Organicl Herbal Product_NanOo

Organicl Herbal Product_NanOo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Organicl Herbal Product_NanOo, Medical supply store, Taunggyi.

14/12/2022

8 နှစ်လောက်ခံစားရတဲ့ #ဒူးနာဝေဒနာ .....

(5) ရက်လောက် ကုရုံနဲ့ သက်သာ စေတဲ့ သဘာဝနည်းလမ်း 📌📌

✅ညမှာ စည်း ပြီး အိပ် ပါ
✅မနက်ထလာ ရင် ဖြည် ပေး ပါ

ညတိုင်း ဆက်တိုက် လုပ်ပေးပါ ရှင် ‼️‼️

#ဒူးနာခြင်း

ဒူးနာ အတွက်  #အစွမ်းထက်တဲ့သဘာဝဆေးနည်းများ…. ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကိုတောင်းဆိုလာသူများအတွက် ဒ...
14/12/2022

ဒူးနာ အတွက် #အစွမ်းထက်တဲ့သဘာဝဆေးနည်းများ….


ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ
သဘာဝဆေးနည်းများကိုတောင်းဆိုလာသူများအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ် ရှင်

(၁) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက်
ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍
သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ

( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ
( ၅ ) ရက်ဆက်တိုက်စားပေးပါက

လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်
‼️‼️ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာ
အစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။ (ဝိစိတ္တရတနာမြေ)

(၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်၀လာ၍ တကယ်ပျောက်ကင်းခဲ့သည်
(တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)

(၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။
ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။ (ကိုယ်တွေ့တစ်ဦး)

(၄) ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၄င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။ (Mg Naing)

(၅) ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။ (ဒို့မြန်မာဒေါ့ကွမ်း)

(၆) ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း
က။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
ခ။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝြကက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)

ဂ။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
ဃ။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
င။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။

တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ (အစာလည်းဆေး၊ ဆေးလည်းအစာ)

(၇) သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၄င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။ (စောနွဲ့နေဆိုင်-ပူတာအို)

(၈) ဒူးနာသူများအတွက် ဆေးမြီးတို နောက်တနည်း

ခါးနာ ဒူးနာ သူများအတွက် မခက်ပါ ….
ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။

တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်
ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊
( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။

ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။(မြန်မာ့ဆေးမြည်းတိုများ)

တောင်းဆိုလာသူများအတွက် ဒူးနာ ခါးနာ အဆစ်မြစ်နာ ကိုက်ခဲ ဝေဒနာများ အတွက် သဘာဝဆေးနည်းများကို“မှတ်စု” Page မှ စုစည်း၍ မျှဝေပေးလိုက်ပါတယ်။လွတ်လပ်စွာ Share ပြီး ကုသိုလ် ယူနိုင်ပါသည်။ကူးယူမျှဝေလျှင် “ မှတ်စု “ Page ကို Credit ပေးစေချင်ပါသည်။
မိမိနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းကို ရွေးချယ်စမ်းသပ်နိုင်ကြပါတယ်။

ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။

ကိုးကား – ကျန်းမာရေး၀က်ဆိုက်မျိုးစုံ ✅✅



 #အရိုးအကြောအဆစ်ဝေဒနာအဖြေရှာ- အရိုး အကြော အဆစ် ဝေဒနာခံစားလာရပြီဆိုရင် အကြောင်းရင်း ကိုရှာကြည့်တဲ့အခါ မိမိတို့၏ အလုပ်အကို...
14/12/2022

#အရိုးအကြောအဆစ်ဝေဒနာအဖြေရှာ

- အရိုး အကြော အဆစ် ဝေဒနာခံစားလာရပြီဆိုရင် အကြောင်းရင်း ကိုရှာကြည့်တဲ့အခါ မိမိတို့၏ အလုပ်အကိုင်ကြောင့် ပိုများတာ တွေ့ရပါတယ်

ဥပမာ ✅ကွန်ပျူတာ အသုံးများသူ တစ်ယောက်အနေနဲ့ လည်ပင်း ပုံစံအနေအထားတစ်ခုထဲမှာ အချိန်ကြာမြင့်စွာထားမိတဲ့ အခါ ဒါဟာ #လည်ပင်းကြီးပေါင်း ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်လာပါတယ်
✅Heigh way ကားမောင်းရသူတွေ ၊ အချိန်ကြာမြင့်စွာ ထိုင်ရသူတွေ ၊လးလံသော ပစ္စည်းတွေကို အတင်အချလုပ်ရသူတွေဟာ #ခါးနာဝေဒနာ ကို ခံစားရလေ့ ရှိပါတယ်

- ဒီလို အရိုး အဆစ် ရောဂါ တွေဟာ ငယ်ရွယ်စဉ်မှာ ကြွက်သား သန်နေမှု့၊ အဆစ်များ ခိုင်မာမှု့ ကြောင့် ရောဂါလက္ခဏာ များမပေါ်ပေါက်တတ်သော်လည်း အသက်အရွယ် ရလာလျင်သော်လည်းကောင်း၊ လေးဆယ် ကျော်အရွယ်လောက်မှာ ရောဂါ စတင်ခံစားရလေ့ ရှိပါတယ်။

- မိမိတို့၏ အလုပ်အကိုင်ကြောင့် .....
ဒီလို အရိုး အကြော အဆစ်ရောဂါ တွေမဖစ်ဖို့ မိမိတို့ ဘာလုပ်ကြမလဲ?

မိမိတို့၏ လည်ပင်း အနေအထား ခါးအနေအထားကို ဘယ်လို ပုံစံထားရမလဲ၊ ဘယ်လိုပြုမူ နေထိုင် ကြမလဲ ? ဘယ်လိုကုသမှု့တွေယူကြမလဲ? ဒါဟာ အရေးအကြီး တဲ့ အချက်တွေ ဖြစ်ပါတယ်

- အရိုးအကြော အဆစ်ရော ဂါ ဖြစ်လာပြီဆိုရင် ရေရှည် သောက်ဆေး စားဆေးချည်း ဘဲ အားကိုးလို့မရနိုငိပါ

ဆေးအာနိသင် မပျယ်ခင်မှာ နာကျင်မှု့ ဝေဒနာ သက်သာနိုင်ပါတယ်

✅အဓိကက မိမိတို့ရဲ့ နေထိုင်မှု့ ပုံစံတွေ ၊ ကြွက်သားသန်မာမှု့တွေ ဒီအရာတွေကိုပါ စနစ်တကျ နေထိုင်မှု့ ပုံစံတွေကိုပါ ပြောင်းလဲရမှာဖြစ်ပါတယ်

ဥပမာ - ခါးနာသူတစ်ယောက်အနေနဲ့ ပစ္စည်း မတဲ့အခါ ခါးကို မကုန်းဘဲ ဖြောင့်ဖြောင့်ထားကာ မခြင်း
✅လည်ပင်း ကျီးပေါင်းသမား တစ်ယောက်အနေနဲ့ မိမိ၏ ရုံးသုံး ကွန်ပျူတာကို ခေါင်းကို မော့ရန် ငုံ့ရန် မလိုဘဲ ရှေ့တည့်တည့်တွင် ထားပေးခြင်း စတဲ့ အချက်အလက်လေးများ ကို ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်




 #ရှယ်တန်တဲ့အခွင့်အရေးရှာနေရင်❗️ ဲ့   ကအဖြေပါ🔥ပုံမှန် 82,500ကျပ် ပေးရမယ့်ဟာကိုယခု 70,000ကျပ်လေးနဲ့  ူး သို့ ူး တခါတည်း ရ...
09/12/2022

#ရှယ်တန်တဲ့အခွင့်အရေးရှာနေရင်❗️
ဲ့ ကအဖြေပါ🔥

ပုံမှန် 82,500ကျပ် ပေးရမယ့်ဟာကို
ယခု 70,000ကျပ်လေးနဲ့
ူး သို့
ူး
တခါတည်း ရမယ့် အထူးအခွင့်အရေး🔥

#ကျန်းမာခြင်းသည်လာဘ်တစ်ပါး ဆိုသည့်အတိုင်း
#လာဘ်ရွှင်ဖို့ကျန်းမာဖို့အတွက်
ုတ်ကုန်ကို
✅စသုံးဖို့ဖြစ်ဖြစ်
✅ဆက်တိုက်သုံးဖို့ဖြစ်ဖြစ်
✅မိဘဆွေမျိုးမိတ်ဆွေဝယ်ပေးဖို့ဖြစ်ဖြစ်

2022 နှစ်ကုန် December လအထူး Promotionက
အတန်ဆုံး အကောင်းဆုံး ရွေးချယ်မှုဖြစ်စေရမယ်ရှင့်။🙏




09/12/2022

သူလေး နဲ့ ထိတွေ့ ရတဲ့....

ကျမ ရဲ့ မနက်ခင်း တိုင်းဟာ Perfect ဖြစ် နေရော 🙆‍♀️🤓





  လို့ ပြောလိုက်တာ နဲ့.... နောင့်ဦး ကို ပြေးမြင် ပေး ကြလို့ ချစ်တယ် ခ 🥰🥰Hanuman Customer တွေ က မှာ လိုက် ရင်....အတွဲ အတွ...
08/12/2022

လို့ ပြောလိုက်တာ နဲ့....
နောင့်ဦး ကို ပြေးမြင် ပေး ကြလို့ ချစ်တယ် ခ 🥰🥰

Hanuman Customer တွေ က မှာ လိုက် ရင်....
အတွဲ အတွဲ တွေ ပါဆ်ို 😅😅

ယနေ့အတွက် လက်လီ Order များ ..,,,,

ဒူးနာလို့ /ခါးနာလို့.....
✨Footpatch /Oil (Big Promotion set ) -2 set

ဇက်ကြော ခနခန တက်လို့ (ReOrder)
✨Footpatch -1 buu Sold Out 🔥🔥
Save -80500 ks

ဝေဒနာများ အမြန်ဆုံး သက်သာပါစေခ 🥰🥰




Order ထုပ် နေ ရတဲ့ ရုပ်က 🤣😅ကာလိ သို့ သွားတ်ိုက်ဆေး ဗူး 50 ထပ်လွှင့် 🚩🚩HairQueen ခုန်သလောက် Hanuman လည်း မငြိမ် 🥶🥶ကာလိ Le...
08/12/2022

Order ထုပ် နေ ရတဲ့ ရုပ်က 🤣😅

ကာလိ သို့ သွားတ်ိုက်ဆေး ဗူး 50 ထပ်လွှင့် 🚩🚩

HairQueen ခုန်သလောက်
Hanuman လည်း မငြိမ် 🥶🥶

ကာလိ Leader ရဲ့.....
Toothpaste ဗူးပေါင်း 200 All done ✅
(သွားတ်ိုက်တံ အချောင်း 100 pcs ✅
Teeth Record -100 pcs) ✅ အပြင်

မြိတ် Trip တစောင်ပါ ရရှိ သွား သော
အရမ်းတော်တဲ့ ကာလိLeader ပီပီ မွေဟွမ် 🥰

Quality အရမ်းကောင်း တဲ့ Product လေးမို့....
ရောက်ကုန်ဖြစ်မယ် ဆိုတာ ယုံကြည်တယ် ခ ♥️♥️

တဗူး 25500ks

✨✨

📌📌ဒူးနာ တယ်လို့ ပြောလိုက်ရင် လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ ထင်ကြပါတယ်တကယ်တော့ ဒူးနာတယ် ဆိုတာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပ...
02/12/2022

📌📌ဒူးနာ တယ်လို့ ပြောလိုက်ရင် လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ ထင်ကြပါတယ်

တကယ်တော့ ဒူးနာတယ် ဆိုတာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါပဲ

တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတာကြောင့် ဘယ်သူမဆို ဒူးနာတတ်ပါတယ်

ဒူးနာရင် ဘာတွေကြောင့် ဖြစ်နိုင်လဲ❓❓ဘယ်လို သက်သာအောင် လုပ်ကြမလဲ ❓❓ဆိုတာကို ပြောပြ ပေး ပါ့မယ်

ဒူးနာ စေတဲ့ အကြောင်းရင်းများ‼️‼️

ဒူးနာတာက ထိခိုက်ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ်၊ ဒူးမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ဒူးဆစ်ရောင်ရမ်းလို့ပဲ ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်

✅✅ထိခိုက်ဒဏ်ရာ

ထိခိုက်ဒဏ်ရာလို့ဆိုတဲ့ နေရာမှာ အရွတ်တွေ၊ အရိုးတွေ၊ အရိုးနုတွေ၊ အရည်အိတ်တွေ အားလုံးပါပါတယ်

အတွေ့ ရများ တာတွေ ကတော့

✅အရွတ်ပြဲတာ – ဘတ်စကပ်ဘောဆော့တဲ့သူတွေ၊ တခြားလေ့ကျင့်ခန်း လုပ်တဲ့ သူတွေ ရုတ်တရက် ဒူးခေါင်းကို လှည့်လိုက်တဲ့အခါမှာ အရွတ်ပြဲတတ်ပါတယ်
✅အရိုးကျိုးတာ – ခုံညင်းရိုး(patella) အပါအဝင် ဒူးဆစ်ရဲ့ အခြားအရိုးတွေက ကားတိုက်တာပဲ ဖြစ်ဖြစ်၊ အရိုးပါးနေလို့ ချော်လဲတာဖြစ်ဖြစ် ကျိုးပြီး ဒူးနာတတ်ပါတယ်
✅အရိုးနုပြဲတာ – ဒူးဆစ်ရဲ့ အပေါ်ရိုးနဲ့ အောက်ရိုးကြားမှာ ကူရှင်လိုမျိုး အရိုးနုလေး ရှိပါတယ် သူ့အပေါ် ဖိတဲ့ ဝိတ်များရင်ပဲ ဖြစ်ဖြစ်၊ ဒူးကို ရုတ်တရက် လှည့်လိုက်ရင်ပဲ ဖြစ်ဖြစ် အရိုးနုပြဲသွားတတ်ပါတယ်

✅အရည်အိတ်ရောင်ခြင်း – တချို့သော ထိခိုက်ဒဏ်ရာတွေက ဒူးဆစ်ရဲ့ အပြင်မှာ ရှိတဲ့ အရည်အိတ်ကို ရောင်ရမ်းစေပါတယ်

✅ခုံညင်းရိုး အရွတ်ရောင်ခြင်း – အပြေးသမားတွေ၊ စက်ဘီးစီးတဲ့သူတွေ၊ စကိတ်စီးတဲ့သူတွေ၊ ခုန်ပြီး ကစားတဲ့ သူတွေက မကြာခဏ ဆိုသလို ခုံညင်းရိုး ထိပြီး အရွတ်ရောင်တတ်ပါတယ်

✅✅ဒူးမကောင်းတာ

✅အရိုးပြုတ်ထွက်ခြင်း – ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ အသက်ကြီးလို့ပဲ ဖြစ်ဖြစ် အရိုးစလေးတွ၊ အရိုးနု စလေးတွေ ပြုတ်ထွက်ပြီး ဒူးဆစ်ထဲမှာ ရှိနေတတ်ပါတယ် ဒူးဆစ်ကို မထိမိသေးသရွေ့ ဒီအပိုင်းစတွေက ဘာပြဿနာမှ မရှာပါဘူး
တစ်ခါတစ်လေ ဒူးလေးဆစ်ကြားထဲ ညှပ်သွားရင်တော့ ဒူးနာတတ်ပါတယ်
တာဝေးအပြေးသမားတွေ၊ စက်ဘီးစီးတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်

✅ခုံညင်းရိုး အဆစ်လွဲခြင်း
ပေါင်ရိုးနာတာ၊ ခြေဖျားနာတာ – ပေါင်ရိုးနာရင်ပဲ ဖြစ်ဖြစ်၊ ခြေဖျားနာရင်ပဲ ဖြစ်ဖြစ် လူက ဒီနေရာတွေ မထိအောင် ညှာပြီး လမ်းလျှောက်ပါတယ်
ဒီအခါမှာ ဟန်ချက်ပျက်ပြီး ဒူးဆစ်ပေါ် ဝိတ်ပိုပိပါတယ် ဒါကြောင့် ဒူးနာလာပါတယ်

✅✅ဒူးဆစ်ရောင်ရမ်းခြင်း

ဒူးဆစ်ရောင်ရမ်းစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့ထဲကမှ အတွေ့ရများတာတွေကတော့.....

✅အရိုးအဆစ်ရောင်ရောဂါ – အသက်ကြီးလို့ ဖြစ်တဲ့ ရောဂါပါ
တစ်သက်လုံး အလုပ်လုပ်ခဲ့သမျှ၊ ဝိတ်တွေ ထမ်းခဲ့သမျှ ဒူးဆစ်မှာ ပွတ်တိုက်မှုတွေ များပြီး ဒူးနာလာတာပါ

✅လေးဖက်နာ အဆစ်ရောင် ရောဂါ – ခုခံအားကမောက်ကမဖြစ်လို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆစ်တွေကို ခုခံအားက မှားယွင်းပြီး တိုက်ခိုက်တဲ့ ရောဂါပါနာတာရှည် ရောဂါဖြစ်ပြီး ဖြစ်လိုက် ပျောက်လိုက်နဲ့ သံသရာလည်တတ်ပါတယ်

✅ဂေါက်ရောဂါ – ယူရစ်အက်စစ်တွေ အဆစ်မှာ စုပုံလာတဲ့အခါ ဖြစ်တတ်ပါတယ်. ခြေမအပါအဝင် ဒူးမှာလည်း ဖြစ်တတ်ပါတယ်

✅ပိုးဝင်၍ အဆစ်အမြစ်ရောင်ခြင်း – တစ်ခါတစ်လေ ဒူးဆစ်ကို အကြောင်းအမျိုးမျိုးကြောင့် ပိုးဝင်ပြီး နီတာ၊ ရောင်တာတွေ ဖြစ်လာပါတယ်. ဖျားလည်း ဖျားပါတယ် ရှေ့ရက်တွေက အကောင်းပါ
ဒီလို ပိုးဝင်ပြီး အဆစ်အဖြစ်ရောင်တာက အခြေအနေဆိုးတဲ့အတွက် ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ⁉️

💥အသက်ကြီးလာတာနဲ့အမျှ အရိုးပါးပြီး ဒူးနာတာဖြစ်တတ်ပါတယ်
💥အဝလွန်တာ – အဝလွန်တာနဲ့ အမျှ ဒူးဆစ်က အလေးချိန် ပိုထမ်းရပါတယ်
အသက်လည်းကြီးတယ်၊ အဝလည်းလွန်တယ်ဆိုရင် ဒူးဆစ်ကြားက အရိုးနုတွေ ပျက်စီးတာကြောင့် ပိုပြီး ဒူးနာမှာပါ
💥ကြွက်သားတွေ တောင့်တင်းတာ – ကြွက်သားတွေ တောင့်တင်းတာကြောင့် ဒူးအကွေးအဆန့်လုပ်တဲ့နေရာမှာ နာတတ်ပါတယ်
💥အားကစားသမားများနဲ့ အလုပ်သမားများ – တချို့သော အားကစားလုပ်တဲ့သူတွေက ဒူးဆစ်ကို အားပြုရပါတယ်(ဥပမာ ဘတ်စကပ်ဘော ကစားတဲ့သူတွေ၊ စကိတ်စီးတဲ့သူတွေ ဆိုရင် ဒူးဆစ်ကို အားပြုပြီး လုပ်ရတဲ့ အတွက် ဒူးနာနိုင်ချေ များပါတယ)
ဆောက်လုပ်ရေးလုပ်သားတွေ၊ အလေးအပင် မ ရတဲ့ သူတွေမျာလည်း ဒူးနာနိုင်ချေ များပါတယ်

‼️အရင်က ဒူးမှာ ထိခိုက်ဒဏ်ရာရဖူးတယ်ဆိုရင် နောက်တစ်ခါ ထပ်ရနိုင်ချေ ရှိပါတယ်‼️

ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ❓

✅✅ ဒူးနာတဲ့ နေရာနဲ့ ဘယ်လောက်ပြင်းထန်လဲ ဆိုတာကတော့ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်

လက္ခဏာတွေကတော့ ဒူးနာတာအပြင်....

✔️ရောင်ရမ်းတာ
✔️တောင့်တင်းတာ
✔️ထိလိုက်ရင် ပူတာ၊ နီရဲတာ
✔️ဒူးဆစ်အားပျော့တာ
✔️ဒူးဆစ်ကနေ တဂျွတ်ဂျွတ် အသံမြည်တာ
✔️ဒူးဆန့်မရတာတွေ ဖြစ်တတ်ပါတယ်

ကုသနည်းများ⁉️

ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး အမျိုးမျိုးကွဲသွားပါတယ်

နည်းလမ်းတွေကတော့
✔️သောက်ဆေးတွေ ပေးတာ
✔️ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်တာ
✔️ဒူးဆစ်ကြားထဲ ဆေးထိုးတာ
✔️ဒူးဆစ်အစားထိုးတာ အပါအဝင် တခြား ခွဲစိတ်နည်းတွေနဲ့ ခွဲတာ စတာတွေ ရှိပါတယ်

#သဘာဝနည်းအနေနဲ့ သက်သာ ချင်တယ် ဆိုရင်တော့
က ထုတိတဲ့ #သဘာဝတိုင်းရင်းဆေးကပ်ခွာ နဲ့ လိမ်းဆေးဆီ အသုံးပြု ပြီး သက်သာ မှူ ရယူလို့ ရပါတယ်

သဘာဝ ပစ္စည်းနဲ့ ပေါင်းစပ် ထုတ်လုပ်ထားတဲ့ တိုင်းရင်းဆေး များ ဖြစ်တာ မလို့ .......
❌ဘေးထွက်ဆိုးကျိုးလုံးဝ လုံးဝ မရှိ ပါဘူး ❌

‼️ကလေး(၆)လကစ သက်ကြီးပိုင်းအထိ အသုံးပြုလို့ ရပါတယ်‼️

➡️လိမ်းဆေး ဆီ ကို ဒူးနာ/ဒူးကိုက် တိုင်း လိမ်းပေးပြီး
➡️ဆေးကပ်ခွာကို ညအိပ်ခါနီး ဒူးခေါင်း မာ ကပ်ပေးပြီး အိပ် ပေးပါ (8) နာရီပြည့်မှ ခွာ ပါ(ဒူးစွပ် စွပ်လို့ ရပါတယ်)

လိမ်းဆေး ဆီ နဲ့ ဒီ ဆေးကပ်ခွာ ကို ပုံမှန် ကပ်ပေး အားဖြင့် ဒူးနာခြင်းကြောင့် ခံစားရတဲ့......
✔️ ဒူးရောင်ရမ်းတာ ✔️အကြောတောင့်တင်းတာ /✔️လမ်းလျှောက်ရခက်တာ✔️ဒူးဆန့်မရ တာ ✔️ဒူးကိုက် တာတွေ သက်သာစေပါတယ်

‼️လိမ်းဆေးဆီ တဗူး -16500 ks
‼️ဆေးကပ်ခွာ တဗူး -16500 ks
(2မျိူး တွဲ ယူ) -32000 ks

ကာကွယ်နည်းများ⁉️

✔️လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ပါ
✔️ကိုယ်အလေးချိန်ထိန်းပါ
✔️အားကစားလုပ်တဲ့ အခါမှာလည်း အပြင်းအထန်မလုပ်မိဖို့၊ ထိခိုက်ဒဏ်ရာမရဖို့ သတိပြုပါ
✔️ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ပါ
✔️လူကြီးတွေ လမ်းလျှောက်တဲ့အခါမှာလည်း ချော်မလဲအောင် သတိထားပါ တုတ်ကောက်သုံးပါ

#သဘာဝနည်းနဲ့ ဒူးနာဝေဒနာ ကို သက်သာ ချင်သူ များအတွက်.....

လိမ်းဆေး ဆီနဲ့ ဆေးကပ်ခွာ မှာယူ လို ပါက......
☎️09686232444 (or) PageMessenger မှ မှာယူနိုင်ပါတယ်ရှင့်

#ဒူးနာခြင်း
ာဝတိုင်းရင်းဆေး



Address

Taunggyi

Telephone

+959260325952

Website

Alerts

Be the first to know and let us send you an email when Organicl Herbal Product_NanOo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Organicl Herbal Product_NanOo:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram