နဂါး - ဆေးဆိုင်

နဂါး - ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from နဂါး - ဆေးဆိုင်, Medical and health, Taunggyi.

ဒါလေးကတော့ ၃လညီမလေးရဲ့ Reviewလေးပါရှင့်🥰အစဆုံးစိတ်ရှည်ရှည်နဲ့ဘလိုတွေ တာဝန်ယူလဲမေးအဆင်ပြေချောမွေ့ချင်ရင် ထွန်းဆေးဆိုင်မှာ...
06/10/2024

ဒါလေးကတော့ ၃လညီမလေးရဲ့ Reviewလေးပါရှင့်🥰

အစဆုံးစိတ်ရှည်ရှည်နဲ့ဘလိုတွေ တာဝန်ယူလဲမေး

အဆင်ပြေချောမွေ့ချင်ရင် ထွန်းဆေးဆိုင်မှာ လာဝယ်ကြနော်❤️

 #ရာသီနောက်ကျခြင်းအကြောင်းအရင်းများရာသီလာနေကျ ရက်ထက်ကျော်သွားလျှင်ကိုယ်ဝန် ရှိတာလည်း ဖြစ်နိုင်ပေမယ့်အခြားသော စိတ်ဖိစီးမှ...
05/10/2024

#ရာသီနောက်ကျခြင်းအကြောင်းအရင်းများ

ရာသီလာနေကျ ရက်ထက်ကျော်သွားလျှင်
ကိုယ်ဝန် ရှိတာလည်း ဖြစ်နိုင်ပေမယ့်
အခြားသော စိတ်ဖိစီးမှုများခြင်း;သားဥကြွေတဲ့ အချိန်မှာကိုယ်က တုပ်ကွေးမိနေချိန်နဲ့ တိုင်ဆိုင်သွားခြင်း;အရမ်း ပိန်သွားခြင်းတွေကြောင့်လည်းရာသီဟာတစ်ခါတလေမှာ"တစ်လ" တန်သည်ဖြစ်စေ၊
"နှစ်လ" တန်သည်ဖြစ်စေ၊ထိန်သွားတတ်ပါတယ်။

🌸ဘာကြောင့် ဒီလို ဖြစ်တာလဲ

💙Stress

စိတ်ဖိစီးမှု များတဲ့အခါ ဟော်မုန်းကမောက်ကမ ဖြစ်ခြင်းကြောင့် ရာသီလာတာ (နောက်ကျ or ရာသီထိမ်)တတ်ပါတယ်
အရမ်းစိတ်ဖိစီးမှုများတဲ့ အချိန်ရာသီ( ၁)လ ပျောက်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတစ်ခုပါ။
စိတ်ဖိစီးမှု သက်သာတဲ့ အချိန်မှာ ခန္ဓာကိုယ် ဟော်မုန်း levelဟာ ပြန်တည်ငြိမ်သွားပြီး ရာသီဟာ ပုံမှန် အတိုင်းပြန်လာပါတယ်။

💙Birth Control (သ‌န္ဓေတားဆေးများ)

သန္ဓေတား သားဆက်ခြားဆေးတွေမှာ
အီစထိုဂျင် နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေပါဝင်ပြီး သားဥကြွေခြင်းကိုတားပေးတာဖြစ်ပါတယ်။ဟော်မုန်းပါတဲ့ ထိုးဆေးများအသုံးပြု၍ သားဆက်ခြားခြင်း၊ သောက်ဆေးအသုံးပြု၍သားဆက်ခြားခြင်း၊ လက်မောင်းတွင်းထည့်ခြင်း၊ သားအိမ်တွင်း ထည့်ခြင်း နည်းအားလုံးက ရာသီ ထိန်တာ၊ ရာသီမမှန်တာဖြစ်နိုင်ပါတယ်။
ဒီလိုဟော်မုန်းတွေသုံးတာရပ်ပြီး ရာသီပြန်မှန်ဖို့ကို ၃လလောက်အချိန်ပေးရတတ်ပါတယ်။
ရာသီ မမှန်တာအတွက် တားဆေးကဒ်ပေးတာမျိုးတွေ နဲ့ တခြားကုသမှုပေးရတာမျိုးတွေလုပ်ရပါတယ်။

💙Extreme Exercises

တစ်နေ့မှာ ၁-၂နာရီ ထက်ပိုပြီးတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်
ဟော်မုန်းကမောက် ကမ ဖြစ်ခြင်းကြောင့် ရာသီလာတာ နောက်ကျတတ်ပါတယ်
ဒါကြောင့် တစ်နေ့မှာ ၁-၂နာရီ ထက်ပိုပြီးတော့ လနဲ့ချီ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင်အစားသေချာစားခြင်း;လိုအပ်တဲ့ ဗီတာမင်တွေ မှီဝဲဖို့ လိုနိုင်တဲ့ အတွက်ကြောင့် ဆရာဝန် နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်

💙Pre-menopause( or )Early menopause

အမျိုးသမီးအများစုဟာ အသက် ၄၅ မှ ၅၅ မှာသွေးဆုံးတတ်ပါတယ်။အသက်၄၀ နဲ့ ၄၀ အရင်သွေးဆုံးတဲ့ အမျိုးသမီးတွေမှာ အရွယ်မတိုင်ခင် သားဥအိမ် အလုပ်မလုပ်ခြင်း တွေဖြစ်နိုင်ပါတယ်။ ဒီလို အရွယ်မတိုင်ခင် သားဥအိမ်‌အလုပ်မလုပ်ခြင်းဟာ သားဥအိမ်ခွဲထုတ်ထားသူတွေ၊ မျိုးရိုးလိုက်တာတွေ၊ တခြားရောဂါတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အသက် ၄၀ ဝန်းကျင်မှာ ရာသီသွေးထိန်တာမျိုးတွေဖြစ်လာပြီဆိုရင် ဆေးခန်းပြစစ်ဆေးတာမျိုးလုပ်ပါ။

💙Thyroid (or) other Health issues.

သိုင်းရွိုက်ဟော်မုန်းများခြင်း၊ နည်းခြင်းဆိုင်ရာ ရောဂါတွေကြောင့်လဲ ရာသီနောက်ကျတာ ထိန်တာတွေဖြစ်စေနိုင်ပါတယ်။ သိုင်းရွက်ဟော်မုန်းတွေဟာ ကိုယ်ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းပေးတာဖြစ်လို့ ဒီဟော်မုန်းတွေ ကမောက်ကမဖြစ်ရင် ရာသီလာတာမမှန်တာတွေ ဖြစ်နိုင်ပါတယ်။သိုင်းရွိုက်ရောဂါတွေက များသောအားဖြင့် ဆေးနဲ့ကုသပျောက်ကင်းနိုင်ပါတယ်။ဒီ ရောဂါတွေကို ကုသအပြီးမှာ ရာသီပြန်မှန်သွားနိုင်ပါတယ်။

☘️ နာတာရှည်ရောဂါများ

နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါနဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေဟာလဲ ရာသီလာခြင်းကိုသက်ရောက်မှုရှိစေနိုင်ပါတယ်။
သွေးတွင်းအချိုဓါတ်အပြောင်းအလဲကလည်း ဟော်မုန်းအပြောင်းအလဲများနဲ့ ဆိုင်နိုင်တာကြောင့် ဆီးချိုရောဂါရှိသူတွေမှာ အချိုဓါတ်ထိန်းတာမျိုးသေချာမလုပ်ရင် ရာသီမမှန်တာမျိုးဖြစ်စေနိုင်ပါတယ်။
အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါတွေမှာဆိုရင် အူနံရံထိခိုက်တာတွေဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစာအဟာရ စုပ်ယူပေးနိုင်မှုကိုဟန့်တားတာမျိုး ဖြစ်စေပါတယ်။
ဒါတွေကြောင့် ရာသီမမှန်တာဖြစ်စေတာမျိုးတွေလဲဖြစ်နိုင်ပါတယ်။
တခြား ရာသီမမှန်ဖြစ်စေနိုင်တဲ့ နှာတာရှည်ရောဂါတွေလဲ ရှိနေနိုင်ပါသေးတယ်။

💙PCOS (polycystic ovarian syndrome)

PCOSဆိုတာကတော့( polycystic ovarian syndrome )လို့ခေါ်တဲ့ သားဥအိမ်ရေအိတ်တည်တဲ့ ရောဂါကို ဆိုလိုပါတယ်။ PCOS မှာဆိုရင်တော့ ရေအိတ်တည်တာ တစ်မျိုးတည်းမဟုတ်ဘဲ hyperandrogenism လို့ခေါ်တဲ့ ကျားဟော်မုန်းတွေပါ များနေတဲ့အတွက်ကြောင့် သူနဲ့သက်ဆိုင်တဲ့ ရောဂါလက္ခဏာစုတွေကိုပါ ခံစားရတတ်ပါတယ်။ ဟော်မုန်းမညီမျှခြင်းများဖြစ်ပြီး ကျားဟော်မုန်းများလာခြင်းကြောင့် သားဥမကြွေနိုင်တော့ဘဲ PCOS ဖြစ်လာတာ ဖြစ်ပါတယ်။ PCOS ရှိတဲ့ အမျိုးသမီးတွေရဲ့ ၇၅%လောက်မှာဆိုရင်တော့ ဓမ္မတာနည်းခြင်း၊ မမှန်ခြင်း၊ ဓမ္မတာထိန်ခြင်းတို့ ကြုံတွေ့ရပါတယ်။
ဒီ PCOS ရှိနေသူတွေမှာ တခြား ဟော်မုန်းတွေဖြစ်တဲ့ အင်ဆူလင်ဟော်မုန်းတွေ မညီမျှတာတွေလဲဖြစ်နိုင်ပါတယ်။

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when နဂါး - ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram