13/09/2021
Meloxicam
✅စတီးရွိုက်မဟုတ်သောအရောင်ကျဆေး။
✅အဆစ်ရောင်ရောဂါ နာကျင်ရောင်ရမ်းခြင်း၊ယိုယွင်းအဆစ်ရောင်နာနှင့်ကျောရိုးဆစ်အတက်ထွက်ခြင်း။
✅တစ်နေ့–7.5 mg or 15mg ၁ကြိမ်(အစာနှင့်)
✅side effect (ဘေးထွက်ဆိုးကျိုး)
အစာမကြေ၊ပျို့အန်၊ဗိုက်အောင့်၊ဝမ်းချုပ်/ဝမ်းလျှော၊အသည်းလုပ်ငန်းကိုထိခိုက်စေခြင်း၊သွေးနီဥနည်းခြင်း၊သွေးဖြူဥနည်းခြင်း၊သွေးဥမွှားနည်းခြင်း၊အစာရေမျိုရောင်ခြင်း၊ယားယံ၊အပိမ့်ထ၊အင်ပျဥ်ထ၊နေရောင်ထိမခံနိုင်ခြင်း၊ခေါင်း နောက်/ကိုက်/မူး၊နားအူ၊အိပ်ငိုက်၊ရင်တုန်၊ခြေထောက်ဖောရောင်ခြင်း။
✅အစာခြေရည်နာဖြစ်ဖူးသူများ၊ဆိုးဆိုးရွားရွားအသည်းအားလျော့နေသူများ၊ကျောက်ကပ်အားလျော့နေသူများ၊အစာလမ်းကြောင်းမှသွေးယိုထွက်နေသူများ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်၊ကလေးများ မသုံးရပါ။
*ဆေးနဲ့မတည့်တာတော့ဖြစ်နိုင်သည်။
*အခြား စတီးရွိုက်မဟုတ်တဲ့အရောင်ကျဆေး များနဲ့ တွဲမသောက်သင့်ပါ။