Htet WaiYan Kyaw

Htet WaiYan Kyaw Tarot Reader & Occultism🔮

ရုက္ခစိုးထံမှ အကူအညီရစေသော ဂါထာ“ ဥုံ ဘယ ပတ္တံ ယာဝဇီဝံ မရဏံ သိန္ဒေဟံ အာဂစ္ဆန္တုဧဟိ ဧဟိ သွာဟယ်ယျကပ် ၊ သက္ကော ဒေဝါ ရာဇာ သွာ...
28/03/2026

ရုက္ခစိုးထံမှ အကူအညီရစေသော ဂါထာ

“ ဥုံ ဘယ ပတ္တံ ယာဝဇီဝံ မရဏံ သိန္ဒေဟံ အာဂစ္ဆန္တု

ဧဟိ ဧဟိ သွာဟယ်ယျကပ် ၊ သက္ကော ဒေဝါ ရာဇာ သွာဟ ”

ရုက္ခစိုးနတ်မင်းထံမှ အရေးအကြောင်း အကူအညီ ရယူချင်သောအခါ ပန်းကန်ပြားတစ်ချပ်တွင် ကွမ်း ၉ ယာ ထည့်၍ အထက်ပါမန္တာန်အား ၃၇ ခေါက် ရွတ်ဖတ် ပူဇော် ပြီး ရုက္ခစိုးထံ ဆက်သပါ။ပြီး ရုက္ခစိုးထံ ဆက်သပါ။

မိမိ အလိုရှိသော ပစ္စည်းများ ၊ လာဘ်လာဘများ ရောက်လာတတ်စေ၏ ။ တစ်ရွာ တစ်နယ်သို့ သွားပြီး အရေးအကြောင်းကြုံလာပါက အထက်ပါနည်းအတိုင်းတင်၍
“ တိုက်တွန်း၍ တစ်ရွာလုံး နှိုးဆော်ပါ ” ဟု ဆုတောင်းပါ။ ဆု‌တောင်းတိုင်း ပြည့်စုံနိုင်သည်။ ဉာဏ်ရှိသလို သုံးပါလေ။

အဆောင် ၊ ဆေးတော်မှာယူထားမှုမိမိတို့ရဲ့လိုအပ်ရာရာကိစ္စအဝဝကိုတိုင်ပင်ဆွေးနွေးနိူင်ပါတယ်ခင်ဗျ
27/03/2026

အဆောင် ၊ ဆေးတော်မှာယူထားမှု

မိမိတို့ရဲ့လိုအပ်ရာရာကိစ္စအဝဝကိုတိုင်ပင်ဆွေးနွေးနိူင်ပါတယ်ခင်ဗျ

ခုလိုလေးအဆင်ပြေသံကြားရတာဝမ်းသာပါတယ်ဗျာ
27/03/2026

ခုလိုလေးအဆင်ပြေသံကြားရတာဝမ်းသာပါတယ်ဗျာ

27/03/2026

အရေးပေါ်အခြေအနေကိစ္စရပ်များအတွက် အနောက်တိုင်းငွေကြေးယတြာ

လူနေမှုဘဝမှာ တခါတရံအရေးပေါ်ငွေကြေးကိစ္စအခက်အခဲလေးတွေပေါ်လာစမြဲပါ။ထိုကဲ့သို့အခက်အခဲများပြေလည်စေဖို့ရာ ပြုလုပ်ရမယ့်အရေးပေါ်ငွေကြေးယတြာလေးကိုတင်ပြလိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများအနေနဲ့ကတော့ အစိမ်းရောင်ဖယောင်းတိုင်တတိုင်
လတ်တလောခူးလိုက်သော အစိမ်း‌ ရောင်သစ်ရွက်တရွက်
ဆော့ပင်တချောင်းတို့ပဲဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းလေးတွေရပြီဆိုရင် အစိမ်းရောင်သစ်ရွက်ပေါ်မှာ ဆော့ပင်ဖြင့် မိမိနှင့်ထိုက်သင့်သော ၊ ရနိုင်သော ငွေကြေးပမာဏကိုရေးရပါမယ်။ အစီအရင်ပြုလုပ်တဲ့နေရာကတော့ သန့်ပြန့်တဲ့နေရာ ၊ ငွေကြေးထားရာနေရာလေးတွေမှာပြုလုပ်နိူင်ပါတယ်။
ထိုသစ်ရွက်ကလေးကို ပန်ကန်တခုမှာကပ်ပြီး ဖယောင်းတိုင်မီးထွန်းညှိပါ။ မိမိလိုချင်တဲ့ငွေကြေးအမြန်ရလိုကြောင်းဆုတောင်းပါ။ အမှန်တကယ်လည်း မိမိလက်ထဲငွေကြေးရရှိနေပုံကိုအာရုံပြုထားရပါမယ်။ ဖယောင်းတိုင်အား တလက်စတည်းအပြီးထွန်းညှိနိုင်သလို နေ့စဉ်လည်းထွန်းပေးလို့ရပါတယ်။ သစ်ရွက်ကလေးကိုမီးမကူးဖို့အရေးကြီးသလို ဖျယာင်းတိုင်မီးငြိမ်းတဲ့အခါ လက်မ ၊ လက်ညှိုးလေးနဲ့ငြိမ်းဖို့လိုအပ်ပါတယ်။ အားလုံးပြီးသွားရင် သစ်ရွက်ကလေးကိုမြေကျင်းတူးပြီး ‌မြှပ်ပေးလိုက်ပါ။ ဒါဟာသဘာဝမိခင်မြေကြီး နဲ့ Universe တို့ရဲ့စွမ်းအားများမှတဆင့် မိမိလိုလားတဲ့ငွေကြေးရအောင်ဆောင်ရွက်နေပြီလို့လဲယုံကြည်လိုက်ပါ။
အရေးပေါ်ငွေကြေးအခက်အခဲများကို ထိုအစီအရင်ကဖြေရှင်းကူညီပေးပါမယ်။လူတိုင်းလုပ်နိုင်ပြီး လွယ်ကူရိုးရှင်းလှပါတယ်။ မိတ်ဆွေတို့အားလုံးငွေကြေးအပူသောကတွေကင်းဝေးကြပါစေ✨✨✨

27/03/2026

ပိုက်ဆံအိတ်အရောင် ရွေးကြရအောင်

🪷မိမိ မြန်မာ မွေးသက္ကရာဇ်ကို တည်ပါ။ (၇) နှင့် စားပါ။ရတဲ့အကြွင်းအတိုင်းအောက်ပါအရောင်များ ရွေးပြီးကိုင်လို့ရပါတယ်။

✨ကိုယ်ကိုင်ဆောင်တဲ့ပိုက်ဆံအိတ်ကို အမွှေးနံ့သာများလည်း မကြာခဏ ဆွတ်ဖြန်းပေးပါ။

🌿ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံကလွဲလို့ စာရွက်အတိုအစတွေ တစ်ရှူးအစုတ်အပြဲတွေ အမှိုက်စတွေရှိမနေအောင် ဂရုစိုက်ပေးရပါမယ်။

" ၀ " ကြွင်းသမားတွေက ပိုက်ဆံအိတ် အဖြူရောင် ကိုင်ဆောင်ပါ။

" ၁ " ကြွင်းသမားတွေက ပိုက်ဆံအိတ် နီညိုရောင် ကိုင်ဆောင်ပါ။

" ၂ " ကြွင်းသမားတွေက ပိုက်ဆံအိတ် အစိမ်းရောင် ကိုင်ဆောင်ပါ။

" ၃ " ကြွင်းသမားတွေက ပိုက်ဆံအိတ် အဝါရောင် ကိုင်ဆောင်ပါ။

" ၄ " ကြွင်းသမားတွေက ပိုက်ဆံအိတ် အပြာရောင် ကိုင်ဆောင်ပါ။

" ၅ " ကြွင်းသမားတွေက ပိုက်ဆံအိတ် အနက်ရောင် ကိုင်ဆောင်ပါ။

" ၆ " ကြွင်းသမားတွေက ပိုက်ဆံအိတ် အနီရောင် ကိုင်ဆောင်ပါ။

Crd:::

✨လာဘ်နှိုးဂါထာ(သို့)လာဘ်ဖွင့်ဂါထာ✨        မိမိမှာ ဝင်စရာရှိတဲ့လာဘ်တွေ မဝင်ဘူး ပိတ်ဆို့နေတယ်စျေးဆိုင်တွေ အရောင်းထိုင်းနေတ...
25/03/2026

✨လာဘ်နှိုးဂါထာ(သို့)လာဘ်ဖွင့်ဂါထာ✨

မိမိမှာ ဝင်စရာရှိတဲ့လာဘ်တွေ မဝင်ဘူး ပိတ်ဆို့နေတယ်
စျေးဆိုင်တွေ အရောင်းထိုင်းနေတယ်
ရစရာရှိတဲ့ငွေတွေကြန့်ကြာနေတယ် ဆိုရင်
အောက်ပါ ဂါထာကို ရွတ်ဖတ်ပူဇော်လိုက်ပါ။
စိတ်အားထက်သန်စွာဖြင့်
ယနေ့ ယခု ဂါထာရွတ်ဆိုပူဇော်ပြီးသည့် အချိန်မှစပြီး
ငါ့တွင် ပိတ်ဆို့နေသော ငွေကြေးလာဘ်လာဘတွေ ပွင့်ပြီ
ဟူ၍ ယုံယုံကြည်ကြည် လေးလေးနက်နက် စိတ်ညွှတ်ပြီး
ရွတ်ဖတ်ပူဇော်ပေးပါ ။

ရှေးဦးစွာ
တနင်္လာ‌နေ့နံနက် ၉း၄၅အချိန်တွင် ဘုရားကျောင်းဆောင်၌
(ငွေပန်း ၁၅ပွင့် (သို့) ကံကော်ပန်း ၁၅ပွင့် (သို့) ကံကော်ညွှန့်
၁၅ညွှန့်) ထိုအညွန့်များမရပါက ကန်စွန်းညွန့် ၁၅ညွန့် ကပ်လှူ၍မိမိအိမ်ရှိဘုရားကျောင်းဆောင်အရှေ့တွင်မိမိအသုံးပြုနေကြ ပိုက်ဆံအိတ်ကိုကိုင်၍ ဤဂါထာဖြင့် ၄၅ ခေါက်တိတိ ရွတ်ဖတ်ပူဇော်ပါ။

ဥုံ သိဒ္ဓိတေဇာ သိဒ္ဓိဝရာ
သိဒ္ဓိဇေယျာ သိဒ္ဓိကမ္မါ
သတ်ထုပူဇာ လာဘဝရာ
သဗ္ဗေပိယာ ဘဝတုမေ ။

🌿အသံထွက်🌿
ဥုံ သိတ်ဓိတေဇာ သိတ်ဓိဝရာ၊ သိတ်ဓိဇေယာ သိတ်ဓိကမ်မာ။
သတ်ထုပူဇာ လာဘဝရာ၊ သပ်ဗေပိယာ ဘဝတုမေ။

အနက်မြန်မာပြန်
✨✨✨✨✨✨
သိဒ္ဓိတေဇာ - တန်ခိုးတော်အနန္တ အတုလသခင် ဘုရားရှင်၏ တေဇသိ ဒ္ဓိ မဟိဒ္ဓိ အစွမ်းကြောင့်လည်းကောင်း၊
သိဒ္ဓိဝရာ - ဉာဏ်တော်အနန္တ အတုလသခင် ဘုရားရှင်၏ ဝရသိဒ္ဓိ
မဟိဒ္ဓိအစွမ်းကြောင့်လည်းကောင်း၊
သိဒ္ဓိဇေယျာ - ဘုန်းတော်အနန္တ အတုလသခင် ဘုရားရှင်၏ ဇေယျသိ ဒ္ဓိ မဟိဒ္ဓိအစွမ်းကြောင့်လည်းကောင်း၊
သိဒ္ဓိကမ္မာ - ကံတော်အနန္တ အတုလသခင် ဘုရားရှင်၏ ကမ္မသိဒ္ဓိ မဟိ ဒ္ဓိ အစွမ်းကြောင့်လည်းကောင်း၊
သတ္ထုပူဇာ - နတ် လူ ဦးခိုက်ပူဇော်ထိုက်သည့် မဟိဒ္ဓိဦးသျှောင် သိဒ္ဓိ ထွဋ်ခေါင်ရှင် ဖြစ်ပေသော ရှင်တော်ဘုရားအား ပူဇော်ရသော သိဒ္ဓိပူဇာ စေတနာ အစွမ်းကြောင့်လည်းကောင်း၊
လာဘဝရာ - အကျွန်ုပ်အား ကြီးစွာကုန်သော လာဘ်တို့သည်
ဘဝန္တု - မကြာမတင် သိဒ္ဓိဝင်၍ အစဉ်ဖြစ်ပါစေကုန်သတည်း၊
သဗ္ဗေ - ခပ်သိမ်းကုန်သော နတ် လူတို့သည်
မံ - အကျွန်ုပ်အပေါ်ကို
ပိယံ - မြင်လျှင်မြင်ခြင်း ကြားကြားခြင်းပင် ချစ်ခင်ခြင်းသည်
ဘဝန္တု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။

ပြီးလျှင် တနင်္လာနံ ဖြစ်သော ငါး ၊ခွေး ၊ကြောင် ၊ကြက် တိရိစ္ဆာန်ငယ်လေးများအား အဟာရ ဒါနပြုပါ။

နေ့စဉ်လည်း နမောတဿ ၃ခေါက်၊သရဏဂုံ တခေါက် ရွတ်ဆိုပြီး မိမိအသုံးပြုနေကျပိုက်ဆံအိတ်ကိုကိုင်၍ လာဘ်နိူးဂါထာ ၂၇ခေါက်ရွတ်ဆိုပြီးမှ လာဘ်ခေါ်ဂါထာ၊ငွေဝင်ငွေပွားဂါထာများရွတ်ပွားပါ။

24/03/2026

၁။ ဧည့်သည်မလာ၊ လာဘ်ပိတ် နေလျှင် ရွတ်ဖတ်ရမည့် "လာဘ်ခေါ်မန္တာန်"

ဆိုင်ဖွင့်တဲ့အခါ ဖောက်သည် မပြတ်စေဖို့ ရှေးလူကြီးတွေ အသုံးပြုတဲ့ မန္တာန်ဖြစ်ပါတယ်။

"ဣတိပိသော ဘဂဝါ၊ သမ္ပန္နော သိရိ၊ လောကဝိဒူ ဝိဇ္ဇာ စရဏ သမ္ပန္နော။"

အသုံးပြုပုံ - နံနက်ဆိုင်ဖွင့် ချိန်တွင် ရေမွှေး (သို့မဟုတ်) ရေကြည်ကို ခွက်တစ်ခုထဲထည့်၍ ဤမန္တာန်ဖြင့် (၃၇) ခေါက် ရွတ်ဖတ်ပြီး ဆိုင်ရှေ့နှင့် ဆိုင် အတွင်း ပက်ဖြန်းပါ။

အကျိုး - ပိတ်နေသော လာဘ်လာဘများ ပွင့်လာပြီး ဖောက်သည်အသစ်များ အဆက်မပြတ် ဝင်လာပါ လိမ့်မည်။

၂။ ရန်သူ၊ အတိုက်အခံနှင့် ဘေးရန်ကင်းစေသော
"နရသိင်္ဃ" မန္တာန်

စီးပွားရေးလုပ်ပြီဆိုမှတော့ မ နာလိုသူ၊ တိုက်ခိုက်သူ ရှိတတ် ပါတယ်။ ဒါကို ကာကွယ်ဖို့ ရှေးဟောင်း မန္တာန်ဖြစ်ပါတယ်။

"နရသိင်္ဘော၊ မဟာတေဇော၊ ဇေယျတု သဗ္ဗမင်္ဂလံ။"

အသုံးပြုပုံ - နေ့စဉ် မျက်နှာသစ် သောအခါ ရေကို ဤမန္တာန်ဖြင့် (၇) ခေါက် မန်းမှုတ်၍ သစ်ပါ။

အကျိုး - ရန်သူများ မိမိအား မ တိုက်ခိုက်နိုင်ဘဲ ဘေးရန်အားလုံးရန်အားလုံး မိမိရှေ့တွင် ပျောက်ကွယ်သွားပါ လိမ့်မည်။သင့်မျက်နှာကို ကြည့်သူတိုင်း ခန့်ညားကြောက်ရွံ့ခြင်း (ဩဇာရှိခြင်း) ဖြစ်စေပါတယ်။

၃။ စီးပွားရေးတွင် အကျပ်အတည်းဖြစ်လျှင် သုံး သည့် "ဥပဒေပိတ်" မန္တာန်

အကြွေးကိစ္စတွေ၊ အမှုအခင်းကိစ္စ တွေ သို့မဟုတ် စီးပွားရေးမှာ အကျပ်ရိုက်နေတဲ့အခါ သုံးရတဲ့ ရှေးဟောင်း လျှို့ဝှက်မန္တန်

"သောတ္ထိနော၊ သဗ္ဗဒါ၊ ဟောန္တု၊ ဇယမင်္ဂလာ"

အသုံးပြုပုံ - ညအိပ်ရာဝင်ခါနီး တွင် ပုတီး (၁) ပတ် စိပ်ပါ။ စိပ် နေစဉ်အတွင်း မိမိဖြစ်ချင်သော ဆုတောင်း (ဥပမာ - အကြွေးကြေ ပါစေ၊ လုပ်ငန်းအောင်မြင်ပါစေ) ကို အာရုံပြုပါ။

* အကျိုး - မထင်မှတ်ထားသော နေရာများမှ အကူအညီများ ရရှိလာပြီးအကျပ် အတည်းများ ပြေလည်သွားပါလိမ့်မည်။

⚜️အထူးသတိပေးချက်

ဒီရှေးဟောင်း မန္တာန်တော်တွေ ကို အသုံးပြုတဲ့အခါ "ကိုယ် ကျင့်သီလ" ကို အတတ်နိုင် ဆုံး ထိန်းသိမ်းပါ။ အထူးသဖြင့် "လိမ်လည်ပြောဆိုခြင်း" ကို ရှောင်ကြဉ်ရင် ဒီမန္တာန်တွေ က သင့်အတွက် ပိုမိုမြန်ဆန်စွာ အစွမ်းပြပါလိမ့်မယ်။

Crd:::

22/03/2026
22/03/2026

သတ္တမမြောက်ကျော်အောင်စံထားဆရာတော်ရှင်ဝါယာမာဘိဝံသ ၏ ဂါထာမန္တန်ကျမ်းလာ သူရဿတီဆုတောင်း မန္တန်
✨✨✨✨✨✨✨✨✨✨✨

ဥုံ သူရဿတီ ဒေဝီသညာ မိမာတာ

ဖြူပြာသန့်သန့် ရွှေကြာနံ့သို့

မိမြတ် အမျိုး ကျမ်းဂန်စိုးသည်

စုံမျိုးပညာ စည်းစိမ်ဥစ္စာ စောင်မပါလော့

သိပ္ပံ ဓနံ မာတာ ဒေဝီ နတ်မအေ

ဥုံ သူရဿတီ စန္ဒီမည်သီး နတ်သမီး

(သားကြီး၊သမီးကြီး) ကျွန်ုပ်ကခေါ်သည်တကား

ဥုံ မယ်ဖွားမိခင် ကျွန်ုပ်ထိပ်တွင် ကျွန်ုပ်ခေါ်ထွေ မအေမွေးသူ မိမျက်ဖြူနွဲ့ လာပါခဲ့

ဟို ပုဗ္ဗေ ရှေးဘဝက မာတာဘူတပုဗ္ဗမယ်တော်ဖြစ်ခဲ့ဖူးသော သူရဿတီ နတ်သမီး

ကျွန်ုပ်အား ကပ်လျက်မသွေ တည်နေမြဲရှု အောင်ဆုကို ပေးစေသော်

၎င်းမန္တန်ကို နံနက်အိပ်ရာထ (၉)ခေါက်၊ ညဉ့်အိပ်ရာဝင် (၉)ခေါက်ရွတ်ဖတ်ပါလေ။

⚜️အကြံအစည်အားလုံးအောင်မြင်ကာ (၇)ရက် သားသမီးတို့ ချစ်မြတ်နိုးလိမ့်မည်။

⚜️အမှုအခင်းပြိုင်ဆိုင်လျှင် ရုံးမင်း၏မျက်နှာကိုလည်းကောင်း၊ တစ်ဘက်ကသက်သေ၏ မျက်နှာကိုလည်းကောင်း စေ့စေ့ကြည့်ပြီး အချိန်ရသမျှရွတ်ဖတ်ပါလေ။
ကိုယ်ကအောင်မြင်ချည်းသည်ဖြစ်မည် 🌼

19/03/2026

🌸ခက်ခက်ခဲခဲမဟုတ်ဘဲ လွယ်လင့်တကူပြုလုပ်နိုင်သည့်ယတြာလေးများ🌸

✨ကွဲကွာနေသူတွေ၊ တယောက်နဲ့တယောက် စိတ်ခုနေတာတွေအတွက်
ကွာစေ့လေးတွေကို ပန်ကန်ပြားထဲထည့် အလယ်မှာအဝါရောင်ဖယောင်းတိုင်လေးထွန်းပြီး မိမိရှေ့ သင့်တော်ရာနေရာလေးမှာထားကာ ဖြစ်ချင်သောဆန္ဒလေးတွေ၊အမြန်ပြန်လည်ပေါင်းစည်းစေချင်တာလေးတွေစတဲ့ စကားလုံးလေးတွေကို ၁၀မိနစ်လောက်ဆက်တိုက်ပြောဆိုပေးပါ။

✨ရန်အတိုက်အခိုက်များနေတာ၊ကိုယ်က ကောင်းသောအရာတွေမှာအောင်နိုင်ချင်တဲ့အခါ ဘုရားတွေမှာရှိတဲ့ခြင်္သေ့ခြေအစုံရေလောင်းတာ၊ဦးခေါင်းပိုင်းရေလောင်းတာပြုပေးပါခင်ဗျ။

✨မိမိအိမ်မှာလာဘ်တိတ်နေတဲ့အခါ၊အိမ်သူအိမ်သားတွေမစည်းလုံးဘဲရှိနေတဲ့အခါ မိမိယုံကြည်ကိုးကွယ်တဲ့ရဟန္တာအားရည်းစူး၍သော်လည်းကောင်း သို့မဟုတ် မိမိကိုးကွယ်သောဆရာတော်တပါးပါးအား ရေစစ်၊ကွမ်းယာ၊ဆွမ်းခဲဘွယ်တို့ကိုလှုဒါန်းပေးပါ။

💕V-Day မှမဟုတ်ပါဘူး💕
ကိုယ့်ချစ်သူကို ခရမ်းရောင်သစ်ခွပန်းလေးတွေပေးတာ၊အနီရောင် သို့မဟုတ် ပန်းရောင်နှင်းဆီပန်းလေးပေးပြီး သူ့ရဲ့ မျက်ခုံး၂ခုကြားကို ကိုယ့်ရဲ့အနမ်းလေးညင်ညင်သာသာပေးလိုက်ခြင်းက အချစ်တွေတိုးပွားပြီး သူ့ရင်ထဲ "ကိုယ်"အမြဲရှိနေပါလိမ့်မယ်‌နော်။❣️❣️❣️

18/03/2026

✨ဘာပဲရောင်းရောင်း အမြန်ရောင်းထွက်စေလိုလျှင်✨

ဘာပဲရောင်းရောင်း ရောင်းပန်း ဝယ်ပန်း အဆင်ပြေလိုလျှင် တနင်္ဂနွေနံ မှအစပြု၍ စနေနံ အဆုံး မည်သည့် ပစ္စည်းမဆို အောက်ပါအတိုင်း ဓါတ်ရိုက် ဓါတ်ဆင်ပြုလုပ်၍ လျှင်မြန်စွာ ရောင်းချနိုင်ပါကြောင်း ဖော်ပြပေးလိုက်ရပါသည်။

⚜️အိမ်၊ အိုးစသော တနင်္ဂနွေနံပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်

ပြုလုပ်ရမည့်‌နေ့
✨✨✨✨✨✨
တနင်္ဂနွေနေ့

ပြုလုပ်ရမည့်နာရီ
✨✨✨✨✨✨
ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း

ရောင်းမည့် ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး
✨✨✨✨✨✨✨✨
(ဠ)အက္ခရာ

ရောင်းမည့် ပစ္စည်းကို ရိုက်ရမည့် အသား
✨✨✨✨✨✨✨✨✨
သရက်ကိုင်း

ရိုက်ရမည့် အချက်ပေါင်း
✨✨✨✨✨✨✨✨✨
၆-ချက်

မျက်နှာလှည့်ရမည့် အရပ် ✨✨✨✨✨✨✨✨✨
အရှေ့တောင်အရပ်

ဥပမာ သင်သည် အိမ်တစ်လုံးကို အမြန်ရောင်းထွက်ချင်သည် ဆိုပါစို့။ တနင်္ဂနွေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း အိမ်တံခါးပေါ်တွင် (ဠ) အက္ခရာကို ရေးပါ။ ပြီးလျှင် သင်၏ မျက်နှာကို အရှေ့တောင်ဘက်သို့ လှည့်ပါ။ ထို့နောက် ၎င်း (ဠ) အက္ခရာအား သရက်ကိုင်းဖြင့် ၆-ချက်ရိုက်ပါ။ သင်ရောင်းလိုသော အိမ်သည် မြန်ဆန်စွာ တန်ရာတန်ဖိုးငွေဖြင့် ရောင်းထွက် သွားပါလိမ့်မည်။


⚜️ကား၊ခြံစသော တနင်္လာနံ ပစ္စည်းများအမြန် ရောင်းထွက်စေလိုလျှင်

ပြုလုပ်ရမည့်နေ့
တနင်္လာနေ့

ပြုလုပ်ရမည့်နာရီ
နံက် ၉း၀၀ မှ ၁၀း၃၀ အတွင်း

ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး
(န)အက္ခရာ

ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား
တမာကိုင်း

ရိုက်ရမည့်အချက်ပေါင်း
၇-ချက်

မျက်နှာလှည့်ရမည့်အရပ်အနောက်အရပ်

⚜️ဆိုင်၊စက်စသော အင်္ဂါနံ ပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်

ပြုလုပ်ရမည့်နေ့
အင်္ဂါနေ့

ပြုလုပ်ရမည့်နာရီ
နံနံက် ၇း၃၀ မှ ၉း၀၀ အတွင်း

ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး
(အ)အက္ခရာ

ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား
အုန်းညွန့်

ရိုက်ရမည့်အချက်ပေါင်း
၁ ချက်

မျက်နှာလှည့်ရမည့်အရပ်အရှေ့မြောက်အရပ်

⚜️ရွှေ၊လှေ၊လှည်းစသော ဗုဒ္ဓဟူးနံ ပစ္စည်းများ အမြန်ရောင်းထွက်စေလိုလျှင်

ပြုလုပ်ရမည့်နေ့
ဗုဒ္ဓဟူးနေ့

ပြုလုပ်ရမည့်နာရီ
နံက် ၆း၀၀ မှ ရး၃၀ အတွင်း

ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး
(င)အက္ခရာ

ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား
ကတက်

ရိုက်ရမည့်အချက်ပေါင်း ၂-ချက်

မျက်နှာလှည့်ရမည့်အရပ်တောင်အရပ်

⚜️မြေ ၊ မြင်းစသော ကြာသပတေးနံ ပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်

ပြုလုပ်ရမည့်နေ့ကြာသပတေးနေ့

ပြုလုပ်ရမည့်နာရီ
နေ့လည် ၁း၃၀ မှ ၃း၀၀ အတွင်း

ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး
(ည)အက္ခရာ

ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား
ဇီးနှင့် အုန်းတွဲ၍

ရိုက်ရမည့်အချက်ပေါင်း ၃-ချက်

မျက်နှာလှည့်ရမည့်အရပ်အရှေ့အရပ်

⚜️သွပ်၊ သံ ၊သစ် စသော သောကြာနံ ပစ္စည်းများ အမြန်ရောင်းထွက် စေလိုလျှင်

ပြုလုပ်ရမည့်နေ့
သောကြာနေ့

ပြုလုပ်ရမည့်နာရီ
နံနက် ၁၀း၃၀ မှ ၁၂း၀၀ အတွင်း

ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး
(ဝ)အက္ခရာ

ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား
ရင်ခတ်ကိုင်း

ရိုက်ရမည့်အချက်ပေါင်း ၄-ချက်

မျက်နှာလှည့်ရမည့်အရပ်အနောက်တောင်အရပ်

⚜️အထည် ၊ ထီး စသော စနေနံပစ္စည်းများ အမြန်ရောင်းထွက်လိုလျှင်

ပြုလုပ်ရမည့်နေ့
စနေနေ့

ပြုလုပ်ရမည့်နာရီ
မွန်းတည့် ၁၂း၀၀ မှ ၁း၃၀ အတွင်း

ရောင်းမည့်ပစ္စည်းပေါ်တွင် ရေးရမည့်စာလုံး
(မ)အက္ခရာ

ရောင်းမည့်ပစ္စည်းကို ရိုက်ရမည့်အသား
ပင်စိမ်းကိုင်း

ရိုက်ရမည့်အချက်ပေါင်း ၅-ချက်

မျက်နှာလှည့်ရမည့်အရပ်မြောက်အရပ်

လာဘ်လာဘပေါများစေသောဂါထာတပုဒ်ဝေမျှလိုက်ပါတယ်။
17/03/2026

လာဘ်လာဘပေါများစေသောဂါထာတပုဒ်ဝေမျှလိုက်ပါတယ်။

Address

1Street
Pyay

Telephone

+959970650815

Website

Alerts

Be the first to know and let us send you an email when Htet WaiYan Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram