02/05/2026
24 Hour Healthcare Service ၏ (၃) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့်
တာချီလိတ် ဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ကုသိုလ်
ပြုလုပ်ခဲ့ပါသည်ရှင်။
ကျွန်မတို့၏ လုပ်ငန်းသည်:
ဦးနှောက်ထဲမှ အသိပညာရပ် နှင့်
ရင်ဘတ်ထဲမှ စေတနာ ကို အခြေခံထားရတဲ့
အလုပ်ဖြစ်ပါသည်။
ဆရာဝန်၊ သူနာပြုဆရာမ
တစ်ဦးတစ်ယောက်ချင်းကိုယ်တိုင်
လိပ်ပြာလုံစေမည့် ရွေးချယ်မှုများဖြင့်သာ
ရှေ့ဆက်လှမ်းနေသည့် ခရီးလမ်းဖြစ်သည့်အတွက်
လူကြီးမင်းတို့၏ နားလည်ပေးမှုနှင့် ယုံကြည်မှု သည်
ကျွန်မတို့ တစ်ဦးချင်းအတွက်
အကြီးမားဆုံးသော ခွန်အားဖြစ်ပါသည်။
ယခု (၃) နှစ်ပြည့်မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင်
(၂၄) နာရီ ဆေးခန်းမိသားစုဝင်များ မှ
လိပ်ပြာလုံစွာဖြင့်
လူကြီးမင်းတို့၏ မိသားစုဝင်များကို
ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်
အင်အားစုတစ်ခုအဖြစ်
ဆက်လက်ရပ်တည်ခွင့် ရရှိပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ယခုထက်ပို၍
အဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများ
ပေးဆပ်နိုင်ရန်လည်း အစဉ်တစိုက် ကြိုးစားသွားပါမည်။
ကျေးဇူးတင်ပါတယ်ရှင် 🪴
(1-5-2026)