
31/08/2025
မိဘပြည်သူများ မင်္ဂလာပါ 🙏🙏🙏
ဒီပိုစ့်လေးကတော့ မနေ့ည-၁၂ နာရီမှာ ဆေးခန်းကို ရောက်လာတဲ့လူနာနှစ်ယောက်အကြောင်း ပြောပြချင်လို့ပါ။
(၁)လူနာတစ်ယောက်က လူငယ်လေး၊ သာမာန်ဖျားနာတာဖြစ်တဲ့အတွက် ကုသမှုခံယူပြီးနောက် အိမ်ပြန်ရပါတယ်။
(၂)နောက်လူနာတစ်ယောက်ကတော့ အသက် ၇၀ ကျော် အဖွားအို၊ အမောဖောက် အောက်ဆီဂျင်ကျနေတာဖြစ်တဲ့အတွက် မြတ်တော်ဝင်ဆေးရုံကြီးနဲ့ချိတ်ဆက်ပြီး ဆေးရုံတင်ဖို့ စီစဉ်ရပါတယ်။
လူနာပို့ဆောင်ခြင်း
ဒါ့အပြင် လူနာသက်သောင့်သက်သာဖြစ်ဖို့အတွက်ကော၊ လိုအပ်တဲ့ အောက်ဆီဂျင်မကျသွားအောင် လိုအပ်တဲ့အောက်ဆီဂျင်ရှုရင်းသွားနိုင်အောင်ကော မြတ်တော်ဝင်ဆေးရုံကြီးနဲ့ချိတ်ဆက်ခဲ့ပါတယ်။အဲ့ဒါကြောင့် မြတ်တော်ဝင်ဆေးရုံကြီးကနေကျွန်တော်တို့ ရွှေတောင်ကြီးဆေးခန်းထိ လူနာတင်ယာဉ်နှင့်တကွ ကျန်းမာရေးဝန်ထမ်းများပါ လာရောက်ဂရုစိုက်ခေါ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ပူပေါင်းကူညီဆောင်ရွက်ပေးမှုတွေအတွက်လည်း မြတ်တော်ဝင်ဆေးရုံကြီးနှင့်တကွ ဆေးရုံဝန်ထမ်းအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ပြောပါရစေခင်ဗျာ။
Message ပေးချင်တာကတော့
ဒီပိုစ့်မှာ လူနာ နှစ်ယောက်အကြောင်း ထည့်သွင်းပြောပြရတာဟာ နှိုင်းယှဉ်ကြည့်လို့ရအောင်ပါ။
---သာမာန်ဖျားနာလူနာအတွက် ကိုယ့်အိမ်ကိုယ့်ပတ်ဝန်းကျင်မှာ ၂၄ နာရီအထွေထွေရောဂါကုဆေးခန်း တခုရှိခြင်းဟာ ညရေးညတာကျန်းမာရေးကိစ္စများအတွက် ကုန်ကျစရိတ်ကော၊ အချိန်ကော အရမ်းသက်သာပါတယ်။
---ဒါ့အပြင် အရေးပေါ်လူနာတွေအတွက်လည်း လိုအပ်တဲ့ ရှေးဦးကုသမှုတွေခံယူခွင့်ရနိုင်ပါတယ်။ကျွန်တော်တို့ရွှေတောင်ကြီး ၂၄ နာရီအထွေထွေရောဂါကုဆေးခန်းဟာ တောင်ကြီးမြို့ရဲ့ ဆေးရုံကြီးတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ ချိတ်ဆက်ထားနိုင်တဲ့ အထွေထွေရောဂါကုဆေးခန်းတခုဖြစ်ပါတယ်။ ဒါကြောင့်ရောဂါအခြေအနေအရ ဆေးရုံတက်ရောက်ပြီး အထူးကုသမားတော်ကြီးတွေနဲ့ ကုသမှုခံယူခွင့်ကို လည်း အချိန်တိုင်း မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ရရှိနိုင်တာဖြစ်ပါတယ်။
မိသားစုများ ကျန်းမာရေးအတွက် ရွှေတောင်ကြီး ၂၄ နာရီ အထွေထွေရောဂါကုဆေးခန်း ရှိနေပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်ပါရစေ❤️
အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Admin Team
Taunggyi Home Healthcare- ရွှေတောင်ကြီး အထွေထွေရောဂါကုဆေးခန်း