AUNG Specialist Clinic

AUNG Specialist Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AUNG Specialist Clinic, Medical and health, ရတနာ ၉ လမ်း, Pyay.

ပြည်သူများအားလုံး ခက်ခဲနေတဲ့ကာလကိုဖြတ်သန်းနေရတဲ့အချိန်မှာ ကုန်ကျစားရိတ် သက်သက်သာသာလေးနဲ့ မှန်ကန်ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားပါသည်။

ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးများ အတွေ့ရများလာပါတယ်ကျန်းမာရေးဂရုစိုက်ကြပါ"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာမျ...
18/05/2025

ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးများ အတွေ့ရများလာပါတယ်
ကျန်းမာရေးဂရုစိုက်ကြပါ

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ ___________________________________ တဆင့်ပြန်လည်မျှဝေပါတယ်

လေးဘက်နာရောဂါလေးဖက်နာရောဂါဟာ အမျိုးအစားအများကြီး ရှိပါတယ်။ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ စသဖြင့်ပေါ့။ ဒီထဲ...
28/04/2025

လေးဘက်နာရောဂါ

လေးဖက်နာရောဂါဟာ အမျိုးအစားအများကြီး ရှိပါတယ်။ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ စသဖြင့်ပေါ့။ ဒီထဲမှာ သွေးလေးဖက်နာကတော့ အရိုးအဆစ်တွေ ပုံပျက်လောက်အောင် ထိခိုက်တတ်တဲ့ အမျိုးအစားတစ်ခုပေါ့။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်မပြတ်ဘဲ ဆေးတွေနဲ့ ထိန်းထားရတဲ့ရောဂါပါ။ ဒီရောဂါကို ကုသတဲ့နေရာမှာ ဆရာဝန်အပြင် လူနာရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတဲ့အတွက် သင်ကိုယ်တိုင် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

သွေးလေးဖက်နာရောဂါ ဘယ်လိုစဖြစ်တာလဲ။
သွေးလေးဖက်နာရောဂါဆိုတာ နာတာရှည် အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ ဝေဒနာပါ။ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါ (Autoimmune)တွေထဲမှာ ပါပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို မှားယွင်းပြီးတိုက်ခိုက်ရာက ဖြစ်လာတာပါ။ အဆစ်အမြစ်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။ အလွယ်ပြောရရင် တစ်ကိုယ်လုံးထိခိုက်တာပေါ့။ သိသာထင်ရှားတာကတော့ အရိုးအဆစ်တွေပါ။

သွေးလေးဖက်နာရဲ့ အရိုးအဆစ်ထိခိုက်ပုံက ဘယ်လိုမျိုးလဲ။
အဆစ်အမြစ်ကိုက်တိုင်း လေးဖက်နာမဟုတ်ပါဘူး။ လေးဖက်နာအမျိုးအစားတွေကလည်း အများကြီးရှိပြီး တစ်ခုချင်းစီမှာ ထူးခြားချက်တွေ ရှိပါတယ်။ သွေးလေးဖက်နာရဲ့ အဆစ်အမြစ်ကိုက်ပုံမှာလည်း ထူးခြားချက်လေး ရှိပါတယ်။

အဆစ်တစ်ခုထက် ပိုနာမယ်။
မနက်မိုးလင်းရင် ဒါမှမဟုတ် လှုပ်ရှားမှုနည်းရင် အဆစ်တွေ တောင့်တင်းပြီး လှုပ်ရှားရခက်မယ်။ မိနစ်၃၀လောက် ကြာတတ်ပါတယ်။
အဆစ်သေးလေးတွေ ထိခိုက်တာများပါတယ်။
ရောင်ရမ်းတာ၊ ထိလိုက်ရင် နာတာတွေ ဖြစ်တတ်တယ်။
နှစ်ဖက်စလုံးမှာ ဖြစ်တတ်တယ်။ (ဥပမာ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်)
ဒါ့ပြင် ဖျားတာ၊ ပိန်သွားတာ၊ နုံးတာ၊ အားမရှိသလို ခံစားရတာတွေလည်း ရှိပါတယ်။ သွေးလေးဖက်နာရဲ့ ပြဿနာက အရှင်းမပျောက်ဘဲ ဖြစ်လိုက် ပျောက်လိုက် ဖြစ်တာပါပဲ။ ကောင်းနေရာကနေ တစ်ခါ တစ်ခါ ထဖောက်တတ်ပါတယ်။

သွေးလေးဖက်နာမှာ ခုခံအားစနစ်က အပြင်အရိုးအမြှေးပါးကို တိုက်ခိုက်ပါတယ်။ ကြာလာတဲ့အခါကျတော့ အထဲက အရိုးနုတွေ၊ အရိုးတွေပါ ပျက်စီးလာပါတယ်။ ဘေးပတ်လည်က အဆစ်ကို ဆိုင်းထားတဲ့ အရွတ်တွေ၊ အရွတ်တွဲတွေပါ ထိခိုက်လာပြီး အဆစ်ကို ပုံစံမှန်အောင် မထိန်းပေးနိုင်တော့ပါဘူး။ ဒါကြောင့် သွေးလေးဖက်နာသမားတွေဟာ ကြာလာရင် အဆစ်တွေ ကောက်ကွေးပြီး ပုံပျက်လာတာပါ။

တခြားထိခိုက်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက
သွေးလေးဖက်နာမှာ အရိုးအဆစ်တွေ ပျက်စီးတာအပြင် တခြားအစိတ်အပိုင်းတွေ ထိခိုက်လာတာကိုလည်း တွေ့ရပါတယ်။

မျက်လုံး – မျက်သားခြောက်တာ၊ ရောင်ရမ်းတာ၊ အမြင်မှုန်ဝါးတာ၊ အလင်းဒဏ်မခံနိုင်တာ
အရေပြား – အရိုးပေါ်က အရေပြားတွေမှာ အဖုတွေ ထွက်လာတာ
သွေးကြောတွေ ရောင်ရမ်းတာ
နှလုံးရောင်ရမ်းတာ (ဒါ့ပြင် သွေးလေးဖက်နာရှိတဲ့ သူတွေက အဆစ်တွေနာလို့ လေ့ကျင့်ခန်း မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် အဝလွန်ပြီး တခြား သွေးတိုး၊ ဆီးချိုတွေ ဖြစ်လို့ နှလုံးထိခိုက်တတ်ပါတယ်။)
ပါးစပ်မှာ အနာတွေပေါက်တာ၊ ခံတွင်းခြောက်တာ၊ သွားဖုံးရောင်တာ
အဆုတ် – အဆုတ်ရောင်ရမ်းတာကြောင့် အသက်ရှူရခက်တာ
ဒါတွေက အဆစ်ရောင်တာအပြင် တခြားခံစားရနိုင်တဲ့ လက္ခဏာတွေပါပဲ။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ လူလတ်ပိုင်းအရွယ်လောက်က စဖြစ်ပါတယ်။ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။
အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ဆကနေ ၃ဆ ပိုဖြစ်ပါတယ်။
မျိုးရိုးလည်း လိုက်တတ်ပါတယ်။
မျိုးဗီဇမှာ HLA class II genotypesပါတဲ့ သူတွေက ပိုဖြစ်နိုင်ပါတယ်။ မျိုးဗီဇရှိတဲ့အပြင် ဆေးလိပ်သောက်တာ၊ အဝလွန်တာတွေ ရှိတယ်ဆို ဖြစ်နိုင်ခြေက ပိုများလာမှာပါ။
လေ့လာချက်တော်တော်များများက ဆေးလိပ်သောက်တာ သွေးလေးဖက်နာကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ပြင် ရောဂါရှိပြီးသားလူတွေမှာလည်း ပိုဆိုးစေပါတယ်တဲ့။
အဝလွန်တာကလည်း သွေးဖက်နာဖြစ်နိုင်ခြေများစေတဲ့ အကြောင်းတစ်ခုပါပဲ။
ထူးထူးခြားခြား မိခင်နို့တိုက်တဲ့ အမေတွေကတော့ ဖြစ်နိုင်ခြေနည်းသွားပါသတဲ့။
သွေးဖက်နာရောဂါကို ကုသလို့ရပါ့မလား။
သွေးလေးဖက်နာရောဂါဟာ ရှုပ်ထွေးတဲ့ရောဂါဖြစ်တဲ့အတွက် ရောဂါရှာရခက်ပါတယ်။ ကောင်းတာကတော့ Rheumatologist လို့ ခေါ်တဲ့ လေးဖက်နာ အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထက်ပါ လက္ခဏာတွေ ရှိနေရင်တော့ သွေးလေးဖက်နာများလားဆိုပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်သွားမှာပါ။ သွေးစစ်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေ စသဖြင့်ပေါ့။ ရောဂါသေချာရင်တော့ ကုသမှု စလို့ရပါပြီ။

ရောဂါရဲ့ သဘောသဘာဝကိုက အရှင်းပျောက်အောင် ကုလို့မရပါဘူး။ ဖြစ်လိုက် ပျောက်လိုက်ဖြစ်တဲ့အတွက် ထိန်းထားလို့ပဲ ရပါမယ်။ အရှင်းမပျောက်ဘဲ ဘာလို့ ကုနေရလဲဆိုရင်

ပျောက်တဲ့အချိန်ကို ကြာအောင် ဆွဲဆန့်ထားဖို့ရယ်
အဆစ်အမြစ်တွေ ကိုက်တာ၊ လှုပ်မရတာ သက်သာဖို့ရယ်
အရိုးအဆစ်တွေ ပုံမပျက်စေဖို့ရယ်
လူကောင်းတစ်ယောက်လို အလုပ်လုပ်နိုင်ဖို့ရယ်
နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာဖို့ရယ် ကုသပေးရပါတယ်။
ဆေးတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ၊ သွေးလေးဖက်နာကို ပိုမဆိုးအောင် ထိန်းထားတဲ့ ဆေးတွေ၊ biologic agentsတွေနဲ့ ကုသပါတယ်။ အဆစ်အမြစ်တွေ ပုံပျက်တာအတွက် ခွဲစိတ်ပြီးပြုပြင်လို့ရရင် ခွဲစိတ်ပါတယ်။ အရိုးအဆစ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။

ဒါကြောင့် သွေးလေးဖက်နာကို ကုမယ်ဆိုရင် စောစောသိ စောစောကုတာကောင်းပါတယ်။ ထိထိရောက်ရောက် ကုသပြီး ရောင်ရမ်းမှုတွေကို လျှော့ချမယ်။ နောက်ထပ် ရောင်ရမ်းမှုတွေ မဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် အခြေအနေမဆိုးအောင် ထိန်းထားနိုင်မှာပါ။

သွေးလေးဖက်နာနဲ့ ပတ်သက်ပြီး လူနာအများစုက ရောဂါရဲ့ သဘောသဘာဝကို သေချာမသိတဲ့အတွက်ကြောင့် အရှင်းပျောက်သွားမယ်လို့ ထင်တတ်ကြပါတယ်။ သက်သာတာကို ပျောက်သွားတာနဲ့ မှားတတ်ပါတယ်။ ဒါကြောင့် ဆေးတွေ ရပ်ပစ်တာ၊ ရက်ချိန်းမလာတာတွေ ရှိပါတယ်။ ဒီလို မဖြစ်ရအောင် ကိုယ့်ရဲ့ ရောဂါအကြောင်းကို သိထားဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်နားလည်မှသာ ဆရာဝန်ရဲ့ ကုသမှုတွေကို အတူ ပူးပေါင်းဆောင်ရွက်နိုင်မှာပါ။

 # # #နွေဦးရာသီ နှင့် ရေကျောက်ရောဂါ(ပဲသီတာ)ရေကျောက်ရောဂါ ဆိုသည်မှာ…ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလေ...
22/03/2025

# # #နွေဦးရာသီ နှင့် ရေကျောက်ရောဂါ(ပဲသီတာ)

ရေကျောက်ရောဂါ ဆိုသည်မှာ…

ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလောက်မှာ ရောဂါအဖြစ်များပြီး၊ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့ရတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ အင်္ဂလိပ်လို chicken pox လို့ခေါ်ပြီး၊ မြန်မာလိုတော့ ရေကျောက်ရောဂါ(သို့မဟုတ်) ပဲသီတာ လို့ခေါ်ကြပါတယ်။ ဗေရီဆယ်လား (Varicella Zoster) (ခေါ်) DNA ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက် ၄-နှစ် နှင့် ၁၀-နှစ်ကြား ကလေးငယ်တွေဖြစ်ကြပြီး၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ကတော့ အသက် ၁၈-နှစ်အောက် လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ (တခါတရံ ၆-လသား အရွယ် မှာလည်း ရေကျောက်ပေါက်တာကို တွေ့ရပါတယ်)

ရောဂါ လက္ခဏာ….

ထိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာအနီစက်၊ အဖုအပိန့်တွေထွက်လာပါလိမ့်မယ်။ ရင်ဘတ်၊ ၀မ်းဗိုက်၊ နောက်ကျော စတဲ့ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေမှာ အနီစက်တွေစထွက်လာပြီး ယားလို့ ကုတ်မိခြင်းဖြင့် သတိထားမိတတ်ပါတယ်။ ပိုး၀င်ပြီး ပထမ တစ်ရက်အတွင်း နှာစေး၍ ချောင်းဆိုးလာတတ်ပါတယ်။ နည်းနည်းဖျားလာပါလိမ့်မယ်။ ထို့နောက် လက်မောင်း၊ မျက် နှာ၊ ခြေထောက် နှင့် ဦးရေပြားပါမကျန် တစ်ကိုယ်လုံးအနှံ့ အလားတူအနီစက်အဖုလေးတွေ အုပ်စုလိုက်ထွက်လာပြီး ၂-ရက် ၃-ရက် ကြာရင် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါ်လာပါတယ်။ (တချို့ကလေးတွေမှာတော့ နာရီပိုင်း အတွင်းမှာပင် အရည်ကြည်ဖုလေးများဖြစ်လာကြပါတယ်) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ရက်သတ္တ ၁-ပတ်အတွင်း အရည်ကြည် ဖုလေးတွေ တဖြည်းဖြည်းခြောက်ပြီး ၇-ရက် ကျော်သွားတဲ့အခါမှာတော့ အကုန်လုံးခြောက်လာပြီး ကွာကျသွားပါလိမ့်မယ်။ နောက်ဆုံးမှာ အမာရွတ်ပါမကျန် သူ့အလိုလိုပျောက်သွားပါတယ်။ အနီဖုလေးများ ပေါက်တဲ့အချိန်မှာ တွေ့မြင်ရတဲ့ အခြားလက္ခဏာများမှာ ကလေးကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ တခါတရံ အပြင်းဖျားခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ နားကိုက်ခြင်း၊ မလှုပ်ချင်၊ မသယ်ချင်လောက်အောင်နုံးချိနေခြင်း ….စသည်တို့ဖြစ်ကြပါတယ်။

ကူးစက်ပုံ…

ကလေးတွေမှာ ရောဂါပျိုးစ(အရည်ကြည်ဖုမပေါ်ခင်)အချိန်မှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အနီစက်ထွက် ပြီးနောက် ၅-ရက် အကြာမှာ နောက်တစ်ဦးဆီသို့ ရောဂါကူးစက်ဖို့အခွင့်အလမ်းများပါတယ်။ (တစ်ခါတစ်ရံ နှာစေးချောင်းဆိုး ရုံ လောက်နဲ့ ပြီးသွားပြီး တစ်ရက် နှစ်ရက်ကြာတဲ့အခါ အတူနေကလေးတွေကို ကူးစက်သွားပါတယ်) အဓိက ကူးစက်ပုံကတော့့ လေထဲကဆင့် ကူးစက်ခြင်းပါ။ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် ရောဂါရှိတဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်း မှ ထွက်သော အရည်၊ အမှုန်အစက်ကလေးတွေ Droplet ကတဆင့် ကူးစက်ပါတယ်။ အနီစက်ကဖြစ်လာတဲ့ ပဲသီတာ အရည်ဖုက ထွက်တဲ့ အရည်ထဲမှာ ဗိုင်းရပ်စ်ပိုး တွေအများကြီးပါဝင်နေပါတယ်။ ဒါကြောင့် ရောဂါရှိသူနှင့် ခန္ဓာကိုယ်ခြင်း ထိတွေ့ဆက်ဆံမှုမှ ကူးစက်တတ်ပါတယ်။ ထို အရည်ကြည်ဖုလေးတွေကို ဘက်တီးရီးယား ပိုး၀င်သွားခဲ့ပါက ပြည်တည်နာလေးတွေ ဖြစ်သွားပါ တယ်။ ရေကျောက် ဗိုင်းရပ်(စ်)ပိုးကြောင့် နောက်ဆက်တွဲရောဂါများအဖြစ် ဦးနှောက်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အားဖြင့် အသက်အန္တရာယ်မရှိပေမယ့် ခုခံအားကျဆင်းနေတဲ့ ကလေးများ၊ ကျောက်ကပ်ရောင်ရောဂါရှိတဲ့ ကလေးများ၊ သွေးကင်ဆာရောဂါ ရှိတဲ့ကလေးများ၊ စတီးရွိုက်ဆေး သောက်နေရ၍ ခုခံအားကျ နေတဲ့ ကလေးများတွင် ရေကျောက်အနာဖု မှ ပြည်တည်နာဖြစ်တဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ကုသပုံ….

