Ku Sarr

Ku Sarr Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ku Sarr, Mental Health Service, Taunggyi.

Ku Sarr (Heal) Mental Health and Wellness Services provides mental well-being services, including psychosocial support and innovative therapeutic approaches such as art, music, and drama, to enhance the quality of life of individuals.

📸 The Art of Inner Map Workshop မှ အမှတ်တရ အခိုက်အတန့်လေးများ!🎨ပြီးခဲ့တဲ့ ဩဂုတ်လ (၂) ရက်၊ ၂၀၂၅ နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ...
08/08/2025

📸 The Art of Inner Map Workshop မှ အမှတ်တရ အခိုက်အတန့်လေးများ!🎨

ပြီးခဲ့တဲ့ ဩဂုတ်လ (၂) ရက်၊ ၂၀၂၅ နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ The Art of Inner Map Workshop မှ မှတ်တမ်းတင်ထားသော အမှတ်တရ အခိုက်အတန့်လေးတွေကို မျှဝေချင်ပါတယ်။ ✨ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ရှိပါတယ်။

ဓာတ်ပုံများကို ပါဝင်သူများ၏ ခွင့်ပြုချက်ဖြင့် အမှတ်တရ မျှဝေပေးလိုက်ပါတယ်ရှင် ❤️

လှိုက်လှဲစွာ နေရာပံ့ပိုးကူညီပေးခဲ့တဲ့ YOMA ART SPACE Cafe' Sakeကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

စိတ်ရှည်လက်ရှည် အချိန်ပေးကာ ပုံလှလှလေးတွေရိုက်ပေးတဲ့ Thurain ကအဖွဲ့သားတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။

ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။
📸

English version:

Capturing the Magic: Moments from the "The Art of Inner Map Workshop! 🎨

We’re thrilled to share some special memories from our The Art of Inner Map Workshop, held on August 2nd 2025—a day filled with creativity, connection, and the healing power of art. ✨ A heartfelt thank you to everyone who joined us!

All photos are shared with the kind permission of our wonderful participants. ❤️

We’re also deeply grateful to Yoma Art Space and Cafe Sake for providing such a warm and inspiring space.

Thank you to everyone who patiently took time for beautiful photos.

Stay tuned for more events where art and emotion come together!

အပင်စိမ်းစိမ်း၊ လေအေးအေး၊ အိမ်၊ တည်ရှိခြင်းဆောင်းပါးရေးသူ - Linn LattEnglish version below:“အသက်ကြီးလာတဲ့အခါကျရင် ​တောင်...
03/08/2025

အပင်စိမ်းစိမ်း၊ လေအေးအေး၊ အိမ်၊ တည်ရှိခြင်း
ဆောင်းပါးရေးသူ - Linn Latt
English version below:

“အသက်ကြီးလာတဲ့အခါကျရင် ​တောင်​ပေါ်မြို့​လေးမှာပဲ ​​​လေ​ကောင်း​လေသန့်​​လေးရှူပြီး အေး​အေး​​ဆေး​ဆေး ခြံစိုက်စား​တော့မယ်”

🌆 မြို့ပြ

မြို့ပြဟာ လူထူထပ်ပါတယ်၊ မိုးထိမြင့်​တော့မ​ယောင် တိုက်တာ​တွေ​ပေါ်မှာ ကြယ်​စုံတဲ့ ည​ကောင်းကင်​ကို မမြင်ဖူးသူ​တွေ ​​နေထိုင်ပြီး သူတို့​အများစု​ဟာ မိုးလင်းက​နေ မိုးချုပ် ​အလုံပိတ် အခန်းကျဥ်း ​နေရာ​တွေထဲမှာ ​ကျောင်းတက်၊ အလုပ်လုပ်ကြပါတယ်။ အ​ကြောင်းတိုက်ဆိုင်တဲ့အခါ ​တော်​တော်များများ​ပြော​လေ့ရှိတာ ကျယ်ပြန့် စိမ်းစိုတဲ့ ​နေရာတစ်ခုမှာ စိတ်လက်အပန်း​ဖြေဖို့၊ တစ်ချိန်ချိန်မှာ အ​ခြေချ ​သွား​ရောက်​နေထိုင်ဖို့ ဖြစ်​နေတတ်ပါတယ်။

🌄 အပန်းဖြေခြင်း

ခရီးတစ်ခုသွားရခြင်းရဲ့ လန်းဆန်းတက်ကြွမှုနဲ့တင် တစ်နှစ်တာကာလလုံး ခံစားခဲ့ရတဲ့ ပင်ပန်းမှု​တွေ ​​ပြေ​ပျောက်သွားတာ အားလုံးကြုံဖူးကြမှာပါ။ ဒီခံစားချက်ဟာ လူ​​တွေဖန်တီးထားတဲ့ ကမ္ဘာနဲ့ မိခင်သဘာဝ​​တရား အ​ပေါ် မှီခို​နေထိုင်ရတဲ့ လူသားတစ်​ယောက်အတွက် အ​ရေးကြီးတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။

🧍‍♀️လူနှင့်နေရာ🏞️

လူအများအပြား သက်​​​​တောင့်သက်သာ လမ်း​လျှောက်နိုင်တဲ့ ​ကွင်းပြင်တစ်ခု၊ သို့ စု​ပေါင်း​နေထိုင်ရာ တိုက်ခန်းတွဲတစ်ခု ပဲ ဖြစ်ပါ​​စေ ဒီ​နေရာ​တွေဟာ သက်မဲ့​ နေရာတစ်ခုထက်ပိုပြီး တစ်ဦးတစ်​ယောက်ချင်းစီရဲ့ စိတ်နဲ့ ခန္ဓာအ​ပေါ် ကြီးမားတဲ့ သက်​ရောက်မှု​တွေ ရှိ​နေပါတယ်။ ​​နေ့စဥ်ဘဝနဲ့ဆိုင်တဲ့ နေရာတစ်ခုဟာ ​အောက်ပါအရည်အ​သွေး​တွေထဲက အနည်းဆုံး တစ်ခု​တော့ ရှိဖို့လိုပါတယ်။

​🏕️ ဘေးကင်းခြင်း နှင့် လုံခြုံခြင်း

​ဘေးကင်းပြီး စိတ်ချလုံခြုံရတဲ့ ​နေရာတစ်ခုဟာ လူတိုင်းအတွက် အ​ခြေခံလိုအပ်ချက်ဖြစ်ပြီး ​နေထိုင်တဲ့​နေရာတစ်ခုက​ ​ပေးလာတဲ့ စိတ်လုံခြုံမှုဟာ စိတ်ကျန်းမာ​ရေးအတွက် အလွန်အ​ရေးပါပါတယ်။ ဒီလို​နေရာဟာ အကြမ်းဖက်မှု​တွေက ကင်း​ဝေးရာ၊ သဘာဝ​ဘေး အန္တရာယ်​တွေကို ကြံ့ကြံ့ခံနိုင်တဲ့​နေရာ၊ ယုတ်စွအဆုံး ဆူညံသံ​တွေ၊ ​လေ၊ ​ရေ၊ ​​မြေ ညစ်ညမ်းမှု စတာ​တွေက​နေ ကာကွယ်​ပေးနိုင်တဲ့ ​နေရာတစ်ခုပဲ ဖြစ်ပါတယ်။

🙆‍♀️ ကိုယ်ပိုင်ဖြစ်ခြင်း

တစ်ဦးတည်း လွတ်လပ်စွာအနားယူ၊ အပန်း​ဖြေ၊ စိတ်လွတ်ကိုယ်လွတ် ​နေထိုင်နိုင်တဲ့ စိတ်လုံခြုံစေမယ့် ​နေရာတစ်ခု ရှိခြင်းက ​ကောင်းမွန်တဲ့ ​စိတ်ခံစားချက်​တွေကို ​ပေးပါတယ်။

​🎑 နွေး​ထွေး​သော ရပ်ဝန်း

အပြုသ​ဘော​ဆောင်တဲ့ စိတ်တူကိုယ်တူ ရပ်ဝန်းတစ်ခုရှိခြင်းကလည်း မိမိကိုယ်နှင့်စိတ်ကျန်းမာ​ရေးအတွက် အ​ရေးပါပါတယ်။ လူအ​ရေအတွက်အများကြီး အတူတကွ အချိန်ကုန်ဆုံးနိုင်တဲ့ ​နေရာကျယ်​တွေ ဟာ အသိုက်အမြုံဆိုတဲ့ ခံစားချက်ကို​ပေးနိုင်တာ​ကြောင့် ဖြစ်ပါတယ်။

🏞️ လှပခြင်းက စိတ်သက်သာ​စေခြင်း

သဘာဝအလင်း​ရောင်၊ အပင်စိမ်း​တွေ၊ လှပစွာ ဖန်တီးထားတဲ့ အရာ​တွေနဲ့ ပြည့်​နေတဲ့ ​စိတ်လုံခြုံစေမယ့် နေရာတစ်ခုဟာ ​ပျော်ရွှင်တဲ့ ခံစားချက်ကို​ပေးပါတယ်။ စိတ်ဖိစီးမှု​တွေကို ​လျှော့ချ​ပေးတယ်။

🏙️ ခံနိုင်ရည်အားမြင့်တဲ့ တည်​​ဆောက်ပုံ

တချို့​​သော အ​ဆောက်အဦးတွေဟာ ခမ်းနားထည်ဝါပြီး ကြံ့ကြံ့ခံမှုကို ပြသ​နေတဲ့ ပြယုဂ်​တွေပဲ ဖြစ်ပါတယ်။ လူလုပ် သို့ သဘာဝ​ဘေးအန္တရာယ်​တွေကို ရင်ဆီးခံနိုင်တဲ့ ဒီ​ကျောက်၊ ​မြေ၊ အုတ်ချပ်၊ သစ်သား​တွေဟာ နှစ်ကာလရှည်ကြာတည်တံ့နိုင်ပါတယ်။ ဒီလို လူသား​တွေလက်နဲ့ တည်​ဆောက်ထားတဲ့ အမိုး​တွေ​အောက် ​မှာ ခန့်မှန်းလို့ မရတဲ့​ပြောင်းလဲမှု​တွေကို ခံနိုင်ရည်ရှိဖို့ စိတ်ကြံ့ခိုင်မှုကို ​မွေးမြူနိုင်ပါတယ်။

​​အဆိုပါ အရည်အ​သွေးရှိတဲ့​ စိတ်လုံခြုံစေမယ့် နေရာ​တွေကို ရှာ​တွေ့ဖို့၊ ​တွေ့ပြီးတဲ့အခါ အခြားသူ​တွေဆီ ဆက်လက် လက်ဆင့်ကမ်းဖို့ကလည်း အ​ရေးကြီးပါတယ်။

🏡 ဘယ်နေရာဟာ စိတ်လုံခြုံစေမယ့် “အိမ်” ဖြစ်သလဲ

အိမ်မှာ အပင်စိမ်းစိမ်းတွေရှိကောင်းရှိပြီး၊ အိမ်ရဲ့ လေဟာ အေးမြနေပါလိမ့်မယ်၊ အိမ် မှာ မိမိချစ်ရသူတွေလည်း ရှိနေမယ်။

လူတိုင်းမှာ “အိမ်” အဖြစ် ​ခေါ်ဆိုနိုင်တဲ့ ​စိတ်လုံခြုံစေမယ့် နေရာတစ်ခုက မဖြစ်မ​နေလိုအပ်ပြီး၊ “အိမ်” ကို ​ရောက်တဲ့အခါ မိမိရဲ့ မ​ပျော်ရွှင်မှု​တွေ၊ နာကျင်မှု၊ ဝမ်းနည်းမှု၊ ​မျှော်လင့်ချက်မဲ့ခြင်း​တွေကို ​ဝေဖန်မှုကင်းစွာနဲ့ ကုစားနိုင်ပါလိမ့်မယ်။

တစ်ခါတ​လေမှာ​တော့ “အိမ်” ဟာ ​နေရာတစ်ခုမဟုတ်ဘဲ စိတ္တဇနာမ်တစ်ခု သို့ လူတစ်​ယောက်လည်း ဖြစ်​နေနိုင်ပါ​သေးတယ်။

📣 ကိုယ့်အတွက် “အိမ်” ဆိုတာ ဘယ်လို​နေရာမျိုး ဖြစ်မလဲ။ ​ဆွေး​နွေး​ပေးခဲ့ပါဦး။ 📣

Ku Sarr ဆိုတဲ့ စိတ်လုံခြုံစေမယ့် အိမ်

Ku Sarr မှာလည်း ‘ စိတ်လုံခြုံစေမယ့် နေရာ’ နှင့် စိတ်ကျန်းမာရေး ဆိုင်ရာ ဆက်နွယ်မှုကို အသုံးပြုပြီး စိတ်ငြိမ်းချမ်းဖို့ ကုစားခြင်း အစီအစဉ်လေးတွေ မကြာခင်မှာ ကြေညာပေးဖို့ ရှိနေပါတယ်။ အားလုံးပဲ စောင့်မျှော်ပေးကြပါဦးနော်။

Green Leaves, Cool Breeze, and a Safe Place to call Home
Article Writer- Linn Latt

“When I grow old, I'll move to a mountain town, breathe the fresh air, and live a peaceful life gardening."

🌆 The City

Cities are crowded. People who live in towering buildings that seem to touch the sky have never seen a starry night. Most of them spend their days in enclosed, cramped spaces, studying or working from morning until night. It is common to hear them talk about wanting to relax in a wide, green space or to settle down there one day.

🌄 Relaxation

Everyone has experienced the feeling of relief and rejuvenation from a trip, which can wash away the fatigue of an entire year. This feeling is crucial for a person who depends on both the man-made world and Mother Nature.

🧍‍♀️People and Place 🏞​

Whether it's an open field where many people can walk comfortably or a shared apartment building, these places are more than just inanimate spaces; they have a huge impact on a person's mind and body.

A place of daily life needs to have at least one of the following qualities:

🏕 Safety and Security

A safe and secure place is a basic need for everyone, and the security a home provides is extremely important for mental health. Such a safe place is one that is free from violence, can withstand natural disasters, and at the very least, protects us from noise, air, water, and soil pollution.

🙆‍♀️ A Sense of Ownership

Having a private safe space where one can rest, relax, and live freely promises a good emotional state.

🎑 A Warm Community

Having a positive, like-minded community is also important for one's physical and mental health. This is because large spaces where many people can spend time together can give a sense of belonging.

🏞 Beauty Soothes the Mind

A safe place filled with natural light, green plants, and beautiful things brings happiness and reduces stress.

🏙 Resilient Structures

Some buildings are magnificent and serve as symbols of endurance. These stones, soils, bricks, and wood, built by human hands, can withstand man-made or natural disasters and last for many years. Under these human-built roofs, we can cultivate the mental strength to endure unpredictable changes.

It is important to find safe places with these qualities and, once found, to pass them on to others.

🏡 Where is "Home"?

At home, there may be green plants, the air may be cool, and your loved ones may be there.
Everyone needs a safe place they can call "home." When you arrive there, your unhappiness, pain, sadness, and hopelessness can be healed without judgment.
Sometimes, "home" is not a place but an abstract concept or even a person.

📣 What kind of place is "home" for you? Please share your thoughts below. 📣

A Home Called Ku Sarr

Ku Sarr will soon announce programs that use the connection between 'safe place' and mental health for healing and peace of mind. Please look forward to them.

page: https://www.facebook.com/profile.php?id=61565232398155&mibextid=ZbWKwL

Instagram Page: https://www.instagram.com/kusarr_heal?igsh=MnowN2JuZ3RmNDVy

Telegram Channel: https://t.me/kusarr_heal

LinkedIn Page: linkedin.com/company/ku-sarr-heal-mental-health-and-wellness-services

Website: https://kusarrheal.website3.me/

Gmail Address: kusarr.heal@gmail.com

မနက်ဖြန် နေ့လည် ၁၂ခွဲ workshopလေး ရှိပါတယ်ရှင့်
01/08/2025

မနက်ဖြန် နေ့လည် ၁၂ခွဲ workshopလေး ရှိပါတယ်ရှင့်

🗺 အတွင်းစိတ်မြေပုံ၏ အနုပညာ အလုပ်ရုံဆွေးနွေးပွဲ - ဖိတ်ကြားခြင်း 🗺

လူတိုင်းမှာ ကိုယ်ပိုင် အတွေးတွေ စိတ်ခံစားချက်တွေနဲ့ တည်ဆောက်ထားတဲ့ စိတ်မြေပုံတစ်စုံစီ ရှိပါတယ်။ ဒီမြေပုံကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ဖို့က အရေးကြီးပြီး ရင်ထဲသိုဝှက်ထားတဲ့ ကိုယ်ပိုင် စိတ်မြေပုံကို ပိုမို သိနားလည်ခြင်းက မိမိရဲ့ ကိုယ်နှင့်စိတ်၊ မိမိနှင့် အခြားသူတွေရဲ့ ဆက်သွယ်မှု တွေကို ပိုမိုကောင်းမွန်လာဖို့ ထောက်ပံ့ပေးပါတယ်။

မိမိကိုယ်ကိုယ် ဆင်ခြင်၊ သိ၊ ကြား၊ နားလည်ခြင်းဆီကို သွားရာလမ်းမှာ ရှင်းလင်းစေအောင် ကူညီပေးမယ့် "အတွင်းစိတ်မြေပုံ၏ အနုပညာ" The Art of Inner Map Workshop ကို ဖိတ်ခေါ်ချင်ပါတယ်။

✨ ရည်ရွယ်ချက်

ဒီအလုပ်ရုံဆွေးနွေးပွဲဟာ ပါဝင်သူတွေကို အောက်ပါအကျိုးကျေးဇူးတွေ ရရှိအောင် ကူညီပေးမှာပါ။

✅ Neurographic Art လိုမျိုး ဖန်တီးမှုအနုပညာကနေတစ်ဆင့် မိမိတို့ရဲ့ လက်ရှိ စိတ်ခံစားမှုအခြေအနေ တွေကို မြေပုံတစ်ခုလို ပုံဖော်နိုင်ဖို့၊

✅ ပစ္စုပ္ပန်ကို အာရုံစိုက်ပြီး စိတ်တည်ငြိမ်အောင် ထားရှိနည်းလမ်းများ (Grounding Techniques) ကို လေ့ကျင့်နိုင်ဖို့၊

✅ ပါဝင်သူ အချင်းချင်း အပြုသဘောဆောင်တဲ့ အားပေးစကားတွေ ဖလှယ်ရင်း ခိုင်မာတဲ့ ဆက်သွယ်မှုနဲ့ အားပေးမှုကို ခံစားနိုင်ဖို့၊

✅ နေ့စဉ်ဘဝ လုပ်ဆောင်ချက်တွေမှာပါ အသိ၊ သတိရှိခြင်း Mindfulness) ကို လေ့ကျင့်ရင်း အာရုံခံစားမှုတွေကို ပိုမိုနက်ရှိုင်းစွာ သိရှိလာကာ ပစ္စုပ္ပန်ကို ပိုမိုနေနိုင်ဖို့၊ တွေပဲ ဖြစ်ပါတယ်။

🎨 ဘယ်သူတွေတက်ရောက်နိုင်မလဲ?

မိမိရဲ့ အတွင်းစိတ်ကမ္ဘာကို အနုပညာနဲ့ စူးစမ်းလေ့လာချင်သူ မည်သူမဆို ကို ကြိုဆိုပါတယ်။

ပုံဆွဲတာ၊ ပန်းချီဆွဲတာ ကျွမ်းကျင်စရာ မလိုပါဘူး။ ❌

📅 ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက် (စနေနေ့)

⏰ အချိန် - နေ့လည် ၁၂:၃၀ မှ ၃:၀၀ နာရီ အထိ

📍 နေရာ - ရိုးမအနုပညာရပ်ဝန်း၊ Café Sake (အမှတ် ည/၄၅၊ ဂုဏ်ထူးလမ်းသွယ်၊ ညောင်ဖြူစခန်းရပ်၊ တောင်ကြီးမြို့)

💵 ဝင်ကြေး - အခမဲ့

📞 အသေးစိတ်သိရှိလိုပါက

📧 kusarr.heal@gmail.com

📲 Ku Sarr Page Messenger

သင့်ရဲ့ အတွင်းစိတ်မြေပုံကို အနုပညာနဲ့ ဖော်ထုတ်နိုင်ဖို့ ကုစားရဲ့ အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်လိုက်ကြပါစို့။

🗺 The Art of Inner Map Workshop - Invitation 🗺

Everyone carries a unique inner map, shaped by their thoughts and emotions. Deeply understanding this map is crucial, as greater awareness of your hidden inner landscape can enhance your connection with yourself and others. We invite you to "The Art of Inner Map Workshop," designed to help you navigate your journey towards self-reflection, awareness, and understanding.

✨ Objectives

This workshop aims to provide participants with the following benefits:

✅ Map your current emotional state by forming a metaphorical representation through creative art, specifically Neurographic Art.

✅ Practice grounding techniques to focus on the present moment and cultivate inner calm.

✅ Exchange positive encouragement with other participants, fostering strong connections and mutual support.

✅ Develop mindfulness in daily activities, leading to deeper sensory awareness and greater presence in the moment.

🎨 Who Can Participate?

Anyone interested in exploring their inner world through art is welcome!

No prior drawing or painting skills are necessary. ❌

🗓 Event Details

Date: August 2, 2025 (Saturday)

Time: 12:30 PM – 3:00 PM

Venue: Yoma Art Space, CafĂŠ Sake (No 45/16, Gone Htoo Street, NyaungPhyuSaKham Quarter, Taunggyi)

Fee: Free

📞 Contact Us

Email: kusarr.heal@gmail.com

Facebook Messenger: Ku Sarr Page Messenger

Join Ku Sarr's workshop and unlock your inner map through art!

🗺 အတွင်းစိတ်မြေပုံ၏ အနုပညာ အလုပ်ရုံဆွေးနွေးပွဲ - ဖိတ်ကြားခြင်း 🗺လူတိုင်းမှာ ကိုယ်ပိုင် အတွေးတွေ စိတ်ခံစားချက်တွေနဲ့ တည်ဆ...
30/07/2025

💡အမှောင်ထဲမှာ ပိတ်မိနေသည့် အခိုက်အတန့်မှ လွတ်မြောက်ခြင်း 💡ဆောင်းပါးရေးသူ- Eaindrayစိတ်ကျဉ်းကျပ်ပြီး ဘဝတစ်ခုလုံး မှောင်မိ...
20/07/2025

💡အမှောင်ထဲမှာ ပိတ်မိနေသည့် အခိုက်အတန့်မှ လွတ်မြောက်ခြင်း 💡
ဆောင်းပါးရေးသူ- Eaindray

စိတ်ကျဉ်းကျပ်ပြီး ဘဝတစ်ခုလုံး မှောင်မိုက်ကာ ဘယ်လိုမှ ရှေ့မဆက်နိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်မျိုး ရှိဖူးလား။

လူသားတစ်ယောက်အနေနဲ့ အဲဒီလို ချောင်ပိတ်မိနေပြီဆိုရင် အပြုသဘောဆောင်တဲ့ အတွေးတွေ တွေးနိုင်ဖို့ကို ခက်ခဲလာပါတယ်။ “ငါ ဘယ်မှာများ မှားနေတာလဲ၊ ဘယ်နေရာက စမှားသွားတာလဲ။” အစရှိသဖြင့် မိမိကိုယ်ကိုပဲ အပြစ်တွေ ပုံချမိလာတတ်ပါတယ်။ အဲ့ဒီကနေမှ “ဒီအတိုင်းပဲ ငါဆက်နေရတော့မှာပဲ" လို့ ထင်လာတတ်ပြီး တချို့ဆို အသက်ရှင်ဖို့တောင် စိတ်ကုန်သွားတဲ့အထိ ဖြစ်တတ်ကြတယ်။

ဒါပေမဲ့ တကယ်တော့ ဒီအတွေးတွေအားလုံးက ကျွန်မတို့ရဲ့ အထင်မှားမှုတွေပဲ ဖြစ်ပါတယ်။
💡 တစ်ခါတလေ ကျွန်မတို့ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုပြီး အရာအားလုံးကို လွှတ်ချကြည့်လိုက်ပါ။ “ဘာပဲဖြစ်ဖြစ်၊ ဘာမှဆုံးရှုံးစရာမရှိတော့ဘူး" လို့ ရဲရဲကြီး တွေးကြည့်လိုက်ပါ။ အဲဒီအခါမှာ သင် မမျှော်လင့်ဘဲ ထွက်ပေါက်အသစ်တွေ၊ ဖြေရှင်းနည်းတွေကို ပြန်တွေ့လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြသွားလောက်အောင်ပေါ့။ ပြီးတော့ စိတ်ရော လူရော လွတ်လပ်သွားတယ်လို့ ခံစားရပါလိမ့်မယ်။

အခုအချိန်မှာ သင့်ဘဝက အဆုံးမရှိ မှောင်မိုက်နေတဲ့ ဥမင်လိုဏ်ခေါင်းထဲ ရောက်နေတယ်လို့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဥမင်လိုဏ်ခေါင်းဆိုတာ ပိုကောင်းတဲ့နေရာတစ်ခုဆီကို ဦးတည်သွားတဲ့ အမြန်ဆုံးဖြတ်လမ်းပဲ ဆိုတာ သတိရပါ။ ဒီလို ရှည်လျားမှောင်မိုက်တဲ့ ဥမင်ကို မဖြတ်နိုင်ရင် တောင်ကို ပတ်ပြီးသွားရတော့ အချိန်ကြာတာလေးတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ဥမင်လိုဏ်ခေါင်းကို ဖြတ်ဖို့ ခက်ခဲနေရင်တောင် တောင်ကိုပတ်ပြီး သွားလို့ရသေးတာပဲလေ။ လမ်းကြောင်းတွေက တစ်ခုတည်းရှိတာမှ မဟုတ်တာနော်။

အခုချိန်မှာ အဆုံးမရှိဘူးလို ထင်ရပေမဲ့ တကယ်တော့ အဆုံးသတ်ဆိုတာ အမြဲရှိပါတယ်။ ဒီခက်ခဲတဲ့အချိန်တွေက ခဏတာ အချိန်တစ်ခုလေးပါပဲ။ တစ်ချိန်ကျရင် ပြီးဆုံးသွားမှာပါ။ ပြီးတော့ အဆုံးသတ်မှာ အလင်းကို ပြန်မြင်ရမှာပါ။

ကျွန်မကိုယ်တိုင်လည်း အခုနောက်ပိုင်းမှာ အရာရာကို ဆွဲကိုင်ထားတယ်ဆိုတာထက် လွှတ်ချပြီးနေတတ်လာပါတယ်။ ဘဝဆိုတာ တိုတိုလေး၊ တစ်ခါပဲ အသက်ရှင်ရတာမဟုတ်ဘူးလား။ ဒါကြောင့် အချိန်တော်တော်များများကို တန်ဖိုးထားပြီး ဖြတ်သန်းဖြစ်နေပါတယ်။

ကျွန်မရဲ့ ဆောင်းပါးလေးကနေ တစ်ခုခု ခွန်အားရလိုက်မယ်လို့ မျှော်လင့်မိပါတယ်။ အချိန်ပေးပြီး ဖတ်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။

💡Escaping from the Moment Trapped in Darkness💡
Article writer- Eaindray

Have you ever felt so overwhelmed and mentally suffocated that your whole life seemed to just go dark, leaving you unable to move forward?

When we find ourselves truly cornered, positive thoughts simply can't flow freely. We often end up blaming ourselves, asking, "Where did I go wrong? Where did this all start to fall apart?" From there, it's easy to believe, "This is just how my life's going to be, forever." For some, it can even lead to losing the will to live.

But in reality, all these thoughts are just our mistaken perceptions. 💡 Sometimes, if we bravely tell ourselves we don't have much time left, and choose to let go of everything, thinking, "Whatever happens, I have nothing left to lose," something amazing unfolds. You'll unexpectedly discover new ways out and new solutions – you might even surprise yourself! And in that moment, you'll likely feel a profound sense of freedom, both in your mind and spirit.

Right now, your life might feel like an endless, dark tunnel. But remember, a tunnel is often the fastest shortcut to a better place. If navigating this long, dark tunnel feels too difficult, you can always choose to go around the mountain instead. It might take a bit longer, but your path isn't the only one, is it?

Even though it might feel endless right now, there's always an end. This is just a temporary period, a short phase. These challenging times will eventually pass. And at the end, you will see the light again.

Lately, I've personally learned to let go of things rather than holding on so tightly. Life is short, and we only get to live it once, right? That's why I'm making an effort to cherish every single moment. I truly hope this little article offers you some strength. Thank you so much for taking the time to read it!

page: https://www.facebook.com/profile.php?id=61565232398155&mibextid=ZbWKwL

Telegram Channel: https://t.me/kusarr_heal

LinkedIn Page: linkedin.com/company/ku-sarr-heal-mental-health-and-wellness-services

Website: https://kusarrheal.website3.me/

Gmail Address: kusarr.heal@gmail.com

Instagram Page: https://www.instagram.com/kusarr_heal?igsh=MnowN2JuZ3RmNDVy

The Art of Inner Strength Workshop အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေငြာခြင်းEnglish version below: မနေ့က ၁၄/၀၇/၂၀၂၅ မှာ...
15/07/2025

The Art of Inner Strength Workshop အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေငြာခြင်း

English version below:

မနေ့က ၁၄/၀၇/၂၀၂၅ မှာ ရန်ကုန်မြို့ Goethe-Institut မှာ ကျင်းပပြုလုပ်ခဲ့တဲ့ The Art of Inner Strength workshopလေးဟာ အောင်မြင်စွာနဲ့ ပြီးမြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ပွဲစဉ် အစအဆုံး တက်တက်ကြွကြွနဲ့ စိတ်ပါလက်ပါ ပါဝင်တက်ရောက်ပေးခဲ့တဲ့ participants အားလုံးကို ကုစားအဖွဲ့သားများက အထူးကျေးဇူးတင်ရှိကြောင်းပြောပါရစေ။ အဝေးကြီးကနေ လာရောက်ပြီး facilitator လုပ်ပေးခဲ့တဲ့ Ma Myitzu SannMaung ကိုလည်း ကျေးဇူအထူးတင်ရပါတယ်။

ပွဲလေးကို တကူးတက လာရောက်အားဖြည့် အားပေးခဲ့တဲ့ AoC Alumni Network(AoCA) ကိုလည်း ကျေးဇူးတင်ပါတယ်နော်။

ပွဲလေးကျင်းပနိုင်အောင် Auditorium sponsor ပေးခဲ့တဲ့ Goethe-Institut Myanmar နဲ့ အစစအရာရာ ကူညီပေးခဲ့တဲ့ AoC program Teamကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောပါရစေ။

နောက်များမှာလည်း Ku Sarr ကနေ ဒီလို workshopတွေ ထပ်မံစီစဉ်နိုင်ဖို့ Team membersအားလုံး အများကြီး ကြိုးစားနေကြတဲ့ အကြောင်းလေးလည်း ဝေမျှပေးချင်ပါတယ်။

✨ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပြီး အားလုံးလည်း အချိန်ကောင်းလေး ရရှိလိုက်ကြမယ်လို့ မျှော်လင့်နေပါတယ်။

ဓာတ်ပုံများကို ပါဝင်သူများ၏ ခွင့်ပြုချက်ဖြင့် အမှတ်တရ မျှဝေပေးလိုက်ပါတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။

"The Art of Inner Strength Workshop" Successfully Concludes!

We're thrilled to announce that "The Art of Inner Strength" workshop, held yesterday, on July 14, 2025, at the Goethe-Institut in Yangon, has successfully concluded!

Ku Sarr team would like to show our heartfelt gratitude to all the participants who actively and enthusiastically engaged throughout the entire event.

A special thank you also goes to Ma Myitzu SannMaung, who traveled a long distance to facilitate the workshop.

We'd also like to express our appreciation to the AoC Alumni Network (AoCA) for their dedicated support and attendance at the event.

Furthermore, we are incredibly grateful to the Goethe-Institut Myanmar for sponsoring the auditorium and to the AoC Program Team for their comprehensive assistance in making this event possible.

Ku Sarr team members are already working hard to organize more workshops like this in the future, and we're excited to share our progress with you.

✨ A sincere thank you goes to each and every person who participated and we hope you all had a great time yesterday!

Here, We've shared some memorable photos from the event with the participants' permission.

Please stay tuned for upcoming events from Ku Sarr!

ဒီနေ့ နေ့လည် ၁နာရီ Goethe Institut Myanmar မှာ workshopလေး ရှိပါတယ်နော်
14/07/2025

ဒီနေ့ နေ့လည် ၁နာရီ Goethe Institut Myanmar မှာ workshopလေး ရှိပါတယ်နော်

Academy of Care, AoC alumni များနှင့် Ku Sarr တို့ ပူးပေါင်းပြီး Goethe -Institut မှာ ပြုလုပ်မှာဖြစ်တဲ့ “The Art of Inner Strength” workshop ကို ကျင်းပဖို့ ရက်ဟာ နီးကပ်လာပြီပဲ ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့ ၁၄/၀၇/၂၀၂၅မှာ ပြုလုပ်သွားမယ့် “The Art of Inner Strength “ workshop ကို တက်ရောက်ဖို့ရာအတွက် Google form ကနေ register လုပ်ပေးသူတိုင်းကို ကျေးဇူးအထူးတင်ရှိပြီး အစောဆုံး ပေးပို့လာသူ များကို confirmation emailများလည်း ပေးပို့ပြီး ဖြစ်ပါတယ်။Confirmation Emailလေးကို Reply ပြန်ဖို့လည်း သတိပေးပါရစေ။

“The Art of Inner Strength “ workshop အကြောင်းအရာ

မိမိရဲ့ နေ့စဉ်ဘဝမှာ တွေ့ကြုံရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အတွင်းစိတ်ခွန်အား ပြည့်ဝစွာနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့က အရေးပါလှပါတယ်။
အတွင်းစိတ်စွမ်းအားကို မြင့်တင်နိုင်ဖို့အတွက် ကုစားမှ The Art of Inner Strength Workshop အတွင်းစိတ်စွမ်းအား၏ အနုပညာ အလုပ်ရုံဆွေးနွေးပွဲလေးကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

မိမိရဲ့ ရှုပ်ထွေးတဲ့ အတွေးနဲ့ ခံစားချက်တွေ၊ နားမလည်နိုင်တဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုကြားခံနယ်တွေ သုံးပြီး ဖွင့်ဟ ဖော်ပြနိုင်မလဲ။
ခက်ခဲတဲ့ကာလတွေမှာ ကိုယ်ရော စိတ်ပါ အင်အားရှိဖို့ ကုစားနဲ့ အတူတကွ ကြိုးစားကြည့်ကြရအောင်ပါ။

✨ ဘာတွေရရှိမလဲ
✅ အနုပညာဖန်တီးမှုမှတစ်ဆင့် မိမိရဲ့အားသာချက်တွေကို ရှာဖွေလာနိုင်ပြီး မိမိကိုယ်ကို ပိုမိုနားလည်လာခြင်း။
✅ စိတ်ခံစားချက်တွေကို ပိုမို ထိန်းချုပ်လာနိုင်ခြင်း။
✅ စိတ်၏ စွမ်းအားကို မြှင့်တင်နိုင်ကာ
မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာနိုင်ခြင်း။
✅ မိမိကိုယ်ကို ပွင့်လင်းစွာဖော်ပြနိုင်သည့် လုံခြုံသောနေရာတစ်ခု ရှာဖွေတွေ့ရှိခြင်း။
✅ အုပ်စုလိုက်လုပ်ဆောင်ခြင်းမှတဆင့် နှစ်သိမ့်အားပေးမှုများရရှိခြင်း။

🎨 ✅ အနုပညာ ဖန်တီးခြင်းကို အသုံးပြုကာ မိမိကိုယ်ကို ပိုမိုနားလည်လိုသူ မည်သူမဆို ပါဝင်နိုင်ပြီပဲဖြစ်ပါတယ်။

အတွင်းစိတ်စွမ်းအားကို အနုပညာနဲ့ မြင့်တင်နိုင်ဖို့ မကြာခင်မှာ အတူတကွတွေ့ဆုံကြရအောင်။

📅 ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်(တနင်္လာနေ့)
⏰ အချိန်။ နေ့လယ် ၁:၀၀ မှ ၃:၃၀ နာရီ အထိ
📍 နေရာ။ Goethe-Institut Myanmar (ပြပွဲခန်းမ)
🎟 ဝင်ကြေး။ အခမဲ့၊ ကြိုတင်စာရင်းပေးသွင်းထားသူများသာ။

English Version

The date is drawing near for the “The Art of Inner Strength” workshop, which will be held in collaboration with Academy of Care (AoC) alumni and Ku Sarr at the Goethe-Institut, Yangon.

We are deeply grateful to everyone who has registered for the “The Art of Inner Strength” workshop, scheduled to take place this coming Monday, 14/07/2025 via the Google Form. Confirmation emails have already been sent to the earliest registrants. Don't forget to reply to the confirmation email sent to you to confirm your participation in the workshop.

"The Art of Inner Strength" Workshop - About
It's crucial to handle daily life challenges with inner strength.
To help boost your inner strength, Ku Sarr will be offering "The Art of Inner Strength" workshop.
How can you use different mediums to express your complex thoughts, feelings, and emotions that you might not fully understand?
Let's work together with Ku Sarr to build strength in both mind and body during challenging times.

✨ What Will You Gain?
✅ Discover your strengths through artistic creation and gain a deeper understanding of yourself.
✅ Improve emotional regulation.
✅ Enhance mental resilience and boost self-confidence.
✅ Find a safe space to express yourself openly.
✅ Receive support and comfort through group activities.

🎨 ✅ Anyone who wishes to gain a deeper understanding of themselves through artistic creation is welcome.
Let’s us meet soon to explore how art can elevate our inner strength.
📅 Date: 14 July 2025 (Monday)
⏰ Time: 1:00 PM to 3:30 PM
📍 Location: Goethe-Institut Myanmar (Auditorium)
🎟 Entry fee: Free of Charge (FoC). For registered participants only.

Academy of Care, AoC alumni များနှင့် Ku Sarr တို့ ပူးပေါင်းပြီး Goethe -Institut မှာ ပြုလုပ်မှာဖြစ်တဲ့ “The Art of Inne...
12/07/2025

ကုစားအဖွဲ့မှ Goethe Institut Myanmarမှာ “The Art of Inner Strength Workshop”လေး တစ်ခု လုပ်ပေးဖြစ်ပါတယ်ရှင့်
08/07/2025

ကုစားအဖွဲ့မှ Goethe Institut Myanmarမှာ “The Art of Inner Strength Workshop”လေး တစ်ခု လုပ်ပေးဖြစ်ပါတယ်ရှင့်

Edit: လူပြည့်ပါပြီ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ Academy of Care (AoC) မှ AoC Alumni Network (AoCA) ကို စတင်ခဲ့ပါတယ်။ ဤကွန်ယက်ဟာ alumniများ၊ trainerများနှင့် facilitatorများအကြား စဉ်ဆက်မပြတ်ဆက်သွယ်၍ လမ်းညွှန်ပြသမှုတွေ သင်ယူမှုတွေ ပြုလုပ်နိုင်ရန်အတွက် အခြေခံပံ့ပိုးမှုများပေးနိုင်ရန် ရည်ရွယ်ပါတယ်။

AoCA ဟာ အနုပညာ၊ ဂီတ၊ ဒရာမာစသည့် ဖန်တီးမှုအခြေခံသော ကုထုံးနည်းလမ်းများကို အသုံးပြုသော facilitator များအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်တိုးတက်မှုကို အားဖြည့်ပေးသော နေရာတစ်ခုဖြစ်ပါတယ်။ Alumni များအနေနဲ့ AoC trainerများနဲ့ လစဉ် group supervision များတက်ရောက်ခြင်းနှင့် alumniများအကြား အတွေ့အကြုံမျှဝေခြင်းမှတဆင့် စွမ်းရည်များကို ဆက်လက်မြှင့်တင်နေကြပါတယ်။

ယခုလို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာနေချိန်အတွင်း AoC Alumniများသည် Goethe-Institut Myanmar အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ နေရာဒေသအမျိုးမျိုး၌ စိတ်ကျန်းမာရေးနှင့် ဖန်တီးမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးသည့် အလုပ်ရုံဆွေးနွေးပွဲများကို တက်ကြွစွာ စီစဉ်ဆောင်ရွက်လာနေပြီဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာလည်း Academy of Care (AoC) alumni တွေဖြစ်တဲ့ Myintzu San Maung (Facilitator / Founder of Starlets Home Preschool), Eaindray Khin (Mental Health Practitioner / Founder of Ku Sarr (Heal) Mental Health and Wellness Services), Alex Pyae Phyo Aein (Facilitator / Mental Health Provider) နှင့် Ku Sarrတို့ ပူးပေါင်းပြီး Goethe-Institut Myanmar မှာ စိတ်ကျန်းမာရေးနှင့် အနုပညာကုထုံးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။

Ku Sarr(ကုစား) Mental Health and Wellness Services မိတ်ဆက်
ကုစား(Heal) အဖွဲ့ကို Academy of Care (AoC)မှ cohort 2 alumni ဖြစ်တဲ့ Eaindray Khin က ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး၊ cohort 3 က Alex လည်း Ku Sarrမှာ active member/ facilitator အဖြစ်ဦးဆောင်ပါဝင်လျက်ရှိပါတယ်။ လက်ရှိမှာတော့ Ku Sarr အဖွဲ့အနေနဲ့ တောင်ကြီးမှာ အများဆုံးကျင်းပတဲ့ in person workshop တွေအပြင်၊ hybrid အနေနဲ့လည်း online စိတ်ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲ၊ အနုပညာကုထုံး၊ ပြဇာတ်ကုထုံးနှင့် သက်ဆိုင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။

“The Art of Inner Strength” 🌿အတွင်းစိတ်စွမ်းအား၏ အနုပညာ အလုပ်ရုံဆွေးနွေးပွဲ - ဖိတ်ခေါ်ခြင်း 🌿
နေ့စဉ်ဘဝမှာ တွေ့ကြုံရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အတွင်းစိတ်ခွန်အား ပြည့်ဝစွာနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့က အရေးပါလှပါတယ်။
အတွင်းစိတ်စွမ်းအားကို မြင့်တင်နိုင်ဖို့အတွက် ကုစားမှ The Art of Inner Strength Workshop အတွင်းစိတ်စွမ်းအား၏ အနုပညာ အလုပ်ရုံဆွေးနွေးပွဲလေးကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

မိမိရဲ့ ရှုပ်ထွေးတဲ့ အတွေးနဲ့ ခံစားချက်တွေ၊ နားမလည်နိုင်တဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုကြားခံနယ်တွေ သုံးပြီး ဖွင့်ဟ ဖော်ပြနိုင်မလဲ။
ခက်ခဲတဲ့ကာလတွေမှာ ကိုယ်ရော စိတ်ပါ အင်အားရှိဖို့ ကုစားနဲ့ အတူတကွ ကြိုးစားကြည့်ကြရအောင်ပါ။

✨ ဘာတွေရရှိမလဲ
✅ အနုပညာဖန်တီးမှုမှတစ်ဆင့် မိမိရဲ့အားသာချက်တွေကို ရှာဖွေလာနိုင်ပြီး မိမိကိုယ်ကို ပိုမိုနားလည်လာခြင်း။
✅ စိတ်ခံစားချက်တွေကို ပိုမို ထိန်းချုပ်လာနိုင်ခြင်း။
✅ စိတ်၏ စွမ်းအားကို မြှင့်တင်နိုင်ကာ
မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာနိုင်ခြင်း။
✅ မိမိကိုယ်ကို ပွင့်လင်းစွာဖော်ပြနိုင်သည့် လုံခြုံသောနေရာတစ်ခု ရှာဖွေတွေ့ရှိခြင်း။
✅ အုပ်စုလိုက်လုပ်ဆောင်ခြင်းမှတဆင့် နှစ်သိမ့်အားပေးမှုများရရှိခြင်း။

🎨 ဘယ်သူတွေတက်ရောက်နိုင်သလဲ
✅ အနုပညာ ဖန်တီးခြင်းကို အသုံးပြုကာ မိမိကိုယ်ကို ပိုမိုနားလည်လိုသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။
✅ပုံတွေ၊ ပန်းချီတွေ ကောင်းကောင်းမဆွဲတတ်လည်းရပါတယ်။

အောက်ဖော်ပြပါ google form ကနေ တဆင့်စာရင်းပေးသွင်းနိုင်ပါတယ်။
🔗https://docs.google.com/forms/d/e/1FAIpQLSdOuN2oKp_FGlohc7nx9iqA54e3KnrCisoKxTOvmD9f3vDTQw/viewform?usp=header

📅 ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်(တနင်္လာနေ့)
⏰ အချိန်။ နေ့လယ် ၁:၀၀ မှ ၃:၃၀ နာရီ အထိ
📍 နေရာ။ Goethe-Institut Myanmar (ပြပွဲခန်းမ)
🎟 ဝင်ကြေး။ အခမဲ့၊ ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်

အတွင်းစိတ်စွမ်းအားကို အနုပညာနဲ့ မြင့်တင်နိုင်ဖို့ ပါဝင်လိုက်ပါ။
_____
On 18th December 2024, the Academy of Care (AoC) officially launched the AoC Alumni Network (AoCA) – a platform designed to keep alumni, trainers, and facilitators connected, supported, and inspired. The AoCA promotes collaboration and continuous development among those dedicated to deepening their facilitation skills in creative therapies such as art, music, and drama. Through monthly group supervision with AoC trainers and peer-to-peer exchanges, alumni continue to grow while offering creative mental health support across communities. As part of this evolving journey, AoC alumni are now organizing and leading workshops in various settings, including the Goethe-Institut Myanmar.

On 14th July 2025, Academy of Care (AoC) alumni Myintzu Sann Maung (Facilitator / Founder of Starlets Home Preschool), Eaindray Khin (Mental Health Practitioner / Founder of Ku Sarr (Heal) Mental Health and Wellness Services), and Alex Pyae Phyo Aein (Facilitator / Mental Health Provider) will collaborate with Ku Sarr to host an art therapy workshop at the Goethe- Institut Myanmar.

Introducing the Ku Sarr (Heal) Mental Health and Wellness Services
Ku Sarr (Heal) was founded by Eaindray Khin, an alumna from the Academy of Care (AoC) Cohort 2. Alex, from Cohort 3, is also a leading active member and facilitator at Ku Sarr. Currently, in addition to mainly holding in-person workshops in Taunggyi, Ku Sarr also conducts hybrid online mental health awareness discussions, art therapy workshops, and drama therapy workshops.

"The Art of Inner Strength" Workshop - Invitation
It's crucial to handle daily life challenges with inner strength.
To help boost your inner strength, Ku Sarr will be offering "The Art of Inner Strength" workshop.
How can you use different mediums to express your complex thoughts, feelings, and emotions that you might not fully understand?
Let's work together with Ku Sarr to build strength in both mind and body during challenging times.

✨ What Will You Gain?
✅ Discover your strengths through artistic creation and gain a deeper understanding of yourself.
✅ Improve emotional regulation.
✅ Enhance mental resilience and boost self-confidence.
✅ Find a safe space to express yourself openly.
✅ Receive support and comfort through group activities.

🎨 Who Can Attend?
✅ Anyone who wishes to gain a deeper understanding of themselves through artistic creation is welcome.
✅ You don't need to be good at drawing or be experienced in painting to participate in the workshop.

Please register via the Google Form below:
🔗https://docs.google.com/forms/d/e/1FAIpQLSdOuN2oKp_FGlohc7nx9iqA54e3KnrCisoKxTOvmD9f3vDTQw/viewform?usp=header

📅 Date: 14 July 2025 (Monday)
⏰ Time: 1:00 PM to 3:30 PM
📍 Location: Goethe-Institut Myanmar (Auditorium)
🎟 Entry fee: Free of Charge (FoC)
Come and join us to boost your inner strength through art!

Address

Taunggyi

Alerts

Be the first to know and let us send you an email when Ku Sarr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ku Sarr:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram