Ku Sarr

Ku Sarr Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ku Sarr, Mental Health Service, Taunggyi.

Ku Sarr (Heal) Mental Health and Wellness Services provides mental well-being services, including mental health psychosocial support (MHPSS)and innovative therapeutic approaches such as art, music, and drama, to enhance the quality of life of individuals.

06/05/2026

Love Languages (ချစ်ခြင်းဘာသာစကား) ၅ မျိုး

03/05/2026

The Language of Hands workshop moments

🌟The Language of Hands Workshop ဖိတ်ကြားခြင်း 🌟English version below:မြေစေး (Clay) ရဲ့ နူးညံ့တဲ့ အထိအတွေ့နဲ့အတူ မိမိအတွင...
30/04/2026

🌟The Language of Hands Workshop ဖိတ်ကြားခြင်း 🌟
English version below:

မြေစေး (Clay) ရဲ့ နူးညံ့တဲ့ အထိအတွေ့နဲ့အတူ မိမိအတွင်းစိတ်ထဲက စကားလုံးနဲ့ ဖော်ပြရခက်တဲ့ ခံစားချက်တွေကို ပုံဖော်ရင်း စိတ်ဖိစီးမှုတွေကို လွတ်ချပစ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ လက်ဖဝါးနှစ်ဖက်ရဲ့ လှုပ်ရှားမှုကတစ်ဆင့် စိတ်ဖိစီးမှုတွေကို ပုံဖော်ထုဆစ်ပြီး "စိတ်ကို အေးချမ်းစွာ ပြန်လည်တည်ဆောက်မယ့်" ခရီးစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 🤲✨

🌿 ဒီ Workshop ကနေ ဘာတွေရရှိမလဲ။ ဘာကြောင့် ပါဝင်သင့်လဲ။
- မြေစေး၏ အထိအတွေ့မှတစ်ဆင့် ပစ္စုပ္ပန်တည့်တည့်သို့ အာရုံရောက်ရှိစေပြီး အာရုံငါးပါးနှင့် ချိတ်ဆက်ကာ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်စေခြင်း။
- စကားလုံးတွေနဲ့ ပြောပြဖို့ ခက်ခဲနေတဲ့ ဝေဒနာနှင့် ခံစားချက်များကို ရုပ်လုံးပေါ်အောင် ထုဆစ်ရင်း လွတ်လပ်စွာ ထုတ်ဖော်ကာ စိတ်သက်သာရာရစေခြင်း။

📅 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ မေလ၃ ရက် (တနင်္ဂနွေနေ့)
⏰ အချိန် - နေ့လည် ၁၂:၃၀ နာရီမှ ညနေ ၃:၃၀ နာရီအထိ
📍 နေရာ - ရိုးမအနုပညာရပ်ဝန်း၊ Café Sake (အမှတ် ည/၄၅၊ ဂုဏ်ထူးလမ်းသွယ်၊ ညောင်ဖြူစခန်းရပ်၊ တောင်ကြီးမြို့)

💵 ဝင်ကြေး - အခမဲ့

(မှတ်ချက် - စာရင်းသွင်းရန်မလိုပါ။ လာရောက်ပြီး မြေစေးလေးတွေနဲ့အတူ အချိန်ကုန်ဆုံးရုံပါပဲ။)

📞 အသေးစိတ်ဆက်သွယ်ရန်
📧 kusarr.heal@gmail.com
📲 Ku Sarr Page Messenger
ပစ္စုပ္ပန်ရဲ့ လှပတဲ့ အခိုက်အတန့်တွေကို မိမိရဲ့ လက်ဖဝါးနှစ်ဖက်နဲ့အတူ ဖမ်းဆုပ်ဖို့ အဆင်သင့်ပဲလား။ ဒါဆို အလုပ်ရုံဆွေးနွေးပွဲက်ို ပါဝင်လိုက်ကြရအောင်နော်။🌟


🌟 Invitation to "The Language of Hands" Workshop 🌟

Are you ready to release your stress and shape the unspoken emotions hidden within? Through the soft, grounding touch of clay, we invite you on a journey to transform your inner tension into art and "rebuild a peaceful mind." Join us as we explore the healing power of manual expression. 🤲✨

🌿 What will you gain? Why should you join?
- Connect with your five senses through the tactile nature of clay, bringing your focus to the present moment and calming your nervous system.
- Safely express and sculpt the pains or emotions that are often difficult to put into words, finding relief through creative release.
- Discover a gentle way to process stress and rebuild your inner strength by shaping a medium that is as flexible and resilient as you are.

📅 Event Details
• Date: Sunday, May 3, 2026
• Time: 12:30 PM – 3:30 PM
• Location: Yoma Art Space, Café Sake (No. Nya/45, Gone Htoo Lane, Nyaung Phyu Sakhan Quarter, Taunggyi)

• Entry Fee: Free
Note: No registration is required. Simply show up and spend some therapeutic time with clay.

📞 Contact Information
• Email: kusarr.heal@gmail.com
• Messenger: Ku Sarr Page Messenger
Are you ready to capture the beautiful moments of the present with your own two hands? Let’s begin this journey together at the workshop! 🌟

29/04/2026

“Eustress (Positive stress)” ဆိုတာဘာလဲ။
ဆောင်းပါးရေးသူ- Thet Hnin
English version below:

“Eustress ဆိုတာ စိတ်ပညာရှင် Hans Selye စတင်သုံးနှုန်းခဲ့တဲ့ စကားလုံးဖြစ်ပြီး "အပြုသဘောဆောင်သော စိတ်ဖိစီးမှု" ကို ဆိုလိုပါတယ်။ လူတစ်ယောက်ကို ပင်ပန်းနွမ်းနယ်စေပြီးစိတ်ကျစေတဲ့ စိတ်ဖိစီးမှုမဟုတ်ပဲ တက်ကြွပြီး စွမ်းဆောင်ရည်ပိုကောင်းစေတဲ့ စိတ်ဖိစီးမှုမျိုးဖြစ်ပါတယ်။

Eustress က သတ်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု သို့မဟုတ် ပန်းတိုင်တစ်ခု (ဥပမာ - စာမေးပွဲဖြေဆိုခြင်း၊ စင်ပေါ်တွင် စကားပြောခြင်း၊ ပရောဂျက်အသစ် စတင်ခြင်း) အပေါ်တွင်သာ အခြေခံလေ့ရှိပါတယ်။

“Eustress (Positive stress)” ခံစားရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ဘယ်လို တုန့်ပြန်တတ်လဲ။

“Eustress (Positive stress)” ခံစားရတဲ့အခါ ခန္ဓာကိုယ်က "ရင်ခုန်စိတ်လှုပ်ရှားစရာ" အဖြစ် လက်ခံပြီး ရုပ်ပိုင်းဆိုင်ရာအရ နှလုံးခုန်မြန်လာခြင်း၊ ခြေဖဝါး၊လက်ဖဝါးတွင် ချွေးထွက်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ကြွက်သားများတင်းမာခြင်းတို့ ဖြစ်တက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ အာရုံစူးစိုက်မှုပိုကောင်းလာခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိခြင်း၊ တက်ကြွလန်းဆန်းခြင်း၊ အကောင်းမြင်စိတ်ရှိခြင်းတို့ဖြစ်ပေါ်စေပါတယ်။

Eustress က ဘယ်လောက်ကြာတတ်သလဲ?
Eustress သည် များသောအားဖြင့် Short-term (ကာလတို) သဘောသဘာဝ ရှိပါတယ်။
အချိန်ကာလ: မိနစ်ပိုင်း၊ နာရီပိုင်းမှစ၍ အလုပ်တာဝန် ပြီးဆုံးသည်အထိ ရက်ပိုင်း/လပိုင်းအနည်းငယ်သာ ကြာမြင့်တတ်ပါတယ်။

⚠️ အထူးသတိပြုရန်
Eustress နှင့် Distress ကြားမှာ အလွန်ပါးလွှာသော စည်းတစ်ခု ရှိပါတယ်။ ဘာလို့လည်းဆိုတော့ Eustress က လူတစ်ဦး၏ ခံနိုင်ရည်ထက် ကျော်လွန်သွားရင်၊ အနားယူခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ တောက်လျှောက် ဖြစ်နေလျှင် Distress (ဆိုးကျိုးပေးသော စိတ်ဖိစီးမှု) အဖြစ်သို့ ကူးပြောင်းသွားနိုင်လို့ပါ။

ဒါကြောင့် အပြုသဘောဆောင်တဲ့ စိတ်ဖိစီးမှုရှိနေစဉ်မှာပင် မိမိ၏ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကို ပြန်လည် ကုစားပေးဖို့ (Self-care) လိုအပ်ပါကြောင်း ဖြည့်စွက်ဖော်ပြပေးလိုက်ရပါတယ်။


What is "Eustress (Positive Stress)"?
Article writer- Thet Hnin

The term "Eustress" was first used by psychologist Hans Selye and refers to "positive stress." Unlike stress that causes fatigue and depression, eustress is a type of stress that makes a person feel energetic and improves their performance.

Eustress is usually based on a specific event or goal, such as taking an exam, speaking on stage, or starting a new project.

What are the physical and psychological responses when experiencing Eustress (Positive Stress)?

When experiencing eustress, the body accepts it as an "exciting" challenge. Physical responses can include a faster heartbeat, sweating on the palms and soles of the feet, a dry mouth, and muscle tension. Psychological responses include improved concentration, increased self-confidence, feeling energetic and refreshed, and having an optimistic mindset.

How long does Eustress typically last?

Eustress is generally short-term in nature. The timeframe can range from minutes or hours to a few days or months, typically lasting until a task or responsibility is completed.

⚠️ Important Note

There is a very fine line between eustress and distress. This is because if eustress exceeds a person's ability to cope, or if it persists for a long time without rest, it can transform into distress (harmful stress).

Therefore, while experiencing even positive stress, it is necessary to engage in self-care to recover from mental and physical fatigue.

26/04/2026

တိတ်ဆိတ်သော အခိုက်အတန့်များ

🦔 ဖြူကောင်လေးတွေဆီက သင်ခန်းစာ- သင့်လျော်သော လူမှုဆက်ဆံရေး အကွာအဝေး 🦔အဆူးမစူးစေဘဲ နွေးထွေးမှုပေးနိုင်မယ့် အရာများ (အပိုင်...
22/04/2026

🦔 ဖြူကောင်လေးတွေဆီက သင်ခန်းစာ- သင့်လျော်သော လူမှုဆက်ဆံရေး အကွာအဝေး 🦔
အဆူးမစူးစေဘဲ နွေးထွေးမှုပေးနိုင်မယ့် အရာများ (အပိုင်း ၃)
ဆောင်းပါးရေးသူ - Eaindray
English version below:

ဖြူကောင်လေးတွေဟာ အအေးဒဏ်ကို အတူတူအန်တုဖို့ အကွာအဝေးကို ညှိယူသလိုပဲ၊ ကျွန်မတို့ လူသားတွေမှာလည်း တစ်ဦးနဲ့တစ်ဦး မနာကျင်စေဘဲ နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ဒီအချက်လေးတွေကို သတိပြုသင့်ပါတယ်။

၁။ "နားထောင်ခြင်း" ဆိုတဲ့ နွေးထွေးမှု
တစ်ခါတလေမှာ လူတစ်ယောက် စိတ်ညစ်နေတဲ့အခါ အကြံဉာဏ်တွေ အတင်းပေးတာ၊ သူ့ကိစ္စတွေထဲ စပ်စုဝင်ပါတာဟာ "အဆူးနဲ့ ထိုးမိသလို" နာကျင်စေတတ်ပါတယ်။ တကယ်တော့ အကောင်းဆုံး နွေးထွေးမှုဟာ ဘာမှဝင်မပြောဘဲ စိတ်ပါလက်ပါ နားထောင်ပေးခြင်း ပါပဲ။ တစ်ဖက်လူရဲ့ "Personal Zone" ကို မကျူးကျော်ဘဲ သူပြောသမျှကို အဆုံးထိ နားထောင်ပေးလိုက်တာဟာ အေးစက်နေတဲ့ စိတ်နှလုံးကို နွေးထွေးစေမယ့် အကောင်းဆုံး ဆေးတစ်ခွက်ပါ။

၂။ "လေးစားခြင်း" ဆိုတဲ့ အကွာအဝေး
ဖြူကောင်လေးတစ်ကောင်က နာကျင်လို့ နောက်ဆုတ်သွားရင် ကျန်တဲ့တစ်ကောင်က အလိုက်တသိနဲ့ နေရာပေးသလိုမျိုးပေါ့။ မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူဖြစ်ဖြစ်... သူတို့မှာ ကိုယ်ပိုင်အချိန် (Me Time) လိုအပ်နေတဲ့အခါ အတင်းအကျပ် မတိုးကပ်ဘဲ "နေရာလွတ် (Space)" ပေးလိုက်ပါ။ အဲဒီအကွာအဝေးလေးက ဆက်ဆံရေးကို ပိုပြီး အသက်ရှူချောင်စေသလို၊ တစ်ဦးနဲ့တစ်ဦး ပိုပြီး တန်ဖိုးထားလာစေပါတယ်။

၃။ "ယုံကြည်မှု" ဆိုတဲ့ လုံခြုံရေး
အနီးကပ်ဆုံးဇုန် (Intimate Zone) မှာ ရှိတဲ့သူတွေကြားမှာ အရေးကြီးဆုံးက ယုံကြည်မှုပါ။ ယုံကြည်မှုရှိတဲ့အခါ တစ်ခါတလေ အဆူးတွေနဲ့ မတော်တဆ ထိမိရင်တောင်မှ... "သူ ငါ့ကို ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် လုပ်မှာမဟုတ်ဘူး" ဆိုတဲ့ စိတ်လုံခြုံမှု (Psychological Safety) က အချင်းချင်းကို ပိုပြီး ခိုင်မြဲစေပါတယ်။ ဒီယုံကြည်မှုကြောင့်ပဲ ဘယ်လောက်အေးစက်တဲ့ ဆောင်းညတွေကိုမဆို အတူတူ ဖြတ်ကျော်နိုင်ကြတာပါ။

၄။ "ကိုယ်ချင်းစာတရား" ဆိုတဲ့ အနွေးထည်
အကွာအဝေးတစ်ခုကို ထိန်းညှိတဲ့အခါ "ငါဆိုရင်ရော ဘယ်လိုခံစားရမလဲ" ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးက အရေးကြီးပါတယ်။ တစ်ဖက်လူရဲ့ အဆူးတွေက ဘာကြောင့် ထွက်နေရတာလဲ (သူ ဘာတွေ စိတ်ပင်ပန်းနေသလဲ) ဆိုတာကို နားလည်ပေးဖို့ ကြိုးစားတာဟာ သူ့ကို အနွေးထည်လေး ခြုံပေးလိုက်တာနဲ့ တူပါတယ်။ နားလည်မှုရှိတဲ့ ဆက်ဆံရေးမှာ အဆူးတွေဟာ အလိုလို ပျော့ပျောင်းသွားတတ်ပါတယ်။

အကွာအဝေးဆိုတာ ခွဲခွာဖို့အတွက် မဟုတ်ပါဘူး။ ပိုပြီးကြာရှည်စွာ၊ ပိုပြီးနွေးထွေးစွာ လက်တွဲနိုင်ဖို့အတွက် "အဆူးမစူးတဲ့ နေရာ" ကို အတူတူရှာဖွေကြတာပါ။ ကိုယ့်ရဲ့ "စည်း" ကိုလည်း ကာကွယ်ရင်း၊ တစ်ဖက်လူရဲ့ "အကွာအဝေး" ကိုလည်း လေးစားပေးတတ်ခြင်းကပဲ စိတ်ချမ်းသာစရာကောင်းတဲ့ ဆက်ဆံရေးရဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ 🌿


🦔 Lessons from Porcupines: The Ideal Social Distance 🦔
💡 How to Provide Warmth Without Getting Pricked (Part - 3) 💡
Article writer- Eaindray

Just as porcupines adjust their physical distance to brave the cold together, we humans must also be mindful of certain keys to building warm relationships that don't cause pain.

1. The Warmth of "Listening"
Sometimes, when someone is going through a hard time, forcing advice on them or prying too deeply into their business can feel like being "pricked by a quill." In reality, the best warmth comes from listening with your whole heart without interrupting. Listening until they are finished, without invading their Personal Zone, is the best medicine to warm a cold heart.

2. The Distance of "Respect"
Think of it like a porcupine stepping back when it feels pain, and the other instinctively giving it space. Whether it’s family, friends, or a partner—when they need "Me Time," don't force yourself closer; give them that space. That distance makes the relationship feel more breathable and helps you value each other even more.

3. The Security of "Trust"
Trust is the most vital element among those in your Intimate Zone. When trust exists, even if you accidentally get pricked by a "quill," the sense of Psychological Safety—knowing "they wouldn't hurt me on purpose"—strengthens the bond. It is because of this trust that we can survive even the coldest winter nights together.

4. The Blanket of "Empathy"
When adjusting your distance, the empathy of asking "How would I feel in their shoes?" is crucial. Trying to understand why the other person’s quills are standing up (what is stressing them out?) is like wrapping a warm blanket around them.

In a relationship filled with understanding, those sharp quills naturally begin to soften.

Distance isn't meant for drifting apart. It’s about finding the "pain-free spot" so we can hold hands longer and more warmly. Protecting your own Boundaries while respecting the other person's Distance is the ultimate secret to a happy and healthy relationship. 🌿

20/04/2026

ကုစားမှ မြန်မာနှစ်သစ်ကူး ဆုမွန်ကောင်း

12/04/2026

Happy Myanmar Thingyan Festival 🌼✨
English version below:

ကုစားကို ချစ်ခင်တဲ့ စာဖတ်သူတို့ရေ...

မြန်မာ့သင်္ကြန်ပွဲတော် အခါသမယမှာ အေးမြတဲ့ ရေစက်လေးတွေက ခန္ဓာကိုယ်ကိုတင်မကဘဲ ကျွန်မတို့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စိတ်အပူတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကိုပါ အမြစ်ပြတ် ဆေးကြောသန့်စင်ပေးနိုင်ပါစေ။

ပိတောက်ရနံ့လေးတွေ ဝေဆာလာတဲ့ ဒီအချိန်ခါမှာ နှစ်ဟောင်းက အညစ်အကြေးတွေကို ထားရစ်ခဲ့ပြီး၊ အင်အားအသစ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပျိုးထောင် (Self-Healing) ရင်း နှစ်သစ်ဆီကို လန်းဆန်းစွာ ခြေလှမ်းလှမ်းလိုက်ကြပါစေ။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး အေးချမ်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ “ကုစား” မှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။


Happy Myanmar Thingyan Festival 🌼✨

To our beloved readers of Ku Sarr,

During this Myanmar Thingyan Water Festival, may the cool droplets of water wash away not only the physical heat but also the inner anxieties and exhaustion lingering within our hearts.

As the scent of Padauk blossoms fills the air, let us leave behind the burdens of the old year. May you step into the New Year with refreshed energy and a renewed spirit, embracing self-healing as you move forward with grace.

Wishing everyone a healthy, prosperous, and peaceful New Year. Sending our warmest wishes from Ku Sarr.

🦔 ဖြူကောင်လေးတွေဆီက သင်ခန်းစာ- သင့်လျော်သော လူမှုဆက်ဆံရေး အကွာအဝေး 🦔💡 အဆူးမစူးအောင် ဘယ်လိုနေထိုင်မလဲ? (အပိုင်း - ၂) 💡ဆော...
08/04/2026

🦔 ဖြူကောင်လေးတွေဆီက သင်ခန်းစာ- သင့်လျော်သော လူမှုဆက်ဆံရေး အကွာအဝေး 🦔
💡 အဆူးမစူးအောင် ဘယ်လိုနေထိုင်မလဲ? (အပိုင်း - ၂) 💡
ဆောင်းပါးရေးသူ- Eaindray
English version below:

ပြီးခဲ့တဲ့ပိုစ့်မှာ ဖြူကောင်လေးတွေရဲ့ "သင့်တော်တဲ့ အကွာအဝေး" အကြောင်း ပြောပြခဲ့ပြီးပြီဆိုတော့... ဒီနေ့မှာတော့ ဆက်ဆံရေးတွေမှာ နာကျင်မှုကင်းဝေးဖို လက်တွေ့ဘဝမှာ ဘယ်လိုကျင့်သုံးရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ကျွန်မတိုဟာ လူမှုဆက်ဆံရေးမှာ အောက်ပါအချက်လေးတွေကို "စည်း" အနေနဲ့ ကျင့်သုံးမယ်ဆိုရင် ပြဿနာတော်တော်များများကို ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်။

🛡 အဆူးမစူးစေမယ့် "စည်း" (The Healthy Boundary)
"စည်း" ဆိုတာ တံတိုင်းခတ်တာမဟုတ်ဘဲ အပြန်အလှန် နွေးထွေးမှုရစေမယ့် လုံခြုံရေးဇုန် တစ်ခုသာ ဖြစ်ပါတယ်။ တစ်ဖက်လူကို ချစ်လိုဆိုပြီး အကန့်အသတ်မရှိ တိုးဝင်မိတဲ့အခါ ကိုယ့်ရဲ့စေတနာက တစ်ဖက်လူအတွက် "အဆူး" ဖြစ်သွားတတ်သလို၊ ကိုယ်တိုင်လည်း နာကျင်ရတတ်တာကို သတိပြုပါ။

⚠️ အကွာအဝေး မမှန်တဲ့အခါ ဘာဖြစ်မလဲ?
အဝေးမှာထားရမယ့်သူကို အနီးကပ်ဇုန်ထဲ ဆွဲသွင်းမိရင် ကိုယ့်အကြောင်းတွေ ပြန်ပြောခံရတာ၊ အသုံးချခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အနီးကပ်ထားရမယ့်သူကို အဝေးကြီးမှာ ထားမိရင်တော့ စိမ်းကားပြီး အထီးကျန်မှုကို ခံစားရပါလိမ့်မယ်။

🤝 အလိုက်တသိ နောက်ဆုတ်တတ်ခြင်း (Mutual Adjustment)
တစ်ဖက်လူက "စည်း" ထားပြီး နောက်ဆုတ်သွားရင် အတင်းလိုက်မကပ်ပါနဲ့။ သူ့ရဲ့ အကွာအဝေးကို လေးစားပေးခြင်းကသာ အကောင်းဆုံးသော လောကဝတ်ဖြစ်ပါတယ်။

🌿 နာကျင်မှုကင်းဝေးဖို
၁။ လူတွေကို စစ်ထုတ်ပါ။ "ဒီလူက ငါ့အတွက် ဘယ်လောက်အကွာအဝေးမှာ ရှိသင့်လဲ" ဆိုတာ အမြဲဆန်းစစ်ပါ။

၂။ “No” ဟု ပြောတတ်ပါစေ။ အားနာလို အကုန်လက်ခံနေရင် နောက်ဆုံးမှာ ကိုယ်ရော တစ်ဖက်လူပါ နာကျင်ရပါလိမ့်မယ်။ "No" ဆိုတာ ကိုယ့်အဆူးကို သိမ်းဆည်းလိုက်တာပါ။

၃။ Toxic ဖြစ်လာရင် အဆင့်ပြောင်းပါ။ ကိုယ့်ကို အမြဲနာကျင်စေသူတွေကို အသာလေး "အဝေးဇုန်" ထဲကို ပြောင်းရွှေ့လိုက်ပါ။ ရန်ဖြစ်စရာမလိုဘဲ အကွာအဝေး ခွာလိုက်ရုံပါပဲ။

အေးစက်တဲ့ လောကကြီးမှာ အထီးကျန်မဖြစ်ဖို အဖော်တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ အချင်းချင်း မနာကျင်စေဖိုအတွက် "သင့်တော်တဲ့ အကွာအဝေး" က ပိုလိုတောင် အရေးကြီးပါတယ်။
သင့်တော်တဲ့ အကွာအဝေးလေးမှာ နွေးထွေးမှုလည်းရှိ၊ နာကျင်မှုလည်းကင်းစွာနဲ့ ရှင်သန်တတ်ကြပါစေ။ 🌿


🦔 Lessons from Porcupines: The Ideal Social Distance 🦔
💡 How to Stay Close Without Getting Pricked? (Part - 2) 💡
Article Writer - Eaindray

In our previous post, we talked about the porcupines' discovery of the "Ideal Distance." Today, I want to share how we can practically apply this to our lives to keep our relationships free from unnecessary pain.

By practicing the following points as our personal "boundaries," we can resolve many of the social challenges we face.

🛡 The Healthy Boundary: A Safety Zone, Not a Wall
A "boundary" isn't a wall meant to shut people out; it’s a safety zone that allows for mutual warmth. Be mindful that when you push into someone’s space without limits—even out of love—your good intentions can become "quills" that prick them, and you may end up getting hurt yourself.

⚠️ What Happens When the Distance is Wrong?
Bringing the "Distant" too Close: If you pull someone into your Intimate Zone who belongs in a farther circle, you risk being gossiped about or taken advantage of.

Keeping the "Close" too Far: Conversely, if you push away those who should be near, you will likely experience coldness and profound loneliness.

🤝 The Art of Stepping Back (Mutual Adjustment)
When someone sets a boundary and steps back, do not force yourself closer. Respecting their need for space is the highest form of social etiquette and emotional intelligence.

🌿 Steps to Living Without the "Prick" of Pain
Filter Your Circle: Regularly assess your relationships. Ask yourself, "At what distance should this person stay for my well-being?"

Learn to Say "No": If you accept everything just to be "polite," both you and the other person will eventually suffer. Saying "No" is simply a way of tucking your quills away so they don't cause accidental harm.

Shift Zones for Toxic People: If someone consistently hurts you, gently move them to an "Outer Zone." You don't need to start a fight; you simply need to increase the distance.

In this cold world, we all need companions to avoid loneliness. However, to keep from hurting one another, finding that "Ideal Distance" is perhaps even more important than the connection itself.

May you all live with warmth and without pain, finding peace in your own perfect distance. 🌿

ယောကျာ်းဖြစ်လို့ မငိုရဘူးတဲ့လား? (အမျိုးသားများ၏ စိတ်ကျန်းမာရေး)ဆောင်းပါးရေးသူ - Ye Yint“စိတ်ကျန်းမာရေး ကုသမှု” ဆိုတာ လိ...
05/04/2026

ယောကျာ်းဖြစ်လို့ မငိုရဘူးတဲ့လား? (အမျိုးသားများ၏ စိတ်ကျန်းမာရေး)
ဆောင်းပါးရေးသူ - Ye Yint

“စိတ်ကျန်းမာရေး ကုသမှု” ဆိုတာ လိင်အပေါ်အခြေမခံဘဲ လူသားတိုင်း တန်းတူညီမျှ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အမျိုးသားတွေအတွက် စိတ်ကျန်းမာရေးကုသဖို့ အဟန့်အတားဖြစ်စေတဲ့ “Toxic Masculinity” (အမျိုးသားဖြစ်တာကို ဆိုလိုတာမျိုးမဟုတ်ဘဲ “ယောကျာ်းဆိုတာ ဒီလိုမှ” ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေ) ကို တွေ့ရတတ်ပါတယ်။

“ယောကျ်ားဆိုတာ မငိုရဘူး။”
“ယောကျ်ားဆိုတာ သန်မာရမယ်။”
“ခံစားချက်တွေကို မြိုသိပ်ရမယ်။”
စတဲ့ စံနှုန်းတွေဟာ အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေးကို အကြီးအကျယ် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒီလိုစံနှုန်းတွေကြောင့်ပဲ အမျိုးသားအများစုဟာ သူတို့ရဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို ထုတ်ပြောဖို့ ရှက်ရွံ့လာကြပြီး “အဆင်ပြေပါတယ်” ဆိုတဲ့ မျက်နှာဖုံးအောက်မှာ အထီးကျန်စွာ ရုန်းကန်နေကြရပါတယ်။

ဒီအကျိုးဆက်တွေကြောင့်ပဲ-
-စိတ်ကျရောဂါ (Depression) ဖြစ်ခြင်း
-အရက်နှင့် မူးယစ်ဆေးဝါးကို အလွန်အမင်း သုံးစွဲခြင်း
-အမျိုးသမီးများ သို့မဟုတ် မိမိထက် အားနည်းသူအပေါ် အနိုင်ကျင့်ခြင်း
-အိမ်တွင်း အကြမ်းဖက်မှုများ ပြုလုပ်ခြင်း

စတဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကျူးလွန်မိနိုင်ပါတယ်။

၂၀၂၅ စစ်တမ်းတွေကို ကြည့်ရင်လည်း နိုင်ငံတကာမှာ ၄၀% ဝန်းကျင် မျှသော အမျိုးသားများက စိတ်ကျန်းမာရေး ကုသမှုများ လက်ခံရရှိလာပြီ ဖြစ်ပေမဲ့ မြန်မာနိုင်ငံလို အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ ထိရောက်မှု မရှိသေးပါဘူး။ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် ဆယ်ဆထက်မနည်း ပိုများနေတာကို တွေ့ရပါတယ်။

ဒါကြောင့် အားလုံးအတွက် လိုအပ်တာကတော့ အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဘေးကင်းလုံခြုံစွာ ဖွင့်ဟနိုင်မယ့် “Safe Space” တစ်ခု ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်...“သန်မာခြင်း” ဆိုတာ ခံစားချက်ကို ဖုံးကွယ်ထားတာမျိုး မဟုတ်ဘဲ၊ မိမိရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကို ရဲရဲဝံ့ဝံ့ ဂရုစိုက်တာကိုသာ ဆိုလိုတာဖြစ်ပါတယ် ခင်ဗျာ။



"Who says men can’t cry? (Men’s Mental Health)"
Article writer- Ye Yint

“Mental health care” is a fundamental human right that should be equally accessible to everyone, regardless of gender.

However, within our society, there are often barriers that prevent men from seeking mental health support. One of these is the narrow mindset known as “toxic masculinity.” This does not mean “being a man,” but rather the rigid expectations of what a man is supposed to be.

Phrases like:
“Men shouldn’t cry.”
“Men must be strong.”
“Men should suppress their emotions.”
These social norms can negatively impact men’s mental health.

Because of these expectations, many men feel ashamed to speak openly about their mental health struggles. Instead, they hide behind the mask of “I’m fine,” while silently battling their problems alone.

As a result, this can lead to
- depression
- excessive use of alcohol and drugs
- abusive behavior toward women or those perceived as weaker
- domestic violence—creating further harmful consequences.

According to surveys in 2025, around 40% of men globally have begun to receive mental health care. However, in Southeast Asian countries like Myanmar, progress remains limited. In some countries such as Singapore and Thailand, the rate of su***de among men is significantly higher than that of women.

Therefore, what is truly needed is the creation of safe spaces where men can openly and safely express their emotions.

In conclusion, “strength” does not mean hiding one’s feelings—it means having the courage to take care of one’s mental and physical well-being.

🦔 ဖြူကောင်လေးတွေဆီက သင်ခန်းစာ- သင့်လျော်သော လူမှုဆက်ဆံရေး အကွာအဝေး 🦔💡 လူမှုဆက်ဆံရေး နယ်နိမိတ် (၄) ခု (အပိုင်း - ၁) 💡ဆောင...
03/04/2026

🦔 ဖြူကောင်လေးတွေဆီက သင်ခန်းစာ- သင့်လျော်သော လူမှုဆက်ဆံရေး အကွာအဝေး 🦔
💡 လူမှုဆက်ဆံရေး နယ်နိမိတ် (၄) ခု (အပိုင်း - ၁) 💡
ဆောင်းပါးရေးသူ - Eaindray

English version below:
ဒီနေ့တော့ "ကုစား" က စာဖတ်သူတွေကို ချစ်စရာကောင်းပြီး အတွေးပွားစရာ ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ ဟိုးရှေးရှေးတုန်းက ပေါ့ကွယ်…

ချမ်းအေးလှတဲ့ ဆောင်းညတစ်ညမှာ ဖြူကောင်လေးတစ်အုပ်ဟာ အအေးဒဏ်ကို အတူတူတွန်းလှန်ဖို့ ကြိုးစားကြတယ်။ နွေးထွေးချင်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် အရမ်းကပ်လိုက်တဲ့အခါ... ကိုယ်စီမှာပါတဲ့ အဆူးတွေက အချင်းချင်း စူးမိပြီး နာကျင်ရပြန်ရော။ အဲဒီနာကျင်မှုကို မခံနိုင်လို့ ပြန်ခွာလိုက်ပြန်တော့လည်း... အေးစက်တဲ့ လေဒဏ်ကို မတောင့်ခံနိုင်ပြန်ဘူး။
နောက်ဆုံးမှာတော့ သူတို့ဟာ အချင်းချင်း နွေးထွေးမှုလည်း ပေးနိုင်မယ်၊ အဆူးချင်းလည်း မစူးစေမယ့် "အသင့်တော်ဆုံး အကွာအဝေး" တစ်ခုကို ရှာဖွေတွေ့ရှိသွားကြပါတယ်။

ဒီပုံပြင်လေးက လူမှုဆက်ဆံရေးမှာ Boundaries (စည်းဘောင်) ရှိဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ပြနေတာပါ။ ချစ်ရသူတွေနဲ့ စိတ်ချင်းနီးချင်ပေမဲ့ အဆူးမစူးအောင် စိတ်ပညာအရ ဒီ "မမြင်ရတဲ့ စည်းဝိုင်း" လေးတွေကို နားလည်ထားဖို့ လိုပါတယ်။

📏 လူမှုဆက်ဆံရေး နယ်နိမိတ် (၄) ခု
၁။ ရင်းနှီးမှုဇုန် (Intimate Zone)
ဒါကတော့ ကိုယ့်ရဲ့ "Inner Circle" ပါ။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်နဲ့ လျှို့ဝှက်ချက်တွေကိုပါ ပွင့်ပွင့်လင်းလင်း ဝေမျှနိုင်တဲ့နေရာ။ မိသားစု၊ လက်တွဲဖော်နဲ့ ရင်ဘတ်ချင်း အစစ်အမှန် နီးစပ်သူတွေပဲ ရှိသင့်တဲ့ ဇုန်လေးပါ။

၂။ ပုဂ္ဂိုလ်ရေးဇုန် (Personal Zone)
ဒါကတော့ ကိုယ့်ရဲ့ "ရင်းနှီးတဲ့ မိတ်ဆွေများ" အတွက်ပါ။ စိတ်မပါဘဲ ဟန်ဆောင်နေစရာမလိုဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုဆက်ဆံလို့ရတဲ့ သူငယ်ချင်းကောင်းတွေနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိရမယ့် နေရာပေါ့။

၃။ လူမှုရေးဇုန် (Social Zone)
ဒါကတော့ "အလုပ်သဘော ဆက်ဆံရေး" ဇုန်ပါ။ အလုပ်ကလူတွေ၊ သိကျွမ်းရုံပဲရှိတဲ့ မိတ်ဆွေတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို မထိပါးစေဘဲ အပြန်အလှန် လေးစားမှုနဲ့ ထိန်းသိမ်းထားရမယ့် အကွာအဝေးဖြစ်ပါတယ်။

၄။ အများပြည်သူဇုန် (Public Zone)
ဒါကတော့ "လူစိမ်းတွေ" အတွက်ပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပေးမသိဘဲ ယဉ်ကျေးပျူငှာစွာပဲ တုံ့ပြန်ရမယ့် အပြင်ဘက်ဆုံး စည်းဝိုင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်တံခါးကို ဘယ်သူ့အတွက် ဘယ်လောက်ထိ ဖွင့်ပေးမလဲဆိုတာ သေချာပိုင်းခြားထားခြင်းက သင့်ကို အဆူးမစူးအောင် (စိတ်မနာကျင်ရအောင်) ကာကွယ်ပေးပါလိမ့်မယ်။


🦔 Lessons learned from Porcupines: The Ideal Social Distance 🦔

💡 4 Zones of Social Boundaries (Part - 1) 💡
Article Writer - Eaindray

Today, "Ku Sarr" wants to share a charming and thought-provoking story with our readers. Once upon a time...

On a bitterly cold winter night, a group of porcupines tried to huddle together to fight off the freezing cold. Seeking warmth, they crowded very close to one another—but then, their sharp quills began to prick and hurt each other. Unable to bear the pain, they pulled apart, only to find they couldn't withstand the icy wind alone.

After a long struggle, they finally discovered the "Ideal Distance"—one where they could share each other's warmth without being pricked by their quills.

This story illustrates how vital Boundaries are in human relationships. Even when we want to be close to those we love, we need to understand these "invisible circles" in psychology to prevent getting hurt (or "pricked").

📏 The 4 Zones of Social Boundaries

1. Intimate Zone

This is your "Inner Circle." It is a space where you can openly share your strengths, weaknesses, and deepest secrets. This zone should be reserved only for family, partners, and those who are truly close to your heart.

2. Personal Zone

This is for your "close friends." It’s a space for good friends and close colleagues where you can interact casually and comfortably without feeling the need to put on a mask.

3. Social Zone

This is the "professional relationship" zone. It’s the distance maintained with coworkers or acquaintances. Here, you interact with mutual respect while ensuring your personal privacy remains untouched.

4. Public Zone

This is for "strangers." It is the outermost circle where you respond with politeness and courtesy without revealing your personal emotions or private life.

Clearly defining how wide you open the door to your heart for different people will protect you from being "pricked" by unnecessary emotional pain.

Address

Taunggyi

Alerts

Be the first to know and let us send you an email when Ku Sarr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ku Sarr:

Share