Athlete - Bodybuilding Nutrition

Athlete - Bodybuilding Nutrition Vitamins Supplements

ကြိုက်နှစ်သက်ရာတစ်ဘူးဝယ်ယူပြီး Gym bag တစ်လုံးလက်ဆောင်ယူလိုက်ပါ   gym bag 🎁🎁 #နှစ်ကူးလက်ဆောင်
01/01/2025

ကြိုက်နှစ်သက်ရာတစ်ဘူးဝယ်ယူပြီး
Gym bag တစ်လုံးလက်ဆောင်ယူလိုက်ပါ
gym bag 🎁🎁
#နှစ်ကူးလက်ဆောင်

FS Fat Burner အဆီချနေသူတွေအတွက် Formula 📣L Carnitine Green Coffee Bean PowderL TyrosineCaffeine Green Tea Leaf Extract K...
07/11/2024

FS Fat Burner

အဆီချနေသူတွေအတွက် Formula 📣

L Carnitine
Green Coffee Bean Powder
L Tyrosine
Caffeine
Green Tea Leaf Extract
Kola Nut Extract
Guarana Seed Powder
Cayenne Pepper Powder

တို့ပါဝင်ပါတယ်။ အဆီချနေသူတွေ ၊ ဝိတ်ချနေသူတွေ ၊ ခါး ဗိုက်မှ အဆီများချနေသူတွေ၊ သက်လုံမကောင်းလို့ ကစားအားနဲသူတွေ အတွက် အထူးသင့်လျှော်ပါတယ် ။ 2023 ရဲ့ နောက်ဆုံး Formula အသစ်ကို သုံးထားပေးပါတယ် ။

Raspberry Flavour ရှိပါတယ် 👈

60 serving ကို 💵 160000 Kyats ပါ 👈

အားကစားမလုပ်ခင် မိနစ် ၃၀ ကြိုတင်
ဘူးပါဇွန်းတစ်ဇွန်းကို ရေ 250ml or 300ml ဖြင့်ဖျော်သောက်ပေးပါ

Payment 🏦
K Pay , AYA Pay , KBZ Banking , AYA Banking , Wavemoney , CB Pay များဖြင့်ပေးချေနိုင်ပါတယ် ။🤩

မှာယူလိုပါက👈

09777716287

သို့ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်။❤️

ရန်ကုန် မြို့တွင်း delivery ရှိပါတယ် ကျန်မြို့များကို ကားဂိတ်များမှ တစ်ဆင့်ပို့ဆောင်ပေးပါတယ်။

Muscle ကြီးဖို့အတွက် Protein သောက်မလား Creatine သောက်မလားဆိုရင် ကျွန်တော်ကတော့ Creatine ဘဲ ရွေးချယ်ဖြစ်မှာ Creatine က ဘာ...
04/11/2024

Muscle ကြီးဖို့အတွက် Protein သောက်မလား
Creatine သောက်မလားဆိုရင် ကျွန်တော်ကတော့
Creatine ဘဲ ရွေးချယ်ဖြစ်မှာ
Creatine က ဘာတွေကောင်းလဲဆိုရင်

Weight Gain ဖြစ်ဖို့အတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး result ကိုရရှိစေနိုင်ပါတယ်

ကစားအားကောင်းစေတယ်
သက်လုံကောင်းစေတယ်
ကြွက်သားထုထည်ကြီးစေတယ်
အလေးပိုနိုင်စေတယ်
အမောခံနိုင်မယ်

အကောင်းဆုံး fomular ဖြင့်ထုတ်လုပ်ထားတဲ့
5 Type of Creatine ဖြစ်ပါတယ်
Micronized Creatine Monohydrate
Buffered Creatine Monohydrate
Creatine Phosphate
Creatine Citrate
Tricretine Malate

A-AKG
L- Arginine
Sibrine Ginseng
L citrulline DL Malate
တို့ပါဝင်ပါတယ်

Per serving
Creatine 4.5G
Sugar 2.2G
Fat 0G
With Lemon Flavour 😋
30 serving
တစ်ဗူးကို 150000 ကျပ်ပါ

မှာယူဆက်သွယ်လိုပါက
chat box (or)09777716287 သို့
ဆက်သွယ်မှာယူနိုင်ပါတယ်

ရန်ကုန် မန်းန္တလေး ပြည် cash on deli ရပါတယ်

အဆီမတက်ချင်ဘူး ကျစ်ကျစ်လစ်လစ်နဲ့Muscle gain ချင်တဲ့သူတွေ အတွက် Fit Sport Sport Signature series 100% Isolate Whey 100% P...
02/11/2024

အဆီမတက်ချင်ဘူး ကျစ်ကျစ်လစ်လစ်နဲ့
Muscle gain ချင်တဲ့သူတွေ အတွက်
Fit Sport Sport Signature series
100% Isolate Whey

100% Pure Isolate whey ကိုသုံးထားပြီး sugar
လုံးဝမပါဝင်တဲ့အတွက်

အဆီချနေသူတွေ
ကြွက်သားကြီးထွားချင်သူတွေအတွက်
လုံလောက်တဲ့ protein ပမာနာ

ကြွက်သားများတင်းရင်းလှပစေပြီး
ပျက်စီးသွားတဲ့ ကြွက်သားများကို အလျှင်အမြန်
ကြီးထွားသန်မာစေပါတယ်

ဝိတ်ချ အဆီကျ ကစားနေသူတွေ
muscle gain အမြန်ဖြစ်ချင်တဲ့သူတွေ အတွက်
အကောင်းဆုံး 100% pure isolate whey ဖြစ်ပါတယ်

Protein 27g
Sugar 0
BCAA 4.2g
Glutamine 4.5g
serving scope - 68

100% pure isolate whey - 490000 ks

Flavour
Coffee
Mix Berry အရသာ ရှိပါတယ်

ဆက်သွယ်မှာယူလိုပါက
chat box( or)09777716287
သို့ဆက်သွယ်မှာယူနိုင်ပါတယ်

ရန်ကုန် မန္တလေး ပြည် cash on deli ရပါတယ်

ခုလက်ရှိ ဘာ Supplements တွေသုံးလဲဆိုရင် Fit Sport Bulk Maxx Gainer တစ်ရက်ကို 2 scopsCreatine 5 g နဲ့ BCAA 10 g  သုံးပါတယ...
03/09/2024

ခုလက်ရှိ ဘာ Supplements တွေသုံးလဲဆိုရင်
Fit Sport Bulk Maxx Gainer တစ်ရက်ကို 2 scops
Creatine 5 g နဲ့ BCAA 10 g သုံးပါတယ်

လိုချင်တဲ့ ညီကိုများ ရှိရင် ကျွန်တော့်ဆီမှာ အားပေးလို့ရပါတယ်ဗျ

ပိန်နေလို့ ခန္တာကိုယ် ကြီးထွားချင်တဲ့သူတွေအတွက်FS Bulk Mass Gainer 💪💪15lb တစ်ပုံးမှာတင်သောက်ရတာမရိုးအောင်Flavors သုံးမျိ...
31/08/2024

ပိန်နေလို့ ခန္တာကိုယ် ကြီးထွားချင်တဲ့သူတွေအတွက်
FS Bulk Mass Gainer 💪💪

15lb တစ်ပုံးမှာတင်သောက်ရတာမရိုးအောင်
Flavors သုံးမျိုး

Milk Chocolate 5lb
Strawberry 5lb
Butter Scotch 5lb
ဆိုပီး ၃ ထုပ်ခွဲထည့်ပေးထားပါတယ်။

ထုတင်လိုသူတွေ
➡️ဝိတ်တက်လိုသူတွေ
➡️အရမ်းပိန်လို့ ဝလိုသူတွေ
➡️ကြွက်သားများ တင်းရင်းလှပလိုသူတွေ
➡️သက်လုံကောင်းလိုသူတွေအတွက်

Gainer တစ်ခုမှာပါဝင်တဲ့ လိုအပ်ချက်တွေ အားလုံး ထည့်ထားပေးပါတယ်

Per serving 👈

Protein 52 G
Calories 1379
Carb 271.25
BCCA 11 g
Gluatamine 8vmg
Vitamins & Minerals
Creatine 8.75 G ပါဝင်ပါတယ် ❤️❤️❤️

➡️ထုတင်လိုသူတွေ
➡️ဝိတ်တက်လိုသူတွေ
➡️အရမ်းပိန်လို့ ဝလိုသူတွေ
➡️ကြွက်သားများ တင်းရင်းလှပလိုသူတွေ
➡️သက်လုံကောင်းလိုသူတွေအတွက်
အထူးသင့်တော်ပါတယ်

15lb ကို 390000 Kyats ပါ (Shaker Gift)
chat box (or) 09777716287 သိူ့ဆက်သွယ် မှာယူနိုင်ပါတယ်။

page ကနေ supplement အ​ရောင်းနားထားပြီးဆေးအရောင်း post တွေဖျက်ထားလိုက်တာpage ကို ပြန် run ပြီး supplements တွေအရင်လိုပြန်...
25/07/2024

page ကနေ supplement အ​ရောင်းနားထား
ပြီးဆေးအရောင်း post တွေဖျက်ထားလိုက်တာ
page ကို ပြန် run ပြီး supplements တွေအရင်လိုပြန်ရောင်းပါမယ်💁‍♂️

ကျွန်တော်ဆီမှာ in stock ရှိတဲ့ Supplements တွေပါ ခင်ဗျာ 🙆‍♂️

    လက်တွေ့ကျကျ ကြွက်သားတက်အောင် ဘယ်လိုစားရမလဲ ???( ကျား၊မ - အကောင်းဆုံး ဝိတ်တင်နည်း The BEST way to bulk) တခြားနည်းမရှိ...
22/06/2020


လက်တွေ့ကျကျ ကြွက်သားတက်အောင် ဘယ်လိုစားရမလဲ ???
( ကျား၊မ - အကောင်းဆုံး ဝိတ်တင်နည်း The BEST way to bulk)

တခြားနည်းမရှိပါဘူး။

ကြွက်သားတက်လာဖို့၊ ပြည့်လာဖို့ အတွက် အစားအသောက်ကို အခုစားနေတာထပ် ပိုစားရမယ်ဆိုတာကို သင်ဟာလက်ခံထားဖို့လိုပါတယ်။ ကြီးလာတာ၊ ပိန်သွားတာ၊ ဒီအတိုင်းတန့်နေတာ ဘယ်လိုပဲဖြစ်နေပါစေ ဒီလိုဖြစ်လာဖို့ လေ့ကျင့်ခန်းထပ် အစားအသောက် ပမာဏနဲ့ ဘာတွေစားလဲဆိုတာက အရေးကြီးဆုံးပါပဲ။ ဒါကို အဓိက အခြေခံဗဟုသုတအနေနဲ့ လက်ကိုင်ထားပြီး ဆက်သွားရမှာပါ။

Golden_Dreams က ဆောင်းပါးတွေ ပုံမှန်ဖတ်သူတွေတော့ မဖြစ်လောက်ပေမယ့် တစ်ချို့ လူတွေ အထင်မှားတတ်တာရှိမယ် ထင်ပါတယ်။ ပိန်သွားအောင်လုပ်တဲ့ လေ့ကျင့်ခန်းကတစ်မျိုး၊ ကြွက်သားပြည့်လာအောင် လေ့ကျင့်ခန်းကတစ်မျိုး၊ ဆိုင်ရာ ဆိုင်ရာလုပ်လိုက်တာနဲ့ ရည်မှန်းချက်ပန်းတိုင်ရမယ်ဆိုတာမျိုး။ ဒီလိုလူတွေက လေ့ကျင့်ခန်းပဲလုပ်လိုက်ရုံနဲ့ အိုကေပြီ ထင်တတ်ကြပါတယ်။ ဒီလို အတွေးမျိုးရှိနေရင် တစ်ခါထဲပြင်ဖို့ ဒီဆောင်းပါးကနေပြောလိုက်ပါရစေ။ Diet စားပုံ စားနည်းကို မပြောင်းသရွေ့ ဘယ် လေ့ကျင့်ခန်း Program ကမှ သင့်ကို သင်လိုချင်တာ ရစေမှာ မဟုတ်ပါဘူး။ ကဲ ဒီအချက်ကို လက်ခံရင် ကြွက်သားတက်အောင် ဘယ်လိုစားရမလဲဆိုတဲ့ အကြောင်းကို စလိုက်ရအောင်။

" ကြွက်သားတက်ချင်တာလား၊ စားသာစား။ တမုန်းစားပြီး အလေးမ။ တစ်လကို ၅ပေါင်လောက်တက်အောင်စား "

ဒါမျိုးက ရပ်ကွက်ထဲမှာဖြစ်ဖြစ်၊ Gym ထဲမှာဖြစ်ဖြစ် အချင်းချင်း အကြံပေးတတ်တာမျိုးပါ။ မှန်သင့်သလောက် မှန်ပေမယ့် Golden_Dreams ရဲ့ ထုံးစံအတိုင်း မှန်သင့်သလောက်မှာ ရပ်မနေသင့်ဘူးမလား။ ဒါဆို အကောင်းဆုံး လက်တွေ့ကျကျ ကြွက်သားတင်တဲ့ နည်းက ဘာလဲ ဆက်ဖတ်လိုက်ရအောင်။

ကြွက်သားတက်လာဖို့၊ ပြည့်လာဖို့ အဓိက အချက်သုံးချက်လိုပါတယ်။ သင်ဟာ ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ဒီအချက်တွေကို လုပ်ဖို့ လိုပါတယ်။ မိန်းကလေးမလို့ မတူဘူးဆိုတာ မရှိပါဘူး။ ဘာတွေလဲဆိုတော့

- ကြွက်သားတက်အောင် လှုံ့ဆော်မှု

အရေးကြီးဆုံးဖြစ်တဲ့ ကြွက်သားတက်ဖို့ ပထမဆုံး အဆင့်ကနေစလိုက်ရအောင်။ ဒါကတော့ Bodyweight လေ့ကျင့်ခန်းဖြစ်ဖြစ်၊ အလေးမလေ့ကျင့်ခန်းဖြစ်ဖြစ် ဆော့တဲ့အခါ ကြွက်သားတွေ ပြတ်တောက်မယ်။ ကြွက်သားတွေကို ဒီလို စိန်ခေါ်မှုတွေကို နောင်အခါမှာ ပိုလုပ်နိုင်အောင် ဘယ်လိုထပ်ပြီး ပြင်ဆင်ဖို့ လိုမယ်ဆိုတာ အချက်ပေးမယ်။ ဒါနဲ့ လိုအပ်တဲ့ အစာတွေစားတဲ့အခါ ပိုသန်မာပြီး လုပ်နိုင်သွားမယ်။ ဒီအခါ ထပ်ပြီး ဒါ့ထပ်ခက်တဲ့ လှုံ့ဆော်မှုပေးမယ်။ လွယ်လာလေ၊ ပိုခက်လာအောင် လုပ်လေ။ ဒီလို လှုံ့ဆော်မှုမျိုးလိုပါတယ်။ လုပ်နေကျတွေကို ထပ်ခါထပ်ခါ ဒါကြီးပဲ လုပ်မနေသင့်ပဲ အမြဲ ပိုစိန်ခေါ်နေရမယ်ပေါ့။

- အစားအသောက်

အိုကေ။ ကြွက်သားလေ့ကျင့်ခန်းလုပ်ပြီးလို့ ပထမအဆင့် အချက်ပေး Signal ရပြီ။ ဒီအချိန်မှာ အစားအသောက်၊ အာဟာရတွေနဲ့ ပြင်ဆင်ပါတော့ ဆိုတဲ့ Signal ရောက်လာတဲ့အချိန်မှာ ပြင်ဆင်ပေးဖို့ သင့်ဘက်ကလုပ်ရပါမယ်။ အဆီကျအောင်လား၊ ဒါမှမဟုတ် ပြည့်လာအောင်လား အပေါ်မူတည်ပြီး သင်ဟာလိုအပ်တဲ့ အစားအစာကို ဖြည့်စွက်ရမယ် မဟုတ်လား။ ဒါ့ကြောင့် ကြွက်သားတွေကို စိန်ခေါ်ပြီးရင် ပြီးပြီ။ အစားအစာက အရေးမကြီးပါဘူးဆိုပြီး ဂရုမစိုက်သရွေ့ ဘာမှဖြစ်လာမှာ မဟုတ်လို့ ဆိုတာပါပဲ။

အဆီကျဖို့ ဘယ်လိုစားရမလဲ ဆောင်းပါးတွေ ရေးပြီးတာမလို့ ဒီဆောင်းပါးမှာ ကြွက်သားတက်ဖို့ ဘယ်လိုစားရမလဲ ဆိုတာကို အောက်မှာ အကျယ်ရှင်းပြပါမယ်။

- အိပ်စက်ခြင်း

ဒါကတော့ ဘယ် Program၊ ဘာအတွက်ရယ်လို့ မဟုတ်ပါဘူး။ လူသာမန် လှုပ်ရှားမှု၊ ကျန်းမာရေးအတွက်ပါ အရေးပါတာ ငြင်းမရဘူးဟုတ်။ အိပ်စက်ချိန်၊ နားနေချိန်ဟာ ကြွက်သားတွေ အမှန်ပြန်လည်ပြင်ဆင်နေချိန်မလို့ မရှိမဖြစ်ပဲပေါ့။ တစ်နေ့ ၇နာရီကနေ ၉နာရီအထိ အိပ်တာအကောင်းဆုံးမဟုတ်လား။

ဟုတ်ပြီ။ အပေါ်က အခြေခံအချက်တွေကို နားလည်ရင် လုပ်နေပြီဆိုပါစို့။ ပထမအချက်ဖြစ်တဲ့ ကြွက်သားတက်အောင် ဘယ်နကြိမ်၊ ဘာလေ့ကျင့်ခန်း၊ ဘယ်လောက်လေးလေး လုပ်ရမယ်ဆိုတာ ဆောင်းပါးပေါင်းများစွာ Page ထဲမှာ ရေးပြီးပါပြီ။ မဖတ်ရသေးရင် ၀င်ဖတ်နိုင်ပါတယ်။ ဒါဆို အခုအကြိမ်က ဒုတိယအရေးကြီးဆုံးဖြစ်တဲ့ အစားအသောက် အကြောင်း ရောက်လာပြီမလို့ ရပ်ကွက်ထဲက စကားတွေအစား လက်တွေ့ကျကျသိဖို့ စလိုက်ကြရအောင်။

*********************************************************

ဘယ်လိုလူတွေ စပြီး ထုတင်သင့်သလဲ ???

ပြည့်လာအောင်၊ ကြွက်သားတက်လာအောင် လုပ်တယ်ဆိုကတည်းက သင်ဟာ အတော်အသင့် ပိန်နေသူဖြစ်ဖို့လိုတယ်ဆိုတာ အရှင်းကြီးပါပဲ။ အခုအချိန်မှာ ဝနေသူဆိုရင် ဘယ်သူမှ ထပ်ဝအောင် မလုပ်ချင်ဘူးမဟုတ်လား။

ဟုတ်ပြီ၊ ပိန်နေသူဆိုတော့ ဘယ်လောက်ပိန်ရမလဲ။ ဘာ့ကြောင့် ပိန်နေသူမှ စပြီး ထုတင်သင့်သလဲ ???

ဘာ့ကြောင့် ပိန်နေသူမှ ထုတင်သင့်သလဲကို အရင်ကြည့်ရအောင်။ ထုတင်တယ်ဆိုတော့ အမှန်က Weight gain ပါပဲ။ Weight တက်လာတာဘာလဲဆိုတော့

Weight = Muscles + FAT ပေ့ါ။

ဘယ်သူမှ အလေးချိန်တက်လာတာကို ကြွက်သားပဲသက်သက်ဖြစ်အောင် မလုပ်နိုင်ပါဘူး။ အလေးချိန်တက်လာတာရဲ့နောက်မှာ ကိုယ်ထိန်းရင် ထိန်းနိုင်သလို၊ Diet ကောင်းရင် ကောင်းသလို အများစုက ကြွက်သားဖြစ်ပြီး အဆီပမာဏ နည်းနည်းပဲတက်လာတာဖြစ်နိုင်သလို ကိုယ့် Diet မကောင်းရင် ကြွက်သားတက်တာနည်းပြီး အဆီတက်လာတာများတာလဲ ဖြစ်နိုင်ပါတယ်။ ဒီလို အဆီတက်လာတာ အနည်းအများရှိမှာမလို့ သင်ဟာလက်ရှိအချိန်မှာ အတန်အသင့် ပိန်နေဖို့လိုပါတယ်။ အခုအချိန်ထဲက ဝနေရင် နောင်ပိုပို၀လာမှာပါပဲ။

" ပိုပို၀လာတော့ ဘာဖြစ်လဲဗျာ။ ပြီးရင် ပြန်ချမှာပေါ့။ "

ဒီလိုလုပ်သူတွေလဲ ရှိပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အချက် ၂ခုရှိတယ်။

- ၀လာလေ အာဟာရ စုပ်ယူမှု မကောင်းလေ

ခန္ဓာကိုယ်က စားလိုက်တဲ့ အာဟာရတွေကို စုပ်ယူပြီး လိုအပ်တဲ့နေရာတွေကို ပြန်လည်ဝေမျှလေ့ရှိပါတယ်။ Protein ဆိုဘယ်သွား၊ Carbohydrate ဆို ဘယ်သွား စသဖြင့်ပေါ့။ ၀လာလေ ဒီလုပ်စဉ်တွေက မကောင်းတော့လေပါပဲ။ အကျယ်တော့ မရှင်းတော့ဘူးနော်။

- ပြန်မချတက်ရင် တင်ထားတဲ့ ကြွက်သားပါ ပြန်ကျသွားခြင်း

တင်ရင်းနဲ့ ၀လာလို့ အဆီပြန်ချဖို့ ကြိုးစားပြီဆိုပါစို့။ တအားဝလေ၊ ကြာကြာပြန်ချရလေပါပဲ။ ဘာလို့ မြန်မြန်မချပဲ အချိန်ဆွဲပြီး တဖြေးဖြေးချရလဲဆိုတာက မြန်မြန်ချရင် အဆီအပြင် ကြွက်သားပါ အများကြီး ရောကျသွားလေ့ရှိလို့ပါပဲ။

ဥပမာအနေနဲ့ 60kg ကနေ 80 kg တင်လိုက်တယ်။ 80 kg ကနေ ပြန်ချလိုက်တာ 65kg လောက်ရောက်သွားတယ်။ ပြီး အဆီတွေလဲ ကျန်ခဲ့တာမလို့ ဒုံရင်းပြန်ရောက်သွားလေ့ရှိတတ်တာပါပဲ။ ကြုံဖူးသူတွေ အသိဆုံးဟုတ်။

ဒါ့ကြောင့် သင်ဟာ အတန်အသင့် ပိန်နေဖို့ လိုပါတယ်။ ခန့်မှန်းခြေက

-ယောင်္ကျားလေးဆို Body fat (11%-13%) ၀န်းကျင် ၊ ဒါ့ထပ်ပိန်လေ ပိုကောင်းလေပေ့ါ။
-မိန်းကလေးဆို Body fat (19%-23%) ၀န်းကျင်၊ ဒါ့ထပ်ပိန်လေပိုကောင်းလေ။

ဒီပမာဏထပ် ဝနေသေးရင် အဆီဆက်ချပါ။ ပြီးရင် လာပြန်ဖတ်လှည့်ပေါ့။

**********************************************************************

ဘယ်လို လက်တွေ့ကျကျ ထုတင်သင့်သလဲ ???

ဟိုးအပေါ်မှာပြောခဲ့သလို ရပ်ကွက်ထဲက စကားအရ များများစား၊ တမုန်းစား၊ တစ်လငါးပေါင်လောက်တက်အောင်စားပေါ့။

သူတို့အတွက် တစ်လပြည့်လို့ ပေါင်ချိန်စက်ပေါ်မှာ ၅ပေါင်နဲ့ အထပ် တက်သွားရင် အောင်မြင်တယ်လို့ ယူဆတာကြီးပါပဲ။ ဒါဟာဘာလဲဆိုတော့ ကြွက်သားပြတ်တောက်တဲ့အချိန်မှာ အစားအသောက်ကို ဖြည့်ပေးရမယ်ဆိုတဲ့ အချက်ကို ကြည့်ပြီးလုပ်လို့ပါပဲ။ မှန်သင့်သလောက်မှန်ပေမယ့် သူတို့တွေ ယူဆမှုက တစ်ဖက်စွန်းရောက်တယ်လို့ ဆိုရမှာပေ့ါ။ ဘာလို့လဲ။

" အခုရှိတာထပ် ကြွက်သားတက်လာချင်ရင် လိုအပ်တာထပ် ပိုစားရမယ်၊ ဒီလိုလုပ်တာကို Muscle-building state ရောက်အောင် နေတယ်လို့ ခေါ်ပါတယ်။ "

ဒါပေမယ့် ဒီလိုစားတဲ့အခါ ရပ်ကွက်ထဲကလို့ တွေ့တွေ့သမျှစား၊ ၅ပေါင်တက်လုပ်လို့ မရပါဘူး။ လက်တွေ့ကျကျဖြစ်ဖို့လိုပါတယ်။ ဘာစားရမလဲ ၊ Protein လား၊ Carbohydrate လား။ ဘယ်လောက် ပမာဏလဲ ဒါတွေသိဖို့လိုပါတယ်။

***********************************************************************

သင့်ခန္ဓာကိုယ်ကို အိမ်ဆောက်နေတဲ့ Construction worker လို့ သတ်မှတ်မယ် ဆိုပါစို့။

အောက်ပါအတိုင်း စိတ်ထဲမှာ ပုံဖော်ကြည့်ပါ။

ဆောက်လုပ်မယ့် အိမ် = ကြွက်သား အသစ်

အုတ်ချပ် = Protein ကရတဲ့ Amino acids

လက်ခ = Carbohydrate နဲ့ Fat အစားအစာ

အလုပ်သမား = ကြွက်သားတည်ဆောက်အောင် အစားအစာတွေကို ခြေဖျက်၊ လိုအပ်တဲ့ အာဟာရတွေကို လိုသလို ပို့ပေးနေတဲ့ ဖြစ်စဉ် (Construction worker လိုပေ့ါ။ အုတ်၊သဲ၊ လက်ခအပေါ်မူတည်ပြီး လုပ်ပေးနေသလိုပါပဲ)

သင်ဟာ အိမ်တစ်လုံးဆောက်မယ်၊ ကြွက်သားအသစ် တည်ဆောက်မယ် ဆိုပါစို့။ သင်ဟာ အလုပ်သမား (သင့်ခန္ဓာကိုယ် ဖြစ်စဉ်)ကို လိုအပ်တဲ့ အုတ်ချပ် (Protein ) ပေးဖို့လိုပါတယ်။ ဒါမှ စပြီး ဆောက်ဖို့ရမယ် မဟုတ်လား။ အုတ်ချပ် ပမာဏနည်းလေ တည်ဆောက်မှု နှေးလေပါပဲ။ Protein စားတာနည်းလေ ကြွက်သားတက်တာ နည်းလေပေါ့။

ဒီလိုပါပဲ။ အလုပ်သမားကို လက်ခပေးတာ နည်းရင်လဲ စိတ်ပါလက်ပါမရှိတတ်သလို သင့်ခန္ဓာကိုယ်ကို လက်ခဖြစ်တဲ့ Carbohydrate နဲ့ Fat မစားရင်လဲ ကြွက်သား တည်ဆောက်ဖို့ လွယ်မှာ မဟုတ်ပါဘူး။ အဲ၊ ဒီ့ထက်ပိုဆိုးပြီး လက်ခကို လိုတာထပ် ပိုဖြတ်တောက်ကြည့်ပါလား။ အလုပ်သမားတွေ ပညာပြလို့ ဆောက်လက်စလေးပါ ပြိုသွားပါလိမ့်မယ်။ ဒီအတိုင်းပဲ Carbohydrate နဲ့ Fat ကို စားသောက်တာ မလုံလောက်ကြည့်၊ ကြွက်သားတည်ဆောက်မှု မရှိတဲ့အပြင် ကြွက်သားတွေကိုပါ အစာအဖြစ် ပြန်ချေလို့ ကျသွားပါလိမ့်မယ်။

ဒါဟာ ဘာကို ပြလဲဆိုတော့ လိုအပ်တာထပ် Protein လျှော့စားတာ၊ Carb နဲ့ Fat လျှော့စားတာဟာ ကြွက်သားဖွံ့ဖြိုးမှုကို မဖြစ်စေဘူးဆိုတာပါပဲ။ ဒါဆို ဒါနဲ့ ဆန့်ကျင်ဘက် ပိုစားရင်ကော။

အုတ်ချပ် (protein) တွေ ပိုပေးမယ်။ ဒါဆိုပိုမြန်မြန်ဆောက်နိုင်မယ်ပေ့ါ။ လက်ခ (Carbs နဲ့ Fat) ပိုပေးမယ်။ ဒါဆို ပိုမြန်မယ်ပေါ့။ ဟုတ်သင့်သလောက် ဟုတ်ပါတယ်။ ဒါပေမယ့် တစ်ဘက်စွန်းရောက်သွားရင်ကော။

အလုပ်သမားဆိုတာ သူလုပ်နိုင်တဲ့ ပမာဏရှိတယ်ဟုတ်။ ခန္ဓာကိုယ်ဟာလဲ အလုပ်သမားနဲ့ တူတူပါပဲ။ သူ့မှာ Limit ရှိပါတယ်။ အလုပ်သမားက အုတ်ချပ် ၁၀၀ စီနိုင်တဲ့ သူဆိုရင် အုတ်ချပ် ၁၅၀ ပေးလို့ ၁၅၀ ပိုမလုပ်နိုင်ပါဘူး။ ဒီအချိန်မှာ လက်ခပိုပေးလဲ ( Carbs နဲ့ Fat ပိုစားလဲ ) ဘာမှပိုမထူးပါဘူး။ သူ့လစ်မစ်ပြည့်သွားပါပြီ။ ထပ်ပြီး အိမ်ဆောက်တာမြန်၊ ကြွက်သားတက်လာတာ မြန်လာအောင်လုပ်လို့မရတော့ဘူးပေ့ါ။

ဒါ့ကြောင့် ရပ်ကွက်ထဲက ပြောသလို တမုန်းစား၊ များများစား၊ ၅ ပေါင်တက်အောင်စား မလုပ်သင့်ဘူးလို့ပြောတာပါ။ Limit တစ်ခုပြည့်သွားရင် ပိုစားတာ မှန်သမျှဟာ ကြွက်သားမဟုတ်ပဲ အဆီဖြစ်သွားမှာပါ၊ ဒီလိုနဲ့ပဲ Muscular မဖြစ်ပဲ ၀လာတော့တာပဲ မဟုတ်လား။

*************************************************************

ဒါဆို ကြွက်သားတက်နိုင်တဲ့ Limit က ဘာလဲ ???

Website ပေါင်းများစွာရှိပေမယ့် အဖြေက တူနေလေ့ရှိပါတယ်။ တစ်ပတ်မှာ 0.5 ပေါင်၊ တစ်လမှာ 2 ပေါင် (1kg နည်းနည်း) ကြွက်သားအသစ် တက်နိုင်ပါတယ်တဲ့။ ဒါက အခုမှ စအလေးမသူတွေကနေ ၂နှစ်အတွင်း လုပ်သက်ကြာသူတွေ အတွက် ပျမ်းမျှပါ။ ၂နှစ်အထက် ကြာနေသူတွေအတွက်တော့ တစ်လမှာ 0.5 ပေါင်၊ 1 ပေါင်လောက်တက်ရင်ကို တော်လှပါတဲ့။

သင်ဟာ အခုမှ စပြီး ကြွက်သားတင်ချင်တဲ့သူဆိုရင် အလွယ်အနေနဲ့

- ယောင်္ကျားလေးဆို ၂ပေါင်မှ ၃ပေါင်အထိတက်အောင်စား
- မိန်းကလေးဆို ၁ပေါင်မှ ၂ပေါင်အထိတက်အောင်စား

ဆိုပြီး မှတ်နိုင်ပါတယ်။ စားသင့်တဲ့ အစားအစာတွေက

Protein များများ (စားသမျှ အစာရဲ့ 35%)

-- အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ၀က်သား အသားစုံ
- ငါး (Fat+ protein)
- နိဳ့ ၊ ပဲနို့(Fat + protein)
- ကွကျဥ၊ ဘဲဥ
- ဒိန်ချဉ်
- Protein powder

စားတဲ့အခါ အစားအစာကို ဦးစားပေးစားပါ။ သိပ်ပြီး မစားဖြစ်ဘူးဆိုသူများအတွက်တော့ Protein powder ကို အစားထိုးသောက်နိုင်ပါတယ်။ ဒါပေမယ့် powder ပဲသောက်မယ်၊ အစားကို မစားဘူး မလုပ်ပါနဲ့။

Carbohydrate များများ (စားသမျှရဲ့ 50%)

- ဆန်ဖြူ ၊ ညိုကြမ်း
- ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ကညွတ်၊ အရွက်စုံ
- ပန်းဂေါ်ဘီ ဖြူစိမ်း ( Protein + Carbohydrate)
- ကန်စွန်းဥ၊ အာလူး
- ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အသီးအနှံ
- Oat
- ပေါင်မုန့် ညိုကြမ်း
- ဂျုံ ဆန်နဲ့ လုပ်ထားသော အစာ (ခေါက်ဆွဲ စသဖြင့်၊ သိပ်တော့မကောင်း)
(အရွက်တွေက Carbohydrate ပါပေမယ့် Calorie နည်းတာမလို့ များများစားလို့ရပါတယ်)

Fat အလောတော် (စားသမျှရဲ့ 15%)

- မြေပဲစေ့၊ သီဟိုစေ့၊ Almond ၊ Nuts
- ငါး (Protein + fat)
- နို့ (Protein + fat)
- ငါးကြီးဆီ
- ထောပတ်သီး
- ပေါင်မုန့်နဲ့စားတဲ့ မြေပဲယို peanut butter (Fat+ protein)
- Olive oil
- Sunflower oil

Fat ကကောင်းတယ်ဆိုပေမယ့် နည်းနည်းလေးစားရုံနဲ့ လိုအပ်တဲ့ ပမာဏပြည့်ဖို့ လွယ်ပါတယ်။ အပေါ်က အထဲမှာ သတိထားရမှာ မြေပဲစေ့၊ သီဟိုစေ့တွေကောင်းတယ်ဆိုပေမယ့် တစ်နေ့ခပ်သေးသေး လက်တစ်ဆုပ်လောက်ပဲ သင့်တော်ပါတယ်။ Olive oil၊ Sunflower oil လဲ အလောတော်ပဲ ကောင်းပါတယ်။

ဒါတွေ သိပ်မစားဖြစ်သူတွေအတွက် ငါးကြီးဆီက အသင့်တော်ဆုံးပါပဲ။ လေ့ကျင့်ခန်းလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ငါးကြီးဆီက ကောင်းမွန်ပါတယ်။

**************************************************************

အရင်ဆောင်းပါးတွေမှာ ခဏခဏ ပြောခဲ့ဖူးပါတယ်။ Diet ဆိုတာမလုပ်ဖို့ပါပဲ။ ဒါဆို ဒါပဲ၊ ဒီအချိန်မှာ စားရမယ်ဆိုတာမျိုးက သင့်အတွက် မလုပ်နိုင်ရင် အဆင်မပြေပါဘူး။ Diet plan တစ်ခုဆိုတာ တစ်သက်လုံးစားနိုင်ဖို့ လိုပါတယ်။ အဆင်ပြေဖို့လိုပါတယ်။ ဒါပေမယ့် အဆင်ပြေအောင်ဆိုပြီး သင်ကြိုက်တာတွေချည်း ပြောင်းပြောင်းပြစ်လို့တော့ ဘယ်ရမလဲ။ အဆင်ပြေအောင် စားပါဆိုပေမယ့် အခြေခံဖြစ်တဲ့ Protein ပမာဏ၊ Carbs နဲ့ Fat တွေတော့ ပါရအုန်းမှာပေ့ါ။ အခြေခံနည်းကိုတော့ လက်ကိုင်ထားရမှာပါ။

အပေါ်ကပြောတဲ့ အချက်တွေအရ သင်သိထားရမှာက စွတ်စပ်စားတိုင်း တက်လာတာ ကြွက်သားမဟုတ်ပါဘူး။ ပမာဏအတိုင်းအတာတစ်ခုအထိပဲ ကြွက်သားတက်ဖို့ လစ်မစ်ရှိတာမလို့ ယောင်္ကျားလေးဆို ၂ပေါင်မှ ၃ပေါင်အထိတက်အောင်စား မိန်းကလေးဆို ၁ပေါင်မှ ၂ပေါင်အထိတက်အောင်စားပါ။ စားတဲ့အခါ Protein 35% Carbs 50% Fat 15% ပျမ်းမျှပါအောင်စားပါ။

လတစ်၀က်လောက်မှာ ချိန်ကြည့်ပါ။ ပေါင်ချိန်တဲ့အခါ အချိန်ကို သတ်သတ်မှတ်မှတ်ထားချိန်ပေ့ါ။ နိုးနိုးခြင်း၊ အားကစားလုပ်ပြီးပြီးခြင်း စသဖြင့် သတ်မှတ်ပြီး ပျမ်းမျှ တန်ဖို့းယူ။ ချိန်ကြည့်လို့ မှန်းတာထပ် များသွားရင် နည်းနည်းပြန်လျှော့၊ လိုနေသေးရင် နည်းနည်းချင်းပိုစား။ ဒါဟာ လက်တွေ့ကျကျနဲ့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။

ကဲ အားလုံးပဲ လက်တွေ့ကျကျ ထု အမြန်တင်နိုင်ကြပါစေ။ အောင်မြင်သွားရင်လဲ ပြန်လာကြွားဖို့ မမေ့ပါနဲ့လို့။

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါကြောင်း။ဆောင်းပါးတစ်ပုဒ်ရေးဖို့အတွက် ဗဟုသုတစုဆောင်းစဉ်၊ ရေးစဉ်မှာပါ အချိန်များစွာပေးထားရတာမလို့ မိမိကိုယ်ပိုင် page မှာ ပြန်တင်ချင်ရင် မိမိကိုယ်တိုင်ရေးသကဲ့သို့ Copy မကူးပဲ Mention ပြီးဖြစ်စေ၊ Credit ပေးပြီးဖြစ်စေ ဝေမျှပါက ယဉ်ကျေးပါတယ်လို့။

_____________
Copyကူးယူဖော်ပြခြင်းဖြစ်ပါတယ်

 #နည်းစနစ်ကျကျဒိုက်ထိုးနည်းအကုန်အကျ အနည်းဆုံးနဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေထဲမှာ ဒိုက်...
17/06/2020

#နည်းစနစ်ကျကျဒိုက်ထိုးနည်း

အကုန်အကျ အနည်းဆုံးနဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေထဲမှာ ဒိုက်ထိုးခြင်းလည်း ပါဝင်ပါတယ်။ နေ့တိုင်းနီးပါး ဒိုက်ထိုးဖြစ်သူတွေဟာရင်ဘတ်ကြွက်သားအားကောင်းပြီး ဗိုက်အဆီကျတာ မြန်ပါတယ်။ ဇီဝဖြစ်စဉ်လည်း ပိုပြီး ကောင်းစေလို့ ဒိုက်ထိုးတဲ့ အလေ့အကျင့်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့်လည်း နည်းစနစ်မှန်ကန်မှု မရှိရင်တော့ ကြိုးစားသလောက် ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။

ဒိုက်ထိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေထဲမှာ အရေးကြီးဆုံးက #အသက်ရှု/ #ထုတ်တဲ့ ပုံစံပါပဲ။
Push ups လုပ်သူတိုင်းဟာ အသက်ရှု/ထုတ်တာကို အဆင်ပြေသလိုပဲ ရှုသွင်း/ရှုထုတ်လုပ်နေကြတာ များပါတယ်။ ဒါကြောင့် ထိရောက်သင့်သလောက်လည်း မထိရောက်တာတွေ ရှိနေပါတယ်။

“မှန်ကန်တဲ့ အသက်ရှုထုတ်နည်းဆိုတာ သင်အားစိုက်မှု အများဆုံး လုပ်နေချိန်မှာ လုပ်ပေးဖို့ လိုပါတယ်။

Push-up လုပ်တဲ့အခါ ခန္ဓာကိုယ်ကို အောက်နှိမ့်ချိန်မှာ လေကို ရှုသွင်းပြီး ပြန်တင်တဲ့အချိန် ရှုထုတ်ပေးရတာပါမယ်

#နောက်တစ်ခုကခန္ဓာကိုယ်အနေအထားပါ။

မှန်ကန်တဲ့ ဒိုက်ထိုးနည်းအနေအထားမှာ ခန္ဓာကိုယ်ဟာ တစ်ဖြောင့်တည်း ရှိနေဖို့ လိုပါတယ်။
ကိုယ်ခန္ဓာ တည်ငြိမ်ပြီး မှန်ကန်တဲ့ အနေအထားရဖို့
ကျောနဲ့ ပေါင်၊ တင်ပါး ကြွက်သားတွေ တောင့်ထားမှာပါ။ လက်ကို ပုခုံအကျယ်ထက် နည်းနည်းလေး ချဲပြီး ဒိုက်ထိုးရတာ ဖြစ်ပါတယ်။

Push-up အောက်ခြေမှာ လက်တံတောင်ဟာ ၉၀ ဒီဂရီ ထောင့်မှန်ကွေးသင့်ပြီးမှ မူလအနေအထားကို ပြန်သွားရမှာပါ။
Push-up ပြန်အတင်မှာ အသက်အောင့်မထားသင့်ပါဘူး။ ဒီလို ဒိုက်ထိုးမယ်ဆိုရင် ကြွက်သားတွေမှာ အောက်ဆီဂျင် ပိုရပြီး ပင်ပန်းမှုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။

😀တစ်နေ့တာလိုအပ်တဲ့ calories ပမာဏကို တွက်နည်းလေး🤗😍Weight loss /Gain/control သုံးမျိူးလုံးအတွက် အဓိကကျတဲ့ calories အကြောင်...
22/05/2020

😀တစ်နေ့တာလိုအပ်တဲ့ calories ပမာဏကို တွက်နည်းလေး🤗

😍Weight loss /Gain/control သုံးမျိူးလုံးအတွက် အဓိကကျတဲ့ calories အကြောင်းလေးကို ဆက်လက်မျှဝေပေးသွားပါမယ်🤗

#1 what is calories🙄
✍️Calories ဆိုတာ အစားသောက်တစ်ခုရဲ့စွမ်းအင် အစားသောက်တွေကိုတွက်ချင်တဲ့အရာဖြစ်ပါတယ်🍓

✍️လက်တင်ဘာသာစကား calor ကနေဆင်းသက်လာတာပါ အဓိပ္ပာယ်ကတော့ Heat အပူစွမ်းအင်ပေါ့ မြန်မာလိုတော့ ပါစက ဝမ်းမီးပေါ့ 😍

✍️အဲ့တွက်ချက်နည်းကို Nicoals Clement ဆိုတဲ့သူက 1824 ခုနှစ်မှာစတင်တွက်ချက်အသုံးပြုခဲ့ပါသတဲ့😲

😲တွက်ချက်မှုတွေအရ Fat(အဆီ) 1lb မှာ Cal (3500) ရှိ‌ပါတယ် 😲

🤔ဒီတော့ ကျွန်တော်တို့ နေ့စဉ်စားသောက်မှု့မှာ လိုအပ်တာထပ်ပိုသွားရင် 🙄

✍️example 500 Cal လောက်ပိုသွားရင် ပိုသွားတဲ့အရာတွေကို အဆီဖြစ် ခန္ဓာကိုယ်က သိုလောင်မှာဖြစ်ပါတယ်🥺

🙄အဆီဆိုတာအရေးပေါ်လိုအပ်ရင် အသုံးပြုရမယ့် အရန်စွမ်းအင်တစ်မျိူးလည်းဖြစ်ပါတယ်😲

🥺 အဲ့လို တစ်နေ့ 500 Cal အပို စုမိလာရာကနေ 1 week မှာ Fat 1 lb ပိုင်ဆိုင်ပါလေရော 😁

😁 ဒီလိုနဲ့စုစုလာပြီး ဗိုက်တွေပူ ခါးတွေတုတ်နဲ့ဝလာတာပါပဲလေနော့ 😂

😍ဒီတော့ ကိုယ်တစ်နေစားမိတဲ့ calories ပမာဏကိုသိထားရင် အတော်လေးအဆင်ပြေလာမှာပဲလေ အဲ့တော့🤗

🤗Calories တွက်ကြည့်ကြရအောင်‌🤗

🤗Cal တွက်ဖို့ဆို BMR သိဖို့ကအရေးကြီးလိုပြီလေ🙄

🤔What is BMR🤗

✍️BMR (Basal metabolic rate) လူတစ်ယောက်အသက်ရှင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ပမာဏကိုဆိုလိုတာပါ 😲

😲example အိပ်ယာထဲလှဲနေတောင် အသက်ရူဖို့ ဦးနှောက်အလုပ်လုပ်ဖို့ နှလုံးခုန်ဖို့ စသဖြင့် ဘာမှမလုပ်ပဲနေတဲ့အချိန်မှာတောင်လိုအပ်နေတဲ့စွမ်းအင်ကို BMR လိုသက်မှတ်ခေါ်ဝေါ်ထားပါတယ်😊

😍တစ်နေ့တာစားရမယ့် Calories ပမာဏကို တွက်ချင်ရင် BMR အရင်တွက်ကြည့်ပြီးမှရမှာမို့🤗

🤗Calculate BMR✍️

Women BMR = 655+(4.32×weight(lb)) +(4.7×Height(in))-(4.7×age)

Men BMR = 66+(6.23×weight(lb))+(12.7×Height(in))-(6.8×age)

🤗BMR သိသွားပြီဆိုရင် တစ်နေ့တာစားရမယ့် Caloriesပမာဏ😍

🙄Tee(Total energy expenditure) ကိုဆက်တွက်ကြရအောင်နော်🙄

✍️Tee ကိုတွက်တဲ့အခါမှာ Daliy activity နဲ့တွက်ရပါမယ်
တစ်နေ့တာ လှုပ်ရှားသွားလာမှု့နည်း 🙇/အသင့်တင့်လှုပ်ရှားမှု့ရှိသူ 🏋️/အပြင်းထန်လှုပ်ရှားမှုလုပ်သူ👷

TEE= low activity (1.53)×BMR
ကိုယ်လက်လှုပ်ရှားနည်းအထိုင်များသူများပါပါသည်🙇

TEE= Normal activity (1.76)×BMR
Gym ကစားသူများသည် Normal ထဲတွင်ပါပါသည်🏋️

TEE= Heavy activity (2.25)× BMR
အလုပ်ကြမ်းသမားများအများစုပါပါသည်👷

👉TEE level သည် 800 Cal အောက်ထိလျော့မစားသင့်ပါ🤝

😍Women 1200 calories အနည်းဆုံးစားပေးရန်🤗

😍Men 1500 calories အနည်းဆုံးစားပေးရန် 🤗

💯အကောင်းဆုံးအစားလျော့စားတိုးစားသောနည်းမှာ သိပ္ပံနည်းကျတွေ့ချက်များ ဆရာဝန်များရဲ့ထောက်ခံချက်များအရဆိုလျှင် တစ်နေတာစားရမည့်ပမာဏမှ 500cal လျော့စားခြင်းသာအကောင်းဆုံးနည်းဖြစ်ပါသည် 💯

😀တစ်နေ့ 500 Cal လျော့စားခြင်းဖြင့် 1 week လျှင် 3500 Cal လျော့ပြီးဖြစ်သောကြောင့် Fat 1lb လစ်သွားပါလိမ့်မည်🤗🦸🤸

Weight loss = TEE - 500
Weight Gain = TEE + 500
Weight control= TEE

🤗စားရမည့် TEE တော့ရပေမယ့် ဘယ်လိုတွက်စားမလည်းဆိုတာသိဖို့လိုလာပြန်‌ပါသေးတယ်လေနော့🤗

👉Protein (အသားဓာတ် ) 1gram = 4 calories
👉Carbohydrates ( ကစီဓာတ်) 1 gram = 4 calories
👉Fat ( အဆီဓာတ်) 1 gram = 9 calories😲

🤝အားလုံးပဲ အဆင်ပြေကြပါစေ 🤝

🤗နောက်နေ့မှာ protein/Carbohydrates/Fat အကြောင်းများကို ပြန်လည်မျှဝေပေးသွားပါအုန်းမယ်‌🤗

10/05/2020

Like&follow for more 🤗
Providing Best Athlete Supplement 💪

Send a message to learn more

26/03/2020

လက်မောင်းကြီးချင်တဲ့ broတွေအတွက်
အိမ်မှာရှိတာလေးနဲ့ စော့ကစားနိုင်သောနည်းလမ်း

Address

Pyay

Telephone

+959777716287

Website

Alerts

Be the first to know and let us send you an email when Athlete - Bodybuilding Nutrition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Athlete - Bodybuilding Nutrition:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram