12/03/2023
DXN Roselle ရဲ့ အကြောင်းအရာ ပြည့်ပြည့်စုံစုံလေး ဖတ်ကြည့်ပါနော်။ ကျန်းမာရေးအတွက် အထောက်အကူအများကြီး ဖြစ်စေမှာပါ ....
ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ အစားအသောက်မျိုးစုံ စားသောက်ရန်လိုအပ်ပါတယ်။ ဒါမှလည်း အာဟာရမျိုးစုံကို ရရှိမှာဖြစ်ပါတယ်။ အစားအစာ တစ်မျိုးတည်းကိုပဲ ကြိုက်နှစ်သက်စွာ စားသုံးနေခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
အာဟာရအမျိုးအစားပေါင်း ရာထောင်ချီပြီး ပုံစံမျိုးစုံရှိနေပါတယ်။ တစ်ခုနဲ့ တစ်ခုလည်း မတူကွဲပြားကြပါတယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ခန္ဓာကိုယ်တွင်း ဓာတုဒြပ်ပေါင်းလုပ်ငန်းများ (Chemical transaction) သန်းနဲ့ချီပြီး ဖြစ်ပေါ်နေပါတယ်။ ဒီဖြစ်စဉ်တွေကို ဘယ်လူသားမှ တိုင်းတာနိုင်စွမ်း မရှိ၊ အင်မတန်မှများပြားပါတယ်။ ဒီဓာတုဒြပ်ပေါင်းလုပ်ငန်းများသည် ခန္ဓာကိုယ်ဆဲလ်များ အသက်ရှင်နေသရွေ့ ဖြစ်ပေါ်နေမှာပါ။
ဓာတုဒြပ်ပေါင်းလုပ်ငန်းများဟာ စိတ်ခံစားမှုအပေါ်မှာလည်း မူတည်ပါတယ်။ ပျော်နေစဉ်နှင့် ဝမ်းနည်းစိတ်ပျက်နေစဉ်တို့မှာ မတူညီကြပါ။ အိပ်နေစဉ်နှင့် နိုးနေစဉ်မှာလည်း မတူညီကြပါ။ မတူညီမှုပေါင်း အများကြီးရှိပါတယ်။
ဒါကြောင့်မို့လို့လည်း လူသားခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် တိုင်းတာနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။ မိမိခန္ဓာကိုယ်ကိုသာ အကောင်းဆုံးဆရာဝန် တစ်ယောက်အဖြစ် ယုံကြည်ပေးဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်စီမှာရှိတဲ့တာဝန်ကတော့ အကောင်းဆုံး၊ အပြည့်စုံဆုံး၊ အလုံလောက်ဆုံးသော အာဟာရများကိုစားသုံးပေးဖို့ပဲ ဖြစ်ပါတယ်။
Roselle (ချဉ်ပေါင်) ကို (၁၇) ရာစုနှစ်ကတည်းက အစားအစာအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။
သိပ္ပံအမည် : Hibiscus Sabdariffa
အခြားအမည်များ : Roselle,Asam Paya,Assm Susur Sorrel (Carribbean)
ချဉ်ပေါင်ပင်ရဲ့ အများဆုံးအသုံးပြုတဲ့အပိုင်းကတော့ Calyx (ပွင့်ဖတ်) (အသီးကိုဖုံးအုပ်ထားသောအပိုင်း) ပဲဖြစ်ပါတယ်။ ပွင့်ဖတ်များမှ ဖျော်ရည် (juice)၊ ဂျယ်လီ (jelly), ယို (jam) စသဖြင့် စားသုံးကုန်အဖြစ် ထုတ်လုပ်ကြပါတယ်။
DXN Roselle တွင်ပါဝင်သော Vitamin များ
Vitamin B1 (Thiamine)
Viatmin B2 (Riboflavin)
Vitamin B3 (Niacin)
Vitamin C (Ascorbic Acid)
DXN Roselle တွင် ပါဝင်သော Minerals (သတ္တုဓာတ်များ)
Iron
Calcium
Phosphorus
DXN Roselle တွင် ပါဝင်သော Anti-oxidants (ဓာတ်ပြယ်ပစ္စည်းများ)
Flavonoids များသည် Free radical (ဓာတ်စုလွတ်) များကို တိုက်ဖျက်ရာတွင် အသုံးဝင်။ ဓာတ်စုလွတ်များသည် ခန္ဓာကိုယ်တွင်း ဆဲလ်များအတွက် အန္တရာယ်ရှိပါတယ်။
Protocatechuic acid (PCA) ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အရေးကြီး အက်စစ်တစ်မျိုးဖြစ်ပါတယ်။
Anthocyanidins သည် သွေးဖိအား (Blood pressure) ကိုလျော့ကျစေပါတယ်။
Vitamin C ချို့တဲ့လျှင် အများအားဖြင့် ဘာတွေဖြစ်နိုင်ပါသလဲ?
ဟင်းသီးဟင်းရွက် အစားနည်း၍ Vitamin C ချို့တဲ့မှုကြောင့်ဖြစ်သည့် သွေးရောဂါ (စကဗီ)
ခွန်အားနည်းခြင်း (weakness)
သွေးအားနည်းရောဂါ၊ ဖျော့တော့နာ (anemia)
ထိခိုက် ပွန်းပဲ့လွယ်ခြင်း (brusing)
သွားဖုံးသွေးယိုစိမ့်ခြင်း (bleeding gums)
သွားအခြေများ ယိုင်နဲ့ခြင်း (loose teeth)
Vitamin C ချို့တဲ့လျှင် ခန္ဓာကိုယ်မှာ ကိုလက်စထရောများ တိုးပွားလာတာကို တွေ့ရပါတယ်။ Vitamin C လုံလောက်အောင် သောက်သုံးလိုက်သောအခါ အဆိုပါ ကိုလက်စထရောများ လျော့ကျလာပါတယ်။
Roselle ကို ဘယ်သူတွေ သောက်သုံးရမလဲ?
လူ့ခန္ဓာကိုယ် ကျန်းမာရေးအထောက်အကူပြု အာဟာရဓာတ်များစွာ ပါဝင်သည့် Roselle (ချဉ်ပေါင်) ကို အရွယ်မရွေး၊ ကျားမမရွေး သောက်သုံးနိုင်ပါတယ်။ ခွဲစိတ်ပြီးစ လူနာများ အမြန်ကျန်းမာစေရန်အတွက်လည်း Roselle ကို သောက်သုံးပေးသင့်ပါတယ်။
ကျောင်းသားအရွယ် သားသား၊ မီးမီးများကို Roselle အချိုရည်ကို အစားထိုးတိုက်ကျွေးသင့်ပါတယ်။
DXN Roselle သည် (၁၀၀) ရာခိုင်နှုန်း သဘာဝပစ္စည်းစစ်စစ်၊ အပင်ထွက်ပစ္စည်းစစ်စစ် ဖြစ်သည့်အတွက် ခန္ဓာကိုယ်မှလည်း အလွယ်တကူစုပ်ယူပြီး ထိရောက်မှု မြန်ဆန်ပါတယ်။
Roselle အချိုရည် တိုက်ကျွေးခြင်းဖြင့် နေ့စဉ် ဗိုက်တာမင်C လိုအပ်ချက်ကို ဖြည့်ပေးရာရောက်သည့်အပြင်၊ အခြား သတ္တုဓာတ်၊ ဓာတ်ပြယ်ပစ္စည်း၊ အာဟာရဓာတ်များကိုပါ အပိုလက်ဆောင် ရရှိစေမှာဖြစ်ပါတယ်။
Roselle ကို ဘယ်လို သောက်သုံးရမလဲ?
ပုံမှန်သောက်သုံးရန် သတ်မှတ်ချက်ကတော့ တစ်ရက်ကို tablet (၆) ပြားသောက်သုံးသင့်သည်။ ပိုသောက်လို့လည်း သဘာဝ အစားအစာဖြစ်တဲ့အတွက် ဘာမှစိုးရိမ်စရာမရှိပါ၊ ခန္ဓာကိုယ်မှ လိုသလို သောက်သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိပါ။ ကာယ၊ ဉာဏ ခွန်အားများကို သာမာန်ထက် ပိုမိုသုံးစွဲရသည့် အချိန်တွင် Roselle ကို ပိုမိုသောက်သုံးသင့်သည်။
Roselle Juice (ချဉ်ပေါင်ဖျော်ရည်) (၁) ဆ၊ ရေ (၈) ဆဖြင့်ရောနှောသောက်သုံးပါ။ ရေအေး၊ ရေနွေး ကြိုက်နှစ်သက်ရာဖြင့် ရောနှောသောက်သုံးနိုင်ပါတယ်။
Roselle ၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ
Collagen ကော်လာဂျင်ဖြစ်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကော်လာဂျင်များကို ကာကွယ်ပေးနိုင်၍ အထူးအရေးပါ ပါတယ်။ အရိုး (bones)၊ သွား (teeth) များအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ ရိုးဆက်ရွတ်, အဆက်ရွတ် (ligaments) များ၊ ကြွက်စွန်းရွတ်, ကြွက်စွန်းကြော, အရိုးများတွဲဆက်ထားသော ကြွက်သားအမျှင်ပိုင်း (tendons) များနှင့် သွေးကြောများ (vessels) အတွက်လည်း လိုအပ်ပါတယ်။
RG, GL ကို Spirulina နှင့် တွဲသောက်သုံးခြင်းဖြင့် လုံလောက် မျှတသော အာဟာရဓာတ်များကို ရရှိစေမှာ ဖြစ်ပါတယ်။ Spirulina တွင် ပြည့်စုံသော Vitamin C အတွက်လိုအပ်သော အာဟာရများပါဝင်ပါတယ်။ Spirulina ကို Roselle နှင့် တွဲဖက်သောက်သုံးတဲ့အခါ (၁) ပြား (၂) ပြားပင်လျှင် အစွမ်းထက်မြက်ကြောင်း တွေ့ရပါတယ်။
နှလုံးရောဂါသည်များအတွက်Roselle, Spirulina တွဲဖက်သောက်သုံးခြင်းသည် ကျန်းမာသော နှလုံးသွေးကြောများကို ပြန်လည်တည်ဆောက်ရာမှာ အစွမ်းထက်လှပါတယ်။
ခန္ဓာကိုယ်ဆဲလ်များ ပျက်စီးခြင်း၊ ဆဲလ်များ အရွယ်မတိုင်မီအိုမင်းခြင်း တို့ဟာ ဓာတ်စုလွတ် (free radicals) များနဲ့ အခြားအဆိပ် အတောက်များကြောင့် ဖြစ်ပါတယ်။ Roselle မှာ အစွမ်းထက် ဓာတ်ပြယ်ပစ္စည်း (Powerful Anti-oxidants) များပါဝင်သည့်အတွက် ဓာတ်စုလွတ်များကို ဓာတ်ပြယ်စေပြီး ကျန်းမာရေးကို ကောင်းစွာစောင့်ရှောက်ပေးပါတယ်။ ဆဲလ်များချိတ်ဆက်နိုင်စွမ်း (cell linkage damage) ကိုမြှင့်တင်ပေးနိုင်ပါတယ်။
သွေးကြောထဲရှိ Fatty acids, Amino acids, Glucose စသည့် ခန္ဓာကိုယ်အတွက် အရေးကြီးသော အရာများကို ကာကွယ်ပေးပါတယ်။
အာရုံကြောစနစ် ကျန်းမာစေရေးအတွက် အရေးကြီး ဟိုမုန်းဖြစ်သည့် Norepinephrine ထုတ်လုပ်နိုင်ရေးအတွက်လည်း ကူညီပေးပါတယ်။
Crd Dr. Firdaus Guna, DXN
😊😊😊 DXN Roselle Juice, Tablet နဲ့ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်နိုင်ပါတယ်။
-----------------------------------------------
Credit🙏🙏🙏
09421076981
/juice
/juice