(၁) ရေကျောက်ရောဂါ(ခေါ်)ပဲသီတာဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖုလေးတွေ ဖြစ်ပေါ် လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျ သွားမှာပါ။ အနီစက်တွေထွက်ပြီး တစ်ပတ်အကြာမှာ အမာရွတ်ပါမကျန် ပျောက်ကင်းသက်သာတတ်ပြီး အချို့လူနာများ မှာ တစ်လခန့်အထိ ကြာတတ်ပါတယ်။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေး လေး ကျန်တတ်ပါတယ်။ ပြည်တည်ရောဂါ ပိုး၀င်ခဲ့ရင်တော့ အမာရွတ်ကျန်တတ်ပါတယ်။

(၂) ရေနွေးနဲ့ ရေချိုးပါ (သို့မဟုတ်) ရေနွေးစိမ်အဝတ်နဲ့ ရေပတ်တိုက်ပေးပါ။

(၃) အဖျား၀င်နေပါက paracetamol တိုက်ကျွေးနိုင်ပါတယ်။ (သို့သော် aspirin , Ibuprofen တို့လို အကိုက်ခဲပျောက်ဆေး တွေ အသုံးမပြုသင့်ပါဘူး)
(၄) အဖုအပိန့်လေးများကို Calamine အရည် လိမ်းပေးပါ (သို့မဟုတ်) အ၀တ်သန့်သန့်ကို ရေနွေးတို့၍ သန့်စင်ပေးပါ။

(၅) သိပ်ဆိုးရင် antihistamine လို့ခေါ်တဲ့ အယားပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ (သို့သော် အရောင်ကျဆေးတဲ့ steoid လိမ်းဆေးမျိုး မသုံးသင့်ပါဘူး)

(၆) သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး စတာတွေကလည်း အရေပြားရောဂါတွေအတွက် အထောက်အကူပြုပေး နိုင်ပါတယ်။

(၇) အုန်းရည်ဟာ အရေပြားကျန်းမာရေးကိုအထောက်အကူပြုတာကြောင့် ရေကျောက်ရောဂါအတွက်သာမက၊ ကျောက်ကြီး ရောဂါ၊ ၀က်သက်ရောဂါများအတွက် အုန်းရည်အ၀ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

(၈) မုန့်လုပ်ရာမှာသုံးတဲ့ ဆားဆိုဒါ လက်ဖက်ရည်ဇွန်း ၁-ဇွန်းကို ရေဖျော်၍၊ အဖုအပိန့်လေးများကို တို့ပေးခြင်းဖြင့် ယားယံခြင်းမှ သက်သာစေနိုင်ပါတယ်။

(၉) ၀က်သက်၊ ရေကျောက်(ခေါ်)ပဲသီတာ စသည့် အပူနာရောဂါများအတွက် ကြိုတင်ကာကွယ်ဆေးအဖြစ် ခံတက်ရွက်ကို သကြား(သို့မဟုတ်)ထန်းလျက်(သို့မဟုတ်)ပျားရည် စသည့် သင့်ရာ တစ်မျိုးမျိုးဖြင့် ပြုတ်၍ တိုက်ကျွေးသင့်ပါတယ်။

(၁၀) ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အားဆေးတွေ တွဲသောက်ပေးပါ။

(၁၁) ရေများများသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များများ စားခြင်းဟာ ရောဂါလက္ခဏာသက်သာ စေရုံ သာမက ကိုယ်ခံအားပါတတ်စေနိုင်ပါတယ်။

(၁၂) လည်ချောင်းနာပါက ဆားရည်ပလုတ်ကျင်းပေးနိုင်ပါတယ်။

(မှတ်ချက်) အကယ်၍ ရောဂါလက္ခဏာ ပြင်းထန်လွန်းပြီး ကူးစက်မှုများနေရင်တော့ Acyclovir ဆေးပြားကို ၇၂-နာရီအတွင်း တိုက်ကျွေးဖို့လိုအပ်နေပါပြီ်။ ဒါကြောင့် ကလေး ကိုယ်ပူပြင်းထန်လွန်းလျှင် သော်လည်းကောင်း၊ ကလေး မနေနိုင်အောင် အဖုအပိန့်များက ယားယံနေလျှင် သော်လည်းကောင်း ဆရာ၀န်ထံပြသပါ။ တခါတရံမှာတော့ အဖုအပိန့်ထဲကို ပိုး၀င်ပြီး ပြည် တည်နာများ ဖြစ်လာတတ်တဲ့အတွက် လိုအပ်တဲ့ ပိုးသတ်ပဋိဇီ ထိုးဆေး-စားဆေး-လိမ်းဆေးများကို ဆရာ၀န်က ညွှန်ကြားပေး ပါလိမ့်မယ်။

ရောဂါမဖြစ်အောင် ကာကွယ်နည်း…

(၁) အသက် ၅-နှစ်အောက် ကလေးငယ်များကို တစ်နှစ်သားမှာ တစ်ကြိမ်၊ ၅-နှစ်သားမှာ တစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

(၂) ရေကျောက်ရောဂါ လုံး၀ မဖြစ်ပွားခဲ့ဖူးသူ ၁၈-နှစ်အောက် လူငယ်များကလည်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။ ထို အရွယ်များမှာတော့ တစ်ကြိမ် နှင့် တစ်ကြိမ် တစ်လခြားပြီးထိုးပေးရမှာပါ။

(၃) အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၅ ခုနှစ်မှစတင်၍ ရေကျောက်ကာကွယ်ဆေးထိုးပေးခဲ့ရာ ဖြစ်ပွားနှုန်း ၉၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သို့ သော် ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ကူးစက် ခံနေရသူများ၊ aspirin ကဲ့သို့ အကိုက် အခဲပျောက်ဆေး ရေရှည်သုံးစွဲနေသူများ နှင့် lincomycin ကဲ့သို့ပဋိဇီဝဆေး မတည့်သူများကတော့ ထို ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးမသင့်ပါဘူး။

(၄) အထူးသဖြင့် ရေကျောက်ဖြစ်ပွားဖူးခြင်း လုံး၀မရှိသေးသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန်မဆောင်ခင် ၁-လ အလိုမှာ ကာကွယ်ဆေး အပြည့်အစုံဖြစ်အောင်ကြိုတင်ထိုးထားခြင်းဖြင့် မွေးဖွားလာမည့် ကလေးအတွက် ကြိုတင်ကာကွယ်ပေး နိုင်ပါတယ်။ အဲဒီ ကြိုတင်ကာကွယ်ဆေးမျိုးကို ဂျပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခုနှစ်လောက်မှာ စတင် တီထွင် ထုတ်လုပ်ပေးခဲ့ ကြောင်း လေ့လာမှတ်သားရပါတယ်။

(၅) အထူးသတိပြုရမည့် အချက်မှာ ရေကျောက် တစ်ခါဖြစ်ဖူးရင်၊ နောင်လူကြီးဘဝမှာ ရေယုန်ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း သေချာ နေပါပြီ။ ဒါဘာကြောင့်လဲဆိုရင် ကလေးငယ်ဘ၀မှာ ရေကျောက်အနီစက်လေးတွေ လုံးဝပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုး ကတော့ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ထဲမှာ ရှိနေတုန်းပါဘဲ။ ဒီလိုနဲ့အသက်ကြီးလာပြီးနောက် ခုခံအားကျဆင်းတဲ့ အခါဖြစ်စေ၊ အာဟာရချို့တဲ့ နေချိန်မှာဖြစ်စေ ခန္ဓာကိုယ်ထဲမှာ ကိန်းငုပ်နေတဲ့ပိုးဟာ ရေယုန်အနေနဲ့ ပြန်လည်ပေါ်ပေါက်လာ တတ်လို့ ပါဘဲ။ ထိုပြဿနာမျိုးကို အများအားဖြင့် အသက် ၆၀-ကျော် အရွယ်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက် ဖြစ်ဖူးသူတွေအနေနဲ့ တစ်ချိန် မှာ ရေယုန်မဖြစ်အောင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

(၆) ရေကျောက်(ခေါ်)ပဲသီတာ ဖြစ်တဲ့အခါ၊ ရောဂါဖြစ်သူရဲ့ အဝတ်အစားများကို ရေနွေးနဲ့သီးသန့်လျှော်ဖွတ်ပါ။

(၇) ပဲသီတာ အဖုလေးတွေက ယားလွန်းတာကြောင့် ကုတ်မိပါတယ်။ အဖုလေးတွေ အနာမဖြစ်အောင် ကာကွယ်သည့်အနေဖြင့် ကလေးကို လက်သည်းညှပ်ပေးပါ။ လက်သည်း ညှပ်ပြီးတဲ့ အခါမှာလည်း စူးရှမနေစေဖို့အတွက် လက်သည်း ကို တံစဉ်းဖြင့် တိုက် ပေးထားပါ...

🅲🆁🅴🅳🅸🆃

သတိပြုရမည့် ပန်းနာရင်ကြပ်ရောဂါပန်းနာရင်ကြပ်ရောဂါဆိုတာ နာတာရှည်အဆုတ်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ...
22/03/2025

သတိပြုရမည့် ပန်းနာရင်ကြပ်ရောဂါ

ပန်းနာရင်ကြပ်ရောဂါဆိုတာ နာတာရှည်အဆုတ်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အဲ့ဒီရောဂါဝေဒနာဟာ ပြင်းထန်နိုင်သလို လေပြွန်နဲ့ အဆုတ်ထိခိုက်စေတဲ့ ရောဂါဖြစ်ပေမဲ့ လည်း မှန်ကန်တဲ့နည်းလမ်းနဲ့စနစ်တကျ ကုသမယ်ဆိုရင် ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ပါတယ်။ အချို့တွေက ပန်းနာရင်ကြပ်ရောဂါကို သာမာန်ချောင်းဆိုး၊ အအေးမိတာနဲ့ မှားတတ်ကြပြီး ပေါ့ဆကြတာ ကြောင့် ရောဂါကိုအချိန်မီမသိရှိကြပါဘူး။

ပန်းနာရင်ကြပ် ဒါမှမဟုတ် Asthma ဆိုတာ လေပြွန်မှာ ချွဲသလိပ်တွေကပ်နေပြီး ရောင်ရမ်းတာ ကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာတစ်ခုဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ဝေဒနာကို ခံစားရတယ်ဆိုရင် အသက်ရှူရတာခက်ခဲခြင်း၊ လေ့ကျင့်ခန်းလုပ်တဲ့နေရာတွေမှာအခက်အခဲများကြုံတွေ့နိုင်ခြင်း နှင့် လေ့ကျင့်ခန်း မလုပ်နိုင်ခြင်းစတာတွေဖြစ်တတ်ပါတယ်။ စစ်တမ်းများအရ ပန်းနာရင်ကျပ်ရောဂါက မြန်မာနိုင်ငံက အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်း ရောဂါတွေထဲက နံပါတ် ၆ နေရာမှာပါဝင်ပြီး ၂၀၁၉ ခုနှစ်စာရင်းများအရ ကမ္ဘာအနှံ့မှာ ပန်းနာရင်ကြပ်ရောဂါဝေဒနာခံစားရသူ ၂၆၂ သန်းအထိရှိပြီး သေဆုံးသူ ၄ သိန်းကျော် အထိရှိကြောင်းသိရှိရပါတယ်။ ပန်းနာရင်ကြပ်ရောဂါဟာ မကူးစက်နိုင်ပေမဲ့ အဖြစ်များတဲ့ ရောဂါဝေဒနာဖြစ်ပြီး လေ့လာမှုတစ်ခုအရဆိုရင် အသက် ၅ နှစ်မတိုင်ခင်ကလေးများမှာ အဖြစ်အများဆုံး ဖြစ်ကာ အမေရိကန်နိုင်ငံက ကလေး ၁၂ ယောက်မှာ ၁ ယောက်နှုန်း ပန်းနာရင်ကြပ်ရောဂါ ဝေဒနာကို ခံစားနေရကြောင်း အဆိုပါစာရင်းအရသိရပါတယ်။

ပန်းနာရင်ကြပ်ရောဂါဝေဒနာရဲ့ အဓိကလက္ခဏာကတော့ အသက်ရှူတဲ့အခါ တရွှီရွှီမြည်တာဖြစ်ပြီး တစ်ခြားသော လက္ခဏာတွေကတော့ ညဘက် ဒါမှမဟုတ် ရယ်တဲ့အချိန်တွေနဲ့ လေ့ကျင့်ခန်းလုပ်နေချိန်များမှာ ချောင်းဆိုးခြင်း၊ ရင်ဘတ်တင်းကြပ်နေခြင်း၊ အသက်ရှူရာမှာ ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း၊ စကားပြောရ ခက်ခြင်း၊ ထိတ်လန့်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ အသက်ရှူမြန်နေခြင်း၊ နေမကောင်း မကြာခဏဖြစ်ခြင်းနဲ့ ကောင်းမွန်စွာ မအိပ်ပျော်ခြင်းတို့ဖြစ်ပါတယ်။ အချို့လူတွေကတော့ တစ်နေကုန် ရောဂါလက္ခဏာတွေကို ခံစားနေရရတတ်ပေမဲ့လည်း အချို့ကတော့ တစ်ခုခုလုပ်နေတဲ့ အချိန်တွေမှာသာ ခံစားရပါတယ်။ ဒါပေမဲ့လည်း ပန်းနာရင်ကြပ်ရှိသူတိုင်းက ဖော်ပြထားတဲ့ရောဂါ ဝေဒနာတိုင်းကို ခံစားရတယ်ဆိုပြီး မရှိပါဘူး။ ဒါကြောင့် ဒီရောဂါဝေဒနာတွေထဲက တစ်ခုခုကိုခံစားနေရပါက ဆရာဝန်ထံ သွားရောက်ပြီး စစ်ဆေးကုသမှုခံယူဖို့ အကြံပြုပါတယ်။

ကလေးများမှာပန်းနာရင်ကြပ်ဖြစ်ပါက လူကြီးမိဘအများစုက နေမကောင်းခြင်း၊ အအေးမိခြင်းနဲ့ ဖျားနာခြင်းတို့နဲ့ မှားလေ့ရှိကြပါတယ်။ ကလေးတွေမှာ ပန်းနာရင်ကြပ်ရောဂါရှိတဲ့အချိန်မှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ အစဉ်မပြတ်ချောင်းဆိုးခြင်း၊ ဆော့ကစားနေတဲ့အချိန်မှာ အားနည်းနေခြင်း၊ အသက်ရှူမြန်ခြင်း ဒါမှမဟုတ် အသက်ရှူတဲ့အခါ ပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်းနဲ့ ခြေသည်းလက်သည်းတွေ ဖြူဖျော့နေခြင်း၊ စကားပြောဖို့ ခက်ခဲခြင်း၊ ရင်ဘတ်နာတယ်လို့ညည်းညူနေတတ် ခြင်း၊ အသက်ရှူတဲ့အခါ တရွှီရွှီအသံထွက်နေခြင်း၊ နံရိုးနဲ့ လည်ပင်းနားတစ်ဝိုက်တွေမှာ အသက်ရှူထုတ်လိုက် တိုင်း ဖောင်းလိုက်ပိန်လိုက်ဖြစ်နေခြင်း၊ နေမကောင်းချင်သလို ဖြစ်နေခြင်း၊ စိတ်ဆိုးမာန်ဆိုးဖြစ်နေခြင်းနှင့် အစားအသောက် ကျွေးရခက်နေခြင်းတို့ဖြစ်ပါတယ်။

ပန်းနာရင်ကြပ်ရှိတဲ့သူတွေက ရောဂါလက္ခဏာကို သေသေချာချာဂရုစိုက်နေပေမဲ့လည်း တစ်ခါတစ်လေဆိုရင် အခြေအနေအရ ရောဂါဖောက်တာတွေရှိတတ်ပါတယ်။ ပန်းနာရင်ကြပ်ဖောက်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမဲ့ ဖြစ်နိုင်ချေရှိတာတွေကတော့ အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ကူးစက်ရောဂါများဖြစ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဓာတ်မတည့်မှုဖြစ်ခြင်း၊ သက်သောင့်သက်သာမရှိသော ပတ်ဝန်းကျင်ဖြစ်ခြင်း၊ ခံစားချက်တွေ ပြင်းထန်လာခြင်း၊ ရာသီဥတုပြင်းထန်ခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ဆေးလိပ်သောက်ခြင်းအပြင် ဖုန်မှုန့်များ၊ ပြင်းထန်တဲ့ဓာတုဗေဒပစ္စည်းနံ့များ နှင့် ပိုးမွှားများကြောင့် ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်တယ်ဆိုရင် အမြန်ဆုံးကုသနည်းတွေဖြစ်တဲ့ Inhalers (ရှူဆေးများ) နဲ့ကုနိုင်ပေမဲ့ အခြေအနေဆိုးရွားလာရင်တော့ ကုသမှုခံယူဖို့လိုအပ်ပါတယ်။ ကလေးများမှာ ရောဂါထဖောက်တာမျိုး ဖြစ်တယ်ဆိုရင် သူတို့တွေရဲ့ရောဂါလက္ခဏာက လူကြီးတွေထက်တောင်ပိုမိုဆိုးရွားနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တာကြောင့် ကုသမှုကိုအမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ပန်းနာရင်ကြပ်ရောဂါဝေဒနာဖြစ်ရတဲ့ အကြောင်းအရင်းတိတိကျကျကို မသိရပေမဲ့လည်း မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နဲ့ ကလေးတုန်းက ပြင်းထန်တဲ့ရောဂါဝေဒနာ ခံစားရသူတွေက ပန်းနာရင်ကြပ်ရောဂါ ဖြစ်စေကြောင်း လေ့လာမှုတွေမှာ တွေ့ရှိရပါတယ်။ ကလေးငယ်များမှာဆိုရင်လည်း မိခင်ကိုယ်ဝန်ဆောင်ချိန် မှာ ဆေးလိပ်သောက်ခြင်း၊ ငယ်ရွယ်စဉ်မိခင်ဆေးလိပ်သောက်ရာကနေ ကလေးငယ်ဆီ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မိခြင်း၊ ကိုယ်ခံအားနည်းပြီး ပန်းနာရင်ကြပ်နဲ့ တစ်ခြားသောရောဂါဝေဒနာများဖြစ်ခြင်း၊ အဝလွန်ခြင်း ဒါမှမဟုတ် ဓာတ်မတည့်မှုတစ်ခုခုရှိခြင်း တို့ဖြစ်ပါတယ်။
ပန်းနာရင်ကြပ်က ကုသလို့မရပေမဲ့လည်း ရောဂါဝေဒနာကိုတော့ ထိန်းချုပ်နိုင်ပြီး ရေရှည် ကုသရမှာမျိုးဖြစ်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်ရောဂါရှိတယ်ဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန် ထဲကုသမှုခံယူပြီး ရောဂါအခြေအနေအလျောက် ဆေးဝါးများသောက်သုံးကာ ရောဂါလက္ခဏာကို ထိန်းချုပ်နိုင်သလို ပန်းနာရင်ကြပ်မဖောက်အောင်လည်း ဆောင်ရန်ရှောင်ရန်တွေကို မှတ်သားထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အိမ်မှာနေပြီးတော့လည်း ကျန်းမာရေးကောင်းအောင် အာဟာရရှိသော အစားအစာများကို စားပေးခြင်း၊ မတည့်တာကို ရှောင်ခြင်း၊ ကိုယ်အလေးချိန်ကို သင့်တင့်အောင် ထိန်းညှိခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးခြင်းနဲ့ စိတ်ဖိစီးမှုကို ထိန်းညှိလျှော့ချခြင်း ဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

ဓာတ်မတည့်ခြင်းနဲ့ ရောဂါကူးစက်ခြင်းတွေကလည်း ကလေးငယ်များရဲ့ ပန်းနာရင်ကြပ် ရောဂါလက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အဲ့လိုမဖြစ်အောင် ရောဂါလက္ခဏာသက်သာအောင် အိမ်မှာလုပ်ဆောင်လို့ရတဲ့နည်းလမ်းတွေကတော့ အိမ်ထဲကလေထုခြောက်သွေ့နေတဲ့အခါ ရောဂါဖောက်နိုင် တာကြောင့် ကလေးရဲ့အခန်းနားမှာ အစိုဓာတ်ထိန်းပေးတဲ့စက်ထားရှိခြင်း၊ ကလေးကိုလည်း အသက်ရှူ လေ့ကျင့်ခန်းလုပ်ဖြစ်အောင် လေ့ကျင့်ပေးခြင်းတို့လုပ်ပေးရမှာဖြစ်ပါတယ်။ အချို့ကလေးတွေဆိုရင် ငယ်ငယ်တည်းကစနစ်တကျကုသမှု ခံယူခဲ့တာကြောင့် အသက်ကြီးလာတဲ့အခါ ပန်းနာရင်ကြပ်ရောဂါ ပျောက်ကင်းလုနီးပါးဖြစ်တာကို တွေ့ရပါတယ်။ ရောဂါကို သေချာကုသမှုမခံယူသော ကလေးအများစုက ကျောင်းလည်းမတက်နိုင်ကြသလို ဆေးရုံမှာလည်း နေထိုင်နေရပြီး ပြင်းထန်တဲရောဂါလက္ခဏာများကတဆင့် အဆုတ်ကိုလည်း တဖြည်းဖြည်းထိခိုက်လာနိုင်ပါတယ်။

မေလ ၇ ရက်နေ့ဟာ “World Asthma Day” “ကမ္ဘာ့ပန်းနာရင်ကြပ်နေ့” ဖြစ်ပြီးတော့ မြန်မာနှင့် နိုင်ငံတကာမှာရှိတဲ့ ပန်းနာရင်ကြပ်ဝေဒနာရှင်များ ထိရောက်သောကုသမှုများနှင့် တွေ့ရှိရပြီး အနာနှင့်ဆေးတွေ့ကာ ရောဂါများသက်သာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော်
MIR

 #သွေးပြစ်တယ်ပြောတယ် #သွေးတစ်အိတ်_ဖောက်ထုတ်ရတယ် #ဆေးလိပ်ဖြတ်ခိုင်းတယ်  #သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း👉👉👉...
19/03/2025

#သွေးပြစ်တယ်ပြောတယ်
#သွေးတစ်အိတ်_ဖောက်ထုတ်ရတယ်
#ဆေးလိပ်ဖြတ်ခိုင်းတယ်


#သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း

👉👉👉
သွေးမှာ
၁။ Cells components နဲ့
၂။ Plasma (သွေးရည်ကြည်) နဲ့ဆိုပြီိး ရှိပါတယ်။

၁။ Cells components ထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး (၃) မျိုးရှိတာမှာ
- သွေးနီဥ (Red Blood Cell) က O2 နဲ့ အဟာရသယ်ပေးတယ်
- သွေးဖြူဥ (White Blood Cell )က ရောဂါကာကွယ်တယ်
- သွေးဥမွှား (Platelets) က သွေးခဲစေတယ်

၂။ Plasma (သွေးရည်ကြည်)

သွေးရဲ့ အရည် Potion ပါ။ ဘာတွေပါလဲ ဆိုတော့

- ရေ နဲ့
- Plasma protein ဘာတွေလုပ်လဲဆိုတော့
1.သွေးထဲကရေတွေ သွေးကြောအပြင်ထွက်မသွား
အောင် ထိန်းသိမ်းတယ်။
2.Hormone, Chemicals, Vitamins, နဲ့ ဆေးတွေ ကိုတစ်နေရာကနေ တစ်နေရာပို့ပေးတယ်
3.သွေးထွက်တဲ့နေရာကို ပိတ်ဖို့ Platelets နဲ့ တူတူ သွေးခဲတာဝန်ကို ထမ်းဆောင်ကြတဲ့အပြင်
4.ကိုယ်ခံအားစနစ်မှာလည်း ပါဝင်ကြပါတယ်

- Electrolytes (Sodium, Potassium အစရှိတဲ့ ဓာတ်ဆားဓာတ်တွေ)ပါပါတယ်

👉👉👉
​(သွေးနီဥ Red Blood Cell) တွေက သွေးရဲ့ ၄၅ ရာခိုင်နှုန်းလောက်ရှိတာမို့လို့ သွေးကနီနေတာပါ။

က သွေးနီဥတွေများတာ ဆိုတော့ အလွယ် သွေးပြစ်တယ်လို့ပြောကြတာပါ။

​သွေးနီဥတွေက Oxygen နဲ့ အဟာရတွေ Cells တွေဆီပို့ပေးပြီး ၊ Carbon Dioxide နဲ့ အညစ်အကြေးတွေကို Cells တွေဆီကနေရှင်းပေးပါတယ်။

အဲ့တော့ သွေးနီဥ များတာ ကောင်းတယ် မဟုတ်ဘူးလားဆိုတော့ မကောင်းပါဘူး။

#ဘာလို့လဲ ⁉️

Cells တွေဆီကို အစာအဟာရပို့ပေးတဲ့ သွေးကြောကို Capillary = ဆံချည်မျှင်သွေးကြောလို့ခေါ်ပါတယ်
ဆံပင်ထက်သေးပါတယ် အဲ့ဒီသွေးကြောလေးတွေက သွေးနီဥ တစ်လုံးစာပဲ လွတ်လွတ်လပ်လပ်၊ ချောင်ချောင်ချိချိ သွားလို့ရပါတယ်၊

သွေးထဲမှာ သွေးနီဥ အပြင်တခြားဟာတွေလည်းရှိသေးလို့ သွေးနီဥတွေသာ တရားလွန်များလာရင် အဲ့ဒီ ဆံချည်မျှင်သွေးကြောတွေထဲမှာ သွေးနီဥတွေ ပြွတ်သိပ်ပြီး ပိတ်ပါလိမ့်မယ်။

သွေးကြောပိတ်သွားတော့ အဲ့ဒီသွေးကြောက ထောက်ပံ့တဲ့ Cells တွေသေပါတယ်။

အဲ့ဒီသွေးကြောဟာ
ဦးနှောက်ထဲက သွေးကြောဖြစ်ရင် လေဖြတ်တတ်ပါတယ်
နှလုံးသွေးကြောဖြစ်ရင် Heart attack ရပါတယ်
ခြေ/လက် ကသွေးကြောဖြစ်ရင် ခြေ/လက် ပုတ်ပါတယ်။

အဲ့ဒါကြောင့် သွေးနီဥနည်း တဲ့ သွေးအားနည်းရောဂါ (Anaemia) ကလည်း အန္တရာယ်ရှိသလို
သွေးနီဥများတဲ့ သွေးပြစ်တဲ့ရောဂါ (Polycythemia) ကလည်း အန္တရာယ်ရှိပါတယ်။

👉
#ဘာလို့ဖြစ်တာလဲ ⁉️

- Polycythemia Rubra Vera
ရိုးတွင်းချဉ်ဆီကိုက သွေးနီဥတွေကို တရားလွန်ထုတ်နေတဲ့ ရောဂါပါ။
- Secondary Polycythemia

ရောဂါအခံတစ်ခုခုကြောင့် သွေးနီဥတွေ များလာတာပါ။
ဥပမာ။ ။ ဆေးလိပ်သောက်တာ၊ အဆုတ်ပွတာ နဲ့ OSA 👉 အဲ့ဒီလူတွေမှာ Cells တွေက Oxygen လုံလုံလောက်လောက်မရတော့
ခန္ဓာကိုယ်ကနေ Oxygen သယ်ပေးတဲ့ သွေးနီဥတွေကို များများထုတ်ခိုင်းလိုက်ပါတယ်။

သယ်ပေးတဲ့ သွေးနီဥတွေများလာပေမယ့်
ဆေးလိပ်ဆက်သောက်နေသမျှတော့ သွေးထဲ Carbon dioxide တွေများနေတော့ Cells တွေက Oxygen မရတော့ ခန္ဓာကိုယ်ကသွေးနီဥတွေကို ထပ်ခါထပ်ခါ ထုတ်ခိုင်းရင်း သွေးနီဥတွေများ သထက်များလာရတာပါ။

အဆုတ်ပွတာမှာရော၊ OSA မှာရော ထိုနည်းအတိုင်းပါပဲ။
👉👉👉
#ဘယ်လိုလုပ်ကြမလဲ ⁉️

သွေးပြစ်လွန်းရင် သွေးကြောထဲဆို့ပြီး လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ ခြေပုတ်၊ လက်ပုတ်ဖြစ်မှာ စိုးတော့

#အမြန်ဆုံးဖြေရှင်းနည်းကတော့ 👉 သွေးနီဥတွေဖောက်ထုတ်ပစ်တာပါပဲ
အဲ့မှာပြောစရာရှိတာက
သွေးအားနည်းရင် သွေးလှူလို့မရဘူးဆိုတော့
သွေးတွေသူတို့မှာပိုနေတာ ဒီတိုင်းဖောက်ပစ်မယ့်အစားလှူလိုက်ရင် အကျိုးမရှိဘူးလားဆိုတော့

(Edited; ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ သွေးဖောက်ထုတ်ပစ်လိုက်တယ်ဆိုတာကို လန့်လာလို့ပါ 😁
သွေးလှူသလိုပါပဲ သွေးတစ်အိတ် ထုတ်တာပါ (500 ml) ရေသန့်ဘူးတစ်ဝက်စာပေါ့ သွေးချည်းထုတ်ရုံထုတ်တာမဟုတ်ပါဘူး ၊ Normal Saline/Dextrose water (500 ml) ပြန်သွင်းပေးပါတယ်
👉 ခန္ဓာကိုယ်ထဲက 500 ml ထုတ်ပြီး 500 ml ပြန်ထည့်ပေးပါတယ် ကြောက်စရာ Procedure မဟုတ်ပါဘူး)

မရပါဘူး သူတို့ရဲ့သွေးနီဥတွေက တက်သုတ်ရိုက်ထုတ်ထားတာဖြစိလို့ Quality မကောင်းပါဘူး၊ အလုပ်ကောင်းကောင်းလုပ်မယ့် ဟာတွေမဟုတ်ပါဘူး အဲ့ဒါကြောင့် သူတို့လည်း သွေးလှူလို့မရပါဘူး။

လူနာတွေမှာက တော့ ရောဂါအခံကို ကုလိုက်တာ၊ ဆေးလိပ်ဖြတ်လိုက်တာ က တကယ့်ကုသမှုအမှန်ဖြစ်ပါတယ်။

ဒါပေမယ့် Polycythemia Rubra Vera ဆိုတဲ့ရောဂါမှာတော့ ရိုးတွင်းချဉ်ဆီ ကိုက ထုတ်တာများနေတဲ့ အတွက် သူကို အလုပ်သိပ်မလုပ်အောင် တားတဲ့ဆေး ပေးရပါတယ်။

ပြစ်နေတာဖြစ်တဲ့အတွက် အလွယ်ပြောရရင် ရေရောရပါတယ်
👉 ရေများများသောက်ရပါတယ်
👉 ရေဓာတ်ခမ်းခြောက်မယ့်ရောဂါတွေ (ပျို့တာ၊ အန်တာ၊ ချွေးထွက်တာ၊ ဝမ်းလျှောတာ) ဖြစ်ရင် ချက်ချင်းကုရပါတယ်
👉 ဆေးလိပ်ဖြတ်ရပါမယ် (အပေါ်မှာပြောပြီးပေမယ့် အရေးကြီးလို့ထပ်ပြောတာပါ)
👉 အရက်ဖြတ်ရပါမယ်
👉 Red Meat (အမဲသား၊ ဆိတ်သား၊ ဝက်သား) ၊ ဝမ်းတွင်းသား၊ ကလီစာ မစားတာကောင်းပါတယ်

👉👉👉
အဲ့တော့ သွေးပြစ်တယ်ဆိုတာဘာလဲ ?
ဘာလို့ဖြစ်တာလဲ ?
ဘာလို့ သွေးနီဥများနေတာကို သွေးလှူလို့ မရတာလဲ ?
ဘယ်လို ကုရမလဲ ?
ဘာတွေ ရှောင်ရမလဲ သိကြပြီထင်ပါတယ်။
👉👉👉

#ရောဂါရှင်အနေနဲ့ ဘာတွေခံစားရမလဲ ⁉️

- ခေါင်းကိုက်တယ်၊ ခေါင်းအုံတယ်၊ ခေါင်းမကြည်ဘူး
- လန်းလန်းဆန်းဆန်းမရှိဘူး
- ရင်ပတ်အောင့်တတ်တယ်
- ခြေနာ၊ လက်နာဖြစ်တတ်တယ်
- အသည်းတို့ ဘေလုံးတို့ ကြီးတတ်တဲ့အတွက် ဗိုက်တင်းပြီး မအီမသာဖြစ်တယ်။

#ဘယ်လိုသိမလဲ ⁉️

- သွေးစစ်တာနဲ့ သိပါတယ်
- Ultrasound ရိုက်မယ်
- Polycythemia Rubra Vera အတွက်ကတော့ JAK2 Gene Mutation ဆိုတဲ့ မျိုးရိုးဗီဇ စစ်ရပါတယ်။

👉👉👉
သွေးနီဥ နဲ့ ပတ်သက်တဲ့ နည်းတာလည်းပြောပြီးပြီ၊ များတာလည်းပြောပြီးပြီ။ 😀

(Original Post; Nov,2020 👉 https://www.facebook.com/104993831383029/posts/137040061511739/)

သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ
Crd.

ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို စစ်ထုတ်ပေးတာပါ။  သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်...
18/03/2025

ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို စစ်ထုတ်ပေးတာပါ။
သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။
စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။
ကျောက်ကပ်ဆိုတာ ပျက်စီးသွားတဲ့အခါ ပြန်မကောင်းနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုမို့ မဖြစ်မနေဂရုစိုက်သင့်ပါတယ်။
ကျောက်ကပ်လေး ကျန်းမာနေစေဖို့ ဆိုရင် ဒီအချက်တွေကို သတိထားလုပ်ဆောင်ပေးသင့်ပါတယ်နော်။

ဆီးချိုစစ်တဲ့စက်တွေ ပေါလာတော့ အိမ်တိုင်းလိုလိုမှာ စက်တွေ ရှိလာကြပါပြီ။ ဆီးချိုရောဂါ ကိုယ့်မှာ ရှိနေ/မနေ သိဖို့ပါ။၁။ည၁၀ န...
16/03/2025

ဆီးချိုစစ်တဲ့စက်တွေ ပေါလာတော့
အိမ်တိုင်းလိုလိုမှာ စက်တွေ ရှိလာကြပါပြီ။ ဆီးချိုရောဂါ ကိုယ့်မှာ ရှိနေ/မနေ သိဖို့ပါ။

၁။ည၁၀ နာရီ နောက်ပိုင်းဘာမှ မစားဘဲ မနက် ၆နာရီ လက်ထိပ်သွေးဖောက်စစ်လို့
ရလာတဲ့ အဖြေက

FBS က 6.1 mmol/L (110 mg/dl )အောက်ဆို ကောင်းပါတယ်။ဆီးချိုရောဂါ မရှိပါ။

FBSက ≥ 6.1 mmol/L - 7 mmol/L [110 mg/dl – 126 mg/dl ]အတွင်းရှိနေခဲ့ရင် ဆီးချို စဖြစ်နိုင်ချေ ရှိနေပြီး

FBS ≥ 7 mmol/L [126 mg/dl ]ကျော်နေရင် ဆီးချိုရှိနေပါပြီ။နောက်နေ့မနက် ထပ်ဖောက်ပြီး confirm ပါရန်။

၂။
အစာစားပြီး ၂ နာရီ အကြာမှာ စစ်တဲ့အခါ
7.8mmol/l[140mg/dl] အောက်ဆိုရင် ကောင်းပါတယ်။

RBS ≥ 7.8 mmol/L - 11.1 mmol/L [140 mg/dl – 200mg/dl ]ဆီးချို ဖြစ်ခါနီးပါပြီ။

RBS ≥ 11.1 mmol/L [200mg/dl ]ကျော်နေရင် ဆီးချို ဖြစ်ပါပြီ။(FBS ထပ်ဖောက်ပါရန်)

၃။သွေးကြောထဲမှ သွေးဖောက်ပြီး ဟေမိုဂလိုဘင် စစ်ဆေးလိုက်တဲ့အခါ (HbA1c)
HbA1c 6 %အောက်ဆိုရင် ကောင်းပါတယ်။
HbA1c ≥ 6 % - 6.4% အတွင်းရှိရင် ဆီးချို ဖြစ်ချင်နေပါပြီ။

HbA1c ≥ 6.5 ကျော်နေရင်
ဆီးချိုရှိနေပါပြီ။

Credit

15/03/2025

#အစာအိမ်ပ်ုးကူးစက်ပုံ

#ခံတွင်းမှ ခံတွင်းသို့ ကူးစက်ခြင်း (Oral-Oral Transmission)**

-H. pylori သည် တံတွေးမှတဆင့် ကူးစက်နိုင်သည်။ ဥပမာ၊ တူညီသော ဇွန်း၊ ခရင်း၊ သို့မဟုတ် အစားအသောက်များကို အတူတကွမျှဝေစားသုံးခြင်းဖြင့် ကူးစက်နိုင်သည်။
- **သုတေသနအထောက်အထား**: ၁၉၉၉ ခုနှစ်တွင် *Journal of Clinical Microbiology* တွင် ထုတ်ဝေသော လေ့လာမှုတစ်ခုအရ H. pylori ကို ကူးစက်ခံရသူများ၏ တံတွေးနမူနာများတွင် တွေ့ရှိခဲ့ပြီး ဤနည်းလမ်းဖြင့် ကူးစက်နိုင်ကြောင်း အကြံပြုထားသည်။ ထို့အပြင် မိသားစုဝင်များအကြား ကူးစက်မှုနှုန်းမြင့်မားမှုကို တွေ့ရှိခဲ့ပြီး ၎င်းသည် နီးကပ်စွာထိတွေ့မှုကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။

2. **မစင်မှ ခံတွင်းသို့ ကူးစက်ခြင်း (Fecal-Oral Transmission)**

- H. pylori သည် မစင်အတွင်းတွင် ရှင်သန်နိုင်ပြီး သန့်ရှင်းမှုမရှိသော လက်များ၊ ရေ၊ သို့မဟုတ် အစားအစာများမှတဆင့် ပါးစပ်သို့ ရောက်ရှိနိုင်သည်။ သန့်ရှင်းရေးအခြေအနေ ညံ့ဖျင်းသော ဒေသများတွင် ဤကူးစက်မှုပိုများသည်။
- **သုတေသနအထောက်အထား**: *The Lancet* (၂၀၀၁) တွင် ထုတ်ဝေသော လေ့လာမှုတစ်ခုအရ သောက်သုံးရေ ညစ်ညမ်းမှုနှင့် H. pylori ကူးစက်မှုနှုန်းတို့ ဆက်စပ်မှုရှိကြောင်း ဖော်ပြထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မစင်မှ ခံတွင်းသို့ ကူးစက်မှုသည် အဓိကလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သက်သေပြထားသည်။3. **အစာအိမ်မှ ခံတွင်းသို့ ကူးစက်ခြင်း (Gastro-Oral Transmission)**
အော့အန်ခြင်းမှတဆင့် H. pylori ပါဝင်သော အစာအိမ်အရည်များ ထွက်လာပြီး ၎င်းကို အခြားသူများထံ ကူးစက်နိုင်သည်။ ၎င်းသည် ကလေးငယ်များအကြား ပို၍ဖြစ်တတ်သည်။
- **သုတေသနအထောက်အထား**: *Journal of Infectious Diseases* (၂၀၀၃) တွင် ဖော်ပြခဲ့သည့် လေ့လာမှုတစ်ခုအရ အော့အန်မှုမှ ထွက်သော အရည်များတွင် H. pylori DNA တွေ့ရှိခဲ့ပြီး ဤနည်းလမ်းဖြင့် ကူးစက်နိုင်ကြောင်း အကြံပြုထားသည်။
4. **ညစ်ညမ်းသောရေ သို့မဟုတ် အစားအစာမှ ကူးစက်ခြင်း**

H. pylori သည် ညစ်ညမ်းသောရေနှင့် သန့်ရှင်းမှုမရှိသော အစားအစာ (အထူးသဖြင့် ဟင်းသီးဟင်းရွက်များ) မှတဆင့် ကူးစက်နိုင်သည်။
- **သုတေသနအထောက်အထား**: *Epidemiology and Infection* (၂၀၁၀) တွင် ထုတ်ဝေသော လေ့လာမှုတစ်ခုအရ သန့်ရှင်းမှုမရှိသော ရေအရင်းအမြစ်များမှ H. pylori ၏ ကူးစက်မှုကို တွေ့ရှိခဲ့ပြီး အထူးသဖြင့် ဆင်းရဲသော ဒေသများတွင် ပိုများသည်။

#ကူးစက်မှုဖြစ်စေသော အကြောင်းအရင်းများ

-သန့်ရှင်းရေး အားနည်းခြင်း**: လက်ဆေးခြင်းမပြုခြင်း၊ ရေသန့်မသုံးခြင်းတို့က ကူးစက်မှုအန္တရာယ်ကို မြင့်တက်စေသည်။
- **လူဦးရေ ထူထပ်ခြင်း**: မိသားစုကြီးများ သို့မဟုတ် အဆောင်များတွင် နေထိုင်သူများအကြား ကူးစက်မှုပိုများသည်။
- **ကလေးဘဝတွင် ကူးစက်မှု**: အများစုမှာ ငယ်စဉ်ကလေးဘဝတွင် ကူးစက်ခံရပြီး အရွယ်ရောက်သည်အထိ ဆက်လက်ရှင်သန်သည်။

#ကာကွယ်နည်းများ

- လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ။
- သန့်စင်ထားသော သောက်ရေကိုသာ သုံးစွဲပါ။
- အစားအစာများကို သေချာချက်ပြုတ်ပြီး သန့်ရှင်းစွာ ကိုင်တွယ်ပါ။
- မိသားစုဝင်များအကြား ကိုယ်ပိုင်ပစ္စည်းများ (ဥပမာ- သွားပွတ်တံ၊ ဇွန်း) မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

H. pylori ၏ ကူးစက်မှုသည် အဓိကအားဖြင့် သန့်ရှင်းရေးနှင့် နေ့စဉ်အလေ့အထများပေါ်တွင် မူတည်ပြီး ဖြစ်ပွားကြောင်း သုတေသနများက သက်သေပြထားသည်။

#အစာအိမ်ပ်ုးကူးစက်ပုံမိခင်နို့ရည်မှ ကူးစက်ခြင်း (Transmission via Breast Milk)**

- **ဖြစ်နိုင်ခြင်း**: မိခင်နို့ရည်မှ H. pylori ကူးစက်မှုနှင့် ပတ်သက်၍ သုတေသနများသည် ရှင်းလင်းသော အဖြေတစ်ခုကို မပေးနိုင်သေးပါ။ အချို့သော လေ့လာမှုများတွင် မိခင်နို့ရည်အတွင်း H. pylori DNA သို့မဟုတ် ဘက်တီးရီးယားကို တွေ့ရှိခဲ့သော်လည်း ၎င်းက ကလေးထံသို့ တိုက်ရိုက်ကူးစက်နိုင်သည်ဟု သက်သေပြရန် ခိုင်မာသော အထောက်အထားမရှိသေးပါ။
- **သုတေသနအထောက်အထား**: *Journal of Pediatric Gastroenterology and Nutrition* (၂၀၀၃) တွင် ထုတ်ဝေသော လေ့လာမှုတစ်ခုအရ မိခင်နို့ရည်တွင် H. pylori ၏ အစိတ်အပိုင်းများ တွေ့ရှိခဲ့သော်လည်း ၎င်းသည် ကူးစက်မှုလမ်းကြောင်းတစ်ခုအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ဖွယ် မရှိကြောင်း အကြံပြုထားသည်။ နို့ရည်အတွင်းရှိ ဘက်တီးရီးယားသည် အစာအိမ်သို့ ရောက်ရှိရန် လုံလောက်စွာ ရှင်သန်နိုင်ခြင်း မရှိဟု ယူဆရသည်။
- **နိဂုံး**: မိခင်နို့ရည်မှ ကူးစက်မှုသည် သီအိုရီအရ ဖြစ်နိုင်သော်လည်း လက်ရှိသုတေသနများအရ ၎င်းသည် အဓိကကူးစက်မှုနည်းလမ်းတစ်ခုမဟုတ်ကြောင်း ယူဆထားသည်။ ကလေးငယ်များတွင် H. pylori ကူးစက်မှုသည် မိခင်နို့ထက် မစင်မှ ခံတွင်းသို့ သို့မဟုတ် ခံတွင်းမှ ခံတွင်းသို့ ကူးစက်ခြင်းကြောင့် ပို၍ဖြစ်တတ်သည်။

#တိရစ္ဆာန်များမှ ကူးစက်ခြင်း (Transmission from Animals)**

- **ဖြစ်နိုင်ခြင်း**: H. pylori သည် လူသားများတွင် အဓိကရှိသော ဘက်တီးရီးယားဖြစ်သော်လည်း ၎င်းနှင့် ဆင်တူသော Helicobacter မျိုးစိတ်များ (ဥပမာ- H. felis, H. suis) ကို တိရစ္ဆာန်များ (ဥပမာ- ကြောင်၊ ဝက်) များတွင် တွေ့ရှိရသည်။ သို့သော် H. pylori ကို တိရစ္ဆာန်များမှ လူသားထံ တိုက်ရိုက်ကူးစက်သည်ဟု မယူဆပါ။
- **သုတေသနအထောက်အထား**: *Emerging Infectious Diseases* (၂၀၀၇) တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရ တိရစ္ဆာန်များတွင် တွေ့ရသော Helicobacter မျိုးစိတ်များသည် လူသားများထံ ကူးစက်နိုင်သော်လည်း H. pylori သည် လူသားများအကြား ကူးစက်မှုသာ အဓိကဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဥပမာ၊ ဝက်မွေးမြူသူများတွင် H. suis ကူးစက်မှု ဖြစ်နိုင်သော်လည်း H. pylori ကူးစက်မှုနှင့် တိရစ္ဆာန်များမှ ဆက်စပ်မှု မတွေ့ရပါ။
- **နိဂုံး**: တိရစ္ဆာန်များမှ H. pylori ကူးစက်မှုသည် ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး လက်ရှိသိပ္ပံပညာအရ ၎င်းသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုကဲ့သို့ အရေးပါသော လမ်းကြောင်းမဟုတ်ပါ။

#အဓိကအချက်

- **မိခင်နို့ရည်**: ကူးစက်နိုင်သည့် ဖြစ်နိုင်ခြေ အနည်းငယ်ရှိသော်လည်း သက်သေမခိုင်လုံ၍ အဓိကနည်းလမ်းမဟုတ်ပါ။
- **တိရစ္ဆာန်များ**: H. pylori ကို တိရစ္ဆာန်များမှ လူသားထံ ကူးစက်သည်ဟု မယူဆပါ။

Address

ရတနာ ၉ လမ်း
Pyay

Website

Alerts

Be the first to know and let us send you an email when AUNG Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram