Lamin Pharmacy

Lamin Pharmacy နိုင်ငံခြားဆေးမျိုးစုံနှင့်မြန်မာ?

ကိုကို တိုက်တဲ့ အချစ်ဆေးလုံးလေး နဲ့ Ecee 2 အန္တရာယ်"ကောင်လေးနဲ့အတူနေမိသွားတယ် ကွန်ဒုံးတော့မသုံးမိဘူး ကောင်လေးကဆေးတော့ တိ...
07/04/2023

ကိုကို တိုက်တဲ့ အချစ်ဆေးလုံးလေး နဲ့
Ecee 2 အန္တရာယ်

"ကောင်လေးနဲ့အတူနေမိသွားတယ်
ကွန်ဒုံးတော့မသုံးမိဘူး ကောင်လေးက
ဆေးတော့ တိုက်ထားတယ် ကိုယ်ဝန်ရနိုင်လား'' ဆိုတဲ့မေးခွန်းမျိုးတွေမကြာခဏတွေ့ရတော့
နေက မတွေ့ကြုံမရှိသေးတဲ့ နေ့အမျိုးသမီးလေးတွေကို ကောင်လေးကဘာဆေးတိုက်တယ်ဆိုတာနဲ့
အဲ့ဆေးအကြောင်းကို နားလည်လွယ်အောင်
ပြောပြမယ်နော် (မသုံးစေချင်တဲ့ရည်ရွယ်ချက်နဲ့
ရေးထားတာမို့လို့ သုံးနည်းဆေးညွှန်းကိုတော့
ထည့်ရေးမှာမဟုတ်ပါ)

အတူနေပြီးတဲ့အချိန်မှာ အရေးပေါ်သန္ဓေတားဆေး
(Emergency Contraceptive Pill) ကို
ကောင်လေးတွေတိုက်လေ့ရှိတယ်
သူကို Ecee 2 နဲ့ Lydia 1 safe pill ဆိုပြီး
အသိများတယ် ဆေးနှစ်လုံးပါတာရှိတယ်
ဆေးတစ်လုံးတည်းပါတာရှိတယ်
ဆေးကတော့ပုစိလေးတွေပေမယ့်
ဘေးထွက်ဆိုးကျိုးကတော့ အကြီးကြီးပါဘဲနော်
(အောက်မှာဆက်ဖတ်ပေးပါ)

ဒီဆေးတွေက အရေးပေါ် သန္ဓေတားဆေးမို့
အရေးပေါ်အခြေနေတွေမှာဘဲသုံးသင့်ပါတယ်
အထူးသဖြင့် အလိုမတူဘဲ
အဓမ္မကျင့်ခံရတဲ့အခါမျိုးမှာ ကိုယ်ဝန်မရအောင်ပေါ့
နောက် အကာကွယ်(ကွန်ဒုံး)သုံး ဆက်ဆံရဲ့သားနဲ့
ကွန်ဒုံးပေါက်သွားတာပြဲသွားတာမျိုး အဲ့လို
မလွဲသာမရှောင်သာဖြစ်တဲ့အခြေနေတွေမှာမှသာ ကိုယ်ဝန်မရအောင် သုံးဖို့သင့်​​လျော်ပါတယ်

ဆေးထဲမှာက Progestin ဟော်မုန်းဓာတ်ပါတယ်
တချို့ဆေးတွေမှာဆို Estrogen ပါ ပါတယ်
သူတို့ကတော့ မဟော်မုန်းတွေပေါ့
ဆေးထဲကအဲ့မဟော်မုန်းတွေက
မမျိုးဥ ကြွေတာနှေးစေတာမျိုးနဲ့
သုတ်ပိုးနဲ့ မမျိုးဥ မတွေ့အောင် အကျိချွဲပြစ်စေပြီး
သုတ်ပိုးမဝင်နိုင်အောင်တားဆီးပေးတယ်
အဲ့လိုနဲ့ကိုယ်ဝန်မရအောင် ကာကွယ်ပေးတယ်
(မျိုးဥမကြွေမလာသေးဘူးဆိုရင်တောင်
ကိုသုတ်ပိုးက သားအိမ်ထဲမှာ ငါးရက်လောက်ထိ
မသေဘဲ မမျိုးဥကိုစောင့်နေနိုင်တယ်
အကယ်၍ သူအသက်ရှင်နေတဲ့ရက်အတွင်းမှာ
မမျိုးဥနဲ့တွေ့ရင် ပွဲပြီးပြီ Congratulations ပါ
ကိုယ်ဝန်ရပါပြီရှင် စတာပါ
ဒါကကိုယ်ဝန်ဖြစ်လာတဲ့ပုံစံပေါ့
အဲ့တော့ကွာ အပေါ်ကပြောတဲ့ဟော်မုန်းဓာတ်တွေက
ကိုသုတ်ပိုးနဲ့မမျိုးဥမတွေ့နိုင်အောင်
အချိန်တွေဆွဲထားပေးတယ် အဲ့လိုနဲ့
မမျိုးဥကိုစောင့်ရင်း ကိုသုတ်ပိုးကသေသွားတော့ အကောင်လေးလည်းဖြစ်မလာနိူင်တော့ဘူး)
ဒါလေးများဆိုပြီးသောက်ချင်မသွားနဲ့ဦး လာမယ် 😬

အဲ့ဆေးတွေမှာ ဟော်မုန်းဓာတ်ပါတာကြောင့်
ခန္ဓာကိုယ်ရဲ့ဖြစ်စဥ်တွေကို
ကမောက်ကမဖြစ်စေတယ် ပျို့အန်၊ ခေါင်းကိုက်၊
ခေါင်းမူး ၊ ကိုယ်လိုက်မအီမသာဖြစ်တာ၊
သောက်ပြီးတဲ့ရက်ပိုင်းအတွင်းမှာ
ရာသီလာတာမျိုးတွေ၊ ရာသီနည်းသွားတာ၊
ပုံမှန်ထက်သွေးပိုဆင်းတာ၊ ရင်သားတင်းတာနာတာ
ဒါတွေက သောက်ပြီးရင်ဖြစ်နိုင်တာတွေပဲရှိပါသေးတယ်

အခေါက်ပေါင်းများလာရင် ဆေးယဥ်ပါးလာမယ်
အဲ့ကျ သန္ဓေတားနိုင်တဲ့ ရာခိုင်နှုန်းတွေ
လျော့လာပါမယ် ခန္ဓာကိုယ်ထဲ ဟော်မုန်းထုတ်လုပ်မှု ကမောက်ကမတွေဖြစ်ပြီး
ရာသီပုံမှန်မလာတော့တာတွေ၊ ရာသီလာတာများတာ၊ နည်းတာတွေ၊ သားအိမ်မှာရေအိပ်တည်တာ၊
သန္ဓေနေရာမှားတည်တာ မျိုးတွေအပြင် နောက်ဆုံး
သားအိမ်နံရံတွေ ပျက်စီးပြီး
သားအိမ်ထုတ်ပစ်လိုက်ရတဲ့အထိပါဖြစ်နိုင်ပါတယ်

အမျိုးသမီးတွေအနေနဲ့
ကောင်လေးက တိုက်တိုင်းမသောက်ပါနဲ့
ကိုယ်တိုင်သိထားပြီး ပြောပြပါ မျှဝေပါ
အမျိုးသားတွေအတွက် မျိုးပွားအင်္ဂါက
တန်ဖိုးထားစရာတစ်ခုဖြစ်သလို
အမျိုးသမီးတွေအတွက် သားအိမ်ဆိုတာဟာ
တန်ဖိုးရှိတဲ့ အစိတ်ပိုင်းတစ်ခုပါဘဲ
ကျမတို့က သားဥအိမ်ကြောင့်သာ
လူသားမျိုးဆက်တစ်ခုကို ဖြစ်ထွန်းစေနိုင်တာပါ
ဒါကြောင့် ကိုယ့်တိုင်တန်ဖိုးထားပါ

အမျိုးသားတွေအနေနဲ့လည်း
ဒီလောက်ဆိုးကျိုးများတဲ့ ဆေးကို ကိုယ့်ချစ်သူ
ရည်းစားအမျိုးသမီးတွေကို မတိုက်ကြပါနဲ့ ကိုယ်ချင်းစာတရားလေးနဲ့ လူသားဆန်ကြပါနော်
ဆယ့်ငါးမိနစ် နာရီဝက်လောက်ပျော်စရာလေးကို
ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုလုံးနဲ့လဲဖို့​​မတန်ပါဘူး
အလွှာပါးတာ ကမ္ဘာမခြားပါ ကွန်ဒုံးကိုသာအားထားပါ

စာကြွင်း: အီးဇီးတူး တိုက်တဲ့ကောင်ဆို ရှောင်
အိုတောင် စိတ်မဆင်းရဲ 😇

09/11/2022

ဆီးချိုတိုင်းစက်ရဲ့ Error များ

စက်မှာ -

E - b လို့ပြနေရင် စက်ရဲ့ဓာတ်ခဲအားနည်းနေတာပါ။ ဓာတ်ခဲအသစ်လဲပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပါတယ်။

E - U လို့ပြနေရင် Stick မကောင်းတာဖြစ်ပါတယ်။ Stick ကိုရေစိုလက်နဲ့ကိုင်မိတာတို့ သွေးထည့်ပြီးမှ Stick ထည့်မိတာတို့ Stick ပျက်တာတို့ဆိုရင်ဖြစ်တတ်ပါတယ်။ Stick အသစ်လဲပြီးတိုင်းကြည့်ရမှာဖြစ်ပါတယါ။

E - t လို့ပြနေရင် ပတ်၀န်းကျင်အပူချိန်အရမ်းမြင့်လွန်း (သို့) အရမ်းနိမ့်လွန်းနေတာဖြစ်ပါတယ်။ ပုံမှန်စက်က 10°C နဲ့ 40°C (50°F နဲ့ 104°F) ကြားမှာအလုပ်လုပ်မှာဖြစ်ပြီး ထိုထက်ကျော်လွန် (သို့) နိမ့်ကျတဲ့အပူချိန်မှာဆို Error ပြနေမှာဖြစ်ပါတယ်။

E - F လို့ပြနေရင် စက်ကစစ်ဆေးနေတဲ့အချိန် နံပတ်ရေတွက်နေတဲ့အချိန် Stick ကိုဆွဲဖြုတ်လိုက်ရင် (သို့) သွေးထည့်တာနည်းသွားရင်ပေါ်လာတတ်ပါတယ်။ Stick အသစ်ထည့်ပြီး ပြန်တိုင်းရမှာဖြစ်ပါတယ်။

E -0 , E - A , E - E သုံးခုထဲကတစ်ခုခုပြနေပြီဆိုရင်တော့ စက်မှာ Error ဖြစ်နေတာ (သို့) စက်ပျက်နေတာဖြစ်ပါတယ်။ Stick အသစ်ထည့်ပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပြီး မရရင်တော့စက်ပျက်တာဖြစ်ပါတယ်။

E - C လို့ပြနေရင်တော့ Coding Error ဖြစ်ပြီး အသုံးပြုသူတွေမပြင်တတ်တဲ့ Error ပဲဖြစ်ပါတယ်။

# Lamin Pharmacy တိုက်ကြီး
ပြန်လည်မျှ​ဝေပါသည်


KoAungMyatKo

လမင်း​ဆေးဆိုင် (တိုက်ကြီး) မိသားစုမှ ခန္ဓါကိုယ်တွင် ထုံကျင်ရတာ ဘာ​ကြောင့် ဖြစ်နိင်ပါသလဲ အ​ကြောင်းကို ကူးယူ ​ဖော်ပြအပ်ပါတ...
04/10/2022

လမင်း​ဆေးဆိုင် (တိုက်ကြီး) မိသားစုမှ ခန္ဓါကိုယ်တွင် ထုံကျင်ရတာ ဘာ​ကြောင့် ဖြစ်နိင်ပါသလဲ အ​ကြောင်းကို ကူးယူ ​ဖော်ပြအပ်ပါတယ်

ထုံကျင်ခြင်းက သင့်ကိုဘာတွေပြောပြနိုင်ပါသလဲ ?
=================================

ခန္ဓာကိုယ်တွင် ထုံခြင်းလက်က္ခဏ ဖြစ်ပေါ်ပါက
ဘယ်လိုရောဂါမျိုးညွှန်ပြနိုင်ပါသလဲ ?

လက်မ လက်ညှိုး၊ လက်ခလယ် နှင့် လက်သန်းကြွယ် (လက်ခလယ်နဲ့ ကပ်လျက်ဖက်တခြမ်း) ထုံခြင်း
တခြားနေရာတွင် ထုံခြင်းမရှိဘဲ လက်မ လက်ညှိုး၊ လက်ခလယ် နှင့် လက်သန်းကြွယ် (လက်ခလယ်နဲ့ ကပ်လျက်ဖက်တခြမ်း) တွင် ထုံနေလျှင် ဖြစ်နိုင်ချေမှာ အာရုံကြောဖိခံရခြင်း၊ အရိုးအောက်တွင်ရှိသောအမြှေးပါးအရွှတ်ရောင်ရမ်း ခြင်း၊ အရိုးကြီးထွားလာပြီး လမ်းကြောင်းများ ကျဉ်းသွားခြင်းကြောင့်သွေးလည်ပတ်မူမကောင်းခြင်းသို့မဟုတ် အရိုးနုကိုဖုန်းထားသော
တစ်သျှူးအမြှေးပါးများပျက်ဆီး ခြင်း၊ အရွှတ် များ ပျက်ဆီးခြင်းခြင်း ပို၍ထူသွားခြင်း ကြောင့်ဖြစ်နိုင်ပါသည်။

#လက်မလက်ညိုးလက်ခလယ်ထုံခြင်း

ညောင်းညာကိုက်ခဲပြီး လက်တလျှောက်ကိုက်ခဲမူရှိပါက ဖြစ်နိုင်သည်မှာ လက်ဖဝါးကအာရုံကြောဖိထားခြင်းရသောကြောင့် ဖြစ်နိုင်သလို ဖြစ်ရခြင်းအကြောင်းရင်းမှာ လက်ကိုတနေရာပုံစံအနေအထားတမျိုးထဲ တောင့်ထားခြင်း၊ ဓား၊ ကတ်ကြေး၊ ဆံပင်လေမုတ်စက် နှင့် အချိန်ကြာများစွာ ကွန်ပျူတာ သုံးခြင်း ကြောင့် အိပ်ရာဝင်ချိန်သို့မဟုတ်နံနက်ယံ၌နှိုးသောအခါညောင်းညာ ကိုက်ခဲ လက္ခဏာများရှိတတ်သည်။

#လက်သန်းထုံရခြင်း

လက်သန်းထုံရခြင်းသည် လက်ကိုအချိန်ကြာမြင့်စွာကွေးထားခြင်၊း ဖုန်းအကြာကြီးစကားပြောခြင်းကြောင့် ချိုင်းကြားမှ လက်သန်းအထိရှည်သော အာရုံကြော
ဖိခြင်းခံရသောကြောင့်ဖြစ်သည်။

#ခြေချောင်းနှင့်လက်ချောင်းထိပ်များထုံခြင်း

ခြေချောင်းနှင့်လက်ချောင်းထိပ်များ၌ထုံပါကဖြစ်နိုင်ချေများ မှာ ဗီတာမင် B1, B6 ,B12 ချို့တဲ့ခြင်းလက္ခဏာတစ်ခုဖြစ်ခြင်း သို့မဟုတ် ကျောက်ကပ်၊ကင်ဆာရောဂါသို့မဟုတ် ဓာတုပစ္စည်းတခုခုထိတွေ့မူရှိခြင်း တို့ဖြစ်နိုင်ပါသည်။

#အိပ်ရာမဝင်ခင်သို့မဟုတ်ညသန်းခေါင်ယံတွင်လက်ချောင်းထိပ်ဖျားထုံခြင်း

အိပ်ရာမဝင်ခင် သို့မဟုတ် ညသန်းခေါင်ယံတွင်လက်ချောင်းထိပ်ဖျား ထုံခြင်းရှိပါက ၎င်းသည် လက်ကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်း ( ဉပမာ- ဖုန်းကို အချိန်ကြာမြင့်စွာခဏခဏ သုံးခြင်း မော်တော်ဆိုက်ကယ်ကိုအချိန်ကြာမြင့်စွာစီးခြင်း )ကြောင့် လက်ကောက်ဝတ်ကအရွှတ်များ အာရုံကြော ကိုဖိထားသောကြောင့်ဖြစ်သည်။

#လက်သူကြွယ်လက်သန်းနှင့်လက်ဖဝါးအပြင်ဖက်တစ်ခြမ်းထုံခြင်း

လက်သူကြွယ်၊လက်သန်းနှင့်လက်ဖဝါးအပြင်ဖက်တစ်ခြမ်း ထုံပါက ၎င်းသည် တံတောင်ဆစ်ကအာရုံကြော ဖိထား၍သွေးလှည့်ပတ်မူ မကောင်းသောကြောင့် ဖြစ်သည်။ ထုံခြင်းမှရှောင်ရှားရန် ထိုင်နေသောသို့မဟုတ်အိပ်နေသည့်ကိုယ်ဟန်အနေအထားကိုချက်ချင်း ပြောင်းလဲသင့်ပါသည်။

#လက်မနှင့်လက်ညှိးကြားထုံကျင်ခြင်း

လက်မနှင့်လက်ညှိးကြားထုံကြင်ခြင်းသည် လက်မောင်းတွင်အာရုံကြောများထပ်နေခြင်းကြောင့် ဖြစ်သည်။ထို့ကြောင့်မိမိထိုင်နေသောထိုင်ခုံတွင်ထိုင်သည့်အနေအထား မကြာခဏ ပြောင်းပေးရမည်။ ထို့နောက်ထိုင်ခုံပေါ်တွင်ထိုင်နေရာကလက်ကို နောက်ပစ်ထား၍
မထိုင်ရပါ။

#လက်မောင်းကနေလက်ဖျားထိထုံကျင်ခြင်း

လက်မောင်းကနေလက်ဖျားထိထုံကြင်ခြင်းသည် လည်ပင်းက အရိုးက အာရုံကြောကို သွား၍ဖိထားသောကြောင့် ဖြစ်နေခြင်းဖြစ်သည်။ထို့ကြောင့်စိုးရိမ် စရာဖြစ်သဖြင့်ဆရာဝန်နှင့်အမြန်ဆုံးပြသ၍ကုသင့် ပါသည်။

#ခြေဖမိုးမှဒူးခေါင်းအောက်ဖက်အရှေ့ခြမ်းတွင်ထုံခြင်း

ခြေဖမိုးမှ ဒူးခေါင်းအောက် ဖက် အရှေ့ခြမ်းတွင်ထုံခြင်းရှိပြီး သို့သော်လက်ဖျားထုံကြင်ခြင်း မရှိပါကအချိန်ကြာကြာတရားအားထုတ်ထိုင်ခြင်း၊ထိုင်ခွေပုံစံကြာကြာထိုင်းခြင်းကြောင့်ဒူးခေါင်းရှိအာရုံကြောများဖိအားများ၍သွေးကြောမလည်ပတ်နိုင်သောကြောင့်ဖြစ်သည်။

#ခြေဖျားမှတင်ပါးထိထုံကျင်ခြင်း

ခြေဖျားမှတင်ပါးထိထုံကျင်ခြင်းသည်အထူးသတိပြုရမည်။ အကြောင်းရင်းမှာကြောရိုးက အရိုးဆစ် များရွေ့လျား၍အာရုံကြောကိုဖိအားပေးညှပ်နေခြင်းဖြစ်သည်။

#ခြေဖျားခြေဖဝါးလက်ဖျားကနေတဆင့်ခန္ဓာကိုယ်ထဲထိထုံကျင်ခြင်း

ခြေဖျား ခြေဖဝါး လက်ဖျားကနေတဆင့်ခန္ဓာကိုယ် ထဲထိထုံကျင်ခြင်း၏အကြောင်းရင်းသည်အရက် သောက်သောသူများ၌သာတွေ့လေ့ရှိပါသည်။အဘယ်ကြောင့်ဆိုသော်အယ်ဂိုလ်ဟောသည်ခန္ဓာကိုယ်အတွင်းရှိအာရုံကြောများကိုပျက်စီးစေသည်။

အထက်ပါ ဝေဒနာများကိုသက်သာစေရန် ကျန်းမာသောနေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကုသနိုင်ပါသည်။ သို့သော် ၁ပါတ်တိတိကြာသည်အထိ မသက်သာခဲ့လျှင် ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ဖြင့်
ပြသရန် လိုအပ်ပါမည်။

#မူရင်းရေးသားသောတက်ကျွမ်းပညာရှင်များအားလေးစားစွာဖြင့်CRD..🙏

လမင်း​ဆေးဆိုင် (တိုက်ကြီး) မှ  ကျန်းမာ​ရေး အသိပညာ​ပေး တစ်ခု ကူးယူ မျှ​ဝေလိုက်ပါတယ် ခင်ဗျာ"ရာသီလာရင် နာကျင်ကိုက်ခဲတယ်၊ တစ...
28/08/2022

လမင်း​ဆေးဆိုင် (တိုက်ကြီး) မှ ကျန်းမာ​ရေး အသိပညာ​ပေး တစ်ခု ကူးယူ မျှ​ဝေလိုက်ပါတယ် ခင်ဗျာ

"ရာသီလာရင် နာကျင်ကိုက်ခဲတယ်၊ တစ်ခါတလေ သွေးဆင်းတာများတယ်၊ Chocolate cyst (ချောကလက် စစ်) ရောဂါဖြစ်နေလို့ ဒီရောဂါအကြောင်း ရှင်းပြပေးပါ။ FAME ကနေထုတ်တဲ့ ဘယ်ဆေးတွေကို သောက်လို့ရပါသလဲ"

လတ်တလော အမေးများလာတဲ့ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အမျိုးသမီးကျန်းမာရေးအတွက် အများသိသင့်တယ်လို့ ယူဆမိတာကြောင့် ယခုလို ဖြေကြားပေးလိုက်ပါတယ်။

🔸 𝐂𝐡𝐨𝐜𝐨𝐥𝐚𝐭𝐞 𝐜𝐲𝐬𝐭 (သို့) 𝐄𝐧𝐝𝐨𝐦𝐞𝐭𝐫𝐢𝐨𝐬𝐢𝐬 ရောဂါအကြောင်း

ပုံမှန်အခြေအနေတွင် အင်ဒိုမီထရီရမ် (Endometrium) ခေါ် သားအိမ်အတွင်းဖက်အလွှာတွင် အင်ဒိုမီထရီရယ်ဆဲလ်များ (Endometrial cells) တည်ရှိနေကြပါသည်။ အဆိုပါဆဲလ်များသည် အမျိုးသမီးများ၏ ရာသီစက်ဝန်းအတွင်း ပွားများလာလိုက်၊ ကွာကျပြီး ရာသီသွေးအဖြစ် ဆင်းသွားလိုက်၊ နောက်တစ်ခါပြန်လည် ပွားများလာလိုက် စသည်ဖြင့် သံသရာလည်နေပါသည်။

ထိုအင်ဒိုမီထရီရယ်ဆဲလ်များသည် သူတို့ပုံမှန်တည်ရှိရမည့် သားအိမ်အတွင်းဖက်အလွှာမှအပ အခြား မရှိသင့်၊ မရှိထိုက်သော နေရာများသို့ ရောက်သွားလျှင် Chocolate cyst (သို့) Endometriosis ရောဂါ ဖြစ်လာရပါသည်။ ထိုသို့ နေရာမှားကာ ရောက်ရှိနေသာ ဆဲလ်များသည်လည်း သားအိမ်အတွင်းဖက်အလွှာရှိ ပုံမှန် အင်ဒိုမီထရီရယ်ဆဲလ်များနည်းတူ အမျိုးသမီးများ၏ ရာသီစက်ဝန်းအတိုင်း ပွားများလာလိုက်၊ ကွာကျပြီး ရာသီသွေးဖြစ်သွားလိုက် ဖြစ်နေလေ့ရှိပါသည်။

ပြဿနာမှာ ၎င်းဆဲလ်များ လွဲမှားစွာရောက်ရှိနေသော နေရာများသည် သားအိမ်အတွင်းမှာကဲ့သို့ ရာသီသွေးအနေနှင့် ဆင်းသွားရန် မဖြစ်နိုင်သဖြင့် ရောက်ရှိရာအရပ်တွင် သွေးလုံးလေးများကဲ့သို့ စုလာပြီး ရာသီစက်ဝန်း လည်ပတ်မှု များလာသည်နှင့်အမျှ တဖြည်းဖြည်းကြီးလာကာ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပါသည်။ အဆိုပါသွေးလုံးများအတွင်း အနှစ်နှစ်အလလ စုဆောင်းမိလာသော ညိုညစ်ညစ်သွေးဟောင်းများ စုနေပုံသည် ချောကလက်အရောင်ကဲ့သို့ အညိုရောင်ရင့်ရင့် ဖြစ်နေသဖြင့် Chocolate cyst ဟုခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။

ဒီရောဂါကြောင့် ဘယ်လိုလက္ခဏာတွေ ခံစားရလဲ❓❓

Chocolate cyst (သို့) Endometriosis ရောဂါဖြစ်ပွားနေသူ အမျိုးသမီးများသည် အများအားဖြင့် ရာသီလာစဉ် နာကျင်ခြင်းဝေဒနာကို ခံစားရလေ့ရှိပါသည်။ ခါးနှင့် အမျိုးသမီးအောက်ပိုင်း နာကျင်မှုပုံစံအမျိုးမျိုးကို ခံစားရနိုင်ပြီး အချို့သောသူများတွင် သွေးဆင်းများခြင်းလည်း ဖြစ်ပေါ်တတ်ပါသည်။ ထူးဆန်းသည်မှာ ရောဂါရှိသူများအနက် သုံးပုံတစ်ပုံခန့်သော အမျိုးသမီးများသည် မည်သည့်လက္ခဏာမျှ မခံစားရဘဲ အခြားရောဂါများအတွက် ဆေးစစ်မှုများ ပြုလုပ်ရာမှတစ်ဆင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတတ်ပါသည်။ အများအားဖြင့် အာထရာဆောင်း (Ultrasonography) ရိုက်ကြည့်လျှင် တွေ့ရပါသည်။

ဘာကြောင့်ဖြစ်ရတာလဲ❓❓

ရောဂါဖြစ်စေသော နောက်ခံအကြောင်းအရင်း အတိအကျကို မသိရှိရသေးသော်လည်း အီစထရိုဂျင် (Oestrogen) ခေါ် ‘မ’ မျိုးပွားဟော်မုန်းကြောင့် ဖြစ်ရသည်ဟု အများလက်ခံ ယူဆထားကြပါသည်။ ခန္ဓာကိုယ်ခုခံအားစနစ် မညီမျှခြင်း၊ ရောင်ရမ်းခြင်းဖြစ်စဉ်များနှင့် ဆက်စပ်သည့်အပြင် မျိုးရိုးလိုက်တတ်ကြောင်းကိုလည်း တွေ့ရပါသည်။ အများအားဖြင့် အချိန်ကြာလာသည်နှင့်အမျှ ရောဂါပိုမိုဆိုးရွားလာတတ်ပါသည်။

ဘယ်လိုကုသလို့ရလဲ❓❓

Chocolate cyst (သို့) Endometriosis ရောဂါရှင်များသည် နာတာရှည်နာကျင်ခြင်းကို ခံစားကြရသဖြင့် နေ့စဉ်ဘဝတွင်များစွာ အနှောင့်အယှက်ဖြစ်နိုင်သလို ကလေးရရှိမှုနှုန်း လျော့နည်းပြီး ကလေးမရနိုင် ဖြစ်တတ်ပါသည်။ ထို့ကြောင့် တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ပြသ၍ စနစ်တကျ ကုသမှုခံယူသင့်ပါသည်။

ဆေးကုသမှုအနေနှင့် နာကျင်မှုဝေဒနာ သက်သာစေရန် အကိုက်အခဲပျောက်ဆေးများ ပေးခြင်း၊ ကိုယ်ဝန်တားဆေးနှင့် အခြားသော ဟော်မုန်းဆေးများ ပေးခြင်း၊ သဘာဝ ဖြည့်စွက်ဆေးဝါးများ ပေးခြင်း စသည်တို့ဖြင့် ကုသနိုင်သလို အချို့သောသူများတွင် ခွဲစိတ်ရသည်အထိ ဖြစ်လာနိုင်ပါသည်။ ကုသပြီးလျှင်လည်း အခန့်မသင့်လျှင် ပြန်လည် ဖြစ်ပေါ်လာတတ်ပါသေးသည်။

အဆိုပါရောဂါအတွက် အကျိုးပြုသည့် ဆေးဝါးများနှင့် Lifestyle များအကြောင်းကို ဆက်လက်ဖော်ပြပေးပါမည်။

ဒေါက်တာခင်မောင်လွင် (FAME)

အဖက်ဖ​က် က ဈေးတက်နေချိန် ကုန်ကျစရိတ် သက်သာပြီး အာဟာရရှိအောင် ဘာတွေ အဓိက စားပေးကြမလဲ????အခုအချိန် အဖက်ဖက် က ကုန်ဈေးနှုန်း...
30/07/2022

အဖက်ဖ​က် က ဈေးတက်နေချိန် ကုန်ကျစရိတ် သက်သာပြီး အာဟာရရှိအောင် ဘာတွေ အဓိက စားပေးကြမလဲ????

အခုအချိန် အဖက်ဖက် က ကုန်ဈေးနှုန်း တက်နေချိန်မှာ

1. ဆန် - ကို ပေါ်ဆန်းချည်း မဟုတ်တော့ ဘဲ အကြမ်း ရောပါ။ အကြမ်းချည်းပဲ စားရင် လဲ ကျန်းမာရေး အတွက် အဆင်ပြေပါတယ်။ အဝလွန်သူတွေ ဆီးချို သမားတွေ အတွက် ဆန်ကြမ်း က အဆာခံတော့ ပိုတောင် သင့်တော်ပါသေးတယ်။
2. ပဲ - အသားတွေ အရမ်းဈေးတက်နေချိန် အသားဓါတ် ကို ပဲ က ယူပါ။ ဈေးအသက်သာဆုံးဖြစ်ပြီး စားလို့အဆင်ပြေမယ့် ပဲသာရွေးပါ။ ပဲ တွေရဲ့ အာဟာရဓါတ် က တခု နှင့်တခု သိပ်မကွာခြားပါဘူး။
3. ဆီ - ကတော့ စားအုန်းဆီ ဈေးတောင် အရမ်း တက်နေတော့ အကောင်စား ဆီ တွေ မပြောလိုပေမယ့်၊ ပဲပုပ်စေ့ ဆီ လိုမျိုး (တခြား ဆီ တွေ ထက် ဈေး အနည်းငယ် သက်သာမယ် ထင်လို့ပါ) ကို အဆင်ပြေမယ်ဆိုရင် သုံးပေးပြီး ဆီကို တက်နိုင်သမျှ ချွေတာသုံးပါ။ စားအုန်းဆီ ကတော့ ကျန်းမာရေး အတွက် အဆင်မပြေလှပါဘူး။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ငွေကြေးအခက်အခဲကြောင့် ဒီဆီကို မဖြစ်မနေ သုံးနေကြရပါတယ်။ ဒါဆိုရင်လဲ တတ်နိုင်သမျှ လေး လျှော့သုံးကြပါ။ ဆီအများကြီးနဲ့ ကြော်တာမျိုး မလုပ်ပဲ ပြုတ်ကြော် ကြော်ချက် အနေအထားလေးတွေ သာချက်ပါ။
4. မြေပဲ ​- အခုအချိန်မှာ ဟင်းဖွယ်ဖွယ်ရာရာ ချက်ဖို့အဆင်မပြေရင် ထမင်းကို မြေပဲ နဲ့ ဆီ နယ်ပြီး စားတာ ကလဲ စားဖို့ အဆင်ပြေနိုင်သလို အာဟာရလည်း ပြည့်ဝပြီး ကယ်လိုရီလဲ များပါတယ်။
5. ကြက်ဥ၊ ဘဲဥ - အကောင်းဆုံး အစားအစာပါ။ အသားတွေ ထက် ဈေးသက်သာပေမယ့်၊ အခုလို ကြပ်တည်းချိန်မှာ သူကလဲ ဈေးမသေးပါဘူး။ ပြီးတော့ ဒီအချိန်မှာ တောကြက်ဥ CP ကြက်ဥ ခွဲသင့်တဲ့အချိန်တော့ မဟုတ်ပါ။ အရင်ကလဲ အမြဲ ပြောပါတယ် တောကြက်ဥ CP ကြက်ဥ က အာဟာရ အားဖြင့် အများကြီး ကွာခြားမှု့ မရှိလို့၊ ဈေးကြီးတာကို ဝယ်တာ လျှော့ပြီး သက်သာတာ သာ ရှာဝယ်ပါ။
6. အရွက်ကြော်ထည့်ပါ။ ကြိုက်တဲ့အရွက်ကြော်သာစားပါ။ အာဟာရ ပြည့်ဖို့ဆိုတာ အမျှင်ဓါတ် နှင့် အရွက်က ရမယ့် ဗီတာမင်၊ သတ္တုဓါတ်ကလဲ လိုပါသေးတယ်။ ဒါကြောင့် အဆင်ပြေမယ့် အရွက်ကြော်၊ ဟင်းချို ထည့်စားပါ။

အခုချိန်အရမ်းကြပ်တည်းနေကြတော့ အပိုငွေအကုန်မခံ ပဲ ကျန်းမာရေးနှင့် ညီညွှတ်အောင် အိမ်မှာ သေချာ စနစ်တကျ ချက်ပြုတ် ကြပါ ခင်ဗျာ။

မှတ်ချက် - ဆီလျှော့ပါ၊ ဆားလျှော့ချက်ကြပါ။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော် ထံမှ ကူးယူဖော်ပြအပ်ပါသည်

လမင်းဆေးဆိုင်(တိုက်ကြီး)မိသားစုမှ ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ သားအိမ် အလုံးတည်ခြင်း...
23/06/2022

လမင်းဆေးဆိုင်(တိုက်ကြီး)မိသားစုမှ

ဒီနေ့မှာ prettyတို့အတွက် အမျိုးသမီးတွေမှာ အဖြစ်များစိုးရိမ်းရတဲ့ သားအိမ် အလုံးတည်ခြင်းအကြောင်းလေးပြောပြချင်ပါတယ်🚫

အမျိုးသမီးတွေရဲ့ ၂၀% ကနေ ၅၀% လောက်က အမျိုးသမီးဟော်မုန်း
အက်စတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) တွေက သားအိမ်ကြွက်သားဖွံဖြိုးမှုကို လှုံ့ ဆော်တာကြောင့် သားအိမ်အလုံးဖြစ်လာတတ်ပါတယ်။
တော်တော်များများ အလုံးတွေက သူ့ဘာသာသူ ရှုံ့ သွားတာမျိုးလည်း ရှိ တတ်ပါတယ်။ရှုံ့သွားပြီးပျောက်သွားရင်တော့ကောင်းပါတယ်ဒါပေမယ့် တချို့အလုံးတွေကျတော့ မသိမသာ လက္ခဏာလောက်ပဲပြတတ်ပြီး ကြီးလာတတ်ပါတယ်။ ဒါကြောင့်
လက္ခဏာလေးတွေ ဖော်ပြချင်ပါတယ်။🚫

-ဓမ္မတာပုံမှန်မဟုတ်ဘဲ ကြာရှည်စွာလာနေခြင်း
-ဓမ္မတာလာရာတွင် သာမန်ထက် အလွန်အမင်း များခြင်း
-ဓမ္မတာမမှန်ခြင်း
-ဓမ္မတာလာချိန်တွင်း အလွန်နာကျင်ခြင်း
-တင်ပဆုံတွင်နာခြင်း
- နောက်ကျောနာခြင်း
-ဗိုက်ပူလာခြင်း

ဒီသားအိမ်လုံး၊သားအိမ်အကျိတ်(ခေါ်)သားအိမ်ရေအိတ်ဟာ တစ်လုံး(သို့မဟုတ်)တစ်လုံးထက်ပိုပြီး ၃/၄ လုံးအထက် ဖြစ်တည်နေတတ်ပါတယ်။အလုံးအသေးလေးကနေပြီး အလုံးအကြီးကြီးထိ့ ဖြစ်တည်လာနိုင်သလို အရွယ်အစားအားဖြင့်လည်းမတူညီပါဘူး။
ဘယ်တော့မှသိသလဲဆိုရင် အလုံးရေများလာပြီး အလုံးတွေကြီးထွားလာမှ ရိပ်မိလာကြတယ်။ခါးနာ၊ခါးကိုက်(Backache or leg pains)ခြေထောက်နာ၊ခြေထောက်ကိုက်တဲ့ဝေဒနာတွေ ခံစားလာရလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့ ဟိုးအတွင်းဆုံးအပိုင်းမှာ ဖြစ်တည်နေပါလျှင် ရာသီဆင်းတာ(Heavy menstrual bleeding)များပါလိမ့်မယ်။

ဒီအလုံးဟာ သားအိမ်ရဲ့အပြင်ဘက်အလွှာမှာ ဖြစ်တည်နေပါလျှင် ရာသီမမှန်တာဖြစ်တတ်သလို ရာသီးဆင်းပါကလည်း အရင်ထက် နည်းနေတတ်ပါတယ်။

ဒီနှစ်ချက်ရဲ့ အားနည်းချက်၊အားသာချက်က ဘာကြောင့်လဲဆိုရင် အတွင်းပိုင်းမှာဖြစ်ရင် အဝကျယ်၍ ရာသီးဆင်စရာလမ်းကြောင်း ပိုကျယ်လာတတ်သလို အပြင်ပိုင်းမှာဖြစ်ရင် ရာသီဆင်းစရာလမ်းကြောင်း ကျဉ်းမြောင်းသွားတတ်ပါတယ်။

တကယ်လို့ ဒီအလုံးဟာ ကြီးထွားပြီး ဆီးအိမ်ကို ဖိ့ထားသလိုဖြစ်နေရင် ဆီးခဏ ခဏ သွားချင်နေမယ်..တကယ်လို့ အူလမ်းကြောင်းကိုဖိ့မိနေရင် ဝမ်းချုပ်တတ်ပါတယ်။

သားအိမ်လုံးအကျိတ်၊ရေအိတ်ကြောင့် ရာသီဆင်းတာ များသူတွေဟာ သွေးအားနည်းလာတတ်သလို အားအင်ကုန်ခမ်းပြီး အသားရည်ဖြူဖတ်ဖြူရော်ဖြစ်လာမယ်၊အသက်ရှုရတာမဝဖြစ်လာမယ်၊အလိုလိုနေရင်းနဲ့မောပန်းနေတတ်ပါတယ်။ဒီလို ဖြစ်နေတဲ့အမျိုးသမီးတွေဟာ အသား၊ငါး၊လတ်ဆတ်သော အသီးအရွက်များများစားသုံးပေးသင့်ပြီး သံဓာတ်ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။

အလုံးကြီးရင်တော့ ဗိုက်ခွဲပြီး ဖယ်ရှားရသလို၊အလုံးသေးရင်တော့ ဆေးရုံသုံး ကိရိယာများဖြင့် မိန်းမကိုယ်အတွင်းကနေတဆင့်နှိုက်၍ ဖယ်ရှားရပါတယ်။

ဒီလို ဖယ်ရှားပြီးသူတိုင်းဟာ ကလေးယူလို့ မနိုင်တော့သလို ကံမကောင်းရင်ဖြင့် သားအိမ်ကိုဖြတ်ထုတ်ဖယ်ရှားတဲ့အထိဖြစ်နိုင်ခြေရှိပါတယ်။🚫🚫

မစိုးရိမ်ပါနဲ့ ဒီအလုံးဟာ ကင်ဆာဆဲလ် မဟုတ်သည့်အတွက်ကြောင့် ခွဲစိတ်ကုသရင်ဖြင့်ပျောက်ကင်းသက်သာနိုင်သလို ခွဲစိတ်ကုသပြီးပေမဲ့လည်း ပြန်လည်ဖြစ်တည်လာတတ်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ။⁉⁉⁉

၁)လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းကို တစ်ရက်ကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုလျှင် ရောဂါဖြစ်နှုန်း ၃၀% ကနေ၄၀% ထိချပေးနိုင်ပါတယ်။လေ့ကျင့်ခန်းကတော့ဒီရောဂါတင်မကပါဘူး၊၊
ရောဂါတော်တော်များများကိုကာကွယ်ပေးနိူင်လို့လုပ်သင့်ပါတယ်။

၂)-ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။

အရိုးပါဝါး စားလို့ရတဲ့ငါးများများစားပါ။ထိုထဲကပါတဲ့ ဗီတာမင်ဒီ ဓာတ်ဟာ သားအိမ်အလုံး မဖြစ်ဖို့ ၃၀%လောက်ထိချပေးနိုင်တယ်လို့ယူဆထားပါတယ်။

-၄) နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ချဖို့ပါပဲ။

-အဝလွန်လျှင်လည်း သားအိမ်ရောဂါ အန္တရာယ်ရှိနိုင်
သောကြောင့် ကိုယ်အလေးချိန်လျော့ချပါ။ လေ့ကျင့်ခန်းဖြင့်အဆီချခြင်းကတော့အကောင်းဆုံးဖြစ်ပါသည်။

၅)နောက်တစ်ခုက တော့ အမျိုးသမီး ဟော်မုန်း estrogen ပါ။
ထို ဟော်မုန်းတွေဟာ အမျိုးသမီးတွေကိုလှပစေပါတယ်။ ဒါ့ကြောင့်တချို့ထိုးကြ သောက်ကြ တာတွေရှိပါတယ်။
တချို့ကလည်း မသိဘဲလှတယ်ဆိုလို့သောက်မိကြပါတယ်။ သဘာဝအရ ခန္ဓာကိုယ်က ထွက်တဲ့ အက်စတိုဂျင်ဟော်မုန်းတောင်လိုအပ်တာထက်
ထိတွေ့မှု ကြာလာမယ်ဆိုရင် သားအိမ်အလုံးဖြစ်နှုန်း အရမ်းများနိုင်တာမလို့ ဟော်မုန်းဆေးသောက်တာထိုးတာတွေမလုပ်သင့်ပါဘူး

၆)အရေးကြီးတာက သားအိမ်အလုံးတော်တော်များများက လက္ခဏာမပြတတ်ပါဘူး။ပျောက်သွားတတ်တာလည်းရှိပါတယ်။ပျောက်သွားရင်တော့ပြသနာမရှိ့ပေမယ့်အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာလေးတွေပြပြီဆိုလျှင်တော့ ဆရာဝန်နဲ့သေချာပြသဆွေးနွေးသင့်ပါတယ်။

🚫ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ်လမှာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ်ခုခု ဖောက်ပြန်တာ မူမမှန်တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။

🚫ဘာဖြစ်လို့လဲဆိုတော့ ပေါ့ပေါ့
လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရှုံးမှုများလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။

🚫ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမစေ့ ကလေး မွေးဖွားခြင်း နဲ့ ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်းတို့လည်း

သားအိမ်အလုံးတည်ခြင်းက
အမျိုးသမီးတိုင်း အသက်ရွယ်မရွေးဖြစ်နိုင်တာမလို့ရာသီသွေးမမှန်ခြင်းနဲ့ တစုံတရာစိုးရိမ်ရရင်ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသကြပါ♥
ကျန်းမာရေးဂရုစိုက်ကြပါနော်

အမျိုးသမီးတိုင်း ကျန်းမာပျော်ရွင်ပါစေ လို့ ဆုတောင်းရင် ကျန်းမာရေး ဗဟုသုတလေးပြောပြပေးလိုက်ပါတယ်။

Copy from (Jeunesse Myanmar )

Urticaria ဆိုတာဘာလဲ? What is urticaria? အကြမ်းဖျဉ်း ဖြေရရင် allergic reaction ကြောင့် ဖြစ်တဲ့ အရေပြား ရောဂါ တစ်မျိုးပေါ့...
01/06/2022

Urticaria ဆိုတာဘာလဲ?
What is urticaria?
အကြမ်းဖျဉ်း ဖြေရရင် allergic reaction ကြောင့် ဖြစ်တဲ့ အရေပြား ရောဂါ တစ်မျိုးပေါ့
ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်ပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်
ပေါ်လိုက် ပျောက်လိုက်နဲ့ပေါ့
—————
သူ့ရဲ့ ရောဂါ လက္ခဏာတွေက ဘာလဲ?
What are the symptoms of urticaria?
တအားယားယံစေမယ့် အနီရောင် အဖုတွေ အင်ပျဉ်တွေထမယ်။
အနီရောင်အဖုတွေ (red itchy bumps)က
တစ်ခုချင်းလည်းဖြစ်နိုင်သလို အဖုသေးသေးလေးတွေ
အများကြီးပေါင်းသွားပြီး အင်ပျဉ်လိုက်ကြီးလည်း ဖြစ်နိုင်ပါတယ။
————
ဘာတွေက urticaria ကို ဖြစ်စေနိုင်သလဲ?
What are the causes of urticaria?
ဖြစ်နိုင်ချေအများကြီးရှိပါတယ်

-အစားသောက်မတည့်ခြင်း
-ဆေးနဲ့ ဓာတ်မတည့်ခြင်း
-ဖုန်မှုန့်တွေ မှိုတွေကို ရှူမိခြင်း/ထိမိခြင်း
-ချွေးထွက်လွန်ကဲခြင်း
-အပူချိန် လွန်ကဲခြင်း/ အအေးလွန်ကဲခြင်း
-အိမ်မွေးတိရစ္ဆာန်များ၏ အမွှေးများ
၄င်းတို့ ခန္ဓာကိုယ်မှ ကွာကျသော
အရေပြား ဖတ်များနဲ့ အမှုန့်များ အား ရှူမိ/ထိမိခြင်း
-စိတ်ကျရောဂါ (depression)
-အပူပင်များလွန်းခြင်း (anxiety)
-အသည်းရောဂါ
- thyroid ရောဂါ
-ရေမွှေး/ဆပ်ပြာ မတည့်ခြင်း
-သန်ကောင်တွေရှိနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်

တစ်ခါတလေ မှာတော့
အကြောင်းရင်း မယ်မယ်ရရမရှိသလို
အကြောင်းရာ ရှာမရဘဲလည်း ဖြစ်တတ်ပါတယ်
ထိုအရာကို Idiopathic urticaria လို့ခေါ်ပါတယ်

ဒါကြောင့် အကြံပေးချင်တာက
ဒိုင်ယာရီလေး လုပ်ထားပါ
အဖုလေးတွေ ထ လာခဲ့ရင် ဘာကြောင့်ထရသလဲ
ဘာကြောင့်ဖြစ်ရသလဲ?မိမိမှတ်မိသလောက် ရေးမှတ်ထားပါ
နောင်ဆို ရှောင်လို့ ရတာပေါ့
————-

ဒါဆို urticaria က စိုးရိမ်ရလား
Should I be worried?
ပုံမှန်အားဖြင့် မစိုးရိမ်ရပါ။
အင်ပျဉ်တွေထပြီးရင် ၂၄ နာရီအတွင်း
ဆေးသောက်စရာတောင် မလိုဘဲ အလိုလျောက် ပျောက်သွားတတ်ပါတယ်
Acute urticaria လို့ခေါ်ပါတယ်

တစ်ခါတလေမှာတော့ ပေါ်လိုက်ပျောက်လိုက်နဲ့ပဲ ရက်တွေ လတွေ ချီသွားတတ်ပါတယ်
ဒါကို chronic urticaria လို့ခေါ်ပါတယ်
6 weeks (၆ပတ်မြောက်) ထိ မပျောက်ရင်
ရေတာရှည် chronic urticaria လို့ သတ်မှတ်လို့ရပါတယ်

*Urticaria က မစိုးရိမ်ရပေမယ့် ပတ်ဝန်းကျင်နဲ့ နေ့စဉ် ဆက်ဆံ ကူးလူးသွားလာနေရတဲ့ လူတွေ အတွက်တော့ အနှောက်ယှက်ဖြစ်နိုင်စေပါတယ်
Quality of life ကို ကျဆင်းစေပါတယ်
အဖုတွေထ နေလို့ ရှက်ရခြင်း ကြောက်ရခြင်းဖြစ်စေနိုင်လို့ urticaria ဝေဒနာရှင်များကို အားပေးခြင်းများ မကြာခဏ လုပ်ဆောင်ပေးသင့်ပါတယ်
(စကားချပ်)
————
ဘယ်လိုအချိန်တွေမှာ urticaria က စိုးရိမ်ရသလဲ
When should I be worried?
ဒီမှာ ပြဿနာက စတာပါပဲ
အဖုထခြင်း ရောင်ရမ်းခြင်း တွေက ခန္ဓာကိုယ်အရေပြားမှာတင်မကဘဲ လည်ချောင်းအတွင်းပိုင်းမှာထိ ဖြစ်နိုင်လို့ အရေးပေါ် လေပြွန်ပိတ်ကာ အလွန်အမင်း အသက်ရှူရခက်ခဲစေပါတယ်
အသက် အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်စေတတ်ပါတယ်
မပေါ့ဆသင့်ပါ။
ဆရာဝန်ဆီ အချိန်မီ သွားပါ
———-
ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေလို့ allergy တွေထတာလဲ
Histamine လို့ခေါ်တဲ့ neurotransmitter တွေထွက်လို့ပါ
ရှိလည်း မကောင်း မရှိလည်းမကောင်းတဲ့ Histamine အကြောင်းနောက်မှ အကျယ်တဝင့်ရေးသားပါ့မယ်
———-
Urticaria ကို ဘယ်လိုကုမလဲ
How to cure urticaria?
အရှင်းကြီးပျောက်သွားအောင် ကုမရပါ
ဒီလိုပြောလို့ စိတ်ဓာတ်ကျမသွားပါနဲ့
Histamine တွေထွက်နေသရွေ့ urticaria က ဖြစ်နိုင်တုန်းပါ
အဲ့တာကြောင့်လည်း ရှိမကောင်း မရှိမကောင်း လို့ပြောတာပါ
အင်ပျဉ်တွေ ထလာရင် ရေခဲကို အဝတ်နဲ့ ပတ်ပြီး ကပ်ပေးရင် ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို
အထိုက်လျောက် သက်သာစေပါမယ်။

လုံးဝသွား မကုတ်မိပါစေနဲ့
ပိုသာ ဆိုးစေသည်

Aloe Vera ပါတဲ့ lotion လေးလိမ်းပါ

ပွရောင်းရောင်း ရှိမည့် ချည်သားများ ဝတ်ဆင်ပေးပါ
ကျပ်သော အဝတ်စားများ မဝတ်ရ

ယားယံခြင်းကို သက်သာစေရန် topical corticosteroids cream တွေ လိမ်းလို့ရပါမယ်

(oatmeal bath နည်းကတော့ မြန်မာမှာ မလွယ်လို့ မရေးတော့ပါ)

Histamine တွေ မထွက်အောင် တားစီးပေးမယ့် antihistamine ဆေးတွေသောက်ရပါမယ်

ကျန်းမာရွှင်လန်းနိင်ကြပါစေလို့ လမင်းဆေးဆိုင် (တိုက်ကြီး) မှ ဆုတောင်းပေးလိုက်ပါတယ်

09/05/2022

Gliclazide နဲ့ Metformin ကွာခြားချက်ကို
_______________________________

ဆီးချိုမှာ Type l နဲ့ Type ll ဆိုပီးရှိတယ်
အကြမ်းအားဖြင့်

Type l က

အသက် 40 အောက် လူတွေမှာအဖြစ်များပီး အင်ဆူလင်မထွက်လို့ အင်ဆူလင်လိုအပ်နေတဲ့
အမျိုးအစားဖြစ်ပီး ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ ရောဂါတွေနဲ့ တွဲနေတတ်ပီး

Type ll က

အသက် 40 အထက်လူကြီးတွေမှာ အဖြစ်များပီး အင်ဆူလင်ကို
တုံ့ပြန်နိုင်စွမ်းကျဆင်းလာတဲ့အတွက် အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းတက်တဲ့ ဆေးတွေလိုအပ်တဲ့အမျိုးအစားဖြစ်ပီး
သွေးတိုး နှလုံးရောဂါ တွေနဲ့ တွဲဖြစ်နေတတ်တဲ့ အမျိုးအစားဖြစ်တယ်.

Gliclazide
_____________
Dဆေးဟာ
အင်ဆူလင် ပိုထွက်စေအောင် တွန်းအားပေးတဲ့ ဆေးဖြစ်ပြီး
Gliclazide ရိုးရိုးနဲ့ MR ဆိုပြီး နှစ်မျိုးရှိပါတယ်
MR ဆိုတဲ့သဘောက Modified Release ဆိုတဲ့ ပြုပြင်ဖန်တီးမှုကြောင့် ဆေးကို နံနက်မှာ တစ်ကြိမ်တည်း သောက်လိုက်ရုံနဲ့ ဆေးအားကို တဖြည်းဖြည်း တစ်နေ့လုံးအတွက် ထိရောက်စေလို့ အကြိမ်ကြိမ် ပြန်သောက်နေစရာမလိုပါဘူး ဆေးသောက်ဖို့ မေ့တတ်သူတွေ အတွက် အထူးသင့်လျော်ပါတယ်
MR မပါတဲ့ ဆေးတွေကလည်း အလားတူ အကျိုးရရှိပါတယ် ဆေးအာနိသင် တိုပါတယ် ဒါကြောင့် အနည်းဆုံး နှစ်ကြိမ်တော့ ခွဲသောက်ရပါမယ်
ဘယ်အချိန်သောက်ရမလဲဆိုတာ ဒီဆေးတွေက မုန့်ချိုအိတ်ရှိ ဘီတာကလပ်စည်းတွေဆီကို ရှေ့ပြေးအနေနဲ့ အရင်ရောက်သွားရပါမယ် ဒါမှ စားတော့မယ့် အစာမှ သွေးထဲရောက် ရှိလာမယ့် အချိုဓာတ်တွေအတွက် အင်ဆူလင်ကို အချိန်ကိုက် ထုတ်ပေးထားနိုင်ဖို့ နှိုးဆော်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစာမစားမီ ၁၅ မိနစ်မှ ၃၀ မိနစ်ခန့် ကြိုသောက်ထားရမှာ ဖြစ်ပါတယ်။

Metformin
______________
Dဆေးဟာ
အင်ဆူလင်များများမလိုဘဲ အလုပ်ဖြစ်လာအောင် (Insulin Resistance နည်း အောင်) ပြုလုပ်ပေးနိုင်တဲ့ ဆေး
ွဖြစ်တယ်
အသည်းကနေ အချိုဓာတ်တွေ ပြန်လွှတ်ပေးတာကို တားဆီးထားနိုင်တဲ့ အတွက် နံနက်စောစောမှာ များနေတဲ့ သွေးတွင်းအချိုဓာတ်ကို အထူးကျစေပါတယ်.
Dဆေး ဘယ်အချိန်မှာပဲ သောက်သောက် နေ့စဉ်အချိန်မှန်မှန် သောက်ရင် ရပါတယ်အစာမစားမီပဲ ဖြစ်ဖြစ်၊ စားပြီးစမှာပဲဖြစ်ဖြစ် သောက်နိုင်ပါတယ် တကယ်လို့ အစာမစား မီသောက်ကြည့်လို့ ဗိုက်အောင့်တာ၊ လေပွတာရှိရင် စားပြီး ပြောင်းသောက်လိုက်ပါ
Dဆေးရဲ့ ဆိုးကျိုးတစ်ခုကတော့ လေပွ၊ ဗိုက်အောင့်၊ ဝမ်းပျက်တတ်တာတစ်ခုပါပဲ ကျောက်ကပ်ပျက်စေတဲ့
ဆိုးကျိုးမရှိပါဘူး
(ဗဟုသုတ အဖြစ်သာ )
DဆေးကိုDr ညွှန်ကြားချက်မပါပဲ မိမိသဘောနှင့်မိမိ မသုံးစွဲသင့်ပါ
Crd:

သားပျက် သား​လျှောခြင်း ကိုယ်ဝန်ပျက်ခြင်း ဆိုင်ရာ သိ​ကောင်းစရာများကို လမင်း ​ဆေးဆိုင်(တိုက်ကြီး)မှ ကူးယူ ​ဖော်ပြပါသည်
31/03/2022

သားပျက် သား​လျှောခြင်း ကိုယ်ဝန်ပျက်ခြင်း ဆိုင်ရာ သိ​ကောင်းစရာများကို
လမင်း ​ဆေးဆိုင်(တိုက်ကြီး)မှ ကူးယူ ​ဖော်ပြပါသည်

25/02/2022

ဂနိုရောဂါ ဆိုတာဘာလဲ ❓
~~~~~~
ဂနိုရောဂါ ဆိုတဲ့ ဆီးပူညောင်းကျ ရောဂါလို့လဲ ခေါ်ကြပြီး အဓိက လိင်ဆက်ဆံရာမှ ကူးစက်တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ် ။ဂိုနိုကောကပ် ( Gonococcus ) ဘက်တီးရီးယားကူးစက်မှုကြောင့် ဖြစ်ပွားလေ့ရှိပါတယ် ။

📌ဘယ်လိုကူးစက်သလဲ ❓
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ( ကွန်ဒုံမသုံးခြင်း )မှ တဆင့် ကူးစက်နိုင်ပါတယ် ။ ပါးစပ်နဲ့ စအို လမ်းတွေကလဲ ကူးစက်နိုင်ပါတယ် ။ မိခင်မှ ကလေးသို့လဲ ကူးစက်နိုင်ပါတယ် ။
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါအကုန်လုံးကို ဖိတ်ခေါ်သကဲ့သို့ဖြစ်စေတဲ့အတွက် လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးခြင်းဟာ အကောင်းဆုံးသော အကာအကွယ်ပဲ ဖြစ်ပါတယ်။

📌ဘယ်လို လက္ခဏာတွေပြမလဲ ❓
ဂနိုရောဂါဟာ ကူးစက်ပြီး ဆယ်ရက်ကြာလျှင် ရောဂါလက္ခဏာများ ပြလေ့ရှိသော်လည်း တချို့သူများတွင် လပေါင်း အတော်ကြာမှ ပြသလေ့ရှိပါတယ် ။
၁၀ ရာခိုင်နှုန်းသော အမျိုးသားများနှင့် ၅၀ရာခိုင်နှုန်းသော အမျိုးသမီးတွေမှာတော့ ဒီရောဂါလက္ခဏာတွေကို မခံစားရပါဘူး ။

ရောဂါရှိသောအမျိုးသမီးတွေမှာဆို
* မိန်းမကိုယ်ကနေ အဖြူများဆင်းခြင်း စိမ်းရွှေရွှေ ခပ်ဝါဝါ ပျစ်ချွဲချွဲ အရည်များ ဆင်းခြင်း
* ဆီးသွားစဉ်နာကျင်ခြင်း ဆီးအောင့်ခြင်း
* ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက်တွင် နာကျင်ခြင်း
* ရာသီလာစဉ် သို့မဟုတ် ရာသီတစ်ခုနှင့်တစ်ခုအကြား သွေးအလွန်အမင်း ဆင်းခြင်း သွေးဆင်းများခြင်း
ရောဂါရှိသော အမျိုးသားတွေမှာဆို
* အမျိုးသား အင်္ဂါမှ အချွဲဆင်းခြင်း
* ဆီးကျင်ခြင်း ၊ ဆီးအောင့်ခြင်း ၊ ဆီးကျန် ဆီးမဝဟုခံစားရခြင်း
* ဆီးခဏခဏ သွားခြင်း
* ယားယံခြင်း
* လိင်တံထိပ် အရေပြားတွင် နာကျင် ရောင်ယမ်းနေခြင်း

📌ဘယ်လိုသိရှိမလဲ ❓
အထက်ပါ လက္ခဏာများ ခံစားတွေ့ရှိရပါက နီးစပ်ရာ ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနများ ဆေးရုံများတွင် သွားရောက်၍ ရောဂါ ရှိမရှိ ဆီးနမူနာ သို့မဟုတ် လိင်အင်္ဂါမှ ထွက်သော အရည်များကို ဓာတ်ခွဲ စစ်ဆေးရန် လိုအပ်ပါတယ် ။

📌ဆိုးကျိုးများက ဘာတွေလဲ ❓
ရောဂါလက္ခဏာများမှ ကူးစက်ခံရပြီး ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ်တွင် အလိုလိုပျောက်ကင်းသွားနိုင်ပါသည် ။ သို့သော် ရောဂါပိုးသည် ခန္ဓညကိုယ်ထဲတွင် ရှိနေသေးသည့်အတွက် နောက်တစ်ကြိမ်ဖြစ်ပွားနိုင်သလို သူတစ်ပါးအား ကူးစက်စေနိုင်ပါသည် ။
ရောဂါဆိုးရွားလာပါက အမျိုးသမီးများတွင် သားအိမ်ပြွန် ပိတ်ခြင်း ၊တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ယမ်းလာပြီး နောင်အချိန် ကလေးမရနိုင်သည်အထိ ဖြစ်ပွားနိုင်ပါတယ် ။ ကလေးပျက်ကျခြင်း လမစေ့ဘဲ မွေးဖွားခြင်း မွေးလာမည့်ကလေးကိုလဲ ကူးစက် နိုင်သည့်အတွက် နီယိုနေတိုရမ် ( Opthalamia Neonatorum ) ဟုခေါ်သော မွေးရာပါ မျက်စိရောဂါများ ဖြစ်ပွားစေပါတယ် ။
အမျိုးသားများအနေဖြင့် ဆီးလမ်းကြောင်းမှ တဆင့် ဆီးကြိတ်ရောင်ခြင်း နာခြင်းတို့ကို ဖြစ်စေနိုင်ပြီး မြုံသည်အထိဖြစ်ပွားစေနိုင်ပါတယ် ။

📌ဘယ်လိုကုမလဲ ❓
ပိုးသတ်ဆေး ပနီဆလင်ထိုးခြင်း သောက်ဆေးပေးခြင်းဖြင့် ကုသနိုင်ပါတယ် ။ ဆေးမတည့်ခြင်းများ တခြားရှိနေသော ရောဂါများအတွက် ကုထုံးများ မတူညီပါ ။ ထို့အတွက် သက်ဆိုင်ရာ ဆရာဝန်နှင့်ပြသပြီး သေချာထိရောက်သော ကုသမှု လိုအပ်ပါတယ် ။ ထို့အပြင် မိမိ လိင်ဆက်ဆံဖော်တွင်ပါ ရောဂါပိုး ရှိမရှိ စစ်ဆေးသင့်ပြီး ရောဂါတွေ့ရှိပါက အတူတကွ ကုသမှုခံယူရန် လိုအပ်ပါတယ် ။

.ရှိန်းသူဟန်

*ဘယ်သွားသွား ဘာလုပ်လုပ် Mask တပ်*လက်ကို ဆပ်ပြာ (သို့) အရက်ပြန် ပါ​သော လက်သန့်​ဆေးရည်ဖြင့်​သေချာ ​ဆေး​ကြော ကြမယ်​နော်*ကို...
16/02/2022

*ဘယ်သွားသွား ဘာလုပ်လုပ် Mask တပ်
*လက်ကို ဆပ်ပြာ (သို့) အရက်ပြန် ပါ​သော လက်သန့်​ဆေးရည်ဖြင့်​သေချာ ​ဆေး​ကြော ကြမယ်​နော်
*ကိုယ်ခံအား​ကောင်း​အောင် အိပ်​ရေးဝဝအိပ်ကြမယ်​နော်

မြန်မာနိင်ငံမှာ​နေထိုင်ကြသူ အားလုံး ​ရောဂါကပ်ဆိုးကြီး ကင်း​ဝေးကြပါ​စေလို့ lamin Pharmacy (တိုက်ကြီး) မိသားစုမှ ဆုမွန်​ကောင်း​တောင်းရင်း ​🙏🙏အ​မေးများလာတဲ့​ဆေး​လေးတစ်မျိုးကို ကူးယူ ​ဖော်ပြလိုက်ပါတယ်🥰🥰

အမေးများလွန်းလာတဲ့ Molnupiravir အကြောင်း
------------------------------------------------------------------
Molnupiravir သည် Virus ပိုးကောင်ရေ ပြန့်ပွားနှုန်းအား ထိန်းချုပ်လျော့ချပေးသော Anti-Viral ဆေးများထဲမှ နောက်ဆုံးဆေးသစ်တစ်မျိုးဖြစ်ပါသည်။ အဆိုပါ ဆေးအား Covid19 Virus၏ ခန္ဓာကိုယ်တွင်း ပြန့်ပွားနှုန်း အား လျော့ချနိုင်ရန် လေ့လာစမ်းသပ်ခဲ့ကြပါသည်။

Dec 2021 တွင် US FDA မှ အရေးပေါ်အနေဖြင့်အသုံးပြုရန်ခွင့်ပြုထားသောဆေး (EUAs) သစ် ၂မျိုးကိုခွင့်ပြုခဲ့ရာ Merck ကုမ္ပဏီ၏ Molnupiravir နှင့် Pfizer ကုမ္ပဏီ၏ Paxlovid တို့ ဖြစ်ကြပါသည်။

အဆိုပါ သောက်ဆေး၂မျိုးမတိုင်ခင်ထိ အသုံးပြုခဲ့ရသော Remdesivir ထိုးဆေးသည် ဆေးရုံဆေးခန်း များတွင်သာ အသုံးပြုရန်သင့်တော်သဖြင့် အချို့လူနာများအတွက် အသုံးပြုရန် အခက်အခဲရှိခြင်း၊ ဆေးရုံဆေးခန်းများတွင် ရောဂါအခြေအနေအလွန်ဆိုးဝါးသော လူနာများအတွက် သာမက အလယ်အလတ်အဆင့်ရောဂါဆိုးဝါးနိုင်သော လူနာများအတွက် ဆေးသွင်းရန် ဆေးရုံတက်ရန် လိုအပ်ခြင်းတို့ကြောင့် ကမ္ဘာတဝန်းလုံးရှိ ဆေးရုံများ မနိုင်မနင်းဖြစ်ခြင်းအား လျော့ချနိုင်ရန် ရည်ရွယ်၍ EUAs License ဖြင့် ပါးစပ်မှသောက်သုံးနိုင်သော ‌ဆေးအဖြစ် ခွင့်ပြုပေးခဲ့ပါသည်။

ဘယ်လိုလူနာတွေမှာသုံးဖို့ရည်ရွယ် ခွင့်ပြုထားတာလဲ ???
--------------------------------------------------------
Molnupiravir ဆေးသည် ယခုချိန်ထိ EUAs (အ‌‌ရေးပေါ်ခွင့်ပြုထားသောဆေး) သာဖြစ်ပါသည်။ Covid19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးသော အသက် ၁၈နှစ်အထက် လူနာများထဲတွင်မှ အသက်အရွယ်အရ လည်းကောင်း၊ ရောဂါအခံကြောင့်လည်းကောင်း၊ အခြားအကြောင်းကြောင်းများကြောင့်လည်းကောင်း နောက်ပိုင်းတွင် ပြင်းထန် Covid19 ရောဂါနောက်ဆက်တွဲများထိ ဖြစ်ပွားနိုင်ခြေများပြားပြီး အသက်ဆုံးရှုံးနိုင်ခြေရှိကြောင်း ***ဆရာဝန်များမှ*** ဆန်းစစ်ဆုံးဖြတ်ပြီးမှသာ သင့်တော်သော၊ ဆေးရုံတင်ရန်မလိုအပ်သော Mild to Moderate (အသင့်အတင့်ပြင်းထန်) လူနာများအား အိမ်တွင် သောက်သုံးနိုင်ရန် ကုသပေးသော ဆေးဖြစ်ပါသည်။ (Covid19 Positive အဖြေတွေ့သူတိုင်းအား ပေးသော ဆေးမဟုတ်ပါ။ ပေးရန်မလိုပါ။)

ဘယ်လိုလူတွေ၊ ဘယ်လိုအခြေအနေ မှာ မသုံးသင့်ဘူးလဲ။
--------------------------------------------------------
အဓိကကတော့ ဆရာဝန်တွေဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အသိပညာမျှဝေခြင်းအတွက် သာ ရှင်းပြခြင်းဖြစ်ပါသည်။ အသက်၁၈နှစ်အောက်လူနာများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များ၊ ကိုယ်ဝန်ဆောင်ရန်ရည်ရွယ်ထားသူများ တွင် အသုံးမပြုသင့်ပါ။ ဆေးအား ၅ရက်ထက်ပိုမို ကြာရှည် အသုံးမပြုရပါ။
Covid19 မဖြစ်အောင် ကာကွယ်ရန်အနေဖြင့် အသုံးမပြုရပါ။ (ကြိုတင်ဆောင်ထားရန်လုံးဝ မလိုအပ်ပါ)

ထူးခြားသော ဘေးထွက်ဆိုးကျိုးများရှိပါသလား။
--------------------------------------------------------
ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအပေါ်တွင် ဘေးထွက်ဆိုးကျိုးရှိကြောင်း လေ့လာတွေ့ရှိထားပါသည်။ အသက်အရွယ်ငယ်သော ကလေးများတွင် အရိုးနှင့် အရွတ်များ ဖွံ့ဖြိုးမှုပေါ်တွင် ဆိုးကျိုးရှိကြောင်း တွေ့ရှိထားပါသည်။ လက်ရှိချိန်ထိ လေ့လာရသလောက်တွင် အခြားကြီးမားသော ဘေးထွက်ဆိုကျိုးမျိုးမရှိဘဲ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ဝမ်းလျောခြင်း အစရှိသည့် ဘေးထွက်ဆိုးကျိုးများသာ တွေ့ရှိရပါသည်။
သို့သော် အရေးပေါ်ခွင့်ပြုထားသော ဆေးဝါးဖြစ်သည့်အတွက် ပုံမှန်ကာလကြာရှည်စွာ လေ့လာဆန်းစစ်ထားသော ဆေးများကဲ့သို့ ဆေး၏ ဘေးထွက်ဆိုးကျိုးများ၏ ကာလတို၊ ကာလလတ်၊ ကာလရှည် အ‌သေးစိတ်လေ့လာနိုင်စွမ်းအားနည်းသည့်အတွက် EUAs ဆေးဝါးများအား မိမိသဘောဖြင့် သောက်သုံးခြင်းအား လုံးဝ လုံးဝ ရှောင်ကြဉ်ရပါမည်။

Covid19 ရောဂါ အရှင်းပျောက်အောင် ကုပေးနိုင်တဲ့ဆေးလား။
--------------------------------------------------------------
ကျတော်တို့ လူသားတိုင်းအတွက် Covid19 ရောဂါစတင်ပေါ်လာသည့် ပြီးခဲ့တဲ့ ၂နှစ်အတွင်း ဒီရောဂါကို အမြစ်ပြတ်ပျောက်စေချင်တဲ့ စိတ်ဆန္ဒအာသီသဟာ လူသားတိုင်း၊ ကမ္ဘာ့နေရာတိုင်းမှာရှိနေကြပါတယ်။ နည်းပေါင်းစုံနဲ့လည်း ကြိုးစားနေကြဆဲဖြစ်ပါတယ်။ Vaccine တွေသည်တော့ ပထမခံတပ်အနေဖြင့် ကာကွယ်နိုင်ရန် ဖြန့်ကျက်လုပ်ဆောင်နေဆဲဖြစ်သော်လည်း ပြန်လည် Booster ထိုးနှံပေးရသည့်အတွက် ကမ္ဘာလုံး အတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ရန် ခက်ခဲနေဆဲဖြစ်ပါသည်။
Virus ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် မိမိတို့ ခန္ဓာကိုယ်ထဲရှိ ကိုယ်ခံအားသည် အဓိက စစ်သူကြီးဖြစ်ပါသည်။ ကျန်ဆေးဝါးများသည် အဆိုပါ ကိုယ်ခံအား ကောင်းစွာ ထိန်းချုပ်လုပ်ဆောင်နိုင်ရန် နည်းမျိုးစုံဖြင့် ဝိုင်းဝန်းကူညီ ပံ့ပို့ထောက်ကူပေးကြခြင်းဖြစ်ပါသည်။
ထို့ကြောင့် ရောဂါကုသဆေးများအားလည်း လက်ရှိချိန်ထိ အကောင်းဆုံး ကြိုးစားရှာဖွေမှုများထဲတွင် Molnupiravir နှင့် Paxlovid ဆေး၂မျိုးသည်တော့ လူနာများဆေးရုံတင်ရန်မလိုဘဲ ကုသမှုပေးနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်များစွာ အထဲမှ အရေးပေါ်ဆေးဝါးများအဖြစ် လက်ရှိ အသုံးပြုဆဲဖြစ်ပြီး ကျတော်တို့ မြန်မာပြည်တွင်လည်း အသုံးပြုနိုင်ရန် ဆေးဝါးကုမ္ပဏီများမှ တင်သွင်းရောက်ရှိနေပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် အများသူငှာ ကျန်းမာရေးဗဟုသုတရရှိနိုင်ရန် ရည်ရွယ်၍ မျှဝေလိုက်ရပါသည်။

အထက်ဖော်ပြပါကဲ့သို့ ကျန်းမာရေးဗဟုသုတ မျှဝေရခြင်း၏ အဓိကရည်ရွယ်ချက်သည် အသစ်ပေါ်သည့် ဆေးတိုင်းအား လိုအပ်လျှင် အသုံးပြုရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် မလိုအပ်ဘဲ ဝယ်ယူခြင်း၊ ဆောင်ထားခြင်းများ မပြုလုပ်ကြဘဲ အမှန်တကယ်လိုအပ်သည့် လူနာများကိုသာ ဆရာဝန်များမှ ပေးနိုင်ရန်အတွက် ကျန်းမာရေးဗဟုသုတရစေရန်ရည်ရွယ်ပါသည်။

ထို့အပြင် ဆေးဝါးများအား မလိုအပ်ဘဲ စုပြုံဝယ်ယူကြခြင်းဖြင့် ပုံမှန်မဟုတ်သော ဝယ်လိုအားများဖြစ်ပေါ်စေပြီး အဆိုပါဝယ်လိုအားများကြောင့် ဆေးဝါးအတုအပများ၊ ဆေးဝါးအတုအစစ်ခွဲခြားရန်ခက်သော (လိုင်စင်မရှိသော ဆေးဝါးများ) ဈေးကွက်အတွင်း ပျံ့နှံ့လာပါကလည်း ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပြည်သူများမှ မိမိသဘောနှင့်အလွယ်တကူ သောက်သုံးပြီး အထက်ဖော်ပြထားသကဲ့သို့ ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ပါက အနာဂတ်မျိုးဆက်ရင်သွေးများတွင် အန္တရာယ်ကျရောက်နိုင်ပါသည်။

လိုအပ်နိုင်မည့် လူနာများအတွက်လည်း ချင့်ချိန်ပြီး ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှတင်သွင်းထားကြောင်း ကြားသိရသည့်အတွက် မလိုအပ်ဘဲ ဝယ်ယူခြင်းများ ရှောင်ကြဉ်ခြင်းဖြင့် ပြည်သူအချင်းချင်း စောင့်ရှောက်ဖေးမကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာပြည်သူပြည်သားများအားလုံး ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ အမြန်ဆုံး ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Reference :
https://www.nejm.org/doi/full/10.1056/NEJMoa2116044
• US FDA Fact Sheet for Patients And Caregivers -- Emergency Use Authorization (EUA) Of Molnupiravir For Coronavirus Disease 2019 (COVID-19)
https://www.fda.gov/news-events/press-announcements/coronavirus-covid-19-update-fda-authorizes-additional-oral-antiviral-treatment-covid-19-certain
https://pubmed.ncbi.nlm.nih.gov/34968008/



(Taik-Kyi)

Original Article from The New England Journal of Medicine — Molnupiravir for Oral Treatment of Covid-19 in Nonhospitalized Patients

Address

ဖောင်ကြီးလမ်းခွဲ
Taikkyi
11364

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 21:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 08:00 - 19:00

Telephone

+959252247338

Website

Alerts

Be the first to know and let us send you an email when Lamin Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram