NeuroGain 90 DHA Vegicaps Taunggyi Dealer

NeuroGain 90 DHA Vegicaps Taunggyi Dealer Neurogain 90 DHA Vegicaps

😍☺️☺️
15/10/2023

😍☺️☺️

🎓စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူတတ်​မြောက်နိုင်ဖို့ဆို ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှုက ငယ်စဥ်ကတည်းက အရေးပါတယ်နော် မေမေ ဖေဖေတို့ရေ💕

✔️အာရုံစူးစိုက်မှုကောင်းလာတယ်
✔️ဆက်စပ်တွေးခေါ်နိုင်စွမ်းသိသာလာတယ်
✔️အိပ်ချိန်စားချိန်မှန်လာတယ်

ဒီလိုသိသာသော တိုးတက်မှုတွေဟာ Neurogain 90 DHA နဲ့ဆို အမြန်ဆုံးမြင်တွေ့နိုင်ပါတယ်ရှင်🔹🔹

ဦးနှောက်နဲ့ အာရုံကြော ကောင်းစွာတိုးတက်ဖွံ့ဖြိုးဖို့ Omega 3 fatty acid - DHA,EPA, AA တို့ကို အပြည့်အဝရရှိဖို့လိုအပ်ပါတယ်နော်✨

🔹Germany နိုင်ငံထုတ် Neurogain 90 DHA က Vegicaps ဖြစ်တာကြောင့် ပင်လယ်စာနဲ့ ဓါတ်မတည်မှု မဖြစ်စေပဲ လူမျိုးဘာသာမရွေး သုံးစွဲနိုင်ပါတယ်✨

🔹အသက် ၁၁ လမှ ၁၁ နှစ် ကလေးတိုင်း ဉာဏ်ကောင်းထက်မြက်ဖို့ DHA ဖြည့်စွက်အာဟာရအဖြစ် Neurogain 90 DHA ကတာဝန်ယူပါရစေရှင်💕

🔹တစ်နေ့ကို ၁~၂ လုံးတိုက်ကျွေးရုံဖြင့် လိုအပ်သော DHA အာဟာရကို 100% ပံ့ပိုးပေးနိုင်ပါတယ်။

🔹မွေးရာပါ အာရုံကြောအားနည်းသော၊ သင်ယူရန်ခက်ခဲသော သားငယ်သမီးငယ်များကို ၄~၈ လုံး အထိတိုက်ကျွေးခြင်းဖြင့် ဦးနှောက် စွမ်းဆောင်ရည်များသိသာစွာ တိုးတက်လာတာကို နိုင်ငံတကာစစ်တမ်းများက သက်သေပြထားပါတယ်ရှင်✨✨✨

🔹သားငယ်သမီးငယ်တိုင်း သိလွယ်တတ်လွယ် ပျော်ရွှင်ထက်မြက်စေဖို့ Neurogain 90 DHA က ပံ့ပိုးပေးပါရစေရှင်🥰
60 vegicaps - 39000

Ph- 09969177556

💙 #ဉာဏ်ကောင်းစေဖို့

တစ်နေ့တစ်လုံးတိုက်မယ်ဆို 650 ks 2 လုံးတိုက်မယ်ဆို 1300 ks ☺️☺️အသက် ၁၁ လ မှ ၁၁နှစ်အရွယ်အထိ ပြည်စုံသော DHA ထောက်ပံ့မှုကို ...
15/10/2023

တစ်နေ့တစ်လုံးတိုက်မယ်ဆို 650 ks 2 လုံးတိုက်မယ်ဆို 1300 ks ☺️☺️

အသက် ၁၁ လ မှ ၁၁နှစ်အရွယ်အထိ ပြည်စုံသော DHA ထောက်ပံ့မှုကို Neurogain 90 ကရရယူပြီး ထက်မြက်ပျော်ရွှင် သော ကလေးငယ်များဘဝကို ဖန်တီးပေးရအောင် မေမေ ဖေဖေတို့ရှင့် 🐳

🔺🔺🔺

✔️High DHA , Low EPA စံနှုန်းအတိုင်းထုတ်လုပ်ထားပြီး Pure DHA ဖြစ်သောကြောင့် အရသာမပါဝင်ပါ။
✔️Cerebral palsy (CP) ကလေးများ ၊ Attention Deficit Hyperactivity Disorder (ADHD), Language processing disorder အစရှိသော learning disabilities ကလေးငယ်များကို တစ်နေ့ (၄) လုံးမှ (၈)လုံး အထိတိုက်ကျွေးခြင်းဖြင့် ဦးနှောက်စွမ်းဆောင်မှု မြှင်တင်ပေးနိုင်ပါသည်
✔️Made in Germany
✔️Myanmar FDA approved 🔻🔻🔻

ရင်သွေးလေးတွေ ပိုတော် ပိုထက် ဉာဏ်သွက် ဖို့ တစ်နေ့မှ 650 ကျပ် 🏆

အခရာဖြစ်သော ဦးနှောက် အတွက် အာဟာရဖြည့်စွက်မှုအတွက် တစ်နေ့ 650 ကျပ်ကျသင့်ပါမယ်ရှင်💙

🇩🇪Germany နိုင်ငံထုတ် ဦးနှောက်အာဟာရဖြည့်စွက်စာ Neurogain 90 DHA ကဦးနှောက်နှင့်မှတ်ဉာဏ်စွမ်းရည်ကိုတိုးမြင့်စေဖို့ Omega 3 Fatty acid - DHA, EPA , AA တို့ကို မိခင်နို့ဖော်မြူလာအတိုင်း ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်တာကြောင့်

ဘေဘီလေးတွေ သင်လွယ်တတ်လွယ်ပြီး မျက်စိနှင့် ဦးနှောက်အာရုံကြောများအတွက် အထူးတိုးတက်ကောင်းမွန်စေဖို့ဆို 100%အပြည့်အဝ DHA ထောက်ပံ့ပေးနိုင်တဲ့ Neurogain 90 DHA ကိုစိတ်ချအားကို နိုင်ပါတယ်ရှင်✨
ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်ရှင်✨

လူမျိုးဘာသာမရွေးသောက်သုံးနိုင်သော Vegicaps အလုံး 60 ပါ တစ်ဘူးကို 39000 ကျပ်ပါရှင်။
တစ်နေ့တစ်လုံး ဘေဘီလေးတွေကိုတိုက်ကျွေးမယ်ဆို တစ်နေ့မှာ 650 ကျပ်သာကျသင့်မှာဖြစ်ပါတယ်ရှင့်💙 ဘဝတစ်သက်သာ ဦးနှောက်ဖွံ့ဖြိုးကျန်းမာမှုအတွက် အာဟာရဖြည့်စွက်ပေးဖို့ သင့်လျော်သော စျေးနှုန်းလေးပေါ့နော် 💙

အသက် ၁၁ လ မှ ၁၁နှစ်အရွယ်အထိ ပြည်စုံသော DHA ထောက်ပံ့မှုကို Neurogain 90 ကရရယူပြီး ထက်မြက်ပျော်ရွှင် သော ကလေးငယ်များဘဝကို ဖန်တီးပေးရအောင် မေမေ ဖေဖေတို့ရှင့် 🐳

🔺🔺🔺•

✔️High DHA , Low EPA စံနှုန်းအတိုင်းထုတ်လုပ်ထားပြီး Pure DHA ဖြစ်သောကြောင့် အရသာမပါဝင်ပါ။
✔️Cerebral palsy (CP) ကလေးများ ၊ Attention Deficit Hyperactivity Disorder (ADHD), Language processing disorder အစရှိသော learning disabilities ကလေးငယ်များကို တစ်နေ့ (၄) လုံးမှ (၈)လုံး အထိတိုက်ကျွေးခြင်းဖြင့် ဦးနှောက်စွမ်းဆောင်မှု မြှင်တင်ပေးနိုင်ပါသည်
✔️Made in Germany
✔️Myanmar FDA approved 🔻🔻🔻

September လအတွက် Winner 3 ယောက်ကိုရွေးချယ်ပြီးပါပြီနော  ဒီလမှာလေး Give away လေးတွေရှိမှာမို့ မင်မင်ရဲ့ page ကို Like&fol...
01/10/2023

September လအတွက် Winner 3 ယောက်ကိုရွေးချယ်ပြီးပါပြီနော

ဒီလမှာလေး Give away လေးတွေရှိမှာမို့ မင်မင်ရဲ့ page ကို Like&follow လုပ်ထားပေးပါအုန်းရှင့်


NeuroGain 90 DHA Vegicaps Taunggyi Dealer

September လအတွက် ရွေးချယ်ထားတဲ့ မေမေ့မှတ်စုကထုတ်တဲ့ သင်ကြားရေးပိုစကာပိုင်ရှင်လေးနှစ်ယောက်ပါရှင့်.....Account ပိုင်ရှင်လေ...
01/10/2023

September လအတွက် ရွေးချယ်ထားတဲ့ မေမေ့မှတ်စုကထုတ်တဲ့ သင်ကြားရေးပိုစကာပိုင်ရှင်လေးနှစ်ယောက်ပါရှင့်.....

Account ပိုင်ရှင်လေးကိုသိရင် mentioned ခေါ်ပေးသွားပါအုန်းနော🥰

မင်မင်ကို ပို့ပေးရမဲ့လိပ်စာဖုန်းနံပါတ်လေးပို့ထားပေးပါအုန်းနော... တန်ဆာခကမဲပေါက်တဲ့သူဖက်ကရှင်းပေးရမှာပါနော😍

မင်မင်တို့ page ကပေးတဲ့လက်ဆောင်လေးရလို့ပျော်ရွှင်မယ်လို့မျှော်လင့်ပါတယ်ရှင့်🥰

NeuroGain 90 DHA Vegicaps Taunggyi Dealer

September လအတွက် ရွေးချယ်ထားတဲ့ Neurogain 90 DHA အားဆေးဘူးပိုင်ရှင် Winner လေးပါရှင့်..Account ပိုင်ရှင်လေးကိုသိရင် ment...
01/10/2023

September လအတွက် ရွေးချယ်ထားတဲ့ Neurogain 90 DHA အားဆေးဘူးပိုင်ရှင် Winner လေးပါရှင့်..

Account ပိုင်ရှင်လေးကိုသိရင် mentioned ခေါ်ပေးသွားပါအုန်းနော🥰

မင်မင်တို့ page ကပေးတဲ့လက်ဆောင်လေးရလို့ပျော်ရွှင်မယ်လို့မျှော်လင့်ပါတယ်ရှင့်🥰

NeuroGain 90 DHA Vegicaps Taunggyi Dealer

Hello....မေမေတို့ရေ Share ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်🥰 မင်မင်ရယ် နေသိပ်မကောင်းလို့ မနက်ဖြန်ညနေမှမ...
30/09/2023

Hello....မေမေတို့ရေ Share ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်🥰 မင်မင်ရယ် နေသိပ်မကောင်းလို့ မနက်ဖြန်ညနေမှမဲလေးဖောက်ပေးမယ်နော😍

ဒီစာလေးက အရေးကြီးတယ်နော မေမေတို့ရေ🥰မေမေတို့ရဲ့ ချစ်ရတဲ့သားသားမီးမီးလေးတွေအတွက် အားထားရာ Pure DHA Vegicaps ဖြစ်တဲ့ Neurog...
12/09/2023

ဒီစာလေးက အရေးကြီးတယ်နော မေမေတို့ရေ🥰

မေမေတို့ရဲ့ ချစ်ရတဲ့သားသားမီးမီးလေးတွေအတွက် အားထားရာ Pure DHA Vegicaps ဖြစ်တဲ့ Neurogain လေးကိုဘယ်လိုသိမ်းကြလဲ?

စိုထိုင်းဆကိုကာကွယ်ပြီး fresh ဖြစ်နေစေဖို့ ရေရှည်သိမ်းထားနိုင်ဖို့ သတိပြုစရာလေးတွေကိုပြောပြပေးလိုက်ပါတယ်နော် ✍️

ဒါ့အပြင် ထပ်အသေးစိတ်ပြောပြပေးချင်တာက Neurogain ရဲ့ ဆေးဘူးခွံကို စွန့်ပစ်ပြီး ၃ နှစ်အတွင်းမှာ ဆွေးမြေ့စေမယ့် Bio - Plastic ကို အသုံးပြုထားပါတယ်ရှင့် ဒါလေးကတော့ NeuroGain Pure DHA လေးရဲ့ Eco Friendly ဖြစ်စေဖို့ တစ်ဖက်တစ်လမ်းကနေ ပါ၀င်ထားတာလေးပါရှင့်🥰 မေမေတို့လည်းအတူပါ၀င်တာပေါ့နော🥰

ကျွန်မတို့ကလေးလေးတွေကို ကမ္ဘာကြီးက ချစ်သလို
ကျွန်မတို့ကလည်း ကမ္ဘာကြီးကို ပြန်ချစ်ဖို့ ကျန်းမာစေဖို့ တာဝန်ရှိပါတယ်နော မေမေတို့ရေ❤️

NeuroGain 90 DHA Vegicaps Taunggyi Dealer

06/09/2023

#ဒေါသထွက်တိုင်းသားသမီးကိုရိုက်တဲ့မိဘတွေဘာပြန်ရမလဲ

💁‍♀️သားသမီးကို စိတ်တိုင်းမကျ ငိုလို့ ကျမတို့တွေ ရိုက်မိကြတယ် ဘာကြောင့်မှန်းမသိဘူး စိတ်ထိန်းမရလို့ရိုက်လိုက်တယ် ငယ်စဉ်ဘဝက မိဘတွေကိုယ့်ကိုယ် ရိုက်ခဲ့သလို ကိုယ်ကလည်းကိုယ့်သားသမီးကိုပြန်ပြီးရိုက်တယ် ဒီမသိစိတ်ကဆင်းသက်လာတဲ့အကျင့်ကိုအချိန်မှီပြုပြင်ဖို့အရမ်းအရေးကြီးပါတယ်

💁‍♀️အဆုံးရလဒ် ကိုယ့်သားသမီးက စရိုက်ကြမ်းလာတယ် ဒေါသကြီးလာတယ် စိတ်တိုလာရင် ကြမ်းတာတစ်ခုခုလုပ်လိုက်ရမှ ဒေါသကို အဆုံးသတ်လို့ရမယ်လို့မိဘတွေဆီက
သင်ယူထားလိုက်တာမျိုး ညီအစ်ကိုမောင်နှတွေအချင်းချင်း လက်ပါတဲ့အကျင့်ကိုပြနေသလိုပါပဲ

💁‍♀️ဒါကြောင့်ဘယ်လိုအခြေအနေ ဘယ်လိုအခက်ခဲရှိရှိ သားသမီးကိုကောင်းစေချင်ခဲ့ရင် မိဘတွေ သတိရှိရှိပြုပြင်ဖို့ ကိုယ့်အမှားကို နားလည်ပြီး လက်ခံမှရမှာပါ သတိရှိဖို့ အရမ်းလိုအပ်ပါတယ်

🙆‍♀️ ဒေါသထွက်တဲ့အခါ ရိုက်ချင်တာမျိုးကနေ ငြိမ်သက်ပြီး ကိုယ့်စိတ်ကို ထိန်းနေတာမျိုး ပြောင်းလဲပြီး မိဘတွေ ပြုပြင်သင့်ပါတယ် မေမေစိတ်တိုနေတယ်နော် မေမေဝမ်းနည်းနေတာနော် လ်ို့ သတိပေးစကားပြောရုံနဲ့ သားသမီးတွေ ကို ကိုယ့်စိတ်ကို ထိန်းနိုင်တဲ့နည်းကို ပြသလိုက်တာပါပဲ

🙆‍♀️ကိုယ်ဖြစ်နေတာကို ပြောပြခွင့်ရှိပြီး ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့နည်း ကြမ်းတမ်းတဲ့စရိုက်ကနေ ထွက်ခွာပြပေးရပါမယ် တည်ငြိမ်တဲ့ထွက်ပေါက်ကို သားသမီးတွေအတွက် လမ်းပြနိုင်တဲ့မိဘ ဖြစ်ဖို့ သတိတွေ အများကြီး ရှိဖို့ လိုအပ်ပါတယ်

🙆‍♀️သားသမီးတွေစရိုက်ကြမ်းတာက်ို ဘယ်မိဘမှ မလိုချင်ဘူး ကျမလည်း ဒီလိုပါပဲ ကျမရဲ့ စိတ်ဖိစည်းမှုတွေကို သားသမီးတွေပေါ်ပုံမချလိုက်မိဖို့ အများကြီး ကြိုးစားခဲ့ပေမဲ့အမှားတွေ အများကြီးလည်း လုပ်ခဲ့မိပါတယ် ဒါကြောင့် အချိန်တိုင်း ပြုပြင်ဖို့ ကြိုးစားနေခဲ့တာပါ ကိုယ့်ရဲ့စိတ်ထိန်းချုပ်နည်း ကိုယ်တိုင်မသိပဲ သားသမီးကို ပြန်သင်ဖို့လုံးဝမဖြစ်နိုင်ပါဘူး

😍လက်ဦးဆရာက မိဘဆိုတဲ့အတိုင်း စရိုက်ကြမ်းကို ပြသခဲ့မိရင် ပြုပြင်ဖို့ မိဘတွေကိုယ်တိုင် ရော မိဘတိုင်းအတူကြိုးစားကြဖို့ဖိတ်ခေါ်ပါတယ်

🌱ကျမလည်း ပြုပြင်သင်ယူမှုအသစ်တွေနဲ့အတူ သားသမီးတွေနဲ့ကြီးပျင်းသွားဖို့ ရည်မှန်းမိလို့
Mommy of 3 Page လေးကိုမျှဝေခြင်းဖြစ်ပါတယ် မိသားစုလေးတွေ ပျော်ရွင်ကျန်းမာစေချင်တဲ့ မျှော်လင့်ချက်ကလေးပဲရှိပါတယ် အတွေ့ကြုံတွေ ရှယ်ဖို့ အမှားတွေ ပြုပြင်ဖို့ပါ တစ်စုံတစ်ယောက်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ရင်း

#သားသမီးကဘုရားပေးတဲ့ဆုပါ
#သားသမီးကဝန်ထုပ်ဝန်ပိုးမဟုတ်
#မိဘတွေကသားသမီးရဲ့ကမ္ဘာကြီးပါ

မေတ္တာဖြင့် ✍❤ Mommy of 3

Thank you Artwork 🙏

04/09/2023

ကလေးတွေရဲ့ အမူအကျင့်ကောင်းတွေ၊ ကျင့်ဝတ်ကောင်းတွေဟာ လူကြီးမိဘက သေချာသင်ကြားဆုံးမထားတယ်ဆိုတဲ့ လက္ခဏာပါပဲ။ အမူအကျင့်ကောင်းတွေရှိပြီး ကျင့်ဝတ်သိတဲ့လူသားလေးတွေဟာ ဘဝမှာ ပိုပြီးအောင်မြင်ကြပါတယ်။

✔️ ကိုယ့်ကိုယ်ကိုယ် ယုံကြည်၊ တန်ဖိုးထားတတ်တဲ့ ကလေးများ ဖြစ်စေပါတယ်။

✔️ လူချစ်လူခင်များစေပါတယ်။

✔️ ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေ အောင်မြင်ကြပါတယ်။

✔️ ပျော်ရွှင်တဲ့ဘဝ ရစေပါတယ်။

ကလေးတွေကို အမူအကျင့်ကောင်းတွေ၊ ကျင့်ဝတ်ကောင်းတွေ သင်ပေးဖို့ရာ ဘယ်တော့မှ နောက်မကျပါဘူး။ ငယ်စဉ်မှာ သင်ကြားမယ်ဆိုရင်တော့ ပိုပြီးသင်ရလွယ်ပါတယ်။ ကလေးငယ်လေးတွေဟာ သင်ယူလက်ခံမှုအား ပိုကောင်းပါတယ်။

ကလေးတွေရဲ့ အမူအကျင့်ကောင်းလို့ပြောတဲ့အခါမှာ မိဘက တစ်ခွန်းဆို တစ်ခွန်းပြီးတာမျိုး၊ ကိုယ့်ဆန္ဒကို မထုတ်ဖော်ရဲဘဲ မိဘစကား တသွေမတိမ်းနားထောင်တာမျိုး၊ ကလေးသဘာဝ မကစားဘဲ မစူးစမ်းဘဲ မရှုပ်ပွဘဲ ငြိမ်ငြိမ်လေးနေနေတာမျိုးကို မဆိုလိုပါဘူး။ ဘယ်လိုအမူအကျင့်ကောင်းတွေလဲဆိုတာ ဆက်ဖတ်ပေးပါရှင်။

1) ကျေးဇူးတင်ကြောင်း ပြောတတ်ပါစေ။

ကျေးဇူးတင်ကြောင်း ပြောတတ်ခြင်းဟာ အခြေခံလူ့ကျင့်ဝတ်တစ်ခုပါပဲ။ ကျမတို့ကတော့ ကိုယ်တိုင်က မကြာခဏ ပြောဖြစ်တာမို့ တကူးတက သင်စရာမလိုဘဲ ကလေးကလည်း လိုက်ပြောပါတယ်။ သူ့ရေဘူးလေး ရေဖြည့်ပေးတာကအစ "Thank you မေမေ" လို့ ပြောတာမျိုးပါ။ မိသားစုဝင်အချင်းချင်းလည်းပြော၊ အပြင်လူနဲ့လည်း ပြောတတ်တဲ့အကျင့်လေး ရှိအောင် သင်ထားပါ။ ကိုယ်တိုင်လည်း ပြုမူပါ။ တစ်ခုခုတောင်းချိန်မှာ "Please" နဲ့စပြီး တစ်ခုခုလက်ခံရရှိတဲ့အချိန်မှာ "Thank you" ပြောတာဟာ ယဉ်ကျေးတဲ့အပြုအမူပါ။

2) သူတပါးပစ္စည်းတစ်ခုခု မယူခင်၊ မကိုင်ခင်မှာ ခွင့်တောင်းတတ်ပါစေ။

မိဘပစ္စည်းပဲဖြစ်ဖြစ်၊ မောင်နှမပစ္စည်းပဲဖြစ်ဖြစ်၊ အခြားသူရဲ့ပစ္စည်းပဲဖြစ်ဖြစ် မယူခင်၊ မကိုင်ခင်မှာ ခွင့်တောင်းတတ်ဖို့၊ ကိုယ်ယူထားစဉ်မှာ သေချာကိုင်တွယ်ဖို့၊ သေချာပြန်ပေးတတ်ဖို့၊ ပြန်ပေးတဲ့အခါ ကျေးဇူးတင်စကားပြောတတ်ဖို့ သင်ထားရပါမယ်။

3) တောင်းပန်တတ်ပါစေ။

အမှားတစ်ခုခုလုပ်ရင် တောင်းပန်တတ်ဖို့ဟာလည်း အင်မတန်အရေးကြီးပါတယ်။ တောင်းပန်ခြင်းဟာ သတ္တိရှိတဲ့သူ၊ ကိုယ့်အမှားကိုယ် ဝန်ခံရဲတဲ့သူတွေမှ လုပ်နိုင်တာပါ။ ကျမတို့ ပတ်ဝန်းကျင်မှာ "Sorry" မပြောနိုင်လို့ အမှားတွေထပ်ခါထပ်ခါ လုပ်မိတဲ့လူကြီးတွေ တွေ့ဖူးကြတယ် မဟုတ်လား။ ကလေးအပေါ် အမှားလုပ်မိရင်လည်း ကိုယ့်အမှားကို တာဝန်ယူ တောင်းပန်ပါ။

4) အခန်းထဲမဝင်ခင် တံခါးခေါက်ခိုင်းပါ။

သူတပါးရဲ့အခန်းထဲမဝင်ခင် တံခါးခေါက်ရတယ်၊ ခွင့်တောင်းရတယ်ဆိုတာ သင်ထားပါ။ ငယ်စဉ်မှာ သင်ထားတဲ့အရာအားလုံးဟာ သူတို့အသက်ကြီးတဲ့အထိ ပါသွားမှာပါ။ လူကြီးမိဘများ ကိုယ်တိုင်ကလည်း ကိုယ်သင်တဲ့အတိုင်း ပြုမူပါ။

5) နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်ကို လက် (သို့မဟုတ်) ပုဝါနဲ့ ကာခိုင်းပါ။

နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်ကို ကာတတ်ဖို့ သင်ထားပါ။ လူကြားသူကြားထဲမှာ နှာခေါင်းနှိုက်ခြင်းကလည်း မသင့်တော်ဘူး၊ ရိုင်းတယ်ဆိုတာလည်း သင်ထားပါ။ ဒါဟာ အမူအကျင့်ကောင်းဖြစ်ရုံသာမက ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။

6) စကားပြောတဲ့အခါ အတင်းဖြတ်မပြောဖို့ သင်ထားပါ။ ပြောချင်တဲ့အခါ ကိုယ့်အလှည့်တောင်းတတ်ဖို့ သင်ပေးထားပါ။

ကလေးတွေဟာ စိတ်မရှည်တတ်ပါဘူး။ ဒါပေမဲ့ သူတပါးကို စကားပြောခွင့်မပေးဘဲ သူချည်းပြောနေတာဟာ မယဉ်ကျေးကြောင်း၊ သူတပါးစကားပြောနေချိန် အတင်းဖြတ်ပြောခြင်းဟာ မယဉ်ကျေးကြောင်း သင်ထားပေးပါ။ မူကြိုမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာ တစ်ခုခုရှိရင် အရင်ခွင့်တောင်းဖို့ သင်ထားပါ။ "Excuse me" (သို့မဟုတ်) "သား/သမီး ပြောစရာရှိပါတယ်" ဆိုပြီး ပြောတတ်စေပါ။ ကလေးတွေပြောတဲ့စကားကိုလည်း အလေးထားပြီး နားထောင်ပေးပါ။

7) သူတပါးကို မလှောင်တတ်စေဖို့ သင်ထားပါ။

သူတပါးကို မလှောင်တတ်ဖို့၊ မပြောင်တတ်ဖို့ သင်ထားပါ။ လှောင်ခြင်း၊ ပြောင်ခြင်းဟာ ယဉ်ကျေးတဲ့အပြုအမူ မဟုတ်ပါဘူး။ ကိုယ့်ရဲ့နောက်ပြောင်ခြင်းဟာ သူတပါးရဲ့စိတ်ခံစားချက်ကို ထိခိုက်စေရင် ဒါဟာ အင်မတန်ရိုင်းတဲ့ အပြုအမူဖြစ်တယ်ဆိုတာ သင်ထားပါ။ လူကြီးမိဘကိုယ်တိုင်လည်း မလုပ်ပါနဲ့။ သူတပါးရဲ့ ပိန်ခြင်း၊ ဝခြင်း၊ အသားအရောင်၊ မသန်စွမ်းမှုတွေဟာလည်း လှောင်စရာ ပြောင်စရာမဟုတ်ဘူးဆိုတာ သင်ထားပါ။

8 ) လူကြီးသူမတွေကို လေးစားသမှုနဲ့ ဆက်ဆံတတ်ပါစေ။

မိဘ၊ ဘိုးဘွား၊ ဆရာသမားတွေအပါအဝင် လူကြီးသူမတွေကို ယဉ်ကျေးစွာ ပြုမူဆက်ဆံတတ်ဖို့ သင်ထားပါ။ မိဘကိုယ်တိုင်ကလည်း လူကြီးသူမတွေကို လေးစားသမှု ရှိပါ။ ဘတ်စ်ကားပေါ်၊ ရထားပေါ်မှာ သက်ကြီးရွယ်အိုတွေတွေ့ရင်၊ ကိုယ်ဝန်ဆောင်သည်တွေတွေ့ရင်၊ ကလေးချီထားတဲ့သူတွေတွေ့ရင်၊ မသန်စွမ်းတွေကိုတွေ့ရင် နေရာဖယ်ပေးခြင်းမျိုးနဲ့ ကလေးရှေ့မှာ ပုံသက်သေကောင်း ဖြစ်စေပါ။

9) မသန်စွမ်းသူများကို ညှာတာတတ်ဖို့ သင်ထားပါ။

ကလေးတွေဟာ စူးစမ်းပါတယ်။ မသန်စွမ်းသူတွေတွေ့ရင် သူတို့အတွက်ထူးဆန်းပြီး လက်ညိုးတထိုးထိုးနဲ့ မေးတတ်ပါတယ်။ စိုက်လည်း ကြည့်နေတတ်ပါတယ်။ "သူကဘာလို့ အဲ့လိုဖြစ်နေတာလဲ" ဆိုပြီးလည်း အကျယ်ကြီးမေးတတ်ပါတယ်။ တစ်ခါတရံမှာ ကြောက်တဲ့အမူအရာတွေ ပြတတ်ပါတယ်။ လောကမှာ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူများရှိကြောင်း၊ သူတို့ဟာ အခြားသာမန်လူတွေလိုပဲ ဖြစ်ကြောင်း၊ အပေါ်မှာပြောခဲ့တဲ့ အပြုအမူတွေဟာ သူတို့ကို စိတ်မကောင်းဖြစ်စေတတ်ကြောင်း ရှင်းပြပါ။

10) ဧည့်သည်ကောင်းဖြစ်ဖို့ သင်ကြားပါ။

သူများအိမ်သွားလည်တဲ့အခါ ယဉ်ကျေးလိမ္မာဖို့ သင်ထားပါ။ သူများပစ္စည်းတွေ ခွင့်မပေးဘဲ မကိုင်ဖို့၊ ကျွေးတဲ့အစားအစာကို ချေး (ဂျီး) မများဖို့၊ မကြိုက်ရင်လည်း ယဉ်ယဉ်ကျေးကျေး ပြောတတ်ဖို့ သင်ထားပါ။ သူတပါးအိမ် သူတပါးနေရာကို သွားလည်တဲ့အခါ အိမ်ရှင်ကို ယဉ်ကျေးစွာ နှုတ်ဆက်တတ်ဖို့လည်း သင်ထားပါ။

11) သူတပါးကို ကရုဏာထားတတ်ဖို့၊ ကူညီတတ်ဖို့ သင်ထားပါ။

သူတပါးကို ကရုဏာထားတတ်၊ ကူညီတတ်တဲ့အခါ သူတို့ကိုယ်တိုင်လည်း "ငါ သူ့ကိုကူညီလိုက်ရပါလား" ဆိုတဲ့ စိတ်ခံစားချက်ကောင်းလေး ရစေသလို၊ လူအများကလည်း ချစ်ခင်ကြပါတယ်။

12) သူတို့အမှိုက်တွေ သူတို့ကိုယ်တိုင် ပြန်ရှင်းတတ်ပါစေ။

ကလေးတွေဟာ စားတဲ့အခါ၊ ကစားတဲ့အခါ ရှုပ်ပွနေတတ်ပါတယ်။ အရုပ်တွေ ပြန်သိမ်းတတ်ဖို့၊ ယူကစားထားတဲ့ပစ္စည်းတွေ ပြန်ထားတတ်ဖို့၊ အိမ်သန့်ရှင်းရေးနဲ့ အခြားအိမ်အလုပ်တွေ ကူတတ်စေဖို့ သင်ထားပေးပါ။

13) မလိမ်ညာတတ်ဖို့ သင်ထားပါ။

ရိုးသားတတ်ဖို့၊ မလိမ်ညာတတ်ဖို့ သင်ထားပါ။ သူတို့ပြောထားတဲ့စကားကိုလည်း တည်စေပါ။ ရိုးသားခြင်းဟာ အင်မတန်အရေးကြီးကြောင်း ပြောပြထားပါ။
ကလေးများ မလိမ်ညာတတ်ဖို့ - https://www.facebook.com/100044379851112/posts/481138130042178/

14) စကားပြောတဲ့အခါ မျက်လုံးချင်းဆုံကြည့်တတ်ဖို့ သင်ထားပါ။

စကားပြောတဲ့အခါ မျက်လုံးချင်းဆုံကြည့်တတ်ခြင်းဟာလည်း ယဉ်ကျေးမှုတစ်ခုပါပဲ။ Eye-contact က အရေးကြီးပါတယ်။ အဲဒီလိုပြောဆိုတတ်ခြင်းဟာ အသက်ကြီးလာတာနဲ့အမျှ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပိုပြီး အဆင်ပြေစေပါတယ်။

15) ဆဲဆိုရိုင်းစိုင်းခြင်း မရှိစေဖို့၊ စကားလုံးကြမ်းကြမ်းတွေ မသုံးဖို့ သင်ထားပါ။

TV ကပဲကြားကြား၊ YouTube ကပဲကြားကြား၊ ဘေးလူတွေဆီကပဲကြားကြား ရိုင်းစိုင်းတဲ့စကားလုံးတွေ မပြောရဘူးဆိုတာ သင်ထားပါ။ ကိုယ်တိုင်လည်း ကလေးရှေ့မှာ မပြောပါနဲ့။ ကျမ စိတ်အရမ်းဆိုးလို့ ဆဲဆိုချင်ရင်တောင် ကလေးရှေ့မှာ ဘယ်တော့မှ မပြောပါဘူး။

~ Ending ~

ကိုယ့်ကလေးက ယဉ်ကျေးတဲ့အပြုအမူ တစ်ခုခုလုပ်ရင် ကိုယ်က သဘောကျကြောင်း ပြပါ။ အဲဒီလိုပြခြင်းက ကလေးကို ကောင်းတဲ့အပြုအမူတွေ ပိုပြီးလုပ်ချင်စိတ် ဖြစ်စေပါတယ်။ ကလေးတွေဟာ ချီးကျူးခံရတာ ကြိုက်ပါတယ်။ သူတို့ရဲ့ကောင်းတဲ့အပြုအမူတွေကို ချီးကျူးမခံရတဲ့အခါ "ငါကောင်းတာလုပ်တာကို သူတို့ဂရုမစိုက်ပါလား" ဆိုတဲ့စိတ်ဖြစ်စေပြီး လူကြီးမိဘရဲ့ Attention ရစေဖို့အတွက် ဆိုးပြပါတော့တယ်။

ကလေးတွေ အမှားတစ်ခုခုလုပ်တဲ့အခါ ချက်ချင်း ထောက်ပြပါ။ ပြင်ပေးပါ။

ကလေးတွေကို စိတ်မရှည်ချင်တဲ့အချိန်တွေ အများကြီးရှိပါလိမ့်မယ်။ ဒါပေမဲ့ စိတ်လွတ်မသွားဖို့ သတိထားပါ။ လိမ္မာယဉ်ကျေးတဲ့ ကလေးတွေဖြစ်ဖို့ သင်ကြားရတာတော့ အရမ်းပင်ပန်းပါတယ်။ စကားတွေ အများကြီးပြောပြီး ရှင်းပြရတယ်။ စိတ်အရမ်းရှည်ရပါတယ်။ တကယ်တော့ စိတ်ရှည်ခြင်းဆိုတာလည်း ကျင့်ဝတ်ကောင်းတစ်ခုပါပဲ။ ကလေးက ကိုယ့်ကိုအမြဲကြည့်ပြီး လေ့လာနေတာဖြစ်တဲ့အတွက် လူကြီးမိဘ ကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့အမူအကျင့်တွေ၊ ကျင့်ဝတ်တွေရှိဖို့လိုပါတယ်။

❝ မိဘကိုယ်တိုင် အမူအကျင့်ကောင်းတွေ ပြုမူတဲ့အခါ ကလေးက မိဘဆီကနေ အလေ့အကျင့်ကူးပြီး ပေါ့ပေါ့ပါးပါး သင်ယူပါတယ်။ ❞

Jessica Mozart
Date : 31 March 2022
Ref : https://parenting.firstcry.com

အခြား Social Media, Page, Website များတွင် ပြန်လည်ကူးယူဝေမျှခြင်း ခွင့်မပြုပါ။

ကြို့ပင်ကောက်ကနေ အမြဲတမ်း သားသားလေးတွက်အားပေးတဲ့မေမေပါ😍😍😍
04/09/2023

ကြို့ပင်ကောက်ကနေ အမြဲတမ်း သားသားလေးတွက်အားပေးတဲ့မေမေပါ😍😍😍

Address

Taunggyi

Telephone

+959428334059

Website

Alerts

Be the first to know and let us send you an email when NeuroGain 90 DHA Vegicaps Taunggyi Dealer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NeuroGain 90 DHA Vegicaps Taunggyi Dealer:

Share