𝗛𝗲𝗮𝗹𝘁𝗵 𝗥𝗘𝗖𝗢𝗠𝗠𝗘𝗡𝗗

  • Home
  • Myanmar
  • Tachileik
  • 𝗛𝗲𝗮𝗹𝘁𝗵 𝗥𝗘𝗖𝗢𝗠𝗠𝗘𝗡𝗗

𝗛𝗲𝗮𝗹𝘁𝗵 𝗥𝗘𝗖𝗢𝗠𝗠𝗘𝗡𝗗 တိုင်းရင်းဆေးပညာဗဟုသုတလေးတွေမျှဝေ?

 #ရေဖျဉ်းစွဲလျင်ဆရာကြည်လွင်မြင့်(မုဒြာ)အသည်းခြောက်ရောဂါ၏လက္ခဏာဖြစ်ပါတယ်။ အရက်စွဲသူများမှာဖြစ်လေ့ရှိပါတယ်။~ ခါကျစ်ဥ (ခေါ်...
27/12/2025

#ရေဖျဉ်းစွဲလျင်

ဆရာကြည်လွင်မြင့်(မုဒြာ)

အသည်းခြောက်ရောဂါ၏လက္ခဏာဖြစ်ပါတယ်။ အရက်စွဲသူများမှာဖြစ်လေ့ရှိပါတယ်။

~ ခါကျစ်ဥ (ခေါ်) မုန်လာဥနီ ၂၅ ကျပ်သားကိုထောင်းအရည်ညှစ် သကြားနဲ့ရောစပ်သောက်ပါ။

~ တောဆီးဖြူပင် ပဉ္စငါးပါးအမြစ်ပါနုတ်ပြီး ၃ခွက် ၁ခွက်တင်ကျိုသောက်ပါ။

~ ကျောက်ဖရုံသီး အသားအဖက်များကို ပါးပါးလှီးပြီး ၀မ်းဗိုက်မှာတွင်ကပ်ပေးပါ။

~ ရေဖျဉ်းရောဂါဖြစ်သော် ကုက္ကိုခေါက်ကို ပြုပ်သောက်ပါ။ (ရှေးနည်း)

~ ဘိန်းပြဲကိုယ်ရောင်ဖြစ်သော်၊ အခံမခက်လား။ ကြက်သွန်နီနှင့်မုန်လာဥနီကို ကြိတ်၍စားသော်၊ (လားကျမ်းမှ)

~ ကရမက်ကိုသွေးလိမ်းပါ။ သွေးသောက်ပါ။ထန်းလျက်နဲ့ရောစားပါ။မပျောက်လား။

~ ငုခေါက်ကိုပြုပ်သောက်လျင် ၀မ်းသက်ပြီးဖောရောင်ကျစေသည်။

~ ပျဉ်းတော်သိမ်ရွက်ကိုထောင်း၊ဂေါ်ရခါးသီး အခါးမျိုးကို အရည်ညှစ်ပြီး သောက်ပါ။

~ ၀မ်းဗိုက်တင်းရောင်ရောဂါဖြစ်လျင် ကြာဟင်း၂ဆ၊ ပိတ်ချင်း ၄ဆ၊ ဖန်ခါးခေါက် ၅ဆ ဤအလုံးစုံသောဆေးတို့ကို ညှက်အောင်အမှုန့်ပြု၍ ထိုဆေးအချိန်အတွယ်နှင့် တူညီသော ထန်းလျက်ကိုရော၍ ၃ ပဲသားခန့်အလုံးလေးများပြုလုပ်ပါ။ တစ်နေ့လျင် ၁လုံး၊ ၁၅ရက်ခန့်သောက်ခဲ့သော်ပျောက်ကင်း၏။
( အမြိတ္တသာဂရ ဆေးကျမ်း)

~ နွား၏ နံနက်စောစောရသောကျင်ငယ်ရည်ကို လတ်လတ်ဆတ်ဆတ် အကြမ်းပန်းကန်တစ်လုံး နေ့စဉ်သောက်ပေးလျှင် ရေဖျဉ်း၊အဖောရောဂါပျောက်ကင်းသည်ဟုဆိုသည်။(ဘုရားဆေး)

credit - ဆရာကြည်လွင်မြင့်(မုဒြာ)(2017)

#ကျန်းမာရေးဗဟုသုတရကြပါစေ

“ ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။ ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြ...
14/06/2023

“ ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။ ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်”

လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။ မမှန်ဘူးခင်ဗျား… ။

နှလုံးနာတဲ့ ဝေဒနာ… အဲ… (Heart Attack) နှင့် ရေဆိုတာ ဒွန်တွဲနေပါတယ်။

“ လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ”

“ နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။ ၀ပ်နေတယ်။ ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ… အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့် တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့ ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။”

ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။ ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ခင်ဗျား။

မှန်ပါတယ်။
အဲ… ဒါပေမယ့်… ။ နှလုံးရောဂါကု ပညာရှင်တွေရဲ့ အဆိုအရ ရေကို ပိုသောက်ပေးသင့်တဲ့ အချိန်တွေကို သတ်မှတ်ပေးထားပါတယ်။

ဘယ်လို သတ်မှတ်ထားသလဲ။
မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။ သင့်ခန္ဓာကိုယ်အတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။

နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။ အစာကြေ လွယ်တာကို ခံစားရပါမယ်။

ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။ သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။

အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။ လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။

အဲ… ပြောရအုံးမယ်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။ ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ … Leg Cramp မှလည်း ကင်းဝေးစေပါတယ်။

ဘာကြောင့်လဲ။
ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ ရေငတ်လာကြတဲ့အတွက်ပါ။ ဒီအကြောင်းတွေကို အကျယ်သိချင်လျှင်… (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of American College of Cardiology)မှာ ဖတ်ကြည့်ပါ။

နှလုံးနာတဲ့ရောဂါ… heart attack ဆိုတာဟာ နေ့ဘက်မှာပဲ ဖြစ်လေ့ ပိုရှိပါတယ်။ နံနက် (၆)နာရီနှင့် မွန်းတည့်အချိန် အတွင်းမှာ ဖြစ်တတ်ပါတယ်။ ညဘက် မဖြစ်ဘူးလား။ အဖြစ် နည်းပါတယ်။

နှလုံးရောဂါသည်တွေကို လေဖြတ်မှာ စိုးရိမ်တဲ့အတွက် (baby asipirin) ဆေးပြားကို တနေ့(၁)ပြား သောက်ခိုင်းပါတယ်။ ညအိပ်ရာ မ၀င်ခင် သောက်ပါ။ ဘာကြောင့်လဲ နေ့ဘက်မှ ပိုပြီး ဆေးစွမ်းပြစေချင်တဲ့ အတွက်ပါ။ (baby aspirin) တပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။ လေဖြတ်နိုင်တဲ့ အခွင့်အလမ်း အများဆုံး က မနက် စောစောပိုင်း အချိန်တွေပါ။
(အက်စပလင်) ဆေးပြားတွေက အချိန်ကြာကြာ သိမ်းထားရင် ရှာလကာရည် (Vineger) အနံ့ထွက်လာလေ့ ရှိပါတယ်။ ဒီ(အက်စပလင်)ကို အသက်ကယ်ဆေးတမျိုးလို့လဲ မှတ်ယူနိုင်ပါတယ်။ မှန်ပါတယ်။ လေဖြတ်ပြီး ဘ၀ပျက်ရမဲ့ ဒုက္ခကို ဒီဆေးပြားက ကယ်နိုင်တယ် မဟုတ်လား။

ဒါကြောင့် ဒီဆေးပြားကို မိမိ အိပ်ရာနှင့် မလှမ်းမကမ်းမှာ အမြဲ ဆောင်ထားသင့်ပါတယ်။ မိမိ လျှာ အပေါ် တင်လိုက်တာနှင့် သွေးကြောထဲ အလွယ်တကူ ပျော်၀င်သွားနိုင်တဲ့ (အက်စပလင်)အမျိုးအစားကို ရှာဖွေပြီး သုံးသင့်ပါတယ်။

Heart attack… အဲ… နှလုံးနာရောဂါ ဖြစ်တော့မယ် ဆိုတာနှင့် ကြိုတင်သတိပေးတဲ့ ရောဂါလက္ခဏာတွေ အများကြီး ရှိပါတယ်။

ဘယ်လက်မောင်းရင်းမှာ ကိုက်လာမယ်။
မေးစေ့အောက်မှာ မခံမရပ်နိုင်အောင် နာလာမယ်။ မူးမယ်။ ချွေးစေးတွေ ရုတ်တရက် ခန္ဓာကိုယ်မှာ ထွက်လာမယ်။

အဲ… ဒါပေမဲ့ တခါတရံ နှလုံးနာဝေဒနာ စဖြစ်နေပြီ ဖြစ်ပေမဲ့ ဒီလက္ခဏာတွေ မပေါ်တာလဲ ရှိတတ်ပါတယ်။

နှလုံးရှိတဲ့ ရင်ဘတ်နေရာမှာတောင် မနာဘူး။ မကိုက်ဘူးတဲ့ ခင်ဗျား။

မှန်ပါတယ်။
အိပ်ပျော်နေတဲ့ ဝေဒနာသည် ၆၀(ခြောက်ဆယ်) ရာခိုင်နှုန်းက နှလုံးနာဝေဒနာ စတင် ဖိစီးနေကြပေမဲ့ သူတို့ အိပ်ပျော်နေကြရာမှတောင် မနိုးဘူးတဲ့။

မြန်မာတွေ ပြောလေ့ရှိတဲ့ “အိပ်ပျော်နေရင်းနှင့် အသက်ထွက်သွားတယ်ဗျာ” ဆိုတာ ဒီလို သေတာမျိုးတွေပေါ့ ခင်ဗျား။

ဒါပေမဲ့ နိုးသွားကြတဲ့ လူတွေက များပါတယ်။
အဲ… အိပ်ရာက နိုးနိုးချင်း ဘာလုပ်သင့်ပါသလဲ။

(အက်စပလင်) ဆေး (၂)ပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရေသောက်ချလိုက်ပေါ့ ခင်ဗျား။

အဲ… ဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ရေပုလင်း… အဲ… ရေဗူးကို အမြဲ အဆင်သင့် ဆောင်ထားပြီး အိပ်သင့်ကြပါတယ်။

နောက်… ဘာဆက်လုပ်သင့်ပါသလဲ။
အိပ်ရာပေါ်တွင် ဆက်ပြီး လှဲမနေသင့်ပါဘူး။
အိပ်ရာမှ ဖြည်းဖြည်း ထထိုင်ပြီး အနီးဆုံး ကုလားထိုင် တလုံးပေါ်မှာ သက်သက်သာသာ ငြိမ်ပြီး ထိုင်နေပါ။

အနီးပတ်၀န်းကျင်မှ လူတွေကို နှိုးပြီး အကူအညီ တောင်းပါ။ ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ခိုင်းပါ။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ (Heart attack and water)ဆိုတဲ့ ဆောင်းပါးက ဒီလောက်ပါပဲ။

တိုတိုလေးပါ။
ဒါပေမဲ့ ဆောင်းပါးရှင်က ပြောထားပါတယ်။ ဒီဆောင်းပါးကို သင် လူ (၁၀)ယောက်ထံကို မျှဝေပို့ပေးပါ။ လူတယောက်ရဲ့ အသက်ကို သင်ကယ်ကောင်း ကယ်နိုင်ပါလိမ့်မယ်။

မှန်ပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပင် ယုံကြည်ပါတယ်။

စာရှုသူ… ။
ဒီနေ့ ကမ္ဘာကြီးမှာ နှစ်စဉ် နှလုံးရောဂါဖြင့် သေသူ လူဦးရေ ဘယ်လောက် ရှိတယ်လို့ သင် ထင်ပါသလဲ။

(၂၀၁၇) ခုနှစ်မှာ (၁၇)ဒဿမ (၃)သန်း ရှိပါတယ်။

(၂၀၃၀)ခုနှစ်မှာ (၂၃)ဒဿမ (၆)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သေတဲ့လူ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းက နှလုံးရောဂါဖြင့် သေကြပါတယ်။ ဒီသေတဲ့ လူတွေအထဲက (၈၀)ရာခိုင်နှုန်း ဦးရေက ဆင်းရဲတဲ့ တိုင်းပြည်က သေကြတဲ့ လူတွေပါ။

အမေရိကန်ပြည်ထောင်စု တခုထဲမှာ ဒီရောဂါဖြင့် သေတဲ့ဦးရေက ၈ (ရှစ်)သိန်းနီးပါး ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရက်ကို နှလုံးရောဂါဖြင့် သေတဲ့ ပျှမ်းမျှ ဦးရေက ၂၁၅၀ (နှစ်ထောင့် တစ်ရာ့ငါးဆယ်) ရှိပါတယ်။
စက္ကန့် (၄၀)မှာ (၁)ယောက်နှုန်း သေနေကြတယ်ပေါ့ ခင်ဗျား။

(ကင်ဆာ) ရောဂါကို ဒီနေ့ လူတိုင်း အလွန်ကြောက်လန့်ကြပါတယ်။ အဲ… ဒါပေမဲ့ ဒီကင်ဆာရောဂါ ကြောင့် ဒီနေ့ သေနေတဲ့ ဦးရေက နှလုံးရောဂါကြောင့် သေကြရတဲ့ ဦးရေလောက် မများပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ နှလုံးနှင့် နွယ်တဲ့ ရောဂါတမျိုးမျိုးကို ခံစားနေကြတဲ့ လူဦးရေက ၈၅ ဒဿမ ၆သန်းကျော် ရှိပါတယ်။

မှန်ပါတယ်။
ဒါကြောင့်လည်း ဒီနှလုံးရောဂါသည်တွေအတွက် အသုံးပြုနေရတဲ့ ဆေးကုသစရိတ်က အမေရိကန် ဒေါ်လာ (ဗေလီယံ)ပေါင်း ၃၂၀ (သုံးရာ့နှစ်ဆယ်) ကျော် ရှိပါတယ်။

*Credit:
ဦးလှဝင်း (လေသူရဲတစ်ဦး)
Thanks.
ပြန်လည်မျှဝေပေးပါသည်။

လူတစ်ယောက်အတွက်လေ့ကျင့်ခန်းလုပ်တာနဲ့မလုပ်တာနဲ့ ဘယ်လိုကွာခြားသွားနိုင်လဲ။ ဖတ်ကြည့်ပါ အကျိုးမယုတ်ပါဘူး+++++++ one day အနေန...
13/06/2023

လူတစ်ယောက်အတွက်
လေ့ကျင့်ခန်းလုပ်တာနဲ့မလုပ်တာနဲ့ ဘယ်လိုကွာခြားသွားနိုင်လဲ။ ဖတ်ကြည့်ပါ အကျိုးမယုတ်ပါဘူး
+++++++
one day အနေနဲ့ကြည့်မယ်ဆိုရင် လေ့ကျင့်ခန်း/ အားကစားလုပ်တာ မလုပ်တာ ဘာမှကွာခြားမှုမရှိပါ။

one month အနေနဲ့ကြည့်မယ်ဆိုရင်လည်း ကွာခြားမှု မရှိသလောက်လို့ပြောလို့ရသေးတယ်။

one year အနေနဲ့ကြည့်မယ်ဆိုရင် ကွာခြားမှုကသိသာပေမဲ့ ၊ အရမ်းကြီးထူးခြားမှုမရှိသေးဘူး။

ကဲ.......
5 years ကြာလာပြီဆိုရင် ခန္ဓာကိုယ် ၊ စိတ်နေစိတ်ထား (ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ) ကွာခြားမှုတော်တော်ရှိလာပါပြီ ။

10 years တာအချိန်ကြာလာပြီဆိုရင် မတူညီတဲ့ ဘဝ ၂ မျိုး ဖြစ်သွားနိုင်တယ်။

- တချို့လူအပြင်ထွက်ရင် စက်ဘီးစီးထွက်လို့ရတယ်၊ တချို့ကျ wheel chair နဲ့ အပြင်ထွက်ရတယ်။

- တချို့လူက မနက် အိမ်ကအိမ်ယာပေါ်ကနိုးလာတယ်၊ တချို့ကျတော့ ဆေ.ရုံလူနာကုတင်ပေါ်ကနေနိုးလာရတယ်။

- တချို့လူ မနက်နိုးရင် အပြင်ထွက် လေကောင်းလေသန့်ရှူရင်းနဲ့ စက်ဘီးစီး၊ လမ်းလျှောက်ထွက်လို့ရတယ်။ တချို့ကျ နာကျင်တဲ့ဒဏ်နဲ့နိုးလာရပြီး ဆေ.ရုံရဲ့ပိုသ..တ်ဆေရည်အနံ့နဲ့သာတနေ့တာကိုဖြတ်သန်းရတယ်။

- တချို့အသက်ကြီးလာချိန် မိသားစုနဲ့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းဝိုင်းဖွဲ့ စကားလေးပြောပြီး တနေ့တာပြီးသွားတယ်။ တချို့ကျ လူနာကုတင်ပေါ်ပဲအိပ်နေရပြီး ဆရာဝန်၊ သူနာပြုတွေနဲ့ စကားပြော ကျန်ရှိနေသေးတဲ့ဘဝကိုဆက်လျှောက်သွားရတယ်။

လွပ်လပ်စွာ shar နိုင်ပါတယ်နော်.
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

လည်ပင်းကျီးပေါင်းရောဂါကိုကုသရာတွင် အသုံးပြုသောဆေးများ************************************************************🍀မနွယ် ...
12/06/2023

လည်ပင်းကျီးပေါင်းရောဂါကိုကုသရာတွင် အသုံးပြုသောဆေးများ
************************************************************
🍀မနွယ် အသက် ၃၅ ကျော်ပြီ။ ခေါင်းမကြာခဏကိုက်တယ်။ လည်ပင်း
တောင့်တင်းတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်တယ်။ သက်သာလည်း ခဏပဲ။ ပြီးတော့ ပြန်ဖြစ်တယ်။ အကိုက်အခဲ ပျောက်ဆေးတွေ သောက်ရတာ ကြာလာတော့ ဗိုက်တွေအောင့်လာတယ်။ အကိုက်အခဲပျောက်ဆေးတွေကြောင့် အစာအိမ်ရောင်ပြီ။

🍀ဘာဖြစ်တာလည်း။သိချင်တယ်။ညဆိုကောင်းကောင်းအိပ်လို့တောင်မရဘူး။ အခုနောက်ပိုင်း လက်တွေပါ ထုံကျဉ်ကိုက်ခဲပါတယ်။ မခံနိုင်တဲ့အဆုံးဆရာဝန်နဲ့ သွားပြလိုက်တော့ ရောဂါကို သိလိုက်ပါပြီ။
လည်ပင်းကျီးပေါင်းဖြစ်နေတာပါတဲ့။

🍀လည်ပင်းဓာတ်မှန်ရိုက်လိုက်တဲ့အခါမှာ ဓာတ်မှန်မှာ Cervical spondylosis လည်ပင်းကျီးပေါင်းလို့ အဖြေထွက်ပါတယ်။ ဒီတော့ ဆရာဝန်က သောက်ရမယ့်ဆေး၊ နေရထိုင်ရမယ့်ပုံစံ၊ လေ့ကျင့်ခန်းများ ပြေပြလိုက်ပါတယ်။
အခုတော့ အတော်လေး သက်သာနေပါပြီ။ လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါမှာ
OTC ဆရာဝန်ညွန်ကြားရန်မလိုသော ဆေးများနဲ့ မလုံလောက်ပါ။
ဆရာဝန်က ညွန်ကြားသော ဆေးများကို သောက်ဖို့ လိုပါတယ်။
လည်ပင်းကျီးပေါင်း ဖြစ်သော အခါ ဆရာဝန်များညွန်ကြားလေ့ရှိသော ဆေးများမှာ

🍀𝑵𝒐𝒏𝒔𝒕𝒆𝒓𝒐𝒊𝒅𝒂𝒍 𝒂𝒏𝒕𝒊-𝒊𝒏𝒇𝒍𝒂𝒎𝒎𝒂𝒕𝒐𝒓𝒚 𝒅𝒓𝒖𝒈𝒔

ကျီးပေါင်းကြောင်း လည်ပင်းကြွက်သားများတောင့်တင်းနာကျင်မှု့၊ခေါင်းကိုက်မှု့ကို သက်သာစေဖို့ သုံးရသော ဆေးများဖြစ်တယ်။ ဆရာဝန်ညွန်ကြားချက်မလိုဘဲ သောက်နိုင်သလို၊ အချို့ကိုတော့ ဆရာဝန်ညွန်ကြားမှ သာသောက်ရမှာ ဖြစ်တယ်။ အကိုက်အခဲနဲ့အရောင်ကျစေသော ဆေးများဖြစ်တယ်။ ဉပမာ - Ibuprofen,mefanamic acid,meloxicam တို့ဖြစ်တယ်။

🍀 𝑪𝒐𝒓𝒕𝒊𝒄𝒐𝒔𝒕𝒆𝒓𝒐𝒊𝒅𝒔

နာမည်ကြီး အရောင်ကျဆေးဖြစ်တယ်။ ဆေးအာနိသင်ကောင်းသလို ဘေးထွက်ဆိုးကျိုးများတယ်။ ချိန်ဆသုံးတတ်မှ ရမယ်။ ဆရာဝန်ညွန်ကြားမှ သုံးရမယ်။ ရေတိုပဲ သုံးရမယ်။ ရေရှည်သုံးရင် ဘေးထွက်ဆိုးကျိုးများကို ခံစားရတယ်။ များသောအားဖြင့် ၂ ပတ်ခန့် သုံးလို့ရတယ်။ သောက်ဆေး၊ထိုးဆေးရှိတယ်။ သောက်ဆေးနဲ့မသက်သာရင် ထိုးဆေးသုံးရတယ်။ သွေးတိုး၊ဆီးချိုရောဂါကတွေကို ပိုဆိုးစေနိုင်တယ်။ ကိုယ်လက်၊ခြေလက် နာကျင်ရောင်ရမ်းကိုက်ခဲခြင်းတို့မှာ လည်းသုံးတယ်။ ဉပမာ- prednisolone, methylprednisolone,hydrocortisone

🍀𝑴𝒖𝒔𝒄𝒍𝒆 𝒓𝒆𝒍𝒂𝒙𝒂𝒏𝒕𝒔

ကြွက်သားလျော့ဆေးများဖြစ်တယ်။ ကျီးပေါင်းဖြစ်တဲ့အခါ လည်ပင်း၊ပခုံးကြွက်သားများ တောင့်တင်းနေတတ်တယ်။ တောင့်တင်းမှု့ကို muscle relaxants တွေက ပြေလျော့စေတယ်။ အသုံးများတဲ့ဆေးတွေကတော့ norgetex,methocarbamol,tizanidine,baclofen တို့ဖြစ်တယ်။ ကြွက်သားပြေလျော့ဆေးများကို ရေရှည်မသောက်ရဘူး။

🍀𝑨𝒏𝒕𝒊-𝒔𝒆𝒊𝒛𝒖𝒓𝒆 𝒎𝒆𝒅𝒊𝒄𝒂𝒕𝒊𝒐𝒏𝒔

အတက်ရောဂါကို ကုတဲ့ဆေးတွေဖြစ်တယ်။ ဒါပေမဲ့ ဆေးတွေက အာရုံကြောတွေကို ထိန်းချုပ်နိုင်တဲ့အာနိသင်ရှိလို့ neuropathic pain အာရုံကြောကြောင့်နာကျင်ကိုက်ခဲခြင်းကို သက်သာစေဖို့ သုံးတယ်။ ကျီးပေါင်းဖြစ်တဲ့အခါ လည်ပင်းကအာရုံကြောများကို ဖိမိလို့ ကြွက်သားမားနာကျင်မှု့ ဖြစ်တဲ့အတွက် သက်သာစေဖို့ အသုံးပြုတယ်။ အသုံးများတဲ့ဆေးတွေကတော့ Gabapentin,Pregabalin တို့ဖြစ်တယ်။ တည ၂ လုံးသောက်ရတယ်။ ၁ ပတ်မှ ၂ ပတ်ခန့် သောက်ရတယ်။ အိပ်ငိုက်တတ်တယ်။

🍀 𝑨𝒏𝒕𝒊-𝒅𝒆𝒑𝒓𝒆𝒔𝒔𝒂𝒏𝒕𝒔

စိတ်ကျရောဂါကုဆေးများဖြစ်တယ်။ လည်ပင်းကျီးပေါင်းကြောင့်ဖြစ်တဲ့ neuropathic pain နာကျင်ကိုက်ခဲမှု့ကိုသက်သာစေတယ်။ လည်ပင်းကျီးပေါင်းတက်ပြီး အိပ်လို့မရတာကို သက်သာစေတယ်။ အသုံးများတဲ့ဆေးတွေကတော့ amitriptyline,duloxetine,venlafaxine တို့ဖြစ်တယ်။ဆေးတွေက ဘေးထွက်ဆိုးကျိုးရှိတယ်။ အထူးသဖြင့် စိတ်ကျရောဂါကုဆေးတွေက အခြားဆေးတွေနဲ့ဓာတ်ပြုမှု့များတယ်။ ဓာတ်ပြုမှု့ပြင်းထန်တယ်။ ဆရာဝန်ညွန်ကြားမှသောက်ရမယ်။

ဒေါက်တာထွန်းမြတ်ဝင်း(ဆေးဝါးဗဟုသုတမျှဝေမယ်)
#လည်ပင်းကျီးပေါင်း
#အကိုက်အခဲပျောက်ဆေး
#အရောင်ကျဆေး
#ကြွက်သားလျော့ဆေး
#အတက်ရောဂါကုဆေး
#စိတ်ကျရောဂါကုဆေး



ရှာရမခက်လုပ်ရလွယ် ဒူးနာခြင်းအတွက် သဘာဝဆေးစွမ်းကောင်း ဂွေးတောက်သနပ်ခါးအစွမ်း▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️တစ်ကယ်တော...
11/06/2023

ရှာရမခက်လုပ်ရလွယ် ဒူးနာခြင်းအတွက် သဘာဝဆေးစွမ်းကောင်း ဂွေးတောက်သနပ်ခါးအစွမ်း
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

တစ်ကယ်တော့ ဒီနည်းလေးက ဒူးနာခြင်းအတွက်ဘဲ မဟုတ်ပါဘူး နှစ်ရှည်လများ ဒူး၊ခါး၊လက် နာကျင် ကိုက်ခဲနေတဲ့ ဝေဒနာကို ပျောက်ကင်းသွားတဲ့ ဂွေးတောက်သနပ်ခါးရဲ့အစွမ်းကအမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ ဒူး ခါး လက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမယ့် ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။

ဂွေးတောက်ရွက် အနည်းငယ်ကိုထောင်း ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် ပုံမှန် ၁လနှင့်အထက် လိမ်းပေးမယ်ဆို့ သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။

ကိုနိုင်ဆိုသူ ရဲ့ ဇနီးဖြစ်သူဟာ တစ်နေကုန်မိုးမိပြီး ဒူးအဆစ်ရောင်ပြီး ကိုက်ခဲသွားပါတယ်။ ဆေးပေါင်းစုံလိမ်း စမ်းကြည့်ပေမယ့်လည်း သက်သာသလိုလိုနဲ့ မကောင်းဘူး ဖြစ်နေခဲ့တယ်။နောက်ဆုံး ရေအိမ်ဝင်တာတောင် မထိုင်နိုင် မထနိုင်နဲ့ တော်တော်လေး ဆိုးနေတာကို မြင်သွားတဲ့ သူငယ်ချင်းတစ်ယောက် က ဂေါက်ရောဂါဖြစ်နေတဲ့ သူ့အမျိုးသမီးကို ထိုးဆေးနည်းနဲ့ ကုပေးရာက သက်သာပျောက်ကင်းသွားတယ်လို့ ပြောလာပါတယ်။

စမ်းကုကြည့်ပါဆိုတာနဲ့ ကုကြည့်လိုက်တာ တကယ် သက်သာပျောက်ကင်းလာတာကြောင့် အလားတူ ဝေဒနာရှင်များကို သက်သာစေချင်တာမို့ “ဂွေးတောက် နဲ့ သနပ်ခါး ဆေးနည်း” ကို တင်ပြပေးလိုက်ပါတယ်။

ဂေါက်ရောဂါ ဝေဒနာရှင်များအတွက်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ဆေးနည်းမှာ ခွေးတောက်ရွက်ကို ရေအနည်းငယ်နှင့် ထောင်းပါ။ ၎င်းအရည်နှင့်သနပ်ခါးကို သွေး၍ ဒူးမှစ၍ ခြေဖျားထိ လိမ်းပေးရန် ဖြစ်ပါသည်။

ရောဂါ အနုအရင့်အလိုက် နေ့စဉ် ရေချိုးပြီး တစ်ကြိမ် ညအိပ်ယာဝင် တစ်ကြိမ် လိမ်းပေးပါ။ သိသာစွာ သက်သာ လာပါမည်။စာဖတ်သူ မိဘပြည်သူများအနေဖြင့် ကျွန်တော်တို့ တင်ပြပေးထားသည်ကို ဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာ တစ်ခုခု ကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။ အခြားသူများလည်း သိစေရန် ပြန်လည် မျှဝေခြင်းဖြင့် ကျန်းမာ‌ရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Credit : Original Writer

ပြန်လည်မျှဝေသည်။

အပူထွက်အောင်ကရမက်၊သနပ်ခါးလိမ်းနည်းပထမဦးစွာ ဘယ်ခြေကိုအရင်လိမ်း ပြီးဒုတိယ ညာလက်ကိုလိမ်းရပါမည်။နောက်ထပ်တစ်ကြိမ် ဘယ်ခြေ ညာလက...
10/06/2023

အပူထွက်အောင်ကရမက်၊သနပ်ခါးလိမ်းနည်း

ပထမဦးစွာ ဘယ်ခြေကိုအရင်လိမ်း
ပြီးဒုတိယ ညာလက်ကိုလိမ်းရပါမည်။

နောက်ထပ်တစ်ကြိမ် ဘယ်ခြေ ညာလက်ကို နှစ်ကြော့လိမ်း/ခြောက်သွားရင် ဘယ်ခြေနဲ့ညာလက်ကို ထပ်လိမ်းရပါမည်။

ဘယ်ခြေ ညာလက်3ကြိမ်လိမ်းပြီးရင်
ညာခြေ ဘယ်လက်ကိုလည်း3ကြိမ်လိမ်းကျံပေးရပါမည်။

ပြီးမှ ခန္ဓာကိုယ်အနှံ့ဖြန့်လိမ်းရပါမယ်။
လိမ်းနည်းစနစ်မှန်ကန်ရင်ရှိတဲ့အပူစုပ်ထုတ်သွားပါလိမ့်မည်။

အပူလွန်ရောဂါခံစားရသူများအားလုံး
အေးမြသောကရမက်နှင့်သနပ်ခါးကိုပဲ
ဆေးအဖြစ်မှီဝဲပါ။

အပူဆို ဘယ်အပူမှမလိမ်းကျံပါနဲ့။
လိမ်းရင်ကျောက်ကပ်ထိနိုင်ပါတယ်။
နံသာဖြူ အပူ /တောင်နံကြီး /တောင်နံကတိုးတို့သည် အပူပါ ရောဂါကိုပိုဆိုးလာဖို့ပဲရှိပါတယ်ပိုကောင်းစေချင်ရင် ကရမက်၊ဝါးမင်းသနပ်ခါးခဲ၊သနပ်ခါး အပွေးအမြစ်ခဲပဲလိမ်းပါ။ ပင်လုံစာပေက အပူပစ္စည်း
လုံးဝမရောင်းပါ။

ရောဂါ ဖြစ်သည့်နေရာကို စမလိမ်းရပါဘူး။

အစွန်အဖျားကနေ စလိမ်းရပါမယ်။

ခြေထောက်ဆို ခြေဖမိုးကစ
ခြေသလုံး၊ ပေါင် ၊တင်ပါးတစ်ဆင့်စီလိမ်း
လက်ဆို လက်ဖမိုးကစ လက်ဖျံလက်မောင်းပုခုံး
တစ်ဆင့်စီလိမ်းခြင်းအားဖြင့်သိသာသက်သာစေပါတယ်။

အထက်ပါနည်း၂နည်းထဲက ကြိုက်နှစ်သက်ရာနည်းအတိုင်း ဂရုတစိုက်ဖတ်ရှု့၍လိမ်းကျံပေးပါ။ သိသာစွာရောဂါများပျောက်ကင်းပါလိမ့်မည်။

ပင်လုံစာပေမှ ဩ/သုဆရာကြီး
ဦးရန်အောင် ပြောကြားထားသောကရမက်၊
သနပ်ခါးလိမ်းနည်းအားမေတ္တာဖြင့်ပြန်လည်ရေးသားမျှဝေပါသည်။

#ပင်လုံစာပေ
လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

သရက်သီးသည် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကလေး/လူကြီးမရွေး နှစ်ခြိုက်စွာ စားသုံးလေ့ရှိသော အသီးတစ်မျိုးဖြစ်သည်။ သရက်သီးက...
09/06/2023

သရက်သီးသည် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကလေး/လူကြီးမရွေး နှစ်ခြိုက်စွာ စားသုံးလေ့ရှိသော အသီးတစ်မျိုးဖြစ်သည်။

သရက်သီးကို ပုံမှန်စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ အောက်ပါအတိုင်း ဖြစ်ပါသည်။
🥭 အသားအရေ လှပစေခြင်း
🥭 အမြင်အာရုံ ကောင်းစေခြင်း
🥭 ဝမ်းမှန်စေခြင်း
🥭 အယ်ကာလိုင်းဓာတ် ရစေခြင်း
🥭 ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း၊
🥭 သွေးတွင်းအဆီဓာတ်ကျစေခြင်း
🥭 ခုခံအားစနစ်ကို တက်စေခြင်း

⚠️ဆီးချိုရောဂါဝေဒနာရှင်များ စားသင့်/မသင့်
-------------------------------------------
အခြေခံသဘောတရားအရ ဆီးချိုဖြစ်လျှင် ချိုသောသစ်သီးများကို ရှောင်ပြီး ချဉ်သည့်သစ်သီးများကိုသာ စားရမည်ဖြစ်သည်။ သရက်သီးကိုကြည့်လျှင် နုစဉ်ဘဝ (ဥပမာ-သရက်ကင်း) တွင် ချဉ်ပြီး ရင့်မှည့်လာသည်နှင့်အမျှ အချဉ်ဓာတ် တဖြည်းဖြည်းလျော့လာကာ မှည့်လေချိုလေ ဖြစ်သည်။ ထို့ကြောင့် ဆီးချိုသမားများသည် သရက်ကင်းကဲ့သို့ မမှည့်သေးမီ ချဉ်သည့်အချိန်တွင် စားသုံးနိုင်ပါသည်။ စပြီးမှည့်ခါစ အသီးမျိုးကို တစ်နေ့လျှင် သရက်သီးတစ်လုံး၏ တစ်ဝက်ခန့်သာ စားသင့်ပြီး လုံးဝ မှည့်ဝင်းနေသော အသီးမျိုးကို ရှောင်ရန်လိုအပ်ပါသည်။

⚠️နာတာရှည် ကျောက်ကပ်ရောဂါသည်များ စားသင့်/မသင့်
-----------------------------------------------
အဓိကအနေဖြင့် လူနာ၏သွေးထဲတွင်ရှိသော ပိုတက်စီယမ်ပေါ် မူတည်ပါသည်။ လူနာ၏သွေးထဲတွင် ပိုတက်စီယမ်ပမာဏ များနေပါက သရက်သီးကို ရှောင်ရန်လိုအပ်ပြီး ပိုတက်စီယမ် သိပ်မများလျှင် အနည်းငယ်စားနိုင်ပါသည်။ သရက်သီး ၁၀၀ ဂရမ်တွင် ပိုတက်စီယမ် ၁၆၈ မီလီဂရမ် ပါဝင်သောကြောင့် အခြားသစ်သီးများထက် ပိုတက်စီယမ်ပါဝင်မှု နည်းသည်ဟု ပြောနိုင်ပါသည်။ ဥပမာ ငှက်ပျောသီးတွင် ပိုတက်စီယမ်ပါဝင်မှု၏ သုံးပုံတစ်ပုံခန့်သာ သရက်သီးတွင် ပါဝင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၁၂) သရက်သီးမှ ထုတ်နုတ်ဖော်ပြသည်။

 #လက်တွေထုံကျဉ်နေတာ_ဘာကြောင့်လဲ?       လက်တွေ ထုံထုံကျဉ်ကျဉ် ဖြစ်နေတာဟာ အတော် နေရထိုင်ရခက်တဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။>>  ...
15/01/2023

#လက်တွေထုံကျဉ်နေတာ_ဘာကြောင့်လဲ?
လက်တွေ ထုံထုံကျဉ်ကျဉ် ဖြစ်နေတာဟာ အတော် နေရထိုင်ရခက်တဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။

>> #ဘာကြောင့်ဒီလိုလက်တွေ_ထုံကျဉ်နေရတာလဲ?
အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့ -

1. Carpal Tunnel Syndrome

လက်ဖဝါးအရင်းမှာ အာရုံကြောတွေ၊ အရွတ်တွေ ဖြတ်သွားနိုင်တဲ့ Carpal Tunnel လို့ခေါ်တဲ့ လမ်းကြောင်းကျဉ်းကျဉ်းလေးတစ်ခု ရှိပါတယ်။ ဒီလမ်းကြောင်းထဲကနေ ဖြတ်သွားတဲ့ အာရုံကြောတစ်ခုကတော့ လက်မ၊ လက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တစ်ဝက်ရဲ့ အာရုံခံစားမှုကိုပေးတဲ့ Median Nerve အာရုံကြောပဲ ဖြစ်ပါတယ်။ ဒီ Medain Nerve ဟာ carpal tunnelထဲ ဖိမိ၊ ညှပ်မိသွားတဲ့အခါ လက်ဖျံနဲ့ လက်ကောက်ဝတ်တွေ နာကျင်လာပြီး လက်မ၊ လက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တစ်ဝက်တွေမှာ ထုံထုံကျဉ်ကျဉ် ဖြစ်လာတတ်ပါတယ်။

Carpel Tunnel Syndrome ရှိနေတာ သေချာပြီ ဆိုရင်တော့ လက်ကောက်ဝတ်ထိန်းတွေ ဝတ်တာ၊ Cortisone စတီးရွိုက်ဆေးတွေ ထိုးတာ၊ အလုပ်အကိုင် ပြောင်းတာတွေအပြင် အရမ်းဆိုးခဲ့ရင် လမ်းကြောင်းချဲ့တဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ရပါမယ်။



2. Phenomenon

စိတ်ဖိစီးမှု များတဲ့အခါ၊ အအေးဒဏ် ခံစားရတဲ့အခါတွေမှာ လက်ချောင်း၊ ခြေချောင်းတွေမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက် ကျဉ်းကျဉ်းသွားပြီး လက်ချောင်းလေးတွေ ဖြူပြာလာတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ် နှစ်ဖက်လုံးမှာ ဖြစ်တတ်ပြီး သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာတို့လိုမျိုး ခုခံအားစနစ် မှားယွင်းတိုက်ခိုက်နေတဲ့ ရောဂါမျိုးတွေမှာ ရတတ်ပါတယ်။ ဘာကြောင့်ဖြစ်မှန်းမသိတဲ့ Primary Raynauds Phenomenon ရောဂါရှိသူတွေမှာ လူနေမှုပုံစံကို ပြောင်းလဲပစ်ရပါမယ်။ ဆရာဝန်တွေက နွေးနွေးထွေးထွေး ခြောက်ခြောက်သွေ့သွေ့နေပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့၊ ဆေးလိပ်ဖြတ်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီလို လူနေမှုပုံစံ ပြောင်းလဲရုံမျှနဲ့ မသက်သာခဲ့ရင် သွေးကြောတွေ ကျယ်စေနိုင်တဲ့ ဆေးတွေသောက်ဖို့ လိုအပ်ပါတယ်။



3. #အာရုံကြောတွေ ဖိမိခြင်း၊ ပျက်စီးသွားခြင်း

မကြာခဏ အဖိခံရထားရတတ်တဲ့ နေရာတွေမှာ အာရုံကြော ဖိမိတတ်ပါတယ်။ ဒီလို အဖြစ်များတတ်တဲ့ နေရာတွေကတော့ လည်ပင်းအဆစ်၊ ပခုံး၊ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်တွေ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဖိမိနေလဲ ဆိုတာကို သိဖို့အတွက် စမ်းသပ်ကြည့်ပြီး ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ထိခိုက်မိသလဲဆိုတာ သိနိုင်ဖို့ Electromyogram နဲ့ Nerve Conduction Velocity Test တွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို အာရုံကြောတွေ ဖိမိ၊ ပျက်စီးတဲ့အခါ အနားယူတာ၊ အထိန်းဝတ်တာ၊ Cortisone စတီးရွိုက်ထိုးတာနဲ့ အရမ်းဆိုးရွားလာတဲ့အခါ ခွဲစိတ်တာမျိုးတွေ လုပ်သင့်ပါတယ်။



4. Neuropathy

အစွန်အဖျားမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်မိတဲ့ ဒီရောဂါဟာ အာရုံကြော တစ်ချောင်းတည်းကို ထိနိုင်သလို အာရုံကြော အများကြီးကိုလည်း ထိနိုင်ပါတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေထဲမှာ ဆီးချိုရောဂါ၊ သိုင်းရွိုက်ဓာတ်နည်းရောဂါ၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဗီတာမင်ဓာတ် အားနည်းခြင်းနဲ့ အဆိပ်အတောက်တွေနဲ့ ထိတွေ့မိခြင်း စတာတွေပါဝင်သလို သွေးတိုးကျဆေး၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားစနစ် မှားယွင်းတိုက်ခိုက်တဲ့ ရောဂါ၊ အရက်စွဲရောဂါနဲ့ HIV/AIDS ရောဂါတွေမှာလည်း ရတတ်ပါသေးတယ်။

ဖြစ်စေတဲ့ အကြောင်းအရာပေါ် မူတည်ပြီး ကုသမှု ကွဲပြားနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် ဖြစ်တဲ့အခါ ဆီးချိုကို အဓိကချရမှာ ဖြစ်ပါတယ်။ နာကျင်မှုတွေ သက်သာစေဖို့ Pregabalin၊ Gabapentin စတဲ့ ဆေးတွေ သောက်ပေးနိုင်ပြီး အာရုံကြော ထိခိုက်စေနိုင်တဲ့ဆေးတွေကို ရှောင်ကြဉ်ရပါမယ်။



5. Contracture

ဒီရောဂါမှာ လက်ဖဝါးရှိ တစ်သျှူးတွေ ထူလာပြီး လက်ချောင်းတွေကို လက်ဖဝါးဘက် ကွေးနေအောင် ဆွဲသွားပါတယ်။ လက်မှာ ထူလာတဲ့ အဖုအကြိတ်တွေဟာ မနာမကျင်ပေမယ့် ဒီလိုအခြေအနေ ခံစားနေရသူတွေဟာ နာကျင်မှုဝေဒနာကို ခံစားရတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတဲ့အခါ လက်ဆေးဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့၊ နေ့စဉ်အလုပ်တွေ လုပ်ကိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။

မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပေမယ့် တကယ်တမ်း ဘာကြောင့်ဖြစ်သလဲ ဆိုတာကိုတော့ ရေရေရာရာ မသိရှိရသေးပါဘူး။ အများစုမှာ အသက် 40 ကျော်၊ ဥရောပနွယ်ဖွား အမျိုးသားတွေမှာတော့ တွေ့ရလေ့ရှိပါတယ်။ ကုသစရာ မလိုပေမယ့် အရမ်းဆိုးတဲ့ရောဂါတွေမှာ ဆေးထိုးတာ၊ ခွဲစိတ်တာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။



>> #ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြဖို့လိုမလဲ?

အများစုမှာတော့ အချိန်နည်းနည်း ကြာလာတဲ့အခါ ကြပ်ထိုး၊ ဆေးသောက်ရုံလောက်နဲ့ ပျောက်ကင်းသွားတတ်ပေမယ့် ရောဂါလက္ခဏာတွေ ပိုပိုဆိုးလာပြီး မလုပ်နိုင်၊ မကိုင်နိုင် ဖြစ်လာတဲ့အခါ၊ ရက် 30 ကျော်လာတဲ့အထိ မပျောက်တဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရောဂါကို စောစောသိလေ၊ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်နိုင်လေလေပဲ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon
LYP

 #လူ့ကိုယ်ခန္ဓာထဲက အဆိပ်အတောက် အပူအပုတ်တွေကို ထုတ်နည်း (၅)နည်း အရင်ဆုံး လူရဲ့ခန္ဓာအတွင်းမှာ ဘာလို့အပူအပုတ်၊ အဆိပ်အတောက်တ...
14/01/2023

#လူ့ကိုယ်ခန္ဓာထဲက အဆိပ်အတောက် အပူအပုတ်တွေကို ထုတ်နည်း (၅)နည်း

အရင်ဆုံး လူရဲ့ခန္ဓာအတွင်းမှာ ဘာလို့အပူအပုတ်၊ အဆိပ်အတောက်တွေ ရှိနေရတာလဲဆိုတာ အရင်ပြောပါမယ်။

-သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ

-နေ့စဉ်ဘဝမှာ မှားယွင်းစွာနေထိုင်မှုတွေ

-မညီညွတ်တဲ့ အစားအသောက်တွေကြောင့်

-Positive Iron တွေကို ဖြစ်ပေါ်စေတဲ့
ဖုန်း၊ ကွန်ပျူတာ အသုံးများမှုတွေ

-ဆီး၊ ဝမ်း မမှန်ခြင်းတွေ

-တကိုယ်ရေ သန့်ရှင်းမှုအားနည်းတာတွေ

-မညီညွတ်တဲ့ ဆေးဝါးသောက်သုံးစွဲခြင်းတွေ

-အရက်သေစာ သောက်တာတွေ

-စသည်ဖြင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အဆိပ်အတောက်နဲ့ အပူအပုတ် ဖြစ်စေတဲ့ အကြောင်းရင်းတွေဟာ များပြားလွန်းလှပါတယ်။

အပုတ်ကောင် ရုပ်ဆောင်ဆိုတဲ့အတိုင်း လူ့အတွင်းမှာ နဂိုကတည်းက အပူအပုတ်တွေ ရှိနေပြီးသားပါ။ နည်းတဲ့သူနဲ့ များတဲ့သူပဲကွာပါမယ်။ ဒါပေမယ့် ဘာမတူတာလဲဆိုတော့...

ကိုယ်ထဲမှာ အပူအပုတ်၊ အဆိပ်အတောက်တွေ ပုံမှန်ထက်ပိုများလာပြီဆို ဘာတွေဖြစ်တတ်လဲ😱

-ပါးစပ်(ခံတွင်း)အနံ့ နံတာတွေ

-ချွေးအနံ့ ဆိုးရွားလွန်းတာတွေ

-လေလည်တဲ့အခါ ပုံမှန်ထက် အပုတ်နံ့ထွက်တာတွေ

-သွားဖုံးတွေ ကြွပြီးနာတတ်တာမျိုးတွေ

-ကိုယ်၊ လက် မအီမသာ ဖြစ်တာတွေ

-နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ခက်တာတွေ

-အကြောတက်၊ ညောင်းညာတာတွေ

-ကိုယ်၊ လက် ကိုက်ခဲ နာကျင်တာတွေ

-အသားအရေ ခြောက်သွေ့ပြီး ပျက်ဆီးလာတာတွေ

-စတဲ့ ဘေးထွက်ဆိုးကြိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။

ဘယ်သူမှ ဒီလိုတွေ မဖြစ်ချင်ကြဘူးလို့ ထင်ပါတယ်

ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ကိုယ်ခန္ဓာအတွင်းက အပူအပုတ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏထုတ်ပြစ်ပြီး၊ ကိုယ့်ရဲ့ ကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာမကြာ ပြုလုပ်ပေးသင့်ပါတယ်။

ဒီလိုလုပ်ဖို့အတွက် ကျွန်တော်သိတဲ့နည်း (၅)နည်း ရှိပါတယ်။

ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်နဲ့ အပူအပုတ်ထုတ်နည်းများ

(၁) #ကိုယ်ခန္ဓာ ချွေးပေါက်များမှ ထုတ်ခြင်း

ချွေးပေါက်တွေကနေ အပူပုတ်၊ အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့မြင်ဖူးကြမှာပါ အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးတွေ။

(၂) #စအိုမှထုတ်ခြင်း

ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံးပြရရင် ဝမ်းနှုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရသွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင်လုပ်ကြရပါတယ်။ အချို့က ဝမ်းနှုတ်ပြီး အားအင်ကုန်ခမ်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိပဲ နုံးခွေသွားတတ်ကြပါတယ်။

(၃) #ပါးစပ်မှထုတ်ခြင်း

အခုခေတ်မှာတော့ အသုံးပြုတာနည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတမျိုးကိုတိုက်ကျွေးပြီး အဆိပ်အတောက်၊ အပုတ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ်အခြေနေတွေမှာပဲ အသုံးချလေ့ရှိပြီး၊ နောက်ဆက်တွဲပေးရတဲ့ ဆေးတွေလည်းရှိသေးလို့ ကိုယ်တိုင်လုပ်ဖို့တော့ မလွယ်ပါဘူး။

(၄) #ခေါင်းမှထုတ်ခြင်း

ခေါင်းမှာရှိတဲ့ အကြောအချဉ်တွေကို နှိပ်နယ်ပေးပြီး၊ အပူအပုတ် အခိုးတွေထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးနဲ့သာ ပြုလုပ်တာပို့သင့်တော်ပါတယ်။

ဆံသဆိုင်တွေ၊ Spa တွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူအပုတ်ထုတ်ခြင်းတော့ မဟုတ်သေးပါဘူး။

(၅) #ခြေဖဝါးမှထုတ်ခြင်း

ကျွန်တော်အကြိုက်ဆုံး နည်းလမ်းလည်းဖြစ်ပြီး လုပ်ရတာလည်း လွယ်ပါတယ်။ နည်းလမ်းတွေလည်း များပါတယ်။ အကြိုက်ဆုံးနည်း (၂)နည်းကတော့... ဆားနယ်တာနဲ့ ခြေထောက်ဆေးကပ်ခွာ သုံးတာတွေပဲ ဖြစ်ပါတယ်။

- #ဆားနယ်ခြင်း
ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့လုပ်တတ်ကြတယ်၊ တကယ်က ဟိုမရောက် ဒီမရောက်ပိုဖြစ်သွားစေပါတယ်။

မလုပ်ခင် ခြေထောက်ဆေး၊ ခြောက်အောင်သုတ်ပြီးရင်ခြေမျက်စိ အောက်အစပ်လောက် နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက်ထည့်စိမ်ထားပြီး သေချာစွာပွတ်ခြင်း၊ နှိပ်နယ်ခြင်းတွေကို မိနစ်၂၀၊ နာရီဝက်ဝန်းကျင်လောက် လုပ်ပေးရပါမယ်။
ပြီးတာနဲ့ ရေမဆေးပဲ ခြေသုတ်ပြီးအိပ်ပါ။ ကုတင်ပေါ်မှာ ဆားနံံ့တွေတော့ နံတတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကိုမကြာခဏအသစ်လဲသုံးတာ ပိုသင့်တော်ပါတယ်။

ခြေဖဝါးဟာ လူ့ရဲ့ပထဝီအကြောတွေ ပေါင်းစုံတဲ့နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက်၊ အပုတ်တွေ ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းပါ။
crd

#အိမ်တွင်းတိုင်းရင်းဆေးနည်းများ

☀️ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဒီလိုခွဲခြားနိုင်ပါတယ်☀️****************************************...
23/11/2022

☀️ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့
ရိုးရိုးခါးနာတာကို ဒီလိုခွဲခြားနိုင်ပါတယ်☀️
**********************************************

နာကျင်မှုပုံစံ
************
ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးခနဲ နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။ လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။

ရိုးရိုး ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင်
အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲနာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။

ကြွက်သားထိလို့နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့်
အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။

နာကျင်မှု ပျံ့နှံ့ခြင်း
******************
ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကိုပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။

အာရုံကြောထိလို့နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့နာတဲ့ ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။

သက်သာသွားတာ ပိုဆိုးသွားတာ
******************************
ကျောက်ကပ် ကြောင့်ဖြစ်တဲ့ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှုမျိုး မဟုတ်ပါဘူး။ ကိုယ်ခန္ဓာပုံစံအမှန်လေးပြင်လိုက်ရုံနဲ့ သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။

ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ၊ မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်း ညင်ညင်သာသာ လုပ်ပေးတဲ့အခါ သက်သာသွားတတ်ပါတယ်။

ခါးနာတာနဲ့အတူရှိနေတတ်တဲ့အခြား လက္ခဏာတွေ
**********************************************
ကျောက်ကပ်ကျောက်တည်တာ ၊ ပိုးဝင်တာမျိုးတွေမှာ ချမ်းတုန်ပြီးဖျားတာ၊ ပျို့အန်တာ၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ၊ ဆီးထဲ သွေးပါတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

ရိုးရိုး ခါးနာတာမှာကျ နာနေတဲ့ ခါးနေရာက ရောင်နေတာ၊ ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားတွေ တင်းနေတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။

လေးစားစွာဖြင့်မူရင်း Credit

ဆောင်းတွင်းမှာ အဆစ်တွေ ပိုကိုက်ရတဲ့ အကြောင်းရင်းဆောင်းတွင်းရောက်လာပြီဆိုရင် လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အဆစ်တွေ ကိုက်တ...
22/11/2022

ဆောင်းတွင်းမှာ အဆစ်တွေ ပိုကိုက်ရတဲ့ အကြောင်းရင်း

ဆောင်းတွင်းရောက်လာပြီဆိုရင် လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အဆစ်တွေ ကိုက်တတ်ကြပါတယ်။ နဂိုအဆစ်ကိုက်တတ်တဲ့သူတွေဆိုရင် ပိုပြီး သတိထားမိမှာပါ။ သာမန်အချိန်တွေထက် ဆောင်းတွင်းမှာ အဆစ်ကိုက်တာက ပိုပြင်းထန်တတ်သလို ခဏခဏလည်း ကိုက်တတ်ကြပါတယ်။ ဒါက ဘာကြောင့်များပါလိမ့်။

ဆောင်းတွင်းမှာ အဆစ်ပိုကိုက်ရတဲ့ အကြောင်းရင်း
လူတိုင်းတော့ မဟုတ်ပေမယ့် တချို့က ဆောင်းတွင်းရောက်ရင် သိသိသာသာ အဆစ်ပိုကိုက်ကြပါတယ်။ ခြေဆစ်လက်ဆစ်တွေကစလို့ ဒူးဆစ်လို အဆစ်ကြီးတွေအထိ ကိုက်တတ်ပါတယ်။ အအေးပိုတဲ့ ညဦးပိုင်းတွေ၊ မနက်အရုဏ်တက်ချိန်တွေဆို ပိုသိသာပါတယ်။

ဆောင်းတွင်းမှာ အဆစ်ပိုကိုက်ရတဲ့ အကြောင်းရင်းတွေကတော့
သွေးလည်ပတ်မှု မကောင်းတာ
အေးတဲ့အခါ ခန္ဓာကိုယ်က အပူကို ထိန်းထားဖို့လိုတဲ့အတွက် ကိုယ်တွင်းမှာ ရှိတဲ့ အင်္ဂါတွေဆီကို သွေးပိုပို့ပါတယ်။ ဥပမာ နှလုံး၊ အဆုတ်၊ အစာခြေစနစ် စတာတွေကိုပါ။ သိပ်အရေးမကြီးတဲ့ ခြေဖျားလက်ဖျားတွေက သွေးကြောတွေကိုတော့ ကျုံ့လိုက်ပြီး သွေးစီးဆင်းမှုနည်းအောင် လုပ်လိုက်ပါတယ်။ ဒါကြောင့် ခြေဖျားလက်ဖျားတွေ အေးတာ အပါအဝင် ခြေဆစ်လက်ဆစ်တွေ ကိုက်တာ၊ တောင့်တာတွေ ခံစားရတာပါ။

လေထုဖိအား နည်းသွားတာ
အဆစ်ကိုက်တဲ့သူတွေက သူတို့အဆစ်ကိုက်လာပြီဆိုရင် ရှေ့လျှောက်ရာသီဥတုအေးတော့မယ်ဆိုတာကို ကြိုသိကြပါတယ်။ ဒါခံစားသိပါ။ အပြင်မှာ မအေးသည့်တိုင် သူတို့ အဆစ်ကိုက်နေပြီဆိုရင် မကြာခင်မှာ အေးတော့မှာပါ။ ဒီလိုဖြစ်ရတာက လေထုဖိအားအပြောင်းအလဲကို အဆစ်တွေက ခံစားမိလို့ပါ။

အေးလာလို့ အဆစ်တွေမှာ လေထုဖိအားနည်းသွားရင် အဆစ်တွေက အလိုလိုနာလာပါတယ်။ တစ်ခုခုနဲ့ ခိုက်မိလို့ အပေါ်ကနေ လက်ဝါးလေးနဲ့ ဖိထားလိုက်ရင် မနာသလိုပါပဲ။ လေထုဖိအားများနေတဲ့အခါ အဆစ်တွေကို ဖိထားသလိုဖြစ်ပြီး မကိုက်ပါဘူး။ အေးလို့ ဖိအားနည်းသွားရင်တော့ စပြီး ကိုက်လာပါပြီ။

ရိုးတွင်းခြင်ဆီ ပျစ်လာတာ
အပြင်မှာ အေးလာရင် ဆီတွေခဲလာသလိုပဲ ရိုးတွင်းခြင်ဆီတွေလည်း ပျစ်လာပါတယ်။ ဒါကြောင့် အဆစ်တွေ လှုပ်လို့မကောင်းဘဲ တောင့်ပြီး နာလာပါတယ်။

ဆောင်းတွင်းမှာအဆစ်ကိုက်တာ သက်သာစေဖို့
ဆောင်းတွင်းမှာ တခြားအချိန်တွေထက် အဆစ်ပိုကိုက်တတ်ပေမယ့် ဒါကို ကျိတ်ခံစားနေစရာ မလိုပါဘူး။ အဆစ်ကိုက်တာ သက်သာစေဖို့

နွေးနွေးထွေးထွေးနေပါ။ အနွေးထည်၊ ဦးထုပ်၊ ခြေအိတ်၊ လက်အိတ် လိုသလို ဝတ်ဆင်ပါ။
ကိုက်တတ်တဲ့ အဆစ်ကို နွေးနွေးထွေးထွေး ထားပါ။ ဥပမာ ဒူးဆစ်ကိုက်တတ်ရင် ဒူးစွပ်လေး စွပ်ထားပါ။
သွေးပူလေ့ကျင့်ခန်း လုပ်ပါ။ သွေးပူလေ့ကျင့်ခန်းတွေက အဆစ်တောင့်တင်းတာတွေကို သက်သာစေသလို ခြေဖျားလက်ဖျားထိ သွေးရောက်စေပါတယ်။
ခန္ဓာကိုယ်ကို နွေးအောင် ထားပါ။ ရေနွေးသောက်ပါ။ ထမင်းစားရင်လည်း ပူပူနွေးနွေးစားပါ။
အဆစ်ကိုက်လာတဲ့အခါ ရေနွေးစိမ်ပါ။ ရေနွေးနဲ့ ရေချိုးပါ။

ဆေးပူလိမ်းပါ။ ညဘက်တွေ ကိုက်တတ်ရင် ဆေးပူလိမ်း၊ သေချာစောင်ခြုံပြီးမှ အိပ်ပါ။
အေးလွန်းတဲ့ရက်တွေဆို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေပါ။

ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝနေမှ ရိုးတွင်းခြင်ဆီ ပျစ်တာကို ကာကွယ်နိုင်မှာပါ။
နေရောင်ခံပါ။ မနက်နေထွက်စအချိန်ဆို နေရာင်ပျပျမှာ အကြောလျှော့ပေးပါ။ ဗီတာမင် ဒီရရှိတာကြောင့် အရိုးအဆစ်တွေ သန်မာသလို ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။

သာမန်အရိုးအဆစ်ကိုက်တာလောက်ကိုတော့ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ အဆစ်ကိုက်ရုံတင် မဟုတ်ဘဲ ရောင်နေမယ်။ နာနေမယ်။ လှုပ်ရှားရခက်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။

Credit - hellosayarwon

ဒူးနာဝေဒနာခံစားနေရတဲ့သူတွေအတွက် လုပ်သင့်တဲ့အချက်လေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်
21/11/2022

ဒူးနာဝေဒနာခံစားနေရတဲ့သူတွေအတွက် လုပ်သင့်တဲ့အချက်လေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်

Address

Tachileik

Telephone

+959652742591

Website

Alerts

Be the first to know and let us send you an email when 𝗛𝗲𝗮𝗹𝘁𝗵 𝗥𝗘𝗖𝗢𝗠𝗠𝗘𝗡𝗗 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram