GestaCare

GestaCare "မိခင်နှင့်သန္ဓေသား ကျန်းမာရေး အတွက် တစ်လုံးတည်းနှင့်ပြီးပြည့်စုံသော ကိုယ်ဝန်ဆောင်အားဆေး"

ကျန်းမာတဲ့မေမေမှ ကျန်းမာတဲ့ရင်သွေးလေးဆီသို့   ကိုယ်ဝန်စရှိပြီဆိုကတည်းက မေမေတို့ရဲ့ အကြီးမားဆုံး ဆန္ဒက ရင်သွေးလေး ကျန်းကျ...
20/04/2026

ကျန်းမာတဲ့မေမေမှ ကျန်းမာတဲ့ရင်သွေးလေးဆီသို့

ကိုယ်ဝန်စရှိပြီဆိုကတည်းက မေမေတို့ရဲ့ အကြီးမားဆုံး ဆန္ဒက ရင်သွေးလေး ကျန်းကျန်းမာမာနဲ့ လူ့လောကထဲ ရောက်လာဖို့ ပဲမလား?
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ ကိုယ်တိုင်က ကျန်းမာမှ ရင်သွေးလေးကလည်း အာဟာရ ပြည့်ပြည့်ဝဝနဲ့ ဖွံ့ဖြိုးလာမှာပါ။ ဒါကြောင့် အစားအသောက်ကို ဂရုစိုက်ရုံတင်မကဘဲ မေမေ့အတွက်ရော၊ သားသားမီးမီးလေးအတွက်ပါ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို တစ်ခါတည်း ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။
လိုအပ်တဲ့အာဟာရဓာတ်တွေကို ကောင်းကောင်းဖြည့်တင်းနိုင်ဖို့ဆိုရင် GESTACARE
အားဆေးလေးက မေမေတို့အတွက် အဖော်မွန်ကောင်း ဖြစ်မှာပါ။ GESTACARE
အားဆေးမှာ ရင်သွေးလေးကောင်းစွာကြီးထွားဖွံ့ဖြိုးနိုင်ဖို့ နဲ့မေမေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ဖြစ်တဲ့ Folic acid, Iron, DHA(Omega-3), Calcium, Probiotics နှင့် အာဟာရဓာတ်စုစုပေါင်း (၁၈) မျိုးပါဝင်ပါတယ်။
မေမေ ကျန်းမာမှ ရင်သွေးလေး လည်း ကျန်းမာစွာ မွေးဖွားနိုင်မှာဖြစ်လို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့နဲ့နော်။ ကျန်းမာတဲ့မေမေမှ ကျန်းမာတဲ့ရင်သွေးလေးကို မွေးဖွားနိုင်ဖို့ GESTACARE
က အကောင်းဆုံး ကူညီပေးမှာအမှန်ပဲပေါ့ရှင်။
GESTACARE ကိုယ်ဝန်ဆောင်အားဆေးဟာ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် (FDA) ရရှိထားပြီး NAZCO Trading LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။ 💯❤️


#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

နွေအပူဒဏ်ကြား မေမေနဲ့ ရင်သွေးလေး ဘေးကင်းဖို့ ☀️မေမေတို့ရေ... တဖြေးဖြေးနဲ့ နွေရာသီကို ရောက်လာပြန်ပြီဆိုတော့ ရာသီဥတုက ပူလွ...
10/04/2026

နွေအပူဒဏ်ကြား မေမေနဲ့ ရင်သွေးလေး ဘေးကင်းဖို့ ☀️
မေမေတို့ရေ... တဖြေးဖြေးနဲ့ နွေရာသီကို ရောက်လာပြန်ပြီဆိုတော့ ရာသီဥတုက ပူလွန်းတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ရဲ့ ကိုယ်တွင်းအပူချိန်က ပုံမှန်ထက် ပိုမိုမြင့်တက်နေတတ်တာကြောင့် အခုလို နွေရာသီမှာ အပူဒဏ်ကို တခြားသူတွေထက် ပိုပြီး သတိထားရပါတယ်။
အပူဒဏ်ကြောင့် မေမေရော ဗိုက်ထဲက ရင်သွေးလေးပါ အန္တရာယ်မဖြစ်စေဖို့ မေမေတို့အနေနဲ့ အပူရှပ်တဲ့ လက္ခဏာတွေကိုလည်းသတိထားရပါမယ်နော်..
နွေရာသီမှာ မေမေတို့ သတိထားရမယ့် အပူရှပ်ခြင်းလက္ခဏာတွေကတော့
⚠️ကိုယ်အပူချိန် အရမ်းတက်ခြင်း
⚠️ပင်ပန်းနွမ်းနယ်ခြင်း (ခေါင်းမူးတာ၊ ခေါင်းကိုက်တာ)
⚠️အသက်ရှူ မမှန်ခြင်း
စတာတွေပဲဖြစ်ပါတယ်။ ဒီထက်ပိုပြီးပြင်းထန်လာရင်တော့ တက်တာ ၊ သတိမေ့လဲတာတွေထိဖြစ်လာနိုင်ပါတယ်။
ဒါဆိုရင် အပူရှပ်တာ (Heat Stroke ) မဖြစ်အောင် မေမေတို့ဘယ်လိုကာကွယ်ရမလဲ??
✅အဓိက ကတော့ရေများများသောက်ဖို့ပါပဲ။ ရေကို နည်းနည်းချင်းစီ နဲ့တစ်နေ့ကို အနည်းဆုံး၂လီတာပြည့်အောင်သောက်ပေးတာမျိုးလုပ်ပေးရပါမယ်။
အုန်းစိမ်းရည် သောက်ပေးတာကလည်း ဓာတ်ဆားပြန်လည်ဖြည့်တင်းပေးပါတယ်။
✅ နေပူထဲ မထွက်ပါနဲ့: အပူဆုံးအချိန်ဖြစ်တဲ့ (မနက် ၁၀ နာရီမှ ညနေ ၄ နာရီ) အတွင်း အပြင်ထွက်တာကို တတ်နိုင်သမျှ ရှောင်ပါ။
✅ချည်သားအပွလေးတွေ ဝတ်ပါ: လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်သား အင်္ကျီအပွလေးတွေကိုပဲ ရွေးချယ်ဝတ်ဆင်ပေးပါ။
✅အေးမြပြီးအရိပ်ရတဲ့နေရာမှာနေပါ : ပန်ကာ သို့မဟုတ် အဲကွန်းရှိတဲ့ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာပဲ နေထိုင်ပြီး ကိုယ်အပူချိန်ကို ထိန်းညှိပေးပါ။

ဒီအချက်လေးတွေကို လိုက်နာပြီး နေမယ်ဆိုရင်တော့ နွေရာသီမှာ လည်း ကျန်းကျန်းမာမာနဲ့ဖြစ်သန်းနိုင်မှာပဲဖြစ်ပါတယ်။ မေမေကျန်းမာမှ ရင်သွေးလေးလည်း လန်းဆန်းမှာမို့ ဒီနွေရာသီမှာ အပူဒဏ်ကိုကြိုတင်ကာကွယ်လိုက်တော့နော်။
GESTACARE ကိုယ်ဝန်ဆောင်အားဆေးဟာ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် (FDA) ရရှိထားပြီး NAZCO Trading LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။ 💯❤️


#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

ကိုယ်ဝန်ဆောင်နေချိန် အကိုက်အခဲပျောက်ဆေးသောက်လို့ရလား?ဒီမေးခွန်းကတော့ ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်တဲ့မေးခွန်းလို့ထင်ပါတ...
08/04/2026

ကိုယ်ဝန်ဆောင်နေချိန် အကိုက်အခဲပျောက်ဆေးသောက်လို့ရလား?

ဒီမေးခွန်းကတော့ ကိုယ်ဝန်ဆောင်မေမေတိုင်း သိချင်တဲ့မေးခွန်းလို့ထင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ခေါင်းကိုက်ခြင်း၊ ခါးကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ မေမေတချို့က အကိုက်အခဲပျောက်ဆေး သောက်လို့ရလား? ဗိုက်ထဲကဘေဘီလေးထိခိုက်သွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

ဟုတ်ပါတယ် .... ကိုယ်ဝန်ဆောင်နေချိန်မှာ အကိုက်အခဲပျောက်ဆေးတွေကို သတိထားပြီး သောက်သင့်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အကိုက်အခဲပျောက်ဆေး မကြာခဏ သောက်ခြင်းက မိခင်နှင့် ရင်သွေးလေးနှစ်ဦးစလုံးအတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အများအားဖြင့်တော့ ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေသာ သောက်သင့်ပါတယ်။

အကိုက်အခဲပျောက်ဆေးကို ကိုယ့်သဘောအတိုင်း သောက်နေမယ်ဆိုရင် မိခင်အတွက် အသည်းထိခိုက်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း သို့မဟုတ် အစာအိမ်ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကလေးအတွက်လည်း ဖွံ့ဖြိုးမှုထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ အကိုက်အခဲများရှိလာပါက မိမိစိတ်တိုင်းကျ ဆေးသောက်ခြင်းထက် ဆရာဝန်ကို ပြသပြီး အကိုက်အခဲပျောက်ဆေးသောက်ခြင်းက ပိုမိုစိတ်ချရပါတယ်။

✨ GESTACARE ကိုယ်ဝန်ဆောင်အားဆေးဟာ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် (FDA) ရရှိထားပြီး NAZCO Trading LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။ 💯❤️



#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

တစ်နေကုန် လန်းဆန်းနေတဲ့ ကိုယ်ဝန်ဆောင်မေမေဖြစ်ဖို့ လျှို့ဝှက်ချက်ကိုယ်ဝန်ဆောင်ချိန်ကာလဆိုတာ သာမာန်အချိန်တွေထက် (၂) ဆ ပိုပ...
28/03/2026

တစ်နေကုန် လန်းဆန်းနေတဲ့ ကိုယ်ဝန်ဆောင်မေမေဖြစ်ဖို့ လျှို့ဝှက်ချက်

ကိုယ်ဝန်ဆောင်ချိန်ကာလဆိုတာ သာမာန်အချိန်တွေထက် (၂) ဆ ပိုပင်ပန်းတတ်ကြပါတယ်။ မနက်မိုးလင်းတာနဲ့ ပျို့အန်ချင်တာ၊ မအီမသာဖြစ်တာနဲ့တင် တစ်နေ့တာကို ဖြတ်သန်းဖို့ ခက်ခဲနေတတ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလတွေမှာလည်းလန်းလန်းဆန်းဆန်းနဲ့ကျန်းကျန်းမာမာဖြတ်သန်းနိုင်ဖို့ လျှိုဝှက်ချက်လေးရှိပါတယ်။ ဒါကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ (Healthy food) တွေ စားဖို့၊ စိတ်ဖိစီးမှုတွေလျှော့ချဖို့ နဲ့ GESTACARE အားဆေး ကိုနေ့စဉ်ပုံမှန်သောက်သုံးပေးဖို့ပါပဲနော်။ GESTACARE အားဆေးမှာ ရင်သွေးလေးကောင်းစွာကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ (Folic Acid) ၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေနိုင်မယ့် Omega-3 (DHA) အပြင်၊ မေမေတို့ သွေးအားကောင်းပြီး အားအင်ပြည့်ဝစေမယ့် သံဓာတ်နဲ့ အာဟာရဓာတ်စုစုပေါင်း ၁၈မျိုး ပါဝင်တာကြောင့် တစ်နေ့တစ်လုံး သောက်ရုံနဲ့တင် ပေါ့ပါးလန်းဆန်းတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်မှာပါနော်။
"မေမေကျန်းမာမှ ရင်သွေးလေး ဖွံ့ဖြိုးမှာမို့ GESTACARE ကို နေ့စဉ်သောက်ဖို့ မမေ့နဲ့နော်။"

ကိုယ်ဝန်ဆောင်အားဆေး GESTACARE ဟာ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် (FDA) ရရှိထားပြီး NAZCO TRADING LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။



#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

မေမေတို့ ကိုယ်ဝန်ဆောင်ကာလမှာ Folic Acid ချို့တဲ့မှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များFolic Acid ဆိုတာ ကိုယ်ဝန်ဆောင်ကာလအ...
21/03/2026

မေမေတို့ ကိုယ်ဝန်ဆောင်ကာလမှာ Folic Acid ချို့တဲ့မှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ
Folic Acid ဆိုတာ ကိုယ်ဝန်ဆောင်ကာလအတွင်း ကလေးရဲ့ ဦးနှောက်၊ ကျောရိုးနဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ မေမေတို့ ကိုယ်ဝန်ဆောင်ကာလမှာ Folic Acid ချို့တဲ့မှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်များကတော့ မေမေတို့အနေနဲ့ အားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ ခေါင်းမူးခြင်း၊ အသက်ရှူမဝခြင်း၊ သွေးအားနည်းခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ မွေးဖွားလာမယ့် ကလေးလေးမှာလည်း Neural Tube Defect လို့ အသိများတဲ့ကျောရိုးပိတ်မဖြစ်ခြင်း (Spina Bifida)၊ ဦးနှောက်ဖွံ့ဖြိုးမှု မပြည့်စုံခြင်း ကဲ့သို့ အာရုံကြောချို့ယွင်းမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့် Folic Acid ချို့တဲ့တာလည်းဆိုရင်တော့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ အာဟာရဓာတ်လုံလောက်မှုမရှိခြင်း၊ ကိုယ်ဝန်ဆောင်ချိန်အတွင်း Folic Acid လုံလောက်စွာမရရှိခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။ Folic Acid မချို့တဲ့အောင် ကိုယ်ဝန်ဆောင်ကာလအတွင်း ဆရာဝန်ညွှန်ကြားချက်အတိုင်း Folic Acid ဆေးကို ပုံမှန်သောက်သုံးခြင်း၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပဲမျိုးစုံ၊ လိမ္မော်သီး၊ ဂျုံဖြင့်ပြုလုပ်သောအစားအစာများ စားသုံးခြင်း၊ ကိုယ်ဝန်ဆောင်ကာလအတွင်း ပုံမှန် ကျန်းမာရေးဆေးစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့က Folic Acid ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ Folic Acid မချို့တဲ့အောင် ကိုယ်ဝန်ဆောင်ကာလအတွင်း GESTACARE လို ကိုယ်ဝန်ဆောင်အားဆေးလည်းသောက်သုံးလို့ရပါတယ်မေမေတို့ရေ....။



# Folic Acid ချို့တဲ့ခြင်း
TikTok link : https://www.tiktok.com/.women

ကိုယ်ဝန်ကာလခရီးစဉ် တစ်လျှောက်လုံးအတွက် အကောင်းဆုံးအဖော်မွန်🤱✨ကိုယ်ဝန်ဆောင် မေမေတို့အတွက် ကိုယ်ဝန်ဆောင်ကာလခရီးစဉ်တစ်လျှော...
11/03/2026

ကိုယ်ဝန်ကာလခရီးစဉ် တစ်လျှောက်လုံးအတွက် အကောင်းဆုံးအဖော်မွန်
🤱✨
ကိုယ်ဝန်ဆောင် မေမေတို့အတွက် ကိုယ်ဝန်ဆောင်ကာလခရီးစဉ်တစ်လျှောက်လုံး အာဟာရပြည့်ဝနေဖို့က အရေးကြီးဆုံးပါ။ GESTACARE ဟာ Folic Acid, Iron, Omega-3, Calcium, Vitamin D3 နဲ့ Probiotics အပါအဝင် အရေးကြီးအာဟာရဓာတ် (၁၈) မျိုး ကို တစ်လုံးတည်းမှာ ပြည့်စုံစွာပါဝင်တာကြောင့် ရင်သွေးလေး ကောင်းမွန်စွာဖွံ့ဖြိုးနိုင်ဖို့ နဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေဖို့ အပြည့်အဝ ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် Probiotics ပါဝင်လို့ မေမေတို့ ကိုယ်ဝန်ဆောင်ချိန်အဖြစ်များတဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေသလို၊ မွေးဖွားပြီးချိန်မှာလည်း မေမေ့အတွက်လိုအပ်တဲ့အာဟာရတွေ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ အားဆေးတွေအများကြီးသောက်စရာမလိုဘဲ GESTACARE တစ်လုံးတည်းမှာတင် အာဟာရဓာတ်များ စုံလင်စွာပါဝင်တာ ကြောင့် မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ခရီးကာလတစ်လျှောက်လုံး မှာ အကောင်းဆုံး အဖော်မွန်ဖြစ်နေရတာပေါ့ရှင်။

ကိုယ်ဝန်ဆောင်အားဆေး GESTACARE ဟာ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် (FDA) ရရှိထားပြီး NAZCO TRADING LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။



#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

ကိုယ်ဝန်ဆောင်မေမေတို့နှင့်ရင်ပြည့်ရင်ကယ် ရင်ထဲမှာပူနေပြီး နေမထိထိုင်မသာဖြစ်တာ၊လေချဉ်တွေဆန်တက်လာတာ၊ စားထားတဲ့အစာတွေက လည်ခ...
19/02/2026

ကိုယ်ဝန်ဆောင်မေမေတို့နှင့်ရင်ပြည့်ရင်ကယ်
ရင်ထဲမှာပူနေပြီး နေမထိထိုင်မသာဖြစ်တာ၊လေချဉ်တွေဆန်တက်လာတာ၊ စားထားတဲ့အစာတွေက လည်ချောင်းနားကိုပြန်ဆန်တက်လာတာ၊ရင်ပြည့်ရင်ကယ် ဖြစ်တာမျိုး ကြုံဖူးကြတယ်မလား?
ဒီလိုလက္ခဏာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိတဲ့ စားချဉ့်ပြန်ခြင်းဝေဒနာတွေပဲဖြစ်ပါတယ်။
💠ဘာကြောင့်စားချဉ့်ပြန်ရတာလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့်၊ ကြီးထွားလာတဲ့သန္ဓေသားဟာ အစာအိမ်ကိုဖိတာကြောင့် အစာခြေရည်တွေဟာ အစာရေမျို(လည်ချောင်းရဲ့အောက်ဘက်နားအထိ)ပြန်ဆန်တက်ရတာဖြစ်ပါတယ်။
ဒါတွေကြောင့် မေမေတို့ဟာ အစားစားပြီးတာနဲ့ မကြာခင်မှာပဲ ဒီဝေဒနာတွေကိုခံစားရတတ်တာပဲဖြစ်ပါတယ်။ တစ်ခါတရံမှာလည်း အစားစားပြီး အချိန်အနည်းငယ်ကြာမှ ရင်ပူတာ၊ လေချဉ်ဆန်တက်တာတွေလည်း ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်တဲ့ကာလတစ်လျှောက်တိုင်းမှာ စားချဉ့်ပြန်ခြင်းဝေဒနာခံစားနိုင်ရပါတယ်။
ဘေးလူကကြည့်ရင်တော့ လေဆန်တက်တာ၊ရင်ပူတာဘာမှမဟုတ်လောက်ပါဘူးလို့ထင်နိုင်ပေမယ့် တကယ်ခံစားရတဲ့ မိခင်လောင်းတွေအတွက်တော့ ဒီဝေဒနာ က တော်တော်စိတ်ကသိကအောက်ဖြစ်ရပါတယ်။ ဗိုက်ဆာလို့ အစားစားချင်ပေမယ့် စားပြီးရင် ရင်ပြည့်တော့မှာ၊ရင်တွေပူလာတော့မှာကို ကြိုသိနေဆဲ ခံစားချက်ကြီးကလည်း မသက်သာလှပါဘူး။ ဒါကြောင့် အစာကို တစ်ခါတည်းပြည့်အင့်အောင်မစားဘဲနဲ့ နည်းနည်းစီသာစားပေးတာ၊ ကိုယ်ဝန်ဆောင်တွေအတွက်စိတ်ချရတဲ့ အစာကြေဆေးမျိုးစားပေးတာ ၊ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းမွန်စေတဲ့ Probiotics အားဆေးလေးတွေသောက်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ GESTACARE လို ကိုယ်ဝန်ဆောင်အားဆေးမျိုးမှာဆိုရင် Probiotics ပါဝင်တာကြောင့် ရင်ပူတာ ၊ ရင်ပြည့်တာ တွေ ၊ ဝမ်းချုပ်တာတွေ မဖြစ်ဘဲ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင်မေမေတို့ရဲ့ကိုယ်ခံစွမ်းအားကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။ ဒီလို Probiotics ပါဝင်တဲ့ GESTACARE အားဆေးကိုမေမေတို့နေ့စဉ်သောက်သုံးမယ်ဆိုရင်တော့ကိုယ်ဝန်ဆောင်ကာလ တွေမှာ ရင်ပြည့််ရင်ကယ်ဖြစ်တော့မှာမဟုတ်တော့ဘူးပေါ့ရှင်။



#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တက်ရင်ဖြစ်တဲ့ လက္ခဏာများကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုသည်မှာ  Pre...
17/02/2026

မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ
ကိုယ်ဝန်ဆိပ်တက်ရင်ဖြစ်တဲ့ လက္ခဏာများ

ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုသည်မှာ Preeclampsia နဲ့ Eclampsia အခြေအနေ
(၂ )ခုရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆိပ်တက်ခြင်းက ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလပတ်နဲ့ တတိယ သုံးလပတ်မှာ ပိုအဖြစ်များတာကို တွေ့ရတတ်ပါတယ်။

Preeclampsia အဆင့်မှာဆို ဒီလိုလက္ခဏာမျိုးတွေ ခံစားရနိုင်ပါတယ်။
· ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း
· ခေါင်းကိုက်ခြင်း
· ဗိုက်နာခြင်း
· ဆီးထဲမှာ ပရိုတိန်းဓာတ် များလာခြင်း
· အမြင်အာရုံထိခိုက်ခြင်း
· ခြေထောက်ဖောရောင်ခြင်း တို့ပဲဖြစ်ပါတယ်။ Preeclampsia အခြေအနေကို မထိန်းချုပ်နိုင်တဲ့အခါ Eclampsia အဆင့်ရောက်ရှိလာပြီး မိခင်ရော သန္ဓေသားပါ အန္တရာယ် ဖြစ်စေနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် မေမေတို့ အနေနဲ့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက် သေချာစွာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ပြသသင့်ပါတယ်နော်မေမေတို့ရေ။




#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
TikTok link : https://www.tiktok.com/.women

ခွဲမွေးထားတဲ့ မေမေတွေမှာ ဗိုက်စည်းကို ဘယ်အချိန်ကစပြီး စည်းသင့်လဲ? ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ ဘေဘီလေးကို မွေးဖွားပြီးနော...
16/02/2026

ခွဲမွေးထားတဲ့ မေမေတွေမှာ ဗိုက်စည်းကို
ဘယ်အချိန်ကစပြီး စည်းသင့်လဲ?

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ ဘေဘီလေးကို မွေးဖွားပြီးနောက် ၂၄ နာရီ ပြည့်ရင် (သို့) ဆီးပိုက်ဖြုတ်တဲ့ အချိန် က စပြီး ဗိုက်စည်းကို စပြီး စည်းလို့ရပါပြီ။ တစ်နေ့လျှင် (၅)နာရီမှ (၈) နာရီ ခန့်ဝတ်ဆင်နိုင်ပြီး အထူးသဖြင့် သွားလာလှုပ်ရှားမှု များတဲ့ အချိန် တွေမှာ စည်းထားသင့်ပါတယ်။
မေမေတို့ အနေနဲ့ ဗိုက်စည်းလေးကို ခွဲထားတဲ့ချုပ်ရိုး ပေါ်မှာ အရမ်းတင်းတင်းကျပ်ကျပ် မဟုတ်ဘဲ မေမေတို့ သက်တောင့်သက်သာ ရှိမယ့် အနေအထားလောက်စည်းထားမယ်ဆိုရင် ချုပ်ရိုး နာကျင်ခြင်းမှ သိသာစွာ သက်သာစေပါတယ်။ ဒါ့အပြင် မေမေတို့ မွေးဖွားပြီးနောက်လည်း ဗိုက်ပြန်ချပ်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်နော်။ ဒါဆိုရင်တော့ ခွဲမွေးထားတဲ့ မေမေတွေ ဗိုက်စည်းကို
ဘယ်အချိန်ကစပြီး စည်းသင့်လည်းဆိုတာသိသွားပြီထင်ပါတယ်ရှင့်။




#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

ကျန်းမာပျော်ရွှင်တဲ့ရက်စွဲတွေတိုင်း အတွက် GESTACARE ကအမြဲရှိတယ်ကိုယ်ဝန်ဆောင်ကာလနေ့ရက်တွေတိုင်းမှာ အကောင်းဆုံးကျော်ဖြတ်နိ...
12/02/2026

ကျန်းမာပျော်ရွှင်တဲ့ရက်စွဲတွေတိုင်း အတွက် GESTACARE ကအမြဲရှိတယ်

ကိုယ်ဝန်ဆောင်ကာလနေ့ရက်တွေတိုင်းမှာ အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ နဲ့ ကျန်းမာဖွံ့ဖြိုးတဲ့ရင်သွေးကိုမွေးဖွားနိုင်ဖို့က လိုအပ်တဲ့အာဟာရတွေပြည့်ဝနေဖို့လိုပါတယ်။ လိုအပ်တဲ့အာဟာရအတွက်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် တစ်မျိုးတည်းနဲ့ အားလုံးပြီးပြည့်စုံစေတဲ့ GESTACARE အားဆေးက မေမေတို့ အတွက် အမြဲအသင့်ရှိနေမှာပါ။ GESTACARE အားဆေးမှာ Iron, Folic Acid ,Omega -3 (DHA) ,Calcium ,Probiotics အပြင် ဗီတာမင်နဲ့သတ္တုဓာတ် စုစုပေါင်း (၁၈) မျိုးပါဝင်တဲ့အတွက် မေမေနဲ့ရင်သွေးလေးတို့အတွက် အလိုအပ်ဆုံး အာဟာရအားလုံးကို ဖြည့်ဆည်းပေးမှာပါနော်။ မေမေတို့ရဲ့ ကျန်းမာပျော်ရွှင်တဲ့ ရက်စွဲ တွေတိုင်းအတွက် GESTACARE က အမြဲရှိတယ်နော်။



#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ
We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

✨ ကလေးမီးဖွားတဲ့အခါ ပြင်ဆင်ထားသင့်တဲ့ ပစ္စည်းများ ✨🤱🏻 ကလေးမီးဖွားချိန်နီးလာတဲ့အခါ မေမေတို့အနေနဲ့ လိုအပ်မယ့်ပစ္စည်းတွေကို...
31/01/2026

✨ ကလေးမီးဖွားတဲ့အခါ ပြင်ဆင်ထားသင့်တဲ့ ပစ္စည်းများ ✨

🤱🏻 ကလေးမီးဖွားချိန်နီးလာတဲ့အခါ မေမေတို့အနေနဲ့ လိုအပ်မယ့်ပစ္စည်းတွေကို ကြိုတင်စီစဉ်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှ ရုတ်တရက် ဆေးရုံ၊ဆေးခန်း အမြန်သွားဖို့ လိုအပ်လာတဲ့အခါ မေမေတို့ရော မိသားစုဝင်တွေအတွက်ပါ အဆင်ပြေစေမှာပါ။ မီးဖွားတော့မယ့် မိခင်လောင်းများအတွက် အရေးကြီးဆုံးဖြစ်ပြီး မဖြစ်မနေ ပါဝင်သင့်တဲ့ ပစ္စည်းတွေကို အောက်ပါအတိုင်း မျှဝေပေးလိုက်ပါတယ်နော်။

ကလေးမီးဖွားတဲ့အခါပြင်ဆင်ထားသင့်တဲ့ ပစ္စည်းများကို မေမေနဲ့ဖေဖေတို့အတွက်ဖော်ပြပေးလိုက်ပါတယ်။

👶🏻 မွေးဖွားလာမယ့် Baby လေးအတွက် ပြင်ဆင်စရာများကတော့- · ကလေးအနှီး (ပိုးသတ်ပြီးသား၊ ပရုတ်လုံးများဖြင့် သိမ်းဆည်းထားခြင်း မပြုရ။)
· Baby Diaper
· Diaper Cream
· ခြေအိတ်/လက်အိတ်
· Wet Tissue( တစ်ရှုးအစို)
·ပိုးသတ်ထားသော ဂွမ်းလုံးများ
·နို့မှုန့်
· ကလေး ခေါင်းအုံး
· ကလေး စောင်
· နို့ဘူး တို့ဖြစ်ပါတယ်။

ကလေးမွေးဖွားမည့် မိခင်လောင်းအတွက် ပြင်ဆင်စရာများကတော့- -နို့တိုက်ရလွယ်ကူစေရန်နှင့် သက်တောင့်သက်သာရှိစေသော အဝတ်အစားများ -ကလေးငယ်အား နို့တိုက်ရာတွင်အဆင်ပြေစေမည့်အတွင်းခံအင်္ကျီ( Nursing Bra) -မီးဖွားပြီးနောက် သွေးဆင်းမှုများအတွက် အဆင်ပြေစေရန်တစ်ခါသုံး Pad များ -တစ်ကိုယ်ရေသုံး ပစ္စည်းများ စတာတွေပဲဖြစ်ပါတယ်။

ကလေးမီးဖွားတဲ့အခါ ပြင်ဆင်ထားသင့်တဲ့ ပစ္စည်းများကို due date မတိုင်မီ တစ်လခန့်အလိုကတည်းက အဆင်သင့်ပြင်ဆင်ထားသင့်ပါတယ်နော်။ ဒါမှ ရုတ်တရက် မီးဖွားဖို့ လိုအပ်လာတဲ့အခါ အလွယ်တကူ ယူဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်။ကလေးမွေးဖွားခြင်းခရီးစဉ်တစ်လျှောက်လုံး အဆင်ပြေချောမွေ့ပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် 🙏

✨ ကိုယ်ဝန်ဆောင်အားဆေး GESTACARE ဟာ မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် (FDA) ရရှိထားပြီး NAZCO TRADING LTD. မှ တိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။ 💯❤️



#ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအတွက်အကောင်းဆုံးဖြည့်စွက်စာ

We Love GESTA CARE Group:
https://www.facebook.com/groups/687212716315295/?ref=share_group_link
TikTok link : https://www.tiktok.com/.women

Address

No. 19, Ma Kyee Kyee Street
Sanchaung
11111

Telephone

+959769361736

Website

Alerts

Be the first to know and let us send you an email when GestaCare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to GestaCare:

Share