
19/09/2025
အောင်စင်္ကြာ ဆေးဝါးကျွမ်းကျင်သင်တန်းကနေ ရရှိမယ့် အဓိက အကျိုးကျေးဇူး (၃) ချက်ကဘာတွေလဲ....❓
၁။ အလုပ်အကိုင်အခွင့်အလမ်း မြင့်မားလာခြင်း
ဆေးဝါးဆိုင်၊ ဆေးကုမ္ပဏီ၊ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးဝါးကျွမ်းကျင်အကူတွေရဲ့ လိုအပ်ချက်က အမြဲတမ်းရှိနေပါတယ်။ သင်တန်းပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ရောက်ဖို့ အခွင့်အလမ်းများစွာရှိပြီး ကိုယ်ပိုင်ဆေးဆိုင်ဖွင့်ဖို့အတွက်လည်း အထောက်အကူရနိုင်ပါတယ်။
၂။ ဘဝတစ်သက်တာအသုံးဝင်မယ့် ကျန်းမာရေးဗဟုသုတများရရှိခြင်း
သင်တန်းကာလအတွင်းမှာ ဆေးဝါးအမျိုးအစားတွေ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ သောက်သုံးပုံသောက်သုံးနည်းတွေကို စနစ်တကျလေ့လာရမှာဖြစ်ပါတယ်။ ဒီဗဟုသုတတွေက ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက်ရော၊ လူနာတွေကို အကြံဉာဏ်ပေးနိုင်ဖို့အတွက်ပါ တစ်သက်တာအသုံးဝင်မှာပါနော်။
၃။ လူမှုရေးအသိပညာနှင့် ဆက်ဆံရေးပညာများ တိုးတက်လာခြင်း
ဆေးဝါးကျွမ်းကျင်အကူတစ်ယောက်အနေနဲ့ ဆရာဝန်တွေ၊ လူနာတွေနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံရမှာဖြစ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကိုနားလည်အောင် ကူညီပေးခြင်းဖြင့် ကိုယ်ချင်းစာစိတ်၊ ဆက်သွယ်ပြောဆိုမှုစွမ်းရည်နဲ့ လူမှုဆက်ဆံရေးပညာရပ်တွေကိုပါ တစ်ပြိုင်နက်တည်း တိုးတက်လာစေမှာဖြစ်ပါတယ်။
☎️ 09 - 428312953 , 09 - 694004070
#ဆေးဝါးအကူ #၄လခွဲ #အလုပ်အကိုင် #အကျိုးကျေးဇူး #၃ချက် ောင်စင်္ကြာသင်တန်း