20/04/2023
Vaxigrip tetra 2023က အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပါတယ်
- A/H1 N1
- A/H3 N2
- B/Austria
- B/Phuket
🍀ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံသင့်သူများ🍀
- သက်ကြီးရွယ်အို (အသက် ၆၅ နှစ် အထက်)
- ရောဂါအခံရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံး နှင့်ကျောက်ကပ်၊ အဆုတ်ရောဂါရှိသူများ)
- ကိုယ်ဝန်ဆောင်သည်များ
- ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ (HIV, ကင်ဆာရောဂါသည်)
- ကိုယ်ခံအားကျဆင်းသည့် ဆေးသောက်နေရသူများ
- ကလေးများလဲ အသက် (၆)လ အရွယ်မှ စတင်၍ ထိုးနှံနိုင်ပါသည်။
- အသက်(၆)လမှ (၉)နှစ်ကလေးများတွင် ယခင်ကထိုးခဲ့ဘူးပါက (၁)လုံးသာထိုးရန်လိုအပ်ပါသည်။
- ယခင်က ထိုးခဲ့ဖူးခြင်းမရှိပါက ပထမ အကြိမ်(၁)လုံးထိုးပြီး တစ်လအကြာတွင် နောက်ထပ်(၁)လုံး ထပ်မံထိုးရန်လိုအပ်ပါသည်။
- အသက်(၉)နှစ်အထက်ဆိုပါက(၁)လုံးသာထိုးရန်လိုအပ်ပါသည်။
-ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များလဲ ထိုးနိုင်ပါသည်
✅ cold chain စိတ်ချရသည့် မည်သည့်ဆေးခန်းများတွင်မဆို ထိုးနိုင်ပါသည်