05/04/2025
⚠️ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်မှုရှိပါတယ် ⚠️
💉ခုဆို ရာသီအကူးအပြောင်းကာလကို ရောက်လာပြီဖြစ်တဲ့အတွက် ရာသီတုပ်ကွေးရောဂါ ကူးစက်ခြင်းမှကာကွယ်နိုင်ရန် တုပ်ကွေးကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပါတယ်နော် 💉
💉ရာသီတုပ်ကွေးကာကွယ်ဆေး ကြိုထိုးထားပါက တုပ်ကွေးရောဂါဖြစ်ပွားမှုကို ထိရောက်စွာ
ကာကွယ်ပေးနိုင်တဲ့အပြင် ရောဂါဖြစ်ပွါးလာရင်လည်းရောဂါပြင်းထန်မှုကို အတော်အသင့် ကာကွယ်ပေးနိုင်ပါတယ်
🔺ဘယ်သူတွေ ထိုးလို့ရလဲ??
- အသက် ၆ လမှ စတင်ပီး ထိုးပေးလို့ရပါတယ်
🔺ဘယ်သူတွေ ကာကွယ်ဆေးထိုးသင့်လဲ??
-အသက် ၆ လအထက် အကုန်ထိုးသင့်ပါတယ်
❗️အထိုးသင့်ဆုံးသူတွေကတော့
▫️အသက် ၆ လ အထက် ကလေးတွေ
▫️အသက် ၆၅ နှစ် အထက် လူကြီးတွေ
▫️နာတာရှည်ရောဂါရှိသူတွေ
▫️ကိုယ်ဝန်ဆောင်များလည်း ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ထိုသို့ ထိုးထားခြင်းအားဖြင့် ကိုယ်ဝန်ဆောင်နေစဉ်အပြင် မွေးကာစ-၆လ အောက် ကလေး တွေပါ ပြင်းထန်သောတုပ်ကွေး ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
🔺ဘယ်နှစ်ကြိမ်ထိုးရမလဲ??
- အသက် ၆လမှ ၉နှစ် အောက်ကလေး၊ ယခင်က တုပ်ကွေးကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသောကလေးငယ်များ တစ်လခြားပြီး (၂) ကြိမ်ထိုးရန်
-အသက် ၉ နှစ်အထက်- (၁) ကြိမ်သာ ထိုးရန်လိုပါသည်။
(ယခင်နှစ်က တုပ်ကွေးကာကွယ်ဆေး တကြိမ်ပဲ ထိုးပီး တာဖြစ်ဖြစ် ၊ ၂ ကြိမ်ထိုးပီးတာပဲ ဖြစ်ဖြစ် ယခုနှစ်ထိုးရာမှာ ၁ ကြိမ်ထိုးဖို့ပဲ လိုပါတော့တယ်)
❗️❗️သတိထားဖို့အချက်က ထိုးပီးပီးချင်း ကာကွယ်တဲ့ effect မရပါဘူး ။
၁၀ ရက်ကနေ ၂ ပါတ် ကာကွယ်နိုင်အား ထွက်ဖို့ လိုပါတယ် ။ စောစောထိုးလေ ကာကွယ်နိုင်လေပါပဲ။
ဒါကြောင့်မို့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်မှု ရှိတာဖြစ်လို့ Influvac tetra ကာကွယ်ဆေး ကြိုတင် ထိုးထားလိုက်ရအောင်နော် 💉💉
ကာကွယ်ဆေးထိုးရန် ကြိုတင်စာရင်းပေးနိုင်ပါပီ😊
🏥 ထွန်းသီရိ ဆေးခန်း 🏥
💌 သော်ကလမ်း၊ သိင်္ဂီလမ်းနှင့် ဇဗ္ဗူဒီပလမ်းကြား၊ ရပ်ကွက်ကြီး(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်မြို့။
092111038
💌 ကျောက္ကာလမ်း၊ ဇောတိကကျောင်း အရှေ့ဘက်၊ပေ၈၀လမ်း အနီး၊ ဘုန်းစိုးရပ်၊ မုံရွာမြို့။
09973733575