Aye Nyein Thitsar Specialist Clinic

Aye Nyein Thitsar Specialist Clinic အထူးကုဆေးခန်း

ဒီတခါတော့ နားထဲက (calcium carbonate crystals) အစိုင်အခဲနေရာရွေ့တဲ့ ပြသာနာကြောင့် ချာချာလည်အောင်မူးတတ်တဲ့ (benign positio...
22/01/2024

ဒီတခါတော့ နားထဲက (calcium carbonate crystals) အစိုင်အခဲနေရာရွေ့တဲ့ ပြသာနာကြောင့် ချာချာလည်အောင်မူးတတ်တဲ့ (benign positional vertigo) ခံစားရတဲ့ လူတွေမှာ ထို အစိုင်အခဲတွေ နားထဲ အနှောက်အယှက်မဖြစ်အောင် နေရာပြန်ချပေးတဲ့ လေ့ကျင့်ခန်းတွေထဲက တခုဖြစ်တဲ့ ( Brandt& Daroff exercise)ကို ပြောပြပေးသွားပါမယ်

ဤဝေဒနာခံစားရတဲ့ သူတွေဟာ ခေါင်းကို ဟိုဘက် ဒီဘက် လှည့်လိုက်တာနဲ့ ချာချာလည်အောင် ၁၀-၃၀ စက္ကန့်လောက်မူးသွားတတ်ပါတယ်
၊ ပျို့လာတတ်ပါတယ် (ခေါင်းကို နောက်မော့တာ၊ လဲနေတာကနေ ထထိုင်တာ ၊ ဘယ်ဘက်(သို့) ညာဘက် စောင်းအိပ်တာ ) တွေ လုပ်လိုက်တဲ့အချိန်ထဖြစ်တတ်ပါတယ်

သက်သာအောင်
-ဒီ လေ့ကျင့်ခန်းကို တနေ့ ၃ ခါလုပ်ပေးရပါမယ်
-တခါကို ၁၀ မိနစ်ခန့် အချိန်ကြာပါတယ်
-ဘယ်/ညာ တဖက်ကို ၅ ကြိမ်စီလုပ်ပေးပါ
-လုပ်နေစဉ်မူးသွားတာထိရောက်ခြင်းကိုပြပါတယ်
-အော့အန်တတ်ပါက လေ့ကျင့်ခန်းမစခင် အအန်သက်သာဆေး သောက်နိုင်ပါတယ်

လုပ်နည်းကတော့
၁. ကုတင်အစွန်မှာ ပုံမှာပြထားသလိုထိုင်ပါ
ခေါင်းကို ဘယ်ဘက်သို့ ၄၅ ဒီဂရီစောင်းပါ
စောင်းပြီး ညာဘက်သို့ အမြန် လှဲချပါ ခေါင်းနောက်ကျောက ကုတင်ပေါ်ထိရပါမယ် အဲ့အတိုင်း ၂၀-၃၀ စက္ကန့်နေပါ
၂. ပြန်ထထိုင်ပါ ၂၀-၃၀ စက္ကန့် အမူးပြေအောင်နားပါ
၃. နောက်တဖက် ညာဘက်သို့ ဦးခေါင်းကို ၄၅ ဒီဂရီစောင်းပါ စောင်းပြီး ဘယ်ဘက်သို့ အမြန်
လှဲချပါ ဦးခေါင်းနောက်ကျောကို ကုတင်ပေါ်ထိပါစေ ၂၀-၃၀ စက္ကန့် ထို အနေအထားဖြင့်နေပါ
၄. ပြန်ထပြီး နောက်တကျော့စပါ

ဘယ်/ညာ ကြိုက်တဲ့ ဘက် စနိုင်ပါတယ်
မူးလာတာဟာ လေ့ကျင့်ခန်းထိရောက်ခြင်းကိုပြပါတယ် စိတ်မပူပါနဲ့
တနေ့ ၃ ကြိမ် ပုံမှန်လုပ်ပေးရင် ၃-၄ ရက်မှ ၁-၂ ပတ်အတွင်း ချာချာလည်မူးတာ သက်သာစေပါတယ်
ချာချာလည်မူးရင် အပေါ်မှာပြောတဲ့ BPV ကြောင့်ဖြစ်တတ်သလို ဦးနှောက်ပြသာနာ လည်ပင်းရိုးပြသာနာကြောင့်တွေလည်း ဖြစ်တတ်တဲ့အတွက် အရင်ဆုံး ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု လုပ်သင့်ပါတယ်ရှင့်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

.အိပ်ယာနာမဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ? အိပ်ယာနာဆိုတာ နာတာရှည် အိပ်ယာထဲ လဲနေတဲ့သူတွေ (လေဖြတ်ထားသူများ၊ အသက်ကြီး၍အားနည်း...
17/01/2024

.အိပ်ယာနာမဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ?

အိပ်ယာနာဆိုတာ နာတာရှည် အိပ်ယာထဲ လဲနေတဲ့သူတွေ (လေဖြတ်ထားသူများ၊ အသက်ကြီး၍အားနည်းသူများ ၊ နာတာရှည် သတိမရဘဲ အိပ်ယာထဲလှဲနေသူများ) တွေမှာ ခန္ဓာကိုယ် ဖိအားနဲ့ အိပ်ယာထိတဲ့ နေရာတွေမှာ သွေးလည်ပတ်တာမကောင်းတာ၊ သန့်ရှင်းမှုမကောင်းတာ ၊ စိုစွတ်မှုများပြီး ပိုးဝင်တာတွေကနေ အနာဖြစ်တာကို အိပ်ယာနာလို့ခေါ်ပါတယ် ။

စဖြစ်ချင်းမှာတော့ အပေါ်ယံ အရည်များက နီတာ နာတာကနေစဖြစ်ပြီး ပိုဆိုးလာရင် အပြာရောင် ခရမ်းရောင် အချပ်လိုပြောင်းပြီး ပိုးဝင်ပြီးစားလာရင် အနာစဖြစ်ပြီး မကုသရင် ဂလိုင်ပေါက်အထိ လိုက်စားတတ်ပါတယ်

အဖြစ်များတဲ့ နေရာတွေက ပလက်နေရင် / အနေအထားတခုထဲနေရင် အရိုးနဲ့ အပေါ်ယံ အရေပြားကြား အဆီကြွက်သားနည်းတဲ့ နေရာ တွေ( မြီးညောင့်ရိုးပေါ် လက်ဖျံရိုးပေါ်၊ တံတောင်ဆစ် ၊ ခြေချင်းဝတ်ပေါ် ၊ ကျောပြင်) တို့မှာ အဖြစ်များပါတယ်

အိပ်ယာနာ မဖြစ်အောင်ကာကွယ်ခြင်းက အကောင်းဆုံး ကုသနည်းပါဘဲ
လူနာက လှုပ်ရှားနိုင်တယ်ဆိုရင် လက်နဲ့ခြေ​ထောက်ကို အကွေး အဆန့်လှုပ်ပေးခြင်း ၊ အကျောလျှော့လေ့ကျင့်ခန်းလုပ်ပေးခြင်းတို့ လုပ်ပေးရပါတယ် ။ လှုပ်ရှားမှု မလုပ်နိုင်တဲ့ လူနာဆိုရင် အိပ်ယာပေါ် ပလက်တမျိုးထဲမနေဘဲ ပုံစံအနေအထားပြောင်းပေးရပါတယ် အနည်းဆုံး ၂ နာရီ ခြားတခါ ပြောင်းပေးရပါတယ် ပြောင်းတဲ့ အခါ လူနာကို ဆွဲပြီး အနေအထားပြောင်းခြင်းထက် အသာအယာ မ ပေးပြီး ပြောင်းပေးပါ။ လျှပ်စစ်လေဖောင်း မွေ့ရာမျိုးက အိပ်ယာနာဖြစ်ခြင်းကို သက်သာစေပါတယ်

ဒါအပြင်
အရေပြားကို ဆီးဝမ်းတွေနဲ့ စိုစွတ်စွတ်မဖြစ်အောင် သန့်ရှင်းခြောက်သွေ့စွာ ထားပေးပါ
နေ့စဉ် အရေပြား နီမြန်းလာတာတွေ စောင့်ကြည့် သတိထားပေးရပါမယ်
နီစပြုလာရင် အပေါ်ယံဆေးလိမ်းပေးပြီး ခြောက်လာသည်အထိ ထိုနေရာကို ကိုယ့် ခန္ဓာကိုယ်နဲ့ ပြန် မဖိမိအောင် နေပေးရပါမယ်
ခြေထောက် ခြေကျင်းဝတ်နေရာကြားမှာ ခေါင်းအုံးခုပေးတာ လုပ်ပေးရင် သက်သာစေပါတယ်
ထိုနေရာကို ရေနွေးပူပူ၊ ဆပ်ပြာပြင်းပြင်းတွေနဲ့ သန့်ရှင်းရေးလုပ်တာ ၊ နှိပ်နယ်တာတွေ မပြုလုပ်ရပါဘူး
အနာကျက်ကောင်းအောင် အစာအာဟာရမျှတပြည့်ဝအောင်စားပေးရပါမယ် .. ဗီတာမင်စီနဲ့ ဇင့်ဓာတ်တို့က အနာကျက်ခြင်းကို မြန်စေပါတယ်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

ကျောက်ကပ်ပျက်စီးခြင်းကျောက်ကပ်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ vital organ တခု ဖြစ်ပါတယ် ကျောက်ကပ်ပျက်စီးခြင်းဟာ ပျက်စီးလာမှ ...
09/01/2024

ကျောက်ကပ်ပျက်စီးခြင်း
ကျောက်ကပ်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ vital organ တခု ဖြစ်ပါတယ်
ကျောက်ကပ်ပျက်စီးခြင်းဟာ ပျက်စီးလာမှ ကုတာထက် ကျောက်ကပ် မပျက်ခင် ရောဂါ အခံတွေကြောင့် စပြီး အားနည်းလာတာနဲ့ သတိထားပြီး ကုသမှုခံယူသင့်ပါတယ်

ကျောက်ကပ်ပျက်စီးခြင်းမှာ
1. ကျောက်ကပ် ရုတ်တရက် ပျက်စီးပြီး အလုပ်မလုပ်တော့ခြင်း
2. ရောဂါအခံကြောင့် ကျောက်ကပ် တဖြေးဖြေး အားနည်းရာမှ ပျက်စီးပြီး ပြန်မကောင်းတော့ခြင်း
3. ကျောက်ကပ် အလွန်ပျက်စီးခြင်းကြောင့် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာ မရှိသလောက်ကျဆင်းခြင်းကြောင့် အစားထိုး( ကျောက်ကပ်ဆေးတာ/ အစားထိုးတာ) မလုပ်လျှင် အသက်အန္တာရယ် ရှိလာနိုင်ခြင်း ဆိုပြီး ရှိပါတယ်

ရောဂါလက္ခဏာတွေကတော့
ပင်ပန်းတာ ၊ လှုပ်လှုပ်ရှားရှားမလုပ်နိုင်တာ၊ မောတာ ၊ ခြေထောက် မျက်နှာ အမ်းတာ ၊ ပျို့တာ ၊ အန်တာ ၊ ယားတာ ၊ အစားအသောက်ပျက်တာ တို့ဖြစ်တတ်ပါတယ်
ကျောက်ကပ်က ဆီးကနေစွန့်ထုတ်ရမဲ့ စွန့်ပစ်ပစ္စည်းတွေ မစွန့်ထုတ်နိုင်တော့ဘဲ ခန္ဓာကိုယ်ထဲ စုလာပြီး လူကို အန္တရာယ်ဖြစ်စေပါတယ် ၊၊ သွေးအားနည်းလာတာ ၊ သွေးပေါင်တက်လာတာတို့လည်းဖြစ်တတ်ပါတယ်

ကျောက်ကပ်ပျက်စီးစေတာကတော့
-ဆီးချို
-သွေးတိုး
-မွေးရာပါ ကျောက်ကပ်ရောဂါများ
-ဆေးဝါးအချို့ကိုလိုအပ်တာထက် dose
အလွန်အကျွံ သောက်မိခြင်း (ဥပမာ အကိုက်အခဲပျောက်ဆေး) စသဖြင့်တို့ကြောင့်ဖြစ်တတ်ပါတယ်

ကုသရာမှာတော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အစားအသောက်ထိန်းတာ ( ဆား၊ ပရိုတိမ်းဓာတ်၊ ပိုတက်စီယမ်
ဓာတ်)လျှော့ထိန်းစားတာ ၊ ဆေးဝါးနဲ့ ကုသတာ ၊ ရောဂါအခံကုသတာ ၊ သွေးပေါင်ထိန်းတာတို့ကို ကျောက်ကပ်စ အားနည်းလာရင် လုပ်သင့်ပါတယ် ။ ကျောက်ကပ် ပျက်စီးပြီး လုပ်ငန်းဆောင်တာ အတော်ကျလာရင်တော့ ကျွမ်းကျင် ဆရာဝန်တွေရဲ့ ညွန်ကြားချက်အရ ကျောက်ကပ်ဆေးတာ၊ ကျောက်ကပ် အစားထိုး) တာ လုပ်ရတတ်ပါတယ် ။

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

နား ပြသာနာများအသက်ကြီးလာတာနဲ့အမျှ အကြား အာရုံလည်း တဖြေးဖြေး အားနည်းလာပါတယ် အသက် ၅၀ နောက်ပိုင်းမှာ စပြီး တဖြေးဖြေးချင်း ခ...
06/01/2024

နား ပြသာနာများ

အသက်ကြီးလာတာနဲ့အမျှ အကြား အာရုံလည်း တဖြေးဖြေး အားနည်းလာပါတယ်
အသက် ၅၀ နောက်ပိုင်းမှာ စပြီး တဖြေးဖြေးချင်း ချို့ယွင်းလာတတ်ပါတယ်

ကြားနိုင်လောက်အောင် ကျယ်လောင်တဲ့ စကားပြောသံ ၊တေး တူရိယာသံကို မကြားရတာ ၊ စကားပြောသံကို နားမလည်တာမျိုးဖြစ်တတ်ပါတယ် ။ တခါတရံ နား အူတာ ringing sound လို အသံကြားရတာ ၊ စကားလုံးကို သဲသဲကွဲကွဲမကြားရတာ ဖြစ်တတ်ပါတယ်

နား မကြားရခြင်းကို ဖြစ်စေတဲ့ အကြောင်းမှာ Conduction loss ( အသံလှိုင်းသွားတဲ့ လမ်းကြောင်းပိတ်ဆို့မှုကြောင့် မကြားရခြင်း) နဲ့ Neurosensory loss ( အာရုံကြောထိခိုက်ခြင်းကြောင့် မကြားရခြင်း) ဆိုပြီး ၂ မျိုးရှိပါတယ်

Conduction loss က နားထဲ နားချေးပိတ်ခြင်းအမှိုက် တခုခု (ဥပမာ ဂွမ်း) ကြောင့် ပိတ်ခြင်းနားထဲ ပိုးဝင်ခြင်းနား ထဲ တဝိုက်ရှိ အရိုးကြောင့် ဖြစ်ခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်

Neurosensory loss က အာရုံကြောပျက်စီးခြင်းအလွန် ကျယ်လောင်တဲ့ အသံ ကြောင့်ထိခိုက်ခြင်းဆေး တချို့ အသက်ကြီးလာခြင်းဦးနှောက်အကျိတ် တို့ကြောင့် ဖြစ်တတ်ပါတယ်

နားအကြား အာရုံချို့ယွင်းသူတွေဟာ
စကားတခွန်းကို နောက်တခေါက်ပြန်ပြောခိုင်းတာ
သူတို့ကိုယ်တိုင် ကျယ်လောင်စွာပြောတာ
နားအူတယ် ခဏခဏပြောတာ
တီဗွီ ကြည့်ရင် ၊ ဖုန်းပြောရင် အသံအကျယ်ကြီး ဖွင့်ထားတာ စတဲ့ အမူအယာတွေ ရှိနေတတ်ပါတယ်

နားချေးပိတ်ရင် ချေးကို ထုတ်တာ
ရေဝင်ရင် ရေထုတ်တာ
ပိုးဝင်ရင် ဆရာဝန်နဲ့ပြပြီး ဆေးသောာက်တာ ဆေးထည့်တာ လုပ်ရင် အကြားအာရုံ ပကတိပြန်ကောင်းနိုင်ပေမဲ့ အသက်ကြီးလာတာကြောင့်ဆိုရင်တော့ ကုသနီး အရှင်းမရှိပါဘူး နားကြား ကိရိယာတပ်ဆင်ခြင်းဖြင့် အထောက်အကူဖြစ်စေပါတယ်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

ဒီတခါတော့ လူကြီး နာမကျန်းသူတဦးရဲ့ နေ့စဉ် တကိုယ်ရေ လုပ်ငန်းဆောင်တာတွေကို လွယ်ကူစေဖို့ အကူအညီပေး ပြုစုသူ (မိသားစုဝင်ဖြစ်စေ...
26/12/2023

ဒီတခါတော့ လူကြီး နာမကျန်းသူတဦးရဲ့ နေ့စဉ် တကိုယ်ရေ လုပ်ငန်းဆောင်တာတွေကို လွယ်ကူစေဖို့ အကူအညီပေး ပြုစုသူ (မိသားစုဝင်ဖြစ်စေ ၊ Home Health Aide ဖြစ်စေ) ရဲ့ လုပ်ငန်းဆောင်တာများကို ပြောပြပေးသွားပါမယ် .. တကိုယ်ရေလုပ်ငန်းဆောင်တာဖြစ်တဲ့ အတွက် Medical အကူပိုင်းတွေတော့ ဒီမှာ မပါပါဘူး medical အပိုင်းကိုတော့ မင်မင် နောက် post တွေမှာ ရေး​ပေးပါမယ်
နာမကျန်းသူတယောက်ကို သူ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို ပိုမို လွယ်ကူအောင် ပြုစုပေးခြင်းက မွန်မြတ်တဲ့ အလုပ် တခုဖြစ်ပါတယ် .. မည်သူမဆို အိမ်မှာဘဲ လုပ်ပေးနိုင်စွမ်းလည်းရှိပါတယ် ..

သန့်ရှင်းရေး အပိုင်းမှာ မျက်နှာသစ် သွားတိုက်တာ ၊ ရေချိုး ရေပတ်တိုက်ပေးတာ ၊ အိမ်သာ(bedpan/diaper) သုံးစေတာ သုံးပြီး သန့်ရှင်းရေးလုပ်ပေးတာ ၊ ခြေလက်ဆေးပေးတာ ၊ အဝတ်အစားလဲပေးတာ ၊ ခေါင်းဖြီးပေးတာ တို့ပါဝင်ပါတယ်

စားရေးသောက်ရေးမှာတော့ လူနာအတွက် သင့်တော်တဲ့ diet ကို ပြင်ဆင် ချက်ပြုတ်ပေးတာ အရည် /အဖတ် ၊ ရောဂါ အခံ(ဆီးချို သွေးတိုး စသဖြင့် )ပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရ ဝင်နေအောင် ဆောင်ရန်/ရှောင်ရန်တွေ သိထားပြီး ပြင်ဆင်ချက်ပြုတ်ပြီး လူနာ စားဝင်အောင်ကျွေးပေးခြင်းပါ ပါတယ်

ဆေးတိုက်ပေးခြင်းမှာတော့ ပြုစုသူဟာ လူနာရဲ့ သောက်နေကျဆေးတွေ အကြောင်း ဆေး အမျိုး အစား ၊ ဆေး သောက်ရမည့် အချိန် ၊ သောက်ရမည့် ပမာဏကို အခြေခံသိထားရင် အကောင်းဆုံးပါ .. ဒါ့အပြင် လူနာကို ဆေး ဝင်အောင်တိုက်ပေးဖို့လည်း အရေးကြီးပါတယ် .. သွေးပေါင်ချိန်တိုင်းတာ၊ ဆီးချိုဖောက်တာ ၊ ခန္ဓာကိုယ် အပူချိန်တိုင်းပေးတာ) တို့လည်း လုပ်ဆောင်ပေးနိုင်ပါတယ်

ပြန်လည်သန်စွမ်းရေးအပိုင်းမှာတော့ ရောဂါပေါ်မူတည်ပြီး ခန္ဓာကိုယ် လှုပ်ရှားမှု လေ့ကျင့်ခန်းကူလုပ်ပေးတာ ၊ စကားပြောကျင့်တာ စသဖြင့်ပါပါတယ်

အခြား သန့်ရှင်းရေးမှာတော့ အခန်း သန့်ရှင်းရေး ၊ အိပ်ယာခင်းလဲတာ၊ ဖုန်စုတ်တာ ၊ အဝတ် လျှော်ဖွတ်တာ ၊ အိုးခွက် ပန်းကန်ဆေးတာ တို့ပါပါတယ် နေထိုင်တဲ့ အိမ်ခန်း ရေ၊ မီး လုံခြုံရေး ပါပါတယ်

နောက်တခုကတော့ အဖော်ပြုပေးခြင်းပါ..
companionship က ကျယ်ပြန့် သလို အရေးပါပါတယ် .. စကားပြောပေးတာ၊ ဘာသာရေး လုပ်ပေးတာ ၊ နားထောင်ပေးတာ ၊ စသဖြင့် ကျယ်ပြန့်သလို လူနာရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီး အထောက်အကူပြုပါတယ် ..

ဒါ့အပြင် လူမှူရေးပိုင်းကတော့ လူနာရဲ့ မှတ်တမ်းကို မပျောက်အောင် ထိန်းသိမ်းပေးတာ ၊ confidentiality ထိန်းပေးတာတို့ပါဝင်ပါတယ် ။
ဒါတွေ သိထားပြီးရင်တော့ ဆရာဝန် သူနာပြုတွေ နဲ့ယှဉ်ရင် Caregiver တယောက်ရဲ့ role ဟာ အရေး မပါဘူး ထင်ရပေမဲ့ လူနာရဲ့ outcome အတွက် အရေးပါတဲ့ နေရာမှာ ပါဝင်နေပါတယ်နော်
ကူးယူခြင်း မပြုရ . Crd ပေးပါ

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

ဆီးချိုစက်ကို ဘယ်လိုသုံးမလဲ ?ဆီးချိုစက်မှာ -Glucometer (ဆီးချိုဖတ်တဲ့စက်)-strip (စတစ်ပြား) -lancet (လက်ထိပ်ဖောက်တဲ့ အပ်)...
21/12/2023

ဆီးချိုစက်ကို ဘယ်လိုသုံးမလဲ ?
ဆီးချိုစက်မှာ
-Glucometer (ဆီးချိုဖတ်တဲ့စက်)
-strip (စတစ်ပြား)
-lancet (လက်ထိပ်ဖောက်တဲ့ အပ်)
-pen (အပ်ထည့်တဲ့ မောင်းတံ) တို့ပါဝင်ပါတယ်

မှန်ကန်စွာ မဖောက်တတ်ရင် strip ပြားတွေ တခုပြီးတခုကုန်ပြီး လက်ထိပ်နာပေမဲ့ စက်က error ပဲပြပြီး အကျိုးမရှိဖြစ်တတ်ပါတယ်

ဆီးချိုဖောက်မယ်ဆိုရင်
1. စက်ကိုဖွင့်ပါ
2. စတစ်ပြား အသစ်ကို စတစ်မှာပါတဲ့ မြှားအတိုင်း စက်ထဲသို့တပ်ဆင်ပါ .. သေချာ နေရာကျအောင်တပ်ပါ
3. အပ်ကို မောင်းတံတွင် နေရာကျအောင်တပ်ဆင်ပါ
4. ဖောက်မည့်လက်ချောင်း ထိပ်ကို အရက်ပျံဖြင့် ပိုးသတ်ပါ
5. အရပ်ပျံ ခြောက်လျှင် မောင်းတံရဲ့ မောင်းကိုတင်ပြီး အပ်ရှိတဲ့ ထိပ်ကို လက်ချောင်းထိပ်မှာတေ့ပြီး လက်ထိပ်ဖောက်ပါ
6. သွေးထွက်လာလျှင် သွေးကို စတစ်ပြားရဲ့ အဖြူကြောင်းလေးအပေါ်ထည့်ပါ (သွေးအလွန်နည်းလျှင်မရပါ.. စက် အများစုက ready ဖြစ်လျှင် သွေးစက်ပုံလေးပေါ်နေတတ်ပါတယ် ထိုအချိန် သွေးထည့်ရပါမယ်)
7. စက္ကန့်ပိုင်းဆို စက်မှာ အဖြေပေါ်ပါပီ

စက်တွေက သူ့တံဆိပ်နဲ့ သူရှိပြီး စတစ်ပြားကလည်း သူ့စက်နဲ့ သူသုံးလို့ရ/ မရ ရှိတာကြောင့် စတစ်ပြား မဝယ်ခင် မိမိစက်နဲ့ သုံးလို့ရ/မရ အရင်မေးကြည့် သုံးကြည့်ပါနော်

ဆီးချို ရှိပြီး အတက်ကြမ်း အကျကြမ်းသူများ ၊ ဆီးချိုကျလို့ ချွေးစေးတွေပြန်ပြီး ကတုန်ကရင်ဖြစ် သူများ အသုံးပြုသင့်ပါတယ် .. အိမ်မှာ စက်နဲ့ဖောက်လို့ အတက်ကြမ်း အကျကြမ်းရင်တော့ ဆီးချိုဆေး ညှိဖို့ လိုနိုင်တဲ့ အတွက် ဆရာဝန် / သမားတော် နဲ့ ပြသသင့်ပါတယ် ။ အိမ်မှာ ဖောက်ထားတဲ့ ရလာဒ် ကို ရက်စွဲ၊ အချိန် ၊ စားပြီး / မစားခင်တို့နဲ့ စာအုပ်တအုပ်ထဲ ရေးမှတ်ထားပြီး ဆရာဝန်ကို ပြသတဲ့ အခါ ထို စာအုပ်လေးပါ တွဲပြရင် ဆေးညှိရာမှာ အထောက်အကူဖြစ်စေပါတယ်ရှင့်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

ဝမ်းချုပ်စေသော အလေ့အထများ-ဝမ်းကို မသွားဘဲ အောင့်ထားခြင်း-ခရီးသွားခြင်း-နေ့စဉ် အစားအသောက်များတွင် အမျှင်(fiber )ဓာတ် မလုံ...
17/12/2023

ဝမ်းချုပ်စေသော အလေ့အထများ

-ဝမ်းကို မသွားဘဲ အောင့်ထားခြင်း
-ခရီးသွားခြင်း
-နေ့စဉ် အစားအသောက်များတွင် အမျှင်(fiber )ဓာတ် မလုံလောက်ခြင်း
-ဝမ်းချုပ်စာ (ကောက်ညင်း၊ ငချိတ် ၊ကော်ဖီ ၊ပေါင်မုန့်) အစားများခြင်း
-ရေကို လုံလုံလောက်လောက်မသောက်ခြင်း
-အသက်ကြီးလာခြင်း
-အလုပ်အကိုင်( highway ကားမောင်းသမားများ)
-နာတာရှည် အိပ်ယာထဲလဲနေသူများ
-ကိုယ်လက် လှုပ်ရှားမှုနည်းခြင်း
-ရောဂါအခံ ( ကင်ဆာ ၊ အူလမ်းကြောင်းရောဂါ) များကြောင့် ဝမ်းချုပ်တတ်ပါသည်

ဝမ်းအလွန်ချုပ်လျှင် လိပ်ခေါင်း ၊ စအိုကွဲခြင်း၊ အစာဟောင်းအိမ်ကျွံခြင်း ဖြစ်တတ်ပါသည်

ဝမ်းမချုပ်စေသော အလေ့အထကောင်းများ
- ဝမ်းကို နေ့ စဉ်ပုံမှန် အချိန်မှန် သွားအောင် အကျင့်လုပ်ပေးပါ များသော (အားဖြင့် မနက်စာစားပြီးအချိန် )
- ဝမ်းသွားချင်လျှင် အောင့်မထားဘဲ ချက်ချင်းသွားပေးတဲ့ အကျင့်လုပ်ပေးပါ
- ရေများများသောက်ပါ တနေ့ကို ၂ လီတာခွဲလောက် အနည်းဆုံး သောက်ပေးသင့်ပါတယ် ရေသိပ်မကြိုက်သူဆို သဘာဝ ဖျော် အသီးဖျော်ရည် သောက်ပေးပါ
- အစားအသောက် ( အသီးအရွက်သုပ် ၊ သစ်ဥသစ်ဖု ၊ ငှက်ပျောသီး ၊ ပန်းမုန်လာ ၊ ဆလပ်ရွက် ၊ မုန်လာဥနီ ၊ ပဲသီးစိမ်း )တို့စားပါ
- အထက်ပါ အလေ့အကျင့်နဲ့မှ ဝမ်းမသွားလျှင် ဝမ်းပျော့ဆေး laxatives ( lactulose , MOM , Movicol) စသဖြင့်တို့ကို ဆရာဝန်ညွန်ကြားချက်ဖြင့် သောက်နိုင်ပါတယ်

ဝမ်းသွားခြင်းအလေ့အထက တယောက်နဲ့ တယောက်မတူပါဘူး သို့သော် သင့် ဝမ်း အလေ့အကျင့်ပြောင်းလာတာ မကြာခဏ ဝမ်းလျှောလိုက် ဝမ်းချုပ်လိုက်ဖြစ်တာ ၊ သွေးအချွဲပါတာခန္ဓာကိုယ် အလေးချိန်သိသိသာကျတာရှိရင်တော့ မပေါ့ဆဘဲ ဆရာဝန်နှင့်ပြသသင့်ပါတယ်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

နှလုံးသွေးကြောကျဉ်းရောဂါ -နှလုံးသွေးကြောကျဉ်းခြင်း/ပိတ်ခြင်းရောဂါသည် ယခုခေတ်တွင် မကူးစက်တတ်သောရောဂါ (non communicable) မ...
14/12/2023

နှလုံးသွေးကြောကျဉ်းရောဂါ

-နှလုံးသွေးကြောကျဉ်းခြင်း/ပိတ်ခြင်းရောဂါသည် ယခုခေတ်တွင် မကူးစက်တတ်သောရောဂါ (non communicable) များထဲတွင် သေဆုံးမှု အများဆုံး ရောဂါဖြစ်သည် ။ ရုတ်တရက် သေဆုံးရခြင်း (sudden death ) ဖြစ်စေသော အကြောင်းရင်းများ၏ ထိပ်ဆုံးတွင်လည်း ပါဝင်ပါသည် ။

ရောဂါလက္ခဏာများ
-ရင်ဘတ်အောင့်ခြင်း
-ရင်ဘတ် အလည်တွင် စူး၍အောင့်ခြင်း တခုခုနှင့် ညစ်ထား သကဲ့သို့ ၊ ဖိထား သကဲ့သို့ အောင့်ခြင်း ( လှုပ်လှုပ်ရှားရှားလုပ်လျှင် စိတ်ဖိစီးလျှင် ပိုအောင့်ပြီး နားလိုက်လျှင် သက်သာသွားခြင်း )
-ကျော၊ မေးရိုး၊ ဘယ်ဘက် ပုခုံးအောင့်ခြင်း
-ရင်တုန်ခြင်း
-ချွေးစည်းပြန်၍ အော့အန်ခြင်း
-နှလုံးစည်းချက်မမှန်ဖြစ်ခြင်း
-ပင်ပန်းလွယ်ခြင်း
-တချို့သက်ကြီးသမားများတွင် ဗိုက်အောင့်ခြင်း
အထက်ပါ ရောဂါလက္ခဏာများ ခံစားရပါက မပေါ့ဆဘဲ ဆရာဝန်နှင့် ပြသသင့်ပါသည်

နှလုံးသွေးကြောကျဉ်းစေသည့် အကြောင်းများ
-ဆေးလိပ်သောက်သုံးသူများ
-အဆီအစိမ့်အစားများ၍ အဝလွန်သူများ
-ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
-ဆီးချို၊ သွေးတိုးရောဂါ ရှိသူများ
-မျိုးရိုးလိုက်၍ သွေးတွင်း အဆီ ကိုလက်စထရောများသူများ
-စိတ်ဖိစီးမှုများသူများ
-အမျိုးသားများ
-အသက်အရွယ်ကြီးသူများ တွင် risk များပါသည်

နှလုံးသွေးကြောကျဉ်းဖြစ်စေသော အကြောင်းတော်တော်များများမှာကာကွယ်လို့ရသော အရာများဖြစ်ပါသည်
ဖြစ်မှ ကုသခြင်းထက် မဖြစ်ခင် ကာကွယ်ခြင်းက ပိုထိရောက်ပါသည်။

နှလုံးသွေးကြောကျန်းမာရေးအတွက်
-ဆေးလိပ် အရက် သုံးခြင်းမှ ရှောင်ပါ
-နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့် လုပ်ပါ
-အဆီ၊ အချို ၊ အငန် စားသုံးမှု လျှော့ချပါ
-သွေးတိုး၊ဆီးချိုရှိပါက ကုသမှု ခံယူပြီး target blood pressure နဲ့ သွေးတွင်း အချိုဓာတ် ရောက်အောင် ထိန်းပါ
-စိတ်ဖိစီးမှု တတ်နိုင်သလောက်လျှော့ချပါ
-ကိုယ် အလေးချိန် ထိန်းပါ

နှလုံးသွေးကြောကျဉ်းရောဂါရှိပြီးသား သူများကလည်း ပိုမဆိုးအောင် lifestyle နေထိုင်မှုပုံစံ အစားအသောက်ဖြင့် မဖြစ်မနေ ထိန်းသင့်ပါသည် ။ ဆရာဝန်နှင့်ပြ၍ ဆောင်ရန် ရှောင်ရန်များ တိုင်ပင်ဆွေးနွေးခြင်း ၊ နှလုံးအထူးကုနှင့်ပြ၍ သွေးကြော ဓာတ်မှန်ရိုက်ခြင်း ၊ ချဲ့ခြင်း လုပ်နိုင်ပါသည် ။

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ဘာကြောင့်ထိုးသင့်လဲ အသည်းရောင်အသားဝါ ဘီပိုးဆိုတာ အသည်းရောင်ရောဂါဖြစ်စေတဲ့ ပိုးဘီ ဗိုင...
05/12/2023

အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ဘာကြောင့်ထိုးသင့်လဲ

အသည်းရောင်အသားဝါ ဘီပိုးဆိုတာ အသည်းရောင်ရောဂါဖြစ်စေတဲ့ ပိုးဘီ ဗိုင်းရပ်စ် အမျိုးအစားပါ အသည်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေသလို နာတာရှည် အသည်းရောင်စေပြီး ကုသမှု အချိန်မှီ မခံယူလျှင် အသည်းခြောက်တာကနေ အသည်းကင်ဆာပြောင်းတတ်ပါတယ်
ဘာရောဂါလက္ခဏာမှ မပြဘဲ ရောဂါသယ်ဆောင်သူအဖြစ် နှစ်ရှည် ခန္ဓာကိုယ်ထဲနေနိုင်ပါတယ်

ဘယ်လိုကူးစက်တတ်သလဲ?
-ရောဂါပိုးရှိတဲ့သူကို ထိုးထားတဲ့ ဆေးထိုးအပ် မှတဆင့်
-ခန္ဓာကိုယ်မှ ထွက်သောအရည်များ သွေး တံတွေး လိင်အဂါင်္ အရည်များမှတဆင့်
-ရောဂါပိုးရှိသော ကိုယ်ဝင်ဆောင်မိခင်မှ ရင်သွေးသို့တဆင့်
-ရောဂါပိုးရှိသော သွေးကို သွင်းမိရာမှတဆင့်
-ရောဂါပိုးရှိသောသူအသုံးပြုထားသော တကိုယ်ရည်အသုံးအဆောင် (ဘရိတ်ဓါးသွားပွတ်တံ၊ လက်သည်းညှပ်) မှ တဆင့် ကူးစက်တတ်ပါတယ်
ရောဂါလက္ခဏာ မပြဘဲ သွေးစစ်ကြည့်မှ သိရတာလည်းရှိသလို ရောဂါလက္ခဏာတွေ အနေနဲ့ မျက်လုံးနဲ့ အရေပြားဝါတာ ၊ ဖျားတာ ၊ ဗိုက်နာတာ ၊ ပျို့တာ ၊ အစားအသောက်ပျက်တာ ဖြစ်တတ်ပါတယ်။

အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် ထိုးခြင်းက ရောဂါ ဖြစ်ခြင်းကနေ ထိထိရောက်ရောက် ကာကွယ်မှုပေးနိုင်ပါတယ်

မွေးကင်းစမှ လူတိုင်း ကာကွယ်ဆေးထိုးသင့်ပါတယ် အထူးသဖြင့် ရောဂါပိုးရှိသူ အိမ်သားနဲ့ အတူနေ မိသားစုများ ၊ သွေးနှင့် သွေးပစ္စည်း အထိအတွေ့များသော ကျန်းမာရေး ဝန်ထမ်းများ ၊ ကိုယ်ဝန်ဆောင်မိခင် ၊ အသည်းရောင် အသားဝါ စီပိုးရှိသူ အသည်းရောဂါရှိသူ များ ဆရာဝန်ညွန်ကြားချက်ဖြင့် ထိုးထားသင့်ပါတယ် မွေးကင်းစကလေးတွေမှာတော့ မွေးမွေးပြီးခြင်း ၁ ကြိမ် အသက် ၂ လ ၁ ကြိမ် ၊၄ လမှာ ၁ ကြိမ် ၊ ၆လ သို့မဟုတ် ၁၂ လမှာ ၁ ကြိမ် ထိုးရပါတယ်
ကာကွယ်ဆေး အပြည့်ထိုးပြီး သူများကလည်း ခုခံအားပြည့် မပြည့် မဖြစ်မနေစစ်ကြည့်ပြီး မပြည့်ပါက အစမှ ပြန်ထိုးရတတ်ပါတယ် ခုခံအား ပြည့်သူများကလည်း ၅ နှစ်ကြာတိုင်း ပိုးကောင်ရေ ပြန်စစ်သင့်ပါတယ် ကာကွယ်အား မလုံလောက်ရင် ပြန်ထိုးရတတ်ပါတယ်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

ကျန်းမာအောင်နေထိုင်ဖို့ အလေ့အကျင့်များ၁. အိပ်စက်ခြင်း- အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်နဲ့စိတ်အတွက် well- being မှာ အဓိက အရေးပါ...
30/11/2023

ကျန်းမာအောင်နေထိုင်ဖို့ အလေ့အကျင့်များ

၁. အိပ်စက်ခြင်း
- အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်နဲ့စိတ်အတွက် well- being မှာ အဓိက အရေးပါ ပါတယ်
လုံလောက်တဲ့ အိပ်စက်ခြင်းက တနေ့တာ ပင်ပန်းနွမ်းနယ်တဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးရုံသာမက အားအင်ပြန်လည်ပြည့်စေဖို့ အဓိကကျပါတယ် ။ နာတာရှည် အိပ်ရေးပျက်ခြင်းက မှတ်ညဏ်နဲ့ စိတ်ကျန်းမာရေးထိခိုက်စေပြီး ဆီးချို ၊နှလုံးရောဂါ ဖြစ်ခြင်း ၊ ခုခံအားကျခြင်းတို့ကို အားပေးပါတယ် ။
၂. ရေများများသောက်ပါ
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ သွေးလည်ပတ်ခြင်း ၊ အစာ ခြေခြင်း၊ အာဟာရများ စုတ်ယူခြင်းမှာ ရေက အဓိကပါဝင်ပါတယ် ။ ကျွန်မတို့တော်တော်များများက နေ့စဉ်ဘဝမှာ အလုပ်ရှုပ်ပြီး ရေကို လိုသလောက် မသောက်မိကြဘဲဖြစ်နေတတ်ပါတယ်။ ရေသောက်ခြင်းရဲ့ အကျိုူကျေးဇူးတွေက ကလီစာတွေလည်ပတ်ခြင်းမှ အစ အဝလွန်ခြင်းကာကွယ်ခြင်းအထိအကျိုးကျေးဇူး အများကြီးရှိပါတယ် ဒါကြောင့်ရေကို သတိတရ တနေ့ ၂.၅-၃ လီတာ သောက်ပေးသင့်ပါတယ် ။
၃.လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုရစေရုံသာမက စိတ်နဲ့ စိတ်ခံစားမှုကိုပါ ကောင်းစေပါတယ် ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းက နှလုံး ၊ သွေးကြော ၊ အဆုတ် ရောဂါတို့ကိုကာကွယ်ပေးပြီး အရိုး အဆစ် ကြွက်သားနဲ့ connective tissue တွေကို ပါ သန်မာစေပါတယ် ။
၄. Medical
နေမကောင်းမှ ဆေးခန်းပြရတာမဟုတ်ပါဘူး ရောဂါတွေ မဖြစ်ခင် Medical check up လုပ်တာ ၊ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းကလည်း ရောဂါအဆင့်စောစောသိပြီး ကာကွယ်ကုသခြင်း စောစောလုပ်နိုင်ပါတယ် ရောဂါရှိပြီးသားသူတွေအနေနဲ့လည်း ပုံမှန် check up လုပ်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုး မဝင်အောင် ကာကွယ်နိုင်ပါတယ်။ ကလေးငယ်များ အနေနဲ့ ကာကွယ်ဆေး အပြည့်အစုံထိုးတာ ၊ သက်ကြီးသူများကလည်း ရာသီတုတ်ကွေးကာကွယ်ဆေး ထိုးတာ ၊ လူတိုင်း ဘီပိုးစီပိုးစစ်ပြီး အသည်းရောင် ဘီပိုး ကာကွယ်ဆေးထိုးတာတွေ လုပ်သင့်ပါတယ်။
၅.စားသောက်မှုပုံစံ
ခေတ်မှီလာတာနဲ့ fast food , processed foods တွေများလာတာနဲ့ အဝလွန်ခြင်း နှလုံးသွေးကြောရောဂါ ၊ ကင်ဆာရောဂါဖြစ်နှုန်းတွေ တက်နေတာကြောင့် အခုခေတ်မှာ စားသောက်မှု ပုံစံကလည်းကျန်းမာရေး အတွက် အဓိကနေရာမှာပါလာပါတယ် အစာအာဟာရ အုပ်စု ၃ စု ကို စုံအောင် ၊တတ်နိုင်သလောက် ခန္ဓာကိုယ်ကို ဆိုးကျိုးမပေးတဲ့ ချက်ပြုတ်နည်း အလေ့အကျင့်ကောင်းကို ကြိုးစားမွေးပြီး ပြင်ဆင်စားသောက်ခြင်းဖြင့် ရောဂါတော်တော်များများရဲ့ ကွင်းဆက်ကို လျှော့ချနိုင်ပါတယ်၊ ဆီကြော် ၊ အငန် ၊ ပြည့်ဝအဆီ (saturated fat) ၊ dairy products(အဆီပြည့်နို့နဲ့ နို့ထွက်ပစ္စည်းများ) ၊ caffeine ဓာတ် ၊ အချိုရည် soft drinks ဘူး တို့ကို ရှောင်ပြီး antioxidants, fibre , lean ပရိုတိန်း ၊whole grain , unsaturated fat (မပြည့်ဝအဆီ)တို့ကို စားသောက်ပါ ။ ဆေးလိပ် အရက်ကို လျှော့ချပါ ။
၆. စိတ်ဖိစီးမှု လျှော့ချခြင်း
စိတ်ဖိစီးတဲ့ နေထိုင်မှု ပုံစံကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ် ။ စိတ်ဖိစီးမှု လျှော့ချဖို့ တရားထိုင်တာ ၊ Yoga နဲ့ အသက်ရှု လေ့ကျင့်ခန်းလုပ်တာ ၊ မိမိ ဝါသနာပါတဲ့ အရာ တခုခုကို တနေ့ တနေ့ အချိန် နည်းနည်းစီပေးတာ ၊ ခွေးလေးကြောင်လေးတွေမွေးတာ ၊ ဂီတနားထောင်တာ ၊ out doors activities လေးတွေလုပ်တာ ၊ မိမိချစ်တဲ့ မိသားစု ၊ သူငယ်ချင်း တွေနဲ့ အချိန်ကုန်တာ ၊ မိမိကိုယ်ကို တယောက်တည်းအတွက် အချိန်ကောင်းကောင်းပေးခြင်း (self journalling , Me time) စသဖြင့် ကိုယ့်ပျော်ရာ အားသာရာလေးတွေ လုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ် ။

အားလုံးပဲ စိတ်ရော ကိုယ်ရော ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါ​စေရှင့်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

Helicobacter pylori အစာအိမ်ပိုးအစာအိမ်ပိုးဆိုတာ မျက်စိနဲ့ မမြင်နိုင်တဲ့ Gram Negative ဘက်တီးရီးယားပိုး တမျိုးဖြစ်ပြီး ပိ...
26/11/2023

Helicobacter pylori အစာအိမ်ပိုး

အစာအိမ်ပိုးဆိုတာ မျက်စိနဲ့ မမြင်နိုင်တဲ့ Gram Negative ဘက်တီးရီးယားပိုး တမျိုးဖြစ်ပြီး ပိုးကောင်ရဲ့ ဖွဲ့စည်းပုံအရ သူတို့ဟာ အက်ဆစ်ဓာတ်နည်းတဲ့ အစာအိမ်နံရံကို ထိုးဖောက်ဝင်ရောက်နေနိုင်ပါတယ် ။ ဖွင့်ဖြိုးဆဲ နိုင်ငံတွေမှာ အဖြစ်များပြီး လူအချင်းချင်း ကူးတတ်ပါတယ် မသန့်ရှင်းတဲ့ ၊သေချာ ချက်ပြုတ်ထားချင်း မရှိတဲ့ အစားအစာကို စားမိတာကနေတဆင့် ပိုးဝင်တတ်ပါတယ်။ အပူနဲ့ချက်တာမဟုတ်တဲ့ လက်သုပ်အစားအစာတွေကနေ ကူးစက်နှုန်းများပါတယ် ။ လူအပြင် တိရစ္ဆာန်တွေရဲ့ အစာအိမ်နံရံမှာလည်း ရှိတတ်ပါတယ်
အစားအစာကို သေချာဆေးကြောချက်ပြုတ် စားခြင်း ၊ အစားမပြင်ဆင်ခင် လက်ဆေးခြင်း အိမ်သာဝင်ပြီး လက်ဆေးခြင်းဖြင့် ကူးစက်မှုနည်းစေပါတယ်
ပိုးစဝင်ရင်တော့ ဘာ ရောဂါလက္ခဏာမှ မပြဘဲ ဆယ်စုနှစ်အထိ ရှိနေနိုင်သလို အကောင်တွေ စုပြုံပြီး အစာအိမ်နံရံမှာ စုလာတာကနေ အစာအိမ်နံရံကို ပျက်စီးစေလာရင်တော့ ကြာရင် အစာအိမ် နဲ့ အူသိမ်နံရံတွေမှာ အနာဖြစ်တတ်ပါတယ် အနာစဖြစ်တာနေ မကုဘဲထားထားရင် နာတာရှည်အနာဖြစ်ပြီး အစာအိမ်ရောင်တာကနေ ကင်ဆာအထိပြောင်းတတ်ပါတယ်
အစာအိမ်အနာဖြစ်ရင် ဗိုက်နာတာ ၊ခဏခဏ ပျို့အန်တာ ဗိုက်ပူတာ အစာမကြေသလိုဖြစ်တာ ဗိုက်ကယ်တာ လေထိုးတာတွေဖြစ်တတ်ပါတယ် အနာကနေ သွေးယိုလာရင် သွေးဝမ်းသွားတာ သွေးအားနည်းတာတွေ အထိဖြစ်တတ်ပါတယ် ဒါကြောင့် ဗိုက်ပူတာ နာတာ ခဏခဏဖြစ်ရင် မသက်သာရင် အစာအိမ်ပိုး စစ်တာမျိုး ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်သင့်ပါတယ်

အစားအိမ်ပိုးရှိမရှိကို သွေးကနေ Antibody Antigen စစ်နိုင်ပါတယ် ၊ Urea breath test လို့ခေါ်တဲ့ test နဲ့လည်းစစ်နိုင်ပါတယ်အစာအိမ်မှန်ပြောင်းကြည့်ပြီး အသားစယူပြီး အသားစစစ်ဆေးခြင်း Rapid urease test တို့နဲ့လည်း စစ်နိုင်ပါတယ်
အစာအိမ်ပိုးပျောက်အောင် ဆရာဝန်နဲ့တိုင်ပင်ပြီး ပိုးသတ်ဆေးသောက်ရပါတယ် ဆေးသောက်ပြီး ပိုးပြောင်/ မပြောင်ကိုလည်း breath test, ဝမ်း Antigen test စစ်နိုင်ပါတယ်
ဒါ့ကြောင့် အစာအိမ်နဲ့ ပတ်သတ်တဲ့ ရောဂါလက္ခဏာတွေ ခဏခဏ ဖြစ်ရင် အစာအိမ်ပိုးစစ်ပြီး စောစီးကုသမှုခံယူပြီး အစာအိမ်အနာ ကင်ဆာ အဆင့်ထိမရောက်အောင် ဂရုစိုက်သင့်ပါတယ် ။

ဖိုးဖိုးဖွားဖွားတွေမှာ အဖြစ်များတတ်တဲ့ မျက်လုံး ပြသာနာများ၁. အနီးမှုန်ခြင်းအသက် ၄၅ ကျော်လာတဲ့ အခါမှာ မျက်လုံးထဲက အနီးအဝေ...
22/11/2023

ဖိုးဖိုးဖွားဖွားတွေမှာ အဖြစ်များတတ်တဲ့ မျက်လုံး ပြသာနာများ

၁. အနီးမှုန်ခြင်း
အသက် ၄၅ ကျော်လာတဲ့ အခါမှာ မျက်လုံးထဲက အနီးအဝေးချိန်ပေးတဲ့ ကြွက်သားတွေက elasticity လျော့လာတာကြောင့် အနီးကြည့်တဲ့စာဖတ် ကွန်ပြူတာကြည့်တဲ့ အချိန်တွေမှာ ဝါးလာတတ်ပါတယ် ထိုအခါ စာကြည့်မျက်မှန်တတ်ရပါတယ်

၂.မျက်စိပုံရိပ်ပေါ်လွှာ ပြသာနာများ
သွေးတိုး ဆီးချို စတဲ့ ရောဂါတွေရဲ့ နောက်ဆက်တွဲ ပြသာနာ အနေနဲ့ retina လို့ခေါ်တဲ့ မျက်မြင်လွှာလေးထိခိုက်ပြီး မျက်လုံး အမြင်ဆိုးဆိုးရွားရွားထိခိုက်တတ်တာကြောင့် ဆီးချို သွေးတိုးရှိရင် နောက်ဆက်တွဲဆိုးကျိုးမဖြစ်အောင် စောစီးစွာသိပြီး ကုသမှုခံယူသင့်ပါတယ်

၃.အတွင်းတိမ် Cataract
ပုံမှန်မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူးလေးက ကြည်လင်နေရပါမယ် ဒါမှ အလင်းတန်း ဝင်လာတဲ့ အချိန် အမြင်ကြည်တာပါ .. ဆီးချိုသမား ၊အသက်ကြီး သမားတွေမှာ ရောဂါကြောင့်ရော မျိုးရိုးလိုက်တာကြောင့်ရော မှန်ဘီလူးလေးက မကြည်တော့ဘဲ နောက်လာတဲ့ အခါ အမြင်ထိခိုက်တတ်ပါတယ်
ဒီလို အခါမှာ မှန်ဘီလူး အစားထိုးတာလုပ်ရပါတယ်

၄. ရေတိမ် Glaucoma
မျက်လုံးထဲမှာ ရေဖိအား fluid pressure များတဲ့ အခါ မျက်စိအမြင်ချို့ယွင်းတာကို ရေတိမ်လို့ခေါ်ပါတယ် ရုတ်တရက်ဖြစ်တာလည်းသလို နာတာရှည်ဖြစ်တာလည်းရှိပါတယ် အသက်ကြီးသူများအနေနဲ့ မျက်လုံး အတွင်းက ဖိအားကို ၂-၃ နှစ်တခါ စစ်ဆေးမှုလုပ်ခြင်းဖြင့် ရေတိမ်ကြောင့် အမြင်အာရုံ ချို့ယွင်းမှုကို ကာကွယ်နိုင်မှာပါ။

၅.မျက်လုံးခြောက်ခြင်း
မျက်ရည်ထုတ်ဂလန်းမှ မျက်ရည်ထုတ်တာနည်းလာတဲ့ အခါ lubricant သဘောမျိုးလုပ်ပေးတဲ့ မျက်ရည်မရှိတော့ဘဲ မျက်လုံးခြောက်လာပြီး အမြင်ဝါးတာ ယားတာ ခုလုခုလုဖြစ်တာဖြစ်တတ်ပါတယ် ဆရာဝန်နဲ့တိုင်ပင် ပြီး မျက်ရည်တုခတ် တာမျိုးလုပ်လို့ရပါတယ်

၆. မျက်ရည်ကျခြင်း
ရာသီဥတု အပြောင်းအလဲ အထူးသဖြင့် အေးပြီး လေတိုက်တဲ့ ရာသီတွေမှာ sensitive ဖြစ်ပြီး မျက်ရည်ကျတာဖြစ်တတ်ပါတယ် တခါတလေ မျက်စိထဲ infection ပိုးဝင်တဲ့အခါမှာလည်း မျက်ရည်ပူကျတာတွေဖြစ်တတ်ပါတယ် ဒီလိုအခါ လေကာ/နေကာအဖြစ် မျက်မှန်အကာသဘောမျိုးတပ်ပေးခြင်းဖြင့် သက်သာစေပါတယ် ပိုးဝင်တာကြောင့်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပိုးသတ်ဆေးမျက်စဉ်းရက်တို ခတ်ရတတ်ပါတယ်ရှင့်

၇.Macular degeneration
အမြင်အာရုံကြောနားမှာရှိတဲ့ Macule လို့ခေါ်တဲ့အစိတ်အပိုင်းက အသက်ကြီးလာတဲ့အခါ သွေးလည်ပတ်မှု blood supply နည်းပြီး ချို့ယွင်းလာတဲ့အခါ အမြင် (အထူးသဖြင့် မြင်ကွင်း အလယ်)မှာ အမြင် အားနည်းတတ်ပါတယ်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

Osteoporosis ( အရိုးပွခြင်း) ဘယ်လိုလူတွေမှာ အရိုးပွ အဖြစ်များလဲ?-Asian , Caucasian သားများ-မျိုးရိုးထဲ အရိုးပွရှိသူများ ...
18/11/2023

Osteoporosis ( အရိုးပွခြင်း)

ဘယ်လိုလူတွေမှာ အရိုးပွ အဖြစ်များလဲ?
-Asian , Caucasian သားများ
-မျိုးရိုးထဲ အရိုးပွရှိသူများ
-ပိန်သောသူများ
-ဆေးလိပ် အရက် မှီဝဲသူများ
-ကယ်လဆီယမ်ဓာတ်လုံလောက်စွာ မစားသုံးသူများ
-Vitamin D မလုံလောက်သောသူများ (သဘာဝနေရောင်နှင့် ထိတွေ့မှုနည်းသူများ)
-သွေးဆုံးပြီး ဟိုမုန်းဓာတ်နည်းသူများ သက်လတ်ကနေသက်ကြီးပိုင်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ် အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်
-စတီးရွိုက်ဆေးကို ကြာရှည် မှီဝဲသူများ
-ကိုယ်လက်လှုပ်ရှားမှုနည်းသူများ

အရိုးပွခြင်းကြောင့် ဖြစ်တတ်တာကတော့ အရိုးတွေ အထိခိုက်မခံနိုင်ဘဲ နည်းနည်းလေးထိခိုက်တာနဲ့ အကျိုးလွယ်ခြင်းဖြစ်ပါတယ်။ တင်ပါးဆုံရိုး ၊ လက်ကောက်ဝတ်၊ ကျောရိုးတွေမှာ အဖြစ်များပါတယ် ။ တခါတလေ ထိခိုက်တာမျိုးမရှိတောင် ကျိုးတတ်ပါတယ်

အရိုးပွခြင်းရှိ/ မရှိ ဘယ်လိုသိနိုင်လဲ
-အရိုးကျိုးမှဘဲ သိကြတာများပါတယ်
-အစောပိုင်း အဆင့်တွေမှာ ဓာတ်မှန်ရိုက်လည်း အရိုးပွ မပွကို မသိနိုင်ပါဘူး
-DEXA bone densitometry scan ဖြင့် စောစောစီးစီး သိနိုင်ပါတယ်

အရိုးပွခြင်းကို ဘယ်လိုကာကွယ်မလဲ

- နေ့စဉ် calcium ကယ်လဆီယမ်ဓာတ်လုံလောက်စွာစားပါ .. အဆီနည်းတဲ့ နို့ထွက်ပစ္စည်း ( အဆီထုတ်နို့ ၊ ဒိမ်ချဉ် ၊ ချိစ်) ၊ ငါး ၊ နေကြာစေ့၊ Almonds စေ့ ၊တိုဖူး တို့က ကယ်လဆီယမ်ဓာတ် ကြွယ်ဝပါတယ်
-နေရောင်ခြည်ခံပါ vitamin D လုံလောက်အောင် တနေ့ မိနစ် ၂၀ ခန့် နေရောင်ခံပါ မနက် ၉ နာရီ မတိုက်ခင် အချိန်က အကောင်းဆုံးပါ
၉ နာရီနောက်ပိုင်းက နေရောင်ခြည်မှာ UV များတဲ့ အတွက် အရေပြားအတွက် မကောင်းပါဘူး
-weight bearing လေ့ကျင့်ခန်း ကတာ၊ jogging ၊ ခပ်မြန်မြန်လမ်းလျှောက်တာ စတဲ့ ကိုယ်လက်​လေ့ကျင့်ခန်း နေ့စဉ် ပုံမှန်လုပ်ပေးပါ
-ဆေးလိပ် အရက် ဖြတ်ပါ
-ကော်ဖီ အလွန်အကျွံသောက်ခြင်းရှောင်ပါ
-ဆေးအနေနဲ့ကတော့ calcium , calcitriol ဖြည့်စွက်စာအဖြစ် အသင့်အတင့်မှီဝဲနိုင်ပါတယ် ဟော်မုန်ဆေးတွေလည်းရှိပေမဲ့ side effects တွေဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ မှီဝဲသင့်ပါတယ် ..အရိုးပွခြင်းကလည်း အရိုးကျိုးမှမဟုတ်ဘဲ စောစီးစွာသိပြီး အရိုးတွေ ဆက်ပြီး မပွအောင် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

ဒီနေ့ဟာ ကမ္ဘာဆီးချိုများနေ့ ဖြစ်တဲ့ အတွက် မင်မင်က စာဖတ်သူတွေ ဆီးချိုအကြောင်း awareness ရအောင် ပြောပြပေးသွားမှာပါဆီးချိုရ...
13/11/2023

ဒီနေ့ဟာ ကမ္ဘာဆီးချိုများနေ့ ဖြစ်တဲ့ အတွက် မင်မင်က စာဖတ်သူတွေ ဆီးချိုအကြောင်း awareness ရအောင် ပြောပြပေးသွားမှာပါ

ဆီးချိုရောဂါဆိုတာ သွေးထဲမှာ အချိုဓာတ် သတ်မှတ်ထားတာထက်များနေရင် ဆီးချိုရှိတယ်လိုပြောကြပါတယ် ဆီးချိုရှိ/မရှိကတော့ ယေဘုယျအားဖြင့် လက်ထိပ်သွေးဖောက်တာ ၊ သွေးတွင်း HbA1C စစ်တာရယ် ရောဂါလက္ခဏာရှိ/မရှိရယ် ကို ချိန်ကြည့်ပီး ဆီးချိုရှိမရှိသတ်မှတ်လေ့ရှိပါတယ်..

ဆီးချိုမှာ အဓိက အားဖြင့် Type I နဲ့ Type II ဆိုပီး ခွဲထားပါတယ် Type 1 ကတော့ အသက်ငယ်တဲ့သူတွေမှာ ဖြစ်လေ့ရှိပီး ခန္ဓာကိုယ် ခုခံအားစနစ်ကြောင့် ပန်ခရိယမှာရှိတဲ့ အင်ဆူလင်ထုတ်တဲ့ ဆဲလ်တွေပျက်စီးပြီး အင်ဆူလင် မထုတ်နိုင်လို့ဖြစ်တာပါ Type II ကတော့ သက်လတ်နဲ့ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိပြီး အင်ဆူလင်ကို တုန့်ပြန်မှုကျသွားလို့ resistant ဖြစ်လို့ဖြစ်တာပါ

ရောဂါ လက္ခဏာတွေကတော့ ရုတ်တရက်ဆီးချိုတက်တာကြောင့်ဖြစ်တာနဲ့ ဆီးချိုကြောင့် နောက်ဆက်တွဲ နာတာရှည် ဆိုးကျိုးတွေ တအိအိခံစားရတာနဲ့ဆိုပြီး အကြမ်းဖျင်း၂ မျိုးရှိပါတယ်
ဒါ့အပြင် ဆီးချိုသမားတွေမှာ ဆီးချိုကျတာ (Hypoglycemia) ကလည်း ဆီးချိုကျသွားတဲ့အချိန်မှာ ဦးနှောက်ကို လိုအပ်တဲ့ သကြားဓာတ်မပေးနိုင်တော့တဲ့ အခါ သတိကျတာကနေ coma (ကိုမာ) ဝင်တဲ့ အထိ အန္တာရယ်ဖြစ်တတ်ပါတယ်

ဆီးချိုတက်ရင် ဆီးခဏခဏနဲ့ အများကြီးသွားတာ ၊ ရေဘယ်လောက်သောက်သောက် မဝသလိုဖြစ်တာ ၊ အားမရှိဘဲ ပင်ပန်းနေတာ ၊ Type 1 မှာဆို ခန္ဓာကိုယ် အလေးချိန်ကျသွားတာဖြစ်တတ်ပါတယ်

နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေကတော့ မျက်စိပြသာနာ၊ ကျောက်ကပ်ထိတာ၊ အာရုံကြောထိတာ ၊အာရုံကြောထိတာကြောင့် ခြေထောက်တွေလက်တွေထုံကျဉ်ပြီး အနာဖြစ်တာပုတ်တာတွေအထိ ဖြစ်တတ်ပါတယ်
နှလုံးသွေးကြောကျဉ်းပြီး သွေးကြောပိတ်တာနဲ့လည်း ဆက်နွယ်ပါတယ် ဆီးချိုကြောင့်ကိုယ်ခံအားကျပြီး infection ခန္ဓာကိုယ် အနှံ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုရောဂါတွေ သာမာန်လူထက် ဖြစ်နှုန်းတက်ပါတယ်

ကုသရာမှာ ဆီးချိုရောဂါဆိုတာ လုံးဝ အရှင်းပျောက်အောင်ကုလို့ မရပါဘူး ဒါပေမဲ့ အခု ခေတ်ပေါ်ဆေးတွေရယ် ကျန်းမာတဲ့ လူနေမှုဘဝပုံစံကြိုးစားနေရင် ဆီးချိုကိုသေချာထိန်းနိုင်မှာဖြစ်ပြီး သက်တမ်းစေ့နိုင်နိုင်ပါတယ်

ဆေးအနေနဲ့ အင်ဆူလင်ထိုးဆေးရယ် ခေတ်ပေါ် ဆီးချိုထိန်းဆေးတွေရယ်ရှိပြီး အစားအစာကို သေချာထိန်းစားပြီး ခန္ဓာကို လှုပ်ရှားမှု တနေ့ ၃၀ မိနစ်ကို တပတ်မှာ ၅ ရက်လုပ်ပေးခြင်း ၊ သွေးတိုးထိန်းပေးခြင်း ၊ cholesterol ကိုလက်စထရောစားသုံးမှူလျှော့ချခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း ၊မိမိအသက်အရပ်နဲ့ကိုက်ညီတဲ့ခန္ဓာကိုယ် အလေးချိန်ထိန်းပေးခြင်းတို့နဲ့ ဆီးချိုကိုထိန်းနိုင်ရင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချနိုင်မှာပါ
ဆီးချိုသမားတွေဟာ မျက်လုံးစစ်ဆေးမှုကို ပုံမှန်ခံယူသင့်ပါတယ်၊ ခြေထောက်တွေ ထုံတာကနေ အနာဖြစ်ရင် အနာကျက်တာ မကောင်းတတ်တာကြောင့် မပေါ့ဆဘဲ နီးစပ်ရာ ဆရာဝန်နဲ့ပြသ သင့်ပါတယ်

အစားအသောက်ကတော့
-အစာကို နပ်မှန်အောင်စားပါ တနှပ်မစားဘဲနေလိုက်တာမျိုး မလုပ်ပါနဲ့
-အဆီစားသုံးမှုလျှော့ချပါ
-အချို သကြားနဲ့ refine carbs တွေဖြစ်တဲ့
(ကိတ်မုန့် ပေါင်မုန့်ချို ဘီစကွတ် ယိုအမျိုးမျိုး ပျားရည် ချောကလပ်ချို၊ သံဗူး အချိုရည်ဘူး၊ ကော်ဖိချို လက်ဖက်ရည်ချို )တို့ကိုရှောင်ပါ
-complex crabs တွေဖြစ်တဲ့ ဂျံုကြမ်း ၊အာလူး၊ cereals နဲ့ အာရှသားတွေအနေနဲ့ ထမင်း ခေါက်ဆွဲကိုတော့ ပှံမှန်စားနိုင်ပါတယ်
-အရွက် ၊အဆီနည်း ပရိုတင်းများတဲ့အသား၊ ငါး ၊ပဲအမျိုးမျိုး ကြက်ဥပြုတ်နဲ့ low sugar high fiber အသီးတွေကို ပုံမှန်ပမာဏ စားသောက်နိုင်ပါတယ်
မိမိစားမည့် အစားအစာတွေကို သေချာတွက်ချက်ပီး စားတာ dietian/သိကျွမ်းသူတွေနဲ့ တိုင်ပင်တာမျိုးလုပ်နိုင်ရင် ကောင်းပါတယ် ။

ဆီးချိုရောဂါဟာ အခုခေတ်မှာဆိုရင် လူနေမှု ဘဝပုံစံပြောင်းလာတာရယ် စားသောက်မှုပုံစံပြောင်းလာတာ မျိုးရိုးလိုက်တာရယ်ကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရော ရောဂါဖြစ်နှုန်းတက်နေပါတယ် ဒါကြောင့် ဒီအချက်တွေ သိထားပြီး မိမိနဲ့ မိမိရဲ့ မိသားစုဝင်တွေကို ကျန်းမာရေး ဗဟုသုတမျှဝေပြီး ကျန်းမာတဲ့ဘဝဖြစ်အောင် ဂရုစိုက်ကြဖို့ မင်မင်တိုက်တွန်းလိုက်ပါတယ်။

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

သန်ရောဂါအကြောင်းသိကောင်းစရာများသန်ကောင်အမျိုးအစားများ ၁. Pin worms /Thread worms( တုတ်ကောင်) ၂.Round worms (သန်လုံးကောင်...
09/11/2023

သန်ရောဂါအကြောင်းသိကောင်းစရာများ

သန်ကောင်အမျိုးအစားများ
၁. Pin worms /Thread worms( တုတ်ကောင်)
၂.Round worms (သန်လုံးကောင်)
၃.Whip Worms (ကျာပွတ်သန်ကောင်)
၄. Hook worms
၅.Tape worms

ဒါတွေထဲမှာမှ အဖြစ်များတဲ့ Pin worms အကြောင်းပြောပြပေးသွားမှာပါ

Pin worms ကူးစက်ခံရခြင်း ကို Enterobiasis လို့လည်းခေါ်ပါတယ်
Pin worms ဟာ ၁ စင်တီမီတာလောက်ရှိတဲ့ တုတ်ကောင်လေးတွေပါ
ကလေးတွေမှာ အဖြစ်များပေမဲ့ လူကြီးတွေမှာလည်းဖြစ်တတ်ပါတယ် လူအချင်းချင်းကူးစက်တတ်ပါတယ်

သန်ဥလေးတွေဟာ မသန့်ရှင်းတဲ့အစားအစာကနေတဆင့်ဖြစ်စေ ခြေထောက်ဗလာနဲ့ မြေကြီးတွေပေါ် လမ်းလျှောက် ရင်းအရေပြားကနေဖြစ်စေ လူ့ခန္ဓာထဲကို ဝင်လာတတ်ပါတယ် သန်ဥကနေ ၂ ပတ်လောက်ကြာတဲ့ အခါမှာ adult သန်ကောင်ဖြစ်လာပီး သန်ကောင် အမတွေကနေထပ်ပြီး ဥ ဥ တတ်ကြပါတယ် သန်ကောင် အမတွေဟာ ဥကို ည အခါ စအိုနားထွက်ပီး ဥတတ်ကြလို့ ရောဂါလက္ခဏာ အနေနဲ့ ညသန်းခေါင်ဆို စအိုနားတဝိုက်ယားတတ်ပါတယ် အစားအသောက်ပျက်တတ်ပါတယ် စအိုနား တဝိုက်ယားရာမှ ကုတ်မိတဲ့အခါ သန်ဥလေးတွေက လက်/လက်သည်းကြားနားပေသွားပီး ထိုလက်နဲ့ အစားစားတဲ့အခါ ပါးစပ်မှ တဆင့် အူလမ်းကြောင်းထဲဝင်ပြီး ကူးစက်တတ်ပါတယ်

ကုသရာမှာကတော့
- အစာမစားခင်နဲ့ အိမ်သာတက်ပီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာဆေးကြောရပါမယ်
-တစ်မိသားစုလုံး တကိုယ်ရေသန့်ရှင်းရေး သေချာ ဂရုစိုက်ပေးရပါမယ် ရေကို နေ့တိုင်း ချိုးပေးပါ
-သန်ကျတဲ့ ကလေးတွေနဲ့ အိမ်သားတွေရဲ့ အိပ်ယာခင်း ညအိပ်ဝတ် အတွင်းခံတွေကို ရေနွေးပွက်ပွက်ဆူနဲ့ လျှော်ခြင်းကို နေ့တိုင်း ရက်အသင့်အတင့်ထိ လုပ်ပေးရပါမယ်
-လက်သည်းခြေသည်းများကို တိုတိုညှပ်ပေးရပါမယ်
-အသုံးပြုသော အိမ်သာများကို ပိုးသတ်ဆေး (disinfectant) ဖြင့် နေ့တိုင်းဆေးရပါမယ်
-ကလေးတွေကို မြေပေါ်ကျပြီးသား အစားအစာတွေ မစားဖို့ အိမ်မွေးတိရစ္ဆာန်လေးတွေ ကိုင်ပီး လက်သေချာဆေးဖို့ သင်ပေးရပါမယ်
-သန်ချဆေး (Albendazole/ Mebendazole) ကို အိမ်သားတိုင်း single doseသောက်ရပါမယ် တခါတရံတော့ single dose ပီး သန်ဥလေးတွေကျန်တာတွေရှိရင်တော့ ၂-၃ ပတ်နေရင် နောက်တကြိမ်သောက်ရတတ်ပါတယ် ။

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

ဆီးကျောက်တည်ခြင်း (Kidney stones)ဆီးကျောက်အမျိုးအစားများ1. Calcium oxalate stones (ကယ်လဆီယမ် အောက်စလိတ်ကျောက်)2.Uric aci...
06/11/2023

ဆီးကျောက်တည်ခြင်း (Kidney stones)

ဆီးကျောက်အမျိုးအစားများ
1. Calcium oxalate stones
(ကယ်လဆီယမ် အောက်စလိတ်ကျောက်)
2.Uric acid stones (ယူရစ်အက်စစ်ကျောက်)
3.struvite stones (စထူးဗိုက်ကျောက်)
4.Cystine stones (စစ်စတင်းကျောက် )
တွေရှိတဲ့ထဲမှာမှ အဖြစ်အများဆုံးကတော့ oxalate stones ဖြစ်ပါတယ်

ဆီးကျောက်မဖြစ်အောင်

၁. ရေများများသောက်ရပေးရပါမယ်
တနေ့ကို ရေ ၂-၃လီတာ (ရေ ၈-၁၀ခွက်)သောက်ပေးရပါမယ် သို့မှသာ ဆီးကျဲစေပီး minerals တွေမှ ပုံဆောင်ခဲဖြစ်ပီးကျောက်ဖြစ်ခြင်းကို လျှော့ချနိုင်မှာပါ)
၂. ဆီသွားချင်ရင် အောင့်မထားဘဲ ချက်ချင်းထသွားပါ ကုန်အောင်သွားပါ
၃.Balanced diet စားပါ သင်ဟာဆီးကျောက်ရှိသူဆိုရင်
-Oxalate ပါတဲ့ အစားအစာတွေဖြစ်တဲ့
ဟင်းနုနွယ် (spinach) , beetroot, တရုတ်နံနံ ၊ chocolate, ကိုက်လန် အရွက်တို့ကို လျှော့စားပါ Vitamin C ဟာလည်း oxalate ဆီးကျောက်ဖြစ်စေမှုကို အားပေးပါတယ်
-Uric acid တက်စေတဲ့ အစားအစာများ , high purines diets များကိုရှောင်ပါ Red meat(မချက်ခင် အနီရောင်ရှိသော အသားများ ဝက်/အမဲသား) ၊ organ meats (ကလီစာများ) ၊ sardines ဆားဒင်းငါး ၊ shellfish၊ အရက်ဘီယာ ၊ red wines တို့ကိုလျှော့စားပါ
-ကော်ဖီ ၊carbonated drink (coca cola) ၊အလွန်အကျွံသောက်ခြင်းရှောင်ပါ refined carbohydrates (ပြုပြင်ထားသော ကာဗွန်ဟိုက်ဒရိတ်) လျှော့စားပါ
-Cystine (NAC ဖြည့်စွက်စာ )အလွန်မှီဝဲပါက Cystine stonesဖြစ်စေတတ်ပါတယ်

ဆီးကျောက်ဖြစ်ရင် သေးငယ်တဲ့ အရွယ်အစားမှ ဂေါက်သီးလုံးလောက်အကြီးကြီးဖြစ်တတ်ပါတယ် လက္ခဏာတွေအနေနဲ့ကတော့ ခါး၊ဆီးစပ်အလွန်နာတာ ၊ ဆီးသွားရခက်တာ ၊ဆီးကျဉ်တာ ၊ ပျို့အန်တာ ၊ဆီးပိုးဝင်တာဆီးထဲသွေးပါတာ ဖြစ်တတ်ပီး အဆိုးဆုံးကတော့ ကျောက်ကြောင့် ဆီးလမ်းကြောင်းပိတ်ပီး ကျောက်ကပ်ပျက်တာ ကျောက်ကပ်ပြည်တည်တာဖြစ်တဲ့ထိ ဒုက္ခပေးတတ်ပါတယ်

ဆီးကျောက်ရှိမရှိကို ဆီးစစ်တာ ၊ အာထရာဆောင်းရိုက်တာ ၊ ကျောက်ကပ်ဓာတ်မှန်ရိုက်တာဖြင့်သိနိုင်ပါတယ်

သေးငယ်တဲ့ကျောက်တွေက သူ့အလိုလို ဆီးသွားရာနေကျသွားပြီး ပျောက်သွားတတ်ပေမဲ့ အချို့ ကျောက်တွေကတော့ ခွဲစိတ်ပီး ကျောက်ထုတ်တာ၊ လေဆာနဲ့ကျောက်ချေတာဖြင့် ကုသရပါတယ်

အေးငြိမ်းသစ္စာ အထူးကုဆေးခန်း
အမှတ် ၁၄၆ ၊ ကုန်သည်လမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီး။
☎️ 09882211698, 09882211699

Address

146, Merchant Street, KanShae Quarter
Taunggyi

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959882211699

Website

Alerts

Be the first to know and let us send you an email when Aye Nyein Thitsar Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Nyein Thitsar Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram