04/02/2026
ကင်ဆာရောဂါကို ရင်ဆိုင်အံတုနေရတဲ့
ဝေဒနာရှင်များရဲ့ အတွေ့အကြုံ၊ စိတ်ခံစားချက်၊
ခရီးလမ်းတွေဟာ တစ်ယောက်ချင်းစီ မတူညီကြပါဘူး။
ဒါပေမယ့် မတူညီမှုတွေကြားမှာတောင် နားလည်မှု၊ စာနာမှု၊ မေတ္တာနဲ့ စည်းလုံးမှုတွေက အားလုံးကို တစ်စုတစ်စည်းတည်း ချိတ်ဆက်ထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ (4) ရက်နေ့မှာ ကျရောက်တဲ့
"𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲" မှာ ကင်ဆာရောဂါ
ဝေဒနာခံစားနေရသူများကို အားပေးဂုဏ်ပြုရင်း
မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ
အားလုံးအတူ စုပေါင်းပြီး ဝေဒနာရှင်များအတွက် နွေးထွေးတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးပေးကာ မျှော်လင့်ချက်နဲ့ ရှေ့ဆက်လိုက်ရအောင်လားရှင်💙