Lynn Health and Wellness by Dr K

Lynn Health and Wellness by Dr K LYNN Health and Wellness

ကလေးတွေဝမ်းလျှောရင်ဝမ်းပိတ်ဆေးတိုက်ရမလား..???❗️❗️❗️ကလေးတွေမှာဝမ်းလျှောတဲ့အခါ ဆေးရုံဆေးခန်းမသွားရသေးခင် အိမ်မှာဝမ်းပိတ်ဆေ...
07/01/2026

ကလေးတွေဝမ်းလျှောရင်ဝမ်းပိတ်ဆေးတိုက်ရမလား..???

❗️❗️❗️ကလေးတွေမှာဝမ်းလျှောတဲ့အခါ ဆေးရုံဆေးခန်းမသွားရသေးခင် အိမ်မှာဝမ်းပိတ်ဆေးရှိနေတာပဲဆိုပြီး တိုက်လေ့ရှိကြသလား???
❌❌ဒါဆိုရင်တော့ နိုးပါနော်.. ❌❌
ဒီလိုလုပ်တာဟာ အင်မတန်မှားယွင်းပြီး အန္တရာယ်ကြီးတဲ့ မှားယွင်းမှုဖြစ်ပါတယ်။

✅ကလေးဝမ်းပျက်ရင်ဘာလုပ်ရမလဲ??
ဆေးရုံဆေးခန်းမသွားခင် ကလေးတစ်ယောက်ဝမ်းပျက်တယ်ဆိုရင် ဘာလုပ်ရမလဲဆိုတော့
(၁)ရေဓာတ်ပြန်ဖြည့်ပါ။
ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုအမြန်ပြန်ဖြည့်ဖို့လိုပါတယ်။ ဆေးတွေတိုက်ဖို့ကိုနောက်မှစဉ်းစား။ ရေဓာတ်ပြန်ပြည့်အောင် ဓာတ်ဆားရည်ကို မရမကဝယ်ပြီး ဝင်အောင်တိုက်ရပါမယ်။

(၂) အစာသန့်၊ လက်သန့်၊ ရေသန့်ဖို့ ပိုဂရုစိုက်။
လက်ကိုသေချာသန့်ရှင်းအောင်ဆေးကြော၊ သောက်ရေကိုကျိုချက်သောက်၊ အစားအစာကို ယင်မနားအောင်သေချာသိမ်းဆည်းရပါမယ်။ နို့ဘူးတွေ ပြုတ်တာပေါင်းတာ ဂရုစိုက်ပါ။

(၃) ဝမ်းသွားလို့ဆိုပြီးကလေးကိုအစာဖြတ်၊ ရေဖြတ်၊ နို့ဖြတ်တာတွေရှောင်ကြဉ်ပါ။
အောက်ကဘယ်လောက်သွားသွား၊ အပေါ်ကပြန်ဖြည့်ရမှာ မေမေတို့တာဝန်ပါ။
တချို့အမေတွေက ကလေးဝမ်းသွားရင် ပိုသွားမှာစိုးလို့ဆိုပြီး ဟိုဟာမကျွေး၊ ဒီဟာမကျွေးနဲ့ အစာဖြတ်တတ်ကြပါတယ်။
တချို့အမေတွေက နို့တိုက်နေတာကို နို့ကြောင့်ထင်ပြီး ခဏရပ်ချင်တာတွေရှိတတ်ကြတယ်။
အဲ့လိုမလုပ်ရပါဘူး။ lactose နဲ့မတည့်တာမျိုးမဟုတ်ရင် မိခင်နို့တို့ တိုက်နေကျနို့ဘူးတို့ကို ဆက်တိုက်လို့ရပါတယ်။

(၄) ပိုးသတ်ဆေးတွေ မိမိဘာသာတိုက်ဖို့ကြိုးစားတာထက်၊ ဆေးရုံဆေးခန်းရောက်မှ ဆရာဝန်ညွှန်ကြားမှသာ တိုက်သင့်ပါတယ်။
တိုက်ချင်ရင် အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ normal flora တွေပြန်ဖြည့်ပေးတဲ့ Bioflor တို့ Kidlac တို့လို probiotics တွေသာ တိုက်စေသင့်ပါတယ်။

📢ကလေးမှိန်းနေတာ၊ ဝမ်းအကြိမ်ရေ အလွန်များတာ၊ ဝမ်းသွားခြင်းနှင့်အတူကလေးကဖျားတာ၊ ဆီးသွားနည်းသွားတာ၊ အန်တာ၊ မျက်တွင်းချိုင့်ဝင်တာ၊ ကလေးကဂျီနေတာ စတဲ့လက္ခဏာတွေရှိရင် အချိန်မဆွဲဘဲ ဆေးရုံဆေးခန်း အမြန်ဆုံးသွားသင့်ပါတယ်။

စာသားများကူးယူခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါသည်။

#ဝမ်းပိတ်ဆေး #ကလေးကျန်းမာ
#မိခင်

06/01/2026
06/01/2026

ကလေးမိခင်တွေအနေနဲ့ နို့မှုန့်တစ်မျိုးကနေတစ်မျိုးပြောင်းတိုက်မယ့်အခါမှ ချက်ချင်းနောက်တစ်မျိုးကိုပြောင်းလို့ရ/မရ သိချင်ကြပါတယ်..
တကယ်တော့ နို့မှုန့်တစ်မျိုးကနေတစ်မျိုးကို ချက်ချင်းကြီးပြောင်းဖို့ မသင့်တော်ပါဘူး.. အထူးသဖြင့် လနုတဲ့ကလေးတွေကို ချက်ချင်းမပြောင်းသင့်ပါဘူး..

ဘယ်လို ပြောင်းတိုက်ရမလဲ??

နဂိုတိုက်နေတဲ့နို့မှုန့်အဟောင်းနဲ့ နို့မှုန့်အသစ်ကို ရောပြီးအရင်ဖျော်တိုက်ကြည့်ရပါမယ်..
အဲ့လိုအသစ်ကိုစမ်းတဲ့အချိန်အတွင်းမှာ ကလေးမှာ ပြောင်းလဲမှုတွေဖြစ်/ မဖြစ် လေ့လာရပါမယ်…

ဘာပြောင်းလဲမှုတွေကို စောင့်ကြည့်ရမလဲ???

အန်တာရှိသလား?
ဝမ်းအကြိမ်ရေ များများသွားတာ၊ ဝမ်းသွားရင်အချွဲပါတာရှိသလား?
ကလေးက နို့စို့ပြီးဗိုက်နာတဲ့ပုံစံမျိုးရှိသလား? (ငိုတဲ့အခါ ခြေထောက်တွေ ဗိုက်ဖက်ကိုကွေးသွားသလား.)
ကိုယ်အလေးချိန်မတက်လာတာမျိုးရှိသလား?

အပေါ်ကအချက်တွေမရှိဘူး၊ ကောင်းတယ်ဆိုရင် နို့မှုန့်အသစ်ကိုဖြေးဖြေးချင်းကျင့်ပြီးဆက်တိုက်လို့ရပါပြီ။

နို့မှုန့်အသစ်ဘယ်လိုကျင့်ရမလဲ ??
75% + 25 % နည်းနဲ့ဖျော်ပါ။

ရေ 120 ml ထည့်မယ်ဆိုရင်
⭐️ပထမ (၃)ရက် -နို့မှုန့်အဟောင်း ၃ဇွန်း + နို့မှုန့်အသစ် ၁ ဇွန်း (၃ရက်)
⭐️နောက်ထပ်(၃)ရက် -နို့မှုန့်အဟောင်း ၂ဇွန်း + နို့မှုန့်အသစ် ၂ဇွန်း (၃ရက်)
⭐️နောက်ထပ်(၃)ရက် -နို့မှုန့်အဟောင်း ၁ ဇွန်း + နို့မှုန့်အသစ် ၃ဇွန်း (၃ရက်)

ရေ 90ml ထည့်မယ်ဆိုရင်
⭐️ပထမ (၃)ရက် -နို့မှုန့်အဟောင်း ၂ဇွန်း + နို့မှုန့်အသစ် ၁ဇွန်း (၃ရက်)
⭐️နောက်ထပ်(၃)ရက် -နို့မှုန့်အဟောင်း ၁ဇွန်း + နို့မှုန့်အသစ် ၂ဇွန်း (၃ရက်)
⭐️နောက်ထပ်(၃)ရက် -နို့မှုန့်အဟောင်း ၁/၂ဇွန်း + နို့မှုန့်အသစ် ၂ ၁/၂ဇွန်း (၃ရက်)

တချို့ကလေးတွေမှာ ချက်ချင်းပြောင်းလို့အဆင်ပြေတာရှိတတ်သလို များသောအားဖြင့် တဖြေးဖြေးကျင့်ပေးတာကပိုကောင်းပါတယ်။

စိုးရိမ်ရတဲ့လက္ခဏာတွေမရှိဘူးဆိုရင်တော့ အသစ်ကို ပြောင်းလို့ရပါပြီ။

နို့မှုန့်ပြောင်းစဉ်မှာ စိတ်မပူရတဲ့ တချို့လက္ခဏာလေးတွေဖြစ်တတ်ပါတယ်.. မစိုးရိမ်ရပါဘူး..
👆🏻ကလေးက ငိုလွယ်တာ။ အလိုမကျဖြစ်လွယ်တာ။
👆🏻လေတက်တာ၊ နို့အနည်းငယ်အန်တာ။
ဝမ်းအရောင်ပြောင်းတာ၊ ဝမ်းနည်းနည်းပိုသွားတာ (ဒါမှမဟုတ်) ဝမ်းနည်းနည်းချုပ်သွားတာ။
👆🏻ကလေးကစစချင်းမှာ အရသာအသစ်ကိုမကြိုက်တာ။

စတာတွေကပုံမှန်ဖြစ်တတ်တဲ့အရာလေးတွေပါပဲ။ တစ်ရက်၂ရက်ကြာရင်ပျောက်သွားတတ်ပါတယ်။

သတိထားရမှာက
✅နို့မှုန့်ဖျော်တဲ့အခါ လက်သန့်ရှင်း၊ နေရာသန့်ရှင်း၊ အသုံးပြုတဲ့ပစ္စည်းတွေ သန့်ရှင်းနေပါစေ။
✅နို့မှုန့်အသစ်ရဲ့ လမ်းညွှန်ချက်စာရွက်ကိုသေချာဖတ်ပါ။

နို့မှုန့်တစ်မျိုးကနေတစ်မျိုးကိုချက်ချင်းပြောင်းလို့ရသလား??? ကလေးမိခင်တွေအနေနဲ့ နို့မှုန့်တစ်မျိုးကနေတစ်မျိုးပြောင်းတိုက...
06/01/2026

နို့မှုန့်တစ်မျိုးကနေတစ်မျိုးကိုချက်ချင်းပြောင်းလို့ရသလား???

ကလေးမိခင်တွေအနေနဲ့ နို့မှုန့်တစ်မျိုးကနေတစ်မျိုးပြောင်းတိုက်မယ့်အခါမှ ချက်ချင်းနောက်တစ်မျိုးကိုပြောင်းလို့ရ/မရ သိချင်ကြပါတယ်..
တကယ်တော့ နို့မှုန့်တစ်မျိုးကနေတစ်မျိုးကို ချက်ချင်းကြီးပြောင်းဖို့ မသင့်တော်ပါဘူး.. အထူးသဖြင့် လနုတဲ့ကလေးတွေကို ချက်ချင်းမပြောင်းသင့်ပါဘူး..

ဘယ်လို ပြောင်းတိုက်ရမလဲ??

နဂိုတိုက်နေတဲ့နို့မှုန့်အဟောင်းနဲ့ နို့မှုန့်အသစ်ကို ရောပြီးအရင်ဖျော်တိုက်ကြည့်ရပါမယ်..
အဲ့လိုအသစ်ကိုစမ်းတဲ့အချိန်အတွင်းမှာ ကလေးမှာ ပြောင်းလဲမှုတွေဖြစ်/ မဖြစ် လေ့လာရပါမယ်…

ဘာပြောင်းလဲမှုတွေကို စောင့်ကြည့်ရမလဲ???

အန်တာရှိသလား?
ဝမ်းအကြိမ်ရေ များများသွားတာ၊ ဝမ်းသွားရင်အချွဲပါတာရှိသလား?
ကလေးက နို့စို့ပြီးဗိုက်နာတဲ့ပုံစံမျိုးရှိသလား? (ငိုတဲ့အခါ ခြေထောက်တွေ ဗိုက်ဖက်ကိုကွေးသွားသလား.)
ကိုယ်အလေးချိန်မတက်လာတာမျိုးရှိသလား?

အပေါ်ကအချက်တွေမရှိဘူး၊ ကောင်းတယ်ဆိုရင် နို့မှုန့်အသစ်ကိုဖြေးဖြေးချင်းကျင့်ပြီးဆက်တိုက်လို့ရပါပြီ။

နို့မှုန့်အသစ်ဘယ်လိုကျင့်ရမလဲ ??
75% + 25 % နည်းနဲ့ဖျော်ပါ။

ရေ 120 ml ထည့်မယ်ဆိုရင်
⭐️ပထမ (၃)ရက် -နို့မှုန့်အဟောင်း ၃ဇွန်း + နို့မှုန့်အသစ် ၁ ဇွန်း (၃ရက်)
⭐️နောက်ထပ်(၃)ရက် -နို့မှုန့်အဟောင်း ၂ဇွန်း + နို့မှုန့်အသစ် ၂ဇွန်း (၃ရက်)
⭐️နောက်ထပ်(၃)ရက် -နို့မှုန့်အဟောင်း ၁ ဇွန်း + နို့မှုန့်အသစ် ၃ဇွန်း (၃ရက်)

ရေ 90ml ထည့်မယ်ဆိုရင်
⭐️ပထမ (၃)ရက် -နို့မှုန့်အဟောင်း ၂ဇွန်း + နို့မှုန့်အသစ် ၁ဇွန်း (၃ရက်)
⭐️နောက်ထပ်(၃)ရက် -နို့မှုန့်အဟောင်း ၁ဇွန်း + နို့မှုန့်အသစ် ၂ဇွန်း (၃ရက်)
⭐️နောက်ထပ်(၃)ရက် -နို့မှုန့်အဟောင်း ၁/၂ဇွန်း + နို့မှုန့်အသစ် ၂ ၁/၂ဇွန်း (၃ရက်)

တချို့ကလေးတွေမှာ ချက်ချင်းပြောင်းလို့အဆင်ပြေတာရှိတတ်သလို များသောအားဖြင့် တဖြေးဖြေးကျင့်ပေးတာကပိုကောင်းပါတယ်။

စိုးရိမ်ရတဲ့လက္ခဏာတွေမရှိဘူးဆိုရင်တော့ အသစ်ကို ပြောင်းလို့ရပါပြီ။

နို့မှုန့်ပြောင်းစဉ်မှာ စိတ်မပူရတဲ့ တချို့လက္ခဏာလေးတွေဖြစ်တတ်ပါတယ်.. မစိုးရိမ်ရပါဘူး..
👆🏻ကလေးက ငိုလွယ်တာ။ အလိုမကျဖြစ်လွယ်တာ။
👆🏻လေတက်တာ၊ နို့အနည်းငယ်အန်တာ။
ဝမ်းအရောင်ပြောင်းတာ၊ ဝမ်းနည်းနည်းပိုသွားတာ (ဒါမှမဟုတ်) ဝမ်းနည်းနည်းချုပ်သွားတာ။
👆🏻ကလေးကစစချင်းမှာ အရသာအသစ်ကိုမကြိုက်တာ။

စတာတွေကပုံမှန်ဖြစ်တတ်တဲ့အရာလေးတွေပါပဲ။ တစ်ရက်၂ရက်ကြာရင်ပျောက်သွားတတ်ပါတယ်။

သတိထားရမှာက
✅နို့မှုန့်ဖျော်တဲ့အခါ လက်သန့်ရှင်း၊ နေရာသန့်ရှင်း၊ အသုံးပြုတဲ့ပစ္စည်းတွေ သန့်ရှင်းနေပါစေ။
✅နို့မှုန့်အသစ်ရဲ့ လမ်းညွှန်ချက်စာရွက်ကိုသေချာဖတ်ပါ။

မိခင်တိုင်းသောကကင်းဝေးနိုင်ကြပါစေ။

Dr K

စာသားများကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါသည်။

ဘေဘီလေးတွေကိုဘယ်အချိန်lotion စလိမ်းပေးရမလဲ??? မွေးကင်းစအမေတွေအနေနဲ့ ကိုယ့်ကလေးကို ဘယ်အချိန်မှာ lotion စလိမ်းရမလဲ အရမ်းသိ...
03/01/2026

ဘေဘီလေးတွေကိုဘယ်အချိန်lotion စလိမ်းပေးရမလဲ???

မွေးကင်းစအမေတွေအနေနဲ့ ကိုယ့်ကလေးကို ဘယ်အချိန်မှာ lotion စလိမ်းရမလဲ အရမ်းသိချင်ကြပါတယ်..

✅ပထမဆုံးဘာလိမ်းရမလဲဆိုတာသိဖို့လိုပါမယ်..
Baby လေးတွေရဲ့ အရေပြားဟာအရမ်းနုနယ်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်..
ဘေဘီတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အပျော့စား ပစ္စည်းများကိုသာသုံးစွဲပေးသင့်ပါတယ်..
လူကြီးအတွက်ထုတ်လုပ်ထားတာတွေ မသုံးရပါ။

✅ဘယ်အချိန် lotion စလိမ်းရမလဲ?
အမျိုးမျိုးသော အဖြေတွေ ပြောထားကြတာရှိပါတယ်… တချို့က(၂)ပတ်၊ တချို့က(၄)ပတ်၊ တချို့ကမွေးပြီးပြီးချင်းစသဖြင့်..

✅Stanford Medicine children health ရဲ့ website မှာဘယ်လိုပြောထားသလဲဆိုရင်
အကယ်၍ သင့်ကလေးရဲ့အရေပြားဟာခြောက်သွေ့မနေဘူးဆိုရင် ဘာlotion မှ လိမ်းဖို့ မလိုအပ်ပါဘူးတဲ့.. အကယ်၍ခြောက်သွေ့လာရင်တော့ ကလေးအတွက်သီးသန့်ထုတ်ထားတဲ့ baby products တွေကိုရွေးပြီးသုံးစွဲပေးလို့ရပါတယ်တဲ့..

✅NHS ရဲ့အဆိုအရ (၂ပတ်ကနေ ၄ပတ်)မတိုင်ခင်စောစီးစွာကလေးကို skin care products တွေသုံးပေးမယ်ဆိုရင် ဓာတ််မတည့်တာတွေ ၊ eczema ကဲ့သို့သောအရေပြားပြဿနာတွေဖြစ်စေနိုင်ပါတယ်..

သူ့ရဲ့ website မှာရေးထားတာဆိုရင် ကလေးအရေပြားခြောက်သွေ့နေရင်တောင် lotion တို့ cream တို့ မွေးခါစမှာမလိမ်းဘဲ သဘာဝအတိုင်း အဖတ်ကလေးတွေကွာကျသွားစေပြီး ရက်အနည်းငယ်မှာ ကောင်းမွန်တဲ့ အရေပြားလေးပြန်ဖြစ်လာတာကိုပဲစောင့်ပါတဲ့.. အဲ့ဒါကပိုကောင်းမွန်ပါတယ်တဲ့..

အဲ့ဒီ 2-4 ပတ်အတောအတွင်းမှာ ဆပ်ပြာတွေ baby bath တွေ ဘာမှမသုံးစေဘဲ ရိုးရိုးရေ plain water နဲ့သာရေချိုးခေါင်းလျှော်စေပါတယ်…

ရက်သတ္တပတ်အနည်းငယ်အကြာမှသာ ကလေးရဲ့ သဘာဝ အတားအဆီး(naturally protective barrier ) ပေါ်လာတဲ့အခါမှသာ ရေမွှေးမပါ၊ alcohol မပါတဲ့ ကလေးသုံးပစ္စည်းတွေ စလိမ်းစေပါတယ်။

✅အဲ့ဒီ 2-4 weeks မှာ baby wipes (တစ်သျှူးအစို) တွေသုံးတာကိုလည်းရှောင်ကြဉ်စေချင်ပါတယ်.. အကယ်၍သုံးခဲ့မယ်ဆိုရင်လည်း အပျော့စား ၊ alcohol မပါ၊ အနံ့မပါ၊ ရေမွှေးမပါတာမျိုးတွေသာရွေးချယ်သုံးစွဲစေချင်ပါတယ်.. (စာရေးသူကတော့ ပိုးသတ်ထားတဲ့ ဂွမ်းလုံးလေးကို ရေကျက်အေးလေးဆွတ်ပြီး မျက်နှာသစ်တာ၊ သန့်ရှင်းရေးလုပ်တာတွေမှာ အသုံးပြုပါတယ်)
လမစေ့တဲ့ကလေးတွေဆိုရင် (၆-၈)ပတ်အထိ အသုံးပြုခြင်းကိုရှောင်ကြဉ်စေဖို့ ရေးသားထားပါတယ်။ လမစေ့တဲ့ကလေးလေးတွေက သဘာဝ skin’s protective barrier ဖြစ်ဖို့ အချိန်ပိုပေးရလို့ပါ။

⭐️⭐️⭐️ကလေးအရေပြားအတွက်သုံးတဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့ research တွေက ဘယ်လိုပြောထားသလဲဆိုရင် less is more ပါတဲ့.. အနည်းဆုံးကအကောင်းဆုံးပါ⭐️⭐️⭐️

❗️ဟိုဟာဒီဟာကောင်းနိုးနိုးတွေ ပြောင်းသုံးရွေးသုံးတာ၊ တစ်ထပ်ပြီးတစ်ထပ်လိမ်းပေးတာတွေထက်စာရင် ဘေးကင်းဆုံးပစ္စည်းကလေးနဲ့တည့်တဲ့အရာတစ်ခုကိုပဲ အသုံးပြုပေးပြီး စောစီးစွာအသုံးပြုခြင်းကိုရှောင်ကြဉ်စေချင်ပါတယ်။

⭐️⭐️⭐️ဒါကြောင့် အနှစ်ချုပ်ပြောရမယ်ဆိုရင် အရွယ်ငယ်ချိန်မှာ ရေချိုးဆပ်ပြာရည်တို့ ၊ lotion တို့ စောစီးစွာသုံးဖို့မလိုအပ်ပါဘူး..
(၄)ပတ်ကျော်ပြီးမှသုံးတာပိုကောင်းပါတယ်.. ⭐️⭐️⭐️

ဘာလို့လဲဆိုတော့ အမေရဲ့ဝမ်းထဲမှာနေခဲ့စဉ်ကလေးကိုယ်ပေါ်မှာ ကပ်ပါလာတဲ့ vernix caseosa ဆိုတဲ့ သဘာဝ အစိုဓာတ်ပေးတဲ့အရာပါလာခဲ့ပြီးသားမို့လို့ပါ..

မေတ္တာဖြင့်
Dr K
#ကလေးလူးရှင်း #ကလေးအရေပြား

References
https://www.nlg.nhs.uk/resources/skincare-for-newborn-babies/
https://www.stanfordchildrens.org/en/topic/default%3Fid%3Dbathing-and-skin-care-for-the-newborn-90-P02628

11/12/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

ကလေးနှာခေါင်းပိတ်နေလျှင်ကလေးတွေဘာလို့နှာခေါင်းပိတ်ကြသလဲ..?🤧အမျိုးမျိုးသောအကြောင်းအရာကြောင့်ဖြစ်နိုင်ပါတယ်..🤧အအေးမိနှာစေး...
04/12/2025

ကလေးနှာခေါင်းပိတ်နေလျှင်

ကလေးတွေဘာလို့နှာခေါင်းပိတ်ကြသလဲ..?

🤧အမျိုးမျိုးသောအကြောင်းအရာကြောင့်ဖြစ်နိုင်ပါတယ်..
🤧အအေးမိနှာစေးခြင်းကတော့အဖြစ်အများဆုံးပါ။

📌ဘာတွေကြောင့်ဖြစ်နိုင်သလဲဆိုရင် လေထုကခြောက်သွေ့နေလို့၊ လေထုညစ်ညမ်းနေလို့၊
📌မီးခိုးငွေ့၊ဖုန်ထူတဲ့အငွေ့နဲ့ အနံ့ပြင်းပြင်းတွေကြောင့် ဒါမှမဟုတ်
📌နှာခေါင်းထဲတစ်ခုခုပိတ်ဆို့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

‼️အရေးကြီးတာက ဘာသိထားရမလဲဆိုတော့ ငယ်ရွယ်တဲ့ ကလေးတွေနဲ့ (၆)နှစ်အောက်ကလေးတွေမှာ တချို့ဆေးတွေ ပေးချင်တိုင်းပေးလို့မရဘူးဆိုတာပါပဲ။

❇️နှာစေး၊နှာပိတ်တာသက်သာဖို့ အိမ်မှာလုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ရေးပြပေးပါမယ်❇️
☑️လေထုကို မခြောက်သွေ့စေဖို့ air humidifier သူတို့အိပ်တဲ့အနားမှာ ထားပေးပါ။
☑️ကလေးတွေကို အစာစားပြီးပြီးချင်းမှာ မတ်မတ်ကလေးထားပေးပါ၊ ဒါမှအစာပြန်အန်ထွက်တာမျိုး မဖြစ်စေတော့ပါ။
☑️ရေနွေးငွေ့လေးနဲ့ ရေချိုးခန်းမှာ ပြင်ဆင်ရေချိုးပါ။
☑️(၁)နှစ်အထက်ကလေးတွေကို အိပ်ရာခေါင်းရင်းမြှင့်ထားပေးပါ။(ကလေးငယ်တွေကတော့ ပြန့်ပြူးတဲ့မျက်နှာပြင်မှာပဲ သိပ်သင့်ပါတယ်။ ရုတ်တရက်သေဆုံးမှု sudden infant death ကို ကာကွယ်နိုင်စေဖို့ပါ)
☑️Saline drops/ saline mist လို့ခေါ်တဲ့ဆားရည်လေးတွေ နှာခေါင်းထဲ အစက်ချတာ ၊ ဖြန်းပေးတာ ပြုလုပ်ပေးပါ။နှာခေါင်းထဲကပိတ်နေတာတွေ ပျော်သွားစေနိုင်ပါတယ်။
အစာမစားမီနဲ့ အိပ်ခါနီးတွေမှာ ဆားရည်ထည့်ပေးပြီးရင် နှာခေါင်းစုပ်တဲ့ ကိရိယာ (nasal aspirator) နဲ့ စုပ်ထုတ်ပေးပါ။ သို့သော် ခဏခဏပြင်းပြင်းထန်ထန် စုပ်ထုတ်ခြင်းကိုရှောင်ရှားရပါမယ်။ကလေးအသက်အရွယ်နဲ့ လိုက်ဖက်မယ့် nasal aspirator ကိုရွေးခြယ်ပါ။ ကလေးအရမ်းငိုနေလျှင် စုပ်ဖို့ မကြိုးစားပါနှင့်။ အရမ်းငိုခြင်းက ပိုဆိုးစေနိုင်ပါတယ်။
☑️အခန်းထဲမှာ မျက်နှာကျက်ပန်ကာသုံးမယ်ဆိုရင် ပိတ်ထားပေးပါ။ (လေထုကိုပိုပြီးခြောက်သွေ့စေနိုင်တဲ့အတွက် ကလေးနှာခေါင်းပိုပိတ်နိုင်ပါတယ်)
☑️ရေများများ / အရည်များများ တိုက်ပေးပါ။
☑️ကလေးကို စိတ်ရောကိုယ်ပါအနားပေးပါ (အိပ်ရေးဝဝအိပ်စေခြင်း၊ ကျောင်း/ကျူရှင်တွေခဏနားပြီး အေးအေးလူလူနေစေခြင်းက ခန္ဓာကိုယ် healing ပိုကောင်းစေတဲ့အတွက် မြန်မြန်သက်သာစေနိုင်ပါတယ်)
☑️ဖုန်ထူသောနေရာ၊ လူထူသောနေရာ၊ ဆေးလိပ်အငွေ့၊ မီးခိုးအငွေ့တွေ ရှောင်ရှားပေးပါ။

ကလေးမိခင်တိုင်း စိတ်သောကကင်းဝေးပြီးကျန်းမာပျော်ရွှင်တဲ့ မိသားစုလေး ပိုင်ဆိုင်နိုင်ပါစေ။
စာသားများကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာ share နိုင်ပါသည်။

#ကလေးကျန်းမာ #နှာပိတ် #ကလေးနှာပိတ် #မိခင်နှင့်ကလေးကျန်းမာရေး

နို့တိုက်မိခင်တွေ မှိုမျှစ်စားလို့ရပါသလား.❓❓❓💯အဖြေက ကောင်းစွာချက်ပြုတ်ထားတယ်ဆိုရင် စားလို့ရပါတယ် ..Centre of disease con...
24/11/2025

နို့တိုက်မိခင်တွေ မှိုမျှစ်စားလို့ရပါသလား.❓❓❓

💯အဖြေက ကောင်းစွာချက်ပြုတ်ထားတယ်ဆိုရင် စားလို့ရပါတယ် ..

Centre of disease control (CDC) ကရေးသားချက်အရဆိုရင် နို့တိုက်မိခင် အစားရှောင်သင့်သလားဆိုတဲ့မေးခွန်းကို ဖြေထားတာက နို့တိုက်မိခင်အနေနဲ့ အထူးတလည်အစားအသောက်ရှောင်စရာမလိုပါဘူးတဲ့..

✅ရှောင်ဖို့ပြောတဲ့အစားအသောက်တွေက မာကျူရီပါဝင်မှုများတဲ့ ငါးအချို့၊ကဖင်းဓာတ်ပါဝင်တဲ့အရည်တွေနဲ့ အရက်ဘီယာတို့ပဲဖြစ်ပါတယ်…

❕မျှစ်ကိုစားမယ်ဆိုရင် သူ့မှာပါတဲ့ cyanogenic glycoside ဆိုတဲ့ သဘာဝtoxin တွေကုန်သွားအောင်သေချာပြုတ်ပြီး အဲ့ဒီပြုတ်ရည်ကိုသွန်ပေးရပါမယ်။

📌ပြုတ်ရည်တွေအကုန်သွန်ပြီး သေချာပြင်ဆင်ချက်ပြုတ်ရင်စားလို့ရပါတယ်။
တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံတော့ မစားနဲ့ပေါ့နော်…

🍄‍🟫နောက်တစ်ခုကမှို..
မှိုစားလို့ရ/မရလည်းသိချင်ကြပါတယ်..
စာရေးသူကိုယ်တိုင်ကိုလည်း ဆေးရုံကကျွေးတဲ့မီးနေသည်ဟင်းမှာ မှိုပါပါတယ်..
ပြောချင်တာကစာရေးသူကိုယ်တိုင်စားခဲ့တယ် ဘာမှမဖြစ်ခဲ့ဘူးဆိုတာပါပဲ…

🍄‍🟫မှိုမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အကျိုးကျေးဇူးရစေနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်..
🍄‍🟫မှိုဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတယ်..
🍄‍🟫အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာချေဖျက်မှုကို မြန်ဆန်စေတယ်..ဝမ်းချုပ်ခြင်းကို သက်သာစေတယ်..
🍄‍🟫သံဓာတ်ပါဝင်မှုကြောင့် နွမ်းနယ်တာ၊အားမရှိတာတွေအတွက်လည်း ကောင်းမွန်စေတယ်။
🍄‍🟫ကယ်လိုရီနည်းပြီးvitamin နဲ့သတ္တုဓာတ်တွေပါဝင်တာမို့ မီးဖွားပြီးစမိခင်တွေအတွက် အာဟာရဖြစ်စေတယ်။
🍄‍🟫တချို့မှိုတွေ (mitake / shiitake လို့ခေါ်တဲ့မှိုတွေ)မှာ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ compound တွေ၊နို့ထွက်စေတဲ့ compound တွေပါဝင်တဲ့အတွက် နို့တိုက်မိခင်တွေ ၊မီးဖွားပြီးစ postpartum depression ရတဲ့မိခင်တွေအတွက်ပိုမိုသင့်တော်စေပါတယ်။

❗️❗️ဒါပေမယ့် မှိုမှာလည်း သတိထားစရာတွေ ရှိပါတယ်။❗️❗️
ပထမတစ်ချက်
🍄‍🟫စားလို့ရတဲ့မှိုလား၊ အရိုင်းမှိုလား သေချာအောင်ခွဲခြားရပါမယ်။
🍄‍🟫ရေဓာတ်ပါဝင်မှုများလို့ သူ့အနားမှာရှိတဲ့အဆိပ်အတောက်တွေကိုစုပ်ယူနိုင်တာမို့လို့ သေချာစွာ ဆေးကြောသန့်စင်ရပါမယ်။
🍄‍🟫မြေကြီးတွေသဲတွေပါဝင်နေတာ၊ ပိုးသတ်ဆေးဖြန်းထားတဲ့အကြွင်းအကျန်တွေ ပါဝင်တာတွေမဖြစ်အောင် သေချာ ဂရုစိုက်ရပါမယ်။
🍄‍🟫တချို့မှိုတွေက ဆေးတွေနဲ့ဓာတ်ပြုတတ်လို့ ဆေးတွေသောက်နေတာရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
🍄‍🟫မှိုတွေမှာ chitin ဆိုတဲ့ compound ပါဝင်တဲ့အတွက် အများကြီးစားမိတဲ့အခါ အစာမကြေ၊ရင်ပြည့်ရင်ကယ် ဖြစ်စေနိုင်လို့ တော်သင့်ရုံသာ စားသင့်ပါတယ်။

ဒါကြောင့် နို့တိုက်မိခင်နဲ့ မီးတွင်းထဲကမီးနေသည်တွေအနေနဲ့ အစားအများကြီးရှောင်ဖို့ မလိုပါဘူး။
တန်ဆေးလွန်ဘေးဆိုသလို သင့်တော်တဲ့ပမာဏကို သန့်ရှင်းလတ်ဆတ်စွာ စီမံချက်ပြုတ်ပြီး စားသောက်ရပါမယ်။
အာဟာရစုံလင်မျှတအောင် စားရပါမယ်။
ရှောင်သင့်တဲ့ အစားအစာတွေကို ပို့စ်သပ်သပ်ရေးပေးပြီး တင်ပေးပါမယ်။

#နို့တိုက်မိခင် #မှို #မျှစ်

ဆံပင်အားဆေးတွေမှာ ဘာပါဝင်လေ့ရှိသလဲ??? ဆံပင်အားဆေးတွေမှာအများဆုံး ပါဝင်တဲ့vitamin က biotin လို့ခေါ်တဲ့ vitamin B 7 နဲ့ zi...
07/11/2025

ဆံပင်အားဆေးတွေမှာ ဘာပါဝင်လေ့ရှိသလဲ???

ဆံပင်အားဆေးတွေမှာအများဆုံး ပါဝင်တဲ့vitamin က biotin လို့ခေါ်တဲ့ vitamin B 7 နဲ့ zinc အဓိကပါဝင်ပါတယ်..
ဆံပင်နဲ့လက်သည်းအတွက်ပေါ့နော်..

သူတို့ဘာတွေလုပ်ပေးသလဲ???

⭐️Biotin ရဲ့လုပ်ဆောင်ချက်က
ဆံပင်မှာရှိတဲ့ Keratin ဓာတ်ကိုများစေပြီးဆံပင်ကိုသန်စွမ်းစေတယ်၊ ကျိုးပဲ့တာတွေကိုကာကွယ်ပေးတယ်..
လက်သည်းခြေသည်းတွေကို ကျိုးဆတ်တာတွေမဖြစ်အောင် အားဖြည့်ပေးတယ်..

⭐️Zinc ရဲ့လုပ်ဆောင်ချက်က
ဆံပင်ဘေးကအဆီဂလင်းလေးတွေကို ထိန်းသိမ်းပေးပြီးဆံပင်ပါးတာကိုကာကွယ်ပေးတယ်.. သန်စွမ်းစေတယ်..
ကိုယ်ခံအားကောင်းစေတယ်..

❗️Biotin နဲ့ Zinc Side effects တွေကဘာတွေရှိလဲဆိုတော့

✨Biotin - အရေပြားမှာ rash ပေါ်တတ်တာ၊ ပျို့တာအန်တာတစ်ချို့လူတွေမှာဖြစ်တတ်တယ်။
lab results တွေ အဖြေမှားတာမျိုးဖြစ်နိုင်ပါတယ်။ ဥပမာ သိုင်းရွိုက်ဟိုမုန်းများတဲ့လူတွေဆိုရင် သွေးစစ်တဲ့အခါ သွေးအဖြေမှာ အဖြေမှားထွက်တာမျိုးရှိကောင်းရှိနိုင်လို့ သွေးစစ်မယ်ဆိုရင် biotin သောက်တာခဏရပ်ထားသင့်ပါတယ်..

❗️Zinc - အစာမရှိဘဲသောက်ရင်ပျို့အန်တာတွေဖြစ်တတ်ပါတယ်။
ကြာကြာစွဲသောက်ရင် နုန်းတာ၊ copper ဓာတ်ချို့တဲ့တာမျိုးတွေဖြစ်နိုင်ပါတယ်..

‼️သတိပြုစရာကတော့- ပမာဏပိုမိုသောက်သုံးတာမျိုး မလုပ်သင့်ပါ။ တစ်နေ့ကို၁-၂လုံးထက်မပိုသင့်ပါ။

❗️Biotin ကို များသောအားဖြင့် 2.5mg အောက်နေ့စဉ်သောက်လို့ရပြီးတော့ 300mg အထိ ၆လလောက်သောက်သုံးနိုင်တယ်လို့ ဆိုထားပါတယ်။ ဥအမျိုးမျိုး၊ နို့နဲ့ ငှက်ပျောသီးတွေကနေ biotin ဓာတ်ကို ရနိုင်ပါတယ်။
✨Biotin ကို နေ့စဉ် Adequate Intake အနေနဲ့ လုံလောက်တဲ့ပမာဏရရှိရမယ့် ပမာဏက 30mcg လောက်လိုအပ်ပါတယ်..

⭐️Zinc ကိုတော့ တစ်နေ့ကို 40 mg အထိ safe ဖြစ်တယ်လို့ဆိုထားပါတယ်..
ဒါပေမယ့် 40mg အကြာကြီးသောက်သုံးနေမယ်ဆိုရင်တော့ copper ဓာတ်စုပ်ယူမှုကိုလျော့နည်းလာစေနိုင်ပါတယ်..
✨နေ့စဉ် Adequate Intake အနေနဲ့က 8-9mg လောက်လိုအပ်ပါတယ်..

⭐️ဆံပင်အားဆေးတွေသောက်တဲ့အခါ
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်တွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

⭐️ကျောက်ကပ်၊ အသည်းရောဂါရှိတဲ့သူတွေ ပမာဏကိုချိန်ညှိပြီးမှ သောက်ရပါမယ်။

⭐️တခြားဆေးတွေ (ဥပမာ ပိုးသတ်ဆေး၊ သိုင်းရွိုက်ဆေး၊ ဆီးဆေး) သောက်နေသူများ ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

⭐️ဓာတ်ခွဲခန်းသွေးအဖြေမှားတွေမဖြစ်အောင်ညbiotin ကို သွေးမစစ်မီ ၁-၂ရက်လောက်ဖြတ်ထားသင့်ပါတယ်။

#ဆံပင်အားဆေး #ကျန်းမာရေး

ကလေးတွေကို အမေနို့ပိုတိုက်စေချင်တဲ့အခါအမေနို့ရောနို့ဘူးရောတိုက်ရတဲ့မိခင်တွေ၊ နို့ဘူးပိုကြိုက်တတ်သွားတဲ့ကလေးငယ်တွေကို အမေ...
27/09/2025

ကလေးတွေကို အမေနို့ပိုတိုက်စေချင်တဲ့အခါ

အမေနို့ရောနို့ဘူးရောတိုက်ရတဲ့မိခင်တွေ၊ နို့ဘူးပိုကြိုက်တတ်သွားတဲ့ကလေးငယ်တွေကို အမေနို့ ပိုပြီးပြန်စို့အောင် လုပ်ပေးလို့ရတဲ့ tips လေးတွေကို မျှဝေပေးသွားပါမယ်..

👦🏻 skin to skin contact လုပ်ပေးပါ..
အမေရဲ့အသားနဲ့ထိပေးခြင်း၊ နွေးထွေးစွာပွေးထားခြင်းဖြင့် အမေနို့ပိုစို့လာစေနိုင်ပါတယ်
(အဝတ်စတွေကိုဖယ်ပြီး အရေပြားချင်းထိကပ်ထားပေးခြင်းကိုဆိုလိုပါတယ်)

👦🏻မိခင်နို့ကို ပုံမှန်ညှစ်ပေးပါ..
အမေနို့ကိုအချိန်မှန်ညှစ်ပေးခြင်းဖြင့် နို့ထွက်များစေနိုင်ပါတယ်..
နို့ညှစ်ခြင်းအားဖြင့် နို့ထွက်စေနိုင်တဲ့ prolactin hormone ထွက်စေနိုင်ပါတယ်.. ဟိုမုန်းထွက်လေ နို့ပိုထွက်လေပါ.. တစ်နေ့ကို (၈)ကြိမ် ညှစ်ပေးခြင်းဖြင့် နို့ပိုထွက်စေနိုင်ပါတယ်..

👦🏻နို့ဘူးတိုက်ရတဲ့အခါမှာလည်း skin to skin ထိထားပြီး မိခင်နို့နဲ့ကပ်ထားပြီးတိုက်ပေးပါ

👦🏻ကလေးကနှစ်သက်တယ်ဆိုရင်မကြာခဏတိုက်ပေးပါ..
နို့တိုက်ချိန်တစ်ချိန်နဲ့တစ်ချိန်နီးကပ်လွန်းတယ်ဆိုပြီး မိခင်နို့ မတိုက်ဘဲမနေပါနဲ့..

👦🏻ကလေးအဆင်ပြေမယ့်အချိန်ကိုရွေးချယ်တိုက်ပေးသင့်ပါတယ်..
အရမ်းဆာနေတဲ့အချိန် ၊ အရမ်း active ဖြစ်နေတဲ့အချိန်တွေ တိုက်တာမျိုးရှောင်ပါ..ကလေးကို force လုပ်ပြီးအတင်းတိုက်တာမျိုး မလုပ်သင့်ပါ..

👦🏻အမေနို့ထွက်တာများလာရင် နို့ဘူးတိုက်တဲ့အကြိမ်အရေကိုလျှော့ပေးပါ..

အဆင်ပြေကြပါစေ..

စာသားများကူးယူဖော်ပြခွင့်မပြုပါ။
လွတ်လပ်စွာရှဲနိုင်ပါသည်။

#မိခင်နှင့်ကလေးကျန်းမာရေး #နို့တိုက်ကျွေးခြင်းပညာပေး #မိခင်နို့ #ဗဟုသုတ

Address

Yay Khae' Set Street, Shwe Kyar Inn (2) Quarter
Taungdwingyi
04141

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30

Website

Alerts

Be the first to know and let us send you an email when Lynn Health and Wellness by Dr K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram