Wellness Aesthetics_Hanuman Brand

Wellness Aesthetics_Hanuman Brand လူကြီးမင်းတို့ခံစားနေရသောဝေဒနာများကို သက်သာစေဖို့ ရည်ရွယ်ပါသည်

နွေရာသီနှင့်ရေကျောက်ရောဂါဆောင်းအကုန် နွေအကူး နွေးဦးရာသီတွင်ဖြစ်တတ်သော မတ်လနှင့် ဧပြီလများတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီ...
25/04/2023

နွေရာသီနှင့်ရေကျောက်ရောဂါ

ဆောင်းအကုန် နွေအကူး နွေးဦးရာသီတွင်ဖြစ်တတ်သော မတ်လနှင့် ဧပြီလများတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး ကလေးများတွင် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ မြင်တွေ့ရသော ကူးစကိရောဂါတစ်မျိုးဖြစ်သည်။
(Chicken Pox)ဟုခေါ်ဆိုပြီး မြန်မာလို(ရေကျောက်ရောဂါ)ဟု ခေါ်ဆိုပါသည်။

ရေကျောက်ရောဂါသည်( ဗေရီဆဲလားဇိုစတာ )ခေါ်ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကာ ကလေးငယ်များတွင် အများဆုံးဖြစ်ပွားနိုင်သည်။
ကလေးငယ်များတွင် ထိုဗိုင်းရပ်ပိုးကူးစက်ခံရလျှင် ခန္ဓာကိုယ်တွင် (အထူးသဖြင့် ရင်ဘက် ဝမ်းဗိုက်များတွင်) အနီစက် အဖုအပိန့်များ ထွက်လာတတ်ခြင်း မနေနိုင် မထိုင်နိုင်အောင် ကုတ်မိနေခြင်းနှင့် အလွန်အမင်းယားယံခြင်းဖြစ်ပေါ်လာပါက ရေကျောက်ရောဂါဟု သတိထားမိနိုင်သည်။

ရေကျောက်ရောဂါ​၏အဆင့်များ
ရောဂါပိုးစတင်ဝင်ရောက်ပြီး တစ်ရက်အတွင်း ရုတ်တရက်ဗိုင်းရပ်စ်ပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်သော ရောဂါလက္ခဏာများဖြစ်သည့် ချောင်းဆိုးခြင်း နှာစေးခြင်း ကိုယ်ပူခြင်း စသည့် လက္ခဏာများ ခံစားရပါသည်။
ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီစက်အဖုလေးများအုပ်စုလိုက် ထွက်လာပြီး ၎င်းအနီစက်အဖုလေးများမှ အရည်ကြည်ဖုလေးများ ဖြစ်သွားတတ်ပါသည်။

ရေကျောက်ရောဂါဖြစ်ပွားခံစားရသော ကလေးငယ်များအနေနှင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် အခြားလက္ခဏာများဖြစ်သည့်
✅ကိုယ်ပူခြင် တခါတရံ အပြင်းဖျားခြင်း
✅ခေါင်းကိုက်ခြင်း
✅ချောင်းဆိုးခြင်း
✅လည်ချောင်းနာခြင်း
✅ကြွက်သားများ နာကျင်ခြင်း စသင်္ည့ရောဂါလက္ခဏာများခံစားရနိုင်ပါသည်။

ရေကျောက်ရောဂါဖြစ်ပွားသော ကလေးငယ်များအားအိမ်တွင်းပြုစုနည်းများ
(၁) ရေချိုးလျှင် ရေနွေးနွေးနှင့် ချိုးပေးခြင်း
(၂) ဗိုက်တာမင် စီ/ ဗိုက်တာမင် အေ/ ဗိုက်တာမင် အီး စသည့်တို့ပါဝင်သော အားဆေးများ တိုက်ကျွေးခြင်း
(၃) အုန်းရည်တိုက်ခြင်း ရေများများတိုက်ခြင်း သန့်ရှင်းလတ်ဆက်သော သီးနှံများ စားသုံးခြင်း
(၄) အဖျားရှိ(ကိုယ်ပူ)ပါက Paracetamol(အရည်/ အခဲ) တိုက်ကျွေးခြင်း
(၅) လည်ချောင်းနာလျှင် ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်ပါသည်။

Hanuman Foot Patch(ဟန်နုမာန် ခြေထောက်ကပ်ခွါ )*********************************************Hanuman တိုင်းရင်းဆေးကပ်ခွါကို...
13/03/2023

Hanuman Foot Patch(ဟန်နုမာန် ခြေထောက်ကပ်ခွါ )
*********************************************

Hanuman တိုင်းရင်းဆေးကပ်ခွါကို
တရုတ်ရှေးဆေးဖော်စပ်နည်း နဲ့ ထိုင်း တိုင်းရင်းဆေးဖော်စပ်နည်းတွေနဲ့ အဆင့်မြင့်စွာ စနစ်တကျထုတ်လုပ်ထားတဲ့ အကိုက်အခဲပျောက်ကပ်ခွါ
တစ်ခု ဖြစ်ပါတယ်

ထုတ်လုပ်မှုပုံစံက

✅တိုင်းရင်းဆေးမှုန့်ကို တစ်ပိုင်းလုပ်ပြီး
✅ဆေးထုပ်အိတ်ထဲကို ထည့်တဲ့အပိုင်း
✅Package ထုပ်ပိုးတဲ့အပိုင်း
✅FDA စစ်ဆေးတဲ့အပိုင်း ဆိုပြီး အပိုင်း (၄)ပိုင်းနဲ့
သေချာစွာ ထုတ်လုပ်ထားပါတယ်

ဆေးထုပ်ထဲပါဝင်တဲ့ အဓိကပါဝင်ပစ္စည်းတွေက

✅ဝါးမီးသွေး
✅သစ်ဂျပိုးခေါက်
✅ပူစီနံ
✅မိဿလင်
✅ကြက်သွန်နီ
✅သစ်ဥသစ်ဖု စိမ်ရည် တို့ပဲဖြစ်ပါတယ်

ဆေးထုပ်ရဲ့ အာနိသင်များ

✅ညောင်းညာကိုက်ခဲတဲ့ဝေဒနာကို သက်သာ
စေခြင်း
✅သွေးလည်ပတ်မှုကောင်းစေခြင်း
✅ပေါ့ပါးလန်းဆန်းစေခြင်း
✅ခန္ဓာကိုယ်အတွင်းပိုင်းကို အနွေးဓာတ်ပေးခြင်း

ဘယ်လိုလူတွေ သင့်တော်လဲ⁉️

✅ညဘက်အိပ်မပျော်သောသူများ
✅ညဘက်ဟောက်တတ်သူများ
✅တနေကုန်မတ်တပ်ရပ်ရပြီး ညောင်းညာမိသူများ
✅မကြာခဏ ကြွက်တက်တတ်သူများ
✅ခြေထောက်ထုံကျင်ကိုက်ခဲတတ်သူများ
✅သွေးကြောထုံးတတ်သူများ
✅အကြောညှပ်လေ့ရှိသူများ
✅ကိုယ်ဝန်ဆောင်မိခင်များ
✅မကြာခဏ နှာစေးနှာပိတ်တတ်သူများ
✅ဒေါက်မြင့်မကြာခဏ စီးရသူများ
✅ခေါင်းကိုက်လေ့ရှိသူများ
✅ဖုန်း ၊ကွန်ပျူတာ အသုံးများသူများ
✅ညောင်းညာကိုက်ခဲဆေး မကြာခဏသောက်တတ်သူများ စသည့်သူများ

🌿အသုံးပြုပုံပြုနည်း🌿

✅ဆေးကပ်ခွါမသုံးခင် ကိုယ်ကပ်လိုတဲ့နေရာကို
အရင်သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပါ

✅ခြေဖဝါးကပ်မယ်ဆိုရင် ပိုပြီးထိရောက်အောင်
ခြေထောက်ကို ရေနွေးဆာရည်စိမ်ထဲကို (၅) မိနစ်
စိမ်ထားပြီး နှိပ်နယ်ပေးပါ

✅ဆေးကပ်ခွါထုပ်ကို ဖောက်ပြီး sticker ပါတဲ့ဘက်ကို ကျောဘက်ထားပြီး အပေါက်ပါတဲ့ဘက်ကို
ကိုယ်ကပ်လိုတဲ့နေရာကို ကပ်ပေးရုံပါ

⛔️ဦးခေါင်းကလွဲ၍ ကိုက်ခဲနာကျင်ညောင်းညာတဲ့
ဘယ်အစိတ်အပိုင်းမဆို ကပ်လို့ရပါတယ်

အကြောဆန့်လေ့ကျင့်ခန်းရဲ့ ခန္ဓာဗေဒ***********************************လေကျင့်ခန်းတမျိုးစီကို 10 seconds စီလုပ်ပေးရုံနဲ့ ခန...
13/03/2023

အကြောဆန့်လေ့ကျင့်ခန်းရဲ့ ခန္ဓာဗေဒ
***********************************

လေကျင့်ခန်းတမျိုးစီကို 10 seconds စီ
လုပ်ပေးရုံနဲ့ ခန္ဓာတစ်ခုလုံးရဲ့ အကြောတွေအားလုံး
ပြေလျော့စေပါတယ်

 #လက်ပြင်ကြောနာခြင်းCrd to Thandar Thein
11/03/2023

#လက်ပြင်ကြောနာခြင်း


Crd to Thandar Thein

04/03/2023

အမျိုးသမီးများရဲ့ သားအိမ်အားကောင်းစေတဲ့
Yoga pose တစ်ခု 🧘🏻‍♀️

03/03/2023

#တင်ပဆုံကြောညှပ်ခြင်း၊နှင့်တင်ပဆုံကြောအောင့်ခြင်း
**********************************************

တင်ပဆုံကြောညှပ်ရောဂါရဝေဒနာဆိုးကြီးဟာ အရမ်းခံရခက်တဲ့ ဝေဒနာဆိုးကြီး တစ်ခုဖြစ်ပါသည်။

တင်ပဆုံကြော ဘာကြောင့်ညှပ်ရလဲဆိုရင်တော့
ခါးကြောရိုးမကြီးကနေ အောက်ပိုင်းကိုသွားတဲ့ အာရုံကြော sciatic nerveကြီးဟာ အဖိခံထားရတာမို့ တင်ပဆုံကြောညှပ်ခြင်းဖြစ်ပေါ်လာပါသည်။

✔️တင်ပဆုံကြောညှပ်ခြင်းက ဘယ်အရာတွေကြောင့်ဖြစ်တတ်သလဲဆိုရင်

✅ခါးရိုးဆစ်ကျွံခြင်း
✅နေထိုင်မှုပုံစံမမှန်ကန်ခြင်း
✅အလေးအပင်ကို စနစ်တကျမ မခြင်း
စတာတွေက တင်ပဆုံကြောညှပ်ခြင်းကိုဖြစ်ပေါ်စေပါသည်။

✔️တင်ပဆုံကြောညှပ်ခြင်းက ဘယ်လိုလူတွေမှာအဖြစ်များသလဲဆိုရင်တော့

✅အထိုင်များသူ
✅လှုပ်ရှားမှုနည်းသူ
✅အသက်ကြီးပိုင်း
✅အဝလွန်သူ များတွင်အဖြစ်များကြသည်။

✔️တင်ပဆုံကြောညှပ်ရင် ဘယ်လိုလက္ခဏာတွေ
ပြသလဲဆိုရင်တော့

✅ခြေဖနောင့်ထုံခြင်း
✅ခါးနာခြင်း
✅ခြေသလုံးနာခြင်း ကျင်ခြင်း
✅ဖြေဖျားတွေပူရှိန်းရှိန်းဖြစ်ခြင်း
✅တင်ပါးခွကိနေရာ စူးပြီးနာကျင်ခြင်း
✅ခြေထောက်ကြွက်သာများ အားနည်းခြင်းတို့ဖြစ်တတ်ပါသည်။

✔️တင်ပဆုံကြောညှပ်ခြင်းကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုရင်တော့

✅လေ့ကျင့်ခန်းလုပ်ခြင်း
✅ရေနွေးအိတ်ကပ်ခြင်း
✅ပုံစံတစ်ခုထဲကြာကြာနေခြင်းများ
ရှောင်ကျဉ်ခြင်း
✅ရုတ်တရက်အလေးမခြင်းများ
ရှောင်ကျဉ်ခြင်း
✅တိုင်းရင်းဆေးအနေနဲ့ ကြပ်ထုတ်ထိုးခြင်း
ဆေးလိမ်းခြင်း စသည်တို့ကိုပြုလုပ်နိုင်ပါသည်။

Hanuman မှထုတ်လုပ်ထားသော
✅တိုင်းရင်းဆေးကပ်ခွါ နှင့် လိမ်းဆေးဆီ ကို
အကူယူခြင်းဖြင့်လည်း ဝေဒနာကို သက်သာလျော့ပါး စေနိုင်ပါသည်

Hanuman တိုင်းရင်းဆေးကပ်ခွါ နှင့် လိမ်းဆီမှာယူလိုပါက page chat box (or) phone no တို့မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်



 #နားအူခြင်း ( Tinnitus )**********************နားအူခြင်းဟာ လူအတော်များများကြုံတွေ့ရနိုင်တဲ့ ဝေဒနာတစ်မျိုးပါ..အယောက်တစ်ရ...
02/03/2023

#နားအူခြင်း ( Tinnitus )
**********************

နားအူခြင်းဟာ လူအတော်များများကြုံတွေ့ရနိုင်တဲ့ ဝေဒနာတစ်မျိုးပါ..အယောက်တစ်ရာမှာ ၁၅ ယောက်ကနေ အယောက်၂၀ လောက်ထိ နားအူခြင်း ဝေဒနာ ခံစားရနိုင်ခြေရှိကြောင်း လေ့လာရဖူးပါတယ်..

အခုလည်း ညီမလေးတစ်ယောက် နားအူတာဘာလုပ်ရမလဲမေးထားလို့ အားလုံးလည်း ဖြစ်နေရင်လည်း ကုသရအောင် မဖြစ်လည်း ဗဟုသုတရအောင်လို့ နားအူခြင်းအကြောင်းလေး မျှဝေပေးလိုက်ပါတယ်..

နားအူတယ်ဆိုတာဟာ ပြင်ပမှာတကယ်ဖြစ်နေတဲ့ အသံမရှိဘဲနဲ့ မိမိနားထဲမှာ ဆူညံသံတွေကြားနေရခြင်းဖြစ်ပြီး တခါတရံ နားကကိုက်ချင်သလိုလိုဖြစ်နေတတ်တဲ့ဝေဒနာအမျိုးအစားပါ..
နားအူတဲ့အခါ ကြားရတဲ့ဆူညံသံတွေဟာ တယောက်နဲ့ တယောက် မတူတတ်ပါဘူး..
တဝီဝီကြားရတာ၊ တဒေါက်ဒေါက်ကြားရတာ၊ လေချွန်သံလိုကြားရတာ.. စူးစူးရှရှအသံကြားရတာ၊ ခိုငြီးသံလိုကြားရတာ.. လေတိုးသံလိုကြားရတာ.. တူထုသံလိုကြားရတာ စသဖြင့် အမျိုးမျိုး ကြားရတတ်ပါတယ်..
တခါတရံမှာ ဘာသံမှန်းမသိ ရောနှောဆူညံနေသလိုမျိုးလည်း ကြားရတတ်ပါတယ်..
နားတဖက်တည်းမှာပဲ ဖြစ်နိုင်သလို နှစ်ဖက်လုံးလည်း ဖြစ်တတ်ပါတယ်..
#နားအူခြင်းဟာ_ရောဂါတခုမဟုတ်ပါ.. အောက်မှာပြောမယ့် အကြောင်းရင်း ပြဿနာတစုံတခုရှိနေခြင်းကို ပြတဲ့လက္ခဏာတခုပဲ ဖြစ်ပါတယ်..

နားအူခြင်းဟာ နားအတွင်းမှာရှိတဲ့ မွှေးညှင်းနုဆဲလ်လေးတွေ ထိခိုက်တာကြောင့် ဖြစ်ပါတယ်..
ကျနော်တို့ရဲ့ နားအတွင်းထဲမှာ မွှေးညှင်းနုလေးတွေရှိပြီး အဲ့မွှေးညင်းနုလေးတွေဟာ အသံရဲ့ ဖိအားအတိုင်း လှုပ်ရှားကြပါတယ်..
ဒီမွှေးညင်းနုလေးတွေ လှုပ်ရှားတာဖြစ်တဲ့အခါ မွေးညှင်းနုဆဲလ်လေးတွေကို သွားလှုံ့ဆော်ပြီး ဆဲလ်လေးတွေက လျှပ်စစ်အချက်ပြသင်္ကေတ (electrical signal) တွေထုတ်ကာ Auditory nerve မှတဆင့် ဦးနှောက်ဆီကို ပို့ပါတယ်..
ဦးနှောက် လက်ခံရရှိတဲ့ လျှပ်စစ်အချက်ပြသင်္ကေတတွေကို အသံအဖြစ် ပြန်ပြောင်းဖတ်ယူပါတယ်..
အကြောင်းကြောင်းကြောင့် နားအတွင်းပိုင်း မွှေးညင်းနုတွေ ထိခိုက်ပျက်စီးတဲ့အခါ အချက်ပြသင်္ကေတတွေပို့တာ မမှန်တော့ဘဲ နားအူခြင်းကို ခံစားရပါတယ်..

နားအတွင်းပိုင်းမွှေးညင်းနုလေးတွေကို ထိခိုက်ပျက်စီးစေပြီး နားအူခြင်းကို #ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့..
– ပြင်းထန်အားကောင်းသော ဆူညံသံများနဲ့ အချိန်ကြာမြင့်စွာ ရေရှည်ထိတွေ့မှုများတာ (ဥပမာ – ရှိုးပွဲတွေ၊ အားကစားပွဲတွေ၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ရတာ၊ နားကြပ်နဲ့ သီးချင်းတွေကို အကျယ်ကြီးဖွင့်ပြီး ရေရှည်နားထောင်တာ)
– အသက်အရွယ်ကြီးရင့်လာတာ
– နားအနီးတဝိုက်ထိခိုက်ဒဏ်ရာရတာ
– နားဖာချေးပိတ်နေတာ
– နားအတွင်းက အရိုးနုထိခိုက်မိတာ
– နားအတွင်းမှာ ဖိအားများတာ
– စိတ်ရောကိုယ်ပါ ပင်ပန်းနွယ်နယ်မှုများတာ
– အချို့သောဆီးဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသေဆေးတွေ၊ သွေးကျဲဆေးတွေသောက်တာ
– Meniere’s disease လို့ခေါ်တဲ့ နားအတွင်းပိုင်းရေအိတ်တည်တဲ့ ရောဂါဖြစ်တာ
– Acoustic neuroma ခေါ် နားအတွင်းအာရုံကြောမှာ အလုံးအကျိတ်ဖြစ်တာ
– ဦးခေါင်းနဲ့ လည်ပင်းထိခိုက်ဒဏ်ရာရတာ၊ အလုံးအကျိတ်တည်တာ
– သွေးတိုးရောဂါရှိတာ
– သွေးကြောတွေ နံရံထူပြီးမာလာတာ
– သွေးကြောအတွင်းရောဂါဖြစ်နေတာ စသဖြင့် အကြောင်းရင်းတွေများစွာရှိပါတယ်..

တစ်ခုကံကောင်းတာက နားအူခြင်းဟာ အများအားဖြင့် ရောဂါကြီးကြီးမားမားနဲ့ ဆက်နွယ်တာမျိုးဖြစ်တာရှားပြီး ရက်အနည်းငယ်ကြာတဲ့အခါ မှာ သူ့ဘာသူ ပြန်ပျောက်တတ်ပါတယ်..
နားအူခြင်းဝေဒနာခံစားရတဲ့အခါ နားထဲအသံဆူနေတဲ့အတွက် နေမထိထိုင်မသာဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်း၊ စဉ်းစားနိုင်စွမ်းကို ထိခိုက်စေပါတယ်..
ဒါ့အပြင် ညဘက်မှာလည်း ကောင်းကောင်းအိပ်လို့ မရတာမျိုး ဖြစ်နိုင်ပါတယ်..

နားအူခြင်းဝေဒနာ ခံစားရတဲ့အခါ #သက်သာအောင်
– ကျယ်ကျယ်လောင်လောင် ဆူညံသံတွေကို ရှောင်ပါ..
– ကတ်ဆက်၊ ရေဒီယို၊ တီဗီဖွင့်ပြီး တေးသံသာလေးတွေ နားထောင်ပါ.. ( ရေကျသံ ရေလှိုင်းသံ စတဲ့တီးလုံးသံလေးတွေပါတဲ့ အသံဖိုင်လေးတွေ အာရုံစိုက် နားထောင်ရင် ပိုကောင်းပါမယ်..)
– ညဘက်အိပ်မရရင် အဲဒါလေးတွေ ဖွင့်နားထောင်အိပ်ပါ..
– Earphone ကြာရှည်စွာနားထောင်တာနဲ့ ညအိပ်ရင် Earphoneမဖြုတ်ဘဲအိပ်မိတာတွေရှောင်ရပါမယ်..
– အရက်၊ ဆေးလိပ်နဲ့ ကဖင်းဓါတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ပါ..
– ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပါ။ ဗီတာမင်ဘီနဲ့ ဇင့် အားဆေးသောက်ပေးပါ..

တကယ်လို့ ဒီလိုတွေလုပ်ပေးလို့မှ မသက်သာရင် တစ်ပါတ်ကနေ တစ်လကျော်ထိ အချိန်ကြာကြာ နားကအူနေရင်.. နားအူတာပိုပိုဆိုးလာရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တကျခံသင့်ပါပြီနော်..

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ အကြားအာရုံစမ်းသပ်စစ်ဆေးတာ.. သွေးပေါင်ချိန်တာ.. UltraSoundရိုက်တာ.. CTဓါတ်မှန်ရိုက်တာ စသဖြင့်လိုအပ်သလို စမ်းသပ်စစ်ဆေးပါလိမ့်မယ်..
ကုသမှုအနေနဲ့ကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး
•ထိခိုက်ဒဏ်ရာဆို Eardropနဲ့သောက်ဆေးပေးတာမျိုး..
•သွေးတိုးတာဆိုရင်သွေးကျဆေးပေးတာ.. •အသက်အရွယ်ကြီးလို့ဖြစ်တာဆိုရင် နားအကြားကိရိယာတပ်တာ..
•နားဖာချေးပိတ်လို့ဖြစ်တာဆိုရင်
ကိရိယာတွေသုံးပြီး စနစ်တကျနားဖာချေးဖယ်ထုတ်ပေးတာ စသဖြင့် လုပ်ရနိုင်ပါတယ်..

(Tinnitus is the perception of noise or ringing in the ears. A common problem, tinnitus affects about 15 to 20 percent of people. Tinnitus isn't a condition itself — it's a symptom of an underlying condition, such as age-related hearing loss, ear injury or a circulatory system disorder)

original

 #သင့်သွားကျန်းမာရေး_ပြန်လည်ကောင်းမွန်လာစေနိုင်သောနည်းလမ်း (၅)ခု ✍🏻ကမ္ဘာ့စီးပွါးရေးမှသည် တစ်ဦးချင်းစီ ဆက်နွယ်မှုများတွင်...
13/02/2023

#သင့်သွားကျန်းမာရေး_ပြန်လည်ကောင်းမွန်လာစေနိုင်သောနည်းလမ်း (၅)ခု

✍🏻ကမ္ဘာ့စီးပွါးရေးမှသည် တစ်ဦးချင်းစီ
ဆက်နွယ်မှုများတွင် ကျွန်မတို့ ခံတွင်းကျန်းမာရေး
ကိုပင် COVID-19 ကူးစက်ရောဂါမှသည်

ကျွန်မတို့အားလုံး ကို ပုံစံအမျိုးမျိုးနဲ့ သက်ရောက်
မှုရှိနေတယ်

✍🏻ဟာသတစ်ခုလို ဖြစ်နေမယ်ဆိုတာ သိတယ်
ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းရှိ သွားဆရာဝန်များရဲ့
အဆိုအရ ခံတွင်းကျန်းမာရေးသည် လွန်ခဲ့သော
၃ နှစ်အတွင်း ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတယ်

✍🏻အကြောင်းရင်းက
အဆက်မပြတ် Lockdown အတွင်းမှာ
စိတ်ဖိစီးမှုကြောင့် ချိုသောအစာပြေ မကြာခဏ
စားတာကြောင့်ရယ်

✍🏻အိမ်မှာဘဲ နေနေတဲ့အတွက် သွားကိုပုံမှန်
တိုက်ရမယ့် ဖြစ်ရိုးဖြစ်စဉ်တွေကို ဂရုမစိုက်
ဖြစ်တော့ဘဲ နေတာများလာတာလည်း ပါတယ်

✍🏻အထူးသဖြင့် အစောပိုင်းမှာ လှုပ်ရှားသွားလာမှု
ကန့်သတ်ချက်များ တိုးချဲ့ထားသော ကာလမှာ
အတော်များများ အိမ်မှာနေရင်းနဲ့ဘဲ
ဖြစ်တဲ့ အတွက်ကြောင့်

✍🏻သွားတိုက်ခြင်း နဲ့ ပွတ်ကြိုး သုံးခြင်းကို ပုံမှန်
မလုပ်တော့ဘဲ အလုပ်ကိုတောင် ညဝတ်နဲ့ဘဲ
နေဖြစ်တဲ့ သူထဲမှာ သင်ပါကောင်း
ပါနိုင်တယ်

💁🏻‍♀️ကဲ အခုသင့်ရဲ့
သွားလေးတွေ ပုလဲလေးလိုဖြူဝင်းပြီး ခံတွင်း
ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေဖို့
အချက် (၅) ချက်သာ လိုတာ သိလိုက်ရလို့
ကျေနပ်နေမိမှာပါ ✌️

✅1. သင့်ရဲ့သွားတိုက်တံအဟောင်းကို လွင့်ပစ်ပါ

🪥 သင်နောက်ဆုံး သွားတိုက်တံအသစ်လဲသုံးခဲ့တဲ့ချိန် ဘယ်လောက်ရှိသွားပြီလဲ ? တစ်ချက်စဉ်းစားကြည့်ပါ

🪥သွားခံတွင်းစည်းကမ်းအရ ဆိုရင် သွားတိုက်တံ တစ်ချောင်းကို 12-16 weeks ကြာ တကြိမ်လဲလှယ်
သင့်ပါတယ်

လျှပ်စစ်သွားတိုက်တံလည်း အလားတူပါပဲ

🪥အခြေခံအားဖြင့် သွားပွတ်တံရှိ နိုင်လွန်အမွေးအမျှင်များဟာ အတော်ခံပါတယ်

ဒါပေမယ့် စဉ်ဆက်မပြတ် သုံးစွဲမှုကြောင့်
အမွေးအမျှင်များသည် မူလပုံစံကို မထိန်းထားနိုင်ဘဲ
နောက်ဆုံးတွင် ဖွာလတ်ကြဲသွားစေပါတယ်

🪥ဒါကြောင့် မကြာခဏလဲပေးဖို့ လိုအပ်ပါတယ်

သွားတိုက်တံရွေးချယ်တဲ့နေရာမှာ အရေး
မကြီးပါဘူး
ဒါပေမယ့် အကောင်းရလဒ်ရဖို့
အတွက် လုံးဝန်းပြီး ပျော့ပျောင်းသော အမွေးအမျှင်
နဲ့ ဟာ တိုက်ပေးဖို့ သွားဆရာဝန်များက အကြံပြုထားပါတယ်

✅2. သွားတိုက်ဆေး ကို လဲလှယ်ပါ/ပြောင်းသုံးပါ

🪥သွားတိုက်တံကို ဂရုပြုဖို့ အရေးကြီးသလို သင့်သွား
တိုက်ဆေးကိုလည်း လဲပေးဖို့ အရေးကြီးပါတယ်

🪥လူအတော်များများလုပ်သလို သင်ကိုယ်တိုင်လည်း
အကောင်းဆုံးဆိုတာကို ရှာဝယ်နေတာ မလား ?

အဲ့လိုဆိူရင် သင့်ရဲ့ ရွေးချယ်မှုကို အလေးအနက်
ထားဖို့ အချိန်တန်ပြီ ‼️

🪥သွားတိုက်ဆေး အားလုံးနီးပါးသည် သွားပိုးစားခြင်းကို တိုက်ဖျက်နိုင်တယ် ဟု ဆိုကြတယ်

🪥သို့သော် အများစုတွင် အန္တရာယ်ရှိသော chemicals၊ အထူးသဖြင့် ဖလိုရိုက် (flouride) သည် လိုတာထက် ပမာဏများစွာထည့်သွင်း သည့်အခါ လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို
ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်

🪥ထို့ကြောင့် ဖြေရှင်းချက်မှာ
Bamboo Charcoal (ဝါးကျောက်မီးသွေး) , Peppermint(ပူစီနံ) , Wormwood(ဒေါနပင်/ပန်းပွင့်),
Calcium Glycerophosphate (CaGP) နှငိ့ Himalayan Black Salt (ဆားပုတ်)ကဲ့သို့ သဘာဝ
ပစ္စည်းများဖြင့် လုပ်ထားသော Hanuman Herbal ကဲ့သို့သော သွားတိုက်ဆေးကို ရွေးချယ်ရန် ဖြစ်သည်

Himalayan Balck Salt သည် သွားပေါ်က အညစ်အကြေးကို ဖယ်ရှားပေးပြီး ဘက်တီးရီးယား၊မှို၊ရောဂါအမျိုးမျိုးကို သေစေနိုင်
သော အာနိသင်ကြောင့် အကောင်းဆုံးသွား တိုက်ဆေးမှုန့် အဖြစ် အသုံးပြုခဲ့ကြသည်

✅3. သွားကို စနစ်တကျဖြင့် ပုံမှန်တိုက်ပေးပါ

🪥သွားတိုက်တံ နဲ့ သွားတိုက်ဆေးကို ရွေးချယ်မှုလုပ်ပြီးပြီ အခု သင့်ရဲ့ သွားတွေကို
သန့်စင်ဖို့ သတိထားရမယ့် အချိန်ပါဘဲ ✌️

🪥မတူညီသော လူမှုအသိုင်းအဝိုင်း နှငိ့ ယဉ်ကျေးမှုများတွင် မတူညီသော အလေ့အထများ
ရှိကြသည်မှာ အမှန်ပင်သော်လည်း သွားဆရာဝန်များ
သည် တနေ့လျှင် နှစ်ကြိမ်ထက် မနည်း နှင့် တကြိမ်လျှင် အနည်းဆုံး နှစ်မိနစ်ခန့် သွားတိုက်ရန်
အကြံပြုထားသည်

ဒါပေမယ့် အရမ်းကြီး မတိုက်ပါနဲ့ ‼️
သင့်သွားဖုံးကိုလည်းသန့်ရှင်းပေးဖို့ မမေ့ပါနဲ့ ‼️

✅4. သွားပွတ်ကြိုးဖြင့် သွားကိုသေချာသန့်ရှင်းပါ

🪥သွားပွတ်ကြိုးသုံးခြင်း နှင့် ပက်သက်၍ အငြင်းပွါးမှုများစွာရှိသေးတယ် ၊

🪥သွားပွတ်ကြိုး သုံးခြင်းဟာ သွားပိုးစားခြင်းကို
သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်တယ်လို့
ပညာရှင်အများစု က လက်မခံကြပေ ၊

သို့သော်
သွားဆရာဝန်များက အခြေခံအချက်ကို
လျစ်လျူရှူမယ်ဆိုရင် သွားဖုံးရောဂါ ဖြစ်နိုင်ချေ
ပိုများတယ် လို့ ဆိုတယ်

🪥သွားပွတ်ကြိုးပုံမှန် သုံးပေးခြင်းသည်လည်း
ကာကွယ်ပေးနိုင်သော အရာတစ်ခု ဖြစ်
တယ်

🪥လုပ်နေကျမဟုတ်သောသူအတွက်က
အဆငိမပြေတာလေး ဖြစ်တတ်ပါတယ်

မည်သို့ပင် ဆိုစေကာမူ မှန်ကန်သောနည်း စနစ်နှင့်
သွားပွတ်ကြိုးဖြင့် သင့်အပြုံးကို ပိုပြီး အသက်ဝင်စေမှာပါ 😘

✅5. သင့်ပတ်ဝန်းကျင်ရှိ သွားဆရာဝန်ဆီ
သွားရောက်ပြသပါ

ဒါကို
လူအတော်များများက နောက်ဆုံးမှာ ထားကြတယ်
သွားဆရာဝန်ဆီ သွားလည်တာကို ဘယ်နှစ်ယောက်များ မြင်ဖူးသလဲ ?

သွားများဟာ ၎င်းကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်စွမ်း
ရှိတာ မှန်ပေမယ့် အဲ့ဒါတွေဟာ အကန့်အသတ်နဲ့ပင်
ဖြစ်တယ်

ဒါကြောင့် သင့်သွားကျန်းမာရေးကို လမ်းကြောင်းမှန်
ပေါ် ပြန်ရောက်ဖို့ဆိုရင် သင်ဟာ ကျွမ်းကျင်တဲ့ သွားဆရာဝန် ဆီမှာ အကူအညီ ယူဖို့ လိုပါတယ်

တစ်နှစ်လျှင်အနည်းဆုံး နှစ်ကြိမ် သွားဆရာဝန်ဆီ
သွားရောက် ပြသသင့်ပါတယ်

ဒါ့အပြင်
သင့်ရဲ့အပြုံးအတွက် ဒီအချက် (၅)ချက်က
အရေးကြီးပါတယ်

သင့်သွားခံတွင်းကျန်းမာရေးကို အပြည့်အဝကာကွယ်
ဖို့နဲ့ ပြန်လည်ကောင်းမွန်ဖို့အတွက် Herbal Black Toothpaste လည်း ရှိနေပါတယ်

စျေးနှုန်းအားဖြင့်
1 ဗူး - 25500 Ks
2 ဗူး - 49500 Ks + Free Premium Quality Toothbrush 🪥 တစ်ချောင်း ရရှိဦးမှာပါ

အများစျေးနဲ့ ယူမယ်ဆိုရင် (10) ဗူးစျေးကနေ
စရှိပါတယ်

အသေးစိတ်သိရှိလိုပါက page chat box (or) 09
882492299 တို့တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်




29/01/2023

ခါးအောက်ပိုင်း နာတတ်သောသူအတွက် လေ့ကျင့်ခန်း

☺️

29/01/2023

#မီးယပ်ပြဿနာကင်းဝေးလိုသူများသာ ဖတ်နော်❤️

သူများ Review တွေချည်းဘဲတင်နေတော့
Admin ကရော မသုံးဘူးလား ?

Review တွေလည်း မတွေ့ရပါလား ? ဆိုလာတော့လည်း
တစ်ခုတော့ ပြောပြပေးမယ်

Admin Nann လေးက မိန်းကလေးဆိုတော့
မိန်းကလေးဆိုတာ တလတကြိမ် ပုံမှန်ဓမ္မတာ
သွေးဆင်း ကြတယ် ဟုတ်နော်

Nann က ကိုယ့်ရဲ့ ဓမ္မတာစက်ဝန်းကို
ဖုန်းထဲ Health Record Apps ထဲမှာ မှတ်ထားတာ
ဆိုတော့ လာရမယ့် ရက်မလာရင်

အတွေးပေါင်း သောင်းခြောက်ထောင် တွေး
ပါလေရော ကိုယ်ဝန်ရှိရအောင်လည်း မဟုတ်
ရာသီများထိန်တာလား ဘာလားညာလားနဲ့လေ

တစ်ရက် မဟုတ် နှစ်ရက်ကြာသွားရင် မနေတတ်
တော့ဘူး အဲ့မှာ သူလာမှဖြစ်မယ် ဆိုပြီး

လိမ်းဆေးရော #ကပ်ခွာရော
ညအိပ်ခါနီးကို ခြေဖဝါးနေရာကို အပြည့်ကပ်

အဓိက #သားအိမ်ရှိတဲ့ Points ဖြစ်တဲ့
#ခြေဖနောင့် ကို အမိအရကပ်ပြီး တစ်ည မလာသေးဘူး

နောက်ည ထပ်ကပ်နဲ့ နောက်ရက် လာတော့တာဘဲ☺️

အဲ့မှာထူးခြားတာက #ဓမ္မတာသွေးက နော်
#ကပ်ခွာ မကပ်တဲ့ချိန် နဲ့ ကပ်ခွာ ကပ်တဲ့ချိန် အရောင်
အဆင်းက အရမ်းကွာတာ 😳

Footpatch ကပ်ပြီး လာတဲ့အခါ
အရောင်က လုံးဝ သွေးအနီရဲရဲ ရောင်နော်

ကပ်ခွာမရှိလို့ တစ်ပတ် နှစ်ပတ်နောက်ကျပြီး
လာတဲ့ချိန်ဆို သွေးအရောင်က အစပထမရက် နဲ့
ဒုတိယ ရက်ဆို သွေးပုတ်ရောင် ရင့်ရင့်မဲမဲ နဲ့ ဆင်း
တာ

ဒီလမှာက ထူးထူးခြားခြား အိမ်မှာ ကပ်ခွာလည်း
ရှိထားတာရယ် အရမ်းလည်း ရာသီဥတု အေးတာ
ကြောင့် (3)ည ဆက်တိုက် ကပ်ပြီး အိပ်တာ

Health apps က ခန့်မှန်းပေးထားတဲ့ရက် အတိုင်း
ကွက်တိ လာတယ်

ပြီးတော့ အရောင်အဆင်းက အနီရဲရဲလေးနဲ့ Healthy
Blood Color လေးဖြစ်နေတာ အများကြီးလည်း
ဆင်းတယ်

လာပြီး ဒုတိယရက်ဆို တနေ့ (3) ခုလောက်ကို
လဲရတယ် ညအပါဆို လေးခုလောက်ပေါ့ 😊

ဒါကြောင့် #ရာသီလာတာနောက်ကျခြင်း နဲ့
#ရာသီအလာနည်းသူများ #ရာသီထိန်တတ်သော
သူများ မဖြစ်မနေ သုံးပေးကြည့်နော် 😙

ပြီးရင် #ရာသီလာနေစဥ် ကိုက်ခဲတတ်သူများ
အတွက်လည်း #ကိုက်ခဲတတ်သော နေရာတွေမှာ
ကပ်ပေးလို့ရတယ်

Admin Nann ကတော့ ကျေးဇူးကြောင့်
ရှယ်ကိုပျော်နေပါပြီ😇

#မီးယပ်ပြဿနာကင်းဝေးစေလို့ ချစ်တယ်




27/01/2023

#သွားတိုက်ဆေးတွင်ရှောင်ရှားသင့်သောပါဝင်ပစ္စည်း (6)မျိုး

လူကြိုက်များသော သွားတိုက်ဆေးတွင်
ပါဝင်တဲ့ ပါဝင်ပစ္စည်းတချို့ဟာ ကျန်းမာရေးနှင့်
မညီညွတ်ပေ ၊

နေ့တိုင်း သွားခံတွင်းရှင်းဖို့ သွားတိုက်ဆေး
သုံကြတယ်မလား
ဟုတ်ပါတယ် သင်ကိုယ်တိုင်ရော ကျွန်မအပါအဝင်
သုံးကြတယ်

ဒါပေမယ့်
အဲ့ဒီသွားတိုက်ဂျယ်ရဲ့ သေးငယ်တဲ့
ပြွန်ထဲမှာ ဘာတွေပါလဲ သိကြလား ?

ဒါက ဖြစ်ရပ်မှန်တစ်ခု

🦷ကိုယ်နေ့စဥ်အသုံးများနေတဲ့ ထုတ်ကုန်ပစ္စည်း
အချို့တွင် ပါဝင်ပစ္စည်း များကို သေချာစွာ
မစစ်ဆေးကြည့်ဖူးကြပါဘူး

နာမည်ကြီးတယ်ဆိုရင် ဝယ်သုံးလိုက်ကြတာဘဲ ဟုတ်

🦷သွားတိုက်ဆေးသည် သင့်ရေချိုးခန်းကောင်တာ
တွင် အဓိကအကျဆုံးဖြစ်တာ​ရယ်၊ သင်မကြာခဏ
အသုံးပြုနေသော ကြောင့် သင့်ပါးစပ်ထဲသို့ ဘာထည့်နေသည်ကို သိရန်အရေးကြီးပါတယ်

🦷အထူးသဖြင့် ကလေးများရှိလျှင် ကလေးများသည်
သွားတိုက်ဆေးကို မျိုချနိုင်ခြေ ပိုများသောကြောင့်
ဖြစ်တယ်

ဒါကြောင့် သင်သွားတိုက်ဆေးဝယ်တဲ့အခါ
ဘာ Ingredients တွေကို ရှောင်ရှားသင့်တာလဲ ?
ဆိုတာ သိထားဖို့ လိုအပ်ပါတယ်

🔰1.Artificial Dyes

သွားတိုက်ဆေးမှာပါတဲ့ ဆိုးဆေးတွေက
သင့်သွားပွတ်တံ မှာ သင်ထည့်ထားတဲ့ သွားတိုက်ဆေး
ကို အရောင်အသွေးစုံစေပြီး ကျန်းမာရေးနဲ့
မညီညွတ်စေပါဘူး

🦷အချို့သော ဆိုးဆေးများသည် အချို့သော
ကင်ဆာအမျိုးအစားများနှင့် ဆက်စပ်နေသော
ပါဝင်ပစ္စည်းများဖြစ်သော ရေနံ သို့မဟုတ် ကျောက်မီးသွေး ကတ္တရာမှ ဆင်းသက်လာတယ်

🦷နေ့တိုင်း ပမာဏနည်းနည်း မျိုချမိရင် ကျန်းမာရေးအတွက် အန္တရာယ် မရှိနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ

ဆိုးဆေးအတု သို့မဟူတ် အရောင်ဆိုးဆေး များ
မပါဝင်သည့် သွားတိုက်ဆေးများတွင် အဘယ်ကြောင့် အခွင့်အရေးယူရသလဲ ?

🦷ဓာတုဆိုးဆေးများကို ရှောင်ရှားရန်
ဒီဓါတူပစ္စည်းများကို အသုံးပြုမယ့်အစား မုန်လာဉဖျော်ရည် မှုန့် သို့ နနွင်းမှုန့်ကဲ့သို့သော သဘာဝအရောင်များကို အသုံးပြုထားသော သွားတိုက်ဆေး ရှာဖွေပါ

🦷သင့်သွားတိုက်ဆေးတွင် ဆိုးဆေးအတု ပါဝင်ခြင်းရှိ၊
မရှိ သိရှိရန် ဒီအသုံးများသော ပါဝင်ပစ္စည်းစာရင်းကို
စစ်ဆေးပါ

⛔️FD&C သို့မဟုတ် D &C ပြီးနောက် အရောင်နှင့်နံပတ် (ဥပမာ FD&C Red 40),Blue 1 and 2, Green 3, Orange B, Citrus Red 2, Violet 2)

🦷ကံကောင်းထောက်မစွာ အွန်လိုင်းနှင့်
အချို့သော သဘာဝ အစားအစာစျေးကွက်များ နှင့် ကျန်းမာရေး အစားအစာဆိုင်များတွင် ဤအရောင်
မပါဝင်သည့် သွားတိုက်ဆေးများရှိပါသေးတယ်

🦷တချို့သွားတိုက်ဆေးတွင် ကြည့်တဲ့အခါမှာ
အရောင်ပိုလှစေဖို့ ဆိုးဆေးအရောင်တု သုံးကြတာရှိတယ်

⛔️အဲ့ဒါ ကျန်းမာရေးအတွက်
ကောင်းသော ရွှေးချယ်မှု မဟုတ်ပါဘူး

🔰2. Diethanolamine (DEA)

DEA သည် သွားတိုက်ဆေးအပါအဝင် အခြားသော
ထုတ်ကုန်များစွာတွင် အသုံးပြုသည့် ဓာတုပစ္စည်း
တစ်မျိုးဖြစ်တယ်

🦷၎င်းသည် တခါတရံတွင် surfactant , emulsifier foaming agent နှင့် thickener အဖြစ် ထုတ်ကုန်များထဲသို့ တခါတရံ ဓာတုရေနံများမှ ဆင်းသက်လာတယ်

🦷အလှကုန် ခေါင်းလျှော်ရည်နှင့် ဆပ်ပြာတွေမှာလည်း ပါပါတယ်။ သွားတိုက်ဆေး မှာ ကတ္တရာစေးပေါက်ခြင်း
(Tartar buildup) ကို ကာကွယ်ပေးပြီး သွားချေးလွှာ
(plaque) ကို လျှော့ချပေးပေမယ့် အားနည်းချက်
အချို့ရှိပါတယ်

✍️American Dental Association (ADA) မှလည်း
လူကို အဆိပ်ဖြစ်စေသော nitrosamines များ
ဖြစ်ပေါ်လာစေရန် အခြားပါဝင်ပစ္စည်းများနှင့် ဓာတ်ပြုနိုင်သောကြောင့် DEA ပါဝင်သော သွားတိုက်ဆေးကို ရှောင်ကြည်ရန် အကြံပြုထားတယ်

🦷DEA သည် ကင်ဆာဖြစ်စေနိုင်သော အာနိသင်များရှိပြီး အထူးသဖြင့် အချို့သောကျန်းမာရေး အခြေအနေရှိသူများတွင် ဓာတ်မတည့်မှုဖြစ်ပေါ်စေနိုင်တယ်

🦷ထို့အပြင် ၎င်းသည်
ဟော်မုန်းကို အနှောက်အယှက်ဖြစ်စေသည်ဟု
စိုးရိမ်မှု များလည်း ရှိနေတယ်

🔰3.Sodium Lauryl Sulfate (SLS)

SLS သည် ရေ နှင့် ဆီရောနှောမှုကို ကူညီပေးသည့်
surfactant တစ်မျိုးဖြစ်သည်။သွားတိုက်ဆေး ခေါင်းလျှော်ရည် နှင့် ဆပ်ပြာ အပါအဝင် အချို့သော
တကိုယ်ရေသုံး ထုတ်ကုန်များတွင် အမြုပ်ထွက်သည့် အေးဂျင့်အဖြစ် လည်း အသုံးပြုသည်

🦷SLS သည် အရေပြားယားယံခြင်းနှင့် အခြားသော
ကျန်းမာရေး ပြဿနာများနှင့် ဆက်စပ်နေသည့်
လေ့လာမှုများ၏ အဓိက အချက်ဖြစ်သည်

🦷သို့သော် FDA မှ စိတ်ချရသည်ဟု ယူဆထားဆဲ ဖြစ်သည် ၊အကြောင်းမှာ သိပ္ပံနည်းကျလေ့လာမှု
တစ်ခုမှ SLS သည် ကင်ဆာဖြစ်စေတဲ့ အခြားပြင်းထန်သော ရောဂါ များဖြစ်စေ​ကြောင်း
ရှင်းရှင်းလင်းလင်း မတွေ့ရှိရသောကြောင့် ဖြစ်သည်

🦷သို့သော်လည်း ဤပါဝင်ပစ္စည်းများ နှစ်ခုသည် ကျိုင်းနာများ နှင့် အခြား ခံတွင်းယားယံခြင်းများ နှင့် ဆက်စပ်နေသောကြောင့် ဖြစ်နိုင်ပါက ၎င်းတို့ကို ရှောင်ရှားရန် အကောင်းဆုံး ဖြစ်ပါတယ်

🦷သင်သွားတိုက်ဆေး ဝယ်တဲ့အခါ ရွေးချယ်စရာအများကြီးရှိသည့်အထဲမှ ကျန်းမာရေးအတွက်
မကောင်းစေသော ပါဝင်ပစ္စည်းမျိုး မရွေးချယ်ဘဲ ကောင်းတာ ပိုရွေးနိုင်ပါတယ်

🔰3. Triclosan

Triclosan သည် တစ်ချိန်က သွားတိုက်ဆေးတွင် အသုံးများသော ပိုးသတ်ဆေနှင့် မှိုသတ်ဆေး ဖြစ်သည်။

🦷 ၎င်းသည် ဟော်မုန်းနှောက်ယှက်ခြင်း နှင့် တိရိစ္ဆာန်များတွင် မျိုးမပွားနိုင်ခြင်းနှင့် အခြားပြဿနာ များကို ဖြစ်စေသည့် မှတ်ပုံတင် ထားသော ပိုးသတ်ဆေးလည်း ဖြစ်သည်။

🦷Triclosan သည် သင့်အူအတွင်း နေထိုင်သော
ကျန်းမာသော ဘက်တီးရီးယားများကို နှောက်ယှက်ပြီး ဟန်ချက်ပျက်စေနိုင်တဲ့ အထောက်အထားများလည်း
ရှိပါတယ်

🦷အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန သည်
2016 ခုနှစ်တွင် ဘက်တီးရီးယားပိုးသတ် ဆပ်ပြာများတွင် triclosan နှင့်

2019 ခုနှစ်တွင် သွးတိုက်ဆေးများတွင်
တားမြစ်ပိတ်ပင်ခဲ့ပါတယ်

🦷သို့သော် သင့်တွင် သွားတိုက်ဆေးကို စုဆောင်းထားပြီး ဘေးပတ်ပတ်လည်တွင် ပြွန်အဟောင်းများရှိနေသေးပါက ၎င်းတို့တွင် Triclosan ပါဝင်နိုင်ပါသည်

⛔️Triclosan ကို ရှောင်ရမယ့်အကြောင်းရင်း
တစ်ခုရှိပါသေးသည်။

🦷 American Dental Asso iation (ADA) ၏အဆိုအရ Triclosan သည် သွားဖုံးနှင့် လျှာကို ရောင်ရမ်းစေပြီး ခံတွင်း PH အဆင့်ကို ပြောင်းလဲစေကာ ဓာတ်မတည့်မှုကို တိုးမြင့်စေပြီး ခြောက်သွေ့မှုကို ဖြစ်ပေါ်စေသည်။

🔰5.Titanium Dioxide

Titanium Dioxide သည် သွားတိုက်ဆေးတွင်
အသုံးများသော ပါဝင်ပစ္စည်းဖြစ်သည်။

🦷သွားဖြူစင် စေပြီး သွားချေးတက်ခြင်းကို လျှော့ချရန် အသုံးပြုသော်လည်း သွားနှင့် သွားဖုံးများကို ထိခိုက်စေနိုင်ပါသည်။ နေရောင်ကာခရင်မ်နှုင့် သုတ်ဆေးတို့တွင်လည်း ပါဝင်ပစ္စည်းတစ်ခု ဖြစ်သည်

🦷သင့်တွင် ထိခိုက်လွယ်သော သွားများရှိပါက
Titanium Dioxide ပါဝင်သော ထုတ်ကုန်များကို
ရှောင်ပါ

🦷Titanium Dioxide သည် အနည်းငယ်သာ ထိခိုက်မှု
ဖြစ်စေကြောင်း အထောက်အထားမရှိသော်လည်း

၎င်းသည် မည်မျှအန္တရာယ်ကင်းကြောင်း ဆွေးနွေး
ငြင်းခုံမှုများရှိနေသည်။ ထိခိုက်လွယ်သော သွားများရှိလျှင် ပြဿနာအရှိဆုံး ဖြစ်သည်။

🔰6. Artificial Sweeteners

အချိုအတုနှင့် ကင်ဆာကြားတွင် ခိုင်မာသော
ဆက်စပ်မှုကို သက်သေမပြနိုင်သေးသော်လည်း
အတုအပ အချိုရည်များသည် အူ Microbiome ကို
နှောက်ယှက်နိုက်ကြောင်း လေ့လာမှုများက ဖော်ပြသည်။

🦷ထို့ကြောင့် သွားတိုက်ဆေးကို အရသာကောင်းအောင်ပြုလုပ်နိုင်သော်လည်း အစားအစာများနှင့် သွားတိုက်ဆေးများတွင် ရှောင်ကြည်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

⚜️အချုပ်အနေဖြင့်
သံသယဖြစ်ဖွယ်ပါဝင် ပစ္စည်းများကို အသုံးပြုသည့် အမှတ်တံဆိပ် များစွာရှိသည်

ဒါပေမယ့်
ငါသွားတိုက်တာ အဲ့လောက်မြန်တာ အဲ့ဒါတွေ က
ငါ့ကို ဘယ်လို သက်ရောက်မှုရှိနိုင်မှာလဲ ?

⚜️စင်စစ်မှာ သံသယဖြစ်နိုင်သော ပါဝင်ပစ္စည်းများ
ပါဝင်သော သွားတိုက်ဆေးကို နေ့တိုင်းတိုက်မိပါက
သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ၎င်းတို့ကို ကလေးများ အသုံးပြုရာတွင်လည်း စိုးရိမ်မှု များ ရှိနေပါသည်

⚜️ဓာတုပစ္စည်းများကဲ့သို့ တူညီသော သန့်ရှင်းတောက်ပြောင်မှု အာနိသင် ကိုရရှိနိုင်သော သဘာဝထုတ်ကုန်များစွာ ရှိပါသည်

✅ဒါကြောင့် နောက်တကြိမ် သွားတိုက်ဆေးဝယ်တဲ့အခါ
အဲ့ဒီအညွှန်းတွေ ကို ဖတ်ပြီး ဘေးကင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့သာ ရွေးချယ်လိုက်ပါ

သဘာဝပစ္စည်းဖြင့်သာ ထုတ်လုပ်ထားသော
Hanuman Toothpaate ကို သုံးစွဲလိုပါက
09882492299 (or) page message box ကို
အရောက်ကြွလှမ်းခဲ့ပါ 😘

Wellness Aesthices_Hanuman Brand

⛔️စာများကူးယူကာ မိမိ၏ ကိုယ်ပိုင်အကောင့်များသို့ ပြန်လည်ဖော်ပြခြင်း မပြုလုပ်ဘဲ share ပေးခြင်းဖြင့် ကူညီရာရောက်ပါသည် 😘

REFERENCES: Source from internet
Transalate by Crystal Houm …



22/12/2022

ဆောင်းတွင်းမှာ အဖြစ်များတဲ့ ကလေးငယ်တွေ

#နှာစေး #ချောင်းဆိုး ကို ဘယ်လို
သက်သာအောင် လုပ်ရလဲ ဆိုတာ ပြပေးထားပါတယ်



Review အသစ်လေးတွေ မတင်ဖြစ်တာ ကြာပြီ ဒီနေ့ကတော့ ရသလောက်ကို ပစ်တင်ပါပြီFeedback တို့ဆိုတာမျိုးက ပိုက်ဆံပေးပြီး ပေးခိုင်းလိ...
18/12/2022

Review အသစ်လေးတွေ မတင်ဖြစ်တာ ကြာပြီ
ဒီနေ့ကတော့ ရသလောက်ကို ပစ်တင်ပါပြီ

Feedback တို့ဆိုတာမျိုးက
ပိုက်ဆံပေးပြီး ပေးခိုင်းလို့ မရဘူး

Customerတို့ ရှာထားတဲ့ပိုက်ဆံနဲ့ ဝယ်သွားပြီး
တကယ်ကို သူတို့အတွက် အကျိုးပြုတော့မှ
Feedback ရတာမျိုးပါနော်

ဘာဖြစ်ဖြစ်ကျေနပ်တယ်
နောက်နောင်လည်း လူတွေအများရဲ့ ဝေဒနာကို
ထပ် ကူညီပေးသွားဦးမယ်ရှင် 😙


ပစ္စည်းရောက် ဖောက်စစ် ရောက်သည့်နေရာတိုင်း ပစ္စည်းအမြဲရှိတယ်
13/12/2022

ပစ္စည်းရောက် ဖောက်စစ်

ရောက်သည့်နေရာတိုင်း ပစ္စည်းအမြဲရှိတယ်

အခုရက်ပိုင်း Mwe ရဲ့ customer တွေကြောင့်  #နှာစေးခြင်ပြေးစတေတကာ တွေ လက်လီတွေ ရှယ်ထွက် အခု December လထဲမှာ ပိုအေးတာကြောင်...
10/12/2022

အခုရက်ပိုင်း
Mwe ရဲ့ customer တွေကြောင့်

#နှာစေးခြင်ပြေးစတေတကာ တွေ
လက်လီတွေ ရှယ်ထွက်

အခု December လထဲမှာ ပိုအေးတာကြောင့်
#ကလေးငယ်တွေ နှာစေး/ပိတ် ဖြစ်လာတဲ့အခါမှာ

#ဆိုးကျိုးကင်းကင်းနဲ့ သက်သာစေတာကြောင့်ပါ


01/12/2022

ဆီလိန် တို့တွေးထားသလောက်
သွားတိုက်ဆေးဟာ

Nann တို့ရဲ့ ခံတွင်းသန့်ရှင်းရေး
လုပ်ရိုးလုပ်စဉ်ရဲ့အဓိကအစိတ်အပိုင်း
တစ်ခုဖြစ်တယ်

တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်းရဲ့
အရေးကြီးပုံကို လူတိုင်းသိသော်လည်း
သွားတိုက်ဆေး၏ အရေးပါပုံကိုတော့ အနည်းငယ်သာ သိကြပါတ​ယ်

တစ်ချို့လူတွေက အများကြီးသုံးကြတယ်၊
တစ်ချို့လူတွေက ရေကိုပဲသုံးကြပြီး
တချို့လူတွေက သူတို့ကိုယ်တိုင် သွားသန့်ရှင်းရေးလုပ်ကြတယ်

အရေးကြီးတာက သင့်သွားတွေကို စနစ်တကျသန့်ရှင်းဖို့ နဲ့ သွားတိုက်ဆေးက သင့်ခံတွင်းတစ်ခုလုံး သန့်ရှင်းမှုကို ဘယ်လိုကူညီပေးနိုင်လဲဆိုတာ သိဖို့ က အရေးကြီးပါတယ် 📌

Wellness Aesthetics_Hanuman Brand



03/11/2022

မနေ့ညက သားအမိ (3)ယောက် တရားတော်သွားနာ
ဆရာတော်ဘုရား မိုင်းဖုန်းဆရာတော် ကို ဖူးမျှော်ကာ

ပြန်လာတော့ အကြီးမက အသံဝင်နေပြီး
နေမကောင်း မဖြစ်အောင် #မရှိမဖြစ်အရေးပါ လှတဲ့

ကို ကပ်ပြီးအိပ်ကြတာ
တရေးတောင် မနိုးကြဘူး 😁

ဒီအမေလည်း အိပ်ကောင်းနေတာနဲ့ကို မထချင်ဘူး
သားအမိ (3)ယောက် အိပ်ရာထ နောက်ကျပါလေရော

အကြီးမလည်း အသံဝင်တာပျောက်☺️


 #သွားတိုက်တံတစ်ခုလေးပဲကို ဘာထူးခြားလို့လဲ ? သွားတိုက်တံဆိုတဲ့ နာမ်စားတစ်ခုပဲကြားရင်အတွေးထဲမှာ ကိုယ်သုံးနေကြ သွားတိုက်တံ...
01/11/2022

#သွားတိုက်တံတစ်ခုလေးပဲကို ဘာထူးခြားလို့လဲ ?

သွားတိုက်တံဆိုတဲ့ နာမ်စားတစ်ခုပဲကြားရင်
အတွေးထဲမှာ ကိုယ်သုံးနေကြ သွားတိုက်တံ

ကောင်းခြင်း မကောင်းခြင်းအပေါ်မူတည်ပြီး
ဆုံးဖြတ်မယ် မဟုတ်လား ?

ဘယ်အရာမဆို ကိုယ်ကြုံဖူးတဲ့အရာတွေနဲ့
နှိုင်းယှဥ်ပြီး ဆုံးဖြတ်မစောစေချင်ဘူး

အခုလည်း ကို Limited အနေနဲ့
ထုတ်လာတယ်ဆိုတာ ဆွဲဆောင်ချင်တာ
မဟုတ်ဘဲ ဝယ်ယူသုံးစွဲသူအနေနဲ့ သွားတိုက်
တံ ဖိုးလေး အနည်းငယ်လောက် သက်သာရုံ

နဲ့တင်ကျေနပ်မှု ရစေချင်တယ်

Set လိုက်သုံးစွဲရတဲ့အခါမှာ နှလုံးသားထဲမှာ
ပြုံးပျော်ပီတိလေး ခံစားစေချင်လို့ 😌

Premium ကိုတန်ဖိုးထားတဲ့သူ တစ်ယောက်
အနေနဲ့ သင်ဟာကောင်းတဲ့ပစ္စည်းနဲ့ ထိုက်တန်
ကြောင်း သိစေချင်လို့

ပထမဦးဆုံး ဝယ်ယူအားပေးတဲ့ ကျေးဇူးရှင်
တွေကို ဦးဦးဖျားဖျား ဝယ်ယူနိုင်တယ်ဆိုတဲ့
ဂုဏ်လေး ပေးချင်လို့ 😘

လက်ဆောင်သီးသန့်တော့ မရောင်းလို့
သွားတိုက်ဆေး နှစ်ဗူးဝယ်မှပဲ ရနိုင်တဲ့
အတွက် အခုပဲ

ဦးဦးဖျားဖျား အော်ဒါတင်လိုက်ပါ 🤍🤎

မှာယူလိုပါက Link ကိုနှိပ်ပြီးမှာနိုင်ပါတယ်

https://m.me/hanumanbrandByhsilurn369

Personal Account link 👇
https://m.me/hsi.lurn.1




 #ခံတွင်းကျန်းမာရေးအရေးကြီးပုံခံတွင်းကျန်းမာရေးသည် ခန္ဓာကိုယ်၏ အလုံးစုံကျန်းမာရေး၊ သုခချမ်းသာနှင့် ဘဝအဆင့်အတန်း၏ အဓိက ညွ...
28/10/2022

#ခံတွင်းကျန်းမာရေးအရေးကြီးပုံ

ခံတွင်းကျန်းမာရေးသည် ခန္ဓာကိုယ်၏ အလုံးစုံကျန်းမာရေး၊ သုခချမ်းသာနှင့် ဘဝအဆင့်အတန်း၏ အဓိက ညွှန်ပြချက်ဖြစ်တယ်

၎င်းတွင်
#သွားပိုးစားခြင်း၊ #သွားဖုံးရောဂါ၊
#သွားများဆုံးရှုံးခြင်း၊ #ခံတွင်းကင်ဆာ၊
oro-dental trauma၊ noma နှင့် မွေးရာပါ
ချို့ယွင်းချက်များ ကဲ့သို့သော
#နှုတ်ခမ်းကွဲနှင့် #အာခေါင်များပါ၀င်သည့် ရောဂါများနှင့် အခြေအနေများ ပါဝင်တယ်

Global Burden of Disease Study 2019 တွင်
ခံတွင်းရောဂါများဟာ ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း
၃.၅ ဘီလီယံခန့်ကို ထိခိုက်နိုင်သည်ဟု ခန့်မှန်းထားတယ်

နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီ၏ အဆိုအရ #နှုတ်ခမ်းနှင့် #ခံတွင်းကင်ဆာများသည် ကမ္ဘာတစ်ဝှမ်းတွင် အဖြစ်အများဆုံး ကင်ဆာ 20 % တွင်ပါဝင်ပြီး နှစ်စဉ်သေဆုံးသူ 180,000 နီးပါးရှိတယ်

Refrence : WHO




မိသားစုလိုက်သုံးမယ်ဆိုရင် နှစ်ဗူးယူရုံနဲ့   ဖြစ်တဲ့    လက်ဆောင် ယူလိုက်ပါ Only First Lot မှာပဲ ရမယ့်အခွင့်အရေး ✌️
28/10/2022

မိသားစုလိုက်သုံးမယ်ဆိုရင် နှစ်ဗူးယူရုံနဲ့
ဖြစ်တဲ့
လက်ဆောင် ယူလိုက်ပါ

Only First Lot မှာပဲ ရမယ့်အခွင့်အရေး ✌️



29/09/2022

Team : အမ ရောင်းတာလား သုံးတာလား ?
ပစ္စည်းပို့တာလည်း ဘာညာ မတွေ့ရ သုံးပြဖို့ပဲ လား 😅

Me : ကိုယ်တိုင်က ချောင်းဆိုးနေတာ မသုံးပဲ
နေရမှာလား ကိုယ်တိုင် မသုံးရင် ဘယ်သူက ယုံမလဲ ?

Team : သုံးနေတာ ဘယ်နှစ်ဗူးရှိပြီလဲ ?
Me : (4-5)ဗူးလောက်ပါပဲ 😁

Fiance Team : အမြတ်ကတော့ သွားပါပြီ😏




ကလေးနှင့် Hanuman Footpatch အကျိုးပြုပုံ*******************************************ကျွန်မကတော့ ကလေးအမေဆိုတဲ့အတိုင်းပဲ   ...
29/09/2022

ကလေးနှင့် Hanuman Footpatch အကျိုးပြုပုံ
*******************************************

ကျွန်မကတော့ ကလေးအမေဆိုတဲ့အတိုင်းပဲ
က မရှိမဖြစ်ကို လိုအပ်တဲ့အရာ တစ်ခု
ဖြစ်နေပြီ

📌အောက်ကပုံ အတိုင်း မဲညစ်နေရတဲ့
အကြောင်းရင်း ပြောပြပါမယ်

မနေ့က ကလေးကို စျေးထဲခေါ်သွားရင်း
ဝါးဟားဟား ရေခဲ့မုန့် ရောင်းနေတာ တွေ့တော့

ကလေးဆိုတဲ့အတိုင်း ကျီကျပြီး တောင်းစားတာပေါ့ ဪ.. ကိုယ်ကလည်း သူတို့ကို ဝယ်မကျွေး
ရတာလည်း ကြာနေပြီ
တခါမှ တလေပဲ ဝယ်ကျွေး လိုက်ပါမယ်ဆိုပြီး

တစ်ယောက်တစ်ခု ဝယ်ပေးလိုက်တယ်
စျေးထဲ မနက်စာသွားစားရင်း အိမ်ပြန်လာတာ

ခဏလောက် အမောဖြေပြီး ရေချိုးကြမယ်တဲ့
ရေချိုးရင်း ရေဆော့တာ (၅)မိနစ်လောက် ကြာသွားမယ် ထင်တယ်

ကျွန်မလည်း အလုပ်လုပ်နေတာကနေ
သတိဝင်လာပြီး တော်ဖို့ ပြောတာ မတော်ချင်ကြ
သေးဘူး

ဒါပေမယ့် သူတို့ကို ဆပ်ပြာတိုက် ခေါင်း
လျှော်ပေးပြီး အဝတ်အစားလဲပေး လိုက်တယ်

ရွာမှာဆိုတော့ သိတဲ့အတိုင်း သူတို့ဘွားလေးဆီ
သွားပြီး ဟိုစားဒီစားနဲ့ ထမင်းကမစား ညနေပိုင်း
ရောက်တော့ ကိုယ်တွေပူကျစ်ပြီး ဖျားပါလေရော

ညရောက်တော့လည်း အစာထပ်မဝင်နဲ့ အရည်ပဲ
တောင်းသောက်နေတာ အဲ့ဒါလည်း ထပ်အန်
ဝမ်းလည်းလျော နှုတ်ခမ်းတောင်ပြာတယ်

သေချာပြီ
#အဆုတ်အအေးမိပြီး #အစာအဆိပ်သင့်
(Food Poisoning )ဖြစ်တာ သိသိချင်း
ညအိပ်ရာမဝင်ခင်

နွားနို့တစ်ခွက် နဲ့ မှုန့် အနည်းငယ် ဝင်အောင်
ချော့ကျွေးပြီး ဆေးနောက်တခါတိုက်တယ်

အဲ့ဒါအပြင်
Footpatch ကို ခြေဖဝါးတစ်ခုလုံး
အပြည့်ကပ်ပြီး Message Oil ကို ကျောကို လူးပေး
ထားလိုက်တယ်

#ခေါင်းပါကိုက် တယ်ဆိုတော့ #နှာစေး စတကာပါ
ကပ်ပေးထားလိုက်တယ်

ညသန်းခေါင်ရောက်တော့ ဝမ်းထပ်လျှောတာ
(၃-၄) ခါ ဒီမနက်ထိပါပဲ
ကျွန်မတောင်မှ မနက် (၃)နာရီမှ အိပ်ရတာ 🥱

ဒါပေမယ့် မနက်ထလာတော့ ကလေးက #အဖျား နဲ့ #အန် တာတော့ မရှိတော့ဘူး ဆိုတော့ စိတ်ပျော်
သွားပြီ

ဒီမနက် ခွါပစ်တဲ့ချိန် ကိုယ်တောင်
လန့်တယ် ချွဲပစ်ပြီး မဲညစ်နေတာ မြင်တဲ့အတိုင်းပါပဲ 😳

ဘာလို့လဲ ဆိုတော့
အရင်တစ်ရက် နှစ်ရက်တုန်းက ကပ်ပေးသေးတယ်
အရည်မဲ သိပ်မထွက်ဘူးလေ (အဲ့ချိန်က ဘာမှမဖြစ်ပဲ ကပ်ပေးတာ ဆိုတော့)

ဒီလိုမျိုး ကလေးဆရာဝန် မရှိတဲ့အရပ်မှာ
ရှိနေတာတော့ ဝေဒနာကို
အမြန် သက်သာစေလို့ အိမ်မှာ အမြဲဆောင်ထား ပြီး
ရောင်းဖြစ်သွားတာ

#ကိုယ်တွေ့ဖြစ်ရပ်မှန်




Address

Taunggyi
101104

Telephone

+959882492299

Website

Alerts

Be the first to know and let us send you an email when Wellness Aesthetics_Hanuman Brand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Other Medical & Health in Taunggyi

Show All