Myat Taw Win Hospital - Ayetharyar

Myat Taw Win Hospital - Ayetharyar ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင်

🤱 နုနယ်တဲ့ သန္ဓေသားလေးနဲ့ မိခင်လောင်းတို့ကျန်းမာရေးအတွက် ကျွန်မတို့မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)မှာ"သားဖွားမီးယပ် အထူးကုဆရာ...
09/05/2026

🤱 နုနယ်တဲ့ သန္ဓေသားလေးနဲ့ မိခင်လောင်းတို့ကျန်းမာရေးအတွက် ကျွန်မတို့
မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)မှာ

"သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး
ဒေါက်တာစုစုမာ
𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐎𝐆)" နှင့်

📌 အပတ်စဥ် တနင်္ဂနွေနေ့ ညနေ (၅) နာရီတိုင်း တိုင်ပင်ဆွေးနွေးကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666





"ကမ္ဘာ့လက်သန့်ရှင်းရေးနေ့" အထိမ်းအမှတ်အနေနဲ့ ကျွန်မတို့မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)ရဲ့ ဆေးရုံဝန်ထမ်းများနဲ့ လူနာရှင်များ စ...
06/05/2026

"ကမ္ဘာ့လက်သန့်ရှင်းရေးနေ့" အထိမ်းအမှတ်အနေနဲ့ ကျွန်မတို့မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)ရဲ့ ဆေးရုံဝန်ထမ်းများနဲ့ လူနာရှင်များ စုပေါင်းပြီး အသိပညာပေးဟောပြောပွဲများပြုလုပ်ရင်း ပျော်ပျော်ရွှင်ရွှင် ဂိမ်းကလေးတွေ ကစားခဲ့တဲ့ ပုံရိပ်များကို မျှဝေလိုက်ပါတယ်ရှင်။

စနစ်တကျလက်ဆေးခြင်းဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်တာမို့ အားလုံး လက်ဆေးဖို့ မမေ့ပါနဲ့နော်။ 👐

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666







𝐖𝐨𝐫𝐥𝐝 𝐇𝐚𝐧𝐝 𝐇𝐲𝐠𝐢𝐞𝐧𝐞 𝐃𝐚𝐲 𝟐𝟎𝟐𝟔 ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်နေ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝐖𝐇𝐎) က သတ်မှတ်ထားတဲ့ "ကမ္ဘာ့လက်သန့...
05/05/2026

𝐖𝐨𝐫𝐥𝐝 𝐇𝐚𝐧𝐝 𝐇𝐲𝐠𝐢𝐞𝐧𝐞 𝐃𝐚𝐲 𝟐𝟎𝟐𝟔

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်နေ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝐖𝐇𝐎) က သတ်မှတ်ထားတဲ့ "ကမ္ဘာ့လက်သန့်ရှင်းရေးနေ့" ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "𝐀𝐜𝐭𝐢𝐨𝐧 𝐒𝐚𝐯𝐞𝐬 𝐋𝐢𝐯𝐞𝐬" ဖြစ်ပြီး လက်ကို စနစ်တကျ သန့်ရှင်းအောင်ထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ်ချစ်ခင်ရသူတွေကိုပါ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်တဲ့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ရှင်။

ဒါကြောင့် ယနေ့ ကမ္ဘာ့လက်သန့်ရှင်းရေးနေ့ကစပြီး

✅ အစာမစားခင်နဲ့ အစာစားပြီးချိန်တိုင်း
✅ အိမ်သာအသုံးပြုပြီးချိန်တိုင်း
✅ တိရိစ္ဆာန်များကို ကိုင်တွယ်ပြီးချိန်တိုင်း
✅ လူနာကို မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးချိန်တိုင်း
✅ နှာချေ၊ ချောင်းဆိုးပြီးတိုင်း
✅ စွန့်ပစ်ပစ္စည်းနဲ့ အမှိုက်တွေကို ကိုင်တွယ်ပြီးချိန်တိုင်း

လက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးကြောသန့်စင်ကြဖို့ ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)က တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666







𝐈𝐍𝐓𝐄𝐑𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐖𝐎𝐑𝐊𝐄𝐑'𝐒 𝐃𝐀𝐘အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ကာယ၊...
30/04/2026

𝐈𝐍𝐓𝐄𝐑𝐍𝐀𝐓𝐈𝐎𝐍𝐀𝐋 𝐖𝐎𝐑𝐊𝐄𝐑'𝐒 𝐃𝐀𝐘
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့

မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ကာယ၊ ဥာဏ လုပ်သားအားလုံး တန်းတူညီမျှ အခွင့်အရေးများ ရရှိပြီး ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်များကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)က ဆုမွန်ကောင်းတောင်းရင်း ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" အား ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666







ကဆုန်လပြည့် ~ ဗုဒ္ဓနေ့ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ "ကဆုန်လပြည့် ဗုဒ္ဓနေ့" မှာ မိဘပြည်သူအားလုံး ဒါန၊ သီလ၊ ဘာဝနာ ကုသို...
30/04/2026

ကဆုန်လပြည့် ~ ဗုဒ္ဓနေ့

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ "ကဆုန်လပြည့် ဗုဒ္ဓနေ့" မှာ မိဘပြည်သူအားလုံး ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများ တိုးပွားနိုင်ကြပါစေ၊ ဘေးဘယာအပေါင်းမှ ကင်းဝေးပြီး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)က ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






29/04/2026

ကလေးငယ်များ ရုတ်တရက် တက်ခဲ့ပါက ချက်ချင်းပြုစုစောင့်ရှောက်ရမဲ့ နည်းလမ်းများကို မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)ရဲ့ ကလေးအထူးကုဆရာဝန်ကြီး
ဒေါက်တာမီမီတာက မျှဝေပေးထားပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666





👧👦 သားသား၊ မီးမီးလေးတို့ ကျန်းမာရေးအတွက် ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ) တွင်❝ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာမီမီတာM....
29/04/2026

👧👦 သားသား၊ မီးမီးလေးတို့ ကျန်းမာရေးအတွက် ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ) တွင်

❝ ကလေးအထူးကုဆရာဝန်ကြီး
ဒေါက်တာမီမီတာ
M.B.,B.S
M.Med.Sc (Paed) ❞ နှင့် နေ့စဥ်တိုင်ပင်ဆွေးနွေးကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666





𝐖𝐎𝐑𝐋𝐃 𝐌𝐀𝐋𝐀𝐑𝐈𝐀 𝐃𝐀𝐘 𝟐𝟎𝟐𝟔 🚫🦟ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့ဧပြီလ (၂၅) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်...
25/04/2026

𝐖𝐎𝐑𝐋𝐃 𝐌𝐀𝐋𝐀𝐑𝐈𝐀 𝐃𝐀𝐘 𝟐𝟎𝟐𝟔 🚫🦟
ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့

ဧပြီလ (၂၅) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ငှက်ဖျားရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတအချို့ကို ရေးသားမျှဝေပါရစေရှင်။

ငှက်ဖျားရောဂါဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကတစ်ဆင့်ကူးစက်နိုင်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

ငှက်ဖျားရောဂါ လက္ခဏာတွေကတော့
🔹 ချမ်းတုန်ဖျားမယ်
🔹 ချွေးအလွန်ထွက်မယ်
🔹 ခေါင်းကိုက်မယ်
🔹 ပျို့အန် ဝမ်းလျှောမယ်
🔹 သတိလစ်မယ်၊ တက်မယ်
🔹 အသားဝါလာပါမယ်
🔹 အချိန်မီ ကုသမှု မခံယူပါက သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

ငှက်ဖျားရောဂါမဖြစ်အောင်

✅ ခြင်ကိုက်မခံရအောင်နေပါ။
✅ ခြင်ထောင်ထောင်အိပ်ပါ။
✅ ရေကန်များ၊ ရေဝပ်နိုင်တဲ့ နေရာများကိုရှင်းလင်းပါ။
✅ ငှက်ဖျားရောဂါ အဖြစ်များတဲ့ နေရာတွင် နေထိုင်ပါက ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်များဝတ်ဆင်ပါ။

ငှက်ဖျားရောဂါကူးစက်ပြန့်ပွားမှုကို အားလုံးအတူတိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်း ယနေ့ကျရောက်တဲ့ ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့အား ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)က ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်။

𝐃𝐫𝐢𝐯𝐞𝐧 𝐭𝐨 𝐄𝐧𝐝 𝐌𝐚𝐥𝐚𝐫𝐢𝐚: 𝐍𝐨𝐰 𝐖𝐞 𝐂𝐚𝐧. 𝐍𝐨𝐰 𝐖𝐞 𝐌𝐮𝐬𝐭.

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






𝐌𝐄𝐃𝐈𝐂𝐀𝐋 𝐋𝐀𝐁𝐎𝐑𝐀𝐓𝐎𝐑𝐘 𝐏𝐑𝐎𝐅𝐄𝐒𝐒𝐈𝐎𝐍𝐀𝐋𝐒 𝐖𝐄𝐄𝐊 𝟐𝟎𝟐𝟔  🔬 👩🏻‍🔬 𝐋𝐚𝐛 𝐒𝐭𝐨𝐫𝐲: 𝐓𝐨 𝐈𝐧𝐟𝐢𝐧𝐢𝐭𝐲 𝐚𝐧𝐝 𝐁𝐞𝐲𝐨𝐧𝐝 𝐅𝐨𝐫 𝐎𝐮𝐫 𝐏𝐚𝐭𝐢𝐞𝐧𝐭𝐬.လူနာများအတွက် ထိရေ...
23/04/2026

𝐌𝐄𝐃𝐈𝐂𝐀𝐋 𝐋𝐀𝐁𝐎𝐑𝐀𝐓𝐎𝐑𝐘 𝐏𝐑𝐎𝐅𝐄𝐒𝐒𝐈𝐎𝐍𝐀𝐋𝐒 𝐖𝐄𝐄𝐊 𝟐𝟎𝟐𝟔 🔬 👩🏻‍🔬

𝐋𝐚𝐛 𝐒𝐭𝐨𝐫𝐲: 𝐓𝐨 𝐈𝐧𝐟𝐢𝐧𝐢𝐭𝐲 𝐚𝐧𝐝 𝐁𝐞𝐲𝐨𝐧𝐝 𝐅𝐨𝐫 𝐎𝐮𝐫 𝐏𝐚𝐭𝐢𝐞𝐧𝐭𝐬.

လူနာများအတွက် ထိရောက်တဲ့ ရောဂါကုသမှုများရရှိစေရန် တိကျမှန်ကန်တဲ့ ဓာတ်ခွဲခန်းအဖြေများကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ရှာဖွေပေးနေကြသော Lab Professional တစ်ဦးတစ်ယောက်ချင်းစီအား ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)က လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






မြန်မာ့နှစ်သစ် ~ ​နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ မိဘပြည်သူအားလုံး ရေလိုအေး၍ ပန်းလိုမွှေးပါစေ၊ ကိုယ်ရော...
16/04/2026

မြန်မာ့နှစ်သစ် ~ ​နှစ်ဆန်းတစ်ရက်နေ့

မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ မိဘပြည်သူအားလုံး ရေလိုအေး၍ ပန်းလိုမွှေးပါစေ၊ ကိုယ်ရော စိတ်ပါ ကျန်းမာရွှင်လန်း ကြပါစေကြောင်း မြတ်တော်ဝင်ဆေးရုံ(အေးသာယာ) က နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။ 🙏

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ချစ်ရတဲ့ မိသားစုတွေနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ် သ...
12/04/2026

မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ချစ်ရတဲ့ မိသားစုတွေနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ် သင်္ကြန်ရက်များကို ဖြတ်သန်းနိုင်ကြပါစေလို့ ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ 🙏

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






Address

No. 5 (A), Industry Zone Street, 4 Qtr, Ayetharyar
Taunggyi
06101

Alerts

Be the first to know and let us send you an email when Myat Taw Win Hospital - Ayetharyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share