07/12/2025
အဆုတ်ကင်ဆာရဲ့ တိတ်တဆိတ်ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာများ 🫁❗
အဆုတ်ကင်ဆာဆိုတာ ကမ္ဘာတစ်ဝှမ်းက ကင်ဆာရောဂါတွေထဲက သေဆုံးမှုအများဆုံးဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ် . . .
အဆုတ်ကင်ဆာကို စောစီးစွာသိရှိမယ်ဆိုရင် ကုသမှုအောင်မြင်နိုင်ခြေ ပိုမိုများပြားတတ်ပေမယ့် အစောပိုင်းအဆင့်တွေမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေကို မပြသတတ်တာမို့ 𝐒𝐢𝐥𝐞𝐧𝐭 𝐊!𝐥𝐥𝐞𝐫 လို့တောင် တင်စားကြပါတယ် 🧐
ဒီလို အစောပိုင်းလက္ခဏာတွေဟာ တခြား ရောဂါတွေရဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူနေနိုင်တာကြောင့် လျစ်လျူရှုမိတတ်ကြပြီး အဆုတ်ကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းက ကုသမှုအောင်မြင်နိုင်ခြေကို မြင့်မားစေတာမို့ တိတ်တဆိတ်ဖြစ်နေတဲ့ လက္ခဏာတွေကို သိထားဖို့ အရေးကြီးပါတယ် . . .
🫁 မပျောက်နိုင်ဘဲ ပိုဆိုးလာတဲ့ ချောင်းဆိုးခြင်း
ချောင်းဆိုးတာဟာ (၃) ပတ်ထက် ပိုကြာနေရင် ဒါမှမဟုတ် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာရင်၊ အသံပြောင်းလာရင် သတိပြုသင့်ပါတယ်
🫁 အသက်ရှူရခက်ခဲခြင်း၊ မောပန်းလွယ်ခြင်း
ပုံမှန်လုပ်နေကျ လှုပ်ရှားမှုတွေ လုပ်ရုံနဲ့တောင် မောပန်းလာတာ၊ အသက်ရှူရကြပ်လာတာမျိုး ဖြစ်ပါတယ်
🫁 မကြာခဏ အဆုတ်ပိုးဝင်ခြင်း
ပုံမှန်ဆေးကာသမှုနဲ့ မသက်သာဘဲ မကြာခဏ ပြန်ဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါ၊ လေပြွန်ရောင်ရောဂါမျိုး ဖြစ်ပါတယ်
🫁 အကြောင်းမဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်း
အစားအသောက် ပုံမှန်စားပြီး ကြိုးစားပမ်းစား ဝိတ်ချတာမျိုး မလုပ်ဘဲ ကိုယ်အလေးချိန် ၅% ထက်ပိုပြီး သိသိသာသာ ကျဆင်းလာခြင်းက ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို အသုံးပြုတာကြောင့် ဖြစ်နိုင်ပါတယ်
🫁 အသံပြောင်းလဲခြင်း၊ အသံဝင်ခြင်း
အသံ အဆက်မပြတ် ဝင်နေခြင်း၊ အသံပြောင်းလဲနေခြင်းက အဆုတ်အဖုအကျိတ်က အသံအိုးကို ထိန်းချုပ်ထားတဲ့ အာရုံကြောကို ဖိအားပေးနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်
🫁 ရင်ဘတ်၊ ပခုံး၊ နောက်ကျော နာကျင်ခြင်း
ချောင်းဆိုးတဲ့အခါ၊ ပြင်းပြင်းထန်ထန် အသက်ရှူတဲ့အခါ၊ ရယ်မောတဲ့အခါမှသာ ပိုဆိုးလာတတ်တဲ့ ရင်ဘတ်၊ ပခုံး၊ နောက်ကျောတစ်ဝိုက် နာကျင်ခြင်းမျိုးက အချို့အဆုတ်အဖုအကျိတ်တွေဟာ အာရုံကြောတွေကို ဖိမိနေလို့ဖြစ်ပါတယ်
🫁 မောပန်းနွမ်းနယ်ပြီး အားနည်းနေခြင်း
အိပ်ရေးဝအောင်အိပ်ပြီး ပုံမှန်အနားယူပေမယ့် ခန္ဓာကိုယ်စွမ်းအင် လျော့နည်းကာ ပင်ပန်းနွမ်းနယ်မှု ခံစားရတတ်ပါတယ်
ဒီရောဂါလက္ခဏာတွေက အဆုတ်ကင်ဆာမဟုတ်ဘဲ အခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်. . .
ဒါပေမဲ့. . .လက္ခဏာတွေထဲက တစ်ခုခုကို စဉ်ဆက်မပြတ် ကြုံတွေ့နေရပါက၊ (အထူးသဖြင့်) ဆေးလိပ်သောက်ဖူးသူ၊ ဆေးလိပ်ငွေ့နဲ့ ထိတွေ့ဖူးသူ၊ အသက် (၅၅) နှစ်နဲ့အထက် လူကြီးဖြစ်ပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ် 👨🏻⚕️✅
အချိန်မီစစ်ဆေးမှုခံယူခြင်းကနေ အဆုတ်ကင်ဆာရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူသင့်ကြောင်း 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 က တိုက်တွန်းအပ်ပါတယ် 🤗
“အိပ်မက်များကိုအကောင်အထည်ဖော်ဖို့ 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 နဲ့ချိတ်ဆက်စို့…!!”
𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝𝐞 𝐚𝐧𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞
🏠 𝐘𝐚𝐧𝐠𝐨𝐧 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (၃၂)၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09403490978, 09448954062
🏠 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡
တိုက်အမှတ် (D2)၊ လမ်း (၆၀)၊ (၃၁/၃၂) ကြား၊ ရတနာတိုင်းပြည် အိမ်ယာဝန်းအတွင်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ - 09403490988, 09791243273
🏠 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (၄၅၁) A2 ၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံ၊ ချမ်းသာရပ်ကွက်၊ တောင်ကြီးမြို့။
☎️ - 09767936847 , 09767902692
🏠 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡
အမှတ်150, မောင်ငံအထက်လမ်းဆုံ။ မောင်ငံရပ် မော်လမြိုင်မြို့
☎️ - 09764148800, 09971888242
🏠 𝐓𝐡𝐚𝐥𝐲𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡
အမှတ်1 ညောင်ပင်လမ်း၊ ကျောက်ရေတွင်းကွက်သစ် ၊သန်လျင်မြို့ ။
☎️ - 09789225012
🏠 𝐌𝐚𝐠𝐰𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡
လင်းဆေးခန်း၊ မဲထီးလမ်း၊ ၁၈လမ်း နှင့် ၁၉လမ်းကြား၊ ရွာသစ်ပွဲကြိုရပ်၊ မကွေးမြို့။
☎️ -09 944430044