Myat Thu Kha Pharmacy -မြတ်သုခ ဆေးဆိုင်

  • Home
  • Myanmar
  • Sittwe
  • Myat Thu Kha Pharmacy -မြတ်သုခ ဆေးဆိုင်

Myat Thu Kha Pharmacy -မြတ်သုခ ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Thu Kha Pharmacy -မြတ်သုခ ဆေးဆိုင်, Pharmacy / Drugstore, Sittwe.

19/07/2022

နှလုံးကျန်းမာရန် လုပ်ဆောင်နိုင်သည့် အချက် ၁၀ ချက်
------------------------------------

၁၀) ကွမ်းယာနဲ့ ဆေးလိပ်ဖြတ်ပါ
…………………………………
ဆေးလိပ်ဖြတ်ဖို့အတွက် ဘယ်တော့မှ နောက်မကျပါဘူး။ ကိုယ်တိုင်ရောဂါမဖြစ်သေးခင် ဆေးလိပ်ဖြတ်ပါ။ဆွေမျိုးမိတ်ဆွေ တစ်ယောက်ယောက် နှလုံးသွေးကြောပိတ်တယ် လေဖြတ်တယ်ကြားတိုင်း ဆေးလိပ်ဖြတ်ဖို့ နှလုံးသွင်းပါ။ ကွမ်းယာထဲမှာပါတဲ့ ဓာတ်တွေကလည်း ဆေးလိပ်နဲ့ အတူတူပါပဲ။

၉ )အရက်လျှော့သောက်ပါ
…………………………
အမျိုးသား တွေက တစ်ပါတ်ကို ၂၁ ယူနစ်နဲ့၊ အမျိုးသမီးတွေက ၁၄ ယူနစ်ထက်ပိုပြီး မသောက်ပါနဲ့။တန်ဆေး၊ လွန်ဘေးဆိုတဲ့စကားက အရမ်းမှန်ပါတယ်။

၈)သွားကျန်းမာရေး ဂရုစိုက်ပါ
……………………………
သွားမကောင်းတာနဲ့ နှလုံးသွေးကြောကျဉ်းရောဂါက ဆက်စပ်နေပါတယ်။ သွားဆရာဝန်နဲ့ပုံမှန်ပြပါ။ သွားတိုက်လို့ သွေးထွက်ရင် သွားဖုံးရောဂါရနေတာပါ။ အမျိန်မှီကုသရင် ကာကွယ်နိုင်ပါတယ်။

ရ)သောကစိတ်တွေလျှော့ပါ
……………………………
စိတ်သောကများရင် ကော်တီဆောလ် Cortisol ဓာတ်တေ ကိုယ်ထဲမှာထွက်ပြီး နှလုံးကို ဒုက္ခပေးပါတယ်။ တရားအားထုတ်တာကတော့ သောကတွေကိုလျော့နိုင်ပြီး နှလုံးကိုကြည်လင်စေပါတယ်။

၆)ကိုယ်အလေးချိန်ကို မတက်ပါစေနဲ့
……………………………………
ကိုယ်အလေးချိန်တက်လာရင် နှလုံးက အလုပ်ပိုပြီးလုပ်ရပါတယ်။ တက်လာတဲ့ အဆီတွေက ဗိုက်ပြင်နဲ့ လက်တွေ တင်ပါးတွေတင် မကပါဘူး။ နှလုံးသွေးကြောနဲ့ အကာတွေကိုလည်း အဆီဖုံးပါတယ်။ ယောက်ျားတွေ ခါးပတ်က ၃၄ ထက်ကျော်ရင်တော့ ၀ိတ်လျှော့ဖို့ လိုနေပါပြီ။

၅)လေ့ကျင့်ခဏ်း ပုံမှန်လုပ်ပါ
…………………………….
သွေးလေ လှည့်ပတ်တာမှန်ဖို့က အရေးကြီးပါတယ်။ လူ့ကိုယ်ခန္တာက ကားတစ်စီးလိုပါပဲ။ တစ်ပါတ်ကို အနည်းဆုံး မိနစ် ၃၀ ကနေ ၄၀ အထိ နည်းဆုံး ၃ ကြိမ် လမ်းမြန်မြန် လျှောက်သင့်ပါတယ်။

၎)ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားပါ
…………………………………………………………
အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားက အရမ်းကို မှန်ပါတယ်။
ဆီ၊ ဆား၊ အသားတွေလျော့ပြီး အသီးအနှံ၊ ငါး များများစားပါ။

၃)ဆရာဝန်နဲ့မှန်မှန်တွေ့ပါ
………………………………
လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပါ။ အသက် ၄၀ ကျော်သူများက အနည်းဆုံး သွေးပေါင်တော့ ပုံမှန်ချိန်သင့်ပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ဆေးစစ်မှုတွေလည်း လုပ်နိုင်ပါတယ်။

၂)အိပ်ရေး၀၀ အိပ်ပါ
………………………….
Sleep deprivation အိပ်ရေးပျက်တဲ့သူတွေက နှလုံးသွေးကြော ပိုပြီးပိတ်တတ်ပါတယ်။

၁)ကိုယ့်မိသားစုရဲ့ုရောဂါရာဇ၀င်ကို သိအောင်လုပ်ပါ
…………………………………………………….
မိသားစုထဲမှာ ယောက်ျား အသက် ၅၅ နှစ်အောက်၊ အမျိုးသမီး ၆၅ နှစ်အာက် နှလုံးသွေးကြောပိတ်သူတွေရှိရင် ကိုယ်ကလည်း သွေးကြောပိတ်နိုင်ချေ များပါတယ်။ သွေးပေါင်ချိန်၊ Cholesterol ကိုလက်စတီရော နဲ့ သကြားဓာတ်တွေ စစ်ဆေးဖို့ လိုပါတယ်။ လိုအပ်တဲ့ ကာကွယ်မှုတွေကို ကြိုတင် လုပ်ထားသင့်ပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ

မြန်မာနှလုံးဖောင်ဒေးရှင်း

(ကျန်းမာရေးဗဟုသုတ ပြန့်ပွားဖို့ မိတ်ဆွေတွေကို့ မြန်မာနှလုံးဖောင်ဒေးရှင်းရဲ့ စာမျက်နှာကို Like လုပ်ဖို့ Invite လုပ်ပေးခြင်းဖြင့် အကုအညီပေးပါရန် ပန်ကြားအပ်ပါသည်။)
source of the picturehttp://gennxt.net/my-health-heart/

09/02/2022

ဆီးချိုစက်အသုံးပြုလျှင် သိထားသင့်သည့် အချက်များ




09/02/2022

ဆီးချိုစစ်ဖို့အတွက် သွေးဖောက်မည်ဆိုလျှင် သတိထားသင့်သည့် အချက်လေးတွေပါ။


Address

Sittwe
07011

Telephone

09450543058

Website

Alerts

Be the first to know and let us send you an email when Myat Thu Kha Pharmacy -မြတ်သုခ ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram