Khoon's Magician Tarot

Khoon's Magician Tarot To conatct+959442644262

12/01/2025

13.1.2025 က Full moon day မလို့Tarot card တွေ Moon Energy ယူဖို့လိုအပ်လို့ပါ။13 ရက်နေ့ booking ယူထားတဲ့သူတွေကို 14.1.2025 သို့မဟုတ် 12.1.2025 နေ့ကိုရွှေ့ချင်လို့ပါခဗျာ။
ပြန်ဆက်သွယ်ကြည့်ပေမယ့် ဖုန်းမကိုင်တဲ့ သူရယ်၊seen မပြကြသေးတဲ့သူတွေရှိလို့ပါ...
အဆင်ပြေနိုင်မဲ့ရက်ကို ပြနိပြီး ညှိပေးပါဦးနော်
ပြတ်ဆကိသွယ်ပေးထားပါတယ်

03/12/2024

2025 ခုနှစ်အတွက် စန်းအကောင်းဆုံးနဲ့ငွေကြေးကံအကောင်းဆုံး ရာသီခွင်တွေကိုအစဉ်လိုက်ဖော်ပြပေးလိုက်ပါတယ်...

စန်းကောင်းတယ်ဆို ပြီး လိုတာထက်ပိုအသုံးချတာ၊တလွဲနေရာတာမှာ အသုံးချရင်တော့ ကိုယ့်ရဲ့ Soulmate တွေ၊Right person တွေနဲ့ ဝေးကွာသွားမှာဖြစ်ပြီး၊စန်းနဲ့ အလုပ်လုပ်ရတဲ့ ကိစ္စအဝအဝ မှာ ပျပ်ပြယ်လွဲချော်မှာဖြစ်သလို၊စန်းအားနည်းတယ်ဆိုတယ့် Sign တွေကလည်း မိမ လုပ်ရမယ့် လုပ်ငန်းဆောင်တာ ကိစ္စအရပ်ရပ်တွေမှာ မိမိယုံကြည်ရာ ဘာသာတရားကို အားကိုးပြီး စန်း ရဲ့အထောက်အပံ့ကို ယူခြင်းအားဖြင့် စန်းပြန်တက်စေတယ်ဆိုတာကို သတိရပေးပါခဗျာ ❤️❤️

စန်းအားအကောင်းဆုံးရာသီခွင်(အစဉ်လိုက်)
1-Aquarius
2.Capricorn
3.Scorpio
4.Pisces
5.Leo
6.Libra
7.Gemini
8.Aries
9.Virgo
10.Sagittarius
11.Cancer
12.Taurus

ငွေကံအကောင်းဆုံးရာသီခွင်(အစဉ်လိုက်)
1.Cancer
2.Virgo
3.Aquarius
4.Sagittarius
5.Pisces
6.Libra
7.Leo
8.Gemini
9.Scorpio
10.Taurus
11.Capricorn
12.Aries

“2025”ခုနှစ် တနှစ်လုံးစာအတွက် Single & Relationship အချစ်ရေး သီးသန့် general energy check ထားပေးပါတယ်။စိတ်အကြည်လင်ဆုံး၊E...
02/11/2024

“2025”ခုနှစ် တနှစ်လုံးစာအတွက် Single & Relationship အချစ်ရေး သီးသန့် general energy check ထားပေးပါတယ်။

စိတ်အကြည်လင်ဆုံး၊Energy အပြည့်ဆုံးနဲ့ cards တွေကိုလည်း Moon Light အောက်မှာသေချာ သန့်စင်ပြီးမှ စိတ်နှစ်ပီး စေတနာအပြည့်နဲ့ Check ထားပေးပါတယ်။

1-ကျနော်နဲ့ energy ပိုပီး match ဖြစ်တဲ့သူက ပိုမှန်ပါလိမ့်မယ်။General ကြည့်တာ ဖြစ်တဲ့အတွက် အားလုံးကွက်တိ မှန်မယ်လို့မဆိုလို့ပါ။အများစုမှန်ပါလိမ့်မယ်ဗျ။

2-တချို့သော ကိစ္စတွေမှာ energy က ကိုယ့်ဘက်ကသော်၎င်း၊သူ့ဘက်ကသော်၎င်းဖြစ်တက်ပါတယ်။တဖက်တည်း မယူဆစေလိုပါ။

3-စေတနာဗလပွ နဲ့လည်း Oracle cards တွေပါကြည့်ပီး Universe ကပေးတဲ့ သိသင့်တဲ့ message တွေပါ ထည့်ပေးထားပါတယ်။
ဖတ်ကြည့်ရကျိုးနပ်လိမ့်မယ်လို့လဲ ယုံကြည်ပါတယ်။

လူတိုင်းနဲ့မကင်းနိုင်တဲ့ အချစ်ရေးအတွက် သိထားသင့်ဖို့ နဲ့ တချို့ကိစ္စတွေမှာ ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် reading လေးလုပ်ပေးတာပါဗျ။

Tarot booking အတွက်ကတော့ 10 ရက်နေ့နောက်ပိုင်းမှ ရပါတော့မယ်ဗျ။Page CB ကနေ ဆက်သွယ်လို့ရပါတယ်ခဗျာ ❤️❤️


“2023” ခုနှစ်တနှစ်လုံးစာအတွက် ရာသီခွင် ၁၂ ခု လုံး အတွက် “အချစ်ရေး “သီးသန့် general energy check ထားပေးပါတယ်။စိတ်အကြည်လင်...
31/01/2023

“2023” ခုနှစ်တနှစ်လုံးစာအတွက် ရာသီခွင် ၁၂ ခု လုံး အတွက် “အချစ်ရေး “သီးသန့် general energy check ထားပေးပါတယ်။

စိတ်အကြည်လင်ဆုံးနဲ့ cards တွေကိုလည်း သေချာ သန့်စင်အသက်သွင်းပြီးမှ စိတ်နှစ်ပီး စေတနာအပြည့်နဲ့ Check ထားပေးပါတယ်။

1-ကျနော်နဲ့ energy ပိုပီး match ဖြစ်တဲ့သူက ပိုမှန်ပါလိမ့်မယ်။General ကြည့်တာ ဖြစ်တဲ့အတွက် အားလုံးကွက်တိ မှန်မယ်လို့မဆိုလို့ပါ။အများစုမှန်ပါလိမ့်မယ်ဗျ။

2-တချို့သော ကိစ္စတွေမှာ energy က ကိုယ့်ဘက်ကသော်၎င်း၊သူ့ဘက်ကသော်၎င်းဖြစ်တက်ပါတယ်။တဖက်တည်း မယူဆစေလိုပါ။

3-ကျနော်ရဲ့ reading မှာ ယတြာတွေ ထည့်မရေးပါဘူး။Tarot မှာယတြာမရှိဘူးလို့ယူဆသလို Tarot က consequences တွေဘဲ ပြတာမလို့ ကျနော် reading မှာ ယတြာတွေ ရှိလာ၊ပေးလာမှာလည်းမဟုတ်ဘူးလို့ပြောပါရစေ

4-စေတနာဗလပွ နဲ့လည်း Oracle cards တွေပါကြည့်ပီး Universe ကပေးတဲ့ သိသင့်တဲ့ message တွေပါ ထည့်ပေးထားပါတယ်။
ဖတ်ကြည့်ရကျိုးနပ်လိမ့်မယ်လို့လဲ ယုံကြည်ပါတယ်။

လူတိုင်းနဲ့မကင်းနိုင်တဲ့ အချစ်ရေးအတွက် သိထားသင့်ဖို့ နဲ့ တချို့ကိစ္စတွေမှာ ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် reading လေးလုပ်ပေးတာပါဗျ။

20/01/2023

Hey👋🏻👋🏻👋🏻
Khoon's Magician Tarot is come back 😁

အခုတော့ Tarot unboxing video လေးတခုနဲ့ စတင်ချင်ပါတယ်။
တဆက်တည်းပြောချင်တာလေးရှိပါတယ်ဗျ။တနှစ်နဲ့၂ လ နီးပါး Page ကနေ ပျောက်ကွယ်နေခဲ့ပါတယ်။
အ​ခြားနိုင်ငံမှာမို့ အလုပ်တဖက်နဲ့ ဘယ်လိုမှ အချိန်မပေးနိုင်တော့လို့ နားခဲ့ရတာပါ။
ဒီကာလအပိုင်းအခြားတွေ ကြားမှာ Tarot လေးကို ပြန်လေ့လာရင်း အခုကစပြီး အရင်လို Monthly reading လေးတွေ ပုံမှန် ပြန်လုပ်ပေးသွားပါမယ်။
လောလောဆယ် လကုန်အထိတော့ Personal reading ကြည့်တာလေးတွေ booking ပြည့်နေပါသေးတယ်။အသိမိတ်ဆွေတွေနဲ့နီးစပ်ရာ ယခင် client များကို ဦးစားပေး ကြည့်ပေးနေရလို့ပါခဗျာ။
ပြန်ကြည့်ပေးမဲ့အချိန်လေးကို update လုပ်​ပေးသွားပါ့မယ်။

အားလုံးနဲ့ပြန်ဆုံရတော့မှာမို့လည်း ဝမ်းသာစိတ်လှုပ်ရှားမိပါတယ်ခဗျာ...



12/12/2021

ကျွန်တော့်ရဲ့ နိုင်ငံ အပြောင်းအရွှေ့ကိစ္စများကြောင့် Personal reading ကို 25.12.2021 တရက်ထဲ ဘဲ ကြည့်ပေးနိုင်ပါတော့မယ် ခဗျ။
31.1.2022 နေ့အထိ နားပါမယ်ခဗျာ။

2022 ခုနှစ် January လ အတွက် General Love Reading ကို တစ်လ နားမှာဖြစ်ပီး အဲဒီအစား တနှစ်စာ ဆောင်ရန်၊ရှောင်ရန်လေးတွေကို ကျန်းမာရေး၊စီးပွားရေး၊အချစ်ရေး တွေ တင်ပေးသွားပါမယ်။

ရက်အတိအကျ တော့ မပြောနိုင်သေးပါဘူးခဗျာ။အခြေကျဖို့ နေရဦးမှာ ဖြစ်လို့ အလုပ်လေးများနိုင်လို့ပါ။January လ ထဲမှာတင်ပေးသွားပါမယ် ခဗျာ။

Hello Guys, အခွန်း ပြောစရာလေးရှိလို့ပါခဗျာ။အဆုံးထိဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ကိုယ်တိုင်က Tarot ကို သဘောကျလို့ လေ့လာသင်ယ...
20/11/2021

Hello Guys, အခွန်း ပြောစရာလေးရှိလို့ပါခဗျာ။
အဆုံးထိဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကိုယ်တိုင်က Tarot ကို သဘောကျလို့ လေ့လာသင်ယူနေဆဲ လူတယောက်ပါ ခဗျာ။

ကျနော့် Page မှာလည်း အားလုံးအတွက် အကျိုးရှိတာလေးတွေ ဘဲ တင်ပေးဖို့ဆုံးဖြတ်ထားတာပါ။
Monthly reading တွေ ဆိုရင်လည်း တကယ်စေတနာနဲ့ RS နဲ့ Single ဆိုပီးတောင် သေချာ ခွဲလုပ်ပေးပါတယ်။
universe message လေးတွေ ကအစ ထည့်ပေးပါတယ်။

အခုတလော over sea ပြောင်းဖို့ ကိစ္စလေးကြောင့် အလုပ်များနေတာနဲ့ တခြား reading လေးတွေ မလုပ်ပေးနိုင်သေးတာ ခွင့်လွှတ်ပေးပါ။🥺🥺

အခွန်းရဲ့ Reading တိုင်းမှာ ကိုယ်တိုင် card ဆွဲပီး ရလာတဲ့ အဖြေကိုဘဲရေးပေးတာပါ။

အခြားယုတ္တိမရှိတဲ့ Google ကနေ copy ကူးပီး ရေးတဲ့ စာမျိုးတွေ မတင်ပါဘူး။

"အချစ်ခံရဆုံးရာသီခွင်များ " ဆိုပီးလည်း တင်မှာ မဟုတ်သလို

"ဘဲ အပြစ်ခံရဆုံးရာသီခွင်များ" ဆိုပီးလည်း ရှိလာမှာ မဟုတ်ပါဘူး။ယုတ္တိလည်း မရှိသလို authentic မဖြစ်တာကြီးကို မြင်ရတာလည်း အဆင်မပြေပါဘူး။

အပျော်သဘော ခနတာ ဖတ်လို့ကောင်းပီး attention ရရုံ စာတွေ ကျနော့်page တင်မှာမဟုတ်ဘူးဆိုတာ ကြိုပြောပါရစေခဗျာ။

ကျနော့် ဆန္ဒကတော့ Tarot ကိုကြည့်ပီး တဟီးဟီး တဟားဟား နဲ့ လူတွေပေါ့ပျက်ပျက် သဘောထားတဲ့ ပညာရပ်မဖြစ်စေချင်ပါဘူး။အခုဆို Tarot Page တွေ မှိုလိုပေါက်နေတဲ့ ခေတ်ကြီးမှာ Authentic ဖြစ်တာ ရွေးဖို့ဆိုတာ ခက်ခဲပါတယ်။အရမ်းကို ဈေးပေါလွန်းအောင် လုပ်ကြတဲ့ လူတွေပေါလာတဲ့အတွက် ဝမ်းနည်းမိပါတယ်။
ကျနော့် Page ကိုလည်း ၁၀၀၀ ဖိုး မေးခွန်း ၃ ခု tarot page အဖြစ်မခံနိုင်ပါဘူး။

မည်သည့် tarot reader နဲ့မှလည်း ပူးပေါင်းမှာ မဟုတ်သလို ကျနော့်ဖာသာသီးသန့်နေရတာ သဘောကျပါတယ်။ကျနော်က တော့ တလမှာ 1 post ဘဲတင်ရင် တင်ပါမယ်။
တင်တဲ့ post ကလည်း အားလုံးအတွက်အကျိုးရှိတာလေးတွေဘဲ တင်ပေးသွားမှာပါ။

ဟီးဟီးဟားဟား တယောက်နဲ့ တယောက် mention ပီး အပြောသဘော ခွီနေဖို့ ကျနော်တင်မှာ မဟုတ်သလို ယုတ္တိမရှာတာတွေကို ခနတာ သာယာဖို့ရေးပြမှာ မဟုတ်လို့ မကြိုက်တဲ့သူတွေရှိရင် ထွက်သွားလို့ရပါတယ်ဗျ။

personal reading လေးတွေ မေးချင်ရင်တော့ စနေနဲ့ တနဂ်နွေ (၂) ရက် ကြည့်ပေးပါတယ်ဗျ။
ကျန်ရက်တွေက အခွန်းအလုပ်ရှိလို့ အချိန်မပေးနိုင်သေးလို့ပါ။CB မှာ အသေးစိတ်မေးမြန်းလ်ု့ရပါတယ်ဗျာ

အဆုံးထိ ဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်ဗျာ

Cleansing cards and preapring for beauty spell ❤️❤️❤️
18/11/2021

Cleansing cards and preapring for beauty spell
❤️❤️❤️

Hello Guys 👋🏻 မနက်ဖန် တန်ဆောင်မုန်း လပြည့်နေ့မှာ (18.11.2021)Moon Water လေးလုပ်ရအောင်နော်။မနက်ဖန်မှာ လဟာ ကမ္ဘာနဲ့အနီးဆုံ...
17/11/2021

Hello Guys 👋🏻
မနက်ဖန် တန်ဆောင်မုန်း လပြည့်နေ့မှာ (18.11.2021)Moon Water လေးလုပ်ရအောင်နော်။

မနက်ဖန်မှာ လဟာ ကမ္ဘာနဲ့အနီးဆုံးနေရာမှာရှိနေမှာ ဖြစ်တဲ့ အတွက် Super moon အကြီးကြီးကို ကျနော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။

Moon water ကဘယ်နေရာမှာ အသုံးဝင်လဲ?

1.Manifestations အတွက် မယုံကြည်နိုင်လောက်အောင်အသုံးဝင်အစွမ်းထက်ပါတယ်။
(အချို့ယုံကြည်သူများက moon water အနည်းငယ်ကို ရေချိုးတဲ့အခါထည့်သုံးတာ၊တဖက်လူက ကိုယ့်စကားအဆင်ပြေပြေနဲ့ပြီးမြောက်စေချင်ရင် moonwater အနည်းငယ်သောက်သုံးတာ၊moon water ကို မိတ်ကပ်မလိမ်းခင်မှာ ဗူးလေးထဲထည့်ပီးဖျန်းပေးရင် တခြားသူအပေါ်ဆွဲဆောင်မှုရှိစေတာ) စသဖြင့်အမျိုးမျိုးယုံကြည်မှုနဲ့ သုံးကြပါတယ်။

2.စိတ်ခြောက်ခြားတာမျိုး၊အရိပ်အယောင်တွေ၊မကောင်းတဲ့ စွမ်းအင်တွေ ကနေဖယ်ရှာပေးန်ုင်ပါတယ်။ကျနော်တို့ရဲ့ စိတ်ခံစားချက်တွေကို ဟန်ချက်ညီညီ ထိန်းချုပ်ပေးပါတယ်။

3.ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။

4.ကျနော်တို့ရဲ့ အဆောင်၊လက်ဖွဲ့၊crystal တွေ ရဲ့ အစွမ်းသတ္တိပို ထိရောက်စေပီး မကောင်းတဲ့ energy တွေထွက်သွားစေပါတယ်။

ဆိုတော့ moon water ဘယ်လိုလုပ်မလဲ။
လွယ်၂လေးရယ်။

၁-ရေသန့်သန့် တဗူးကို အဖုံးဖွင့်ပီး လရောင်အောက်မှာ အနည်းဆုံး (၃) နာရီခန့်ထားရုံပါဘဲ။

၂-(လ က တိမ်ဖုံးနေတယ်ဆိုလည်းရပါတယ်၊ပြသာနာမရှိပါဘူးခဗျာ)။

၃-နေလုံးဝ ထိခွင့်မရှိပါဘူး။နေမထိတဲ့နေရာမှာ သိမ်းရပါမယ်။

၄-တညလုံးထားနိုင်ရင်ပိုကောင်းပါတယ်။ဒါပေမဲ့ မနက်နေမထွက်ခင် ပြန်သိမ်းနိုင်ဖို့လိုပါတယ်။

၅-အချို့ကြတော့လည်း ရေဗူးလေးအောက်မှာ မိမိလိုချင်ဖြစ်ချင်တဲ့ ဆန္ဒလေးကို စာရွက်နဲ့ရေးပီးထားသလို၊အချို့ကြတော့လည်း ရည်ရွယ်ချက်တခုကို ဆုတောင်းပီး moon water ပြုလုပ်ကြပါတယ်။ပြုလုပ်လို့ရပါတယ်။

၆-လိုအပ်သလို moon water ကို ယုံယုံကြည်ကြည်နဲ့ အသုံးပြုပေးလို့ရပါတယ်။



"Single and Relationship  love tarot reading for November 2021"ပါ။Reading လေးမဖတ်ခင် အောက်ကစာလေးတွေအရင်ဖတ်ပေးပါဗျ 👇🏻👇🏻1-...
27/10/2021

"Single and Relationship love tarot reading for November 2021"ပါ။Reading လေးမဖတ်ခင် အောက်ကစာလေးတွေအရင်ဖတ်ပေးပါဗျ 👇🏻👇🏻

1-ကျနော်နဲ့ energy ပိုပီး match ဖြစ်တဲ့သူက ပိုမှန်ပါလိမ့်မယ်။General ကြည့်တာ ဖြစ်တဲ့အတွက် အားလုံးကွက်တိ မှန်မယ်လို့မဆိုလို့ပါ။

2-Single ဆိုပီး အီစီကလီပေါင်း များစွာထားတဲ့ သူတွေ၊RS ဆိုပီး ဟိုမပြတ်သား ဒီမပြတ်သားဆိုတဲ့သူတွေတော့ အဆင်ပြေရာ ဖတ်ကြပါ 🥴🥴

3-တချို့သော ကိစ္စတွေမှာ energy က ကိုယ့်ဘက်ကသော်၎င်း၊သူ့ဘက်ကသော်၎င်းဖြစ်တက်ပါတယ်။တဖက်တည်း မယူဆစေလိုပါ။

4-ကျနော်ရဲ့ reading မှာ ယတြာတွေ ထည့်မရေးပါဘူး။Tarot မှာယတြာမရှိဘူးလို့ယူဆသလို Tarot က consequences တွေဘဲ ပြတာမလို့ ကျနော် reading မှာ ယတြာတွေ ရှိလာ၊ပေးလာမှာလည်းမဟုတ်ဘူးလို့ပြောပါရစေ...

5-တကဒ်၊နှစ်ကဒ် ထဲဆွဲပီးအဖြေထုတ်ထားတဲ့ reading မဟုတ်ပါဘူး။အနည်းဆုံး ၅ ကဒ် လောက်ဆွဲပီး စိတ်မကျေနပ်သေးရင် "why ပေါင်းများစွာ"နဲ့ ထပ်ထပ်ဆွဲတာမို့
ကျနော့် reading တွေ က past,present,future အတွက် သင့်တင့်လျောက်ပတ်တဲ့ အကြောင်းပြချက်၊ကျိုးကြောင်းဆီလျော်တဲ့ အခြေအနေ တွေကို ပေးနိုင်တဲ့ reading ဖြစ်တယ်ဆိုတာ အာမခံပါတယ်။

6-စေတနာဗလပွ နဲ့လည်း Oracle cards တွေပါကြည့်ပီး Universe ကပေးတဲ့ သိသင့်တဲ့ message တွေပါ ထည့်ပေးထားပါတယ်။
8-ဖတ်ကြည့်ရကျိုးနပ်လိမ့်မယ်လို့လဲ ယုံကြည်ပါတယ်။

န်ိုင်ငံရေးတဖက်၊ရောဂါအခြေနေတဖက် ကြားမှာ လူတိုင်းနဲ့မကင်းနိုင်တဲ့ အချစ်ရေးအတွက် သိထားသင့်ဖို့ နဲ့ တချို့ကိစ္စတွေမှာ ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် reading လေးလုပ်ပေးတာပါဗျ။မလိုအပ်ဖူးထင်ရင် ကျော်သွားနိုင်ပါတယ် ခဗျ။


24/10/2021

ဘယ်လိုမှ မအားလပ်တဲ့ အခြေနေတွေကြောင့် ဒီကြားထဲမှာ တခြား reading လေးတွေ လုပ်ပေးဖို့ပြောထားတာ ကတိပျက်ခဲ့ရပါတယ်ဗျ။
လတိုင်းရဲ့ ၂၇ ရက်နေ့မှာတော့ Love reading လေးတွေ ပုံမှန်တငိပေးပါ့မယ်ဗျာ။
Stay tuned ပါဗျာ 🦋🦋🦋

29/09/2021

အားလုံးမေးမေးနေကြလို့ ကျနော့် ရဲ့ Tarot ဆရာက မမြင့်ဇူ The Goddess Tarot ပါ။
ကျွန်တော်က Professional reader မဟုတ်ပေမဲ့
အမ သင်ပေးတဲ့ ပညာတွေနဲ့ တက်နိုင်သလောက် လုပ်ပေးတာပါဗျ။
အားပေးကြလို့တကယ် ကျေးဇူးတင်ပါတယ်။
လတိုင်း ရဲ့ 27 ရက်မှ Love reading လေးတွေတင်ပေးပါမယ်။
ကြားထဲမှာလည်း အဆင်ပြေလောက်မဲ့ reading မျိုးလေးတွေ၊ဗဟုသုတရ စရာလေးတွေကို sharing လုပ်ပေးသွားပါမယ်။

Address

Taunggyi
Taunggyi

Telephone

+959777882016

Website

Alerts

Be the first to know and let us send you an email when Khoon's Magician Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khoon's Magician Tarot:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram