18/02/2026
ပန်းချီစီးချင်း (Volume 2) အတွက် ပြိုင်ပွဲဝင် အနုပညာရှင်ခေါ်ယူခြင်း
မြန်မာနိုင်ငံမှ ထူးခြားဆန်းသစ်တဲ့ ပန်းချီအနုပညာရှင်များအတွက် စိတ်လှုပ်ရှားစရာ အနုပညာပြိုင်ပွဲတစ်ခုကို Gallery Ohmar ကနေ နောက်တစ်ကြိမ်ယူဆောင်လာခဲ့ပါပြီ။ ဒါဟာ သင့်ရဲ့ အရည်အချင်းတွေကို ပြသပြီး အောင်မြင်မှုလမ်းစကို ရှာဖွေနိုင်မယ့် အခွင့်အရေးပါ။
Acrylic medium သီးသန့်အသုံးပြုပြီး မိမိနှစ်သက်ရာ ခေါင်းစဉ်အောက်မှာ လွတ်လပ်စွာ ဖန်တီးခွင့်ရှိပါတယ်။
သတ်မှတ်ထားတဲ့ အချိန် မိနစ် ၂၀ အတွင်းမှာ ၁၈" x ၂၄" အရွယ်အစားရှိတဲ့ ပန်းချီကားတစ်ချပ်ကို အပြီးသတ် ရေးဆွဲရမှာ ဖြစ်ပါတယ်။
🏆 ဆုကြေးများနှင့် အခွင့်အရေးများ
ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပန်းချီအနုပညာရှင် ၁၈ ဦးကို စကာတင်ရွေးချယ်မှာဖြစ်ပါတယ်။ ရွေးချယ်ထားသောပြိုင်ပွဲဝင်များအနေဖြင့် အဆင့်နှစ်ဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိသူလေးယောက် ရွေးချယ်သွားမှာဖြစ်ပါတယ်။
ဆုကြေးငွေများအနေနဲ့
ပထမဆု: ငွေကျပ် သိန်း ၂၀ (ကျပ်နှစ်ဆယ်သိန်း)
ဒုတိယဆု: ငွေကျပ် ၁၅ သိန်း (ကျပ်တစ်ဆယ့်ငါးသိန်း)
တတိယဆု: ငွေကျပ် ၁၀ သိန်း (ကျပ်တစ်ဆယ်သိန်း)
စတုတ္ထဆု: ငွေကျပ် ၅ သိန်း (ကျပ်ငါးသိန်း)
✨ အထူးအခွင့်အရေးအနေနဲ့ ပထမဆုရရှိသူဟာ ဆုကြေးငွေအပြင် တစ်နှစ်အတွင်း Gallery Ohmar ရဲ့ Curation နဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ တစ်ကြိမ်ခင်းကျင်းပြသခွင့်ကိုပါ ရရှိမှာ ဖြစ်ပါတယ်။
လျှောက်ထားရန် လိုအပ်ချက်များ-
🖇️မြန်မာနိုင်ငံသား ပန်းချီအနုပညာရှင် ဖြစ်ရပါမယ်။
🖇️စကာတင်အဖြစ် ရွေးချယ်ခံရပါက ပွဲအတွက် လိုအပ်တဲ့ လေးရက် (Meeting Day, Profile Making Day, Rehearsal Day, Competition Event Day) အချိန်ပေးနိုင်သူ ဖြစ်ရပါမယ်။
လျှောက်လွှာတင်သွင်းခြင်း အသေးစိတ်-
စိတ်ပါဝင်စားတဲ့ ပန်းချီအနုပညာရှင်များအနေနဲ့ ယခု google form link ကနေတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
https://docs.google.com/forms/d/1UskPfcY2tUZ5xi-b_Kdy3BUIZrt_w5tYkDreETAlmuQ/edit
ဖောင်တွင် ပူးတွဲတင်ပြရန်
**မိမိရဲ့ Portfolio
**ကိုယ်တစ်ပိုင်းပုံ (Half-Body Photo)
🖇️ဖောင်ပိတ်မည့် နောက်ဆုံးရက်: ဖေဖော်ဝါရီလ ၂၆ ရက်နေ့
🖇️စကာတင် ရွေးချယ်ခံရသူများကို အကြောင်းကြားမည့်ရက်: ဖေဖော်ဝါရီလ ၂၈ ရက်နေ့
ပြိုင်ပွဲကျင်းပမည့် နေရာနှင့် ရက်စွဲ
🖇️နေရာ: Gallery Ohmar - အမှတ် (၂၀)၊ ဓမ္မာရုံလမ်း၊ လှိုင်မြို့နယ်။
🖇️ပြိုင်ပွဲနေ့ရက်: ဧပြီလ ၄ ရက်နေ့
⚠️ အသေးစိတ်အချက်အလက်များ: ပြိုင်ပွဲနှင့်ပတ်သက်သော စည်းကမ်းချက်အသေးစိတ်ကိုတော့ ပူးတွဲပါ PDF ဖိုင်မှာ ဖတ်ရှုနိုင်ပါတယ်။
https://drive.google.com/file/d/1Z-RSNaYAFfjGarZXizLd1Z783-slX-aJ/view?usp=drivesdk
📞 ဆက်သွယ်စုံစမ်းရန်: အသေးစိတ် သိရှိလိုပါက +95 9779837539 (Call သို့မဟုတ် Viber) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သင့်ရဲ့ ဖန်တီးနိုင်စွမ်းကို ပြသဖို့အခုပဲလျှောက်လွှာတင်လိုက်ပါ။
Open Call for Artists - Pa Chi See Chin 2
Gallery Ohmar is excited to announce a unique and innovative art competition for artists in Myanmar. This is your chance to showcase your talents and pave your way toward a successful artistic career.
Competition Details
Medium: Acrylic only.
Theme: Open (Artists may choose their own subject).
Challenge: Complete an 18" x 24" painting within a 20-minute time limit.
🏆 Prizes and Opportunities
A total of 18 artists will be shortlisted to compete. The competition will consist of two stages, with four finalists selected as winners.
Award Prize Amount
1st Prize - 2,000,000 MMK (20 Lakhs)
2nd Prize - 1,500,000 MMK (15 Lakhs)
3rd Prize - 1,000,000 MMK (10 Lakhs)
4th Prize - 500,000 MMK (5 Lakhs)
Special Opportunity: In addition to the cash prize, the 1st Prize Winner will be granted a Solo Art Exhibition at Gallery Ohmar within one year, including curation by Gallery Ohmar.
Requirements for Application
🖇️Must be a Myanmar citizen.
🖇️If shortlisted, you must be available for the following four mandatory days:
Meeting Day, Profile Making Day, Rehearsal Day, Competition Event Day
How to Apply
Interested artists can apply via the Google Form link below:
https://docs.google.com/forms/d/1UskPfcY2tUZ5xi-b_Kdy3BUIZrt_w5tYkDreETAlmuQ/edit
Required Attachments:
🖇️Artist Portfolio
🖇️Half-body photograph
Important Dates & Venue
🖇️Application Deadline: February 26, 2026
🖇️Shortlist Announcement: February 28, 2026
🖇️Competition Date: April 4, 2026
🖇️Venue: Gallery Ohmar — No. (20), Dhamma Yone Street, Hlaing Township, Yangon.
⚠ Detailed Rules: Please read the full competition rules and regulations in the attached PDF:
https://drive.google.com/file/d/1Z-RSNaYAFfjGarZXizLd1Z783-slX-aJ/view?usp=drivesdk
📞 Contact Information: For further inquiries, call or message via Viber at +95 9779837539.
Showcase your creativity and apply now!