် ပဋိဇီဝပိုး သတ်ဆေးများ ဖြစ်ကြသည်။ အစားနီးလျှင်သို့ မဟုတ် အစာစားပြီးမှသောက်လျှင် ဆေးအားစုပ်ယူနိုင်မှု စွမ်းအားမကောင်းသဖြင့် လိုသောအာနိသင်မရနိုင်ပေ ။

မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို မိမိအားဆေးသောက်ရန်ညွှန်ကြားသော ဆရာဝန်၊သို့ မဟုတ် ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာမေးမြန်းသင့်ကြသည်။

တက်သည့်ကလေးကို ၀ိုင်းဝန်းခြေမချိုးပေးကြ၊ ခြေမလက်မချိုးကြသည့်လုပ်ဆောင်မှု

ကလေးငယ်များသည် ကိုယ်အပူကြီးလျှင် တက်တတ်ကြသည်။ ကလေးငယ်တက်လျှင် ၀ိုင်းဝန်းနှိပ်ကြ သည်။ ခြေမလက်မတို့ ချိုးတတ်ကြသည်။ ကလေးငယ်သည် အလိုအလျောက်အတက်ကျသွားလျှင် နှိပ်လို့ ၊ ခြေမလက်မချိုးလို့  အတက်ကျသွားသည်ဟု ထင်နေကြသည်။ ဤသို့ သော အယူအဆသည် မှားယွင်းပါ သည်။ ကလေးငယ်တက်လျှင် နှိပ်ခြင်း ၊ခြေမလက်မချိုးခြင်း လုံးဝမပြုလုပ်သင့်ပါ ။ အပူကြီး၍ တက်သည် ဆိုလျှင် ကိုယ်အပူချိန်ကျအောင် လုပ်ဆောင်ပေးရန်သာဖြစ်သည်။

အကြောတက်ခြင်းနှင့်အကြောဆေးသွင်းခြင်း

အကြောတက်လျှင် အကြောဆေးသွင်းရမည် ဟူသောထင်မြင်ယူဆချက်မှာလည်း အယူအဆမှား တစ်ခုသာ ဖြစ်သည်။ ဆေးဝါးများကိုထုတ်လုပ်ရာတွင် စားဆေး၊ထိုးဆေး၊လိမ်းဆေး ၊ရှူဆေးစသည်ဖြင့် အမျိုးမျိုး ထုတ်လုပ်ကြသည်။ ထိုဆေးများကိုပင်အသားဆေး ၊အကြောဆေး၊ အရေပြားအတွင်းထိုးဆေး၊ အရေပြား အောက်ကပ်လျက်ထိုးဆေး စသည်ဖြင့်ထိုးနည်းအလိုက် ခွဲထားပေးသည်။ အကြောဆေး ကို ဆေး၏ အာနိ သင် လျင်မြန်စွာလိုအပ်သောအခါ သုံးတတ်ကြသည်။ အကြောဆေးသည် သွေးကြော အတွင်း တိုက်ရိုက် ထိုးသွင်းသဖြင့် ခေါ်ဝေါ်သောအသုံးအနှုန်းဖြစ်သည်။ အကြောရောဂါ များကို ပျောက်စေ သည့် သို့မဟုတ် အကြောတက်ပျောက်စေသည့်ဆေး မဟုတ်ပါ။အကြောတက်ပျောက်ရန် လိမ်းဆေး၊ သောက်ဆေး၊ အသား ထိုးဆေး၊ စသည်တို့ဖြင့်လည်း ပျောက်ကင်းအောင်ကုသနိုင်သည်။ အကြောတက်လို့ အကြောဆေးထိုး ပေရန် တောင်းဆိုတတ်ကြသော လူနာတစ်ချို့ သတိပြုကြရန်ဖြစ်သည်။

ခွေးကိုက်သည့်ဒဏ်ရာမန်းမှုတ်ထားလျှင်ဆေးမထည့်ရ

ဆေးခန်းသို့ ခွေးကိုက်ဒဏ်ရာဖြင့် ရောက်လာသော လူနာတချို့ သည် အနာကိုမန်းမှုတ်ထားလို့ ဆေး မထည့်ပါနဲ့ ဆေးထိုးပြီးသောက်ဆေးပဲပေးပါ ဟုတားမြစ်မှုတောင်းဆိုမှုများ ပြုလုပ်တတ်ကြသည်။ ခွေးကိုက် ဒဏ်ရာသည် မန်းမှုတ်ရုံဖြင့် ပျောက်မည်မဟုတ်ပါ။ ဒဏ်ရာမှပိုးဝင်နိုင်သည်၊ အနာပြည်တည်နိုင် သည်။ မေးခိုင်ရောဂါ လည်း ၀င်နိုင်သေးသည်။ အနာကို စင်ကြယ်အောင်ရေဆေးပြီး ဆေးထည့်ရန် လိုမည်ဖြစ် သည်။ တစ်ခါတစ်ရံဒဏ်ရာကြီးလျှင် ချုပ်ဖို့ လည်းလိုတတ်သည်။ ဤမှားယွင်းသောအယူအဆ ကိုလည်း သိရှိနား လည်ပြီး ပြုပြင်ရန် လိုအပ်ပြီဖြစ်သည်။

အားဆေးမသောက်ရခြင်းများ

လူနာတချို့ သည် အားဆေးသောက်ရန် ဆရာဝန်ကညွှန်ကြားသောအခါ သွေးတိုးရှိသည်ဟူသော အကြောင်းပြ ချက်ဖြင့် ဆေးသောက်ရန် ငြင်းဆိုတတ်ကြသည်။ အားဆေးသောက်လျှင် သွေးတိုးပိုဆိုးစေ သည်ဟု လက်ခံနေကြသည်။ အချို့ နေထိုင်မကောင်းပြီး ဖျားနေသောလူနာများသည်လည်း အားဆေး မသောက်ရဲကြချေ ။ အားဆေးသောက်လျှင် ရောဂါပိုဆိုးမည်ဟု ယူဆကြသည်။အားဆေးဟုဆိုရာတွင် အများအားဖြင့် ဗီတာမင်များ၊ သတ္တုဓာတ်များ ၊အမိုင်နိုအက်ဆစ်များ အဓိကပါဝင်ကြသည်။ အားဆေးတွင် ပါဝင်သော ဓာတ်ပစ္စည်းများသည် သွေးတိုးခြင်းကို ပိုမိုမဆိုးစေနိုင်ပါ။ သတ္တုဓာတ်တစ်မျိုးဖြစ်သော ဆိုဒီယမ်သည် သွေးတိုးနှင့်မတည့်ပါ သွေးတိုးရောဂါကို ပိုဆိုးစေသည်။ သို့သော်အားဆေးတွင်ပါဝင်သော သတ္တုဓာတ်များမှာ သံဓာတ် ၊ ဇင့် ၊ ကိုဘော့ စသည်တို့သာဖြစ်သည်။ ဆိုဒီယမ်ကို မည်သည့်အားဆေး မျိုးတွင်မှ ထည့်သွင်းထားခြင်းမရှိပေ ။ အားဆေးကြောင့် ဖျားနာခြင်းကိုလည်း ပိုမိုဆိုးစေခြင်းမရှိပါ။ သွေး တိုးနေလျှင်ဖြစ်စေ နေထိုင်မကောင်း ဖျားနာနေလျှင်ဖြစ်စေ ဆရာဝန်၏ ညွှန်ကြားချက်ရှိလျှင် စိတ်ချ ယုံကြည်စွာ အားဆေးများကိုသောက်နိုင်ကြသည်။ အန္တရာယ် တစ်စုံတစ်ရာမရှိနိုင်ကြောင်းသိစေလိုသည်။

မူရင်း ..... ဒေါက်တာအေးကျော်၏ စာပေဗိမာန်စာမူဆုရ ဆေးပညာဗဟုသုတဒိုင်ယာရီ စာအုပ်မှ ကူးယူ ဖော်ပြသည်။
Credit ပါ

ဗိုက်ထဲမှာ ဘာအစာမှမရှိတဲ့အချိန် ကော်ဖီသောက်မိတဲ့အခါ . . .**********************************************************အသင့်...
17/11/2017

ဗိုက်ထဲမှာ ဘာအစာမှမရှိတဲ့အချိန် ကော်ဖီသောက်မိတဲ့အခါ . . .
**********************************************************

အသင့်အတင့်ကော်ဖီသောက်ခြင်း က ကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတာကို လူတိုင်းသိပြီးဖြစ်ကြပါတယ်။ အထူး သဖြင့် ကော်ဖီထဲမှာပါရှိတဲ့ ခန္ဓာကိုယ်အကျိုး ပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အူမကြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သို့သော် အသီးအနှံမျိုးနွယ်ဝင် ကော်ဖီစေ့ထဲ မှာ chlorine genic အက်စစ်(ခေါ်)ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါရှိနေတာကို တွေ့ရပါ တယ်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲစမ်း သပ်သူများ၏လေ့လာချက်များအရ ¤င်းဓာတ် တိုးဆန့်ကျင်ပစ္စည်းဟာ ဟာလာဟင်းလင်းဖြစ် နေတဲ့အစာအိမ် တစ်နည်းအားဖြင့်ဆိုသော် ဗိုက်ထဲမှာဘာအစာမှမရှိဘဲ ကော်ဖီသောက် မိတဲ့အခါ ဆိုးရွားတဲ့ဓာတ်ဖောက်ပြန်မှုကို ခံ စားရစေနိုင်တယ်လို့ဆိုပါတယ်။

အသေးစိတ်အနေဖြင့်ပြောရရင် ဟာလာ ဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ထဲကို ဘလက်ခ် ကော်ဖီ(နို့လုံးဝမပါတဲ့ကော်ဖီကြမ်း)တစ်ခွက် လောင်းထည့်လိုက်တဲ့အခါ အစာချေအင်္ဂါအ စိတ်အပိုင်းများထဲမှ Hydrochloric အက် ဆစ်ထွက်ရှိလာပြီး အစာအိမ်ရောင်ရမ်းနာရော ဂါကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ မည်မျှ ပင်ကျန်းမာနေသော အစာအိမ်ဖြစ်ပါစေ ဤ ကဲ့သို့သောက်သုံးလိုက်ခြင်းကြောင့် Hydrochloric အက်စစ်များဟာ အစာအိမ်ထဲမှာပျံ့နှံ့ သွားပြီးနောက် ထမင်း(သို့)အဖတ်တွေစားပြီး တဲ့အခါမှာ ထိုအစားအစာတွေကို အစာအိမ် က ကောင်းစွာချေဖျက်နိုင်ဖို့ ခက်ခဲသွားပါပြီ။ ဒါ့အပြင် ထိုအစားအစာများထဲမှာပါရှိတဲ့ ပရို တင်းအာဟာရတန်ဖိုးများမှာလည်း အာနိသင် ပျက်ပြယ်လုနီးပါးဖြစ်သွားပါတော့တယ်။ ၄င်း ၏ နောက်ဆက်တွဲအဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်စစ်အထွက်များခြင်း၊ ပျို့ချင် အန်ချင်ခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်းတို့အပြင် အဆုံးစွန်သော ဆိုးကျိုးအဖြစ် အူမကြီးကင်ဆာကိုပါဖြစ်စေ နိုင်ပါတယ်။

တစ်ဖန် အမေရိကန်နိုင်ငံရှိ ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူများက အိပ်စက်ခြင်းနှင့် ကော်ဖီသောက်သုံးခြင်းကြောင့် သက်ရောက် မှုများကို လူငါးဦးဖြင့် အချိန်တစ်လခွဲကြာလေ့ လာခဲ့ကြရာ-

(က) ကော်ဖီတွင်ပါဝင်သော ကဖိန်းဓာတ်က ကိုယ်တွင်းဇီဝဖြစ်စဉ်များကို မိနစ် ၄ဝ ခန့်နောက် ကျစေကြောင်း။
(ခ) ညနေပိုင်းကော်ဖီသောက်သုံးခြင်းက အိပ် ရာဝင်ချိန်ကို တစ်နာရီခွဲခန့်အထိနောက်ကျသွား စေကြောင်း။
(ဂ) ညအိပ်ရာဝင်ချိန်မတိုင်မီ သုံးနာရီအတွင်း ကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသော ဟော်မုန်းများထုတ်လုပ်မှုကို မိနစ် ၄ဝ ခန့်နောက် ကျစေကြောင်း။
(ဃ) ညနေပိုင်းကော်ဖီသောက်ခြင်းက အိပ် မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများလှုပ် ရှားလည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွား စေကြောင်း စသည်ဖြင့်အဖြေထွက်ရှိတာကြောင့် ၄င်းအချိန်များမှာလည်း ကော်ဖီသောက်ရန် မသင့်ပါဘူးတဲ့။
(င) အရေးကြီးဆုံးအချက်က နံနက်အိပ်ရာ ထထချင်း ကော်ဖီကို အလျင်စလိုမသောက် ပါနှင့်။ အဘယ်ကြောင့်ဆိုသော် နံနက်အိပ်ရာ ထထချင်း ကော်ဖီသောက်မိတဲ့အခါ၊ ခန္ဓာကိုယ် ထဲမှာ Cortisol Yrmp တွေရုတ်တရက်တိုး ပွားလာကြပြီး ¤င်း ဃသမအငျသူ တွေက ခန္ဓာ ကိုယ်တွင်းဇီဝဖြစ်စဉ်နာရီများကို ကြီးမားတဲ့ အဟန့်အတားတွေဖြစ်စေလို့ပါပဲ။

(စ) သို့သော် ကော်ဖီသောက်သုံးခြင်းက စံ တော်ချိန်မတူညီသောနိုင်ငံများသို့ခရီးထွက် ရာတွင် အချိန်ထိန်းညှိမှုအတွက် အကျိုးဖြစ် ထွန်းစေပါတယ်တဲ့။
ဒါကြောင့်လည်း ကျန်းမာရေးသုတေသီ များက ကော်ဖီသောက်ရန် အသင့်တော်ဆုံး အချိန်ကို (က) နံနက်အိပ်ရာထပြီးနောက် တစ် နာရီခန့်အကြာမှသောက်ပါ (သို့) ကော်ဖီမ သောက်ခင် အဖတ်တစ်ခုခုဖြစ်စေ၊ ပေါင်မုန့် ကြမ်း တစ်ချပ်လောက်ဖြစ်စေ စားပြီးမှသာ သောက်ပါလို့ အကြံပြုထားကြပါတယ်။ (ခ) နေ့လယ်စာစားပြီးနောက် တစ်နာရီကျော်အ ကြာမှာလည်း ကော်ဖီသောက်ရန် သင့်တော် ကောင်းမွန်တဲ့အချိန်များပါပဲ။

သို့သော် တန်ဆေးလွန်ဘေးဖြစ်တတ် တာကြောင့် ကျန်းမာရေးကောင်းမွန်သူတစ် ယောက်အတွက် ကော်ဖီကို တစ်နေ့သုံးခွက် ထက် ပိုမသောက်သင့်ပါဘူး။ ကော်ဖီကို တစ် နေ့သုံးခွက်ထက်ပိုသောက်သူတွေမှာ ကျောက် ကပ်ပျက်စီး၍ ဆီးတစ်စက်စက်ကျရောဂါများ နဲ့ အရိုးပါးရောဂါတွေဖြစ်လာစေတတ်ပါတယ်။ အကယ်၍ တစ်နေ့လေးခွက်နဲ့အထက်သောက် သုံးသူများမှာ အချိန်မတိုင်မီ အသက်တိုစေ နိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီကို ပါရာစီတ မောလ်အကိုက်အခဲပျောက်ဆေးတွေနဲ့ (လုံးဝ) တွဲမသောက်သင့်ပါကြောင်း၊ ကလေးငယ်များ/ သက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးမကောင်း ၍ကိုယ်ခံအားနည်းသူများအဖို့ ကော်ဖီကိုလျှော့ သောက်သင့်ပါတယ်။

သို့ပါ၍ အသက်ရှည်ရာအနာမဲ့ကြောင်း ဖြစ်စေဖို့အတွက် ဗိုက်ထဲမှာဘာအစာမှမရှိ ခင် ကော်ဖီမသောက်ကြပါရန်နှင့် အကယ်၍ မိမိရဲ့ နံနက်ချိန်ခါနိုးထချိန်မှာ ကော်ဖီခွက်ကိုင် ၍ထလေ့ရှိသူများ(ဝါ) မသောက်ရ မနေနိုင် သူများအတွက် ကော်ဖီမှုန့်နည်းနည်းမျှသာ ထည့်၍ နွားနို့အနည်းငယ်(သို့)ထောပတ်အ နည်းငယ်ထပ်ဖြည့်ကာ အာသာပြေလောက် သောက်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။
လေးစားစွာဖြင့်- ယမင်းဖြူ
(ကိုးကားး The Science Of Eating)

ဖေ​ဖေ သမီး ဘုရား​ကို ​နောက်​တစ်​ခါ ထပ်​မသွား​တော့ဘူးဘာဖြစ်​လို့လဲ သမီးဘုရား​ကို သမီးသွား​တော့ ​တွေ့တဲ့လူတိုင်းက ဘုရားဝတ...
11/11/2017

ဖေ​ဖေ သမီး ဘုရား​ကို ​နောက်​တစ်​ခါ ထပ်​မသွား​တော့ဘူး

ဘာဖြစ်​လို့လဲ သမီး

ဘုရား​ကို သမီးသွား​တော့ ​တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင်​ ဖုန်းသုံး​နေတဲ့သူနဲ့ အတင်း​ပြော​နေတဲ့သူနဲ့ ဘယ်​သူမှ တ​လေးတစား မရှိကြဘူး သူတို့​အားလုံးဟာ သူ​တော်​​ကောင်း​ယောင်​ ​ဆောင်​​နေကြတာပဲ ​ဖေ​ဖေ

အင်း ဒါဆို သမီး ဘုရား​ မသွား​တော့ဖို့ မဆုံးဖြတ်​ခင်​ ​ဖေ​ဖေ သမီးကို တစ်​ခု​လောက်​ လုပ်​ခိုင်းလို့ရမလား

ပြောကြည့်​​လေ ​ဖေ​ဖေ ဘာများလဲ

ဒါဆို သမီး ဖန်​ခွက်​ထဲ ​ရေအပြည့်​ထည့်​ပြီး ဘုရားကို ၂ ပတ်​ လမ်း​လျောက်​ရမယ်​ ဒါ​ပေမယ့်​ ​ရေ​တော့ လုံးဝ မဖိတ်​ရဘူး​နော်

ဒါ​လေးများ ​အေး​ဆေး လုပ်​နိုင်​ပါတယ်​ ​ဖေ​ဖေ

သမီး ပြန်ရောက်ပီ ဖေဖေ ဒီမှာကြည့်​ ​ရေ လုံးဝ မဖိတ်​ဘူး

ဟုတ်​ပီ ဒါဆို ​ဖေ​ဖေ သမီးကို ​မေးခွန်း ၃ ခု ​မေးမယ်

သမီး ဘုရား​​ပေါ်မှာ ဖုန်း သုံး​နေတဲ့သူ​တွေ ​တွေ့ခဲ့လား

အတင်း​ပြော​နေတာ​တွေ​ရော ကြားခဲ့လား

သမာဓိပျက်​​နေတဲ့သူ​တွေ​ရော ရှိခဲ့လား

ဘယ်​လိုလုပ်​ ​တွေ့ခဲ့မှာလဲ ​ဖေ​ဖေရယ်​ အဲဒါ​တွေ သွားကြည့်​ရင်​ သမီး ဖန်​ခွက်​ထဲက​ရေ ဖိတ်​သွားမှာ​ပေါ့ ကိုယ့်​ဟာကိုယ်​ အာရုံစိုက်​ထားရတာ သူတို့ကို မကြည့်​အားပါဘူး

ဖေ​ဖေလိုချင်​တာ အဲဒါပဲ သမီး

သမီး ဘုရား​ကျောင်းကို သွားတယ်​ဆိုရင်​ လုပ်​သင့်​တာက ကိုယ့်​အလုပ်​ကို ကိုယ်​ အာရုံစိုက်​ပြီး ဘုရားကို အာရုံပြု​နေဖို့ပဲ

ကျန်​တာ​တွေက ကိုယ့်​ကိစ္စ မဟုတ်​ဘူး

ကိုယ့်​သမာဓိ မပျက်​ဖို့ပဲ အ​ရေးကြီးတယ်​ မဟုတ်​လား သမီး

ဘယ်​သူ တရားပျက်​​ပျက်​ ကိုယ်​ မပျက်​ဖို့ လိုတယ်​ သမီး

ဒါဆိုရင်​ သမီး ဘဝ တစ်လျှောက်မှာ ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာသာ အာရုံ အပြည့်အဝ စူးစိုက်ထားမယ်ဆိုရင် ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး

ကျေးဇူးပါ ​ဖေ​ဖေ ​ဖေ​ဖေ​ပေးတဲ့ သင်​ခန်းစာက သမီးအတွက်​ တကယ်​ကို ​ကောင်းလွန်းပါတယ်​​ဖေ​ဖေ

Lotus dharma yoga
Credit ပါ
ကောင်းလွန်းလို့ မျှဝေပေးပါသည်။

16/10/2017

🌹ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ🌹
(ရှယ်ပြီးသိမ်းထား။ တစ်နေ့ အသုံးလိုပါလိမ့်မယ်။)

🎈မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ

🎯ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။ အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။

🎈ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း

🎯သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။

🎈ဟင်းအိုး ဆားငံသွားလျှင်

🎯နီရဲနေသော မီးခဲကို ငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။

🎈ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း

🎯ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။

🎈ဘောလ်ပင် မှင်မလိုက်လျှင်

🎯အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။

🎈ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန်

🎯ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ အရင်ထည့်ထားပြီးမှ ရေနွေးကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။

🎈ရေခဲတုံး တာရှည်ခံအောင်ထားနည်း

🎯သီတင်းစာ စက္ကူ (သို့) တစ်ရှူးစက္ကူ ဖြင့် ရေခဲတုံးကို လုံခြုံစွာပတ်ထားပါ။

🎈ဆံပင်များ မကျွတ်စေရန်

🎯ကန့် (သို့)လက်ချားကို ရေနွေးပူပူတွင် ဖျော်၍ အေးသွားမှ ဆံပင်ကို လိမ်းပေးပါ။
သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။

🎈ဖန်ထည်ပစ္စည်းများ အရောင်တင်နည်း

🎯ဆားရေ ပူပူဖြင့်ပြုတ်၍ ဆေးပေးပါ။

🎈ငွေထည်ပစ္စည်းများ အရောင်တင်နည်း

🎯အာလူးပြုတ်ရည်တွင် စိမ်၍ပွတ်တိုက်ပေးပါ။

🎈ရွှေထည်များ အရောင်တင်ရန်

🎯ဇဝက်သာ တစ်ဇွန်းကို ရေအေးဖြင့်ရော၍ ရွှေထည်များကို ပွတ်တိုက်ပေးပါ။

🎈မှန်များ ကြည်လင်ပြီး ဝင်းပလာအောင် အရောင်တင်နည်း

🎯အဝတ်သန့်သန့်ကို အရက်ပျံဆွတ်၍ (သို့) သီတင်းစာစက္ကူကို ရေဆွတ်၍ မှန်ကို ပွတ်တိုက်ပေးပါ။

🎈အဝတ်အထည်များ ပိုမိုဖြူစင်တောက်သွား စေရန်

🎯သံပုရာရည် ၄/၅ စက်ခန့်ထည့်ပြုတ်ပြီးမှ လျှော်ပါ။

🎈သံပုရာသီး အရည်ပိုထွက်စေရန်

🎯မီးနွေးနွေးဖြင့်ကင်ပြီး / မာသောအပြား တစ်ခုခုဖြင့် အနည်းငယ်ဖိ လှိမ့်ပြီးမှ အရည်ညှစ်ပါ။

🎈နှင်းခူ အစို/အခြောက် ပျောက်လိုသော်

🎯ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။

🎈သန်းများ သေစေသောနည်း

🎯ရှာလကာရည်(1/2)အောင်စ နှင့် နနွင်း(1/4)အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်း ပေးပါ။

🎈ခြေဖနောင့်ကွဲသော် ပျောက်စေသောနည်း

🎯ဆန်ဆေးရေဖြင့် ၁၅မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။

🎈အဝတ်များ ဖားဥစွဲသော် ပျောက်စေရန်

🎯ဖားဥစွဲသော အဝတ်ပေါ်တွင် ပိတ်စအဖြူတင်၍ ရေဖြန်းပြီး မီးပူဖြင့် ဖိတိုက်ပေးပါ။

🎈ရှောက်သီးများ တာရှည်ခံအောင်ထားနည်း

🎯ရှောက်သီးများကို ထင်းရှူးသေတ္တာထဲ ထည့်ပြီး လွှစာဖုံး၍ထားပါ။

🎈ကြွက်များ မလာစေရန်

🎯ရှိန်းခိုကို အရည်ဖျော်၍ ပတ်ဖြန်းပေးပါ။

🎈ပုရွက်ဆိတ်များ မလာစေရန်

🎯သခွားသီးအခွံများ ချထားလိုက်ပါ။

🎈ပိုးဟပ်များ မလာစေရန်

🎯လေးညှင်းပွင့်ကိုထောင်း၍ ဖြူးပေးထားပါ။

🎈မြွေများ မလာစေရန်

🎯ဆေးဒါန်းအား ရေဖျော်၍ ပတ်ဖြန်းပေးပါ။

🎈ကြက်သားအရိုးပျောက်ချက်နည်း

🎯ထန်းရည်တစ်ပုလင်းကို ၃ရက်ခန့် နေပူလှန်းပြီး အဝတ်ပါးပါးဖြင့်စစ်၍ ကြက်သားကိုနယ်ပီး ချက်ပါ။

🎈ငါးသလောက် အမြန်နူးစေသောနည်း

🎯ကြွေဇွန်း / ကြွေပုဂံကွဲထည့်၍ ချက်ပေးပါ။

🎈ထမင်းအိုး တူးသွားလျှင် အနံပျောက်စေရန်

🎯တူးနေသောထမင်းအိုးထဲသို့ ငရုပ်သီး အတောင့်၂၀ခန့် ထိုးစိုက်ပြီး နာရီဝက်ခန့် အဖုံး ဖုံးထားပါ။

🎈မျက်နှာ အဆီမပြန်လိုပါက

🎯မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ခန့် ထည့်ပြီးသစ်ပါ။

🎈ကြိမ်ကုလားထိုင်မှ ကြိမ်များလျှော့နေသော်

🎯ရေနွေးပူပူထဲသို့ ဆိုဒါမှုန့်ရော၍ ကြိမ်များကို ပတ်ဖြန်းပြီး နေပူလှန်းထားပါ။

🎈ကွမ်းတံတွေးစွန်းပေလျှင် ပျောက်စေရန်

🎯စွန်းပေနေသော နေရာသို့ ခရမ်းချဉ်သီးဖြင့် ပွတ်တိုက်ပေးပါ။

🎈ညှောင့် / ဆူးစူးလျှင်

🎯ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့်တေ့ပြီး ဖိထားပါ။

🎈ကြွက်နို့ ပျောက်စေသောနည်း

🎯ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။
ဂျင်းကိုလှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို ၁နာရီတစ်ကြိမ်ခန့် ပွတ်ပေးပါ။

🎈ဝက်ခြံပျောက်စေသောနည်း

🎯ကြက်ဟင်းခါးသီးအစေ့ / သနပ်ခါးကို ဆားဖြင့်ရော၍ သွေးလိမ်းပါ။

🎈နွားနို့ မချဉ်အောင်ထားနည်း

🎯ငရုပ်သီးစိမ်း ၁၀တောင့်ခန့်ကို အညှာဖြုတ်၍ထည့်ပေးထားပါ။

🎈မျက်နှာပေါင်းတင်နည်း

🎯ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့်ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။

🎈အပူလောင်သော်

🎯၁။ သွားတိုက်ဆေး နိုင်နိုင်လိမ်းပေးပါ။
🎯၂။ ကွမ်းရွက်ကို သကြားဖြင့်ရောထောင်းပြီး ဒါဏ်ရာပေါ်သို့ အုံပေးထားပါ။

👉ရှယ်ပြီး သိမ်းထားပါ👈
👉လိုချင်လျှင် ရှာရလွယ်ပါမည်👈

Credit

#အထွေထွေဗဟုသုတဟင်းပေါင်းအိုးကြီး

ရွှေဝယ်တိုင်း ဂျင်းထည့်လို့မရတဲ့ ပညာ ========================သင်ပေးထားတဲ့အမေကို ကျေးဇူးတင်မိတယ်။  မျက်စိထဲ ဂျင်းအကြီးစားေ...
23/09/2017

ရွှေဝယ်တိုင်း ဂျင်းထည့်လို့မရတဲ့ ပညာ
========================

သင်ပေးထားတဲ့အမေကို ကျေးဇူးတင်မိတယ်။
မျက်စိထဲ ဂျင်းအကြီးစားတွေ မြင်ရတာ စိတ်လေမိတယ်။ ...
အလွယ်ကူဆုံး ရွှေဝယ်ရင် တန်မတန်
စဉ်းစားဆုံးဖြတ်ပြီး ဝယ်နည်းလေးပြောပြရမလား။
တင်ထားတဲ့ပုံနဲ့ ဘာမှမဆိုင်ဘူးနော်။
ပုံလေးသက်သက်ထည့်ထားတာ ...

ဒီလိုပါ ရွှေဝယ်ရင် ဂျင်းမထည့်ခံရဖို့ဆိုတာက
ရွှေမှာ ၁၃ ၁၄ ၁၅ ၁၆ ပဲရည်ဆိုပြီးလာပါတယ်။ .
သူ့အရည်အလိုက် တန်ဖိုးကိုယ်စီ ပေါက်ဈေးရှိပါတယ်။ .

အဓိက ကိုယ်ဝယ်မဲ့ရွှေက
စိန်ပါတယ်ဆို
၁၃ဲရည်နဲ့ပဲ လုပ်လို့ ရပါတယ်။ .
၁၄ ၁၅ ပဲရည်ဆိုတာ ပုံမှန်ရွှေပါ ရွှေကောင်းပါ .
၁၆ ပဲရည်ဆိုတာ အခေါက်ရွှေပါ အပျော့ပါ .
ကျိုးတယ်ဆိုတာမရှိပါဘူး ကွေးလို့ရတယ်။ .
နောက်တခုက >>> ဒုံး
ဒုံး ဆိုတာ ဘာလည်း
ဒုံးဆိုတာ အပေါင်ဆုံး ရွှေပါ
၁၃ ၁၄ ၁၅ ၁၆ ရောနေတာ
အပေါင်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။
သူကတော့ သူများဝတ်ပြီးသား ရွှေအဟောင်းပေါ့။
ရွေစုမယ်ဆို ဒုံး နဲ့ အခေါက်က အတန်ဆုံးပါပဲ။

အဓိက ပြောချင်တာ
ရွှေဆိုင်ကြီးတွေရော ရွှေဆိုင်လေးတွေပါ ရောင်းနေကြတဲ့
ဒုတိယတန်းစား ၁၄ ၁၅ ရွှေတွေကို
ကြိုက်လို့ လှလို့ ဝယ်ကြတယ်။

စိတ်ထဲမှာ တမျိုးပဲ။
ဒီရွှေ မူရင်းဈေး
ဘယ်လောက်တန်တယ် တချို့က မသိကြဘူး။

ကျမအမေက အရင်က ရွှေရောင်းဝယ်လုပ်ပါတယ်။
ကျမအသက် ၁၂လောက်ကစပြီး
ကျမအမေနဲ့လျှောက်လိုက်ခဲ့လို့
အတွေ့ကြုံရ မြင်နေရတာ
မသိတဲ့သူက 70%ရှိပါတယ်။

ကြိုက်ဈေးပေးဝယ်တယ် ဆိုင်ကတွက်ပြတယ်
အကြောင်းမျိုးမျိုးကြောင့်ပြန်သွင်းတယ်
အများကြီးရှုံးနေတယ်

ဟာ ဘာကြောင့်လည်း မသိဘူးလေ
သူတို့ဘောက်ချာဖွင့်ဈေးနဲ့
ပေါက်ဈေး တွက်ပြီး ပြန်ပေးတာဆိုတော့
ပြောမရဘူးလေ .

အင်း ဒါဆို ဘယ်လိုဝယ်မလည်း ???
ဘယ်လောက်တန်တယ်ဆိုတာ သိမလည်း ???

No.1
ကိုယ်ဝယ်မဲ့ရွှေက ဘယ်အမျိုးအစားလည်း
အခေါက်လားး ? ၁၆ဲရည် လား
ဒုတိယတန်းစား ရွှေကောင်း ၁၄ဲ ၁၅ဲရည် လား
အညံ့စား ၁၃ဲ ရည်လား
စိန် နဲ့ ဆိုရင်တော့ ၁၃ဲ ရွှေ နဲ့ပဲ ခတ်လို့ရမှာပါ .
ရွှေညံ့ ၁၃ ပဲရည် မဝယ်မိဖို့ လိုပါတယ် ...

No.2
ရွှေ ၁၄ဲ ၁၅ဲ ရည် ဝယ်မယ်ကွာ ။
ရွှေဆိုင်မှာ ပေါက်ဈေး မေးပါ
အပြင်ပေါက်ဈေးလည်း စုံစမ်းပါ

နမူနာ
ရွှေဈေး ၁၅ဲ ရည် 860,000 ပေါက်တယ် ဆိုပါစို့ .
ကိုယ်ဝယ်မှာ ၂ ပဲ ၅ ရွေး ဆိုပါစို့ . .

၁ကျပ်သားမှာ ၁၆ ပဲ ။
860000 ÷ 16=53750
ပျမ်းမျှ ၁ ပဲ တန်ဖိုး =53750ks
၁ ရွေး တန်ဖိုး = 6718ks
ကိုယ်ဝယ် မှာ ၂ဲ ၅ ရွေး
၂ဲ = 2ဲ× 53750=107500ks
၅ ရွေး = 5°×6718=33593ks
၂ဲ ၅ရွေး =၂ခုပေါင်းပါ =(140000ks )ထားပါ

ဒါက ရွှေတန်ဖိုးပါ.
ရွှေတန်ဖိုး သိပြီဆိုတော့
သူတို့မှာ အလျော့တွက် လက်ခ ဆိုတာ ပေးရပါတယ်
(.ဒုံး မှာ အလျော့တွက် လက်ခ မရှိပါ )

သူတို့ကို မေးပါ
၂ဲ ၅° နမူနာ လက်စွပ်ပေါ့ .,
မေးလိုက်ပါ 2သိန်းကျော် ကျမယ် ဆို လုံးမဝယ်ပါနဲ့ ။

၂ဲတန်ဖိုး ရှိတဲ့အထည်ကို
လျော့တွက် + လက်ခ ၅ ° ထိပဲတန်ပါတယ် ,
ရွှေတန်ဖိုး ခုန 140000ks ထားပါတော့
လျော့တွက်လက်ခ ၇° 47000ks = ထား
၂ခု ပေါင်း =190000ks သာ တန်ပါတယ်။
ဒါ အသစ်ရွှေထည် တွက်ပြတာပါ .

ဒါကို တချို့က 140000ks ပဲတန်တာကို
လျော့တွက် လက်ခတွေ မတရားပေါင်းပါတယ်
230000ksတို့ ဘာတို့ ကျမယ်ဆို မတန်ပါဘူး .
အလျော့တွက်လက်ခ ဆိုတာက
ပြန်သွင်းရင် ကိုယ်ရှုံးမဲ့ငွေပါ .

ရွှေဈေးအတက်အကျပေါ်မူတည်ပြီး
သိပ်မရှုံးဘူး ဆိုပြီး ဂျင်းထည့်ပါတယ်
အဲ့တာ အခေါက်မှ သိပ်မရှုံးတာပါ
၂ကျပ်သား ၃ကျပ်သားတို့ဆို
ရွှေဈေးတက်ရင် မြတ်ပါတယ်

အလှဝတ်တဲ့သူတွေတွက် လုံးဝမတန်ပါဘူး ရှင်.,
တွက်ကြည့်ပါ
လက်စွပ်တကွင်းကို 190000ks
အလျော့တွက်လက်ခပါပြီး ဒီလောက်ပဲတန်တာကို
230000ks ဆိုတော့
ပြန်သွင်းရင် ဘယ်လောက်ရှုံးမှာလည်း ???

ခုနရွှေတန်ဖိုး 140000ks ပဲ ပြန်ရပါမယ် .
190000ks ဆို အလျော့တွက်လက်ခ ရှုံးပါတယ် ပြန်မရပါ
50000ks ဆုံးပါမယ်
230000ks ဆို 90000ks တောင်ရှုံးပါမယ် .
ဘယ်လောက် % ရှုံးသွားမလည်း ??

190000ks ဝယ်ထားပြီး 50000ks ရှုံးတယ်ဆို
25%တောင် ရှုံးပါတယ် ရှင် . ,.

230000ks ပေးဝယ်ခဲ့တယ်ဆိုရင် =
ကိုယ်ပြန်ရမှာ 150000ks ဝန်းကျင်ဆိုတော့=
80000ks ကိုယ့်ပိုက်ဆံရှုံးမှာပါရှင် =
အရမ်းများလွန်းသွားပြီ ။

တချို့ကျောက်နဲ့ရွှေနဲ့ဝယ်ရင် သတိထားပါ
ကျောက်တန်ဖိုးနုတ်ပြီး ရွှေချိန် မေးဝယ်ပါ.

ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးပါစေနော် .,
ဒီpost မှာ အမှားပါလည်း ထောက်ပြပါ
မသိတာလည်း ထပ်မေးပေးပါ cmmt မှာ .
ဘယ်သူတဦးတယောက်ကိုမှ တိုက်ခိုက်လိုခြင်းမရှိပါ ...
ကိုယ့် ချွေးနည်းစာကို
မတရား အရှုံးမခံရစေချင်တဲ့စေတနာပါ...

အဓိက ရွှေတန်ဖိုး ပေါက်ဈေး အလေးချိန်ကို ချိန်ပြီး
တွက်ပြီး သိဖို့ပါ .
နောက်မှ အလျော့တွက်လက်ခမေးပါ
ဘယ်လာက်ယူသလည်း များရင်မဝယ်ပါနဲ့
ဆစ်ကြည့်ပါ ဆစ်လို့ရရင် ဝယ်ပါ.

၂ပဲ တန်လက်စွပ်ဆို
လျော့တွက်လက်ခ ၅ရွေးပဲတန်ပါတယ်...
နမူနာ ၁ကျပ်သားတန်ဆို ၂ပဲ ၃ပဲ ပဲတန်ပါတယ်

Design တွေ ပေါ်မူတည်ပြီး
လက်ခ အလျော့တွက် ပေးရတာများပါတယ်

သိသလောက် စေတနာဖြင့် ပြန်မျှဝေပေးကြပါနော်.
လွတ်လပ်စွာshare နိုင်ပါသည်.
ထပ်ပြောရင် ပြောမဆုံးပေါင်တောသုံးထောင်မို့
အဆုံးထိဖတ်ပေးတာ ကျေးဇူးပါ။

မိုးထက်ရတီခင် ရေးသည်။

Moe Htet Yati Khin
https://www.facebook.com/permalink.php?story_fbid=473657329670852&id=100010797666489

နောက်ဆက်တွဲ
အမေးများသောမေးခွန်းနဲ့အဖြေများ
======================

ရန်ကုန် ပဲ ရွေး တွက်နည်း
================
တကျပ်=၁၆ပဲ
တပဲ=၈ရွေး
တကျပ်သားx၁၆ပဲx၈ရွေး=၁၂၈ရွေး
======================

၁ကျပ်သား=၁၆ပဲ=၁၂၈ရွေး
ငါးမူးသား=၈ပဲ=၆၄ရွေး
တစ်မတ်သား=၄ပဲ=၃၂ရွေး
တစ်မူးသား=၂ပဲ=၁၆ရွေး
တစ်ပဲသား=၈ရွေး
နှစ်ပြားသား=၄ရွေး
တစ်ပြားသား=၂ရွေး
နောက်မှတစ်ရွေးတို့တစ်ခြမ်းတို့ပေါ့
======================

အလျော့တွက် လက်ခကို ဘယ်လိုယူသလဲ။

တကျပ်အထည်ကို
တပဲ၆ရွေး ကနေ ၂ပဲ (သို့) ၃ပဲထိ
ယူကြပါတယ်။
ဒီဇိုင်းဆန်းပြီး လက်ဝင်ရင်
ပိုယူတဲ့သဘောပေါ့

ပြီးတော့ လက်ကောက် ဆွဲကြိုးလို
ကွင်းဆက်တွေများရင်
ဂဟေသားများတော့
ပြန်ရောင်းရင် အာ့တွေက
အထည်ပျက်ဆိုပြီး
ဈေးအနှိမ်ခံရပြန်ရော
======================

အရှုံးကို %နဲ့ သိချင်တာကို ဘယ်လိုတွက်ရလဲ

ဝယ်တုန်းက ၂သိန်းခွဲပေးထားတာကို
ပြန်ရောင်းတော့ ၂သိန်းပဲရတယ်ထား။
၅သောင်းရှုံးတယ်။
% သိချင်ရင်

အရှုံးကို အရင်းနဲ့စား
ရလဒ်ကို ၁၀၀နဲ့မြောက်
% နဲ့ရမယ်။

၅၀၀၀၀/၂၅၀၀၀၀=၀.၂
ဝ.၂x၁၀၀=၂၀%ပေါ့

၂၀% ရှုံးတယ်။
================

ထိုင်းမှာ ရွှေဝယ်ပုံလေးကဒီလိုပါ
Post ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော် ဖတ်ဖူးတဲ့ English လို ရေးထားတဲ့
စာအုပ်တစ်အုပ်မှာ တော့
ခုခေတ် မှာ Mold လုပ်ပြီး Mass productionနဲ့
ထုတ်တာကြောင့် အလျော့တွက် လက်ခ က
အင်မတန်မှ နည်းပါတယ် တဲ့။

ကိုယ်ဝယ်တဲ့ အထည်တစ် ခု ကို အကြီးအသေးကြည့်ပြီး
Baht-400 က နေပြီး Baht-800 ကို
ရွှေဖိုးမှာပေါင်းပေး ရင် လုံ လောက် တယ် တဲ့ ။

အဲဒီ ပုံ စံ နဲ့ ထိုင်းမှာဈေးဆစ် ဝယ်တာ ရွှေဆိုင် က
၂ဘတ်သား နဂါးပုံ ရွှေအထည် ကို ဝယ် တာ
နောက် ဆုံးတော့ အလျော့တွက်လက်ခ
Baht-1,000+ ရွှေ ပေါက် ဈေး နဲ့ ဈေး တည့် ဖူး ပါတယ်။
Mya Saw

================

ဒုံးမှာ အညံ့အလတ်အကောင်း ရောနေတာ

ရပ်ကွက်ထဲက အပေါင်ဆိုင်တွေမှာ
အညံ့က များတယ်
၁၁ပဲရည်လောက်ထိ
အညံ့တွေပါတတ်တယ်

သာတာတခုက
လျော့တွက်လက်ခ မပေးရတာပါ။

===================

အခေါက် ရွှေဝယ်ရင်တော့
အလျော့တွက် လက်ခ လုံးဝမပေးရဘဲ
ရွှေတန်ဖိုးဘဲ ပေးရတာလား

၁၆ ပဲ အခေါက်တုံးက
အကယ်ဒမီ စသဖြင့် အတုံးအခဲပေါ်
အသားတံဆိပ်နဲ့ ရတယ်။

၁ဝိသား ကနေ ၅ိသား စသဖြင့်
ကတ်ကြေးနဲ့ ကိုက်ညပ်ပြီး
ခွဲရောင်းပေးတယ်။

ကိုယ်ဝယ်မဲ့ဆိုင်က စိတ်ချရတဲ့
ပင်ရင်းက အာမခံ ရှိဖို့တော့ လိုတယ်။

====================

အခေါက်ရွှေတုံး စုပုံစုနည်း

အခေါက်ရွှေ ဝယ်မယ်ဆိုရင်
တစ်ခွန်းမေးတယ်

ဘယ်လောက်ထိ ပိုက်ဆံသုံးနိုင်လည်းတဲ့
အပိုအလို ဘယ်လောက်ဆိုရမလည်းတဲ့
အဲ ပြောတဲ့အတိုင်းဖြတ်ပြီး အတုံးပေးတာပါ

ဘယ်လိုမှ ဝတ်ဆင်ကြွားဝါးလို့မရပါဘူး
တစ်ချို့ ဆို ရင်
လက်ကောက် အဆက်မပါ ဝတ်ကြတယ်
ပျောက်လွယ်ပါတယ်
ရွှေတန်ဖိုးအတိအကျဘဲပေးရတယ်
ရွှေတုံးကိုဖြတ်ပေးတယ် ။
Thant Zaw
====================

စိန်ထည်ကို ဘာလို့ ၁၃ပဲနဲ့လုပ်သလဲ။
အခေါက်ရွှေနဲ့ လုပ်လို့ရသလား။

လုပ်လို့ရပါတယ်။
မလုပ်သင့်ပါ။
အခေါက်က ပျော့လွန်းတော့
စွန်ကုတ်အထိမခံဘူး
အင်္ကျီစသဖြင့် ညိတာထိတာနဲ့
လန်ထွက်တော့ စိန်ပျောက်မစိုးလို့
၁၃ပဲ လုပ်တာ။
၁၃ပဲက ရွှေနည်းတော့
မာတယ်မလား။

အခေါက်ရွှေ စစ်စစ်နဲ့
တကယ်လုပ်ထားမိရင်
ဝတ်တဲ့ခါ အလွန်သတိထားပါ။
စိန်အလုံးကြီးရင် ပိုသတိထားပါ။

အခေါက်ဈေးပေးပြီး
အခေါက်ရွှေရရင် ဘာမှ မဖြစ်ပါဘူး။
အေး အခေါက်ဈေးပေးခဲ့ပြီး
အခေါက်မဟုတ်ပဲ
၁၃/၁၄/၁၅ပဲရည်ပစ္စည်း
ဆိုင်ကလုပ်ပေးရင်တော့
ဂျင်းထဲ့ခံရပြီပေါ့။

Credit.......​ပေးပါတယ်​✔

21/09/2017

YGNအောင်မင်္ဂလာ ကားဝင်းမှ
ကားဂိတ်ဖုန်းနံပါတ်များ
★ ★ ★ ★ ★ ★ ★ ★ ★ ★
တချိန်ချိန်မှာ လိုအပ်လာလိမ့်မယ် Share ထားပါ

🚘 KKP
📞09 43073704,09 43163085

🚘 ကနောင်မင်းသား
📞01 637023

🚘ကောင်းမြတ်မန်း
📞09 252426131

🚘​ကောင်းသစ်​စံ
📞09 260108969

🚘 ကြံတိုင်းအောင်
📞09 8620403

🚘 ကြယ်စင်မိုး
📞09 43141024

🚘 ကြယ်စင်ဟိန်း
📞09 73077206

🚘 ခိုင်မန္တလေး
📞09 47074608

🚘 GI Group
📞09 73626666

🚘 JJ
📞09 73123571

🚘 ဂန္တဝင်
📞09 6300616

🚘 ဂျပီတာ
📞09 43067786

🚘 GEC
📞09 5408428

🚘 ငမိုးရိပ်
📞09 43121470

🚘ငွေကမ္ဘာ
📞09 8622406

🚘ငွေနှင်းမန္တလာ
📞09 425327051

🚘 စိုးမိုးအောင်
📞09 5029399

🚘စေတမာန်
📞09 421167744

🚘 စိန်ဌေးလှိုင်
📞09 73024152

🚘 စိန်ကမ္ဘာ
📞09 73207959

🚘 စည်းစိမ်ရှင်
📞09 73188206

🚘 ဆင်ပေါင်ဝဲ ဒဂုံ
📞09 73091112

🚘 ဇာနည်ဘွား
📞09 73007244

🚘ဇေယျာရွှေပြည်
📞09 797734633

🚘တလမွန်
📞09 73065404

🚘တိုးရတနာ
📞09 8522358

🚘တနသာၤရီ
📞09 73042805

🚘တက်လမ်း
📞09 73012351

🚘တော်ဝင်
📞09 428320624

🚘တောင်ပေါ်သား
📞09 73244554

🚘တောင်ပြာတန်း
📞09 420203040

🚘တင့်တိုင်းအောင်
📞09 47605700

🚘ထိပ်တန်း
📞09 40152394

🚘ထွန်းတောက်အောင်
📞09 73241793

🚘ထွန်းဧရာ
📞09 5199161

🚘ထက်ဦး
📞09-420780382

🚘ဓူဝံ
📞09-49305349

🚘နဒီဧရာ
📞09-6560246

🚘နယူးမန္တလာထွန်း
📞01-701772

🚘နယူးရွှေမြင့်မိုရ်
📞09-420043472

🚘နယူးရွှေလီ
📞09-73199183

🚘နယူးဧရာ
📞09-5337501

🚘နယူးအောင်ကျော်မိုး
📞09-253359255

🚘နန်းထိုက်တော်ဝင်
📞09-73187967

🚘နန်းထိုက်စံ
📞 09-73024282

🚘နေကြာ
📞09-261308582

🚘ပဒုမ္မာ
📞09-49260374

🚘ပုသိမ်သူ
📞01-579655

🚘ပုဂံမင်းသား
📞09-5158650

🚘နေကြယ်မင်း
📞09-73130305

🚘ပုပ္ပါး ဒဂုံ
📞09-5081011

🚘ပြည့်ဖြိုးအောင်
📞 09-8601651

🚘ပြည့်အားမာန်
📞09-43064247

🚘ပွင့်သစ်စရတနာ
📞09-8730816

🚘ပန်းတိုင်
📞09-43026334

🚘ပန်းရဂုံ
📞09-425017212

🚘ဘဝသစ်
📞09-450038850

🚘ဘုန်းမြတ်ပိုင်
📞09-43444443

🚘Boss
📞09-250428827

🚘မဟာ
📞09-73024558

🚘မိဘဂုဏ်
📞09-8730757

🚘မိဟာရ
📞09-8703359

🚘မိုးကောင်းကင်
📞09-73208028

🚘မိုးထက်အာကာ
📞09-49571414

🚘မိုးသောက်ရောင်နီ
📞09-5343570

🚘မိုးရစ်
📞09-254178808

🚘မင်းထက်သာ
📞09-73243028

🚘မင်းမကိုဋ်
📞09-428017736

🚘မင်းလက်ဝါး
📞09-7929729800

🚘မင်းသန့်ဇော်
📞09-49214214

🚘မင်းသစ္စာ
📞09-421152811

🚘မန်းရာဇာ
📞09-73152527

🚘မန်းရွှေပြည်
📞09-2018902

🚘မန်းသစ္စာ
📞09-73070788

🚘မာန်သစ္စာ
📞09-43200675

🚘မျိုးဆက်သစ်
📞09-5017129

🚘မန္တလာမင်း
📞09-73231000

🚘မြရတနာ
📞09-5027271

🚘မြသရဖူ
📞09-401575088

🚘မြတ်မန္တလာထွန်း
📞09-2050907

🚘မြတ်သစ္စာ
📞09-421172179

🚘မြတ်ရတနာ
📞0949440334

🚘မြတ်သာမည
📞09-5015953

🚘မြို့သစ် ဒဂုံ
📞09-73019915

🚘မေတ္တာလှိုင်း
📞09-250234065

🚘ယူနီဗာဆယ်
📞09-73105032

🚘ရာဇာထွန်း
📞09-73078900

🚘ရာဇာအောင်
📞09-6505430

🚘ရဲသူအောင်
📞09-73242561

🚘ရဲအောင်လံ
📞09-49579190

🚘Yoma
📞09-262474624

🚘ရိုးမသစ္စာ
📞09-5192463

🚘ရောင်နီထွန်း
📞09-73208156

🚘ရိုးရိုးလေး
📞09-73249917

🚘ရန်ကြီးအောင်
📞09-73013761

🚘ရွှင်လန်း
📞09-73147309

🚘ရွှေကယား
📞09-8611121

🚘ရွှေကံ့ကော်
📞09-43024943

🚘ရွှေကိန္နရီ
📞09-450539327

🚘ရွှေကျောက်မဲ
📞09-250816772

🚘ရွှေခရီး
📞09-421166285

🚘ရွှေခြင်္သေ့
📞09-49282300

🚘ရွှေစင်စင်္ကြာ
📞09-73225481

🚘ရွှေတံခါး
📞09-49451459

🚘ရွှေတံခွန်
📞09-260071002

🚘ရွှေတောင်ရိုး
📞09-32020444,09-73113000

🚘ရွှေတွင်းကြီး
📞09-972310555

🚘ရွှေထားဝယ်
📞09-73044964

🚘ရွှေနဒီ
📞09-260368687

🚘ရွှေနတ်တောင်
📞09-73062503

🚘ရွှေနန်းတော်
📞09-420011124

🚘ရွှေနန်းထိုက်
📞09-421127262

🚘ရွှေပုလဲသီး
📞09-49810061

🚘ရွှေပြည်ရခိုင်
📞09-731041001

🚘ရွှေပြည်သစ်
📞09-8522383

🚘ရွှေပွင့်ဖြူ
📞09-73006819

🚘ရွှေဖားစည်
📞09-420123522

🚘ရွှေမန္တလာ
📞09-2228735

🚘ရွှေမေတ္တာ
📞09-73900816

🚘ရွှေမန်းသူ
📞01-636738

🚘ရွှေမြို့တော်
📞09-73256436

🚘ရွှေမြန်မာ
📞09-73760033

🚘ရွှေမြင်းပျံ
📞09-7314578

🚘ရွှေရာဇာ
📞09-49402833

🚘ရွှေလားရှိုး
📞09-73146467

🚘ရွှေလီဦး
📞09-51788883

🚘ရွှေလီရတနာ
📞09-5029854

🚘ရွှေလွန်းပျံ
📞09-425290492

🚘ရွှေဝယ်ရတနာ
📞09-250522150

🚘ရွှေရတနာ
📞09-26288321

🚘ရွှေဝယ်မင်း
📞09-253790731

🚘ရွှေဝယ်သူ
📞09-5167267

🚘ရွှေသလ္လာ
📞09-6818290

🚘ရွှေသရက်
📞09-5310737

🚘ရွှေအောင်လံ
📞09-8513179

🚘လင်းထက်ကြယ်
📞09-401672583

🚘လပ်ကီးစတား
📞09-250769922

🚘လုဗ္ဗနီ
📞09-8629809

🚘ဝင်း
📞09-73207073

🚘လင်းယုန်မင်း
📞09-73247043

🚘ဝင်းရတနာ
📞09-8651793

🚘သီဟမင်း
📞09-8703926

🚘သုနြေ္ဒ
📞09-49285557

🚘သိဒ္ဓိအောင်
📞09-421719862

🚘သစ္စာဦး
📞09-420032213

🚘သိန်းသန်းကျော်
📞09-420041345

Address

Paungde

Website

Alerts

Be the first to know and let us send you an email when အထွေထွေဗဟုသုတ ဟင်းပေါင်းအိုးကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram