20/12/2024
အသံတိတ် သေစေနိုင်သော ရောဂါများ
ဒီရောဂါတွေက အစောပိုင်းအဆင့်မှာ သိသာထင်ရှားတဲ့ လက္ခဏာများမပြဘဲ နောက်ကွယ်မှာ ကိုယ်မသိလိုက်ပဲ ရောဂါက ကြီးထွားလာနေတာ ဖြစ်ပါတယ်။ အဲ့ဒီလို ရောဂါတွေကို တွေ့ရှိတဲ့အခါမှာ ၎င်းတို့က သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများ သို့မဟုတ် အသက်အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိသွားတတ်ပါတယ် ။ ဒါကြောင့်မို့ အသံတိတ်လူသတ်သမား(silent killer) ရောဂါတွေလို့ ခေါ်ကြတာ ဖြစ်ပါတယ်။
1. သွေးတိုးရောဂါ (High Blood Pressure)
• နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေသည်အထိ မကြာခဏ လက္ခဏာများ မပြတတ်ပါဘူး ။
• နောက်ဆက်တွဲအနေနဲ့ - နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတွေအထိ ဖြစ်နိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးခြင်း၊ ဆားနှင့် အဆီနည်းသော အစားအစာများ လျှော့စားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ် ။
2. ဆီးချိုရောဂါ (အမျိုးအစား 2)
• အစောပိုင်း လက္ခဏာတွေက သိပ်မသိသာလို့ အလွယ်တကူ သတိမမူမိခြင်း (ဥပမာ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရေငတ်ခြင်း)။
• နောက်ဆက်တွဲအနေနဲ့ - နှလုံးရောဂါ၊ ကျောက်ကပ်အားနည်းခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ အာရုံကြောများ ပျက်စီးခြင်းတို့အထိ ဖြစ်လာစေနိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးခြင်း၊ ကျန်းမာသော အစာစားခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ လိုအပ်ပါက ဆေးဝါးများ သို့မဟုတ် အင်ဆူလင်ကုထုံးများ လုပ်ဆောင်ထားသင့်ပါတယ် ။
3. ကင်ဆာ
• ကင်ဆာအမျိုးအစား အများစု (ဥပမာ၊ ပန်ကရိယ၊ အသည်း၊ သားအိမ်) က အဆင့်မြင့်သည်အထိ ရောဂါလက္ခဏာမပြပါဘူး ။
• နောက်ဆက်တွဲအနေနဲ့ - ကိုယ်တွင်းအင်္ဂါချို့ယွင်းမှု၊ ပျံ့နှံ့မှု၊ သေဆုံးမှုတွေအထိ ဖြစ်စေနိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - ပုံမှန် ဆေးစစ်ခြင်း (ဥပမာ၊ ဓါတ်မှန်ရိုက်ခြင်း၊ အူမကြီးမှန်ပြောင်းခြင်း)၊ ကျန်းမာသော လူနေမှုပုံစံ (ဆေးလိပ်၊ အရက် ရှောင်ခြင်း) များ ပြုမူနေထိုင် သင့်ပါတယ်။
4. Chronic Kidney Disease (CKD)
• ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းကဲ့သို့ လက္ခဏာတွေဟာ ရောဂါအဆင့်မြင့်လာမှသာ ပေါ်လာတတ်ပါတယ်။
• နောက်ဆက်တွဲအနေနဲ့ - ကျောက်ကပ်ပျက်စီးခြင်းနဲ့ နှလုံးရောဂါများ ဖြစ်စေနိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - သွေးပေါင်ချိန်နှင့် ဆီးချိုရောဂါကို မကြာခဏ စစ်ပေးခြင်း၊ ပုံမှန်ကျောက်ကပ်လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း၊ အစားအသောက်ပုံစံ ပြောင်းလဲခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။
5. အသည်းရောင်အသားဝါ (ဘီနှင့်စီ)
• အသည်းပျက်စီးသည်အထိ ရောဂါလက္ခဏာ မပြတတ်ပါဘူး ။
• နောက်ဆက်တွဲအနေနဲ့ - အသည်းခြောက်ခြင်း၊ အသည်းကင်ဆာများ ဖြစ်စေနိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - ကာကွယ်ဆေးထိုးခြင်းများ လုပ်ဆောင်ထားသင့်ပါတယ် ။
6. Atherosclerosis
• သွေးကြောများအတွင်း plaque များ စုပုံနေတာက နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်း မဖြစ်ပေါ်မချင်း ရောဂါလက္ခဏာ မပြတတ်ပါဘူး။
• နောက်ဆက်တွဲအနေနဲ့ - နှလုံးရောဂါ၊ လေဖြတ်ခြင်းများ ဖြစ်စေနိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - ပြည့်ဝဆီစားသုံးမှု လျှော့ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းများ ပြုလုပ်ပေးသင့်ပါတယ် ။
7. Osteoporosis
• ကျိုးသွားသည်အထိ လက္ခဏာများမရှိဘဲ အရိုးဆုံးရှုံးမှု တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
• နောက်ဆက်တွဲအနေနဲ့ - အရိုးကျိုးလွယ်ခြင်း၊ အရိုးကျိုးခြင်း၊ မသန်မစွမ်းဖြစ်ခြင်းများအထိ ဖြစ်စေနိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ စားသုံးခြင်း၊ ကိုယ်အလေးချိန် ထိန်းပေးခြင်း၊ လိုအပ်ပါက အရိုးသိပ်သည်းဆ စစ်ဆေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ် ။
8. Sleep Apnea
• အိပ်နေစဉ် ဟောက်ခြင်း သို့မဟုတ် အသက်ရှုရပ်ခြင်းများက တခြားသူပြောမှ သိနိုင်ပါတယ်။
• နောက်ဆက်တွဲအနေနဲ့ - နှလုံးရောဂါ၊ လေဖြတ်၊ သွေးတိုးရောဂါများ ဖြစ်စေနိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ အိပ်စက်ခြင်းနဲ့ ပက်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးခြင်းများ လုပ်ဆောင်သင့်ပါတယ် ။
၉။ အသည်းအဆီဖုံးရောဂါ (အရက်မဟုတ်သော)
• အသည်းပျက်စီးသည်အထိ ပုံမှန်အားဖြင့် ရောဂါလက္ခဏာမပြတတ်ပါဘူး ။
• နောက်ဆက်တွဲအနေနဲ့ - အသည်းခြောက်ခြင်း၊ အသည်းချို့ယွင်းခြင်း၊ အသည်းကင်ဆာများ ဖြစ်စေနိုင်ပါတယ် ။
• ကာကွယ်ဖို့အတွက် - ကျန်းမာသောအစားအစာများ စားသောက်ခြင်း၊ ပုံမှန်အသည်း စစ်ဆေးခြင်းများ လုပ်ဆောင်ပေးသင့်ပါတယ် ။
10. Coronary Artery Disease (CAD)
• နှလုံးရောဂါ မဖြစ်မချင်း သွေးကြောများ ကျဉ်းမြောင်းလာကာ လက္ခဏာမပြတတ်ပါဘူး ။
• ကာကွယ်ဖို့အတွက် - ကိုလက်စထရောနှင့် သွေးပေါင်ချိန်ကို စောင့်ကြည့်စစ်ဆေးခြင်း၊ ကျန်းမာသောလူနေမှုပုံစံ ပြုမူနေထိုင်ခြင်းများ လုပ်ဆောင်ပေးသင့်ပါတယ် ။