KH Dahhma Darna

KH Dahhma Darna Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KH Dahhma Darna, Meditation Center, Pyawbwe.

အရဟံ အစရှိသော ဂုဏ်တော် (၉)ပါးနှင့်ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်အား မာန်ညွှတ်ကျိုး၍ ရှိခိုးဦးခိုက်ပါ၏ အရှင့်မြတ...
22/05/2024

အရဟံ အစရှိသော ဂုဏ်တော် (၉)ပါးနှင့်ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်အား မာန်ညွှတ်ကျိုး၍ ရှိခိုးဦးခိုက်ပါ၏
အရှင့်မြတ်ဘုရား🙏🙏🙏🙏

အခုမှတရားစထိုင်မယ်ဆိုရင်...🪷🪷🪷တချို့က တရားထိုင်ချင်တယ်။ဒါပေမဲ့ ဝင်လေထွက်လေ မှတ်ရတာ အဆင်မပြေဘူး၊ စိတ်ပျံ့လွင့်မှု များနေတ...
20/05/2024

အခုမှတရားစထိုင်မယ်ဆိုရင်...🪷🪷🪷

တချို့က တရားထိုင်ချင်တယ်။ဒါပေမဲ့ ဝင်လေထွက်လေ မှတ်ရတာ အဆင်မပြေဘူး၊ စိတ်ပျံ့လွင့်မှု များနေတယ်။
ဒါ့ကြောင့် ဝင်လေထွက်လေ မှတ်နည်းလေး ဝေမျှပေးပါမယ်။
ဝင်လေထွက်လေ မှတ်ရင်း စိတ်ပျံ့လွင့်တယ်ဆိုရင် ပျံ့လွင့်ပါစေ၊ အတွေး
တွေကို မထိန်းချုပ်ပါနဲ့ ဘာတွေ တွေးနေလဲဆိုတာ စိတ်က လိုက်သိနေပါ။
မထိန်းချုပ်နဲ့ဆိုတာ တမင်တွေးနေဖို့ မဟုတ်ပါဘူး။
ဝင်လေထွက်လေ မှတ်ရင်း ပျံ့လွင့်သွားတာကို စိတ်က သိဖို့ဖြစ်ပါတယ်။
မထိန်းနဲ့ဆိုတာ ပျံ့လွင့်တဲ့အရှိန်ကို မထိန်းဘဲ လိုက်သိနေပါ။ အရှိန်
လျော့လာရင် ဝင်လေထွက်လေဆီ ပြန်လာ။
အစပိုင်းမှာ ပျံ့လွင့်တဲ့ အတွေးတွေ ရှည်ပါလိမ့်မယ်။ သတိကပ်ရင်း
ပြန်လာရင်း တဖြည်းဖြည်း တိုလာပါလိမ့်မယ်။
မှတ်လို့လွယ်တဲ့ နည်းကတော့ ဝင်လေ ထွက်လေ (၁) ဝင်လေထွက်လေ(၂) ဆိုပြီး ရေတွက်ရတဲ့နည်းပါ။ ဂဏနာနည်းလို့ ခေါ်ပါတယ်။

ကန္နီဆရာတော်ရဲ့နည်းကို မျှဝေပေးပါမယ်။ဤနည်းဟာအဈာန်အဘိဉာဉ်ရသလိုနီးပါးမှတ်အားကောင်းရင်ကောင်းသလိုအကြားအမြင်ထိပါပေါက်ရောက်တယ်လို့ဆိုပါတယ်။

မှတ်နည်းကတော့ ဝင်လေ ထွက်လေ (၁) ကနေ ဝင်လေထွက်လေ (၈)
အထိမှတ်။ (၈)အထိရောက်ရင် *တစ်ဝါရ*လို့ခေါ်ပါတယ်။ လက်တစ်ချောင်းချိုးပြီးမှတ်ပါ။ နောက်တစ်ခါ တစ်ကနေ (၈)အထိမှတ်။ ထိုအတိုင်း(၁ဝ) ဝါရမှတ်ပြီးရင် ညာဘက်လက်ကောက်ဝတ်ကို စိတ်နဲ့ ပို့ပြီး၊နောက်တစ်ခါ ၁ဝ ဝါရ မှတ်။ ညာဘက် တံတောင်ဆစ်။နောက်တစ်ခါ… ညာဘက် ပခုံး။ညာဘက် နားရွက်။
ညာဘက် ချိုစောင်း။...
ဒီမှာ ရပ်မယ်ဆို ရပ်လို့ရပါတယ်။
ဆက်မှတ်မယ်ဆို ဘယ်ဘက် ချိုစောင်း၊ ဘယ်ဘက် နားရွက်၊ ဘယ်ဘက်
ဘယ်ဘက် တံတောင်ဆစ်၊ ဘယ်ဘက် လက်ကောက်ဝတ်မှာ ဆုံးပါမယ်။ဝင်လေထွက်လေ ၈ အထိကို ၁ဝ ခါမှတ်ပြီး၊ အစိတ်အပိုင်းတစ်ခုစီမှာ တင်သွားတာဖြစ်ပါတယ်။
လက်ချိုးပြီး မမှတ်ချင်ဘူးဆိုရင် စမှတ်ကတည်းက လက်ကောက်ဝတ်ကို
အာရုံစိုက်ပြီး စိတ်နဲ့ပဲ မှတ်လို့ရပါတယ်။ ပြီးရင် တံတောင်ဆစ်... ဆက်မှတ်သွားပါမယ်။ မှားသွားရင် အစက ပြန်မှတ်ပါ။ ဥပမာ တံတောင်ဆစ်မှာ မှားသွားရင်တံတောင်ဆစ်ကို အစက ပြန်မှတ်ပါ။
နောက်တစ်နည်းကတော့ ဝင်လေထွက်လေ (၁)ကနေ ဝင်လေထွက်လေ(၈) အထိ မှတ်ပါ။ (၈) ရောက်ပြီဆို (၁) လို့ သတ်မှတ်ရမယ်။ အဲလိုမျိုး (၂၅)ကြိမ်မှတ်ရမယ်။ မှတ်နည်းတွေ အားလုံးမှာ ဝင်လေထွက်လေကို အပြတ်အလပ် မရှိပါစေနဲ့။ အကန့်တွေကို စိတ်နဲ့ပဲ လိုက်မှတ်ရပါတယ်။ တစ်ကန့် တစ်ကန့်မှာ နားထားတာမျိုး မလုပ်ရပါဘူး။
ဒီနည်းကတော့ တရားထိုင်နေကျ ဆရာ့ဆရာတွေအတွက် အသုံးဝင်ချင်မှ
ဝင်မယ်။ ခုမှ စထိုင်မယ့်လူတွေ၊ တရားထိုင်ရတာ အဆင်မပြေတဲ့ လူတွေအတွက်တော့ အသုံးဝင်တဲ့နည်း ဖြစ်လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။🌿🌿

#စိတ်ဝိညာဉ်အပိုင်းအစများ
#ဣစ္ဆာသယစိုင်းနောင်

မေတ္တာပို့စဉ် စိတ်ထားနည်း ”🪷🪷🪷🪷🪷🪷🪷🪷🪷(၁)။ မေတ္တာမပွားပို့မီ မိမိတစ်ကိုယ်လုံး သန့်စင်သွားစေရန်ဦးစွာသီလဖြင့် ဆေးကြောပါ။(ငါး...
30/04/2024

မေတ္တာပို့စဉ် စိတ်ထားနည်း ”
🪷🪷🪷🪷🪷🪷🪷🪷🪷

(၁)။ မေတ္တာမပွားပို့မီ မိမိတစ်ကိုယ်လုံး သန့်စင်သွားစေရန်
ဦးစွာသီလဖြင့် ဆေးကြောပါ။(ငါးပါးသီလ၊ရှစ်ပါးသီလခံယူပါ)။
ပို့လွှတ်ရာ၌ ပို၍ အင်အားကြီးအားစေရန် ဂုဏ်တော်များကို
ပွားများကာ တစ်ကိုယ်လုံး မွှမ်းထုံ ထားရမည်။

(၂)။မေတ္တာ၏ သဘောအဓိပ္ပါယ်ကို ကျေညက်အောင်
လေ့လာ၍ မေတ္တာအင်အားကို အကြွင်းမဲ့ ယုံကြည်ရမည်။

(၃)။ အသက်ထင်ရှား ကျေးဇူးများ၍ လေးစားထိုက်သော
ဆရာသမား ဘိုးဘွားမိဘနှင့် သာသနာ့အကျိုး ၊
သတ္တဝါ အကျိုးတို့ကို ဆောင်ရွက်တော်မူကြသော
ဆရာတော်ကြီးများ ၊ အရိယာသူတော်ကောင်းကြီးများအား
အနည်းဆုံး ၊ဆယ်ဦးခန့် သီးသန့်ရွေးချယ်၍ ဦးစွာပို့သရမည်။

(၄)။ပြီးလျှင် တိုင်းပြည် မြို့ရွာ အကြီးအကဲများနှင့်
အရပ်ဆယ်မျက်နှာရှိ သတ္တဝါများကို မေတ္တာပို့လွှတ်ရမည်။

(၅)။ သတ္တဝါအများ ကောင်းစားချမ်းသာစေလိုသော
မိမိပို့လွှတ်သည့် မေတ္တာလှိုင်းများ မိမိပို့လွှတ်ရာသို့
အမှန်တကယ် ရောက်ရှိသွားပြီ၊
မေတ္တာခံသူများ အမှန်တကယ် ချမ်းသာနေကြပြီဟု
စိတ်ထဲကယုံကြည်ထင်မှတ် နေရမည်။
မေတ္တာခံသူထံ မိမိမေတ္တာရောက်ကြောင်း သင်ကိုယ်တိုင်
သိလာပါလိမ့်မည်။

(၆)။ ငါသည် တစ်လောကလုံး ငြိမ်းချမ်းသာယာရေးအတွက်
၆၄ ကမ္ဘာတိုင်တိုင် အာနိသင်အား မကုန်ဆုံး နိုင်အောင်
အင်အားကြီးမားသော အကောင်းဆုံး ၊အမြတ်ဆုံး
ကုသိုလ်ကြီးကို လုပ်နေသူဖြစ်သည် ဟု ဝမ်းမြောက်ကာ
အသက်မှန်မှန်ရှူ သက်သာသော အနေအထားဖြင့်
အဆက်မပြတ် ပို့လွှတ်ရမည်။

(၇)။ကိစ္စတစ်စုံ တစ်ရာ ဆောင်ရွက်ရန်ရှိသောအခါ
သွားမည့် နေရာ သွားကိစ္စနှင့်စပ်သမျှ
တစ်ဦးချင်း မြင်အောင် ကြည့်ပြီး
“ချမ်းသာပါစေ”ဟု မေတ္တာအအေးဓာတ်များကို
ကြိုတင်ပို့လွှတ်ထားရမည်။သတ္တဝါတစ်စုံတစ်ဦးနှင့်
ကြုံတွေ့ရာ၌လဲ အလျင်ဦးအောင် မိမိက
စတင်မေတ္တာပို့ပေးပါ။
(သို့သော် မိမိအကျိုးရမှု ၊မိမိအားအနှောင့်အယှက်
မပေးစေလိုမှုများ အလျှင်းမပါရှိစေရ။
ထိုသူများ ချမ်းသာကောင်းစားစေချင်သည့်
စိတ်ကိုသာ ဖြစ်ပွားနေစေရမည်။)

(၈)။တတ်နိုင်လျှင် မေတ္တာခံယူသူ တည်ငြိမ်အေးဆေးစွာ
နေချိန်မျိုး( ဥပမာ- ညအိပ်နေချိန်မျိုးမှာ) ပို့လွှတ်ရမည်။
(သို့ရာတွင် အိပ်မွေ့ချသကဲ့သို့ အမိန့်ပေးခြင်း ၊
စုံစမ်း စမ်းသပ်ခြင်းမျိုး မဖြစ်စေရ)။
လိုအပ်လျှင် နိမိတ်ထင်လွယ်အောင် ထိုသူ၏
တစ်ကိုယ်လုံးပေါ် ဓာတ်ပုံကို အသုံးပြုနိုင်သည်။

(၉)။မေတ္တာခံယူသူကို မိမိအနီးအပါး၌ မျက်နှာချင်းဆိုင်
ထိုင်လာနေသကဲ့သို့ စိတ်ညွှတ်ယူ၍ ထိုသူ၏
မျက်စိ ၊မျက်နှာ၊ ပုံပန်းသဏ္ဍာန်ကို ဓာတ်ပုံရိုက်သကဲ့သို့
ခြေဆုံးခေါင်းဆုံး ကွက်ကွက်ကွင်းကွင်း ထင်အောင်မြင်အောင်
ကြည့်ပြီး အထပ်ထပ်ပွားပို့ရမည်။

[မှတ်ချက်။ ။ “အရှင်ပညာစက္က”၏ ပရိတ်တော်၊
ဂါထာတော်များ စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒပြည့်ဝကြပါစေ။]

ဣစ္ဆာသယစိုင်းနောင်🪷

27/04/2024

ပစ္စေဂဗုဒ္ဓါ တွေဘာကြောင့် တရား မဟောပြောနိုင်ကြတာလဲ ❓

🙏🙏🙏🙏
09/06/2022

🙏🙏🙏🙏

သာသနာအတွက် အခက်အခဲတွေကြားက အပင်ပန်းခံလျက် ကြိုးစားကြရသည့် ဤစေတနာသည် ဘဝအခက်အခဲ သံသရာအခက်အခဲမှ လွန်မြောက်နိုင်စေ မေတ္တာဝေလျက်။ ဒကာ ဆရာ ညီညွတ်စွာဖြင့် ကိုယ်ကျိုးမဖက် ဘုရားသာသနာအတွက်။

Address

Pyawbwe
05211

Alerts

Be the first to know and let us send you an email when KH Dahhma Darna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram