08/11/2021
Probiotics ကို ဘာလို့ သောက်သုံးသင့်တာလဲ ?
(1) Use
(2) Poisoning
(3) Disturbances
(4) Conditions
(5) Disorders
(6) Immunity
(7) and Allergies
(8) (အော်တစ်ဇင်)
Probiotics ဘယ်လိုအခြေအနေမှာ ဖြည့်စွက်စားပေးသင့်လည်း ဆိုတာ ကျွန်တော်ဖတ်ဖူး၊ လေ့လာဖူးတာကို ပြန်လည်ရေးသားလိုက်ပါတယ်။
(1) Antibiotic Use
- အကြောင်းအမျိုးမျိုးကြောင့် သောက်သုံးရတဲ့ ပိုးသတ်ဆေးတွေ သောက်သုံးဖူးရင် သို့မဟုတ် သောက်သုံးနေရရင် Probiotics ဖြည့်စွက်သောက်ပေးဖို့လိုအပ်ပါတယ်။ အတူတူသောက်သုံးရမှာမဟုတ်ဘဲ ခွါပြီသောက်ပေးရမည်လို့ ဖတ်ဖူးပါတယ်။ ဘယ်လောက်ထိတောင်လည်းဆိုတော့ လက်ရှိအချိန်မှာ မဟုတ်ဘဲ လွန်ခဲ့တဲ့ ၅နှစ်အတွင်းမှာ ပိုးသတ်ဆေးသောက်ဖူးတယ်ဆိုရင်တောင် Probiotics ဖြည့်စွက်စားပေးဖို့ လိုအပ်ပါတယ်တဲ့။ Antibiotics ထဲဆိုတာကတော့ lin, ine,xin, rim နဲ့ဆုံးတဲ့ amoxicillin,doxycycline,cephalexin,ciprofloxacin,clindamycin,metronidazole,azithromycin,sulfamethoxazole, trimethoprim စတဲ့ဆေးတွေပါဝင်ပါတယ်။ Probiotics ကို ဖြည့်စွက်စားသုံးပေးခြင်းဖြင့် Antibiotic ကြောင့် သေဆုံးသွားတဲ့ အကျိုးပြုပိုးတွေကို ပြန်လည် ထုတ်လုပ်နိုင်မှာလည်းဖြစ်ပါတယ်။
(2) Food Poisoning
- အစာအဆိပ်သင့်တာမျိုး၊ တစ်ခုခုစားမိပြီး မတည့်တာမျိုးဖြစ်ဖူးရင်လည်း Probiotics ဖြည့်စွက်စားပေးဖို့ လိုပါတယ်တဲ့၊ ဒီလို အစာအဆိပ်သင့်ခြင်၊ အဲလာဂျီဖြစ်ခြင်းတွေက Gut ထဲမှာ အကျိုးပြုပိုးတွေထက် မကောင်းတဲ့ပိုးတွေပိုများနေလို့ပါတဲ့၊ ဒီတော့ အဲဒီမကောင်းတဲ့ ပိုးတွေကို တိုက်ထုတ်ပစ်နိုင်ဖို့ Probiotics ကို ဖြည့်စွက်ပေးဖို့လိုတာပါ။ ဒီလိုဖြည့်စွက်ပြီး Probiotics (အကျိုးပြုပိုးတွေ) က မကောင်းတဲ့ ပိုးတွေကို တိုက်ထုတ်ပစ်ပြီး အစာခြေစနစ်ပုံမှန်ဖြစ်စေမှု၊ ဝမ်းပုံမှန်ဖြစ်စေမှုကို ဖြစ်စေပါမယ်။
(3) Digestive Disturbances
- အစာခြေမှုစနစ် (လမ်းကြောင်း)က အလုပ်ကောင်းကောင်းမလုပ်ရင် Probiotics ဖြည့်စွက်ပေးသင့်ပါတယ်တဲ့၊ လက္ခဏာတွေက အစာအိမ်အချဥ်ဆန်တာ၊ ဝမ်းပျက်၊ ဝမ်းလျှော်ဖြစ်တာ၊ ဝမ်းချုပ်တာ၊ ပျို့အန်တာ၊ ရင်ပူတာ၊ အစာရေသောက်ရခက်တာ၊ ဗိုက်နာတာ၊ ပုံမှန်မဟုတ်ဘဲ ကိုယ်အလေးအချိန် ကျတာ၊ ကိုယ်အလေးချိန်တိုးလာတာတွေက Digestive Disturbances (Digestive Tract) ပြသာနာတွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်။
(4) Skin Conditions
- ဝက်ခြံတွေထွက်တာ၊ နှင်းခူဖြစ်တာ၊ အဖုအပိတ်တွေထွက်တာ၊ အရေးပြားမှာ အနီကွက်တွေထတာ၊ အရေးပြားယောင်ယမ်းနာကျင်တာတွေက အစာခြေစနစ် အားနည်း (Poor Digestion) ကြောင့်နဲ့ Gut (အူလမ်းကြောင်း) ထဲမှာ bateria inmbalance ဖြစ်နေကြောင့်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေတွေ ခံစားဖြစ်ပေါ်နေရင်လည်း Probiotics ဖြည့်စွက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ အစားအသောက်ကိုလည်း လိုအပ်သလို ဆင်ခြင်ရမှာဖြစ်ပါတယ်။
(5) Mood Disorders
- လူတွေရဲ့ ပျော်ရွင်မှုစေတဲ့ Serotonin ဆိုတဲ့ Happy Hormone ရဲ့ 95% ကို အူလမ်းကြောင်းက ထုတ်လုပ်ပေးတာပါတဲ့၊ ဒါကြောင့် Happy ထုတ်ပေးတဲ့ အူလမ်းကြောင်းကိုယ်တိုင်က မပျော်ရွင်ရင် တနည်းအားဖြင့် အကျိုးပြုပိုးတွေအလုံအလောက်မရှိရင် ကျန်ောတို့လည်း မပျော်မရွင်ဖြစ်မယ်၊ စိတ်ဓါတ်ကျလွယ်မယ်၊ စတဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကို ခံစားရနိုင်ပါတယ်တဲ့၊ ဒါကြောင့်လည်း Probiotics တွေ ဖြည့်စွက်စားသုံးပေးဖို့ လိုပါတယ်တဲ့။
(6) Weak Immunity
- နှစ်တိုင်း တုပ်ကွေးရာသီတိုင်းမှာ တုပ်ကွေးမိပြီး ဖျားနာတတ်လား၊ ဒါမှမဟုတ် မကြာခဏ ဖျားနာတာတွေ၊ ကိုယ်လက်မအီမသာဖြစ်တာတွေ ဖြစ်တတ်လား၊ ဒါဆိုရင် ကိုယ်ခံအားစနစ်အားနည်းနေတာ သေချာပြီးလို့ဆိုပါတယ်။ ဒီလိုဆိုရင်တော့ Probiotics ကို ဖြည့်စွက်စားပြီး ကိုယ်ခံအားစနစ်ကို ပြန်လည်မြှင့်တင်ပေးလို့ရပါတယ်တဲ့။
(7) Asthma and Allergies
- ဓါတ်မတည့်မှုကြောင့် ပန်းနာရပ်ကြပ်ဖြစ်တာတွေ၊ အခြားသော ဓါတ်မတည့်မှု (တစ်ခုခုနဲ့ မတည့်တာ၊ ဘာစားရင် ဘာဖြစ်တယ်၊ ဘာနဲ့ထိမိရင် ဘာဖြစ်တယ်ဆိုတာမျိုးပါ) ဖြစ်တတ်ရင် Probiotics က လျော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ Food Allergy အများစုက leaky gut ကြောင့်ဖြစ်ရတယ်လို့ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာလည်း Probiotics ကို ဖြည့်စွက်စားပေးဖို့ လိုပါမယ်တဲ့။
(8) Autism (အော်တစ်ဇင်)
- သူ့ကို မြန်မာလိုကျနော်တော့ နာမည်မပေးတတ်ပါဘူး။ အာရုံကြောအားနည်းတာ (ဖွံ့ဖြိုးမှုမရှိတာ)၊ ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တာတွေကို ခေါ်တာပါ။ အဲလို လူမျိုးကိုလည်း တွေ့ဖူးပါတယ်။ သူတို့တွေက ကိစ္စတစ်ခုကို ထပ်ခါခါလုပ်မယ်၊ စကားတစ်ခွန်းကို ထပ်ခါထပ်ခါပြောမယ်၊ စတဲ့ လက္ခဏာတွေ ရှိပါတယ်။ တနည်းအားဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းတာ၊ နောက်ကျတာမျိုးပေါ့။ Probiotics က အဲလိုရောဂါမျိုးကို ကုသမှုပေးမှုပေးတဲ့အခါ (Probiotics ကကုတာမဟုတ်) အထောက်အကူအများကြီးဖြစ်တယ်လို့ သုတေသနတွေက တွေ့ရှိတယ်လို့ ဆိုပါတယ်။ (ဒီ Autism ကို အားလုံးကြားဖူးပါလိမ့်မယ်။ Autism အကြောင်း ဖတ်လိုပါက ဒီလင့်မှာ ဖတ်ပေးပါ။
https://hellosayarwon.com/.../autism-%E1%80%B1%E1%80%A1.../)
(၉) Yeast Infections
- Yeast ဆိုတာ အရိအချွဲတွေပေါ့၊ မှိုတစ်မျိုး လည်းဖြစ်ပါတယ်။ အထူးသဖြင့် Candida လို့လည်းခေါ်ပါတယ်။ သူက အူလမ်းကြောင်း၊ ပါးစပ်၊ မိန်းမကိုယ် စတာတွေမှာ ရှိပါတယ်။ အဲဒီ Candida တွေ Over Growth ဖြစ်နေရင် လူကို ထိခိုက်စေပါတယ်။ Candida တွေ Over Growth ဖြစ်ရခြင်းအကြောင်းတွေထဲမှာ Antibiotics တွေသုံးစွဲနေရတာ၊ သကြားအစားများတာ၊ အရက်အလွန်အကျွံသောက်တာ၊ ကိုယ်ခံအားစနစ်မကောင်းတာ၊ သန္ဓေတားဆေးတွေ စားတာ၊ စိတ်ဖိစီးမှုတွေများတာတွေကြောင့် Over Growth ဖြစ်ရတာလို့ ဆိုပါတယ်။ ဒီလို Candida Over Growth ဖြစ်နေတာကို သိသာစေတဲ့အချက်တွေက ခြေသည်း၊လက်သည်းမှိုစွဲတာ၊ မောပန်းလွယ်တာ၊ ဝမ်းချုပ်၊ ဝမ်းပျက်တွေဖြစ်တာ၊ ဝက်ခြံတွေထွက်တာ၊ နှင်းခူဖြစ်တာ၊ အဖုအပိတ်တွေထွက်တာ၊ အရေးပြားမှာ အနီကွက်တွေထတာ၊ အရေးပြားယောင်ယမ်းနာကျင်တာတွေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ စိတ်ဓါတ်ကျတာ၊ အာရုံစူးစိုက်မှုလျော့နည်းတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဆီးသွားရင်နာကျင်တာ၊ စအိုနာတဝိုက်နာကျင်တာ၊ လိင်အင်္ဂါ ယောင်းယမ်းနာကျင်တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒီလို မကောင်းတဲ့ Yeast တွေကြောင့် ထိခိုက်မှု၊ ဝေဒနာတွေ မခံစားရစေဖို့ သို့မဟုတ် ခံစားနေရရင်လည်း ရောဂါကုသတဲ့နည်းတူ Probiotics ကို ဖြည့်စွက်ပေးဖို့ လိုပါတယ်တဲ့။
Credit : LZK
Atomy Probiorics 10 + ကို ဝယ်ယူနိုင်ပါပြီ
လူကြီး - တစ်နေ့ ( ၁ ) ထုပ်
လူငယ် - တစ်နေ့ ( 1/2 ) ထုပ်
ကလေး - တစနေ့ ( 1/4 ) ထုပ်
ကျန်းမာကြပါစေ
#ราคาถูกจับต้องได้
10+ plus